← Chapters

အပြစ်ကင်းစင်ခြင်း၏နောက်ကွယ်က လက်ဖက်စိမ်းမာယာ။

Vol. 9 Ch. 87

အပြစ်ကင်းစင်ခြင်း၏နောက်ကွယ်က လက်ဖက်စိမ်းမာယာ။

Vol. 9 Ch. 87

“ကွက် ကွက် ကတေး အီအိ”

ကြက်ဖကြီးသည် တန်ဝမ်ကျဲ၏ ပုခုံးပေါ်တွင် ခြေတစ်ဖက်တည်းဖြင့် ရပ်၍ တန်ဝမ်ကျဲ လက်ဝှေ့လေ့ကျင့်နေစဉ် အတောင်ပံများကို တဖြတ်ဖြတ် ခတ်နေသည်။

မိုးကြိုးဓာတ် များသည် သူ၏ လက်သီးချက်များအတွင်းသို့ လျင်မြန်စွာ ပေါင်းစပ်စီးဆင်းသွားသည်။ ဤတစ်ကြိမ် ကျင့်ကြံမှုမှာ အလွန်မြန်ဆန်လှ၍ လက်ဝှေ့နှစ်ပတ်ခန့်သာ လေ့ကျင့် ရုံဖြင့် မိုးကြိုးဓာတ်အားလုံးကို စုပ်ယူနိုင်ခဲ့ပြီး အတွေ့အကြုံ အမှတ် ၅၀/၉၀ သို့ ရောက်ရှိသွားခဲ့သည်။

၎င်းမှာ မှော်ဆရာ၏ မကောင်းမှုများက ဆရာလီလောက် မများသောကြောင့် ဖြစ်မလား။မဟုတ်နိုင်ပါ။ လီယွန်၏ မင်္ဂလာရှိသောပါးစပ်၏ ဆုပေးချက် ကြောင့်သာ ဖြစ်ရမည်။ သို့မဟုတ်ပါက မိခင်အရင်းကို သတ်ခဲ့သည့် ဆရာလီကဲ့သို့ ရန်ငြိုးကြီးသော ဝိညာဉ်က အမျိုးမျိုးသော မကောင်းမှုများကို ကျူးလွန်ခဲ့သည့် မှော်ဆရာကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

သူ ကျင့်စဉ်လေ့ကျင့်ပြီးသည်နှင့် ကြက်ဖကြီးသည် ပုခုံးပေါ်မှ ခုန်ဆင်းသွားသည်။

မျက်လှည့်ပြနေသလား ထင်ရသော်လည်း ကြက်ဖကြီးမှာ အနည်းငယ် ပိုကြီးလာသလို ခံစားရလိုက်သည်။ သို့သော် ထပ်ကြီးလာပါက အသားများ မာသွားပေလိမ့်မည်။ ကြက်အိုကြီးများမှာ ကြက်ပျိုလေးများလောက် အရသာမရှိပေ။

“တစ်ရက်လောက် အချိန်ရှာပြီး တစ်ကောင်လောက် သတ်စားကြည့်ရင် ကောာင်းမလား။”

သူ့အနေဖြင့် စားချင်စိတ်အတွက် ငွေ ၂၀ ကိုတော့ တတ်နိုင်ပါသေးသည်။

“သခင်ကြီး သခင်မလေး အန်နီနဲ့ အမျိုးသမီးတစ်ယောက် ရောက်နေပါတယ်ခင်ဗျာ။”

“ကျုပ်ကို လာရှာတာလား...အထဲကို ဖိတ်လိုက်ပါ။”

အစေခံသည် အမိန့်ကို နာခံကာ ထွက်သွားသည်။ မြေပြင်ပေါ်မှ ကြယ်ပုံသဏ္ဌာန် လူအမှတ်အသားနှင့် ကောင်းကင်မိုးကြိုးများအကြောင်းကိုမူ သူ ဂရုမစိုက်ပါ။

သခင်ကြီးလုပ်သမျှ အရာအားလုံးသည် ပုံမှန်သာ ဖြစ်သည်။ ထို့အပြင် သူသည် လစာကောင်းကောင်းပေးသူ ဖြစ်၍လူသတ်ပြီးနောက် ဓားကမ်းပေးရန် လိုအပ်လျှင်ပင် အစေခံက လုပ်ပေးပေလိမ့်မည်။

“ဦးလေး...”

တန်ဝမ်ကျဲ တုန်တက်သွားသည်။ သူမ၏ အသံမှာ နူးညံ့ပြီး ညုတုတု ဖြစ်နေသည်။ အကယ်၍ လမ်းမပေါ်တွင် အလှူငွေအတွက် အနမ်းဖြင့် လဲလှယ်နေသော အန်နီကို သူ မမြင်ခဲ့ဖူးပါက တန်ဝမ်ကျဲ၏ အငယ်စားလေး ကို သူမက ထိန်းချုပ်သွားနိုင်လောက်သည်။ ယခုမူ သူ့ကို သန့်ရှင်းစင်ကြယ်ခြင်း သူတော်စင် ဟုသာ ခေါ်လိုက်ပါတော့မည်။

“ကျွန်မတို့ ထပ်ဆုံကြပြန်ပြီနော်။

သူမမှာမူ အန်နီကဲ့သို့ ရင်းနှီးသော အမူအရာမျိုး မပြနိုင်ပေ။

“လမ်းဘေးမှာ ဒီအမျိုးသမီးနဲ့ ဆုံခဲ့တာပါ။ သူမက ဦးလေးကို သိပေမဲ့ အိမ်ကို မသိဘူးဆိုလို့ ကျွန်မ ခေါ်လာပေးတာ။ ဒါနဲ့ ဦးလေးကို ကျွန်မ နှောင့်ယှက်မိသွားတာလား။”

သူမက ဘာလို့ ရုတ်တရက် ဂရင်းတီးလို ပြုမူနေရတာပါလိမ့်။

တန်ဝန်ကျဲက ပိုင်ရို့ရို့ကိုကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် မနှစ်မြို့သလို ဖြစ်နေသည်ကို တွေ့ရသည်။ သူတို့နှစ်ဦးကြားတွင် ဘာတွေဖြစ်ခဲ့သလဲဟု သူ တွေးတောမိလာသည်။

အကယ်၍ တန်ဝမ်ကျဲအနေဖြင့် တစ်ဖက်ဖက်က ကူညီရမည်ဆိုလျှင် သူကငါနဲ့မဆိုင်ဘူး ဆိုသည့် ဘက်ကိုသာ ရွေးချယ်ပါလိမ့်မည်။

ပိုင်ရို့ရို့က အန်နီ၏ စကားကို ဖြတ်ပြီး တန်ဝန်ကျဲကို ပြောလိုက်သည်။

“ရှင် အရင်က အကြံပေးခဲ့တာကို ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါကြောင့် ရှင့်အိမ်မှာ ကျွန်မတစ်ရက်လောက် တည်းပါရစေ။”

နေပါဦး။ငါက အမိုးအောက်မှာလို့ ပြောတာပါ။ဘယ်သူက အိမ်အထဲထိ တည်းဖို့ ဖိတ်လိုက်လို့လဲ။ကျူးအူမကြီးလား။ ထိုနေ့က လူသုံးယောက်ပဲ ရှိတာဖြစ်ပြီး သူက ပိုင်ရို့ရို့ကို တည်းဖို့ မဖိတ်ခဲ့ပါ။

မင်းကတကယ်ကို ဆိုးတဲ့ ကျူးအူမကြီးပဲရှောင်ယွင် ရှိတာနဲ့တင် မလုံလောက်ဘဲဒီလိုသန့်ရှင်းမြင့်မြတ်တဲ့ သခင်လေးတန်ရဲ့ အိမ်ထဲကို မိန်းကလေးတွေ ထည့်ပေးနေရလား။

ပိုင်ရို့ရို့၏ စကားကိုသာ ကြည့်ခြင်းအားဖြင့် သူမသည် အန်နီထက်ပင်ဂရင်းတီးအနုပညာကို ပိုမိုကျွမ်းကျင်နေသလိုပင်။

လက်ဖက်ရည်က ကြောက်စရာမဟုတ်သော်လည်း သူမက ၎င်းကို မည်သို့ အရသာခံရမည်ကို သိနေသည်။

အန်နီ၏ မျက်နှာအမူအရာ ပျက်သွားပြီး တန်ဝမ်ကျဲကို ကြည့်ကာ ဤအရာမှာ အမှန်လား အမှားလားဟု မေးချင်နေမိသည်။

တန်ဝမ်ကျဲ ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ သူမက ချက်ချင်းပင် ထေ့ငေါ့ကာ တုံ့ပြန်တော့သည်။

မဟုတ်ဘူး။မရပ်လိုက်နဲ့။

ကျေးဇူးပြုပြီး ငါ့အတွက် ဆက်ပြီး ငြင်းခုံပေးကြပါ။ ဆံပင်တွေပါ ဆွဲကြရင်တော့ အကောင်းဆုံးပဲ။

တန်ဝမ်ကျဲက လက်ကို ဝေ့ယမ်းလိုက်ပြီး ငွေ ၂၀ သုံးကာညချောကလက်တစ်ထုပ်ကို ဝယ်လိုက်သည်။ ၎င်းကို ဖောက်ကာ စားရင်း ပွဲကြည့်နေတော့သည်။

သို့သော်လည်း ပွဲကြည့်ရင်း စားနေသည့် သူ၏ အမူအရာကြောင့် နှစ်ဦးသား၏ဂရင်းတီး ပြိုင်ပွဲမှာ ရှေ့မဆက်နိုင်တော့ဘဲ ရပ်တန့်တော့သွားသည်။

“ရှင် ဘယ်လို လုပ်မှာလဲ”

နှစ်‌ယောက်စလုံးကပြိုင်တူ မေးလိုက်ကြသည်။

နှစ်ယောက်စလုံးက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ တန်ဝမ်ကျဲက မတတ်သာဘဲ ပြောလိုက်သည်။

“မင်းတို့ ဒီလို ပြောမှတော့၊ အများဆုံး နှစ်ပတ်ပေါ့။”

“ဦးလေး၊ ဦးလေးနဲ့ သူနဲ့က... သူ..သူသူသူက”

“အန်နီ...မင်း အရင် အိမ်ပြန်နှင့်တော့။ ခဏနေရင် မိုးကရွာတော့မယ်။ မင်း ဝတ်ထားတာတွေ ကြည့်ပါဦး ရေစိုခံတာလည်း မဟုတ်ဘူး။ အအေးမိသွားလိမ့်မယ်။”

ရင်ဘတ်က ဒီလောက်အထိ ဟိုက်နေတာမိုးရေတွေက သေချာပေါက် အထဲကို စီးဝင်မှာဖြစ်ပြီး အအေးဒဏ်ကြောင့် ရင်ထဲမှာ အောင့်သွားနိုင်သည်တကယ့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမျိုးပင်။

သူက အဲဒီလောက်အထိ နှလုံးသားမရှိတဲ့လူတော့မဟုတ်ပေ။

သူတို့နှစ်ဦးကြားမှာ သူငယ်ချင်းထက် ပိုတဲ့ ဆက်ဆံရေး မရှိနိုင်တဲ့အတွက် စည်းခြားထားရမည်။ သူက ဒီလောက်အထိ ခန့်ညားချောမောတဲ့ အမျိုးသားတစ်ယောက်ဖြစ်၍ တခြားသူတွေကို အလွယ်တကူ မျှော်လင့်ချက် မပေးသင့်ပါ။ ပြတ်ပြတ်သားသား ငြင်းဆိုခြင်းကလည်း ကြင်နာမှု တစ်မျိုးပင် ဖြစ်သည်။

အန်နီက တန်ဝမ်ကျဲကို နူးညံ့စွာ ကြည့်လိုက်ပြီး ပါးပြင်လေးများ အနည်းငယ် နီမြန်းသွားကာ ပြောသည်

“ဦးလေးက ကျွန်မကို အရမ်း ဂရုစိုက်တာပဲ”

“မင်း ဘာတွေ စိတ်ကူးယဉ်နေတာလဲ။ဘာလို့ ပါးတွေ နီနေရတာလဲ။ဟေး ဟေး.. ဟေးမျက်နှာကို အုပ်ပြီး ထွက်မပြေးနဲ့လေ။တောက်။”

အခန်းထဲတွင် သူတို့နှစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ပိုင်ရို့ရို့က မမေးဘဲ မနေနိုင်တော့ဘဲ။

“စောစောက မိုးကြိုးက...”

“လမ်းစဉ်ဆိုး လိုက်စားသူတစ်ယောက်ကို ပစ်သတ်လိုက်တာပါ။”

ဟုတန်ဝမ်ကျဲက မဖုံးကွယ်ဘဲ ပြောလိုက်သည်။

ပိုင်ရို့ရို့သည် ယနေ့ သူမ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ချက်ချင်း ပြန်လည် အမှတ်ရသွားသည်။

အမှန်ပင်။ဤလူ၏ မိစ္ဆာနှိမ်နင်း‌ခြင်းနည်းလမ်းမှာ... အလွန် ကြမ်းတမ်းလှသည်။ သတ်ပြီးလျှင် ဝိညာဉ်အတွက် တစ်ခုခု လုပ်ပေးရမည့်အစား သူက ကောင်းကင်မိုးကြိုးကို သုံးပြီး ဝိညာဉ်ကိုပါ လွင့်စင်ပျောက်ကွယ်သွားအောင် တိုက်ရိုက် လုပ်ဆောင်ခဲ့သည်။

တန်ဝမ်ကျဲ၏ နောက်ထပ်စကားကြောင့် သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“ခုံဖိန် ကို သိလား။”

ပိုင်ရို့ရို့က ထစ်ထစ်ငေါ့ငေါ့ဖြင့်။

“ရှင့်... သူ့ကို ဘာလို့ ရှာတာလဲ။ ဟားဟား..ဘယ်က ကျူးကောခုံဖိန်လဲ ကျွန်မ မသိပါဘူး။”

“အင်..ခုံဖိန်ရဲ့ မျိုးရိုးက ကျူးကောလို့ ကျုပ်မပြောရသေးဘူးလေ။”

အမှန်တကယ် တန်ဝမ်ကျဲသည် ဝိညာဉ်လောကရှိ လူများ၏ ကြွားလုံးထုတ်တတ်သည့် အလေ့အထကို ကျင့်သားရနေပြီ ဖြစ်သည်။

ဒုတိယဆရာဖိုးဖိုးပင်လျှင်သူက နတ်ဘုရားများကို ပလ္လင်ပေါ်သို့ ဖိတ်ခေါ်ပြီး အစီရင်ခံခိုင်းနိုင်သည်ဟု ပြောလေ့ရှိသော်လည်း မည်သူ့ကို ဖိတ်ခေါ်ခဲ့သလဲဟု မေးသည့်အခါတိုင်း ရေဆူနေပြီလားဟု ပြန်မေးခြင်း လက်ဖက်ခြောက်ခတ်ဖို့ မေ့သွားခြင်း သို့မဟုတ် ပြတင်းပေါက် ပိတ်ဖို့ မေ့သွားခြင်းတို့ဖြင့် လွှဲဖယ်တတ်သည်။

ထို့ကြောင့်ကျူးကောမိသားစုက ဝိညာဉ်လောကမှာ ထင်ရှားတဲ့ မျိုးနွယ်စုကြီးဆိုတာကိုလည်း သိပ်ပြီး အတည်မယူသင့်ပါ။

၎င်းမှာ လစာဘယ်လောက်ရလဲဟု မေးသည့်အခါ တစ်သန်းနီးပါးရသည်ဟု ပြောသော်လည်း အမှန်တကယ်တွင် ၂,၅၀၀ သာ ရသကဲ့သို့ ဖြစ်သည်။ အပြင်ရောက်လျှင် အနည်းငယ် ကြွားရသည်မှာ ပုံမှန်ပင်။

သို့သော် ဒုတိယဆရာဖိုးဖိုးပင် မနှိမ်နှင်းချင်သည့် ကြေးနီချပ်ဝတ်အ‌လောင်းကောင်ကို နှိမ်နင်းနိုင်သည်ဆိုလျှင် ကျူးကောခုံဖိန်တွင် တကယ့် အရည်အချင်း ရှိရပေမည်။

သို့မဟုတ်ပါကဒုတိယဆရာဖိုးဖိုးမှာ ရာထူးသာ မြင့်ပြီး အစွမ်းက အသင့်အတင့်သာ ရှိခြင်းလည်း ဖြစ်နိုင်သည်။

ပိုင်ရို့ရို့၏ မျက်နှာအမူအရာ ပြောင်းသွားပြီး သွားလေးများကို ခပ်ဖွဖွ ကိုက်ကာ ပြောသည်

“ကျွန်မက ကျူးကောခုံဖိန်ရဲ့ ဂျူနီယာညီမလေးပါ။ ရှင့်အနေနဲ့ ကျွန်မရဲ့ စီနီယာအစ်ကိုကြီးကို ဘာကိစ္စ ရှိလို့လဲ။”

“ကျုပ်က ကျူးကောခုံဖိန်ဆီကနေအလောင်းကောင်တစ်ကောင် ဝယ်ချင်လို့ပါ။ သူက အလောင်းကောင်တွေ စုဆောင်းရတာ ဝါသနာပါ တယ်လို့ ကြားလို့။”

အော်... ဒါကြောင့်ကိုး...

ပိုင်ရို့ရို့ သက်ပြင်းချနိုင်သွားသည်။ သူမ၏ စီနီယာအစ်ကိုကြီးသည် ထူးဆန်းသော အလောင်းကောင်မျိုးစုံကို စုဆောင်းရသည်မှာ တကယ်ပင် နာမည်ကြီးလှသည်။

“ဘာလို့ အလောင်းကောင်ကို ဝယ်ချင်တာလဲ။”

တန်ဝန်ကျဲက သူ၏ ညာလက်ဖြင့် လေထဲတွင် ခုတ်ပိုင်းသည့် ပုံစံကို လုပ်ပြလိုက်ရင်း...

“သတ်ပစ်ဖို့လေ။”

ဒါက တကယ့်ကို သူ့ရဲ့ ပုံစံပါပဲ။ သူမသည် ဤအကြောင်းအရာကို အကြာကြီး မပြောချင်တော့ပေ။

“ရှင် ကျွန်မကို အစောကြီးကတည်းက မှတ်မိနေတာလား။”

“ကျူးကောခုံဖိန်မှာ နတ်သမီးလေးလို လှပပြီးတော့ စိတ်ထားဖြူစင်တဲ့ ပိုင်ရို့ရို့လို့ ခေါ်တဲ့ ညီမလေးတစ်ယောက် ရှိတယ်လို့ ကျုပ်ကြားဖူးတာ ကြာပါပြီ။ မင်းကို မတွေ့ဖူးရင်တောင်မှ ဒီမျက်နှာလေးကိုတော့ ကျွန်တော် မှားမှာ မဟုတ်ပါဘူး။”

စကားကောင်းပြောရခြင်းမှာ ဘာမှ ကုန်ကျစရိတ် မရှိနိုင်ပါ။

ပိုင်ရို့ရို့၏ မျက်နှာထားမှာ ချက်ချင်းပင် နူးညံ့သွားသော်လည်း သူမက ရုတ်တရက် သတိပြန်ဝင်လာသည်။ တန်ဝမ်ကျဲသည် စကားပြောကောင်းပြီး ရုပ်လည်းချောသည်။ မိစ္ဆာနှိမ်နင်းရတာ ကြိုက်ပြီး ချမ်းသာသည်။သူမသည် များသောအားဖြင့် ရုပ်ရည်ကို ဂရုမစိုက်တတ်ကြောင်း လူတိုင်း သိထားကြပါသည်။

“ကျွန်မ စီနီယာအစ်ကိုကြီးနဲ့ ဆက်သွယ်ပေးနိုင်ပါတယ် ဒါပေမဲ့ သူက သူ့ရဲ့ အလောင်းကောင်တွေကို အရမ်း တန်ဖိုးထားတာနော်။”

ပိုင်ရို့ရို့သည် တန်ဝမ်ကျဲ၏ စေတနာစကားများကို တရားဝင် ငြင်းပယ်ရန် ပြင်နေစဉ်မှာပင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။

ဖတ်တီးပေါင် ဝင်လာပြီး

“သခင်လေးတန် ခိုင်းထားတာတွေ အကုန်ပြီးပါပြီ။ နောက်ရက်အနည်းငယ်မှာ ညဈေးကို နှစ်နာရီစောပြီး ပိတ်ပေးပါ့မယ်။”

“ကျုပ်မှာ ရွေးချယ်စရာများများစားစား မရှိဘူး။ မကြာသေးခင်က အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တော့ လူတွေ ညဘက် အပြင်ထွက်တာက အရမ်းအန္တရာယ်များတယ်။ ဒါတွေအားလုံးက ပြည်သူ့တွေအတွက်ဝန်ဆောင်မှုပဲ။

ဖတ်တီးပေါင်က ခေါင်းညိတ်ပြသော်လည်း တွေဝေသွားသည်။ သို့သော် ဤအရာက သခင်လေးတန် ငွေ ၁၀ ဒေါ်လာသုံးပြီး လှေပေါ်က ဆန်ပြုတ်ဆိုင်ကို ဝယ်လိုက်တာနဲ့ ဘာဆိုင်လို့လဲ။လူတွေကို လမ်းပေါ်မထွက်ရဘူးလို့ အမိန့်ထုတ်ပြီးတော့ သူကိုယ်တိုင်က ဆန်ပြုတ်သွားရောင်းမလို့လား။

သူက သရဲတွေစားဖို့ ဆန်ပြုတ်ရောင်းမှာတော့ မဟုတ်ပါ‌လောက်ဘူးနော်။

ညရောက်သောအခါ

ပိုင်ရို့ရို့သည် မည်သည့်အချိန်ကပင် ထမင်းစားပွဲတွင် မိမိ ထိုင်မိသွားသည်ကို မိမိကိုယ်ကိုယ်ပင် မသိလိုက်ပေ။

ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများမှာ ခေါင်းမူးစရာ ကောင်းလှသည်။ သူမသည် အမျိုးသားတစ်ယောက်၏ အိမ်တွင် မည်သို့ ညအိပ်ညနေ တည်းခိုမိပြီး ညစာကိုပင် အတူတူ စားမိသွားရသနည်း။

ဟင်းလျာများမှာ တစ်ခုပြီးတစ်ခု ရောက်လာသော်လည်း တန်ဝမ်ကျဲကိုမူ အခုထိမတွေ့ရသေးပေ။

“ရှင်တို့သခင်က ကျွန်မနဲ့အတူတူ ညစာလာမစားဘူးလား။”

ပိုင်ရို့ရို့ကဟင်းလာချပေးသည့် အစေခံမလေးကို မေးလိုက်သည်။

“သခင်ကြီးက သူရှိနေရင် မိတ်ဆွေအတွက် စိတ်မသက်မသာ ဖြစ်မှာစိုးလို့ တူတူမစားတော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ ဒီဟင်းတွေက သခင်ကြီးကိုယ်တိုင် သေချာမှာထားတာဖြစ်ပြီး မိတ်ဆွေ အတွက်ရှောင်ရမယ့် အစားအစာတွေ မပါပါဘူး။”

ပိုင်ရို့ရို့သည် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ရင်း ရုတ်တရက် ငေးမောသွားမိသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏ ရှေ့တွင် အချိုရည်ပန်းကန်လုံးလေး တစ်လုံးကို ချလိုက်သည်။

အချိုရည်မှာ ကြေးမုံပြင်ကဲ့သို့ ကြည်လင်နေပြီး သူမ၏ မျက်နှာကိုပင်ပြန်ထင်ဟပ်နေသည်။ ပန်းကန်လုံးထဲရှိ ဆီးသီးနီလေးများမက သူမ၏ ပါးနှစ်ဖက်တွင် ထင်ဟပ်နေကာ ပါးနီနေသယောင် ထင်ရသည်။ သူမသည် မသိစိတ်ဖြင့် ပါးကို လက်ဖြင့် အုပ်ကိုင်လိုက်မိပြီးမှ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။ သူမ ဘာကို ငြင်းဆိုနေသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

All Chapters