စလွယ်ထမ်းထားသော သရဲလေးများ။
Vol. 9 Ch. 90
“ဒါတွေအားလုံးက ဘာလုပ်ဖို့အတွက်လဲ။”
မနက်ခင်းသို့ ပြန်ရောက်ပြန်ပြီ။ ခြံဝင်းအတွင်း အလုပ်ရှုပ်နေကြသော အစေခံများကို ကြည့်ရင်း ပိုင်ရို့ရိုက မေးလိုက်မိသည်။
သူမသည် တန်နေအိမ်တွင် ကြာကြာနေရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ အထူးသဖြင့် တန်ဝမ်ကျဲ သည် သူမအပေါ် ထူးခြားသော ခံစားချက်များ ရှိနေနိုင်သည်ကို ရိပ်မိပြီးနောက် ပို၍ပင်မနေချင်ခြင်း ဖြစ်သည်။ သို့သော်လည်း မနေ့က ကျူးကော့မိသားစု ထံသို့ အတူတူသွားရန် သဘောတူခဲ့ကြသဖြင့် သူမသည် တစ်ညတာ ထပ်တည်းခိုရန် ကတိပေးခဲ့ခြင်းဖြစ်သည်။
ထက်မြက်သော အစေခံမလေးတစ်ဦးက အနားသို့ အမြန်ပြေးလာပြီ။
“ကတော်ကြီးကို ပြန်လျှောက်ရရင်တော့...သခင်ကြီးက ဓာတ်ပုံရိုက်ချင်လို့ပါတဲ့။ အဲဒါက လူတစ်ယောက်ရဲ့ ပုံရိပ်ကို အစစ်အတိုင်း ပေါ်လာအောင် လုပ်နိုင်တဲ့ အနောက်တိုင်းက ပစ္စည်းအသစ်တစ်ခုလို့ ကြားဖူးပါတယ်ရှင့်။”
သခင်လေးတန်သည် ရှောင်ဟုန်၏ ပထမအဆင့် စာရင်းစစ်ဆေးခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းစဉ် ပြီးဆုံးသည်နှင့် ဆိုင်များကို စံချိန်စံညွှန်းသတ်မှတ်ရန် ပြင်ဆင်နေသည်။
ထို့ကြောင့်အချက်အလက်ဆိုင်ရာ မှတ်တမ်းများအတွက် အလုပ်ခန့်ထားမှု လက်မှတ်များထုတ်ပေးခြင်းတို့ကို လုပ်ငန်းစဉ်တွင် ထည့်သွင်းနေရခြင်း ဖြစ်သည်။
ထိုမျှသာမက အနောက်တိုင်းပစ္စည်းဆိုင်များတွင် ခေတ်မီသော စီမံခန့်ခွဲမှုစနစ်ကို မိတ်ဆက်ပေးရန်လည်း လိုအပ်သည်။ သို့မှသာ ဝယ်ယူသူများအနေဖြင့် ဤနေရာတွင် ငွေသုံးရသည်မှာ ဈေးကြီးသော်လည်း သုံးရကျိုးနပ်သည်ဟူသော ခံစားချက်ကို ရရှိမည်ဖြစ်သည်။
ပစ္စည်းဈေးကြီးလေလေ ပို၍ စစ်မှန်လေဟု ယူဆကြသည့် ခေတ်ဖြစ်သည်။ ဤခေတ်ကာလတွင် အနောက်တိုင်းပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်သူမှာ သူဌေးများသာ ဖြစ်သည်။
ထို့ကြောင့် နေအိမ်ရှိ အစေခံမလေးများစွာမှာလည်း ဓာတ်ပုံရိုက်ချင်သဖြင့် လှလှပပ ပြင်ဆင်ထားကြသည်။
“ဘာကတော်ကြီးလဲ။”
ပိုင်ရို့ရို့၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရှင်းပြချင်သော်လည်း အစေခံမလေးများက ပါးစပ်လေးများကို လက်ဖြင့်အုပ်ကာ ရယ်မောရင်း ထွက်သွားကြသည်။
သူမသည် ဤအိမ်တွင် နှစ်ရက်တိုင်တိုင် တည်းခိုခဲ့ပြီး မနေ့ညကလည်း သခင်ကြီးနှင့်အတူ ညစာစားခဲ့သည်။ အထီးကျန် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကြားတွင် ဘာမှမရှိဟု ဆိုလျှင် မည်သူက ယုံမည်နည်း။
သို့သော်လည်း သူမသည် မယားငယ်သာ ဖြစ်နိုင်ပြီး ကတော်ကြီး မဖြစ်နိုင်ဟု သူတို့က ထင်နေကြသည်။ မည်သည့် တရားဝင်ဇနီးကမှ လက်ထပ်မင်္ဂလာ မပြုမီ အိမ်ထဲသို့ ဝင်နေမည်နည်း။
တန်ဝန်ကျဲသည် အကြောဆန့်ကာ အဝတ်အစားလဲပြီး လမ်းလျှောက်လာသည်။
“ဒီနေ့ ကျွန်မ စီနီယာအစ်ကိုကြီးအိမ်ကို သွားမယ်လို့ ပြောထားတယ် မဟုတ်လား။”
ပိုင်ရို့ရို့ကမေးလိုက်သော်လည်း ကတော်ကြီးဟူသော စကားရပ်ကိုမူ ပြန်မပြောတော့ဘဲ မျိုသိပ်ထားလိုက်သည်။ သူမသည် ဒီနေ့ ထွက်ခွာတော့မည်ဖြစ်ပြီး ပြန်လာရန်လည်း မသေချာသဖြင့် နားလည်မှုလွဲခြင်း ရှိနေလျှင်လည်း ရှိပါစေတော့ဟု သဘောထားလိုက်သည်။
“ဟုတ်ပါတယ်။”
တန်ဝမ်ကျဲက ငြိမ်သက်စွာ ရပ်နေပြီး အစေခံမလေးက သူ၏ လက်မောင်းစွပ်နှင့် ကော်လာများကို ပြင်ပေးသည်ကို စောင့်ဆိုင်းနေသည်။ ခေတ်ဟောင်းစနစ်၏ မကောင်းမှုများကို စိတ်ထဲမှ ကဲ့ရဲ့နေသော်လည်း ပါးစပ်မှမူ
“ကျုပ်ဆရာက ကျုပ်ရဲ့ ဓာတ်ပုံတစ်ပုံကိုလိုချင်နေလို့ပါ။”
သူ၏ဆရာအတွက်ဟု ကြားလိုက်ရသဖြင့် ပိုင်ရို့ရို့က ဘာမှ ထပ်မပြောတော့ပါ။ သူတို့ ခရီးစဉ်ကို မနှောင့်နှေးသရွေ့ပေါ့။
တန်ဝမ်ကျဲသည် ဓာတ်ပုံအချို့ ရိုက်ပြီးနောက် အိမ်ရှိ အစေခံမလေးများနှင့် အမျိုးသမီးကြီးများကိုပါ တစ်ပုံစီ ရိုက်ခွင့်ပေးလိုက်သည်။
ဓာတ်ပုံများ ထွက်လာပါက အလုပ်ချိန်ဇယားများတွင် ကပ်ထားရန် နှင့် အလုပ်ခန့်ထားမှု လက်မှတ်များ ပြုလုပ်ရန် စဉ်းစားထားသည်။ဝန်ထမ်းများအတွက် ခံစားခွင့်တစ်ခုဟုလည်း ဆိုနိုင်ပေသည်။ ယခုခေတ်တွင် ဓာတ်ပုံရိုက်ရန်မှာ မလွယ်လှပ။ သခင်လေးတန်ကဲ့သို့ မျက်တောင်မခတ်ဘဲ အလွယ်တကူ ရိုက်ပေးနိုင်သူမှာ ရှားပါသည်။
ပိုင်ရို့ရို့သည် သူ့ကို တစ်နေကုန် စောင့်နေခဲ့သည်။ နေဝင်ချိန် ရောက်တော့မည် ဖြစ်သော်လည်း ထွက်ခွာမည့် အရိပ်အယောင် မတွေ့ရသဖြင့် သူမ စိုးရိမ်စိတ် တိုးလာသည်။
“ဘာလို့ အခုထိ မသွားသေးတာလဲ။”
“မင်းပြောတဲ့ နည်းလမ်းအတိုင်း မြင်းစီး လှေစီးပြီး တောင်တွေ မြစ်တွေကို ဖြတ်သွားမယ်ဆိုရင် အဲဒီကို ရောက်ဖို့ အနည်းဆုံး ဆယ်ရက်ကနေ လဝက်လောက် ကြာလိမ့်မယ်။”
“ဒါဆို ရှင်က ဘယ်လိုနည်းနဲ့ သွားချင်လို့လဲ။”
“ကျွန်တော့်မှာ အစီအစဉ်ကောင်းတစ်ခု ရှိပါတယ်။အငှားယာဉ် ခေါ်လိုက်မှာပေါ့။”
ညလေက အေးစက်လှသည်။
လမ်းဆုံတစ်ခုတွင်။
တန်ဝမ်ကျဲသည် လက်ဆွဲသေတ္တာကို ကိုင်ဆောင်ကာ ဂိတ်ဝတွင် ရပ်နေသည်။ သူသည် စက္ကူပူကို မီးရှို့လိုက်ပြီး အမွှေးတိုင်ထွန်းကာ ရန်ကျားမြို့ ဘက်သို့ ဦးညွှတ်လိုက်ပြီး အမွှေးတိုင် သုံးတိုင်ကို ဆွမ်းအုပ်ထဲသို့ ထိုးစိုက်လိုက်သည်။
“ရှင်က သရဲကို ကျွေးမွေးမလို့လား။”
ပိုင်ရို့ရို့သည်သူ၏အစီအစဉ်ကို နားလည်သော်လည်း အထူးတလည် ကန့်ကွက်ခြင်း မရှိပါ။ ကျူးကောမိသားစုတွင်လည်း သရဲအစေခံများကို မွေးမြူထားသည့် အလေ့အထ ရှိခဲ့သည်မှာ ကြာလှပြီ။
ထိုအရာမှာ မော်ရှန်းနှင့် မတူပေ။ မော်ရှန်းတပည့် အများစုမှာ သရဲမွေးမြူခွင့် လုံးဝမရှိပါ။ အကောင်းနှင့် အဆိုးကို ခွဲခြားပြီး တစ်သက်လုံး တိုက်ခိုက်သွားရန်မှာ ဂိုဏ်းထဲသို့ ဝင်ကတည်းက ပထမဦးဆုံးသော စည်းကမ်းချက် ဖြစ်သည်။
“ကျွန်တော် စလွယ် စီးပြီး သွားမလို့ပါ။ သရဲတွေက တစ်ညတည်းနဲ့ မိုင်ပေါင်းတစ်ထောင် ခရီးနှင်နိုင်ပြီး အရပ်ရပ်ကို သွားလာနိုင်တယ်။ ကျွန်တော်တို့ ခြေထောက်နှစ်ဖက်နဲ့ သွားတာထက် ပိုမြန်ပါတယ်။”
“ရှင်ပြောတဲ့ သရဲတွေက သာမန်သရဲတွေ မဟုတ်ဘူး။ သာမန်သရဲတစ်ကောင်က တစ်ညတည်းနဲ့ အဝေးကြီး မပျံနိုင်ပါဘူး။”
သရဲများအကြောင်း သူမ၏ နားလည်မှုမှာ တန်ဝမ်ကျဲထက် သာလွန်နေဆဲ ဖြစ်သည်။
သာမန်သရဲများက လူကို ထမ်းနိုင်သော်လည်း လူ၏ ခန္ဓာကိုယ်မှာ လေးလံလှသည်။ ကျောပေါ်သို့ ရောက်သည်နှင့် တစ်လက်မပင် ရွေ့ရန် ခဲယဉ်းလှသည်။ ကျင့်ကြံမှု အတော်အတန် ရှိသူများသာ ဤသို့ လုပ်ဆောင်နိုင်သည်။
သူတို့ စကားပြောနေစဉ်မှာပင် ကလေးများ၏ သီချင်းဆိုသံကို ရုတ်တရက် ကြားလိုက်ရသည်။
“ကြည်လင်တဲ့ လမင်းက အလင်းကို ထုတ်လွှတ်တယ်။ယင်လေက မိုးမခလမ်းများကြားထဲက တိုးဝေ့တိုက်ခတ်နေတယ်။”
“ဒါက သူမ ချစ်တဲ့သူကို ရှာနေတဲ့ သရဲမလေးပဲ”
“ဝမ်းနည်းစရာကောင်းတဲ့ သရဲသတို့သမီးလေးကို ဘယ်သူက ချစ်မှာလဲ။”
“ညဉ့်နက်တဲ့အချိန်မှာ သရဲမလေးနဲ့အတူ လရောင်အောက်မှာ လာပြီး ပူဇော်ကြစို့။”
ပိုင်ရို့ရို့ လှည့်ကြည့်လိုက်ရာ ယင်လေနှင့်အတူ စက္ကူရုပ်သဏ္ဌာန် သရဲလေး လေးယောက် ထမ်းလာသော စလွယ်တစ်ခုကို မြင်လိုက်ရသည်။
ဘေးတစ်ဖက်တစ်ချက်တွင်ဗိုက်အစည်းများ ဝတ်ထားသော်လည်း မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့ပြီး ပါးပြင်ပေါ်တွင် အနီရောင် ဆိုးထားသည့် ရွှေသားကောင်လေး နှင့် ကျောက်စိမ်းမိန်းကလေး တို့က ခေါင်းလေးများ ရမ်းကာ သီချင်းဆိုနေကြသည်။
သီချင်းသံမှာ နိမ့်မြင့်တက်ကျ မရှိသော်လည်း ငြိုငြင်ဝမ်းနည်းမှု တစ်မျိုးကို ခံစားရစေသည်။
စလွယ်သည် သူတို့နှစ်ယောက်ရှေ့တွင် ငြိမ်သက်စွာ ရပ်တန့်သွားသည်။ ၎င်းထဲမှ မင်္ဂလာဆောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးသရဲတစ်ကောင် ပျံထွက်လာသည်။ ရှောင်ယွီမှလွဲ၍ တခြားမည်သူ ဖြစ်နိုင်မည်နည်း။
တန်ဝမ်ကျဲသည် စိတ်ထဲမှ ကန့်ကွက်ချင်နေသည်။ ရှောင်ယွီသည် ဘာလို့ ရေသန့်ကားတစ်စီးလိုပဲ သီချင်းတွေ ဖွင့်ပြီး ပျံလာရတာလဲ။ဝန်းကျင်က အခြေအနေက တော်တော်လေးကို သိသာလွန်းနေသည်။
ပိုင်ရို့ရို့မှာမူ သတိကြီးစွာ ထားနေသည်။ဤသရဲမ၏ ကျင့်ကြံမှုမှာ မနိမ့်လှသည့်အပြင် သူမသည် အလွန်လည်း လှပသည်။
“ရှောင်ယွီ...ငါ မင်းအတွက် ဥစ္စာစီးပွားနဲ့ ကံလာဘ်ကို မီးရှို့ပေးလိုက်တယ်။ မင်း ကြိုက်ရဲ့လား။”
တန်ဝန်ကျဲကစတင် မေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်။”
ရှောင်ယွီကယပ်တောင်ဖြင့် မျက်နှာအောက်ပိုင်းကို ကာကာ ပြုံးပြလိုက်သည်။
သူမက ပုပ်ပွနေတဲ့ အခြမ်းကို ကာထားသင့်တာ။
ပိုင်ရို့ရို့မှာ ယင်ယန်မျက်စိ မရှိသဖြင့် သရဲများကို မြင်နိုင်သော်လည်း မျက်စိပွင့်ထားသူကဲ့သို့ အမြင်အာရုံကို ဖောက်ထွင်း၍ မမြင်နိုင်ပေ။
ထို့ကြောင့် သူမ၏ အမြင်တွင် တန်ဝမ်ကျဲနှင့် သရဲမတို့မှာ ရယ်ရယ်မောမော စကားပြောနေကြသည်ကို မြင်ရသဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိသည်။
သူတို့သည် ရှောင်ယွီ၏ စလွယ်ကို ငှား၍ သူတို့သွားလိုရာသို့ တိုက်ရိုက် ပျံသန်းရန် သဘောတူခဲ့ကြသည်။
“ရှင်တို့ နှစ်ယောက်လုံးကို ထမ်းပြီး တစ်ညကို အလွန်ဆုံး မိုင်ရှစ်ရာလောက်ပဲ သွားနိုင်မယ်။ ပြီးတော့ ကျွန်မရဲ့ စလွယ်က စက္ကူနဲ့ လုပ်ထားတာဆိုတော့ ထိုင်တဲ့အခါ စက္ကူပေါက်မသွားအောင် သတိထားပါ။”
“ငါ နောက်မှ မင်းအတွက် လေယာဉ်ပျံတစ်စင်း မီးရှို့ပေးမယ်။”
အာကာသယာဉ် မီးရှို့ပေးဖို့တောင် ပြဿနာမရှိပါ။ တစ်ခုတည်းသော ပြဿနာမှာ ဤစက္ကူပစ္စည်းများမှာ ဟန်ပြသက်သက်သာ ဖြစ်ပြီး၍ မည်မျှအထိ ပျံသန်းနိုင်မည်ဆိုသည်မှာ သရဲ၏ စွမ်းဆောင်ရည်ပေါ်တွင်သာ မူတည်သည်။
ရှောင်ယွီမှာ တော်တော်လေး စွမ်းအားရှိသော်လည်း လူနှစ်ယောက်ကို စလွယ်ဖြင့် ထမ်းရသည်မှာ အနည်းငယ် ခက်ခဲလှသည်။ သူမ တစ်ယောက်တည်း ပျံသန်းသကဲ့သို့ စိတ်ကြိုက် ပျံသန်းနိုင်သည့် အနေအထားမျိုး မဟုတ်ပေ။
တန်ဝမ်ကျဲ၏ ဘေးရှိ အခြားသော သရဲများမှာမူ မတူညီသော ကမ္ဘာများမှ လာကြသူများ ဖြစ်သဖြင့် သူတို့၏ စွမ်းရည်များမှာ အမျိုးမျိုး ကွဲပြားနေကြပြီး လူကို ထမ်း၍ ပျံသန်းနိုင်စွမ်း မရှိကြပေ။
တန်ဝမ်ကျဲသည် လက်ဆွဲသေတ္တာကို ရှောင်ယုအား ပေးလိုက်ပြီး လိုက်ကာကို မကာ အထဲသို့ ဝင်လိုက်သည်။
လေးယောက်ထမ်း စလွယ်မှာ သူနှင့် အတော်အသင့်သာ ဆံ့သည်။ သူ ထိုင်လိုက်သည်နှင့် ပိုင်ရို့ရို့က အထဲသို့ ဝင်လာသည်။ သူမသည် ဘယ်ညာကြည့်သော်လည်း ထိုင်စရာနေရာ မရှိပေ။
ဪ... ဒုက္ခပဲ။ရှောင်ယုအတွက် ပိုကြီးတဲ့ စလွယ်တစ်လုံး ကြိုပြီး မီးရှို့ပေးဖို့ မေ့သွားတာပဲ။ ယခုမူ သူတို့နှစ်ဦးမှာ ပူးကပ်ပြီး ထိုင်ရတော့မည်။
တော်တော်လေး ပေါ့ဆမိတာပဲ။ တန်ဝမ်ကျဲ၏ မျက်နှာတွင် ဒါက မမျှော်လင့်ထားတဲ့ ကိစ္စပဲဆိုသည့် အမူအရာ ပေါ်နေသော်လည်း သူ၏ လက်ကမူ ပေါင်ကို ပုတ်ပြကာ ပိုင်ရို့ရို့ကို သူ့ပေါ်တွင် ထိုင်ရန် အချက်ပြလိုက်သည်။
သူက တရားဝင်သည့် လေသံဖြင့်
“မင်းရဲ့ စီနီယာအစ်ကိုကြီးကို ကယ်ဖို့က ပထမဦးစားပေးပဲ။ တစ်ညတည်းနဲ့ အဲဒီကို ရောက်နိုင်မှာပါ။”
အပြင်ဘက်မှ ရှောင်ယွီ၏ အသံ ထွက်လာသည်
“မြဲမြဲထိုင်ပါ။မြန်မြန်သွားကြရအောင်။”
စလွယ်သည် ယိမ်းထိုးသွားပြီး
“အိုး...”
ဟူသောအသံနှင့်အတူ ပိုင်ရို့ရို့သည် တန်ဝန်ကျဲ၏ ရင်ခွင်ထဲသို့ လဲကျသွားသည်။
တောင်နှစ်လုံးနှင့် ရုတ်တရက် အတိုက်ခံလိုက်ရသဖြင့် တန်ဝန်ကျဲသည် မျောက်မင်း၏ ပင်ပန်းမှုကို ကိုယ်ချင်းစာသွားမိသည်။
သူ့တွင် မေးခွန်းတစ်ခုလည်း ရှိနေသည်။
မျောက်မင်းသည်တောင်အောက်တွင် နှစ်ပေါင်း ၅၀၀ ပိနေစဉ်က နေရထိုင်ရတာ မသက်သာ၍ ဟိုဘက်ဒီဘက် လှည့်ချင်ခဲ့သလား။
မလှည့်တာပဲ ကောင်းပါတယ်။ဒါက တော်တော်လေး အဆင်ပြေပါတယ်။
“ဂွမ်း”
ပိုင်ရို့ရို့သည် တန်ဝမ်ကျဲ၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားရင်း တစ်ခုခုကို လှမ်းဆွဲလိုက်ရာ စက္ကူစလွယ်မှာ မတော်တဆ ပေါက်ထွက်သွားသည်။
တန်ဝမ်ကျဲသည် သူမ၏ ခါးကို အမြန်ဆွဲမကာ သူ၏ ဒူးပေါ်တွင် တင်ထားလိုက်သည်။ သူသည် စက္ကူဖြင့် လုပ်ထားသော စလွယ်၏ အောက်ခြေကို အားပြင်းပြင်း မနင်းရဲဘဲ သူ၏ ခန္ဓာကိုယ် အားဖြင့်သာ သူမကို မထားလိုက်သည်။
သူတို့သည်မြေပြင်မှ ဆယ်မီတာကျော် အမြင့်သို့ ရောက်နေပြီဖြစ်ရာ စက္ကူစလွယ်သာ ပေါက်ထွက်သွားပါကစက္ကူ ပျံသန်းရေး ဦးထုပ်လည်း အသုံးမဝင်တော့ပေ။
ပြင်းထန်သောလေတိုက်နှုန်းကြောင့် သတင်းစာမှာလည်း လွယ်လွယ်ကူကူ စုတ်ပြတ်သွားနိုင်သည်။
သရဲစလွယ်ဆိုသည်မှာ လူထိုင်ရန်အတွက် တကယ်ကို မရည်ရွယ်ထားသည့် အရာပင်။
အမြင့်ပိုင်းတွင် အေးစက်သော လေသည် စက္ကူစလွယ်ထဲသို့ တိုးဝေ့ဝင်ရောက်လာသည်။ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အသက်ရှူသံကို ကြားရသည်အထိ တိတ်ဆိတ်နေကြသော်လည်း။
တန်ဝမ်ကျဲသည် တိရစ္ဆာန်ထက် ဆိုးတဲ့သူ ဖြစ်မသွားအောင် မိမိကိုယ်ကိုယ် ထိန်းချုပ်ထားပြီး မဆင်မခြင် မလှုပ်ရှားရဲပေ။
စလွယ်ထဲတွင် လှုပ်ရှားရသည်မှာ အလွန် ခဲယဉ်းလှသည်။
သူသည် လက်လှမ်းလိုက်ပြီး မပျက်စီးသေးသည့် တစ်ခါသုံး စက္ကူ ပျံသန်းရေး ဦးထုပ်ကို ထုတ်ယူကာ ခေါင်းတွင် ဆောင်းလိုက်သည်။ အပြင်ဘက်တွင် စက္ကူစလွယ်က လေကို ကာပေးထားသဖြင့် ဦးထုပ်စုတ်ပြတ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
နောက်တစ်ခဏတွင်။လေထဲတွင် ခက်ခဲစွာ ယိမ်းထိုးပျံသန်းနေသော စက္ကူစလွယ်သည် ဝန်ထုပ်ဝန်ပိုး မရှိတော့သကဲ့သို့ ရုတ်တရက် မြန်ဆန်သွားသည်။
အပြင်ဘက်တွင် လွင့်မျောနေသော ရှောင်ယွီမှာလည်း အံ့အားသင့်သွားသည်။ စလွယ်ထဲမှာ ဘယ်သူမှ မရှိတော့သလို ဘာလို့ ပေါ့သွားရသည်။
တန်ဝမ်ကျဲ၏ ယန်ချီ များက သူမကို အားဖြည့်ပေးရန် ထွက်ပေါ်လာနေခြင်းနှင့် ထိုအမျိုးသမီး၏ မန္တန်အစွမ်းကို သိသာစွာ ခံစားနေရခြင်းသာ မရှိလျှင် စလွယ်ထဲမှာ ဘယ်သူမှ မရှိတော့ဘူးဟု သူမ တကယ် ထင်မိသွားပေလိမ့်မည်။
ဤသို့ တွေးရင်း ရှောင်ယွီသက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်သည်။ သူမ၏ လက်ထပ်ရန် ကမ်းလှမ်းမှုမှာ အခုထိ တိုးတက်မှု မရှိသေးပေ။
တန်ဝန်ကျဲသည် ပိုင်ရို့ရို့ ဆွဲဖြဲလိုက်သော အပေါက်မှတစ်ဆင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။ လရောင်မှာ ဝေဝါးနေပြီး မြေပြင်မှာလည်း မြင်ရရန် ဝေးလွန်းလှသည်။ ထိုအစားသရဲသတို့သမီးသီချင်းသံကသာ သူ၏နားထဲတွင် ထပ်ခါတလဲလဲ ကြားနေရသည်။
ရှောင်ယွီသည် ဤသီချင်းကို မည်မျှအထိ ကြိုက်နေသနည်း။ သူမသည် ၎င်းကို အပတ်စဉ် ဖွင့်နေခြင်း ဖြစ်သည်။
ဒါက သူမရဲ့ ကိုယ်ပိုင် နောက်ခံတေးဖြစ်ရင်တောင်မှ အများကြီး နားထောင်ရင်တော့ ပျို့အန်ချင်စရာ ကောင်းလာမည်ဖြစ်သည်။
သူသည် စက္ကူသရဲလေးနှစ်ကောင် ဖြစ်သည့် ဥစ္စာစီးပွား နှင့် ကံလာဘ်တို့ကို အိမ်သာထဲမှာ လူတစ်ယောက်အကြောင်း တွေးမိရင် အနံ့အသက်တွေကြောင့် သူတို့ကို ပြစ်မှားမိမှာ စိုးရိမ်ရတဲ့အကြောင်း သီချင်းတစ်ပုဒ် သင်ပေးတော့မည့်အချိန်မှာပင်။
ပိုင်ရို့ရို့ကရုတ်တရက် နောက်သို့ တိုးလိုက်သည်ကို သတိထားမိလိုက်သည်။
သူ၏ ဒူးပေါ်မှ ဖိအားမှာ သူ၏ ပေါင်ပေါ်သို့ ချက်ချင်း ရောက်ရှိလာသည်။
ဟင်း... သူမကတော့ စိတ်လက်ပေါ့ပါး သွားတာပဲ။ဒါပေမဲ့ ဒါက ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် တကယ့် စမ်းသပ်ချက်တစ်ခုပဲ။
တန်ဝမ်ကျဲ အငယ်စားလေး ကလည်း သူ့ရဲ့ အသက်ဓာတ် တွေကို ပြသဖို့ အဆင်သင့် ဖြစ်နေပြီလေ။