← Chapters

တာရွှယ်တောင်နန်းတော်

Vol. 7 Ch. 62

တာရွှယ်တောင်နန်းတော်

Vol. 7 Ch. 62

ထျန်ကန်းခန်းမမှ တာအိုဆရာများသည် ကျွမ်တုခရိုင်မှာ သုံးရက်ကြာအောင် အနားယူခဲ့ကြ၏။ ချီရွှမ်းစုသည် သူ၏ အချိန်အများစုကို ကျန်းယွဲ့လုနှင့် ကတ်ကစားရင်း၊ သောက်စားရင်းဖြင့် ကုန်ဆုံးစေခဲ့သည်။

တကယ်တော့ ကျန်းယွဲ့လုသည် ချီရွှမ်းစုကို ဖိအားပေးဖို့ သူမ၏ အဆင့်အတန်းကို အသုံးပြုခဲ့ခြင်း မရှိချေ။ ချီရွှမ်းစုကိုယ်တိုင်က သူမနှင့် နေရသည်ကို သဘောကျသောကြောင့် မငြင်းဆန်လိုခဲ့ခြင်း ဖြစ်သည်။

သူတို့၏ အဆင့်အတန်းအရ သူတို့နှစ်ယောက်ပေါင်းစည်းဖို့ ဖြစ်နိုင်ခြေက နည်းပါးသော်လည်း ချီရွှမ်းစုမှာ တစ်နေ့မှာ ဉာဏ်ပညာဓားကိုကိုင်ဆွဲမည့် အိပ်မက်လိုမျိုး အိပ်မက်များ ရှိနေဆဲဖြစ်သည်။ စစ်တုရင်ခုံပေါ်မှ နယ်ရုပ်သည် တန်ဖိုးအနည်းဆုံး စစ်တုရင်အရုပ် ဖြစ်သော်လည်း ၎င်းတွင် တစ်ဘက်မှာရှိသော ဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ အခွင့်အရေး ရှိနေဆဲဖြစ်သည်။

အားလပ်သည့်အချိန်မှာ ချီရွှမ်းစုသည် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများကို မည်သို့မည်ပုံ ရေးသားရမလဲ အတွေ့အကြုံရှိသော ကြီးကြပ်ရေးမှူး လင်းချွမ်ကျီထံ အကြံသွားတောင်းခဲ့သည်။ ကံဆိုးစွာဖြင့် လင်းချွမ်ကျီသည် ပြင်ပရေးရာ ကိစ္စများကိုသာ အဓိကအားဖြင့် တာဝန်ယူရသူဖြစ်သည်။ ကျောက်ပိုင်ကလည်း ပြင်ပရေးရာကိစ္စများကိုပင် တာဝန်ယူထားသူဖြစ်ပြီး စာရွက်စာတမ်းများ ရေးသားခြင်းမှာ မတော်ပေ။ အတွင်းရေးကိစ္စများကို တာဝန်ယူထားသည့် စွန်းယုံဖုန့်သာလျှင် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများ ရေးသားခြင်းမှာ ကျွမ်းကျင်ပိုင်နိုင်ပေလိမ့်မည်။

သုံးရက်ကြာပြီးနောက် ကောင်းကောင်း အနားယူပြီးသော သူတို့အုပ်စုက ​ကျွမ်တုခရိုင်ကနေ ထွက်ခွာ၍ တာရွှယ်တောင်နန်းတော်သို့ သူတို့၏ ခရီးကို ဆက်လက်၍ နှင်ခဲ့ကြသည်။

တာရွှယ်တောင်နှင့် ခွန်လွင်တောင်သည် မရဏပင်လယ်ဟု ကျော်ကြားသော ကန္တာရချိုင့်ဝှမ်းကို မညီမညာ ဝိုင်းပတ်ထားသည်။ ခွန်လွင်တောင်က ဘယ်ဘက်မှာရှိပြီး တာရွှယ်တောင်က ညာဘက်မှာရှိကာ ကျွမ်တုခရိုင်က အပေါ်ဘက်မှာ ရှိလေသည်။

သူတို့၏ ခရီးစဉ်သည် အရှေ့ဘက်ကနေ စတင်၍ အနောက်ဘက်သို့သွားပြီး ကျယ်ပြောသော အနောက်ဘက်ဒေသကို ပတ်လာခဲ့သည်။ အပြန်လမ်းမှာတော့ သူတို့သည် ​ကျွမ်တုခရိုင်ကနေ တာရွှယ်တောင်နန်းတော်သို့ တန်းသွားပြီး နောက်ဆုံးမှာ သူတို့ စမှတ်သို့ ပြန်သွားဖို့ ဝေဟင်ပျံသင်္ဘော စီးကြမည်ဖြစ်သည်။

သူတို့သည် ခပ်မှန်မှန် အမြန်နှုန်းဖြင့် ကန္တာရ၏ အစပ်ကနေ ခရီးဆက်လာကြ၏။ တာရွှယ်တောင်တန်းများသည် မြောက်ဘက်မှ အေးစက်သော လေစီးကြောင်းများကို ပိတ်ဆို့တားဆီးပေးထား၏။ နောက်ဆုံးမှာတော့ နှင်းကျနေခြင်းကလည်း ရပ်တန့်သွားပြီး သူတို့အတွက် ကောင်းမွန်သော ရာသီဥတု ဖြစ်လာခဲ့သည်။

ဆယ်ရက်ကျော်ကြာအောင် ခရီးသွားပြီးနောက် သူတို့သည် နောက်ဆုံးမှာ တာရွှယ်တောင်နန်းတော်ကို ခပ်ရေးရေး တွေ့မြင်လာရပြီဖြစ်သည်။

တာရွှယ်တောင်နန်းတော်သည် အစက ရွှေပြည်သစ်ဘုရင်ခန်း၏ နန်းတော် ဖြစ်ခဲ့သည်။ အရင်တုန်းက သူ့အသက် ၇၀ ကျော် အရွယ်မှာ သူတော်စင်ချန်ချွန်းသည် မဟာတံတိုင်းကြီးကို ကျော်လွန်၍ တာရွှယ်တောင်နန်းတော်သို့ ကြွချီလာခဲ့ဖူးသည်။ သူသည် ရွှေပြည်သစ်ဘုရင်ခန်းနှင့် တွေ့ဆုံ၍ ထိုသူအား ကောင်းကင်ဘုံကို လေးစားရန်၊ လူသားများကို ချစ်ခင်မြတ်နိုးရန်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို လျှော့ချရန်နှင့် ဖြူစင်သော စိတ်နှလုံးထားရှိရန် လမ်းညွှန်ပြသခဲ့သည်။

ထိုသို့ဖြင့် သူသည် ရွှေပြည်သစ်ဘုရင်ခံ၏ ကြည်ညိုလေးစားခြင်း ခံခဲ့ရသည်။ ရွှေပြည်သစ်မှ လူတချို့ကလည်း သူတို့၏ ယုံကြည်မှုကိုပြောင်းလဲပြီး ရှေးဦးမူလတာအိုဘိုးဘေးကို ကိုးကွယ်ခဲ့ကြသည်။ ကျောက်စိမ်းရေကန်သည် တာရွှယ်တောင်ပေါ်မှာ တည်ရှိသောကြောင့် ဤတောင်သည် တာအိုဂိုဏ်းတော်၏ အထွတ်အမြတ်နေရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

နောက်ပိုင်းမှာ ရွှေပြည်သစ်ဘုရင်ခန်းသည် တာရွှယ်တောင်နန်းတော်ကို သူ၏ အကြံပေးပညာရှိထံ ပေးအပ်ချီးမြှင့်ခဲ့သည်။ အကြံပေးပညာရှိက တာရွှယ်တောင်ကို ရယူပြီးနောက် ၎င်းကို တဖြည်းဖြည်းနှင့် နတ်ဆရာဂိုဏ်း၏ အထွတ်အမြတ် ခိုလှုံရာအဖြစ် ပြောင်းလဲပစ်ခဲ့လေသည်။

ထို့ကြောင့် တာရွှယ်တောင်နန်းတော်သည် တာအိုဂိုဏ်းတော်နှင့် နတ်ဆရာဂိုဏ်းအတွက် အလွန်တရာ အရေးပါနေသည်။ အင်အားစုနှစ်စုက ဤနေရာကြောင့် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ပြီးနောက် တာအိုဂိုဏ်းတော်က တာရွှယ်တောင်နန်းတော်ကို ထိန်းချုပ်လာနိုင်ခဲ့သည်။

ကျန်းယွဲ့လုတို့အုပ်စုသည် နောက်ဆုံး နှင်းဆောင်းတောင်ကိုတက်ပြီး တောင်ထွတ်၏ နေသာဘက်မှာ တည်ရှိသော တာရွှယ်တောင်နန်းတော်၏ ခမ်းနားထည်ဝါမှု အပြည့်အဝကို နောက်ဆုံးမှာ တွေ့မြင်ရပြီဖြစ်သည်။

(နှင်းဆောင်းတောင် - တောင်ထွတ်ကို ဆီးနှင်းဖြူဖြူများ ဖုံးလွှမ်းထားသည့်တောင်။)

တောင်ကိုနောက်ခံထား၍ နန်းတော်ကို တည်ဆောက်ထားလေသည်။ နန်းတော်တစ်ခုလုံးက အဖြူရောင်ဖြစ်ပြီး နှင်းနန်းတော်တစ်ခုကဲ့သို့ တောင်တန်းများနှင့် တစ်သားတည်းကျနေ၏။ ၎င်း၏ ဗိသုကာလက်ရာသည် အလယ်ပိုင်းလွင်ပြင် သို့မဟုတ် ရွှေပြည်သစ်နှင့်ပင် အလွန်ကွဲပြားနေ၏။ ၎င်းသည် အနောက်ဘက်ကုန်းမြေတိုက်နှင့် သမုဒ္ဒရာနိုင်ငံ၏ လွှမ်းမိုးခြင်းခံရပြီး ငွားငွားစွင့်စွင့် မြင့်မားသော ခေါင်ချွန်းများ၊ အထပ်ထပ် ဆင့်ထားသော အဆောင်များနှင့် အမိုးခုံးများက ထိုအချက်ကို ပြသပေးနေသည်။ အဆောက်အအုံများကို အထပ်ထပ် ဆင့်ထားသော်လည်း သူတို့က ပြွတ်သိပ်နေသည့်ပုံ မပေါ်ပေ။

ဤအချိန်မှာ နန်းတော်ပေါ်ကို ဖြာဆင်းနေသော အလင်းရောင်ခြည်များသည် ၎င်းကို မြင့်မြတ်ထည်ဝါသော အလင်းရောင်ဖြင့် တောက်ပနေစေ၏။ လူတိုင်းက နှင်းထူသော ဆင်ခြေလျှောတစ်ခုမှာ ရပ်နားပြီး တာရွှယ်တောင်နန်းတော်၏ ခမ်းနားထည်ဝါမှုကို အံ့အားတသင့် ငေးကြည့်နေကြသည်။ ချီရွှမ်းစုသည် ကျော်ကြားလှသော တာရွှယ်တောင်နန်းတော်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်ပြီး အံ့အားတသင့် ရေရွတ်မိလိုက်သည်။

“ဒါက… တာရွှယ်တောင် နန်းတော်ပေါ့လေ”

“ဟုတ်တယ်”

ကျန်းယွဲ့လုက တာရွှယ်တောင်၏ အောက်ဘက်မှာရှိသော တောင်ကို သူမ၏ ကျာပွတ်ဖြင့် ထိုးညွှန်ပြလိုက်၏။

“ငါသိရသလောက်ဆိုရင် တာရွှယ်တောင်နန်းတော်ရဲ့ အောက်ဘက်မှာ အရင်တုန်းက နတ်ဆရာဂိုဏ်း ချန်ထားရစ်ခဲ့တဲ့ ကြီးမားတဲ့ အလောင်းကျင့်ကြံရေး ဧရိယာတစ်ခု ရှိတယ်… အဲဒီမှာ အလောင်းပေါင်း သိန်းချီရှိနေလို့ ယင်စွမ်းအင်နဲ့ ယန်စွမ်းအင်ကြား အကန့်အသတ်တွေကို ကမောက်ကမ ဖြစ်စေတဲ့ သိပ်သည်းပြင်းထန်တဲ့ အလောင်းစွမ်းအင်တွေ အမြဲတမ်း ပျံ့နှံ့နေတယ်… ပြောရမယ်ဆိုရင် တာရွှယ်တောင်နန်းတော်က ဖိနှိမ်ရေး ဝင်္ကပါတစ်ခုအဖြစ် ထမ်းဆောင်နေတာဆိုလည်း ဟုတ်တယ်”

ချီရွှမ်းစုက တုန်လှုပ်သွားသည်။

“ဒီလိုမျိုးအရာရှိတာ ကျုပ် မသိခဲ့ဘူး”

ကျန်းယွဲ့လုက လက်ပြလိုက်၏။

“တောင်ပေါ်ကို တက်ကြတာပေါ့”

တောင်တက်လမ်းက အတော်လေး ပြေပြစ်သည်။ နှစ်နာရီခန့် ခရီးသွားပြီးနောက် သူတို့သည် နောက်ဆုံးမှာ ကြီးမားသော ကျောက်တံတားတစ်စင်းဆီ ရောက်လာကြသည်။ ဤတံတားသည် ချောက်နက်ကို ဖြတ်ကျော်၍ တောင်ထွတ်နှစ်ခုကို ခမ်းနားစွာ ချိတ်ဆက်ပေးထားသည်။ ၎င်းသည် ပေ ၁၀၀၀ ခန့် ရှည်လျားပြီး မြင်းခြောက်ကောင် ဘေးချင်းယှဉ်သွားနိုင်အောင် ကျယ်လေသည်။

အောက်ဘက်မှာရှိသော ချောက်နက်သည် တာရွှယ်တောင်နန်းတော်ကို ဝိုင်းပတ်ထားသည့် ကျုံးတစ်ခုကဲ့သို့ဖြစ်ပြီး တံတားက နန်းတော်ဝင်းတံခါးများဆီ ဦးတည်နေသည်။ ထိုနေရာကို တာဝန်ကျနေသည့် ချပ်ဝတ်တန်ဆာဝတ် စိတ်ဝိညာဉ်တပ်သား ဆယ်ဦးကျော်က တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေကြသည်။

ကျန်းယွဲ့လုက ရှေ့ကိုတက်လှမ်းပြီး သူမ၏ ရာထူးအဆောင်အယောင်နှင့် ထျန်ကန်းခန်းမမှ စာရွက်စာတမ်းများကို ပြသလိုက်သည်။ ဦးဆောင်လာသော စိတ်ဝိညာဉ်တပ်သားက ချက်ချင်းပင် ပြုံးပြလိုက်၏။

“မင်္ဂလာပါ.. လက်ထောက်ခန်းမသခင် ကျန်း… လက်ထောက်ခန်းမသခင်ကျောက် နဲ့ ထျန်ကန်းခန်းမက အမှုဆောင်တွေက ခင်ဗျားတို့ ရောက်အလာကို စောင့်နေကြတာ”

လက်ထောက်ခန်းမသခင်ကျောက်ဆိုသည်မှာ အနောက်ဘက်ဒေသ တာအိုစံအိမ်ကို ကိုင်တွယ်ထိန်းချုပ်ရန် သူတော်စင်ဖေးလင်ကို ကူညီထောက်ပံ့ပေးနေသည့် တတိယအဆင့် ယိုယီတာအိုဆရာ ကျောက်ကျောင်းဝူဖြစ်သည်။ ကျောက်ကျောင်းဝူသည် သတ္တမမျိုးဆက် ချွမ်ကျန်းဂိုဏ်း တပည့်လည်းဖြစ်သည်။ သူသည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲဖြစ်ဖို့ တစ်လှမ်းသာလိုသော်လည်း သူ့အသက်က ယခုချိန်ထိ ၅၀ မပြည့်သေးဘဲ အရွယ်ကောင်းမှာ ရှိနေဆဲဖြစ်သည်။ သူသည် အသက် ၆၀ မတိုင်ခင် ဒုတိယအဆင့်သို့ တိုးမြှင့်ပေးခံရဖို့ ထင်ကြေးပေးခံထားရသည်။ ထို့ကြောင့် သူ့မှာ တောက်ပသောအနာဂတ် ရှိနေသည်ဟု ဆိုနိုင်ပေသည်။

ကျန်းယွဲ့လုက ညင်သာစွာ ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ကျေးဇူးပြုပြီး လမ်းပြပေးပါဦး”

စိတ်ဝိညာဉ်တပ်သားသည် ကျန်းယွဲ့လုနှင့် သူမ၏ အခြွေအရံများကို ရှည်လျားသော ကျောက်တံတားပေါ်သို့ ဦးဆောင်ကာ ခေါ်သွားသည်။ ထို့နောက် သူတို့သည် ကျောက်တောင်များထဲ ဖောက်လုပ်ထားသည့် ထူးခြားသော ဥမင်တစ်ခုထဲသို့ ဝင်ရောက်လိုက်ကြ၏။ ၎င်းသည် ပေပေါင်း ၁၆၀၀ ခန့် ရှည်၍ အမြင့် ၂၃ ပေနှင့် အကျယ် ၃၂ ပေခန့် ရှိသည်။

ရှည်လျားသောဥမင်ကို ဖြတ်ကျော်ပြီးနောက် သူတို့သည် မြို့ဝင်ခံတပ်တစ်ခုနှင့် ဆင်တူသော တာရွှယ်တောင်နန်းတော်၏ အစွန်အဖျားသို့ ဝင်ရောက်လာကြသည်။ သူတို့ကို ကြိုဆိုဖို့ လာနေသည့် ကျောက်ကျောင်းဝူကို ခပ်ဝေးဝေးကပင် သူတို့ တွေ့မြင့နေရလေပြီ။

သူရောက်မလာခင်မှာပင် လှမ်းအော်ပြောလိုက်၏။

“မင်းတို့ လုပ်ခဲ့တာ ကောင်းတယ်ဟေ့… မင်းတို့တွေက မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး ရက် ၅၀ ကျော်အကြာမှာ သတ်ဖြတ်သူတွေကို မောင်းထုတ်နိုင်ခဲ့ပြီ၊ အဲဒါက တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်ပဲ။”

ကျန်းယွဲ့လုက မြင်းပေါ်ကနေဆင်းပြီး သူ့ကို နှုတ်ဆက်ဖို့ ရှေ့ကိုတက်သွား၏။ အခြားသူများကလည်း နောက်ကနေ လိုက်ပါသွားကြသည်။

ခေါင်းဆောင်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးနောက် ကျောက်ကျောင်းဝူက ပြောလိုက်၏။

“ချီမင်နန်းတော်မှာ ငါတို့နောက်ဆုံးတွေ့ခဲ့တာ သုံးလ ကြာသွားပြီ… လက်ထောက်ခန်းမသခင် ကျန်း... နောက်ပိုင်း အခြေအနေဘယ်လိုရှိစ”

ကျန်းယွဲ့လုက ပြန်ဖြေလိုက်၏။

“လက်ထောက်ခန်းမသခင်ကျောက်… ကျွန်မအတွက် တွေးပေးလို့ ကျေးဇူးတင်ပါတယ်… ကျွန်မ အဆင်ပြေပါတယ်”

လူတိုင်းက ကျောက်ကျောင်းဝူကို ဦးညွှတ်လိုက်ကြ၏။ ကျောက်ကျောင်းဝူ၏ နောက်ဘက်မှာ မူကျင်း၊ ရှုကျန်း၊ ကျန့်တင်နှင့် တခြားသူများ လိုက်ပါလာကြသည်။

မူကျင်းနှင့် ရှုကျန်းက ရှေ့ကိုတက်၍ ကျန်းယွဲ့လုကို ဦးညွှတ်လိုက်ကြ၏။ ထို့နောက် သူတို့က ကျန်းယွဲ့လုတို့ အဖွဲ့နှင့် ဝင်ပေါင်းလိုက်လေသည်။ ကျန့်တင်က လက်ထောက်ခန်းမသခင်ကို ဦးညွှတ်ပြီး ပြောလိုက်၏။

“လက်ထောက်ခန်းမသခင်ကျန်း… ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကျန်းယွဲ့လု၏ အမူအရာက မှင်သေသေဖြင့်ရှိနေ၏။

“အမှုဆောင်ချီနဲ့ ငါက နင့်ကိုရှာတွေ့ပြီး ကြီးကြပ်ရေးမှူး လင်းချွမ်က နင့်ရဲ့ဝိညာဉ်ကို ပြန်ခေါ်ပေးခဲ့တယ်… အဲဒီနေ့က နင့်အသက်ကိုကယ်ခဲ့တာ ငါတစ်ယောက်တည်း မဟုတ်ဘူး”

ကျန့်တင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ ထို့နောက် သူက ချီရွှမ်းစုနှင့် လင်းချွမ်ကျီကို ဦးညွှတ်လိုက်လေသည်။ လင်းချွမ်ကျီက ညင်သာစွာခေါင်းညိတ်၍ ဘာမှမပြောပေ။ တစ်ဖက်မှာတော့ အခြားသူများရှေ့တွင် ပန်းခင်းထဲက တာအိုဆရာတစ်ဦးလို ပြန်ဖြစ်သွားသည့် ချီရွှမ်းစုက ကျန့်တင်ကို အလျင်အမြန်ထူမပေးပြီး ပြောလိုက်၏။

“ညီအစ်ကို... အဲလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး”

ကျန့်တင်၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားပြီး မူကျင်းက မျက်လုံးစွေကြည့်လိုက်၏။

ကျောက်ကျောင်းဝူက ဤဖြစ်ရပ်များကို မသိချင်ယောင်ဆောင်၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“မင်းတို့တွေအားလုံး ပင်ပင်ပန်းပန်းကြိုးစားခဲ့ကြတယ်… အခုဆို ခရီးပန်းလာကြရောပေါ့… လက်ထောက်ခန်းမသခင် ကျန်းနဲ့ အားလုံးကို ကြိုဆိုဖို့အတွက် စားသောက်ပွဲတစ်ခု ငါပြင်ဆင်ထားပြီးပြီ”

ကျန်းယွဲ့လုက ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်၏။

“လက်ထောက်ခန်းမသခင်ကျောက်… ရှင့်ရဲ့ စေတနာကို ကျွန်မ အသိအမှတ်ပြုပါတယ်… ဒါပေမဲ့ ကျွန်မတို့ ကျွမ်တုခရိုင်မှာ သုံးရက်ကြာအောင် အနားယူခဲ့ပြီးပြီ.. ထျန်ကန်းခန်းမသခင်က ကျွန်မရဲ့ အစီရင်ခံစာကို စောင့်နေတယ်… ဒါက မဟာသူတော်စင်လွင်ကျစ်တောင် အလေးထားတဲ့ အရေးပါတဲ့ကိစ္စဖြစ်နေလို့ အစီရင်ခံစာ တင်ပြဖို့အတွက် ကျွန်မ ကျောက်စိမ်းနေပြည်တော်ကို တတ်နိုင်သမျှမြန်မြန် ပြန်ရမယ်.. ဒီမှာ တကယ်ပဲ ဆက်နေလို့ မဖြစ်တော့လို့ပါ… ရှင် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”

အခြားတစ်ယောက်ယောက်က သူ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်မည်ဆိုလျှင် ကျောက်ကျောင်းဝူက မချင့်မရဲ ခံစားရပေလိမ့်မည်။ သို့သော်လည်း ကျန်းယွဲ့လုသည် တသီးတခြားနေတတ်သည်ဟူ၍ နာမည်ကြီးနေ၏။ လီထျန်ကျန်းပင်လျှင် သူမကြောင့် ဒုက္ခရောက်ခဲ့ရ၏။ ဤအချက်သည် သူမက ဘယ်လောက်တောင် တသီးတခြားနေတတ်သလဲ ပြသပေးနေသည်။

သူက မရမက တောင်းဆိုမနေတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်၏။

“ဒါဆိုရင်တော့ ကျုပ် ခင်ဗျားကို ဆွဲမထားတော့ပါဘူး… ဒီကနေ အချိန်မရွေး ထွက်ခွာနိုင်အောင် ဝေဟင်ပျံသင်္ဘောကို အဆင်သင့် ပြင်ပေးထားပြီးပြီ”

“ကျေးဇူးတင်ပါတယ် လက်ထောက်ခန်းမသခင်ကျောက်”

ကျန်းယွဲ့လုက သူမ၏ လက်နှစ်ဖက်ကိုယှက်ပြီး ကျေးဇူးတင်စကား ပြောလိုက်၏။

ကျောက်ကျောင်းဝူက လက်ပြ၍ စိတ်ဝိညာဉ်တပ်သားတစ်ဦးကိုခေါ်ကာ အမိန့်ပေးလိုက်သည်။

“လက်ထောက်ခန်းမသခင်ကျန်းနဲ့ သူ့လူတွေကို ကျောက်စိမ်းရေကန်ဆီ ပို့ပေးလိုက်”

ထို့နောက် သူက ကျန်းယွဲ့လုဘက်ကိုလှည့်ပြီး ပြောလိုက်၏။

“ကျုပ်မှာ တက်ရောက်စရာ ရုံးကိစ္စတွေ ရှိနေသေးတယ်… အဲဒါကြောင့် လိုက်မပို့တော့ဘူးနော်”

ကျောက်စိမ်းရေကန်နှင့် တာရွှယ်တောင်နန်းတော်က တောင်ထွတ်တစ်ခုတည်းမှာ ရှိနေခြင်းမဟုတ်ပေ။ ထို့ကြောင့် ကျန်းယွဲ့လုနှင့် သူမ၏ နောက်လိုက်များသည် နန်းတော်သို့ ဝင်မနားခဲ့ကြပေ။ စိတ်ဝိညာဉ်တပ်သား၏ လမ်းညွှန်မှုဖြင့် သူတို့သည် မြို့ဝင်ခံတပ်ကို ဖြတ်ကျော်ကာ နောက်ထပ်ဥမင်တစ်ခုထဲသို့ ဝင်ရောက်လိုက်ကြ၏။ နောက်ထပ် ကျောက်တံတားတစ်စင်းကို ဖြတ်ကျော်ပြီးနောက် သူတို့သည် ကျောက်စိမ်းရေကန် တည်ရှိရာတောင်ထွတ်ကို ရောက်ရှိလာကြသည်။

တာရွှယ်တောင်မှာရှိသော ကျောက်စိမ်းရေကန်သည် ထိုက်ပိုင်တောင်၏ ကောင်းကင်ဘုံရေကန်အဖြစ် ကျော်ကြားသည်။ ၎င်းက အရှည် ၂ မိုင်ကျော်နှင့် အချင်းဝက် ၁ မိုင်ခန့်ရှိသည့် စက်ဝိုင်းခြမ်းပုံစံဖြစ်ပြီး တိမ်ဆိုင်များနှင့် မြူခိုးများ ဖုံးလွှမ်းထားသည့် တောင်ထိပ်ပေါ်မှာ တည်ရှိလေသည်။

လွန်ခဲ့သည့် နှစ် ၂၀၀၀ကျော်က ဧကရာဇ်မူသည် အနောက်ဘက် မယ်တော်ကြီးနှင့်အတူ ဤနေရာမှာ ပွဲတော်တည်ခဲ့သည်။ ဤဖြစ်ရပ်သည် မမေ့ပျောက်နိုင်သည့် သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီး ကျောက်စိမ်းရေကန်ကို အများလူထုက အင်မော်တယ်များ စံမြန်းရာနေရာဟု အမှတ်မှားကြသည်။

ကျောက်စိမ်းရေကန်ကို ရောက်ဖို့အတွက် သူတို့သည် သဘာဝတောင်ကြားလမ်းတစ်ခုကို အရင်ဆုံး ဖြတ်ကျော်ရသည်။ ထိုလမ်းက ပေ ၁၀၀ ကျယ်ပြီး အကျဉ်းမြောင်းဆုံးနေရာများမှာ ပေ ၃၀ခန့်ရှိသည်။ ၎င်းသည် တောင်ထွတ်နှစ်ခု၏ ကြားမှာရှိပြီး ကျောက်ဆောင်လျှိုမြောင်လမ်းဟု ခေါ်ဆိုသည့် လမ်းကြားတစ်ခုကို ဖြစ်ပေါ်နေစေသည်။

ထူးခြားအံ့မခန်း ကျောက်သားနံရံများကို ဖွင့်ထားသော တံခါးနှစ်ချပ်အဖြစ် သဘာဝက ပုံဖော်ပေးထားသည်။ ကျောက်သားများ၏အရောင်က မြေနီရောင်ကဲ့သို့ ဖြစ်သည်။ ဤနေရာကို ဖော်ပြထားသော ကဗျာတစ်ပုဒ် ရှိခဲ့လေသည်။

“ကျောက်စိမ်းရေကန်ရဲ့ ဝင်းတံခါး

ခမ်းနားတဲ့ ကျောက်ဆောင်လျှိုမြှောင်လမ်းတံတား။

ဝိညာဥ်ကိုတုန်ခါစေ… ကမ်းပါးချောက်က ခေါင်းပေါ်မှာနေ။

ထူးခြားဆန်းကြယ် လက်များနှင့် ယက်လုပ်ထား

ကောင်းကင်ပြာဆီ ဦးတည်နေတဲ့ တံတားတစ်စင်းပေလား။”

ကျောက်ဆောင်လျှိုမြှောင်လမ်းကို ဖြတ်ကျော်၍ တောင်ထိပ်ကို တက်လာပြီးနောက် သူတို့သည် ကျောက်စိမ်းရေကန်ကို တွေ့မြင်ရပြီဖြစ်သည်။ ၎င်းကို နှင်းဆောင်းတောင်များက ဝန်းရံ၍ မြူခိုးများက ဖုံးလွှမ်းထားပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော ရေကန်တစ်ကန်ဖြစ်သည်။ ကောင်းကင်၊ ရေနှင့် တောင်တန်းများက တစ်ရောင်တည်းဖြစ်နေသည်။

ကျောက်စိမ်းရေကန်၏ အရှေ့တောင်ဘက်သည် တာရွှယ်တောင်နန်းတော်တည်ရှိရာ တောင်ထွတ်ဖြစ်လေသည်။ ဤတောင်ထွတ်နှစ်ခုက ချိတ်ဆက်နေကြသည်။ အဝေးကနေ ကြည့်မည်ဆိုလျှင် တိမ်စိုင်များကို ထိုးဖောက်ထားသည့် တောင်ထွတ်သုံးလုံး ဘေးချင်းယှဉ် ရပ်တည်နေသည်ကို တွေ့မြင်ရပေမည်။

ဤတစ်ခေါက်မှာ ကျောက်စိမ်းရေကန်၏ မျက်နှာပြင်ပေါ်တွင် ခံ့ညားထည်ဝါသော ဝေဟင်ပျံသင်္ဘောတစ်စင်းက လွင့်မျောနေသည်။

ယခုက အလုပ်တာဝန်ခရီးစဉ် ဖြစ်သောကြောင့် သူတို့သည် လက်မှတ်ဝယ်စရာမလိုဘဲ ဝေဟင်ပျံသင်္ဘောပေါ်သို့ တိုက်ရိုက်တန်းတက်နိုင်ကြသည်။

ချီရွှမ်းစုသည် ဝေဟင်ပျံသင်္ဘောကို ဒုတိယအကြိမ်မြောက် စီးရခြင်းဖြစ်သည်။ နောက်ဆုံးတစ်ခေါက်တုန်းက သူသည် သင်္ဘော၏ အခြေခံအကျဆုံး နေရာထိုင်ခင်းဖြစ်သည့် ပထမထပ်ရှိ ပုံမှန်တစ်ယောက်အိပ်ခန်းကိုသာ တတ်နိုင်ခဲ့သည်။

ယခု ဤတစ်ခေါက်မှာ ဝေဟင်ပျံသင်္ဘောတွင် တခြားမည်သည့် ဧည့်သည်မှ မရှိသောကြောင့် ကျန်းယွဲ့လုနှင့် လင်းချွမ်ကျီထက် တစ်ဆင့်သာနိမ့်သော သူ၏ အမှုဆောင်ရာထူးနှင့်အတူ သူက ဒုတိယထပ်ရှိ နားနေဆောင်မှာ နေနိုင်ပြီဖြစ်သည်။

နားနေဆောင်မှာ အိပ်ခန်းတစ်ခန်းနှင့် စာကြည့်ခန်းငယ်တစ်ခု ပါရှိသည်။ ပုံမှန်အားဖြင့် ဤအဆောင်အယောင်ကို အဆင့် ၄ တာအိုအကြီးအကဲများနှင့် အထက်ပုဂ္ဂိုလ်များအတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။ သို့သော်လည်း ယခုက အလုပ်တာဝန်ခရီးစဉ် ဖြစ်သောကြောင့် ချီရွှမ်းစုသည် ဤအခွင့်အရေးကို ရရှိလေသည်။

လူတိုင်းတက်လှမ်းလာပြီးနောက် ဝေဟင်ပျံသင်္ဘောက ဖြည်းဖြည်းချင်း ထွက်ခွာလိုက်၏။

ဝေဟင်ပျံသင်္ဘောသည် ၎င်း၏ အမြုတေအဖြစ် နဂါးပုလဲကိုသုံးထားပြီး ၎င်းမှာ နဂါးများ၏ မှော်ဆန်သော ဂုဏ်သတ္တိတချို့ရှိ၍ ရေခိုးရေငွေ့များက လွှမ်းခြုံထားသည်။ ဝေဟင်ပျံသင်္ဘောက တာရွှယ်တောင်ကနေ ထွက်ခွာ၍ မရဏပင်လယ်ကို ဝင်ရောက်လာပြီးနောက် သင်္ဘော၏ ဘေးပတ်လည်မှာရှိသော ရေခိုးရေငွေ့များက အေးစက်သော ရာသီဥတုကြောင့် နှင်းပွင့်နှင်းချပ်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက သိပ်သည်းစုဖွဲ့၍ ၎င်းဖြတ်သွားရာနေရာတိုင်းမှာ နှင်းတန်းတစ်တန်းကို ကျန်ရစ်ခဲ့စေ၏။

နှင်းထူထပ်သော ဤရှုခင်းကို နေ့တစ်ဝက်ကြာအောင် ဆက်လက်၍ မြင်တွေ့ခဲ့ရပြီးနောက် သူတို့သည် နောက်ဆုံးမှာ ခံ့ညားသော ခွန်လွင်နှင့် ကျောက်စိမ်းနေပြည်တော်ကို အဝေးကနေ တွေ့မြင်နိုင်ပြီဖြစ်သည်။

All Chapters