ရိုက်ချက်ပြင်းတဲ့မိုးကြိုးလက်ဝါး။
Vol. 9 Ch. 84
ကျူးအူမကြီးက ဝါးကျည်တောက်ထဲက လူပျိုလေးဆီးစိမ်ထားတဲ့ မျက်နှာသုတ်ပုဝါကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ နှစ်ကြိမ်မျှ ပျို့အန်မတတ်ပင် ဖြစ်သွားလေသည်။
“ဒုတိယဆရာဖိုးဖိုးရဲ့ ဆီးကအတော့်ကို ပြင်းလွန်းတယ်ဗျာ။”
“ဒါက...ငါက မင်းတို့နှစ်ယောက် အသက်ဘေးက လွတ်အောင်ကယ်တင်ပေးတာကွ။”
တန်ဝမ်ကျဲကနှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ အဲဒီ အဖိုးကြီးတန်၏ ဆီးကို သူတို့နှစ်ယောက်ကို ပေးရုံတင်မကဘဲ ရက်ရက်ရောရောနဲ့ ဝိဇ္ဇာဝတ်ရုံ နှစ်ထည်ပါ ငှားပေးလိုက်သေး၏။
“ငါတို့က ညဘက်မှာ အလုပ်လုပ်လို့မရဘူးလား။”
ဖက်တီးပေါင်က ကောင်းကင်ကို မော့ကြည့်ရင်းဆိုလိုက်လေသည်။ နေကခေါင်းတည့်တည့်၌တောက်ပနေပြီး အလင်းရောင်ကလည်း စူးရှနေ၏။
ဘယ်လိုပဲကြည့်ကြည့် ဒီအချိန်က ဂါထာမန္တန်တွေနဲ့ တိုက်ခိုက်ဖို့ ဒါမှမဟုတ် သရဲနှင်ဖို့ အကောင်းဆုံးချိန်မဟုတ်ပေ။
ကျူးအူမကြီးကလည်း ခေါင်းငြိမ့်ရင်း
“ဒုတိဆရာဖိုးဖိုးဆိုရင် အမြဲတမ်း ညဘက်မှ အလုပ်လုပ်တာလေ”
ဟုထောက်ခံသည်။
“အဲဒီ အောက်လမ်းမှော်ဆရာက မိစ္ဆာလမ်းစဉ်ကို လိုက်တာ။ငါတို့ကတော့ သန့်ရှင်းစင်ကြယ်တဲ့လမ်းစဉ်ကို လိုက်တဲ့သူတွေပဲ။ ဒါကြောင့် နေ့ဘက်က ငါတို့အတွက် ပိုပြီး အသာစီးရတယ်။”
တန်ဝမ်ကျဲကသခင်လေးရှီအိမ်နားက လူတွေကို အဝေးကို ဖယ်ခိုင်းထားပြီးသားဖြစ်သောကြောင့်လမ်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေလေသည်။
နေ့ဘက်ဆိုရင် လူတွေကို အိမ်ထဲကနေ ခဏဖယ်ခိုင်းလို့ရပေမဲ့ ညဘက်ဆိုရင်တော့ လူတိုင်းက အိပ်စက်အနားယူနေကြပြီ။ အိမ်နီးနားချင်းတွေကို သွားနှောင့်ယှက်ရင် ဝိုင်းအရိုက်ခံရပေလိမ့်မည်။
ဒါ့အပြင် အလစ်အငိုက် တိုက်ခိုက်ခြင်းဆိုတာ မမျှော်လင့်ထားတဲ့ အချိန်ဖြစ်ရမယ်။ သူစုံစမ်းထားတဲ့ သဲလွန်စတွေအရ ဆိုလျှင်တစ်ဖက်လူက ညဘက်ဆို တောစပ်ကို သွားတတ်၏။
ပြိုင်ဘက်ကိုသူ့ရဲ့ အစွမ်းကုန်သုံးခွင့်မပေးပေ။ အခွင့်အရေးရတုန်းမှာ အားနည်းသွားအောင် လုပ်ရမည်ဖြစ်၏။
ကျူးအူမကြီးက
“အစ်ကိုကျဲ၊ အဲဒီမိစ္ဆာအိုကြီးရဲ့ လျှို့ဝှက်ဂူ တည်နေရာကို သိနေပြီဆိုရင် ဘာလို့ အဲဒီကို တိုက်ရိုက်မသွားဘဲ ဒီကို လာနေတာလဲ”
ဟု မေးသည်။
တန်ဝမ်ကျဲက ပြန်ဖြေသည်
“မင်းကိုယ်တိုင် ပြောတာပဲလေ၊ အဲဒါကလျှို့ဝှက်ဂူဆိုတော့ သူက ထောင်ချောက်တွေ အများကြီး ထားမှာပေါ့။ မတော်တဆ တစ်ခုခုကို သွားထိမိရင် ဘယ်လိုလုပ်မလဲ။ အထဲမှာ ငါတို့လာတာကို သတိပေးမယ့် စောင့်ကြည့်ဂါထာတွေ ရှိနေရင်ရော။ အကုန်ဒုတ္ခရောက်ကုန်မယ်။”
တန်ဝမ်ကျဲ၏အကယ်၍ဆိုတဲ့ မေးခွန်းတွေကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
တကယ်တော့ သူတို့က တန်ဝမ်ကျဲ၏သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေအကြောင်း အများကြီး ကြားဖူးထားတာဖြစ်သည်။
အဲဒီပုံပြင်တွေထဲမှာတန်ဝမ်ကျဲက မာန်မာနကြီးပြီး အနိုင်ကျင့်တတ်သူလို့ပါပေမဲ့ အခုတော့ အရမ်းကို ကြောက်တတ်ပြီး အားနည်းနေသလိုထင်၏။ပုံပြင်တွေဆိုတာ တကယ်ပဲ အလိမ်အညာတွေပင်။
“သခင်လေးထန်ကသူခိုးကိုဖမ်းဖို့ အတွက်ခေါင်းဆောင်ကို အရင်သွားဖမ်းမလို့လား။”
ဖက်တီးပေါင်က စမ်းတဝါးဝါးဖြင့် မေးလိုက်သည်။ သူ ဒီနေ့ လိုက်လာစရာ မလိုပေမဲ့ တန်ဝမ်ကျဲက သခင်လေးရှီကို ဖမ်းပေးထားတာကြောင့် ကျေးဇူးဆပ်သည့်အနေနဲ့ လိုက်လာခဲ့ခြင်းဖြစ်သည်။
ကျူးအူမကြီးကတော့ဒုတိယဆရာဖိုးဖိုး က ကူညီဖို့ ခိုင်းထားသောကြောင့် လိုက်လာရခြင်းဖြစ်သည်။
တန်ဝမ်ကျဲက “ဒါက... တိုင်ကိုလဲပြီး ထုပ်တန်းနဲ့ အစားထိုးတာ။ခိုးကြောင်ခိုးဝှက်လုပ်တာ။ကောင်းကင်ကို ခိုးပြီး နေကိုလဲတာ ခိုး...”
ဝက်အူမကြီးက ကြားဖြတ်ပြောလိုက်သည်။
“ ခိုး နဲ့ စတဲ့ စကားပုံတွေ ထပ်မစဉ်းစားမိရင်လည်း ပြောင်းလိုက်ပါတော့။ခိုး နဲ့ စမှ ရမှာမဟုတ်ပါဘူး။”
“ဒါဆိုရင်လည်း... အလစ်အငိုက်တိုက်ခိုက်မယ်၊ သူတို့ အဆင်သင့်မဖြစ်ခင်မှာပဲ နှိမ်နင်းမယ်။”
နိုင်ဖို့က အဓိကပဲမဟုတ်လာ။
သခင်လေးရှီရဲ့ အိမ်က နှစ်ထပ်တိုက်အသေးလေးဖြစ်ပြီး သူက ပိုက်ဆံအသင့်အတင့်ရှိတဲ့ သာမန်ကုန်သည်တစ်ယောက်ဖြစ်ပေ၏။
ဒါကြောင့်လည်း ကျူးအူမကြီးရဲ့အဖေက သူ့သမီးကို အသုံးမကျတဲ့ ဖက်တီးပေါင်နဲ့ မပေးစားချင်တာတောင် သခင်လေးရှီနဲ့ ပေးစားဖို့ စေ့စပ်ထားတာကို မဖျက်သိမ်းတာဖြစ်သည်။
သခင်လေးရှီရဲ့နာမည်က ပုပ်စော်နံနံနေ၍ မကောင်းမှုတွေသာလုပ်သည်။ပိုက်ဆံလည်း မရှိ။သူနဲ့ ပတ်သက်ရတာက ဘောင်းဘီထဲ အညစ်အကြေးပါသလိုပင်။
ဖက်တီးပေါင်ထိုသို့မဟုတ်ပေ။သူက အပိုတာယာလိုပင်။လိုအပ်ရင် အကာအကွယ်အဖြစ် သုံးလို့သည်။အထူးသဖြင့် သခင်လေးရှီလို လူမျိုးတွေကို တားဆီးကာကွယ်ဖို့အတွက်ဖြစ်ပေ၏။
သခင်လေးရှီအိမ်ရှေ့မှာ ရပ်နေရင်း တန်ဝမ်ကျဲက ရုတ်တရက် မေးလိုက်သည်။
“ဖက်တီးပေါင် ကျူးမကြီး...ကျုပ် မင်းတို့အပေါ် ကောင်းခဲ့သလား။”
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တစ်ပြိုင်နက် ပြောလိုက်ကြသည်။
“ကောင်းတာပေါ့ဗျာ။”
တစ်ယောက်က အကြံစည်ခံရမှာ ကြောက်လို့ ဘာမှမပြောရဲဘဲ။နောက်တစ်ယောက်ကတော့ သူ့သူဌေးအကြောင်း မကောင်းမပြောရဲတာ ဖြစ်ပေသည်။
သို့သော်လည်း တို့စိတ်ထဲမှာတော့ ကပ်စေးနှဲတာကလွဲရင် သူက တကယ်ကို ကောင်းတဲ့လူပါပဲ လို့ ထပ်ဖြည့်လိုက်ကြလေသည်။
“ကြည့်စမ်း။ငါကျမယူပဲ အသက်ကယ်ပေးနိုင်တဲ့ လူပျိုလေးဆီးကို မင်းတို့နှစ်ယောက်ကို အရင်ပေးထားတယ်။”
ထန်ဝမ်ကျဲကရိုးသားတဲ့မျက်နှာနဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
“ဒါကြောင့် ခဏနေရင် မင်းတို့နှစ်ယောက် အရင်ဝင်သွားပြီး မှော်ဆရာရဲ့ အာရုံကို ဆွဲဆောင်လိုက်။ ဆဲမလား။ဆီးနဲ့ပက်မလား ကြိုက်တာလုပ်။ မှတ်ထားနော်။သူ အဆိပ်တွေနဲ့ မှုတ်ထုတ်လိုက်ရင် မျက်နှာသုတ်ပုဝါနဲ့ နှာခေါင်းကို အုပ်ထား။”
ကျူးအူမကြီးက
“အစ်ကိုကျဲ၊ ကျွန်တော့်ရဲ့ အသက်ကယ်ဆီးကို ဝေမျှပေးနိုင်ပါတယ်”
လို့ ပြောသော်လည်း။
ထန်ဝင်ကျဲက တည်ငြိမ်တဲ့မျက်နှာနဲ့
“စကားပုံ ရှိသားပဲ။ငါ ငရဲထဲ မဆင်းရဲရင် ဘယ်သူ ဆင်းမလဲတဲ့။ စိတ်မပူပါနဲ့၊ မင်းတို့က သူ့ကိုအာရုံလွှဲပေးရုံပဲစိတ်မပူပါနဲ့။ငါက အနောက်ကနေ အလစ်အငိုက် တိုက်မှာ။”
ဒါက စိတ်ချရတဲ့ စကားမျိုး မဟုတ်ဘူးနော်။နှစ်ယောက်လုံး တစ်ပြိုင်နက် တွေးလိုက်ကြသည်။
“သုံးထိရေမယ်၊ ဝင်တိုက်ကြတော့။”
ပြောပြောဆိုဆိုနှင့် တန်ဝမ်ကျဲက တံခါးကို ကန်ဖွင့်လိုက်ပြီး သူတို့နှစ်ယောက်ကို အတွင်းထဲ တွန်းပို့လိုက်လေသည်။
“တစ်၊ နှစ်၊ သုံး... တိုက်။”
ပြောပြီးသည်နှင့် သူက လက်ကို ဝှေ့ယမ်းကာ စက္ကူဦးထုပ်တစ်လုံးကို ထုတ်၍ခေါင်းပေါ် ဆောင်းလိုက်တော့သည်။ ထို့နောက် အရှိန်အဟုန်ဖြင့် ပြေးတက်ကာ တံတိုင်းကို နင်းပြီး ဒုတိယထပ် ပြတင်းပေါက်ထဲသို့ ခုန်ဝင်သွားလိုက်သည်။
သူက ကြမ်းပြင်ပေါ် ဒလိမ့်တုံးလိုလှိမ့်ကာ သေနတ်ကို အသင့်ပြင်ပြီး အသက်ကို အောင့်ကာ ဖြည်းဖြည်းချင်း ရှေ့တိုးသွားလိုက်သည်။
ရုတ်တရက် အောက်ထပ်က ဖက်တီးရဲ့ အော်သံကို ကြားလိုက်ရသည်။
“ထွက်ခဲ့စမ်း...အောက်လမ်းဆရာကြီး။”
တန်ဝမ်ကျဲ တွေးလိုက်မိသည် သူ ဆဲတောင် မဆဲတတ်ပေ။ဒီလိုနဲ့ လောကကြီးမှာ ဘယ်လို ရှင်သန်လိ့မ်မည်နည်း။
ကျူးအူမကြီးကတော့ အသံဟစ်ကာ အော်နေသည်။
“မင်းက မိန်းမအခိုးခံရတဲ့ကောင် မင်းမိန်းမ ဗိုက်ထဲက ကလေးက တခြားလူနဲ့ ရတာ ထွက်ခဲ့စမ်း။”
သူက မာလင်ရှန်းရဲ့ ခံစားချက်ကို ကိုယ်စားပြုပြီး အော်နေပုံရသည်။ နေဝင်လမ်းကို ခရီးသွားခြင်း ထဲက ဆဲနည်းတွေကို သွားသင်ထားသင့်သည်။
ရုတ်တရက် အောက်ထပ်က နောက်ထပ် အသံတစ်သံ ထွက်လာသည်
“အဆိပ်တွေ... သတိထား။”
တန်ဝမ်ကျဲက တခြားပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်ရာ မှော်ဆရာက လူ့ဦးခေါင်းခွံတစ်ခုကို ပွတ်သပ်နေသည်ကို တွေ့လိုက်ရသည်။
ခဏချင်းမှာပင် ဦးခေါင်းခွံက ပြာအဖြစ် ပြောင်းလဲသွားပြီး အရှေ့ကို ပစ်ပေါက်လိုက်ရာ အဆိပ်ငွေ့တွေက မြူထူတွေလို ထွက်လာပြီး ဖက်တီးနဲ့ ဝက်အူမကြီးကို ဖုံးလွှမ်းသွားတော့သည်။ နှစ်စက္ကန့်၊ သုံးစက္ကန့်လောက် ကြာတော့မှ သူတို့နှစ်ယောက် နှာခေါင်းကို ပုဝါနဲ့အုပ်ပြီး အပြင်သို့ပြေးထွက်လာကြသည်။
သို့သော်မှော်ဆရာရဲ့ တိုက်ခိုက်မှုအောက်မှာ သိုင်းပညာတော်တဲ့ သူတို့နှစ်ယောက်တောင် ထွက်ပြေးနေရပြီး ပြန်တိုက်ဖို့ အခွင့်အရေးပင်မရှိကြပေ။
ဒါကို မြင်တာနဲ့ တန်ဝမ်ကျဲက သေနတ်ကိုကိုင်မြှောက်ပြီး မှော်ဆရာကို ဆက်တိုက် ပစ်လိုက်တော့သည်။
မမျှော်လင့်ဘဲ မှော်ဆရာက ရိပ်မိသွား၍လက်ထဲက ဦးခေါင်းခွံပုတီးစေ့တွေကို တန်ဝမ်ကျဲဆီ ပစ်ထုတ်လိုက်တော့သည်။ ပုတီးစေ့တွေနဲ့ ကျည်ဆန်တွေ လေထဲမှာ တိုက်မိပြီး အုန်းခနဲ အသံနဲ့အတူ အဆိပ်ငွေ့တွေ လေထဲသို့ပေါက်ကွဲထွက်လာလေသည်။
အငွေ့တွေကြောင့် နှစ်ဖက်လုံး အမြင်အာရုံ ပိတ်ဆို့သွားသော်လည်းနောက်ဆုံးမိနစ်မှာတော့တန်ဝမ်ကျဲနှင့် မှော်ဆရာတို့ မျက်လုံးချင်းခတ္တမျှဆုံသွားကြသည်။
“မင်းပဲ။”
မှော်ဆရာကမော့ကြည့်ပြီး တန်ဝမ်ကျဲကို မြင်သည်နှင့် မျက်နှာပျက်ယွင်းသွားလေသည်။
မှော်ဆရာကတန်ဝမ်ကျဲကို မြင်ရတော့ အံ့သြနေလေသည်။ သူ့အစီအစဉ် ပေါက်ကြားသွားတာလား။ဒါက မဖြစ်နိုင်ပေ။ ဘာကြောင့်ဆိုတော့ သူ့အစီအစဉ်က ပိုက်ဆံမရှိလို့ ပျက်စီးတော့မယ့် အခြေအနေမှာ ရှိနေတာဖြစ်သည်။
သူ့ကို ထောက်ပံ့နေတဲ့လူကလည်း အဖမ်းခံထားရ၏။အစီအစဉ်က မရှိတော့မှတော့ ဘယ်လိုလုပ် ပေါက်ကြားမည်နည်း။
လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ မှော်ဆရာက ပြည့်တန်ဆာရုံတွေမှာ သွားပြီး သတင်းစုံစမ်းခဲ့သေးသည်။
သူကတန်ဝမ်ကျဲရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ကို လိုချင်နေတာဖြစ်သည်။ပထမကကတော့ သူက ပိုက်ဆံပေးပြီး မေးပေမဲ့ အဲဒီပြည့်တန်စာရုံကအမျိုးသမီးတွေက သခင်လေးရှီရဲ့ အကြောင်းတွေကိုပဲ ပြောနေကြသည်။
သူက သခင်လေးရှီကို မုန်းတီးပေမဲ့ ပိုက်ဆံမရှိတာကြောင့် သူတို့ ပါးစပ်ဟလာအောင် တခြားနည်းလမ်းတွေ သုံးခဲ့ရသည်။ ဆေးတွေသုံးပြီး သူတို့ကို အနိုင်ယူလိုက်တော့မှ သိချင်တာတွေ အကုန်သိရတော့သည်။
အဲဒီနောက် သူက မြို့သုံးမြို့လုံးကို ပတ်ပြီး အလောင်းအသက်သွင်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူခဲ့လေသည်။
သူက အရမ်းသတိကြီးပြီး သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေမလားဆိုတာ အမြဲစောင့်ကြည့်တတ်တာကြောင့် သူ ပုန်းနေတာကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပေ။
မနေ့ကတည်းက သူ့မှာ ပိုက်ဆံကုန်သွားလို့ ရှေ့ဆက်ဖို့ ခက်ခဲနေတာ။ သန်းကြွယ်သူဌေးတန်ကို ဘယ်လို ခိုးဖမ်းရမလဲ စဉ်းစားနေတုန်းမှာပဲ အခု တန်ဝမ်ကျဲကိုယ်တိုင် ပငမရောက်ရှိလာတာ ဖြစ်ပေသည်။
သူ့အစီအစဉ်က မပေါက်ကြားဘူးဆိုရင် ဒီကောင်က ဘာလို့ လာတိုက်တာလဲ။
သူ ဘယ်သိပါ့မလဲ။သခင်လေးတန်ဆိုတာ တစ်ယောက်ယောက်က သူ့အတွက် အန္တရာယ်ရှိတယ်လို့ ယူဆလိုက်တာနဲ့ သက်သေရှိရှိ မရှိရှိ အရင်ဦးအောင် တိုက်တတ်တဲ့လူဆိုတာကို။
မှော်ဆရာက ကျည်ဆန်ကို မကြောက်သလို။တန်ဝမ်ကျဲ ရောက်လာတာကိုတောင် ဝမ်းသာနေသေး၏။ ဒါပေမဲ့ ဖမ်းရတာ ခက်ခဲနေရင်တော့ ပြဿနာပင်။
သူ စဉ်းစားနေတုန်းမှာပဲ ဝုန်း ဆိုသည့်အသံကြီး ထွက်ပေါ်လာ၏။
အဆိပ်ငွေ့တွေကြားထဲကနေ ပြင်းထန်တဲ့ အားတစ်ခုက သူ့ဆီကို ပြေးဝင်လာသည်။ သူအမြန်ပဲ ရှောင်လိုက်ရသည်။ သူ ပြန်ရပ်လိုက်တဲ့အခါ စောစောက သူရပ်နေတဲ့နေရာမှာ ကျင်းကြီးတစ်ခု ဖြစ်သွားတာကို တွေ့လိုက်ရသည်။
“လက်ဝါးမိုးကြိုး လား။”
မှော်ဆရာ အလွန်လန့်သွားလေသည်။ တန်ဝမ်ကျဲရဲ့ အသက်အရွယ်နဲ့ ဒီလောက်ပြင်းထန်တဲ့ အစွမ်းကို တတ်မြောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။
မှော်ဆရာက ဦးခေါင်းခွံပုတီးစေ့ နှစ်လုံးကို ထပ်ထုတ်ပြီး လက်ဝါးထဲမှာ ချေမွကာ အပြင်ကို တွန်းထုတ်လိုက်သည်။
“ဝုန်း”
ဒုတိယမြောက် လက်ဝါးမိုးကြိုးက အရိုးပြာတွေနဲ့ တိုက်မိပြီး အသံအကျယ်ကြီး ထွက်ပေါ် လာသည်။ အခန်းထဲက ပရိဘောဂတွေနဲ့ စားပွဲတွေဟာ တုန်ခါကုန်၏။
သူတို့နှစ်ယောက် ဂါထာတွေနှင့်အပြန်အလှန် တိုက်ခိုက်နေရင်း အဆိပ်ငွေ့တွေလည်း လေပြင်းတွေကြောင့် လွင့်စင်ကုန်၏။
မှော်ဆရာကတော့ မောဟိုက်နေလေသည်။ ဂါထာတွေကို အလောတကြီး သုံးရခြင်းကစွမ်းအင် ပိုကုန်စေသည်။တန်ဝမ်ကျဲ ကတော့ လှေကားပေါ်မှာ ရပ်ပြီး ပန်းကန်တစ်လုံးကို ကိုင်ကာ ထမင်းကိုသာ အငမ်းမရ စားနေလေသည်။
“မင်း ဘာစားနေတာလဲ။”
မှော်ဆရာကအသက်ရှူနှုန်း ပြန်ထိန်းဖို့ အချိန်ဆွဲပြီး မေးလိုက်သည်။
“ငရုတ်သီးစိမ်း၊ ပဲငပိနဲ့ ဖရဲသီးလေ။ နည်းနည်းတော့စပ်တယ်။”
တစ်ဖက်လူက အသက်ရှူနှုန်း ထိန်းနေချိန်မှာ တန်ဝမ်ကျဲရဲ့ စွမ်းအင်ဖြည့်နည်းကပိုလွယ်ကူနေသည်။ အဲဒါက ပိုက်ဆံသုံးလိုက်တာပင်။
တန်ဝမ်ကျဲက ပန်းကန်ကို ဘေးချလိုက်၍ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ ဘယ်ဘက်လက်က ဓားလက်ချောင်း ပုံစံလုပ်ထားပြီး ညာဘက်လက်ကတော့ သေနတ်ကို ကိုင်ထားသည်။
မှော်ဆရာက လှောင်ပြုံးပြုံးရင်း
“ငါ ကျည်ဆန်ကိုလည်း တားနိုင်တယ်”
ဟု ဆို၏။
“ဒိုင်း”
တန်ဝမ်ကျဲသေနတ်ပစ်လိုက်သည်။
မှော်ဆရာက ပြန်ခုခံသည်။ ကျည်ဆန်နဲ့ ဂါထာ တိုက်မိပြီး လေထုတွေ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။
“ဖွတ်”
မှော်ဆရာရဲ့ခေါင်းက ရုတ်တရက် လည်သွားပြီး သူ့မျက်လုံးတွေက အံ့သြမှုကြောင့် ပြူးထွက်သွားသည်။
သူ့ကို ထိလိုက်တာက ကျည်ဆန်မဟုတ်ဘဲ ဂါထာတစ်ခု ဖြစ်နေပုံရသည်။
“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”
တန်ဝမ်ကျဲရဲ့ လက်နှစ်ဖက်စလုံးက တစ်ပြိုင်နက် ပစ်ခတ်နေတာ ဖြစ်သည်။ တစ်ဖက်က သေနတ်၊ တစ်ဖက်က ဂါထာဖြစ်၏။
မှော်ဆရာ ချက်ချင်း ကယောက်ကတမ်း ဖြစ်သွားသည်။ ဂါထာကို တားတာနဲ့ ကျည်ဆန်ကို တားတာက မတူဘူး။ တစ်ဖက်မှာ သူ့ခန္ဓာကိုယ်က ကျည်ဆန်ကို မခံနိုင်သလိုနောက်တစ်ဖက်ကလည်း ဂါထာထိလိုက်ရင် သူ့ရဲ့ စွမ်းအင်စီးဆင်းမှု တွေ ရှုပ်ထွေးကုန်၍ပါးစပ်ကနေ သွေးတွေ ထွက်လာကာ မျက်နှာက ခရမ်းရောင် သန်းလာလေသည်။
လောကမှာ ဒီလို ထူးဆန်းတဲ့ တိုက်ကွက်တွေ ရှိလိမ့်မယ်လို့ သူ မထင်ထားခဲ့ဖူးပေ။
“လက်ဝါးမိုးကြိုး”
ထန်ဝင်ကျဲကလက်ဝါးမိုးကြိုးကို သုံးလိုက်ပြန်သည်။
“လက်ဝါးမိုးကြိုး ဟုတ်လား”
မှော်ဆရာက သူ့ရဲ့ နောက်ဆုံးအစွမ်းကို သုံးပြီး လက်ဝါးနဲ့ ပြန်တွန်းထုတ်လိုက်သည်။
ဒီတစ်ခါတော့ မှော်ဆရာက သူ့ရဲ့ အစွမ်းကုန် သုံးထားလို့ လက်ဝါးမိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိသွားပြီး ဒဏ်ရာ သိပ်မရလိုက်ပေ။
ဒါပေမဲ့အဲဒီလို တားလိုက်ရတာ မလွယ်ဘူးဆိုတာ ထွက်လာတဲ့ အငွေ့တွေကို ကြည့်ရင် သိနိုင်သည်။
“ငါ အဆင်သင့် ပြင်ထားပြီးသားပါဟ ဟားဟားဟား”
မှော်ဆရာကအောင်နိုင်သူလို ရယ်မောလိုက်သည်။
ဒါပေမဲ့ မမျှော်လင့်ဘဲ တန်ဝမ်ကျဲက သူ့အရှေ့ကို ခြေလှမ်းအနည်းငယ်အတွင်း ရောက်လာပြီး လက်ဝါးကို ထပ်မြှောက်လိုက်ပြန်သည်။
“လက်ဝါးမိုးကြိုး”
“နောက်တစ်ခါလား”
သူက တားဖို့ ဂါထာရွတ်ဖို့လုပ်ပေမဲ့ ဘာအစွမ်းမှ ခံစားလို့မရဖြစ်နေသည်။သူ ဇဝေဇဝါ ဖြစ်နေတုန်းမှာပဲ တန်ဝမ်ကျဲရဲ့ လက်ဝါးက သူ့ဆီကို တန်းတန်းမတ်မတ်လာနေတာ တွေ့လိုက်ရသည်။
တန်ဝမ်ကျဲရဲ့ လက်ဝါးရိုက်ချက်က မှော်ဆရာရဲ့ လက်ဝါးနဲ့ ထိမိသွားပြီး မှော်ဆရာရဲ့လက်က ထန်ဝင်ကျဲရဲ့ ခွန်အားကြောင့် သူ့ပါးကိုပင် ပြန်ရိုက်မိသွားသည်။
မှော်ဆရာ ထိတ်လန့်သွားသည်။ ဒီလောက်ပြင်းတဲ့ ခွန်အားကို တားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
“ဝုန်း”
မှော်ဆရာက အဲဒီပါးရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီး လေထဲမှာ ၇၂၀ ဒီဂရီလောက် လည်ထွက်ကာ ကြမ်းပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ကျသွားသည်။
လူကတော့ မြေပေါ်ကျသွားသည်။ သို့သော် သူ့ပါးစပ်ထဲက လွင့်ထွက်သွားတဲ့ သွားတန်းကတော့ လေထဲမှာ ပျံနေတုန်းပင်။
နားထဲမှာလည်း တစ်အုန်းအုန်းမြည်နေပြီး ခေါင်းထဲမှာလည်း မူးဝေနေလေသည်။ အဲဒီပါးရိုက်ချက် တစ်ချက်တည်းနဲ့တင် သူ့ဦးနှောက်တွေ လွင့်စင်သွားသလို ခံစားနေရသည်။ မှော်ဆရာက တံတောင်ဆစ်နဲ့ ထောက်ပြီး ပြန်ထဖို့ ကြိုးစားပေမဲ့ နှစ်ခါလုံး ကျရှုံးသွားသည်။
“လက်ဝါးမိုးကြိုး”
တန်ဝမ်ကျဲက “လက်ဝါးမိုးကြိုး” လို့ အော်လိုက်သော်လည်းကန်ချက်တစ်ချက်သာ လွှတ်လိုက်သည်။
ဘောလုံးကန်သလိုမျိုး မှော်ဆရာရဲ့ မေးစေ့ကို တည့်တည့်ထိသွားပြီး နောက်စိက ကြမ်းပြင်နဲ့ စောင့်မိသွားသည်။
ဒုန်းဆိုတဲ့ အသံကြီး ထွက်လာသည်။
မှော်ဆရာရဲ့ မျက်စိ၊ နား၊ နှာခေါင်း စတဲ့ အပေါက်ခုနစ်ပေါက်ကနေ သွေးတွေ ထွက်လာပြီး ခန္ဓာကိုယ်က တောင့်တင်းကာ တုန်ခါနေသည်။
“လက်ဝါး...”
တန်ဝမ်ကျဲက ဆက်ဟန်မဆောင်တော့ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ကျူးအူမကြီးက လှမ်းအော်သည်
“နေဦး၊ အစ်ကိုကျဲ၊ သူ့ကို သတ်မိတော့မယ် ထင်တယ်။”
“မင်းတို့နှစ်ယောက်က ဘာရပ်ကြည့်နေတာလဲ။ လာပြီး သူ့ကို တုပ်နှောင်လိုက်ကြလေ။ အော်... ပြီးတော့ ကျန်နေတဲ့ လူပျိုလေးဆီးတွေကိုလည်း သူ့ပါးစပ်ထဲ လောင်းထည့်လိုက်ကြ။နောက်ထပ် အောက်လမ်းပညာတွေ မသုံးနိုင်အောင်လို့။”