← Chapters

ဒီအမျိုးသမီးသရဲက သေတာတောင် သိပ်လှတာပဲ။

Vol. 9 Ch. 88

ဒီအမျိုးသမီးသရဲက သေတာတောင် သိပ်လှတာပဲ။

Vol. 9 Ch. 88

“ဖြောင်း..”

တန်ဝမ်ကျဲ မိမိပါးကို မိမိ ရိုက်လိုက်သည်။ ခေါင်းပေါ်တွင် လပြည့်ဝန်းကြီး သာနေပြီးလရောင်အောက်တွင် သူ၏ လက်ဖဝါးကို ကြည့်လိုက်ရာ တောက်ပသော သွေးစွန်းကွက်တစ်ခုသာ ရှိနေသည်။

ဒုတိယဆရာဖိုးဖိုး ပြောဖူးသည်မှာ သူ၏ယန်ချီမှာ အလွန်အားကောင်းလွန်းသဖြင့် မိစ္ဆာနှင့် သရဲများကို ဆွဲဆောင်နိုင်ပြီး သူတို့က လှပသော မိန်းကလေးများအသွင်ဖြင့် သူ့ကို ဖြားယောင်းလိမ့်မည်ဟူသတည်း။

သို့သော် ယခုမူ သရဲများအစား ခြင်များသာ ရောက်လာပြီး သူ၏နားအနားတွင် တဝီဝီဖြင့် လာနှောင့်ယှက်နေကြတော့သည်။

သူသည် ပိုင်ရို့ရို့ ကို သေချာဂရုစိုက်ရန် အစေခံများကို မှာကြားထားပြီးဖြစ်သည်။ သူသည် အသေးစိတ်ကျသူ ဖြစ်သော်လည်း ကိုယ်တိုင်ပင်ပန်းခံရန် မလိုပေ။ ငွေအလုံအလောက် ပေးထားသရွေ့ သူ့အတွက် အသေးစိတ် လုပ်ဆောင်ပေးမည့်သူ ရှိနေမည်သာ။ ထို့အပြင် သူမတွင် ထူးခြားသော မန္တန်အစွမ်းများ ရှိပုံရသဖြင့် အခွင့်အရေးတစ်ခုကို လက်လွတ်ခံမည့်အစား စုံစမ်းစစ်ဆေးရန်သာ သူပိုသဘောကျသည်။

တန်ဝမ်ကျဲသည် မိမိ၏ ချောမောသော ရုပ်ရည်ဖြင့် သူမကို သိမ်းသွင်းနိုင်မည်ဟု မထင်ပါ။ ကျူးကောခုံဖိန် လိုလူကိုမှ စိတ်ဝင်စားသည်ဆိုကတည်းက သူမသည် ရုပ်ရည်ကို ဂရုမစိုက်ကြောင်း သက်သေပြနေပြီဖြစ်သည်။ သူမတွင် ပြင်းထန်သော အဝေးမှုန်ရောဂါ ရေတိမ် အတွင်းတိမ်များ ရှိနေနိုင်ပါသည်။ ချောမောသော ရုပ်ရည်၏ အကူအညီမပါဘဲ မိန်းကလေးတစ်ယောက်ကို မည်သို့ ဆွဲဆောင်ရမည်ကို တန်ဝမ်ကျဲတကယ်ပင် မသိပါ။

အမြဲတမ်း မိန်းကလေးများဘက်ကသာ သူ့ကို လာရောက်ဆွဲဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ထင်ထင် ၊ ကျူးကျူး၊ နျန်ရင်း၊ အန်နီ၊ ရှောင်ယွီ.. နေပါဦး၊ တစ်ယောက်ကတော့ စာရင်းထဲ မှားပါလာသလိုပဲ။

အခုအချိန်တွင် တန်ဝမ်ကျဲသည် ဆန်ပြုတ်ဆိုင်လေးတစ်ခု၏ နောက်တွင် ထိုင်နေသည်။

သူသည် အမျှော်လင့်ဆုံးဖြစ်သည့် သရဲမ‌လေးကို စောင့်ဆိုင်းခြင်းသာဖြစ်သည်။

ရုတ်တရက် အဝေးတွင် သရဲရိပ်တစ်ခု လှပစွာ ဖြတ်ခနဲ ဖြတ်သွားသည်ကို သူ မြင်လိုက်ရသည်။

ဒုတိယဆရာဖိုးဖိုး ပြောခဲ့သည်မှာ သူ၏ ခန္ဓာကိုယ်သည် သန်မာပြီး ယန်ချီမှာအားအလွန်ကောင်းသောကြောင့် အလုပ်အကိုင်နှင့် စည်းစိမ်မှာ အကန့်အသတ်မရှိဟု ဆိုသည်။

သာမန်လေလွင့်ဝိညာဉ်များက သူ့အနားသို့ မကပ်ရဲကြဘဲ အစွမ်းထက်သော သရဲများနှင့် မိစ္ဆာများကသာ သူ့ကို အားဖြည့်ဆေးအဖြစ် မြင်ကြလိမ့်မည်။

အမျိုးသမီးသရဲ ရှောင်ဟုန် ရောက်လာပြီဖြစ်သည်။ သူမကို သူ မကြောက်ပေ။ သူမသည် ကျင့်ကြံမှု အနည်းငယ်သာရှိသော သရဲမတစ်ယောက်သာ ဖြစ်သည်။

သူ ထိုသို့ တွေးနေစဉ်မှာပင် သူမသည် သူ၏ရှေ့သို့ ပေါ့ပါးစွာ လွင့်မျောရောက်ရှိလာသည်။

အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ကာ ခြင်းတောင်းတစ်လုံးကို ကိုင်ထားပြီး သူမထံမှ အေးစက်သော သရဲအငွေ့အသက်များ ထွက်ပေါ်နေသည်။

တန်ဝမ်ကျဲ၏ ရှေ့တွင် ရပ်လိုက်သောအခါ အေးစက်သော လေအေးလေး တစ်ချက် ဝေ့ကာအေးခနဲ ဖြစ်သွားသည်။

ဟူး... ဒီအမျိုးသမီးသရဲက သေတာတောင် သိပ်လှတာပဲ...

ရှောင်ဟုန်သည်သူမ၏ မိခင်နှင့်အတူ ခရီးသွားနေစဉ် လမ်းခုလတ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူကို စိတ်မချနိုင်သောကြောင့် သူမသည် သရဲဘဝဖြင့် မိခင်၏အနားတွင် စောင့်ရှောက်နေခဲ့ခြင်းဖြစ်သည်။

သူမသည် ဒီနေ့တွင် ဤမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူမသည် သရဲမန္တန်ကို သုံး၍ အစားအသောက်အချို့ကို လှည့်စားယူချင်သော်လည်း မိုင်ပေါင်းများစွာ ပတ်ဝန်းကျင်ရှိ မြို့များတွင် ဆိုင်တစ်ဆိုင်မှ ဖွင့်မထားသည်ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရသည်။

ဟိုးဘက်က ဆိုင်ကတော့ ဖွင့်ထားသော်လည်း တံခါးဝတွင် တံခါးစောင့်နတ်မင်းများ ရှိနေကာ အတွင်း၌ လာဘ်နတ်မင်းနှင့် မီးဖိုဆောင်တွင် မီးဖိုစောင့်နတ်မင်းတို့ကို ပူဇော်ထားသည်။ သူမ မပြစ်မှားရဲသည့် နတ်မင်းများချည်း ဖြစ်သည်။

အတော်ကြာအောင် လှည့်လည်သွားလာပြီးနောက် နောက်ဆုံးတွင် ဤဆန်ပြုတ်ဆိုင်နှင့် ထူးဆန်းသော ဦးထုပ်ကို ဆောင်းကာ လက်ဖဝါးကို စိုက်ကြည့်နေသည့် အမျိုးသားတစ်ဦးကို သူမ အမှတ်မထင်ဘဲ တွေ့ရှိခဲ့သည်။

“အဲဒီလူရဲ့ ယန်ချီ က အရမ်း အားကောင်းတာပဲ။”

ရှောင်ဟုန်သည် အနည်းငယ် ကြောက်ရွံ့သွားသော်လည်း ဘာမှမစားရသေးသည့် သူမ၏ မိခင်ကို သတိရကာ အံကြိတ်၍ အနားသို့ ချဉ်းကပ်သွားသည်။

အဝေးကကြည့်လျှင် သူ၏ ယန်ချီမှာ ပူလောင်နေသလို ခံစားနေရပြီး အနီးကပ်တွင်မူ မီးဖိုကြီးတစ်ခု၏ ဘေးတွင် ရောက်နေသကဲ့သို့ ဖြစ်နေသည်။

ပူနွေးသောလေစီးကြောင်းက သူမကို ရိုက်ခတ်လိုက်သဖြင့် နောက်သို့ ဆုတ်ချင်သွားသော်လည်း သူမ၏ စိတ်ထဲတွင် ဗီဇအရ အတွေးတစ်ခု ပေါ်လာသည် အကယ်၍ ထိုယန်ချီကို တစ်ငုံလောက်သာ သောက်ခွင့်ရပါက သူမအတွက် အလွန်ပင် အကျိုးရှိပေလိမ့်မည်။

ထိုအတွေးမှာ တစ်ခဏမျှသာဖြစ်ပြီး သူမ ချက်ချင်း ပြန်ဖျောက်လိုက်သည်။ သူတစ်ပါးကို ဒုက္ခပေးလိုသော စိတ် မရှိသင့်ပေ။

“ဦးလေး... ကျွန်မ ဆန်ပြုတ်တစ်ပန်းကန်လောက် လိုချင်လို့ပါ။

တစ်ဖက်လူက သူ့ကို ဘာမှ ပြန်မပြောဘဲ လက်ဖဝါးကိုသာ စိုက်ကြည့်နေမြဲ။

ခြင်ကိုက်ထားတဲ့ သွေးကွက်လေးကို ဒီလောက်တောင် ကြည့်နေရသလား။

သူမ နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ရသည်။

“ဦးလေး...ကျွန်မ ဆန်ပြုတ်တစ်ပန်းကန် ဝယ်ချင်လို့ပါ။

“မင်း အခု ဘာပြောလိုက်တာလဲ။”

ထိုအမျိုးသားသည် နောက်ဆုံးတွင် မော့ကြည့်လာသည်။

“ကျွန်မ ဆန်ပြုတ်တစ်ပန်းကန် ဝယ်ချင်လို့လို့ ပြောတာပါ။

“မဟုတ်ဘူး၊ မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ။”

“ဦး... လေး..”

ရှောင်ဟုန် ဇဝေဇဝါ ဖြစ်သွားသည်။ သူမ ခေါင်းလေးစောင်းကာ မေးလိုက်‌လေသည်။

“အဲဒါက... မမှန်လို့လား။”

“မမှန်တာပေါ့။ ငါက အသက် ၂၀ ပဲ ရှိသေးတာ။”

သရဲဖြစ်သွားရင် အလှအပဆိုင်ရာ အမြင်တွေပါ ဝေဝါးသွားတာလား။

ရှောင်ဟုန်သည် သူမ၏ ခေါ်ဝေါ်ပုံက ဆိုင်ရှင်ကို မကျေမနပ် ဖြစ်စေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။

သူမသည် အမြန်ပင် ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီး

“အစ်ကိုကြီး...ကျွန်မ ဆန်ပြုတ်တစ်ပန်းကန် ဝယ်ချင်လို့ပါ”

“ငါ့ကို လူချောလေး ...လို့ ခေါ်စမ်း။”

သရဲဖြစ်ရင်သူတစ်ပါးကို ကံဆိုးစေတယ်လို့ကြားဖူးပေမဲ့ သရဲဖြစ်ပြီးနောက် ဒီလောက် ထူးဆန်းတဲ့ လူစားမျိုးနဲ့ တွေ့ရလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။

အခုအချိန်တွင် ဝယ်သူထက် ရောင်းသူက ပိုအရေးပါနေသည်။ မိုင်ပေါင်းများစွာအတွင်း ညမထွက်ရအမိန့် ထုတ်ထားသဖြင့် ဤနေရာမှာသာ ဆန်ပြုတ်ဝယ်၍ ရနိုင်သည်။ သူမတွင် ရွေးချယ်စရာတခြား မရှိပေ။

ရက်စက်သောသရဲသာဆိုလျှင် လူကို ခြောက်လှန့်ရန်အတွက် ကြောက်စရာကောင်းသော မျက်နှာကို သေချာပေါက် ပြပေလိမ့်မည်။ သို့သော် ရှောင်ဟုန်က ထိုသို့ မလုပ်လိုပါ။

သူမ ခတ္တမျှ တွေဝေသွားပြီး သေဆုံးနေပြီဖြစ်သော သူမ၏ မျက်နှာထက်တွင် ရှားရှားပါးပါး ရှက်သွေးဖြာမှုလေး ပေါ်လာကာ။

“လူ... ချော... လေး...”

တန်ဝမ်ကျဲသည် နောက်သို့ အနည်းငယ် မှီလိုက်ပြီး နေသာထိုင်သာရှိသော အသက်ရှူသံ တစ်ချက်ဖြင့်။

“အာ...”

ရှောင်ဟုန်က ထပ်စမ်းကြည့်လိုက်သည်။

“လူချောလေး...”

“အာ...”

ရှောင်ဟုန်သည် တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ မျက်လုံးလေးများ လင်းလက်သွားသည်။

“လူချောလေး လူချောလေး လူချောလေး...”

တန်ဝမ်ကျဲက မျက်နှာသေဖြင့် ပြောလိုက်သည်။

“ဟေး... ငါ မင်းကို စနေတာ။ ငါက ငယ်ငယ်ကတည်းက ချောလာတာ။တစ်စုံတစ်ယောက်က လူချောလေးလို့ ခေါ်လိုက်ရုံနဲ့ ငါတကယ် ပျော်သွားလိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား။”

အတွင်းစိတ်ထဲတွင်မူ သူတော်တော်‌ကျေနပ်နေသည်။ ထိုရှက်တတ်သော သရဲမလေးက ထိုသို့ နူးညံ့သိမ်မွေ့သော အသံလေးဖြင့် လူချောလေး ဟု ခေါ်လိုက်သည်မှာ ကြောင်လေးတစ်ကောင်က သူ့နှလုံးသားကို လာကုတ်နေသကဲ့သို့ပင်။ တခြားသူသာဆိုလျှင် သေချာပေါက် ဘဝင်မြင့်သွားပေလိမ့်မည်။

“လူချောလေး ရှင်က ဘာလို့ လွင့်ထွက်တော့မယ့် ပုံစံမျိုး ဖြစ်နေရတာလဲ။”

တန်ဝမ်ကျဲသည် ခေါင်းပေါ်မှ သတင်းစာဖြင့် လုပ်ထားသော ဦးထုပ်ကို ချွတ်လိုက်ပြီး ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။

“သရဲဖမ်းသမား တစ်ယောက်အနေနဲ့ ကျုပ်ပျံသန်းတတ်တာက လုံးဝကို ယုတ္တိရှိပါတယ်။”

“ရှင် ဘာပြောလိုက်တယ်”

သူမသည် သရဲဖမ်းသမားဆိုသည့် စကားလုံးကို ကြားလိုက်ရသဖြင့် လန့်ဖျပ်ကာ နောက်သို့ အမြန် လွင့်မျောဆုတ်ခွာသွားသည်။

“အေးလေ၊ သရဲဖမ်းသမားပေါ့။”

တန်ဝမ်ကျဲ အနည်းငယ် အားမလိုအားမရ ဖြစ်မိသွားသည်။ ဤကဲ့သို့ လိမ်မာသောသရဲမလေးကို စနောက်ရသည်မှာ သိပ်မပျော်စရာ မကောင်းပေ။ ရှောင်ယုကဲ့သို့ ကောင်မလေးမျိုးက ပို၍ စိတ်ဝင်စားစရာ ကောင်းသည်။

ပြီးတော့ သူမက အနည်းငယ် ထက်မြက်နေသည်မှာ အမြဲတမ်း ကောင်းလှသည်တော့ မဟုတ်ပေ။

သူ အရေးယူရန် ပြင်လိုက်စဉ်မှာပင်ရှောင်ဟုန်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသနားခံနေသည်ကို တွေ့လိုက်ရသည်။

“ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါကျွန်မရဲ့ အဖေက မူလက ခရိုင်အရာရှိရဲ့ အကြံပေးတစ်ယောက်ပါ။ နောက်ပိုင်း ကျွန်မတို့ မိသားစု ဘေးဒုက္ခနဲ့ ကြုံခဲ့ရပြီး ကျွန်မ အမေနဲ့အတူ နေထိုင်ခဲ့ရပါတယ်။ ဆွေမျိုးတွေဆီ အကူအညီတောင်းဖို့ ဒီကို လာခဲ့ကြတာပေမဲ့ ကျွန်မ ခန္ဓာကိုယ်က အားနည်းလို့ လမ်းမှာ သေဆုံးခဲ့ရပါတယ်။ အခု ကျွန်မရဲ့ မျက်မမြင် အမေအိုကြီးဟာ ဒီလောကမှာ တစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ ကျွန်မ သူ့ကို ပစ်မထားရက်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို သမီးဝတ္တရား ကျေပွန်ခွင့် ပေးပါ။ နောင်ဘဝမှာ ရှင့်အတွက် ကျွဲအဖြစ် နွားအဖြစ် အစေခံပြီး ကျေးဇူးဆပ်ပါ့မယ်။”

တန်ဝမ်ကျဲ ခေါင်းခါလိုက်သည်။

“လူနဲ့ သရဲရဲ့ လမ်းစဉ်က မတူဘူး။ မင်းက နာနာဘာဝ သတ္တဝါ တစ်ကောင်။ မင်းအမေနဲ့ အကြာကြီး အတူနေရင် သူမကို ဖျားနာပြီး အားနည်းစေလိမ့်မယ်။ အကယ်၍ မင်း သူမအတွက် တကယ် ကောင်းစေချင်ရင် သူမနဲ့ ဝေးဝေးမှာ နေသင့်တယ်။”

“ဒါပေမဲ့ ကျွန်မမရှိရင် သူမ ဘယ်လိုလုပ်...”

ရှောင်ဟုန် ဆွံ့အသွားသည်။

“အော်... ဒါ ကျွန်မကြောင့်ကိုး။ အမေ ခဏခဏ ဖျားနေတာ အံ့သြစရာ မရှိတော့ပါဘူး။”

တန်ဝမ်ကျဲသည် အစကတည်းက သူမကို သတ်ရန် အကြံမရှိခဲ့ပါ။ ဤလောကတွင် သရဲများစွာ ရှိသည်။ အချို့မှာ မသိစိတ်ဖြင့် လေလွင့်နေကြသူများ အချို့မှာ စွဲလမ်းမှုကြောင့် မထွက်ခွာနိုင်သူများ အချို့မှာ ရန်ငြိုးရန်စများကြောင့် ဖြစ်တည်နေသူများ ဖြစ်သည်။ လူကို ဒုက္ခပေးတဲ့သရဲမှအပ သူသည် တွေ့သမျှ သရဲတိုင်းကို သတ်မည်မဟုတ်ပေ။

“မင်းက ရိုးသားတဲ့ သရဲတစ်ကောင်ပဲ။ ထားလိုက်ပါတော့ ဒါကို ဒီနေ့အတွက် ငါ့ရဲ့ ကုသိုလ်ကောင်းမှုတစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ့မယ်။”

တန်ဝမ်ကျဲ ဆန်ပြုတ်အိုးအဖုံးကို ဖွင့်လိုက်၍။

“ငါ မင်းကို ဆန်ပြုတ်တစ်ပန်းကန် ပေးမယ်။”

တန်ဝမ်ကျဲက ဆန်ပြုတ်အဖြူတစ်ပန်းကန် ခပ်ပေးသည်ကို ရှောင်ဟုန် ကြည့်နေမိသည်။ ခတ္တမျှ တွေဝေပြီးနောက် သူမက မေးလိုက်သည်

“ဟင်းလေးတွေ နည်းနည်း ထည့်ပေးလို့ ရမလား...”

တန်ဝမ်ကျဲက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

“ငရုတ်သီးနဲ့ နံနံပင် ထည့်ဦးမလား။”

“ငရုတ်သီးတော့ မထည့်ပါနဲ့။ ကမာခြောက်မြေပဲနဲ့ ကြက်သွန်မြိတ် များများလေးပဲပို ထည့်ပေးပါ။ ကျေးဇူးတင်ပါတယ် ဦး... လူချောလေး။”

သူသည် ဆန်ပြုတ်ကို ရှောင်ဟုန်၏ လက်တွင် ဆွဲထားသော ခြင်းတောင်းထဲသို့ ထည့်ပေးလိုက်သည်။

တန်ဝမ်ကျဲက ရုတ်တရက် ပြောလိုက်သည်။

“မင်းက ပညာတတ်မိသားစုက ဆိုတော့ စာဖတ်တတ်တယ် မဟုတ်လား။

“စာလုံးအချို့ကိုတော့ သိပါတယ်။”

“စာရင်းအင်းကော။”

“အဲဒါကိုလည်းနည်းနည်းတော့နားလည်ပါတယ်။”

တန်ဝမ်ကျဲက စားပွဲကို ဒုန်းခနဲ ရိုက်လိုက်ရာရှောင်ဟုန်မှာ လန့်သွားပြီး ခေါင်းလေးငုံ့ကာ သူ့ကို ကြောက်လန့်တကြား ကြည့်နေသည်။

ထို့နောက် တန်ဝမ်ကျဲပြောလိုက်သည်ကို ကြားလိုက်ရသည်။

“မင်း ကျွဲအဖြစ် နွားအဖြစ် အစေခံချင်တယ်ဆိုရင် နောင်ဘဝအထိ စောင့်နေဖို့ မလိုပါဘူး။ ငါ အခု လူအင်အား လိုအပ်နေတယ်။ စာရင်းအင်း လုပ်နိုင်တဲ့ အကြံပေး တစ်ယောက် ငါ အလိုရှိနေတာနဲ့ အတော်ပဲ။ အစမ်းခန့် ကာလ သုံးနှစ်။ အစမ်းခန့် ကာလအတွင်းမှာ လစာမပေးဘူး။ဒါပေမဲ့ မင်းရဲ့ အမေအိုကြီးအတွက်တော့ စားစရိတ် နေစရိတ် ထောက်ပံ့ပေးမယ်။ ပွဲတော်ရက်တွေမှာလည်း မင်းအတွက် အမွှေးတိုင်နဲ့ စက္ကူငွေတွေကို ငါ မီးရှို့ပေးမယ်။”

သူမသည် အိပ်စက်ရန် မလို မောပန်းခြင်း မရှိ အနားတွင်လည်း ဓားစာခံအဖြစ် အမေအိုကြီး ရှိနေသည်။ သူမသည် စိတ်ဓာတ် တည်ငြိမ်သည် စိတ်ကောက်ခြင်း မရှိ နူးညံ့ပြီး ပြဿနာမရှာတတ် ကာမစိတ် မရှိသလို ဆန္ဒများ၏ ထိန်းချုပ်မှုကိုလည်း မခံရပေ။

သူမသည်သေတာတောင် လှလှပပ သေခဲ့သည် အိမ်ထောင်ပြုရန် မလိုသလို မီးဖွားခွင့်လည်း ပေးစရာ မလိုပါ။ သူမသည် ကျွဲ နွားကဲ့သို့ ခိုင်းရန် အကောင်းဆုံး အတွင်းရေးမှူး တစ်ယောက်ပင် ဖြစ်သည်။

ရှောင်ဟုန် ဒူးထောက်လိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်... လူချောလေး။”

“ဒါပေမဲ့ ငါ မင်းကို စမ်းသပ်ရဦးမယ်။ စောစောစီးစီးတော့ ဝမ်းမသာနဲ့ဦး။”

ရှောင်ဟုန်သည် လှပစွာ လွင့်မျောထွက်ခွာသွားသော်လည်း မကြာမီ ပြန်လည် လွင့်မျောလာသည်။

“ကျွန်မ အမေကို ဘယ်လို ပြောရမလဲ မသိဘူး။ လူချောလေး ကျွန်မနဲ့အတူ လိုက်ခဲ့ပေးပါဦး။ ကျွန်မ သေဆုံးသွားပြီဆိုတဲ့ အချက်ကိုတော့ လျှို့ဝှက်ပေးထားပါ အမေ စိတ်မခိုင်မှာ ကြောက်လို့ပါ။”

“လမ်းပြပါ။

သူမက မြန်မြန် လွင့်မျောသွားသော်လည်း တန်ဝမ်ကျဲက ထိုမျှ မြန်မြန် လမ်းမလျှောက်နိုင်ပါ။ ရှောင်ဟုန်နှင့် သူမ၏ မိခင် တည်းခိုနေသည့် နေရာသို့ ရောက်ရန် ဆယ်မိနစ်ခန့် ကြာသွားသည်။ လမ်းတွင် လူနှင့်သရဲတို့ အတော်များများ စကားပြောဖြစ်ခဲ့ကြသည်။ ရိုးရှင်းသော စမ်းသပ်မှုတစ်ခု လုပ်ပြီးနောက် တန်ဝန်ကျဲ လက်လျှော့လိုက်ရသည် သူမ၏ စိတ်တွက်သင်္ချာမှာ သူ့ထက် အများကြီး ပိုအားကောင်းနေသည်။ ထပ်ပြီး စမ်းသပ်နေလျှင် သူသာ အရှက်ကွဲပေလိမ့်မည်။

“ရှောင်ဟုန် အဲဒါ ရှောင်ဟုန်လား။”

တံခါးပွင့်လာပြီးမျက်မမြင် အဘွားအိုတစ်ဦး ထွက်လာသည်။

“ဘာလို့ ခြေသံတွေအများကြီး ကြားနေရတာလဲ။ ဝမ်းကွဲမောင်လေး ကျန်းဝန်လား။ အားဝန်အဲဒါ မင်းလား။”

“မဟုတ်ဘူး အမေ။ ဒါက သခင်လေးတန်ပါ။ သူက ဝမ်းကွဲမောင်လေးရဲ့ သူငယ်ချင်းပါ။ ကျွန်မတို့ တည်းခိုစရာ မရှိတာကို ကြားလို့ ကူညီချင်လို့တဲ့။ သူက ကျွန်မအတွက် အလုပ်တောင် စီစဉ်ပေးဦးမှာ။”

“ကျေးဇူးတင်ပါတယ် သခင်လေးတန်။”

“ရှောင်ဟုန်၏ မိခင်က သူ့ကို အထပ်ထပ် ကျေးဇူးတင်နေတော့သည်။

တန်ဝမ်ကျဲသည် မနက်ဖြန်တွင် တစ်စုံတစ်ယောက်ကို လွှတ်လိုက်၍ ပြောင်းရွှေ့ရန် ကူညီပေးမည် ပြောကာ နှုတ်ဆက်ထွက်ခွာခဲ့သည်။

သူသည်မည်သည့် မရိုးသားသော ရည်ရွယ်ချက်မှ မရှိဘဲ တစ်ကိုယ်တည်းဖြစ်နေသော မိခင်နှင့် သရဲမလေးကို အမှန်တကယ် ကူညီခဲ့ခြင်း ဖြစ်သည်။ သူ၏ ပုံမှန်စတိုင်နှင့်တော့ သိပ်မတူလှပေ။

တည်းခိုရာတွင် မိခင်နှင့် သရဲသမီးလေးသာ ကျန်ရစ်ခဲ့သည်။

“အဲဒီ သခင်လေးတန်က မင်းကို သဘောကျနေတာလား။”

“အမေ...ဘာတွေ ပြောနေတာလဲသခင်လေးတန်က လူကောင်းတစ်ယောက်ပါ။”

“မင်းက ချောပါတယ် ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ဘယ်တော့မှ အဆုံးရှုံးမခံရဘူးနော်။”

“အမေကလည်း...ဒါက အလုပ်အတွက် သက်သက်ပါပဲ။”

သူမကိုယ်တိုင်လည်း ဤသို့ ဖြစ်နိုင်မလားဟု သံသယ အနည်းငယ် ရှိခဲ့သည်။ သူမ အသက်ရှင်စဉ်က သခင်လေးမျိုးစုံ၏ လိုက်လံပိုးပန်းခြင်းကို အကြိမ်ကြိမ် ကြုံဖူးခဲ့သည်။

သို့သော်မကြာမီ တန်ဝန်ကျဲ၏ နောက်သို့ လိုက်ပါကာ ညသန်းခေါင်ကျော်အထိ အလုပ်များပြီးနောက် ရှောင်ဟုန်သည် ထိုအတွေးကို ဖျောက်ဖျက်လိုက်ရတော့သည်။

တန်ဝန်ကျဲပြောခဲ့သည့် ဒီဘဝမှာ ကျွဲလို နွားလို အစေခံပြီး ကျေးဇူးဆပ်ရမယ်ဆိုသည့် စကား၏ အဓိပ္ပာယ်ကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။

All Chapters