← Chapters

အခန်း (၆၉၄-၆၉၆)

Vol. 47 Ch. 694-696

အခန်း (၆၉၄-၆၉၆)

Vol. 47 Ch. 694-696

အခန်း ၆၉၄ ။ ထူးဆန်းသာအမျိုးသား

"ဆရာ" ယိချင်း ရင်ထိတ်သွားပြီး ချက်ချင်းပဲ ရှန်းရင်ဆီ ပျံသွားတယ်။

ကူယွဲ့လည်း အံ့အားသင့်သွားတယ်။ "မင်းဘယ်သူလဲ"

ဒီလူက ရုတ်တရက်ပေါ်လာတာ။ နေရာမှာ တခြားတစ်ယောက်ရှိနေတာကို သူတို့ဘာလို့ မခံစားမိခဲ့ကြတာလဲ။ ရှန်းရင်တောင် အံ့အားသင့်သွားခဲ့တယ်။

အဲလူက သူတို့ နှစ်ယောက်ကို ပြန်ကြည့်လာတယ်။ သူ့အကြည့်က အေးစက်နေတယ်။ စောနက နွေးထွေးစွာ ပြုံးရယ်နေရာကနေ အခုတော့ သူ့အကြည့်ထဲမှာ သူတို့ နှစ်ယောက်က ဖုန်မှုန့်လောက်သာသာပဲ။

"ဆီတိုင်ကီတွေကိုပါ ယူလာသေးတယ်" သူက စပ်ဖြီးဖြီးရယ်ကာ ငုံ့သွားတယ်။

တစ်စုံတစ်ခုက သူ့ကိုယ်ထဲကနေ ပစ်ထွက်လာပြီး အမျိုးသားနှစ်ယောက်ဆီ ဦးတည်လာတယ်။

"အလုပ်ရှုပ်လိုက်တာ"

ရှန်းရင်က မျက်လုံးတွေမှေးကာ ရွှေ့လိုက်တယ်။ ကူယွဲ့နဲ့ယိချင်းတို့ရဲ့ ဘေးနားကို ချက်ချင်း ရောက်သွားခဲ့တယ်။ ဒီနှစ်ယောက် ဘာမှန်းမသိလိုက်ခင်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတဲ့ အကာအရံတစ်ခု ခံစားလိုက်ရတယ်။ နားထဲမှာ ရွှစ်ဆိုတဲ့ အသံကြားလိုက်ရတယ်။ ကြောက်စရာကောင်းတဲ့ တစ်ခုခုက သူတို့နှစ်ယောက်ပေါ် သက်ရောက်လုနီးပါးဖြစ်သွားပြီး နောက်ဆုံးအချိန်လေးမှာ ရှန်းရင်က လာပြီး ကာကွယ်ပေးလိုက်တယ်ဆိုတာ သဘောပေါက်သွားတယ်။

နှစ်ယောက်စလုံးရဲ့ အမူအရာတွေ ချက်ချင်းပြောင်းသွားတယ်။ ရှန်းရင်ကလွဲလို့ တခြားသူတစ်ယောက်ရှေ့မှာ ဒီလို အစွမ်းမရှိဘူး ခံစားရတာ ဒီတစ်ခါမှ ပထမဆုံးအကြိမ်ပဲ။ စောစောက ရှန်းရင်သာ အသည်းအသန် လာမကယ်ခဲ့ရင် သူတို့တွေ သေသွားခဲ့မှာ။

---

သူတို့အနေနဲ့ တစ်ခါမှမခံစားဖူးတဲ့ အန္တရာယ်မျိုး ခံစားမိလိုက်ကြတယ်။

ဒီလူ… ဘယ်သူလဲ။

ယိချင်း ။ ။ "ဆရာ..." ယိချင်း ရင်ထိတ်ကာ အလိုလို သူမရှေ့ ဝင်ရပ်လိုက်တယ်"

ဒါပေမဲ့ သူမကို ဘာမှ မေးမရခင် ရှန်းရင်က လှည့်ပြီး သူ့ရင်ဘတ်ကို လက်တစ်ဖက်နဲ့ တွန်းလိုက်တယ်။

ရှန်းရင် ။ ။ "ပြန်ဆုတ်!"

ယိချင်း မထင်မှတ်ထားတာမို့ ရှန်းရင်ရဲ့တွန်းထုတ်မှုက နောက်ကိုယိုင်စေကာ ကူယွဲ့ကို တိုက်မိပြီး နှစ်ယောက်လုံး လဲကျသွားတယ်။

အဲ့အချိန်မှာ သူတို့မျက်စိရှေ့ တောက်ပတဲ့ အလင်းတန်းတစ်ခု ပေါ်လာပြီး တစ်ခုခုပွင့်လာသလိုပဲ။ အဲဒါ… သူတို့ရင်းနှီးနေတယ်။ ဒါ မျက်နှာပြင်တံခါးရဲ့ အလင်းပဲ။

---

"ဆရာ"

"အစားသရဲ"

နှစ်ယောက်သား ထိတ်လန့်တကြား အော်လိုက်ပေမဲ့ သူတို့တွေ မျက်နှာပြင်တံခါးပေါက်ထဲ ပြုတ်ကျသွားတာကို မရပ်လိုက်နိုင်ဘူး။ တံခါးနောက်မှာ ရှန်းရင် ပျောက်ကွယ်သွားတော့ သူတို့ ပထမဆုံးအကြိမ် သူမမျက်နှာထား အတော်လေးတည်တံ့နေတာကို မြင်ခဲ့ရတယ်။

နောက်တော့ သူတို့တွေ ကောင်းကင်ဘုံက မြေကြီးပေါ်ရောက်နေကျပြီ။

စားဖိုမှူးက ချက်ချင်း ထရပ်တယ်။ သူခု တကယ်ကိုသွေးပျက်နေတာ။ လက်ကိုမြှောက်ပြီး မျက်နှာပြင်တံခါးကို ပြန်ဖွင့်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူဘယ်လောက်ကြိုးစားပါစေ မျက်နှာပြင်တံခါးကို ထပ်ဖွင့်လို့မရတော့ဘူး။

ကူယွဲ့လည်း ကူညီဖို့ကြိုးစားပေမဲ့ အချည်းနှီး။ သူက စိုးရိမ်မှုကြောင့် စိတ်လွတ်လုနီးပါးဖြစ်နေတဲ့ ယိချင်းဘက် လှည့်ကြည့်လိုက်တယ်။ "အသုံးမဝင်ဘူး၊ ရှန်းရင်က မျက်နှာပြင်လမ်းကြောင်းကို ပိတ်ဆို့ခဲ့တာဖြစ်မယ်၊ ခုအားလုံး လော့ကျနေပြီ၊ ငါတို့ပြန်သွားလို့မရဘူး"

"ဆရာ..." ယိချင်းက စက္ကန့်နဲ့အမျှ အခြေအနေဆိုးလာတယ်။ သူ အဲလူနဲ့ အာရုံမခံနိုင်ခဲ့တဲ့ အဲတိုက်ခိုက်မှုကို အတွေးထဲက ထုတ်မရဘူး။ "မဖြစ်ဘူး။ သူအန္တရာယ်ရှိနေတာ။ ကျွန်တော်တို့ ပြန်သွားရမယ်"

"စားဖိုမှူး စိတ်အေးအေးထားစမ်း" ကူယွဲ့ ပြန်ဆွဲထားလိုက်ရတယ်။

"ရှန်းရင်က ငါတို့ကို ဒီကိုပြန်မပို့ခင် ဘာမှတောင်မပြောသွားဘူး၊ အဲလူဘာလဲဆိုတာ သူသိပြီးသားနေမှာ၊ အခြေအနေက ငါတို့ကိုင်တွယ်နိုင်တာ မဟုတ်မှန်း သိထားလို့ဖြစ်မယ်၊ သူက ငါတို့ သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ပြန်ပို့လိုက်တာဖြစ်ရမယ်"

ယိချင်းက တုန်တုန်ယင်ယင်နဲ့ သက်ပြင်းရှည်ကြီးချတယ်။ သူ စိတ်ပြန်ထိန်းနေပေမဲ့ အတော်လေး စိုးရိမ်နေသေးတဲ့ပုံပဲ။ ယိချင်းက လက်သီးတင်းတင်းဆုပ်ထားတယ်။

"ဒါပေမဲ့ ဆရာက လူလေ... ကျွန်တော် မကူညီနိုင်ရင် ဘယ်သူကူညီ... အစ်မကြီးကျင်း" သူ့မျက်လုံးတွေ တောက်ပသွားပြန်တယ်။ သူက ကူယွဲ့ဘက် လှည့်လိုက်တယ်။

"အကြီးအကဲကျင်းကိုရှာကြစို့။ အဲလူက မရိုးဘူး၊ သူက သာမန်စီမံထိန်းသိမ်းသူ မဟုတ်ဘူးနော်၊ အကြီးအကဲကတော့ ဒါကိုဘယ်လိုကိုင်တွယ်ရမလဲ သေချာပေါက်သိမှာ!"

ကူယွဲ့လည်း စိတ်လှုပ်ရှားလာတယ်။ "ဟုတ်သား။ အစ်မကြီးကျင်းလည်းရှိတာပဲဟာ" သူက အမြန် လက်ပတ်ကို ထုတ်ပြီး ရှန်းကျင်းဆီ ဆက်သွယ်လိုက်တယ်။ သူ့မျက်လုံးထဲက အလင်းရောင်က ရုတ်တရက် ပျောက်ကွယ်သွားကာ တုန်ယင်လာတယ်။ မယုံကြည်နိုင်တဲ့ လေသံနဲ့သူကပြောတယ်။

"ရှန်းရင်... ငါတို့နဲ့ ရှန်းကျင်း ဆက်သွယ်ဖို့ကိုတောင် ဖြတ်တောက်သွားတယ်"

“…”

သူတို့မျက်နှာမှာ အရောင်တောင်မရှိတော့ဘူး။ သူတို့က အဲလူပြိုင်ဘက် မဟုတ်လို့ မျက်နှာပြင်လမ်းကြောင်းကိုပါ ပိတ်သွားတာ။ ဒါဆို ရှန်းရင်က ရှန်းကျင်းနဲ့ သူတို့ဆက်သွယ်မှုကို ပိတ်ဆို့ခဲ့တာ အကြောင်းရင်းတစ်ခုပဲ ရှိနိုင်တယ်။ ရှန်းကျင်းတောင် အဲလူရဲ့ ပြိုင်ဘက် မဟုတ်လို့ပဲ...!

—————

ကသောင်းကနင်း ဟင်းလင်းပြင်တွင်။

"ဉာဏ်ရှိတဲ့ ရွေးချယ်မှုပဲ"

သူက ကူယွဲ့နဲ့ယိချင်း နှစ်ဦးပျောက်ကွယ်သွားတဲ့ နေရာကို ဆက်စိုက်ကြည့်နေတယ်။

"မင်းရဲ့အဆင့်အတန်းနဲ့ဆို အဲ့ဒီ ဆီတိုင်ကီတွေနဲ့ အမြဲတမ်းရောနေဖို့ မသင့်တော်ဘူး"

သူက ခန္ဓာကိုယ်ကို လှည့်ပြီး ရှန်းရင်ဘက် မျက်နှာမူကာ နွေးထွေးတဲ့ အပြုံးနဲ့ ဆက်ပြောတယ်။

"ဒါပေမဲ့ မင်းက ဘယ်သွားသွား သူတို့ကို ခေါ်သွားတယ်"

ရှန်းရင်က မျက်လုံးမှေးကာ အမျိုးသားကို ခေါင်းစ ခြေဆုံး စစ်ဆေးကြည့်လိုက်တယ်။ ခဏအကြာ သူမက အိတ်ထဲက နောက်ထပ်အသီးတစ်လုံးထုတ်ကာ ကိုက်စားတယ်။

"နင် မနာလိုဖြစ်နေတာလား"

"ဘာ" အမျိုးသားက သူမ ဒီလိုမေးလာမယ် မထင်ထားသလို တန့်သွားတယ်။

ရှန်းရင်က ခေါင်းလေးကိုယိမ်းကာ ဆက်ပြောတယ်။ "ငါ နင့်လို လူပျိုကြီးတွေ အများကြီးမြင်ဖူးပါတယ်၊ နားလည်တာပေါ့"

"ငါ့ကို ဘာလို့ အဲလောက် အထင်သေးသလို ကြည့်နေတာလဲ” အမျိုးသားက နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး နောက်တော့ သက်ပြင်းရှည်ကြီးချကာ ခေါင်းကိုယမ်းတယ်။

"အခု ဒါတွေကိုပြောလို့အကျိုးမရှိဘူး"

"အာ့ဘာဆိုလိုတာတုံး"

ရှန်းရင်က မျက်နှာအမူအရာ မပြောင်းမလဲ။

"နောက်ဆုံးကျတော့ နင်က တစ်ကိုယ်တည်း လျှောက်သွားလှည့်လည်နေရတဲ့သူပဲ မဟုတ်လား၊ ငါတို့လို အဆင့်မြင့်ခရီးသွားအဖွဲ့နဲ့ မတူဘူးလေ၊ နင့်မှာ သိမ်ငယ်စိတ် ရှိမယ်ဆိုတာ နားလည်ပေးလို့ရပါတယ်"

ငါ့ဖင်ကိုနားလည်။

သူ ဘာလို့ ရုတ်တရက်ကြီး ပြေးသွားပြီး ဒီမိန်းမကို လည်ပင်းညှစ်ချင်စိတ် ပေါက်လာတာပါလိမ့်။ သူ အရင်က သုတေသနလုပ်တုန်းက သူမမှာ ဒီလိုမျိုးအပြုအမူတွေ ရှိမှန်း ဘာလို့ မသိခဲ့ရတာလဲ။ သူ နဖူးကို ဖိကာ စိတ်အေးအောင် ကြိုးစားလိုက်တယ်။

"ငါ ဘယ်သူလဲ မင်းသိလား"

ရှန်းရင်က အသီးကို နောက်တစ်ကိုက် ကိုက်လိုက်ပြီး ခဏနေတော့ အံကြိတ်ပြောလိုက်တယ်။ "နင်က ကောင်းကင်တာအိုအဖွဲ့အစည်းကို စီမံထိန်းသိမ်းသူအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှောင်ရှားနိုင်ခဲ့တဲ့သူ၊ မုရှန်းကို မူလမျက်နှာပြင်ကို ပြန်ပို့ပေးခဲ့သူ၊ ဒီစနစ်ကို စားဖိုမှူးရဲ့မျက်နှာပြင်ထဲ ကျူးကျော်ဝင်ရောက်ခွင့် ပေးခဲ့တဲ့သူပဲ"

အမျိုးသားက မျက်လုံးတွေ မှေးလိုက်တယ်။ သူက အံ့အားသင့်သွားတဲ့ပုံ။ "အိုး... ဒါဆိုမင်းက ငါ့ကို အစကတည်းက သိနေတာလား၊ မင်းက ဉာဏ်ကောင်းသားပဲ"

"ငါ့မျက်စိကောင်းလို့ မဟုတ်ပါဘူး... နင်ကိုက အရမ်းသိသာနေတာ" ရှန်းရင်က သူ့ကို တစ်ချက်ကြည့်လိုက်တယ်။ "ငါက ကန်းမနေဘူးလေ"

"ဟီးဟီးဟီး..." အမျိုးသားက စိတ်မတိုသွား။ အဲအစားသူက ဆက်ပြုံးနေတယ်။ "ဒါဆို ငါဘာလို့ ဒါတွေ လုပ်နေရလဲမင်းသိလား"

ရှန်းရင်က လက်ထဲကအသီးကို လေ့လာနေရင်း နောက်တစ်ကိုက်ကိုက်ရလွယ်အောင် လှည့်လိုက်တယ်။

"နင်ပျင်းနေလို့ ဖြစ်မှာပေါ့!"

"..."

အမျိုးသားအပြုံးက အောင့်သက်သက် ဖြစ်သွားတယ်။ ရုတ်တရက် သူ့နှုတ်ခမ်းတွေက တွန့်သွားပြီး ကြင်နာချင်ယောင် ဆက်ဟန်မဆောင်နိုင်တော့ဘူး။ သူ့အကြည့်တွေက အေးစက်ကာ အင်မတန် လေးနက်တဲ့အသံနဲ့ ပြောလာတယ်။ "ဒါက မင်းအတွက် စမ်းသပ်မှုပဲ၊ မင်း ငါ့စံနှုန်းတွေကို မှီမမှီစစ်ဆေးတာ"

"အိုး" ရှန်းရင်က ဂရုမစိုက်သလို ဖြေလိုက်တယ်။ သူမက ဒီလူရဲ့ ဘယ်စကားကိုမဆို လုံးဝစိတ်မဝင်စားတဲ့ပုံ။ အသီးရဲ့ အူတိုင်ကို လွှင့်ပစ်လိုက်ပြီး ပင်မစနစ်ဘက် လှည့်ကြည့်လိုက်တယ်။ အဲစနစ်က သေချင်ယောင်ဆောင်နေပေမဲ့ အခွင့်ရတိုင်း နောက်ဘက်ဆီ တဖြည်းဖြည်း ပြန်ဆုတ်နေတာကို သတိထားမိတယ်။ သူ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ထွက်ပြေးဖို့ပဲ။ သူမက မေးမော့ကာ အဲလူကိုကြည့်လိုက်တယ်။ "နင်က ဒီစနစ်ကိုယ်စား ငါနဲ့ ရင်ဆိုင်ဖို့ လာတာလား"

"အမ်..." အဲလူက ခဏ သူမကို အူကြောင်ကြောင် ပြန်ကြည့်နေပြီးတော့ စနစ်ကို လှမ်းကြည့်လိုက်တယ်။ သူက ခေါင်းခါတယ်။

"မင်း အထင်မမှားနဲ့၊ ငါက ဒီမျက်နှာပြင်ပေါ်က ပိုးကောင်တွေကို လုံးဝကြိုက်နှစ်သက်တဲ့သူ မဟုတ်ဘူး၊ ဒါကို သေချာပေါက် ကူညီမှာ မဟုတ်ဘူးပေါ့၊ ဒီတိုင်း..."

"အို ဒါဆိုလည်းကောင်းပြီလေ" ရှန်းရင်က စကားဖြတ်ပြောကာ တုန်ယင်နေတဲ့ ပင်မစနစ်ဆီ လျှောက်သွားတယ်။

အမျိုးသား ။ ။ "..." သူမက သူ့ကို ဒီလိုစိတ်မရှည်တဲ့ပုံနဲ့ပဲ ဆက်ဆံတော့မှာလားဟ။

…

အခန်း ၆၉၅ ။ မျက်နှာပြင်၏ တရားစီရင်မှု

ပင်မစနစ်က သွေးပျက်သွားပြီး အဆက်မပြတ် တတီတီမြည်နေတယ်။

"မ....မ.... မကပ်လာနဲ့... မကပ်လာပါနဲ့"

အရောင်အမျိုးမျိုးနဲ့ ဖရိုဖရဲခြံရံခံထားရတဲ့ အစိမ်းရောင် ကုတ်တွေက အပြင်းအထန် တုန်ယင်နေပြီ။ ရှန်းရင်ကို အနားကပ်မလာအောင် တားဆီးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ မရ။ ရှန်းရင်ကတော့ တစိုက်မတ်မတ်နဲ့ ဆက်လျှောက်လာနေတုန်းပဲ။ သူမက ရှေ့က ဖရိုဖရဲဖြစ်နေတဲ့ အရင်းအမြစ်ကို လှမ်းဆုပ်ကိုင်လိုက်တယ်။

"ဒါကို မင်းတကယ် စဉ်းစားပြီးပြီလား!"

အဲဒီလူက ရုတ်တရက်အော်လိုက်တယ်။ သူ သတိမပေးဘဲ မနေနိုင်။

"ဒီအရာက မျက်နှာပြင်တိုင်းကို စိတ်ကြိုက်ဝင်ရောက်နိုင်စွမ်းရှိတယ်၊ အမှိုက်သရိုက်ပစ္စည်းတစ်ခုဆိုပေမဲ့ အတော်လေးတော့ အသုံးဝင်တယ်၊ ငါ့အတွက်ကတော့... ဒါမှမဟုတ် နောင်တစ်ချိန် မင်းကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ဒါက အကျိုးရှိလောက်တယ်၊ အခု မင်းဒါကို ဖျက်ဆီးလိုက်ရင် နောက်တစ်ခါ ထပ်သုံးလို့မရတော့ဘူး"

ရှန်းရင်က အမျိုးသားဘက်လှည့်ပြီး မျက်နှာမူလိုက်တယ်။ နောက်တော့ သူမမျက်လုံးတွေကို ငုံ့လိုက်ကာ လေးနက်တဲ့ လေသံနဲ့ တုံ့ပြန်လာတာက။ "အိုး..."

သူမစကားဆုံးတာနဲ့ ရှုပ်ထွေးနေတဲ့ အရင်းအမြစ်ကို စွမ်းအားကြီးတစ်ခုက ဝါးမျိုသွားတယ်။ ရှန်းရင် လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်တဲ့အခါ ကျယ်လောင်လှတဲ့ အက်ကွဲသံပေါ်လာတယ်။ အရင်းအမြစ်တစ်ခုလုံး နေရာအနှံ့ပေါက်ကွဲထွက်သွားသလိုပဲ။ ကျန်ရစ်ခဲ့တဲ့ ကုတ်တွေဟာ သိသိသာသာ မှောင်မည်းသွားခဲ့တယ်။

နေရာအရပ်ရပ်ကနေ စွမ်းအားတွေကို ဆက်တိုက် စုစည်းနေခဲ့တဲ့ ဒီအရင်းအမြစ်ဟာ အဓိကစနစ် ပျက်စီးသွားတဲ့အခါ ချက်ချင်းပျံ့လွင့်သွားတယ်။ ရုတ်တရက်ဆိုသလို အရာအားလုံးက ကသောင်းကနင်းဗလာနယ်ထဲမှာ ပျောက်ကွယ်သွားကြတယ်။ ဒီစွမ်းအားတွေအားလုံးဟာ လူတွေရဲ့ မူလအသက်ဝိညာဉ်တွေကနေ ရယူထားတာပဲ။ ဒီမျက်နှာပြင် တည်ရှိနေသရွေ့တော့ ဝိညာဉ်တွေဟာ သူတို့လာရာနေရာဆီကို တစ်နေ့မဟုတ် တစ်နေ့ ပြန်ခေါ်ယူခံရမှာပဲ။

အမျိုးသားက မျက်ခုံးကျုံ့သွားတယ်။ ပင်မစနစ်ကို ရှန်းရင်က ချက်ချင်း မတွန့်မဆုတ် ဖျက်ဆီးလိုက်တဲ့ အချက်ကို သူ စိတ်ဆိုး‌နေတဲ့ပုံ။ သူက ရှန်းရင်ကို မကျေမနပ်နဲ့ ကြည့်တယ်။ "မင်း တကယ်ဖျက်ဆီးလိုက်တာပဲ၊ တကယ်တော့ မင်း သူ့ကို မင်းလက်အောက်ခံအဖြစ် အညံ့ခံလာအောင်လုပ်ရင်တောင် နောက်ပိုင်း မင်းရဲ့ အမိန့်အတိုင်းနေမှာကို"

"ငါ မလိုဘူး" ရှန်းရင်က လက်ခါလိုက်တယ်။

"မင်း..." အမျိုးသားက စကားစလိုက်ပေမဲ့ တခြားတစ်ခုကို သတိရသွားတဲ့ပုံ။ သူက ထပ်သက်ပြင်းချကာ ပြောလာတယ်။ "ဒီဟာကို ငါအကြိမ်ကြိမ်စဉ်းစားပြီးမှ ထုတ်ယူလာတာ၊ ဒါက မင်းအတွက် အသုံးဝင်မယ်ဆိုတာ ငါသိတယ်၊ ငါတို့တွေက ဘယ်လိုလူမျိုးတွေလဲဆိုတာ မင်းသိရဲ့လား"

"တရားသူကြီးတွေလေ" ရှန်းရင်က သူ့ကို လှည့်ကြည့်လိုက်တယ်။

အမျိုးသားက အံ့ဩကာ မျက်လုံးပြူးသွားတယ်။ အခု သူတကယ်ကို ထိတ်လန့်သွားတာ။

"မင်းသိနေတာလား"

"အင်း... ငါမှန်းကြည့်တာ" ရှန်းရင်က ခေါင်းညိတ်လိုက်တယ်။ "စီမံထိန်းသိမ်းသူနှစ်ယောက်ကို လှည့်စားပြီး မဟာတာအို ဘာဖြစ်နေလဲဆိုတာ နှစ်ပေါင်းများစွာ ဖုံးကွယ်နိုင်တဲ့သူဆိုတာ... စီမံထိန်းသိမ်းသူထက် အဆင့်မြင့်တဲ့ တရားသူကြီးတစ်ယောက်ပဲ လုပ်နိုင်မှာ" ဒါက ရွေးချယ်စရာတစ်ခုတည်းရှိတဲ့ မေးခွန်းဆိုတော့ မခက်ခဲပါဘူး။

"အိုး..." အမျိုးသားက သူမကို ခေါင်းကနေ ခြေဖျားအထိ စိုက်ကြည့်ပြီး အံ့အားသင့်သွားတယ်။ "ဒါဆို တရားသူကြီးတွေ ရှိတယ်ဆိုတာ မင်းဘယ်လိုသိခဲ့တာလဲ" စီမံထိန်းသိမ်းသူတွေတောင် တရားသူကြီးတွေ ရှိတယ်ဆိုတာ မသိကြဘူး။ ဒါပေမဲ့ သူမကတော့ ဒီစကားလုံးကို ခေါင်းထဲမှာ အရင်ကတည်းက သိမ်းထားသလိုပဲ။

"ကိုယ့်ဘာသာကိုယ် သိသွားတာ" ရှန်းရင်က သူ့ကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိတာမို့ ဆက်ပြောပြလိုက်တယ်။ "ငါ အရင်က နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားဖူးတယ်၊ အစက စွမ်းအင်သုံးလွန်သွားလို့ ခန္ဓာကိုယ် အနားယူဖို့လိုတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ နိုးလာတော့ ငါ့ရဲ့စွမ်းအားတွေက ကန့်သတ်ချက်ထက် ကျော်လွန်နေတာကို တွေ့ခဲ့ရတယ်၊ ဘယ်အထိရှိမှန်း ငါကိုယ်တိုင်တောင် မသိတော့ဘူး၊ အဲဒီနေ့ကစပြီး ခေါင်းထဲမှာ တရားသူကြီး ဆိုတဲ့ စကားလုံးက ဝေ့ဝဲနေခဲ့တာ၊ ငါ မမှားရင်တော့... ငါကလည်း နင့်လိုပဲ၊ တရားသူကြီးတစ်ယောက်ပေါ့"

"ခု ပြောဖို့ စောလွန်းသေးတယ်"

သူက ငုံ့ပြီး သူမရဲ့ မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်လာတယ်။ ပြုံးရိပ်တစ်ခုဖြည်းဖြည်းချင်း သူ့မျက်နှာပေါ် ပေါ်လာပြီး အရင်ကလိုပဲ နွေးထွေးတဲ့အသွင် ပြန်ပေါ်လာတယ်။ ဒါပေမဲ့ သူ့ မျက်ဝန်းကတော့ ရေခဲလိုအေးစက်နေလေရဲ့။

"တရားသူကြီးတွေက ဘယ်မျက်နှာပြင်ပေါ်က စီမံထိန်းသိမ်းသူတွေ စောင့်ကြည့်သူတွေကိုမဆို တရားစီရင်နိုင်တယ်ဆိုတာ သိလား၊ စီမံထိန်းသိမ်းသူတွေမှာ သူတို့မျက်နှာပြင်ပေါ်က အရာရာတိုင်းကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုရင် တရားသူကြီးတွေကတော့ ကသောင်းကနင်းဟင်းလင်းပြင်ထဲက မဟာတာအိုအောက်မှာ ဖြစ်ပျက်နေတဲ့ အရာရာတိုင်းကို ထိန်းချုပ်နိုင်တဲ့ တစ်ဦးတည်းသောလူတွေပဲလေ"

သူ့မျက်နှာပေါ်မှာ ရှင်းပြလို့မရနိုင်တဲ့ အမူအရာတစ်ခု လှစ်ခနဲ ထွက်ပေါ်လာတယ်။ သူက ဆက်ပြောတယ်။

"ဒီကသောင်းကနင်း ဟင်းလင်းပြင်ထဲမှာ မရေမတွက်နိုင်တဲ့ မျက်နှာပြင်တွေရှိတယ်၊ မျက်နှာပြင်တိုင်းမှာ ကိုယ်ပိုင် ကောင်းကင်တာအိုဆိုတာရှိတယ်၊ ဆိုလိုတာက စီမံထိန်းသိမ်းသူတွေလည်း မရေမတွက်နိုင်အောင်ပဲ၊ ဒါပေမဲ့ ကသောင်းကနင်းဟင်းလင်းပြင်ထဲ မဟာတာအိုကတော့ တစ်ခုပဲရှိတာ၊ ဆိုလိုတာက တရားသူကြီးလည်း တစ်ယောက်ပဲ ရှိနိုင်တယ်"

"..."

ရှန်းရင်က မျက်မှောင်ကျုံ့မိသွားခဲ့တယ်။

"မင်းက ငါ့နေရာကိုဆက်ခံမဲ့ ရွေးချယ်ခံပဲ" သူက သူမကို ရှုတည်တည်ကြည့်လာတယ်။ "ဒါပေမဲ့ မင်းက တရားသူကြီးကောင်းတစ်ယောက် ဖြစ်ပါ့မလား ငါမသိဘူး၊ ဒါကြောင့် တာအိုအဖွဲ့အစည်းကြီးတို့ ကျူးကျော်တဲ့စနစ်တို့ဆိုတာတွေက မင်းအတွက် သတ်မှတ်ထားတဲ့ မတူညီတဲ့စမ်းသပ်မှုတွေပဲ၊ မင်း အဲစစ်ဆေး‌မှုတွေကို အောင်မြင်မှ ငါ့စံနှုန်းနဲ့ကိုက်ညီမှာ၊ အဲတော့မှ စိုးရိမ်မှုမရှိ ငါ မင်းကို ကသောင်းကနင်းဟင်းလင်းပြင်ကို လွှဲပေးနိုင်မှာ..."

"ငါ မလိုချင်ဘူး" သူ စကားမဆုံးခင် ရှန်းရင်က ငြင်းနေပြီ။

"ဟမ် အာ!" အမျိုးသားက ကြောင်သွားတယ်။

Σ(°△°|||)

သူမ ဘာဆိုလိုတာလဲ။ သူ ထင်ယောင်ထင်မှား ဖြစ်တာများလား။

သူမက ဒီရာထူးကို ဒီလောက်လွယ်လွယ် လက်လျှော့လိုက်တယ်လား။

"နင် နေချင်ရင် ဆက်နေလို့ရတယ်" ရှန်းရင်က ပျင်းတိပျင်းရွဲ လက်ယမ်းပြလိုက်တယ်။ သူမက နောက်အသီးတစ်လုံးကိုကိုက်ကာ လှည့်ထွက်ဖို့ပြင်တယ်။ "တကယ်လို့တခြားကိစ္စမရှိရင် ဒိုးပြီ" ငါဗိုက်ဆာနေပြီဟ။

"ခဏ" အမျိုးသားက နောက်ဆုံးတော့ သတိပြန်ကပ်ပြီး သူမကိုတားလိုက်တယ်။ သူက သူ‌မရှေ့ အသည်းအသန် ပြေးကာတယ်။

"မင်းသွားလို့မရဘူး"

"ဘာလို့တုံး” ငါမှ ရာထူးမတိုးချင်တာ။ စိတ်တိုင်းကျ အလုပ်ထွက်လို့တောင်မရဘူးလားဟ။

"အဲဒါက..." အမျိုးသားက တုံ့ဆိုင်းနေတယ်။ သူ့မျက်လုံးတွေက ဟိုကြည့်သည်ကြည့်နဲ့။ ခဏအကြာ သူကပြောလာတယ်။ "မင်းစွမ်းအားတွေက တရားသူကြီးတစ်ယောက်နဲ့ ညီမျှတဲ့အထိ ကြီးထွားလာနေပြီ၊ ဒီစကြဝဋ္ဌာတစ်ခုလုံးအှာ တရားသူကြီး တစ်ယောက်ပဲရှိနိုင်တယ်၊ မင်း ငါ့စစ်ဆေးမှုတွေကို အောင်မြင်သွားရင်တောင် ငါတို့ကြားမှာ ဝါအဆင့်တော့ ရှိဦးမှာပေါ့"

"အိုး" ရှန်းရင်က ခေါင်းညိတ်ကာ အင်မတန်စိတ်ပါလက်ပါနဲ့ပြောလိုက်တယ်။ "ငါအရှုံးပေးပါတယ်" ဒါဆိုရပြီမလား။

အိမ်ပြန်ဖို့အချိန်တန်ပြီလေ အိမ်ပြန်ဖို့အချိန်တန်ပြီ။ စားမယ် စားမယ်။

o(╯□╰)o

"မင်း..." အမျိုးသားက ခုတော့ တကယ်ဒေါသထွက်လာတယ်။ သူက ရှန်းရင်လမ်းကို ပိတ်ပြန်ကာ ပြောတယ်။ "ဝါအဆင့်ဆိုတာ ဘာလဲကောသိရဲ့လား"

"အဓိပ္ပာယ် ဘယ်နှစ်မျိုးရှိသေးလို့လဲ"

သူက မျက်လွှာချကာ လေးလံတဲ့လေသံနဲ့ ပြောတယ်။ "ဒီလောကမှာ ငါတို့ထဲက တစ်ယောက်ပဲ ရှိလို့ရမယ်"

"..." ရှန်းရင်က ပါးစပ်ကို လက်နဲ့ကာလိုက်တယ်။

အမျိုးသားက သက်ပြင်းချကာ နွေးထွေးစွာ ပြုံးပြန်တယ်။ "ကိစ္စက ငါတို့စွမ်းအားတွေက တူညီလုနီးပါးဖြစ်နေပြီ၊ တကယ်လို့ ငါတို့တကယ်ချကြရင် ဟင်းလင်းပြင်တစ်ခုလုံးအပြင် အထဲက မျက်နှာပြင်တိုင်း ပျက်စီးသွားလိမ့်မယ်၊ ဒါကြောင့် ငါစစ်ဆေးမှုတွေ တသီကြီး ဖန်တီးခဲ့ရတာပဲ၊ ငါက မျှမျှတတ ဒီပြဿနာကို ဖြေရှင်းချင်ခဲ့တာ၊ မင်း စမ်းသပ်မှုတွေကို အောင်မြင်ရင် ငါ ပျောက်ကွယ်သွားဖို့ ဆန္ဒရှိတယ်"

ရှန်းရင်က ခေါင်းကို စောင်းလိုက်တယ်။ "ဆိုလိုတာက... ငါတို့ထဲက တစ်ယောက်ယောက် ပျောက်ကွယ်သွားရမယ်လား"

"မှန်တယ်" သူက ခေါင်းညိတ်လိုက်တယ်။

"နှစ်ယောက်လုံး မပျောက်ကွယ်ခဲ့ရင်..." ရှန်းရင်က တလေးတနက် မေးလာတယ်။ "ငါ့မုန့်ဖိုးတွေ ဖြတ်ခံရမှာလား။

"အယ်" အမျိုးသားက သူ့ကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ သူ မရေမရာ ဖြေလိုက်တယ်။

"အဲလို... မဖြစ်ဘူးလားပဲ"

"အေး... ဒါဆိုရင် ရပါတယ်ဟ" သူမက စိတ်သက်သာရာရသလို သက်ပြင်းချလိုက်တယ်။

"..."

ခဏ။

ဒါကမုန့်ဖိုးနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့များ ရုတ်တရက် အဲဒါကို ပြောလာတာတုံး။

"ငါပြောနေတာကို မင်းနားမလည်ဘူးနေမှာ၊ ဆိုလိုတာက တရားသူကြီးဆိုတာ တစ်ယောက်တည်း"

"ဘယ်သူ ပြောတာတုံး၊ တရားသူကြီးနှစ်ယောက်ရှိရင် ဥပဒေနဲ့မညီဘူးလား" သူ ပြောမပြီးသေးခင်မှာပဲ ရှန်းရင်က စကားဝင်ဖြတ်ပြောလာတယ်။

"ဟိုးအစကတည်းက တရားသူကြီးက နင်ပဲဖြစ်နေတာ၊ ငါလည်း သတိလစ်နေတာကနေ ပြန်နိုးလာတာ အတော်ကြာပြီ၊ ဆိုလိုတာက... ငါတို့ နှစ်ယောက်လုံး တူတူရှိမနေခဲ့တာ မဟုတ်ဘူးလေ၊ ဒီတိုင်း ဆက်နေလို့ မရဘူးလား"

"...." အမျိုးသား ပြန်ပြောစရာမရှိတော့ဘူး။

"ကဲ ခု ငါသွားတော့မယ်" ရှန်းရင်က လှည့်ပြီး သူ့ဘေးကကွေ့ပတ်သွားလိုက်တယ်။

"ခဏလေး" သူက သူမလမ်းကို ထပ်ပိတ်ပြီး လက်မလျှော့။ "ဟင်းလင်းပြင်တစ်ခုထဲမှာ တရားသူကြီးနှစ်ဦးရှိရင် ဘာဖြစ်မယ်ဆိုတာ ငါ မသေချာပေမဲ့... အဲဒီဟာက ဒီနေရာကို ကောင်းတဲ့သက်ရောက်မှု မရှိမှာတော့ သေချာတယ်၊ ဒါကြောင့် ငါတို့..."

"ဒါဆို အဲဒါ တကယ်ဖြစ်လာတဲ့ထိ စောင့်ကြတာပေါ့"

…

အခန်း ၆၉၆ ။ စီရင်ချက်နောက်ကွယ်က အမှန်တရား

"မင်း... မင်း ဘာပြောလိုက်တယ်" ထိုလူက ရှန်းရင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားတယ်။ သူက မယုံကြည်နိုင်သလိုနဲ့ ပြစ်တင်ပြောဆိုလိုက်တော့တယ်။

"တရားသူကြီးတစ်ယောက် ဖြစ်ပြီးတော့ ဒီလိုကိစ္စမျိုးကို မင်း ဘယ်လိုများ ခွင့်ပြုထားနိုင်ရတာလဲ။ အဲဒါက မျက်နှာပြင်အားလုံးကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီလို အဖိုးအခမျိုးကို မင်း ပေးနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ စမ်းသပ်မှုရလဒ်ကို ငါ သဘောမကျခဲ့ပေမဲ့ တရားသူကြီးတစ်ယောက်အနေနဲ့ ဒီလောက်တောင် အသိစိတ်ကင်းမဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက ဒီဟင်းလင်းပြင်ရဲ့ တရားသူကြီး ဖြစ်ဖို့ လုံး၀ မထိုက်တန်ဘူး။ ငါကတောင်"

"ငါ့ရဲ့ တရားသူကြီး အစွမ်းတွေကို လုယူဖို့ ကြံစည်နေတာလား" ရှန်းရင်က မျက်မှောင်ကြုတ်ပြီး သူပြောမဲ့စကားကို ကြားဖြတ်ဖြည့်ပေးလိုက်တယ်။ "ဒါမှမဟုတ် နင် ပြောချင်တာက... တရားမျှတမှု ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ငါ့ကို အခုချက်ချင်း ဒီနေရာမှာတင် သတ်ပစ်ချင်နေတာလား"

"..." ထိုလူက ထိတ်လန့်သွားပြီး မျက်လုံးတွေ ပြူးကျယ်ကာ သူမကို ကြောင်ကြည့်နေမိတယ်။ "မင်း... မင်း ဘာပြောလိုက်တာလဲ"

"နင် ဒီကို စရောက်ကတည်းက ရှိနေခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောနေတာလေ" ရှန်းရင်က ပုံမှန်အတိုင်း အေးအေးဆေးဆေးပဲ ပြုံးနေပေမဲ့ သူမ ပြောလိုက်တဲ့ စကားတိုင်းကတော့ အဓိပ္ပာယ် အပြည့်ပဲ။ "ငါက တရားသူကြီးလို့ ပြောတုန်းက နင် မငြင်းခဲ့ဘူး။ နင်က တရားသူကြီးဆိုတာ တစ်ယောက်ပဲ ရှိရမယ်လို့ပဲ ထပ်ခါတလဲလဲ ပြောနေခဲ့တာ။ ဒါပေမဲ့ ဘာလို့လဲဆိုတာကိုတော့ နင် မပြောနိုင်ခဲ့ဘူး"

"ငါ ခန့်မှန်းကြည့်ရမလား..." သူမက ထိုလူကို ခြေဆုံးခေါင်းဆုံး ဝေ့ကြည့်လိုက်ပြီး ဆက်ပြောတယ်။ "နင် မပြောနိုင်တာ အကြောင်းရင်း နှစ်ခုပဲ ရှိမယ်။ ပထမတစ်ခုက နင် တကယ်ပဲ မသိတာ။ ဒုတိယတစ်ခုကတော့ နင် ပြောပြလို့ မရတာ။ တကယ်လို့ နင် မသိဘူးဆိုရင်တော့ နင် အရင်က ပြောခဲ့တာတွေက အမှန်ပေါ့။ ဒါပေမဲ့ နင်က တရားသူကြီးရာထူးကို နောက်တစ်ယောက်ဆီ လွှဲပေးဖို့အတွက် စမ်းသပ်မှုတွေ အဆင့်ဆင့် လုပ်ထားတဲ့သူဆိုတော့ ဒီလောက်နဲ့တော့ ကောက်ချက်ချမဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ နင် ငါ့ကို ထွက်သွားခွင့် မပေးဘူး... ဆိုတော့ ဒုတိယအချက်ပဲ ဖြစ်ရမယ်။ နင် အကြောင်းရင်းကို ပြောပြလို့ မရတာ"

"..." ထိုလူ့မျက်နှာက စိမ်းဖန့်သွားတော့တယ်။

"ဘာလို့ မပြောနိုင်တာလဲဆိုတာကိုလည်း ငါ ခန့်မှန်းကြည့်မယ်" ရှန်းရင်က သူမရဲ့ အတွေးတွေကို ဆက်ပြောပြနေတယ်။ "နင် အကြောင်းရင်းကို မပြောနိုင်ဘူးဆိုရင် တစ်ခုခုကို ဖုံးကွယ်ထားလို့ပဲ ဖြစ်ရမယ်။ ငါတို့နှစ်ယောက်လုံးက တရားသူကြီးတွေပဲ။ ဟင်းလင်းပြင်ထဲက စီမံခန့်ခွဲသူအားလုံး ပေါင်းတိုက်ရင်တောင် ငါတို့ကို မယှဉ်နိုင်ဘူး။ ဆိုတော့... ငါတို့အတွက် ပြိုင်ဘက်ဆိုလို့ တစ်ယောက်နဲ့တစ်ယောက်ပဲ ရှိတာ။ ဒါကြောင့် နင် ဖုံးကွယ်ထားတဲ့အရာက ငါနဲ့ပဲ သက်ဆိုင်ရမယ် ဒီနေ့မတိုင်ခင်အထိ ငါတို့ တစ်ခါမှ မဆုံဖူးဘူး။ တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးလည်း မရှိဘူး။ နင် ငါ့ကို သတ်ချင်ရတဲ့ တခြားအကြောင်းရင်း မရှိဘူး၊ ငါတို့ရဲ့ တူညီတဲ့ တရားသူကြီးဆိုတဲ့ ရာထူးကြောင့်ပဲ ဖြစ်ရမယ်"

"..." ထိုလူက အကြည့်ကို နှိမ့်ချလိုက်တယ်။

"ဒါကြောင့် ငါကတော့ ဆက်ပြီး ရဲရဲဝံ့ဝံ့ပဲ ခန့်မှန်းလိုက်မယ်" ရှန်းရင်ရဲ့ မျက်နှာထားက အင်မတန် တည်ကြည်သွားတယ်။ သူမက ခပ်တိုးတိုးအသံနဲ့ ပြောလိုက်တယ်။ "တရားသူကြီး တစ်ယောက်ပဲ ရှိရမယ်ဆိုတာ မှန်ကောင်းမှန်နိုင်တယ် ဒါပေမဲ့ အဲဒါကို နင်ပဲ ခံစားသိရှိနိုင်တာ၊ ငါကတော့ လုံး၀ မသိဘူး။ ငါက ရုတ်တရက် သတိမေ့သွားပြီး နိုးလာတော့ တရားသူကြီး ဖြစ်နေတာကို သိလိုက်ရတယ်။ အဲဒီအချိန်မှာပဲ နင်ကလည်း နင်ဟာ တရားသူကြီး မဟုတ်တော့ဘူးဆိုတာကို သိသွားခဲ့တာလား။ ဖြစ်နိုင်တာကတော့... နင်ရဲ့ အစွမ်းတွေအားလုံး ပျောက်ကွယ်သွားတာပဲ"

"ပါးစပ်ပိတ်လိုက်" သူက ရုတ်တရက် သူမကို စိုက်ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်မှာ ထိတ်လန့်မှုတွေ အရိပ်အယောင် ထင်ဟပ်နေတယ်။

ဒါပေမဲ့ ရှန်းရင်ကတော့ ရပ်မသွားဘူး။ သူမက တစ်လုံးချင်းစီ ဖိပြောလိုက်တယ်။ "စမ်းသပ်မှုဆိုတာ အစကတည်းက မရှိခဲ့ဘူး ထင်တယ်။ အစကတည်းက နင်က ငါ့ကို သတ်ဖို့ပဲ စိတ်ကူးထားတာ"

အဲဒါဆိုရင် သူကပဲ တစ်ဦးတည်းသော တရားသူကြီးအဖြစ် ကျန်ရှိနေမှာ မဟုတ်လား။

"ဟမ့်" သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်တယ်။ ဆက်ပြီး ဟန်ဆောင်နေဖို့ မလိုတော့ဘူးဆိုတာ သိသွားတဲ့ပုံပဲ။ ဖြည်းဖြည်းချင်းပဲ သူ့မျက်နှာထားက အမုန်းတရားတွေ ပြည့်နှက်လာတော့တယ်။ "ငါ မင်းကို တကယ် အထင်သေးမိသွားတာပဲ။ မင်း ငါ့ကို ဘယ်အချိန်ကတည်းက စပြီး သံသယဝင်နေတာလဲ"

ရှန်းရင်က အကြည့်ကို နှိမ့်ချလိုက်တယ်။ "နင် ငါ့လူတွေကို သတ်ဖို့ ကြိုးစားခဲ့တဲ့ အချိန်ကတည်းကပဲ"

သူက သူ့ရည်ရွယ်ချက်ကို တကယ် ဖုံးကွယ်ထားနိုင်ခဲ့တာပါ။ သူ့ရဲ့ တစ်ခုတည်းသော မှားယွင်းမှုကတော့ ဖေဖေနျို နဲ့ စားဖိုမှူး အပေါ်ထားတဲ့ သတ်ဖြတ်လိုတဲ့ စိတ်ကို မဖုံးကွယ်နိုင်ခဲ့တာပဲ။ အဲဒီနောက်မှာတော့ ရှန်းရင်အနေနဲ့ သံသယမဝင်ဖို့ဆိုတာ ခက်ခဲသွားပြီ။

ထိုလူက သူမကို ကြောင်ကြည့်နေမိတယ်။ "ဆိုတော့... မင်း အစကတည်းက သိနေခဲ့တာပေါ့" သူ မျက်လုံးတွေကို မှိတ်လိုက်တယ်။ ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထွက်ပေါ်လာတဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေကို မဖုံးကွယ်ထားတော့ဘူး။

"ဒါဆိုရင် အခု... ငါတို့ တိုက်ခိုက်ကြမလား။ လာစမ်းပါ၊ ငါနဲ့ တစ်ပွဲလောက် တိုက်ကြည့်ရအောင်"

မျက်နှာပြင်အားလုံးကို အရင်းပြုပြီးတော့ပေါ့။

"မတိုက်ဘူး" ရှန်းရင်က သူ့ကို လူအတစ်ယောက်လို ကြည့်လိုက်တယ်။ "ငါက ဘာလို့ နင်နဲ့ တိုက်ရမှာလဲ"

"မင်းက တစ်ဦးတည်းသော တရားသူကြီး မဖြစ်ချင်ဘူးလား" သူက ရွဲ့ပြောလိုက်တယ်။ "တကယ်လို့ မင်း အခု ငါ့ကို အနိုင်မတိုက်ထားရင် တစ်နေ့မှာ ငါ ပြန်လာသတ်မှာကို မင်း မကြောက်ဘူးလား"

"နင်ရဲ့ အစွမ်းတွေက တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်နေတာပဲ။ ငါက ဘာလို့ နင်ကို ကြောက်ရမှာလဲ"

အချိန်ကြာလာလေလေ၊ သူမအတွက်ပဲ အသာစီးရလေလေ ဖြစ်မှာပါ။ သူက အစကတည်းက သူမကို ယှဉ်နိုင်ခဲ့တာ မဟုတ်ဘူး။

"နင်..." ထိုလူက ပိုပြီး ဒေါသထွက်လာပေမဲ့ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။

"နင်က ငါ့ကို အတင်း တိုက်ခိုက်ခိုင်းနေတာပဲ။ ငါ သဘောတူမှပဲ နင့်နေရာကို ငါ အစားထိုးတာကို တားဆီးနိုင်မှာမို့လို့လား" ရှန်းရင်က သူ့ကို ထွင်းဖောက်မြင်သွားသလိုမျိုး လှောင်ရယ်လိုက်တယ်။

"စိတ်မကောင်းပါဘူး... ငါက နင်နဲ့ လုံး၀ ပူးပေါင်းဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး"

သူမ စကားဆုံးတာနဲ့ လှည့်ထွက်သွားတော့တယ်။ ဒီနေ့ အချိန်တော်တော် လွန်သွားပြီ။ စားဖိုမှူး ဟင်းချက်နေပြီလားလို့တောင် သူမ တွေးနေမိပြီ၊ ဗိုက်လည်း တော်တော် ဆာနေပြီလေ။

"ရပ်လိုက်စမ်း" ထိုလူက အကြီးအကျယ် ဒေါသထွက်သွားတယ်။ သူက လက်လှမ်းပြီး ရှန်းရင်ကို ဆွဲထားဖို့ ကြိုးစားလိုက်တယ်။ ရှန်းရင် ခန့်မှန်းတာ မှန်ပါတယ်။ သူ့ရဲ့ အစွမ်းတွေက ဆုတ်ယုတ်နေပြီ။ တစ်နည်းအားဖြင့် ပြောရရင် ဒီနေ့သာ သူမကို မသတ်နိုင်ရင် သူ နောက်ထပ် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။ ဟင်းလင်းပြင်ထဲမှာလည်း မျက်နှာပြင်တွေ အများကြီးရှိတာ။ တကယ်လို့ သူမက သူ့ကို မတွေ့ချင်တော့ဘူးဆိုရင် သူ့အစွမ်းတွေ လုံး၀ မပျောက်ကွယ်ခင်အထိ သူမကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒါက သူ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ တရားသူကြီးရာထူးကို ပြန်ရဖို့အတွက် နောက်ဆုံးအခွင့်အရေးပဲ။

သူ့မျက်နှာထားက ခက်ထန်သွားတယ်။ ရှန်းရင်ကို ဒီရာထူးကနေ စွန့်လွှတ်ဖို့ နားချလို့ မရတဲ့အဆုံးမှာတော့ သူမကို ခြိမ်းခြောက်ဖို့ တခြားနည်းလမ်းကို တွေးလိုက်တော့တယ်။

"ငါက တာအို အဖွဲ့အစည်း ရှိနေတာကို ခွင့်လွှတ်ပေးထားနိုင်တယ်။ ဒါပေမဲ့ မင်းသာ ထွက်သွားရင် တခြားမျက်နှာပြင်တွေကို ငါ တိုက်ခိုက်မှာကို မင်း မကြောက်ဘူးလား"

"..." ဘယ်သူဂရုစိုက်မှာလဲ။ ရှန်းရင်က လှည့်တောင်မကြည့်ဘူး။ သူမအတွက် အစားအသောက် ရဖို့က ပိုအရေးကြီးတယ်လေ။

"မမေ့နဲ့ဦး... မင်းမှာ မင်းအရမ်းချစ်ရတဲ့ လက်ထောက်နှစ်ယောက် ရှိသေးတယ်လေ။ မင်းကတော့ လွယ်လွယ်နဲ့ ထွက်သွားနိုင်ပေမဲ့ သူတို့နှစ်ယောက်အတွက် သူတို့ရဲ့ မျက်နှာပြင်ကို ကာကွယ်ဖို့ဆိုတာ မလွယ်ဘူးနော်"

"..." ရှန်းရင်ရဲ့ ခြေလှမ်းတွေ နှေးသွားတယ်။

"အော်... ဟုတ်သားပဲ" သူ့အကြံအောင်မြင်နေတာ မြင်တော့ ထိုလူ့ရင်ထဲမှာ ဝမ်းသာသွားတယ်။ သူက ဆက်ပြီး ခြိမ်းခြောက်လိုက်တယ်။ "အဆင့်မြင့်မျက်နှာပြင်မှာ စီမံခန့်ခွဲသူဖြစ်နေတဲ့ မင်းရဲ့ အစ်မတစ်ယောက်လည်း ရှိသေးတယ် မဟုတ်လား။ ငါက သူ့ဆီကနေပဲ အရင် စလိုက်ရမလား"

ရှန်းရင် ခြေလှမ်းတွေ လုံး၀ ရပ်သွားတယ်။ ဒါပေမဲ့ သူမ လှည့်မကြည့်ဘူး။ သူမလက်ထဲက သစ်သီးကို တင်းတင်းဆုပ်လိုက်တာ ချက်ချင်းပဲ အမှုန့်ဖြစ်သွားတော့တယ်။ သစ်သီးရည်တွေက သူမလက်ချောင်းတွေကြားကနေ စီးကျလာရင်း အေးစက်စက် အသံနဲ့ ပြောလိုက်တယ်။

"နောက်တစ်ခေါက် ပြန်ပြောကြည့်ဦး" နင် ဘယ်သူ့ကို သွားတိုက်ခိုက်မှာလဲ။

ထိုလူက ပိုပြီး ယုတ်မာတဲ့ အပြုံးမျိုး ပြုံးလိုက်တယ်။

"ငါ မှတ်မိသလောက်တော့ သူ့ရဲ့ မျက်နှာပြင်က ဒီနဲ့ သိပ်မဝေးဘူး။ အဲဒီစီမံခန့်ခွဲသူက ငါ့လက်အောက်မှာ ဘယ်လောက်တောင် ကြာကြာခံနိုင်မလဲဆိုတာ ငါ သိချင်မိသား"

ရှပ်...

သူ စကားမဆုံးခင်မှာပဲ သူ့ပတ်ပတ်လည်မှာ နီရဲတဲ့ အလင်းတန်းတွေ ဖြာထွက်လာတယ်။ ချက်ချင်းဆိုသလိုပဲ သူတို့ပတ်ပတ်လည်မှာ အလင်းဖောက်မြင်နိုင်တဲ့ အနီရောင် နံရံလေးခု ပေါ်လာပြီး သူတို့ကို အနီရောင် သေတ္တာကြီးတစ်ခုလို ပိတ်လှောင်လိုက်တော့တယ်။

ထိုလူက နံရံတွေကို သတိထားပြီး ကြည့်လိုက်တယ်။ "ချုပ်နှောင်တံဆိပ်လား" ဒါပေမဲ့ ဒီလို တံဆိပ်မျိုးကို သူ တစ်ခါမှ မမြင်ဖူးဘူး။

ရှန်းရင်က ဖြည်းဖြည်းချင်း လှည့်လာတယ်။ သူမရဲ့ ပေါ့ပေါ့ပါးပါး မျက်နှာထားက အခုတော့ ခက်ထန်မာကြောနေပြီ။ သူမရဲ့ အကြည့်တွေက အရမ်းကို အေးစက်လွန်းလို့ သူ့အရိုးထဲအထိ စိမ့်တက်သွားစေတယ်။ သူမကို ကြည့်ရုံနဲ့တင် အေးခဲပြီး သေသွားနိုင်သလိုပဲ။ သူမပတ်ပတ်လည်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတွေ ရှိနေပြီး သူ့ဆီကို တရစပ် တိုးဝင်လာနေတယ်။ ရုတ်တရက် အဲဒီအရှိန်အဝါတွေက သေတ္တာတစ်ခုလုံးမှာ ပြည့်သွားတော့တယ်။ ဒေါသနဲ့ သတ်ဖြတ်လိုတဲ့ စိတ်တွေက သေတ္တာထဲက သက်ရှိမှန်သမျှကို သတ်ပစ်တော့မဲ့အတိုင်းပဲ။ တရားသူကြီးဖြစ်ရမဲ့ ထိုလူတောင်မှ ထိတ်လန့်သွားပြီး အလိုအလျောက် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိတယ်။

အဲဒီအချိန်မှာပဲ ရှန်းရင်ရဲ့ အော်ဟစ်သံကို သူ ကြားလိုက်ရတယ်။

"ငါ့အစ်မရဲ့ ဆံပင်တစ်မျှင်ကိုတောင် ထိကြည့်ရဲရင် ကြည့်လိုက်စမ်း"

"..."

ထိုလူ တုန်လှုပ်သွားတယ်။ ခဏအကြာမှာတော့ စိတ်လှုပ်ရှားမှုတွေက သူ့ကို လွှမ်းမြိုးသွားတယ်။ သူက အကျယ်ကြီး ရယ်မောလိုက်တော့တယ်။

"ဟားဟားဟား... ဟုတ်ပြီ။ အခုတော့ မင်းမှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ ငါနဲ့ တိုက်စမ်း" သူက တရားသူကြီးတစ်ယောက်အနေနဲ့ ရှိသမျှ အစွမ်းတွေကို စုစည်းလိုက်တယ်။ "မဟုတ်ရင် ငါ မင်းရဲ့အစ်မကို သတ်... ဖူး"

သူ စကားမဆုံးခင်မှာပဲ ရင်ဘတ်ထဲက စူးအောင့်တဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။ အနည်းဆုံး ခြေလှမ်း ဆယ်လှမ်းလောက် ဝေးတဲ့နေရာမှာ ရှိနေတဲ့ ရှန်းရင်က ရုတ်တရက် သူ့မျက်စိရှေ့ကို ရောက်လာတယ်။ သူမက သူ့ရင်ဘတ်တည့်တည့်ကို အားပြင်းပြင်းနဲ့ ထိုးချလိုက်တာပဲ။

သူ့တစ်ကိုယ်လုံးမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။ သူမရဲ့ ကြောက်စရာကောင်းတဲ့ အစွမ်းတွေက သူ့အရိုးတွေကို ချေဖျက်ပစ်တော့မဲ့အတိုင်းပဲ။ ရှန်းရင်ရဲ့ တစ်ချက်တည်းသော ထိုးချက်ကြောင့် သူ့ရဲ့ ကိုယ်ပိုင်အစွမ်းတွေတောင်မှ တုန်လှုပ်သွားပြီး ခန္ဓာကိုယ်ထဲကနေ စီးထွက်သွားတော့မလို ခံစားလိုက်ရတော့တယ်။

…

All Chapters