← Chapters

အခန်း (၁၃၀)

Vol. 13 Ch. 130

အခန်း (၁၃၀)

Vol. 13 Ch. 130

အခန်း(130)

သူမ၏သားဖြစ်သူက တစ်ဦးတည်းသောသားဖြစ်သောကြောင့်ည ကျေးလက်ဒေသဆင်းရမည့် အုပ်စုထဲတွင် မပါဝင်သည့်အပြင် အသက်မှာလည်း (14)နှစ်သာ ရှိသေးသည့်အတွက် သတ်မှတ်ချက်များနှင့် မကိုက်ညီပါချေ။

သို့ဖြစ်၍ ကျေးလက်ဒေသသို့ဆင်းရန်မှာ သူမတို့၏အလှည့်သိုရောက်လာမည် မဟုတ်ပေ။

ဤအကြောင်းကို တွေးမိလိုက်ပြီးနောက် ကွမ်းရှောင်ထင်း၏ စိတ်အခြေအနေတို့က ကြည်လင်ရွှင်လန်းသွားရပြီး ပျော်ရွှင်စွာဖြင့် ရေနွေးကြမ်းဗန်းကိုသယ်ကာ ဧည့်ခံရန်ပြင်ဆင်လေတော့သည်။

ဧည့်ခန်းထဲတွင်တော့ လော်ယွီရှို့သည်က ကျန်းကျိ၏ ဘိုးဘေးဘီဘင် မျိုးဆက်များအထိ အကုန်အစင် စုံစမ်းမေးမြန်းပြီးနေခဲ့ပြီ ဖြစ်၏။

ထိုလူငယ်လေးမှာ မိသားစုနောက်ခံကောင်းမွန်ပြီး စုဝေ့ဖင်းအပေါ်တွင်လည်း အလေးအနက်ထားကြောင်း အတည်ပြုပြီးနောက်တွင် လော်ယွီရှို့၏ သူ့ကို ကြည့်သည့်အကြည့်များမှာ နူးညံ့သိမ်မွေ့လာခဲ့သည်။

ကျန်းကျိတစ်ယောက် သူ၏လက်ဖြင့် နဖူးမှချွေးများကို တိတ်တဆိတ် သုတ်လိုက်ရ၏။

သူ၏ယောက္ခမမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းပေသည်။

သူတို့တပ်ရင်းမှ စကားအလွန်များသော နိုင်ငံရေးအရာရှိထက်ပင် ကိုင်တွယ်ရ ပိုခက်ခဲသေး၏။

အဆုံးတွင် သူသည်က နိုင်ငံရေးအရာရှိနှင့်ဆိုလျှင် တစ်ခါတစ်ရံ စားပွဲကို ထု၍ ငြင်းခုံနိုင်သော်လည်း ယောက္ခမဖြစ်သူနှင့်တော့ စားပွဲကို ထုရိုက်နိုင်ခြင်းမရှိပါချေ။

“ရေနွေးကြမ်း သောက်ကြပါဦး”

ကွမ်းရှောင်ထင်းသည် ဧည့်ခန်းထဲသို့ ဝင်လာပြီးနောက် ကြင်နာတတ်ပြီး အလိုက်သိသော မရီးကွမ်းအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

သူမက ရေနွေးကြမ်းကို တည်ခင်းပေးရင်း အပြုံးနှင့်ပြောလိုက်၏

“ရေနွေးတွေနဲ့တင် ဗိုက်မပြည့်သွားစေနဲ့ဦးနော်.. ဒီနေ့ အိမ်မှာ စားသောက်ပွဲကြီး ပြင်ထားတာဆိုတော့ အကုန်လုံးကိုမစားနိုင်မှာ စိုးရတယ်”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အမျိုးသား သုံးဦးအနက် အသွက်ဆုံးဖြစ်သော ကျန်းကျူးပင်းက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။

“ငါတို့က လူတွေ အများကြီးရှိနေတာပဲလေ၊ ဘယ်လိုလုပ် အကုန်မစားနိုင်ဘဲနေမှာလဲ”

သူက စကားပြောရင်း ကျန်းကျိ၏ ကျောကို ပုတ်လိုက်သည်။

“ငါ့ကို မယုံရင်တောင် ဒီကျန်းကျိရဲ့ စားသောက်နိုင်စွမ်းကိုတော့ မယုံလို့ မရဘူးနော်”

သူမကတော့ လုံးဝ မယုံပါချေ။

လော်ယွီရှို့တစ်ယောက် စိတ်မအေးဖြစ်နေပြီး လီရှန်း၏အနားသို့ တိုးကာ ခပ်တိုးတိုး ပြောလာ၏။

“သူက အရမ်းပိန်လွန်းတယ်”

သူ၏ခါးက သူမ၏ ပေါင်တစ်ဖက်စာလောက်သာ ရှိလောက်သည်ပင်။

“ပိန်ပေမယ့် သန်မာပါတယ်အမေ၊ ရဲဘော်ကျန်းက ဒီအသက်အရွယ်နဲ့ ဒုတပ်ရင်းမှူး ဖြစ်လာတယ်ဆိုတာက သူ့မှာ ထူးချွန်တဲ့ အချက်တွေ ရှိလို့နေပဲလေ

ဒါ့အပြင် ဒီနေရာက အတော်လေး ဝေးလံပြီး ပစ္စည်းတွေကဘည်း အချိန်မှန်မှန်မရောက်တတ်ဘူးမလား

ငါးတွေ အသားတွေက ပရိုတင်းဓာတ် ကြွယ်ဝပေမဲ့ အဆီဓာတ်ကတော့ သိပ်မရှိဘူး၊ ဒါကြောင့် ကိုယ်အလေးချိန် မတက်တာက ပုံမှန်ပါပဲ

ပြီးတော့ သူကတို့က နေ့တိုင်း နေပူမိုးရွာထဲမှာ လေ့ကျင့်နေရတာလေ၊ ကျွန်မ ဒုတိယဦးလေးကို ကြည့်ပါဦး၊ သူလည်း မဝဘူး”

လီရှန်း၏ အကြံပေးစကားကို ကြားပြီးနောက် လော်ယွီရှို့က ကျန်းကျူးပင်းကို မသိမသာ အကဲခတ်လိုက်သည်။

လက်ရှိ ရေတပ်ဝတ်စုံများမှာ (65)အမျိုးအစားဖြစ်ပြီး အလွန်ပွ၍ ရိုးရှင်းသော မီးခိုးရောင် ဝတ်စုံများ ဖြစ်ကြ၏။ အမျိုးသားနှင့် အမျိုးသမီးနှစ်ဖွဲ့လုံးအတွက် ဆင်တူဝတ်စုံများသာ ဖြစ်ကာ ကိုယ်ခန္ဓာအချိုးအစားကို ဖုံးကွယ်ထားပေသည်။

ယခုအချိန်တွင် သူတို့အားလုံးမှာ အပေါ်အင်္ကျီများကို ချွတ်ထားကြပြီး အတွင်းမှ ဝတ်ဆင်ထားသော ရှပ်အင်္ကျီအဖြူများသာ ကျန်ရှိတော့သည်။

ခါးတွင်လည်း ခါးပတ်များကို ပတ်ထားကြသည့်အတိက် သူတို့အားလုံးမှာ အမှန်တကယ်ပင် ခါးသေးသွယ်ကြောင်း တွေ့မြင်နိုင်သည်။

သူမ၏သား စုဝေ့ယန်ပင်လျှင် ထိုနည်းအတိုင်း ဖြစ်နေခဲ့သည်။

စုဝေ့ယန်သည်ကား ဆွေမျိုးများထံသို့ လာလည်သည့်အချိန်တွင် အမြဲတစေ ဆောင်းရာသီတွင်သာ လာလေ့ရှိကြောင်း လော်ယွီရှို့ ပြန်လည်သတိရမိလေ၏။

နင်ပြည်နယ်၏ ဆောင်းရာသီမှာ အလွန်အေးစက်လွန်းသောကြောင့် အိပ်ရာထသည်နှင့် ထူထဲသော ဂွမ်းကပ်အင်္ကျီကြီးကို ဝတ်ထားရပေသည်။

စုဝေ့ယန်မှာ အရပ်ရှည်ပြီး ပခုံးကျယ်သူဖြစ်၍ ထိုအင်္ကျီကြီးကို ဝတ်ထားသည့်အချိန်မျိုးတွင် အလွန်ပင် သန်မာထွားကြိုင်းသကဲ့သို့ထင်ရလေ၏။

ထို့ကြောင့် စုဝေ့ယန်က ဤမျှအထိ ပိန်လိမ့်မည်ဟု သူမ အမှန်တကယ်ပင် ထင်မှတ်မထားခဲ့ပါချေ။

“ဟင်း.. ဝေ့ယန်ကလည်း အများကြီး ပိုစားဖို့ လိုတယ်.. နေ့တိုင်း လေ့ကျင့်ရတာ ပင်ပန်းလွန်းမှာပဲ”

လော်ယွီရှို့မှာ သားဖြစ်သူအတွက် အနည်းငယ် စိတ်မကောင်း ဖြစ်နေခဲ့ရသည်။

ထိုစကားကို ကြားလျှင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျန်းဝမ်ကျန့်မှာ ဝင်မပြောဘဲ မနေနိုင်တော့ပါချေ။

“ဝေ့ယန်က နေ့တိုင်း ထမင်း သုံးပန်းကန် စားပါတယ်၊ ကျွန်မလည်း သူ့အတွက် အသားတွေကို ခရိုင်မြို့ထဲအထိ သွားပြီးဝယ်ပေးပါတယ် အမေ”

သူတို့သည်က စုဝေ့ယန်၏ စားနပ်ရိက္ခာကို လုံးဝ ချွေတာခြင်း မရှိပါချေ။

သူမ၏ ခင်ပွန်းဖြစ်သူက အလွန်ပိန်လွန်းနေသောကြောင့် ယောက္ခမဖြစ်သူက သူမကို အပြစ်တင်မည်ကို သူမ မလိုလားပါချေ။

သူမသည်က စကားနည်းသူ ဖြစ်သော်လည်း မသိနားလည်သူမျိုး မဟုတ်သောကြောင့် သူမ၏ ယောက္ခမဖြစ်သူက သူမကို အမှန်တကယ် မနှစ်သက်ခဲ့ကြောင်း သူမ သိရှိသည်။

သူမ၏ အတိတ်ဘဝတွင် သူမက အတော်လေး အတ္တကြီးလွန်းခဲ့ပြီး သူမ၏ဘဝကိုသာ ဂရုစိုက်ကာ စုဝေ့ယန်ကို ထည့်မတွက်ခဲ့ပါချေ။

သို့သော် ယခုဘဝတွင်တော့ သူမက စုဝေ့ယန်ကို သေသေချာချာ ပြုစုစောင့်ရှောက်ခဲ့ကြောင်းကို ယုံကြည်မှုအပြည့်ဖြင့် ပြောနိုင်နေခဲ့ပြီ။

ကျန်းဝမ်ကျန့်၏ လေသံက အနည်းငယ်ဝမ်းနည်းနေပုံရလေ၏။

လော်ယွီရှို့တစ်ယောက် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“ငါ စိတ်ဆိုးနေတာ မဟုတ်ပါဘူး” ဟု

ဘာလို့ အလျင်စလို ရှင်းပြနေရတာလဲ။ ဒါက သူ့ကိုယ်သူ အပြစ်ရှိလို့ရှင်းပြနေသလိုမျိုး ထင်ရတယ်လေ။

ကျန်းဝမ်ကျန့်တစ်ယောက် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းငုံ့၍ တိတ်ဆိတ်သွားခဲ့ပေ၏။

လီရှန်းတစ်ယောက် ဘယ်ဘက်မှ လော်ယွီရှို့နှင့် ညာဘက်မှ ကျန်းဝမ်ကျန့်တို့ကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက် သူမ၏ ယောက္ခမက ဒုတိယယောက်မအပေါ် အဘယ်ကြောင့် ဤမျှအထိ လက်လျှော့ထားရသည်ကို ရုတ်တရက် နားလည်သွားတော့သည်။

လွတ်ခနဲ ပြောလိုက်သော စကားကိုပင် အလေးအနက်ထားတတ်သည့် ကျန်းဝမ်ကျန့်၏ စရိုက်နှင့် စကားများများပြောတတ်သော လော်ယွီရှို့တို့က အမှန်တကယ် ဆက်ဆံရ ခက်ခဲနေလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့် ပုံမှန်အားဖြင့် တိတ်ဆိတ်သော်လည်း ပြောသမျှ စကားတိုင်းက လေးနက်နေသည့် စုဝေ့ယန်မှာတော့ ကျန်းဝမ်ကျန့်နှင့် လိုက်ဖက်နေခဲ့သည်။

လော်ယွီရှို့ သက်ပြင်းချလိုက်သည်ကို မြင်လျှင် ကျန်းဝမ်ကျန့်က ပို၍ပင် စိတ်ဓာတ်ကျသွားရသည်။

သူမ၏ ယောက္ခမက သူမကို မနှစ်သက်ကြောင်း ထပာမံသိလိုက်ရပြန်ပြီ။

ရေနွေးများကို တည်ခင်းပြီးနောက် လူတိုင်းက အခြေအနေများကို နားလည်သွားကြပြီဖြစ်၍ ကွမ်းရှောင်ထင်းက လီရှန်းကို ဟင်းပွဲများ သယ်ရန် ဆွဲခေါ်သွားတော့သည်။

ပထမဆုံး ငါးဟင်း ရောက်လာပြီးနောက် အသားဟင်းများက ထပာမံ၍ ရောက်လာခဲ့၏။

စားပွဲတစ်ခုလုံးရှိ ဟင်းပွဲများတွင် မုန်လာဥအနည်းငယ်မှလွဲ၍ အစိမ်းရောင် ဟင်းသီးဟင်းရွက်ဟူ၍ မပါရှိပါချေ။

“ဒီနေ့တော့ စိတ်ကြိုက် စားရမယ်၊ ဟင်းတွေ ကျန်ခဲ့တာမျိုးကို ကျွန်မ ခွင့်မပြုထားဘူး”

ကွမ်းရှောင်ထင်းက အားလုံးကို စားပွဲတွင် ဝင်ထိုင်ရန် တိုက်တွန်းလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါက အများကြီး စားမှာ”

ကျန်းကျူးပင်းက ပုံမှမ်အတိုင်းကဲ့သို့ တက်ကြွနေဆဲ ဖြစ်လေ၏။ တစ်ဖက်တွင်တော့ စုဝေ့ယန်က ကျန်းကျူးပင်းကို အားကျစွာ ကြည့်နေခဲ့ရ၏။

သူသည်လည်း သူ၏ဇနီးကို အားပေးကူညီချင်သော်လည်း စကားပြောဆိုနိုင်သည့်စွမ်းရည်က အားနည်းလွန်းသည်။

သူ စကားပြောရန် ပြင်လိုက်သည့်အချိန်တိုင်းတွင် ကျန်းဝမ်ကျန့်က တခြားအလုပ်များကု သွားလုပ်နေတတ်သည်။

စကားပြောရန်အတွက်ပင် အလွန်ပင် ခက်ခဲလေ၏။

စုဝေ့ယန် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်မိ၏။

ကျန်းကျိသည်လည်း သူ့၏ဇနီးလောင်းကို ကူညီချင်သော်လည်း ယောက္ခမဖြစ်သူ ရှိနေသောကြောင့် အလွန်အကျွံ သွက်လက်နေ၍ မရဘဲ တည်ငြိမ်စွာ ရှိနေရလေသည်။

“ဝေ့ယန် ၊ မင်း အများကြီး ပိုစားရမယ်နော်၊ မင်းက အရမ်းပိန်လွန်းတယ်”

စုဝေ့ယန်သည် မိခင်ဖြစ်သူ၏ ဂရုစိုက်မှုကို တိတ်တဆိတ်ပင် လက်ခံလိုက်၏။ သူ၏ တတိယခယ်မ ပြောခဲ့သော စကားများမှာ အသံမတိုးသောကြောင့် အနီးတွင် ရပ်နေသော သူသည်လည်း ကြားခဲ့ရသည်။

သူ၏ တတိယခယ်မပြောသည့်စကားက မှန်ကန်သည်ဟု သူ ထင်မြင်မိ၏။

“ပိန်ပေမယ့် သန်မာပြီး အရည်အချင်းရှိကြတာပဲလေ”

သူတို့အားလုံးက မည်သည့် မုန်တိုင်းကိုမဆို ရင်ဆိုင်နိုင်သည့် သန်မာသော စစ်သားများ ဖြစ်လေသည်။

ထို့အပြင် သူတို့က လုံးဝ ပိန်နေခြင်း မဟုတ်ပါချေ။ အချိုးအစား ပြည့်စုံလှပသော ကိုယ်ခန္ဓာပိုင်ရှင်များသာ ဖြစ်ကြပေ၏။

မိခင်များက သားသမီးများကိုထင်မြင်တတ်သော ပိန်ခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

နေ့လယ်စာ စားသောက်ပွဲက အလွန်ပင် အောင်မြင်ခဲ့သည်။ အထူးသဖြင့် လော်ယွီရှို့မှာ သူမ၏သားနှင့် အနာဂတ်သားမက်တို့ ပိန်လွန်းသည်ဟု သတိထားမိပုံရပြီး သူတို့၏ ပန်းကန်များထဲသို့ ဟင်းများကို အဆက်မပြတ် ထည့်ပေးနေခဲ့၏။

လီရှန်းသည်လည်း အတော်လေး ဂရုစိုက်ခံခဲ့ရကာ သူတို့ သုံးဦးလုံးမှာ ဗိုက်အလွန်ပင် ပြည့်သွားခဲ့ကြရသည်။

လီရှန်းတစ်ယောက် ထိုနေရာတွင် ထိုင်နေရင်း လုံးဝ မလှုပ်ချင်တော့ပါချေ။

မစ်ရှင်ကမ္ဘာတွင် ပင်လယ်စာများက မည်မျှ ဈေးကြီးကြောင်းကို စဉ်းစားကြည့်လျှင် သူမကဲ့သို့ ဆင်းရဲသူတစ်ဦးအတွက်တော့ ကြည့်ရုံမျှဖြင့်ပင် ငွေကြေးဆုံးရှုံးသကဲ့သို့ ခံစားရပေလိမ့်မည်။

ယခုတွင်တော့ သူမက အမှန်တကယ်ပင် ဗိုက်ပြည့်အောင် စားနိုင်ခဲ့ပြီဖြစ်၍ အံ့ဩစရာ ကောင်းလွန်းပေ၏။

နေ့လယ်စာ စားပြီးနောက် လော်ယွီရှို့က အနားယူရန်အတွက် စုဝေ့ယန်တို့ ဇနီးမောင်နှံနှင့်အတူ လိုက်သွားခဲ့ပြီး လီရှန်းမှာတော့ ကျန်းကျူးပင်း၏ အိမ်တွင်ပင် ကျန်ရစ်ခဲ့၏။

ကျန်းမိသားစုက လူနည်းသော်လည်း အခန်းများစွာ ရှိနေခဲ့သည်။ အသစ်သန့်ရှင်းထားသော အခန်းများမှာလည်း ကျယ်ဝန်းလွန်းပြီးအလင်းရောင်ကောင်းကောင်းရသောကြောင့် စုဝေ့ယန် နေထိုင်သော ထုန်ဇီလော်ဝန်ထမ်းအိမ်ရာထက် များစွာ ပိုမိုကောင်းမွန်ပေသည်။

လော်ယွီရှို့သည်ကား စုဝေ့ဖင်းနှင့် အခန်းတစ်ခန်းတည်း အတူမျှဝေနေထိုင်ရပေလိမ့်မည်။

ထို့ကြောင့် သူတို့ မရောက်ရှိမီကတည့်က လီရှန်းကို ကျန်းမိသားစုအိမ်တွင် ထားရှိရန် စုဝေ့ယန်က ကျန်းကျူးပင်းနှင့် ဆွေးနွေးထားခဲ့ခြင်း ဖြစ်၏။

သို့မဟုတ်ပါက သူတို့က ယာယီဧည့်ဂေဟာတွင် တည်းခိုကြရပေလိမ့်မည်။

အမျိုးသားများက နေ့လယ်ပိုင်းတွင် အလုပ်သို့ ပြန်သွားကြလေ၏။

ကွမ်းရှောင်ထင်းက လီရှန်း ရေချိုးနိုင်ရန်အတွက် ရေနွေး တည်ပေးနေခဲ့ပေသည်။ သူတို့၏မိသားစုတွင် မီးဖိုကြီး ရှိသော်လည်း ထင်းက ရှားပါးသဖြင့် ပုံမှန်အားဖြင့် ကျောက်မီးသွေးခဲများကိုသာ အသုံးပြုကြပေသည်။

*

All Chapters