← Chapters

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း(134)

လီရှန်းက စုဝေ့ဖင်း၏ ဘေးသို့ ပြေးလာခဲ့သောကြောင့် အနည်းငယ် မောဟိုက်နေခဲ့သည်။

“ဒီနေရာက နွေရာသီကျမှ လာလည်လို့ ကောင်းမှာပဲ”

“အမှန်ပဲ၊ ဒါပေမဲ့ နွေရာသီကျတော့လည်း နေရောင်ခြည်က နည်းနည်း ပြင်းလွန်းတယ်၊ အသားညိုလွယ်တယ်လေ၊ ဟင်း ...”

စုဝေ့ဖင်းမှာ အတော်လေး စိတ်ပျက်နေပုံရပေ၏။ သူမ၏ အတိတ်ဘဝကို ပြန်တွေးမိလျှင် နေရောင်ခြည်မရှိသည့် အချိန်၌ပင် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို နေလောင်ကာခရမ်များ လိမ်းလေ့ရှိသည်။

ယခုတွင်တော့ နေရောင်အောက်တွင် ဤအတိုင်း နေရသည်ဖြစ်၍ သူမအတွက် အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလွန်းသည်။

သူမက ဘေးနားရှိ တတိယယောက်မကို ကြည့်ကာ မမေးဘဲ မနေနိုင်တော့ပါချေ။

“တတိယယောက်မ... နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးပြီး အသားမမည်းအောင် ခန္ဓာကိုယ်မှာ လိမ်းလို့ရတဲ့ ခရမ်လိုမျိုး ပစ္စည်းတစ်ခုခု ရှိနိုင်မလား”

လီရှန်းအနေဖြင့် စုဝေ့ဖင်း ပြောချင်သည်ကို ချက်ချင်းပင် သိရှိလိုက်ပေသည်။

သို့သော် သူမက စုဝေ့ဖင်းကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားသည့်အမူအရာကို လုပာဆောင်လိုက်၏။

“သဘောတရားအရတော့ အဲဒီခရမ်က အရေပြားပေါ်မှာ အလွှာပါးလေးတစ်ခု ဖြစ်ပေါ်လာပြီး အဲဒီအလွှာက ခရမ်းလွန်ရောင်ခြည်ကို တားဆီးပေးနိုင်မယ်ဆိုရင်တော့ ဒီလိုအကျိုးသက်ရောက်မှုမျိုး ရနိုင်တယ်”

စုဝေ့ဖင်း၏ မျက်ဝန်းများက ချက်ချင်းပင် ဝင်းလက်သွားပြီး ကြက်ပေါက်လေး ဆန်စေ့ကောက်သကဲ့သို့ ခေါင်းကို တတွတ်တွတ်ငြိမ့်လိုက်၏။

“ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါမျိုးပဲ၊ ယောက်မလုပ်ပေးလို့ ရမလား”

“မရဘူး”

လီရှန်းက တိုက်ရိုက်ပင် ခေါင်းခါပြလိုက်ပေသည်။

“ဩစတြေးလျမှာတော့ ဒီလို နေလောင်ကာကွယ်တဲ့ ပစ္စည်းမျိုးတွေ ရှိနေပြီဆိုပေမဲ့ ငါတို့ဆီမှာတော့ အဲဒီလို သုတေသနမျိုးတွေ မလုပ်နိုင်သေးဘူးလေ နောက်ပြီးအခြေအနေကလည်း ..”

လီရှန်းက စုဝေ့ဖင်းကို အားနာသကဲ့သို့ ပြုံးပြလိုက်လေ၏။

စုဝေ့ဖင်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှည် တစ်ချက် ချလိုက်မိတော့သည်။

မှန်ပေသည်။ နေလောင်ကာခရမ်များ ရှိနေပြီဆိုလျှင်ပင် တရုတ်နိုင်ငံထဲသို့ တင်သွင်းနိုင်ခြင်း မရှိသေးပါချေ။

ထို့အပြင် ဆေးဝါးသုတေသန လုပ်ငန်းများမှာလည်း ယခုအချိန်တွင် ဝန်ထုတ်ဝန်ပိုး အလွန်ကြီးမားနေခဲ့သည်။

အရေးတကြီးလိုအပ်သော ကာကွယ်ဆေးများကိုပင် ကျယ်ကျယ်ပြန့်ပြန့် မထုတ်လုပ်နိုင်သေးသည့် အခြေအနေတွင် နေလောင်ကာခရမ်ကို သုတေသနလုပ်ရန် အချိန်ရှိမည် မဟုတ်ပါချေ။

၂၁ ရာစုကို အမြန်ရောက်စေချင်ပြီ!

တရုတ်နိုင်ငံအနေဖြင့် WTO ထဲသို့ ဝင်သွားပြီးလျှင် သူတို့အတွက် ကိုယ်တိုင်စျေးဝယ်ပေးမည့်သူများကို ငှားရမ်းနိုင်လိမ့်မည်။

“ယောက်မသာ ဒါကို စဉ်းစားမိပြီးလုပ်နိုင်ရင် သိပ်ကောင်းမှာပဲ”

စုဝေ့ဖင်းက တစ်ယောက်တည်း ရေရွတ်ရင်း အတွေးများထဲတွင် နစ်ဝမျောနေခဲ့၏။

အကယ်၍ သူမ၏ တတိယယောက်မသာ နေလောင်ကာခရမ်ကို ထုတ်လုပ်နိုင်ပါက နောက်ပိုင်းတွင် တခြားသော အလှကုန်ပစ္စည်းများကိုလည်း သေချာပေါက် ထုတ်လုပ်နိုင်လိမ့်မည်။

ထိုအချိန်တွင် သူမက သူမ၏ တတိယယောက်မနှင့်အတူ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို စတင်နိုင်လိမ့်မည်။

သူမက အဝတ်အစားပိုင်းကို အာရုံစိုက်ပြီး သူမ၏ ယောက်မက အရေပြားထိန်းသိမ်းမှုနှင့် မိတ်ကပ်ပိုင်းကို အာရုံစိုက်မည်။

တခြားယောက်မများကိုလည်း ပါဝင်ခိုင်းလို့ ရသေးသည်။ ဥပမာ သူမ၏ အကြီးဆုံးယောက်မက ယခုအချိန်တွင် အရောင်းဝန်ထမ်းဖြစ်နေသောကြောင့် အရောင်းပိုင်းကို တာဝန်ယူနိုင်မည်။

သူမ၏ ဒုတိယယောက်မကတော့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ထုတ်ကုန်အချို့ကို လုပ်နိုင်မည်။

စုဝေ့ဖင်းတစ်ယောက် တွေးမိလေလေ စိတ်ကူးယဉ်မှုကျယ်ပြန့်လာလေလေ ဖြစ်လာကာ နောက်ပိုင်းတွင် ပြည်ပသို့သွားပြီး မီလန်၌ ဖက်ရှင်ရှိုးတစ်ခု ကျင်းပနေသည်အထိပင် မြင်ယောင်နေခဲ့သည်။

သူမ ခေါင်းပြန်မော့ကာ လှည့်ကြည့်လိုက်ချိန်တွင် မလှမ်းမကမ်းတွင် ပိုက်ကွန်ဖာနေကြသော တံငါသည်တစ်စုကို တွေ့လိုက်ရလေ၏။

သူတို့က ကောက်ရိုးဦးထုပ်များကို ဆောင်းထားကြသော်လည်း သူတို့၏ အသားအရည်များမှာ နေလောင်ဒဏ်ကြောင့် မည်းမှောင်နေခဲ့ပေပြီ။

အမျိုးသမီးတစ်ဦးမှာ ကလေးကို ကျောပိုးထားသော်လည်း သူမ၏ မျက်ဝန်းထောင့်များတွင် အရေးအကြောင်းများ ပေါ်လွင်နေခဲ့၏။

သူမ၏ အဝတ်အစားများမှာလည်း ဖာထေးထားရပြီး ဖိနပ်ကိုလည်း စီးမထားပါချေ။

ဤသို့ ဖြစ်သော်ငြားလည်း သူတို့က စကားတပြောပြောနှင့် ရယ်မောနေကြကာ အလွန်ပင် ပျော်ရွှင်နေပုံရပေသည်။

စုဝေ့ဖင်း တိတ်ဆိတ်သွားရပေ၏။

ဖြစ်နိုင်သည်မှာ...

လှပသော အဝတ်အစားများကို မဝတ်နိုင်မီ အနည်းဆုံး အဝတ်အစားအသစ်များကို အရင်ဝတ်နိုင်ကြဖို့ လိုအပ်နေတာပဲ။

“ဘာဖြစ်လို့လဲ”

ရုတ်တရက် တိတ်ဆိတ်သွားသော စုဝေ့ဖင်းကြောင့် လီရှန်း နားမလည်နိုင်စွာ မေးလိုက်ပေသည်။

“ဘာမှမဟုတ်ပါဘူး၊ ဒီဘက်ခေတ်ကာလက တကယ်ကို ခက်ခဲလွန်းတယ်လို့ ခံစားမိသွားလို့ပါ”

စုဝေ့ဖင်းက ပိုက်ကွန်ဖာနေသော တံငါသည်များကို ကြည့်ရင်း သူမ၏ ရင်ဘတ်ပေါ်သို့ လက်တင်ကာ ပြောလိုက်၏။

“အခု ငါတို့ နေနေရတဲ့ ဘဝက တကယ်ကို ကောင်းမွန်နေပြီပဲ

“ဟုတ်တယ်... သူတို့နဲ့ ယှဉ်ရင် ကျွန်မတို့က တကယ်ကို ကံကောင်းနေသေးတယ်”

ကမ်းစပ်မှ ထွက်ခွာလာပြီးနောက် လီရှန်းက စုဝေ့ဖင်းကို မသိမသာ အကဲခတ်နေမိသည်။

စုဝေ့ဖင်း၏အကြောင်းကို အခန်းတစ်ခန်းသာ ရေးသားထားခြင်း ဖြစ်ပေ၏။ လီရှန်း သိထားသမျှမှာ အတိတ်ဘဝမှ စုဝေ့ဖင်းမှာ သူမ၏ အလုပ်ကို ခိုးယူခံရပြီးနောက် ဒေါသတကြီးဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။

သူမ ပြန်လည်နိုးထလာချိန်တွင်တော့ ဤစုဝေ့ဖင်း ဖြစ်လာခဲ့လေ၏။ မူလ စုဝေ့ဖင်း၏အကြောင်းမှာတော့ စကားတစ်ခွန်းပင် ပါရှိခြင်း မရှိပါချေ။

မူလ စုဝေ့ဖင်းက အမှန်တကယ် သေဆုံးသွားပြီလား၊ သို့မဟုတ် သူမ၏ရှေ့မှ စုဝေ့ဖင်းနှင့် ခန္ဓာကိုယ်ချင်း လဲလှယ်သွားခဲ့သည်လား ဆိုသည်ကိုတော့ သူမ မသိပေ။

အတိတ်ဘဝတုန်းတွင် စုဝေ့ဖင်းက အမှန်တကယ်ပင် အလွန်ချောမွေ့သော ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ပေသည်။

သူမသည်ကား ငယ်စဉ်ကတည်းက ဒီဇိုင်းပိုင်း၌ ပါရမီပါကြောင်း ပြသခဲ့သောကြောင့် သူမ၏ မွေးစားမိဘများက သူမကို အစွမ်းကုန် ပျိုးထောင်ပေးခဲ့ကြ၏။

သူမက ပန်းချီနှင့် ဒီဇိုင်းပညာကို တစ်ဆင့်ချင်း သင်ယူခဲ့ပြီး နောက်ဆုံးတွင် ဒီဇိုင်းနာတစ်ဦး ဖြစ်လာခဲ့သည်။

“ငယ်စဉ်က ပါရမီရှင်မှာ ကြီးလာပြင်းသောအချိန်တွင် အောင်မြင်သူတစ်ဦး ဖြစ်ချင်မှ ဖြစ်လာလိမ့်မည်” ဟူသော စကားမှာ မှန်ကန်နိုင်ပေသည်။

စုဝေ့ဖင်း ကြီးပြင်းပြီးနောက် Fashion Week များသို့ မသွားနိုင်ခဲ့ဘဲ အထည်ချုပ်စက်ရုံတစ်ခုမှ ဒီဇိုင်းနာသာ ဖြစ်လာခဲ့ပေသည်။

ဤကဲ့သို့သော ဘဝမျိုးမှာ အလွန်ပင် သာမန်ဆန်လွန်းပြီး လက်တွေ့ကျလှပေ၏။

အကယ်၍ မူလ စုဝေ့ဖင်းသာ ထိုခေတ်ကာလသို့ ရောက်သွားခဲ့လျှင် သူမအနေဖြင့် အလိုက်သင့် နေထိုင်နိုင်ပါမည်လား။

လီရှန်း တွေးတောနေမိသည်။

ကမ်းခြေမှ ထွက်ခွာလာပြီးနောက် လီရှန်းနှင့် စုဝေ့ဖင်းတို့က ခြံဝင်းအတွင်းသို့ ပြန်လာခဲ့ကြ၏။

ဂိတ်ပေါက်သို့ ရောက်သည်နှင့် လော်ယွီရှို့နှင့် ကွမ်းရှောင်ထင်းတို့က အစောင့်ရုံးခန်းအတွင်း စုရုံးနေကြသည်ကို မြင်လိုက်ရပေသည်။

လော်ယွီရှို့က သူမ၏ မြေးလေး စုကျန်းကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားခဲ့ပေ၏။

လော်ယွီရှို့ ရောက်ရှိလာပြီးကတည်းက ကျန်းဝမ်ကျန့်တစ်ယောက် ရက်အနည်းငယ်မျှ အနားရခဲ့ပြီဖြစ်ကာ ကလေးကို အလုပ်သို့ တစ်ပါတည်း ခေါ်သွားရန် မလိုတော့ပါချေ။

စုကျန်းလေးမှာ အချိန်မှန် နို့တိုက်ရသော ကလေးဖြစ်နေသေးသည်။

ထို့ကြောင့် လော်ယွီရှို့အနေဖြင့် သတ်မှတ်ထားသော အချိန်သို့ရောက်လျှင် ကလေးကို ကျန်းဝမ်ကျန့်၏ အလုပ်ခွင်သို့ ခေါ်သွားကာ နို့တိုက်ခိုင်းရန်သာ လိုအပ်လေ၏။

ကျန်ရှိသော အချိန်များတွင်တော့ ကလေးက လော်ယွီရှို့နှင့်အတူ ရှိနေပေသည်။

စုဝေ့ဖင်းက ပြေးလွှားဝင်သွားခဲ့ပြီး တံခါးဝသို့ပင် မရောက်သေးမီ သူမ၏အသံက အရင်ဆုံး ထွက်ပေါ်လာ၏။

“အမေ... ဘယ်သူ့ကို ဖုန်းဆက်နေတာလဲ”

“နင့်အဖေဆီကို”

လော်ယွီရှို့က ပြန်ဖြေလိုက်လေသည်။

စုဝေ့မင်၏ ကျယ်လောင်သော အသံက ဖုန်း၏ တစ်ဖက်မှ ထွက်ပေါ်လာ၏။

“ဝေ့ဖင်းလား... ဝေ့ဖင်းကို ငါနဲ့ စကားပြောခိုင်းလိုက်ဦး”

စုဝေ့ဖင်းက အလျင်အမြန်ပင် အနားသို့သွားကာ ခေါ်လိုက်သည်။

“အဖေ”

စုဝေ့မင်က ဝမ်းသာအားရပင် ပြန်ထူးလာလေ၏။

လော်ယွီရှို့က မျက်လုံးကို လှန်လိုက်ပြီး ပြောလာခဲ့သည်။

“ကောင်းပြီ၊ ဖုန်းပြောခတွေ အလကားသက်သက် မကုန်စေနဲ့တော့၊ အိမ်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ”

“အကုန် အဆင်ပြေပါတယ်”

“ထမင်းရော ဘယ်လိုစားနေလဲ”

လော်ယွီရှို့မှာ သူမ၏ ခင်ပွန်းအတွက် အနည်းငယ် စိုးရိမ်နေဆဲပင်။

“ငါ ဝေ့ဟိုင်တို့ ဇနီးမောင်နှံနဲ့ အတူစားနေတာပဲ၊ ငါ့ အစားအသောက်ငတ်နေမှာကို စိုးရိမ်နေတာလား”

စုဝေ့မင်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက စုဝေ့ဟိုင်တို့နှင့် အတူစားနေခြင်း ဖြစ်၏။

ဝူလီ၏ ဟင်းချက်လက်ရာက အတော်လေး ကောင်းမွန်သောကြောင့် စုဝေ့မင်က အစားအသောက်အတွက် အလွန်ပင် စိတ်ကျေနပ်နေလေသည်။

သို့သော်လည်း သူ့အနေဖြင့် ဘေးမှ ကြည့်နေရသောကြောင့် ဝူလီ၏လုပ်ဆောင်ချက်များကို ပို၍ ရှင်းလင်းစွာ မြင်နေရလေ၏။

သို့သော် စုဝေ့ဟိုင်ဘက်မှ သတိပေးချက် အချို့ ပေးခဲ့ပြီးနောက် ဝူလီမှာလည်း ယခုနောက်ပိုင်း အတော်လေး ငြိမ်သက်သွားခဲ့ပေသည်။

ထို့ကြောင့် သူက အကောင်းကိုသာ ပြောပြပြီး အဆိုးကိုတော့ ချန်လှစ်ထားခဲ့၏။

လော်ယွီရှို့က နောက်ထပ် မေးခွန်းတချို့ မေးမြန်းသော်လည်း စုဝေ့မင်က “အားလုံး အဆင်ပြေပါတယ်” ဟုသာ ပြောနေသောကြောင့် ဆက်မမေးတော့ပါချေ။

ထို့နောက် စုဝေ့မင်က ကျန်းမိသားစုအကြောင်းကို မေးလာခဲ့သည်။

လော်ယွီရှို့က အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့လေ၏။

“သူတို့ပြောတာတော့ ရထားပေါ်ကို တက်လာတာ သုံးရက်ရှိပြီတဲ့၊ ဒါပေမဲ့ အခုထိ ရောက်မလာသေးဘူး

သူတို့ရဲ့ ဂုဏ်ပုဒ်တွေနှင့် အရှိန်အဝါတွေကို အားကိုးပြီး မာနကြီးနေကြတာလားတော့ မသိဘူး၊ အဲဒီလိုသာဆိုရင်တော့ မင်္ဂလာဆောင်ကို ရပ်တန့်လိုက်ရလိမ့်မယ်”

စုဝေ့မင်သည်လည်း ကျန်းမိသားစုကသာ ဤကဲ့သို့ ပြုမူနေပါက အိမ်ထောင်မပြုဘဲ နေခြင်းကပင် ပိုကောင်းမည်ဟု ခံစားလိုက်ရ၏။

လော်ယွီရှို့က ဤကိစ္စကို မည်သူ့ကိုမျှ လျှို့ဝှက်မထားပါချေ။ သူမ၏ ဘေးရှိ ဖုန်းအော်ပရေတာအစောင့်မှာလည်း နားစွင့်နေခဲ့သည်

စုဝေ့ဖင်းကတော့ မည်သည်ကိုမှမပြောပါချေ။

ခမည်းခမက် အချင်းချင်းကြားရှိ အားပြိုင်မှုမျိုးအတွက်ဆိုရလျှင် ၊ သူမအနေဖြင့် အတိတ်ဘဝတုန်းက အိမ်ထောင်မပြုဖူးသောကြောင့် အတွေ့အကြုံ မရှိပါချေ။

ထို့ကြောင့် ပြောသမျှကိုသာ နားထောင်နေရုံ တတ်နိုင်ခဲ့သည်။

လီရှန်းကတော့ စိတ်ဝင်စားသွားခဲ့လေ၏။

ကျန်းမိသားစုက ကိုင်တွယ်ရခက်ခဲကူပုံရသော်လည်း ကျန်းကျိ၏ စိတ်အားထက်သန်လွန်းသော အမူအရာကို ကြည့်လျှင် နောက်ဆုံး၌ မည်သူက မည်သူ့ကို အနိုင်ရရှိသွားမည်ကို ရိပ်မိနိုင်လောက်သည်။

လီရှန်းက စုဝေ့ဖင်းကို အားပေးသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

သူမအနေဖြင့် ပိုပြီးကြိုးစားအားထုတ်နိုင်ရန်လိုအပ်ပြီး ယောက္ခမဖြစ်သူ၏ နှိပ်စက်မှုကို မခံရပါစေနှင့်ဟုသာ မျှော်လင့်မိ၏။

သိာ့မဟုတ်လျှင် သူမ၏ အစ်ကိုများနှင့် ယောက်မများက သေချာပေါက် ဝင်ရောက်လာကာ သူမ၏ ခင်ပွန်းလောင်းကို သင်ခန်းစာ ပေးကြပေလိမ့်မည်။

စုဝေ့ဖင်းက သူမ၏ တတိယယောက်မ၏ အကြည့်ကို မမျှော်လင့်ဘဲ နားလည်သွားခဲ့ပေသည်။

သူမက မသိစိတ်ဖြင့် ခေါင်းကို အားပါးတရ ငြိမ့်ပြလိုက်ပေ၏။

*

All Chapters