← Chapters

ပိုင်ရို့ရို့

Vol. 9 Ch. 86

ပိုင်ရို့ရို့

Vol. 9 Ch. 86

ပိုင်ရို့ရို့သည် တန်မိသားစု၏ မြို့တော်ဟောင်းသို့ ရောက်ရှိနေသည်မှာ တစ်ရက်ရှိပြီဖြစ်ပြီး သခင်လေးတန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း စုဆောင်းထားပြီးဖြစ်‌လေသည်။

သူ၏ အထောက်အထားမှာ ကျူးမိသားစု၏ ဒုတိယဆရာဖိုးဖိုး၏ တပည့်ဖြစ်ကြောင်းသခင်လေးတန်သည် ဒေသခံများအနက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး မြို့တော်ဝန်တစ်ယောက်လည်းဖြစ်ကြောင်းကို သူမ သိရှိထားသော်လည်း ပိုမိုတိကျသော အချက်အလက်များကိုမူ မဖော်ထုတ်နိုင်သေးပေ။

ထို့နောက် တန်ဝမ်ကျဲ ကိုယ်တိုင် အောက်လမ်းဆရာကို နှိမ်နင်းနေသည့် ဖြစ်စဉ်ကို သူမ မျက်မြင်တွေ့ခဲ့ရလေသည်။

တန်ဝမ်ကျဲသည် အလောင်းဂူကို အရေးတကြီး ဖျက်ဆီးပစ်၍ ရုပ်အလောင်းများ အပိုင်းပိုင်းဖြတ်တောက်လိုက်သည့် ဖြစ်စဉ်များကိုလည်း မြင်တွေ့ခဲ့ရသေးသည်။

နောက်ဆုံးတွင် ကြီးမားသော မီးတောက်တစ်ခုက အရာအားလုံးကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။

“တကယ်လို့များ မှော်ဆရာရဲ့ ဘေးဒုက္ခက ဒီလူနဲ့ ဆက်နွှယ်နေတာဆိုရင်တော့ ဒါဟာ အရမ်းကို အန္တရာယ်များတာပဲ။”

ဤပြသနာကို မည်သို့ဖြေရှင်းရမည်နည်းဟု သူမ စဉ်းစားနေမိတော့သည်။ သို့သော် ယနေ့ တန်ဝန်ကျဲ၏ လုပ်ဆောင်ချက်များကို မြင်တွေ့ပြီးနောက် ပိုင်ရို့ရို့သည် မိမိကိုယ်ကိုယ် ယုံကြည်မှု အနည်းငယ် လျော့နည်းသွားသလို ခံစားလိုက်ရလေသည်။

တန်ဝမ်ကျဲသည် အင်အားအလွန်ကြီးမားကာလျှပ်စီးလက်ဖဝါး ပညာရပ်တွင် အလွန် ကျွမ်းကျင်သူဖြစ်၍ ဝူနိုက်နီ ကိုပင် ဖြတ်တောက်နိုင်သည့် ထူးဆန်းသော မိစ္ဆာနှိမ်နင်းရေး လက်နက်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ထို့အပြင် သူသည် ချမ်းသာကြွယ်ဝသည်။ ဩဇာအာဏာရှိသည်။ သေနတ်များလည်း ရှိသေးသည်။

သူမအနေဖြင့် အစီအစဉ်ကို သေသေချာချာချမှတ်ရပေတော့မည်။

တန်ဝမ်ကျဲ၏ ရုပ်ရည်နှင့် ပတ်သက်၍လည်းသူမ တကယ်ကို ဂရုမစိုက်ပါ။ အကယ်၍ သူမသာ ရုပ်ချောသည့် အမျိုးသားများကို ကြိုက်နှစ်သက်ခဲ့လျှင် သူမ၏ စီနီယာအစ်ကိုကြီးကို တဖက်သတ် ချစ်နေပါဦးမည်လော။ကျူးကောခုန်းဖိန်၏ မျက်နှာကို ကြည့်လိုက်ရုံဖြင့်ပင် ရုပ်ချောခြင်းနှင့် ဘာမှမဆိုင်ကြောင်း သိနိုင်ပါသည်။

သူမ အလေးထားသည်မှာ စရိုက်နှင့် ခံစားချက်များကိုသာ ဖြစ်သည်။

“ဟေး...မင်း ကြုံသလို အပေါ့အပါး သွားလို့မရဘူးလေ... ကြည့်ရတာ မင်းကို တော်တော်လေး ရင်းနှီးနေသလိုပဲ။”

ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် ပိုင်ရို့ရို့၏ ရင်ခုန်သံများ ဗြောင်းဆန်သွား၏။တဖြည်းဖြည်း နီးကပ်လာသော တန်ဝန်ကျဲ၏ မျက်နှာကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် တင်းကျပ်သွားတော့သည်။

လူမဟုတ်သော အလောင်းများကိုဖျက်ဆီးသည့် မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရသောကြောင့် သူမကိုယ်သူမ မထိန်းနိုင်ဘဲ အသံထွက်သွားမိရာမှ အစပြု၍ လူမိသွားခြင်း ဖြစ်သည်။

“ရှင်...ရှင် ဘာလုပ်ချင်လို့လဲ။”

“မင်းမှာ ရှောင်ကျိုး လို့ခေါ်တဲ့ အစ်မတစ်ယောက် ရှိတယ်မှတ်လား။”

“ရှင်... လူမှားနေပြီ။”

သူမ ဤကဲ့သို့သော နည်းဗျူဟာများကို မြင်ဖူးပါသည်။ သူက သခင်လေးတစ်ယောက်လိုမျိုး မိန်းကလေးတွေကို လိုက်‌နေတာလား။ ဤလုပ်ဇာတ်က ခေတ်နောက်ကျလွန်း သည်။

ဤသို့ဖြင့် ပိုင်ရို့ရို့၏ တန်ဝမ်ကျဲအပေါ် သတိထားမှုနှုန်းမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ ရုပ်ချောနေရုံမျှဖြင့် သူမ၏ သတိကို မည်သို့လျှော့ချနိုင်ပါမည်နည်း။

“ကျုပ်က တန်ဝမ်ကျဲပါ။ မေးပါရစေ။လမ်းစဉ်တူမိတ်ဆွေက ဘယ်သူများပါလဲ။”

“ပိုင်ကျူးပါ..”

ဟုသူမက နာမည်ကို လိမ်ရင်း မျက်လုံးကစားကာ ပြောလိုက်သည်။

“ဪ...ဒါဆို လမ်းစဉ်တူမိတ်ဆွေ ပိုင်ပေါ့။”

တန်ဝမ်ကျဲကနောက်လှည့်လိုက်ပြီး အဝေးတွင် မိမိ၏ တင်ပါးကို ကိုင်ကာ အလောင်းများကို မီးရှို့နေသည့် ကျူးအူမကြီး ကို ညွှန်ပြလိုက်သည်။

“မင်းလည်း ဒီနေရာမှာ တစ်ခုခုမှားနေတယ်ထင်လို့ ခံစားမိလို့ လာစုံစမ်းတာ မဟုတ်လား။”

ပိုင်ရို့ရို့က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်။ လမ်းစဉ်တူမိတ်ဆွေက တကယ်ကို ထိုးထွင်းသိမြင်တဲ့ ဉာဏ်မျက်စိ ပါရမီရှိတာပဲ။”

တစ်ဖက်လူက သူမအတွက် ဆင်ခြေတစ်ခုကို တောင် ရှာပေးလိုက်သေးသည်။ ဤလူ၏ ဦးနှောက်က တကယ်ပဲ ရိုးရှင်းလွန်းနေတာလား။မဟုတ်မှလွဲရော၊ သူမကို ရိုးရိုးလေးပဲ လိုက်နေတာလား..

တန်ဝမ်ကျဲသည် အလောင်းများကို မီးရှို့နေစဉ် တစ်စုံတစ်ယောက်က သစ်ကိုင်းကို နင်းမိသံကို ရုတ်တရက် ကြားလိုက်ရခြင်းဖြစ်သည်။

မည်သူက ဤမျှ ပေါ့ဆရသနည်း ဟု သူမသိသော်လည်း သူလှည့်ကြည့်လိုက်သောအခါ အဝါရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပေးထားသည့် အမျိုးသမီးတစ်ဦးကို သာတွေ့လိုက်ရသည်။

ဤမြို့၏ မြို့တော်ဝန်အနေဖြင့် သူသည် လူများကို ကြုံသလို အပေါ့အပါးသွားခြင်းနှင့် အများပြည်သူ ပတ်ဝန်းကျင်ကို ပျက်စီးစေခြင်းတို့မှ တားဆီးရန် အခွင့်အရေးနှင့် တာဝန်ရှိပေသည်။

ထို့ကြောင့် သူသည် တရားမျှတစွာဖြင့်ဆုံးမရန်လမ်းလျှောက်သွားခဲ့ရာ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရခြင်းဖြစ်သည်။

သူမ၏ မျိုးရိုးအမည်မှာ ပိုင် ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် သံသယဝင်စရာတော့ မလိုတော့ပေ။ သူမသည် ကျူးကောခုံဖိန်၏ ဂျူနီယာညီမလေးဆိုတာ သေချာပါသည်။

နာမည်နှင့် ပတ်သက်၍ ခရီးသွားလာရာတွင် နာမည်ဝှက်ကို အသုံးပြုခြင်းမှာ အခြေခံအဆင့် လုပ်ဆောင်ချက်သာ ဖြစ်သည်သူယူဆသည်။

သူမနှင့်ဆုံတွေ့ခြင်းမှ ကျူးကောခုံဖိန်ကို သေချာပေါက် ရှာတွေ့နိုင်မည်ဟု‌ထင်သည်။ထိုအရာသည် မရှာဘဲနှင့် ရရှိသည့် ဘဏ္ဍာပင်တစ်ခု ဖြစ်တော့သည်။

နှစ်ဦးစလုံးတွင် ကိုယ်စီ လျှို့ဝှက်ချက်များ ရှိနေကြသည်။

ရုတ်တရက် ကောင်းကင်ကြီး မှောင်မည်းသွားသည်။

တန်ဝမ်ကျဲက ချက်ချင်းပင် လှည့်ပြေးတော့သည်။

“ကျူးအူမကြီး...မိုးရွာတော့မယ် အိမ်ပြန်ပြီးအပြင်က အဝတ်အစားတွေကို သွားရုတ်လိုက်တော့။”

ပိုင်ရို့ရို့: ... ငါ ခန့်မှန်းတာ မှားသွားတာလား။

ထို့နောက် တန်ဝမ်ကျဲ ရပ်လိုက်သည်ကို သူမ မြင်လိုက်ရသည်။

“လမ်းစဉ်တူမိတ်ဆွေ ပိုင် မိုးခိုဖို့အတွက် ကျုပ်အိမ်ကို လိုက်ခဲ့မလား။ ကျုပ်အိမ်အမိုးက တော်တော်ကျယ်ပါတယ်။ မိတ်ဆွေပိုင်လိုက်ခဲ့လို့ အဆင်ပြေပါတယ်။”

ပိုင်ရို့ရို့: ဟင်း...ထင်တဲ့အတိုင်းပဲ။

သူမက ခေါင်းသာခါပြလိုက်သည်။

“ကျွန်မ မြို့ထဲက တည်းခိုခန်းမှာပဲ နေလိုက်ပါ့မယ်။ ဒီမှာ လုပ်စရာတွေနဲနဲ ရှိသေးလို့ပါ။”

ဒီမိန်းမက သူ့ခေါင်းထဲမှာ ပြဿနာတစ်ခုခုများ ရှိနေတာလား။ သူက သူမကို အိမ်မှာ အိပ်ဖို့ ဖိတ်ခေါ်နေခြင်း မဟုတ်ဘဲ။ မိုးခိုဖို့သာ ဖိတ်ခေါ်ခြင်း ဖြစ်သည်။ အမိုးအောက်မှာလို့ သူ ပြောခဲ့သည် မဟုတ်ပါလား။

သူက ကျူးကောခုံဖိန်၏ အိမ်လိပ်စာကိုသာ မေးချင်နေခြင်း ဖြစ်၏။

ထားလိုက်ဦးမည်။သူမ မြို့ထဲမှာ ရှိနေသရွေ့ဘယ်ကိုမှ ပြေးလို့ လွတ်မှာ မဟုတ်ပေ။

“ကောင်းပါပြီ...ဒီလိုဆိုရင်တော့ အလောင်းတွေ မီးလောင်နေတာကို ခဏလောက် စောင့်ကြည့်ပေးပါဦး။ တောမီးလောင်ရင် အကုန်လုံးဒုက္ခရောက်ကုန်လိမ့်မယ်။ ဪ... ပြီးတော့ မိုးသည်းလာရင် အလောင်းတွေကို မြှုပ်ဖို့ ကျင်းလေးတစ်ကျင်းလောက် တူးပေးပါဦး။ မင်းမှာ အချိန်မရှိရင်တော့... နောက်မှ ကျုပ်ပဲ လာလုပ်လိုက်ပါ့မယ်။”

သူက ပြောပြီးပြီးချင်းထွက်သွားတော့သည်။ ကောင်းကင်အုံ့မှိုင်းနေသော နေ့ရက်များသည် မိုးကြိုးပြစ် ရန် အလားအလာ အရှိဆုံး ဖြစ်သောကြောင့် ဒီအချိန်ဟာအလွန်အဖိုးတန်သည်။

ကျူးအူမကြီးက သူ၏ တင်ပါးကို ဆုပ်ကိုင်ရင်း...

“အစ်ကိုကျဲ ကျွန်တော့်ကို စောင့်ပါဦး။”

အော်ကာပြေးလိုက်သွားသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ယိမ်းထိုးနေသည့် အပိုင်းပိုင်းပြတ်နေသော အလောင်းပုံကြီးမှ မီးတောက်များကို ကြည့်ရင်း ပိုင်ရို့ရို့တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

သူက တကယ်ပဲ အဲဒီအတိုင်း ထွက်သွားသည်လား။

ငါ တကယ်ပဲ အများကြီး တွေးမိသွားတာလား။

ထို့နောက် သူမသည် သစ်သားချောင်းတစ်ခုကို ကောက်ကိုင်လိုက်ပြီး တောမီးမလောင်စေရန် မီးပုံနားတွင် ဆောင့်ကြောင့်ထိုင်ကာ စောင့်ကြည့်နေလိုက်တော့သည်။

‌ကောင်းကင်ယံမှ တိမ်တိုက်မည်းကြီးများသည် မိုးခြိမ်းသံများ။မိုးစက်များ မကျလာမီ အချိန်အတော်ကြာအောင် ရှိနေခဲ့သည်။ ပိုင်ရို့ရို့သည် မီးလောင်ကျွမ်းမှု မြန်ဆန်စေရန်အတွက် မန္တန်စက္ကူ အချို့ကို မီးပုံထဲသို့ဘထပ်မံထည့်လိုက်ပြီးမှသာ နောက်ဆုံးတွင် ထိုနေရာမှ ထွက်ခွာခဲ့သည်။

မြို့ထဲသို့ ရောက်သောအခါ သူမသည် မြို့သူမြိုသားများကို တန်ဝမ်ကျဲအိမ်၏ အိမ်နေရာကို မေးမြန်းခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ အနောက်တိုင်းဖက်ရှင် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက လမ်းခုလတ်တွင် သူမကို တားဆီးလိုက်လေသည်။

“ရှင်က ဦးလေးကို ရှာနေတာလား။”

“မင်းက...ဘယ်သူလဲ။”

သူမ၏ အကြည့်မှာ တစ်ဖက် အမျိုးသမီး၏ ရင်ဘတ်ပေါ်တွင် ရပ်တန့်သွားတော့သည်။ ဒါကဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ။ဒီလိုမျိုး ဝတ်ရဲတယ်လား။

“သခင်လေးတန်ကို ပြောတာပေါ့။ ကျွန်မနဲ့ ဦးလေးရဲ့ ဆက်ဆံရေးက တခြားသူတွေထက် နည်းနည်းလေးတော့ ပိုထူးခြားတယ်။”

အန်နီ ကလည်း သူမရှေ့က အမျိုးသမီးကို စိုက်ကြည့်နေလိုက်သည်။ ရုပ်ရည်ပိုင်းအရမူ သူမသည် တစ်ဖက်လူကို မရှုံးဟု ယုံကြည်သည်။ သို့သော် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာမူ... လေပြင်းတိုက်ခတ်မှုကြောင့် ပွယောင်းသော တာအိုဝတ်စုံသည် ခန္ဓာကိုယ်နှင့် ကပ်သွားရာ ဘူးသီးပုံသဏ္ဌာန်ခန္ဓာကိုယ် အချိုးအစားကို ပိုမိုပေါ်လွင်စေသည်။

ထို့အပြင် သူမ၏ ရင်ဘတ်မှာ လေထဲတွင် အနည်းငယ် လှုပ်ခတ်နေသည်။ သူမ၏ မီးသီးများမှာ သဘာဝအတိုင်း ထွားကျိုင်းပြီး တင်းရင်းနေသည့် လက္ခဏာပင် ဖြစ်သည်။ တစ်ဖက် အမျိုးသမီးမှာ အတွင်းခံအင်္ကျီမျှသာ ဝတ်ဆင်ထားသည်မှာ အလွန်ထင်ရှားသည်။

မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်သောအခါ သူမသည် ညှစ်ပေးနိုင်ပြီး ပင့်တင်ပေးနိုင်သည့် နောက်ဆုံးပေါ် ဖက်ရှင် အောက်ခံဘော်လီကို ဝတ်ဆင်ထားသော်လည်း တစ်ဖက်လူကို မယှဉ်နိုင်သေးပေ။

အန်နီသည် ပြင်းထန်သော စိုးရိမ်စိတ်ကို ခံစားလိုက်ရသည်။ မကြာသေးမီက တန်ဝမ်ကျဲသည် သူမအပေါ် သိပ်ပြီး စိတ်ဝင်စားမှု မရှိတော့သလို ခံစားနေရသည်။ ၎င်းမှာ ဤအမျိုးသမီးကြောင့် ဖြစ်နိုင်ပါသလား။ သူမက ရင်ဘတ်ကြီးပေမဲ့ ဦးနှောက်မကြီးတဲ့ပုံစံပဲ။ အိုး...မဟုတ်သေးပါဘူး။ ဒါက အမျိုးသားတွေ အကြိုက်ဆုံး အမျိုးအစားပဲလေ။

ပိုင်ရို့ရို့သည် တစ်ဖက် အမျိုးသမီးက အဘယ်ကြောင့် ရန်လိုနေသည်ကို နားမလည်သော်လည်း သူမ၏ လေသံထဲတွင် တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလာသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင်သူမသည် မိမိ၏ မရီးဖြစ်သူ ကျူးကောဝမ်ဟွေ့ နှင့် စကားပြောလျှင်လည်း ဤလေသံကို မကြာခဏ အသုံးပြုလေ့ရှိသည်။

သူတို့နှစ်ဦးစလုံး ကိုယ်စီအတွေးများဖြင့် ရှိနေစဉ်မှာပင် ကောင်းကင်ယံ၌ လျှပ်စီးတစ်ခု လက်သွားပြီးနောက် ပြင်းထန်သော မြည်ဟီးသံကြီး ထွက်ပေါ်လာတော့သည်။

“အာ၊ အဲဒါ ဦးလေးရဲ့ အိမ်ဘက်မှာပဲ။”

ပိုင်ရို့ရို့သည် စကားတစ်လုံးမှ မပြောဘဲ ထိုတည်ရာသို့ တန်းတန်းမတ်မတ် ပြေးသွားတော့သည်။

“ဘယ်လောက်တောင် လိမ္မာပါးနပ်လိုက်သလဲ။သူမကို ရင်ဘတ်ပဲရှိပြီး ဦးနှောက်မရှိဘူးလို့တောင် ငါ ထင်မိတော့မလို့။”

သူမသည်လည်း ဂါဝန်ကို မကာ နောက်မှ ချက်ချင်း လိုက်သွားတော့သည်။ သူမ၏ ရင်အစုံမှာ မကြီးမားသော်လည်းကြောက်လန့်တကြား ပြေးနေသော ယုန်ကလေးတစ်ကောင်ကဲ့သို့ကြည့်ကောင်းလွန်းလှသဖြင့် ပစ္စည်းများ သိမ်းဆည်းနေကြသောလမ်းသွားလမ်းလာများ ကိုပင် ရပ်ကြည့်မိစေသည်။

ခဏအကြာတွင်..

တန်နေအိမ်တွင် တန်ဝမ်ကျဲသည် မိုးကြိုးဆွဲဆောင်သည့် မန္တန်စက်ကွင်း ကို အလျင်အမြန်ပင် ပြင်ဆင်လိုက်သည်။

သူသည် တစ်ဝက်တစ်ပျက်နှင့် သေလုနီးပါးဖြစ်နေသော မှော်ဆရာကို စက်ကွင်း၏ အလယ်ဗဟိုတွင် ထားလိုက်သည်။

မှော်ဆရာက ခက်ခက်ခဲခဲ စကားပြောရှာသည်။

“ငါ ဘာမှမလုပ်ရသေးဘူး။ မင်း ငါ့ကို ဘာလို့ သတ်ချင်ရတာလဲ။”

သူသည် မိုးကြိုးဆွဲဆောင်သည့် စက်ကွင်းကို နားမလည်သော်လည်း သူသည် လူအူမဟုတ်သဖြင့် တန်ဝမ်ကျဲ၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည်။

တန်ဝမ်ကျဲက လက်သီးဖြင့်မှော်ဆရာကိုတစ်ချက် ထိုးလိုက်သည်။

အသက်ရှင်နေသော လူများကို အလောင်းကောင်အဖြစ် ပြုပြင်မွမ်းမံသူများသည် သေထိုက်သည်။

မှော်ဆရာက ပါးစပ်တစ်ခုလုံး သွေးများဖြင့်

“မင်း ဘာမေးချင်တာလဲ။ ငါ အကုန်ပြောပြပါ့မယ်”

“ဖတ်တီးပေါင်။ ဪ... ဖတ်တီးပေါင်က ဒီမှာ မရှိဘူး။ကျူးအူမကြီးလား...သူကတော့ သူ့တင်ပါးကို ကုဖို့ သွားပြီ။”

တန်ဝန်ကျဲကသူ့ပတ်လည်ကိုလှည့်ပတ်ကြည့်လိုက်ပြီးမှ သူ၏ ဖိနပ်ကို ချွတ်ကာ မှော်ဆရာ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။

ရုပ်ရှင်တွေထဲက ဇာတ်လလမ်းအရဆိုလျှင် ရှုံးနိမ့်ခါနီး ဗီလိန်ကို စကားတွေအများကြီး ပြောခွင့်ပေးပြီး အသနားခံခွင့် ပေးထားရင် သူတို့ကအခြေအနေကို၁၀၀ရာခိုင်နှုန်း ပြောင်းပြန်လှန်ပစ်နိုင်ကြသည်။

သူသည် မိုးကြိုးနတ်မင်းက မျက်စိစောင်းပြီး မိမိ၏ ခေါင်းကို လာပစ်မည်ကို စိုးရိမ်သောကြောင့် ခြေထောက်တစ်ဖက်တည်းဖြင့် ခုန်ဆွခုန်ဆွလုပ်ကာ အဝေးသို့ ဆုတ်ခွာလိုက်သည်။

ကောင်းကင်မှ မိုးကြိုးများ စတင်ဆင်းသက်လာသည်ကို မြင်သောအခါ တန်ဝမ်ကျဲက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မြို့ထဲက ဘယ်သူ့ကို မင်းက အလောင်းအဖြစ် ပြုပြင်ဖို့ ကြံစည်နေတာလဲ။”

သူက တကယ်ပဲ သိချင်လို့လား သို့မဟုတ် တမင်သက်သက် လုပ်နေတာလားဆိုတာ ပြောရခက်ပါသည်။

“အွန်း ...အွန်း”

ပါးစပ်ကိုဖိနပ်ဖြင့်ပိတ်‌‌ထား သောကြောင့် ဝူးဝူးဝါးဝါးအသံများထွက်ပေါ်လာသည်။

“ဒီလောက်တောင် ဇွဲကောင်းနေတာလား။ဟုတ်ပြီ။ထားလိုက်တော့။”

“ဝုန်းးး”

ကောင်းကင်ယံမှ မိုးကြိုးသည် မြေပြင်သို့ ပစ်ချလိုက်လေတော့သည်။

All Chapters