အခန်း (၉၈၇-၉၈၈)
Vol. 83 Ch. 987-988
အခန်း ၉၈၇ –
ငှက်အိုကြီး မင်းမျိုးရိုးက ပိုပိုပြီး မိုက်မဲလာတယ် ... ။
“ ဝုန်း ... ။ ”
သွေးစွန်းနေသော လျှို့ဝှက်တံဆိပ်သည် မြေပြင်ပေါ်သို့ အစိတ်စိတ်အမွှာမွှာ ကြွေကျ ပျက်စီးသွားတော့သည်။
ထိုခဏ၌ ကောင်းကင်နှင့် မြေကြီး တုန်ဟည်းလျက် အလွန်တရာကြောက်မက်ဖွယ် ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ရုတ်တရက် ထွက်ပေါ်လာ၏။
သိပ်သည်းသော ရောင်ဝါများက ဝဲဂယက်မုန်တိုင်းတစ်ခုအလား အရပ်မျက်နှာ အနှံ့ ရိုက်ခတ်သွားသည်။
ဆံပင်နှင့် မုတ်ဆိတ်မွေးများသည် ကျီးကန်းတောင်ပံကဲ့သို့ နက်မှောင်နေသည့် အဘိုးအိုတစ်ဦးပေပင်။
သူ့ကိုယ်ဟန်သည် မြင့်မားပြီး မျက်ခုံးအစုံသည် ဓားသွားကဲ့သို့ ထက်မြက်ကာ ခန့်ညားသည့် အရှိန်အဝါများ ပေါ်လွင်စေ၏။
“ ဘယ်သူက ... ငါ့ရဲ့အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စုကို ရန်ပြုရဲလောက်အောင် သတ္တိရှိလဲ။ ”
ထိုအဘိုးအို ပေါ်လာသည်နှင့် မိုးခြိမ်းသံကြီးကဲ့သို့ ကျယ်လောင်သောအသံဖြင့် မေးမြန်းလိုက်လေသည်။
ကောင်းကင်ကြီး တစ်ခုလုံးတုန်ခါသွားကာ သူ့ရောင်ဝါဖိအားကြောင့် နယ်ပယ်ဘုရင်များပင် အသက်ရှူရပ်မတတ် ဖြစ်သွားရ၏။
ဤသည်မှာ ဖုန်းထျန်းကျားပေပင်။ အပြာရောင်လွမ်း ဝိညာဉ်မျိုးနွယ်စု၏ သက်ရှိ ထင်ရှား ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တင်စားရသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။
“ ဘိုးဘေး ... အဲဒီလူပါပဲ ။ ”
ဖုန်းယွင်လျဲ့က အံကြိတ်ကာ အဝေးရှိ စုရီထံသို့လက်ညှိုးထိုးပြလိုက်၏။ ထိုအချိန်တွင် စုရီသည်လည်း တောင်ပိုင်းတောင်ထွတ် တံဆိပ်ကို ပြန်ခေါ်လျက် မျက်ခုံးပင့် လိုက်တော့သည်။
“ မင်း ... ငှက်အိုကြီးပဲ ... ။ ”
“ ဟမ့် ... ရိုင်းလိုက်တာ။ ”
စုရီထံမှ ငှက်အိုကြီးဟူသော ခေါ်ဆိုသံကြောင့် ဖုန်းယွင်လျဲ့နှင့် အပြာရောင် လွမ် ဝိညာဉ်မျိုးနွယ်စုဝင်များမှာ ဒေါသများ ထွက်သွားကြသည်။
တစ်ဖက်တွင် ဖုန်းထျန်းကျားသည် ကြောင်အသွားပြီး စုရီကိုသံသယများစွာဖြင့် သူ့မြေးထံလှည့်မေးလိုက်၏။
“ ယွင်လျဲ့ ... ဒါ ဘယ်သူလဲ။ ”
ဖုန်းယွင်လျဲ့က အသက်ပြင်းပြင်းရှူလျက်၊
“ ဘိုးဘေး ... ဒီလူကို ကောင်းကင် ကိုးပါးနန်းတော်ကလို့ ယူဆရပါတယ် ... သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကိုလည်း တမင်ဖုံးကွယ် ထားပုံရပါတယ် ... ။ ”
-ဟု ဖြေကြားလိုက်လေသည်။
“ ဟား ဟား ဟား ။ ”
ထိုစကားကြောင့် ကောင်းကင် ကျီးကန်းနန်းတော်မှ ဟားတိုက်ရယ်မောသံ တစ်သံ ထွက်ပေါ်လာသည်။
“ ကောင်းကင်ကိုးပါးနန်းဆောင်ရဲ့ လူဟုတ်လား ... ဟား ဟား ဟား ကျင့်ကြံမှုကို တမင်ဖုံးကွယ်ထားတဲ့လူဟုတ်လား မင်းတို့ အခုထိ မင်းတို့ပြိုင်ဘက်ကို ဘယ်သူလဲ မသိသေးဖူးပဲ။ ”
စကားဆုံးသည်နှင့် ဝေရှန်းတစ်ယောက် နန်းတော်တံခါးဝတွင်ပေါ်လာပြီး လူတိုင်းအပေါ် အထင်မြင်သေးစွာ လှောင်ပြောင်တော့၏။
ဝေရှန်းကို မြင်လိုက်ရသည့်အခါ ဖုန်းထျန်းကျားသည် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် နစ်မျောသွားလေသည်။
“ ငှက်အိုကြီး ... မင်းရဲ့အရည်အချင်းမရှိတဲ့ မျိုးဆက်တွေရဲ့စကားကို နားမယောင်နဲ့ မင်းက အရင်တုန်းက ငါ့သခင်လေးရဲ့ ...
... ဝေဟင်သားရဲကြီးအဖြစ် နှစ်ပေါင်းတစ်ထောင်တိုင်အောင် အမှုထမ်းခဲ့ ဖူးတာကိုထောက်ထားပြီး ငါသတိပေးလိုက်မယ် ဒီလူက ငါ့သခင်လေးဝင်စားသူပဲ။ ”
ဝေရှန်းမှ ပြုံးလျက် ဖုန်းထျန်းကျားကို တိုက်ရိုက်ပြောကြားလိုက်သည်။ ဖုန်းထျန်းကျား တစ်ယောက် မျက်လုံးပြူးသွား၏။
“ သူ ... သူက ဝင်စားသူလား ... ။ ”
ယင်းသည် ခေါင်းကိုမိုးကြိုးထိမှန်သလို ခံစားလိုက်ရလေသည်။ နဖူးတွင် ချွေးစေးများ စီးလာပြီး စုရီထံ ပြန်ကြည့်လိုက်ရ၏။
ယင်းသည် နာကျင်စရာအတိတ်ကို ပြန်လည်အမှတ်ရလာသကဲ့သို့ မျက်နှာပြင်သည် ချက်ချင်း ဖြူဖျော့လာ၏။
“ ဘိုးဘေး ... ဒီလူ ... ။ ”
“ ဖြန်း ... ။ ”
“ ပါးစပ်ပိတ်ထား ... ။ ”
ဖုန်းယွင်လျဲ့က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဖုန်းထျန်းကျားသည် လှည့်ကာ ပါးရိုက်ချလိုက်လေသည်။
“ အခု ဒူးထောက် ... ။ ”
ကျယ်လောင်သော အမိန့်ပေးသံကြောင့် ဖုန်းယွင်လျဲ့ခမျာ လွင့်ထွက်မတတ်ယိမ်းယိုင်ပြီး မြေပြင်ပေါ် အတင်းအကြပ်ဒူးထောက်ကျသွား လေသည်။
“ ဟမ့် ... ငါမင်းကို အနာဂါတ်မှာ ငါ့မိသားစုခေါင်းဆောင်အဖြစ် ရွေးချယ်ကြည့်ဖို့ စဉ်စားနေတာ ... အခုတော မင်းကငါ့မိသားစုကို မျိုးတုံးအောင်လုပ်နေတာလား။ ”
ဤစကားနှင့် ဤဖြစ်ရပ်သည် ရပ်ကြည့်နေသော လူအုပ်ကြီးကို အံ့အားသင့် သွားစေသည်။
ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင် လေးစားခြင်းခံရသော ဖုန်းထျန်းကျားဟူသည် သူ၏အချစ်ဆုံးမြေးအပေါ် အဘယ်ကြောင့် သတ်ချင်နေရသည်ကို နားမလည်နိုင်တော့ချေ။
“ လူဝင်စား ဒါဆို ... ဒါဆိုရင် ... ။ ”
ယုဟွာရှန့်မှ တံတွေးကို ခက်ခက်ခဲခဲ မျိုချလျက် တုန်တုန်ရင်ရင်ဖြင့်၊
“ မင်း ... မင်းက လောကသခင်လား။ ”
-ဟု မေးမြန်းလိုက်တော့၏။
ထိုနာမည်ကြားလိုက်ရသည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။ လွန်ခဲ့သောတစ်နှစ်ခန့် လောကသခင်ဝင်စားလာသည့် သတင်းသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုပေပင်။
သို့သော် ထိုစဉ်က သတင်းများအရ လောကသခင်ဝင်စားသူမှာ ဧကရာဇ်အဆင့်သာ ရှိသေး၏။ ယခုမူ။
ဖုန်းယွင်လျဲ့တစ်ယောက် ဒူးထောက်လျက်သားဖြင့် မယုံကြည်နိုင်ဖွယ် ပြန်လည်မော့ကြည့်လာ၏။ သူ့အတွက် နိဠိတံသွားချေပြီ။
ထိုအချိန်တွင် ဖုန်းထျန်းကျားသည် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ယူပြီး ဦးညွှတ်ကာ သက်ပြင်းချလိုက်သည်။
“ လောကကြီးက ပြောင်းလဲနေပါပြီ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့တဲ့အတွက် မျိုးဆက်သစ်တွေက လောကသခင်ရဲ့ ဂုဏ်သတင်းကို မသိကြတော့ဘူး ...
... ဒါကြောင့် ငါ့မျိုးရိုးက မျက်စိကန်းပြီး မောက်မာမိခဲ့ပါတယ် အရင်ငါတို့ပတ်သတ်မှုကို ငဲ့ညှာပေးပြီး ... သူတို့ကိုခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ”
အပြာရောင်လွမ် ဝိညာဉ်မျိုးရိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းဟု တင်စားခံနေရသော တစ်စုံတစ်ဦးသည် စုရီအပေါ် ရိုကျိုးစွာဆက်ဆံ နေသည်ကို မြင်လိုက်ရသဖြင့် လူတိုင်းရင်ထဲ လှိုင်းထန်သွားကြလေသည်။
“ ငှက်အိုကြီး ... မင်းကိုယ်တိုင် တောင်းပန်နေမှတော့ ငါမင်းကိုမျက်နှာသာ မပေးဘဲ မနေနိုင်ပါဘူး ... မင်းမျိုးရိုးကိုခေါ်ပြီး ထွက်သွားနိုင်တယ်။ ”
စုရီက ခေါင်းညိတ်လိုက်သည်။ အတိတ်ကာလတွင် ဤဖုန်းထျန်းကျားသည် လောင်းကြေးရှုံး၍ သူ့ထံဝေဟင်သားရဲအဖြစ် နှစ်ပေါင်းတစ်ထောင်ကြာ အစေခံခဲ့ဖူး၏။
ထိုစဉ်က စိတ်မပါသော်လည်း ကတိတည်သူဖြစ်ခဲ့သည့်အတွက် အသိအမှတ် ပြုခဲ့လေသည်။
သူတို့နှစ်ဦးစကားကြောင့် ကြယ်မြစ်ဂိုဏ်းချုပ် ယုဟွားရှန်သည် မျက်နှာ ပျက်ယွင်းလျက် သူ့အဖွဲ့သားများကို ခေါ်ကာ တိတ်တဆိတ် ထွက်ပြေးတော့၏။
“ ဟမ့် ... ။ ”
သို့သော် စုရီမှ ခွင့်မပြုချေ။ ဓားအလင်း တစ်ချက်ဖြင့် ပစ်ခတ်လိုက်သည်။ ချက်ချင်းပင် ကြယ်မြစ်ကြီးတစ်စင်းပေါ်လာပြီး ၎င်းသွားရာ လမ်းတလျှောက် ခန္ဓာကိုယ်များကွဲထွက်ကာ သွေးမြူများ ပွင့်ထွက်ကုန်၏။
မည်သူမျှ အသက်ရှင်လျက် မလွတ်မြောက်ခဲ့ချေ။ ဝိညာဉ်များပင် ချွင်းချက် မရှိ ပဲ့ကြွေကုန်တော့၏။
ဤမြင်ကွင်းကြောင့် ယုမျိုးရိုးမှ မိသားစုဝင်များသည်လည်း ထိတ်လန့်ကုန်ပြီး ချက်ချင်းအသနားခံလာကြလေသည်။ စုရီက ပျင်းရိသွားကာ လက်ပြလျက် သူတို့အားလုံးကို ထွက်ခွာသွားစေလိုက်၏။
အဖိုးကြီးဖုန်းထျန်းကျားသည်လည်း ကျေးဇူးတင်သည့်အနေဖြင့် အကြိမ်ကြိမ်ပင် ဦးညွှတ်ကာ ယုမျိုးရိုးနှင့်အတူ ထွက်ခွာ သွားတော့သည်။
ထိုအချိန်တွင် ဝေရှန်းသည် တိုက်ပွဲမြေပြင်တွင် ကျန်ရစ်ခဲ့သော ရတနာများ လိုက်လံသိမ်းဆည်းလျက် စုရီအနား ပြန်ရောက်လာတော့၏။
“ သခင်လေး ... ခုနက ငါစကားများသွားတာကို စိတ်မရှိပါနဲ့။ ”
လက်ထဲရှိ သိုလှောင်လက်စွက်များ ရတနာများကို စုရီထံကမ်းပေးပြီး ဝေရှန်းက ပြုံးလျက်တောင်းပန်သည်။ စုရီမှ ခေါင်းညိတ် လိုက်တော့၏။
“ အဲဒီငှက်အိုကြီးက ငါ့ရဲ့ဝေဟင်သားရဲ အဖြစ် အများကြီးကူညီပေးခဲ့ဖူးတယ် ဒါကြောင့် သူ့မျက်နှာကို ထောက်ပြီး အသက်ချမ်းသာ ပေးလိုက်တာပါ ...
... ဝေရှန်း ... မင်းက နယ်ပယ်ဘုရင် အဆင့်အထိရောက်နေပြီကို ဒီအကျင့်ကတော့ မပျောက်သေးဘူးပဲ။ ”
ထို့နောက် ဝိုင်အိုးကို မော့သောက်လျက် ဝေရှန်းထံပြုံးကြည့်ကာ ကမ်းပေးလိုက်သည်။ ဝေရှန်းမှ တဟားဟားရယ်လျက်၊
“ ဟားဟားဟား ... ဒါက အကျင့်ဟောင်းပဲ ပြင်ဖို့ခက်ပါတယ်။ ”
-ဟု ဖြေကြားတော့၏။ ထိုစဉ်က သခင်လေးသည် ရန်သူများကိုသတ်ပြီး သူသည် ရတနာများ သိမ်းဆည်းပေးခဲ့ရသည်။
နှစ်ယောက်သား ကြယ်လွင်ပြင်အနှံ့ အတွဲညီညီဖြင့် ခရီးများဆက်ခဲ့၏။ လူငယ်ဘဝ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
သို့သော် တစ်ဖက်တွင် စုရီသည် အတိတ်သည် အတိတ်သာဖြစ်ပြီး ထိုစဉ်ကနှင့် မတူသော လမ်းသစ်ကိုသာ လျှောက်လှမ်းမည် ဖြစ်၏။
“ ဝေရှန်း ... ထျန်းချီကိုခေါ်လာခဲ့ ငါတို့ ကောင်းကင်ကိုးပါးနန်းတော်ကို သွားကြမယ်။ ”
ကျီကန်းတောင်ကြား အပြင်ဘက်တွင် စောင့်ကြိုနေသောမုချန်းယွမ်သည် စုရီနှင့်အတူ လူအချို့ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ မှသာ သက်ပြင်းချနိုင်လေသည်။
ကောင်းကင်ကိုးပါး နန်းတော်မှ ကောင်းကင်လွတ်မြောက်သူ လုယွမ်မှာမူ စုရီမှ သူ့ထံစိုက်ကြည့်လာသဖြင့် အနည်းငယ် တုန်လှုပ်သွားတော့၏။
“ ရန်ထောင်လင်ဆီ သတင်းပို့လိုက် ... ငါအခုပဲ ကောင်းကင်ကိုးပါး နန်းတော်ဆီကို လာနေပြီလို့ ...
... သူသာပုန်းနေဖို့ ကြိုးစားမယ်ဆိုရင် အဲဒီကောင်းကင်ကိုးပါးနန်းတော် တစ်ခုလုံးကို ငါမြေလှန်ပစ်ရလိမ့်မယ်။ ”
***
အခန်း ၉၈၈ -
ရန်ထောင်လင် ... ။
ကောင်းကင်ကိုးပါးနန်းတော်။ တောင်တန်းများပေါ်တွင် မြူနှင်းများ ဖုံးလွှမ်း နေ၏။ တောင်ခါးပန်းရှိ ဝါးအိမ်လေးရှေ့တွင် ရန်ထောင်လင်သည် ဝါးကုလားထိုင်ပေါ်၌ ထိုင်လျက် ကျောက်စိမ်းပြားတစ်ချပ်ကို အာရုံစိုက်လေ့လာနေသည်။
ရိုးရှင်းသော ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ခန္ဓာကိုယ်သွယ်လျကာ မျက်ဝန်းများသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှ၏။
လောကီနှင့် ကင်းကွာနေသော အေးချမ်းတည်ငြိမ်သည့် အရှိန်အဝါများ ပေါ်လွင်နေခဲ့သည်။
ဝါးတောထဲတွင် လေပြေညင်းများ တိုးဝှေ့တိုက်ခတ်နေစဉ် အစေခံအိုကြီးတစ်ဦး အနားသို့ ချဉ်းကပ်သွားကာ သတင်းအချို့ တင်ပြလာ၏။
“ သခင် ... လောကသခင်ဝင်စားသူက ဝေရှန်းနဲ့အတူ ကျီးကန်းတောင်ကြားကနေ ထွက်လာပါပြီ။ ”
ရန်ထောင်လင် တစ်ယောက် အခိုက်အတန့်မျှ လုပ်ဆောင်နေသမျှ ရပ်တန့် သွားပြီးနောက်၊
“ နတ်သမီးရွှယ်လျိုရဲ့ ဆန္ဒဝိညာဉ်က ... သူ့ကိုမဖမ်းနိုင်ခဲ့ဘူးပေါ့ ကြည့်ရတာ ... ရှန့်မူရဲ့ မှတ်ဉာဏ်တွေ မနိုးထသေးဘူးထင်တယ်။ ”
-ဟု မှတ်ချက်ပြုလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားကို သိမ်းလိုက်ကာ ပြုံးချေ၏။
“ ဒါဆို ... ဝင်စားသူက ငါ့ရဲ့ ပရိယာယ်တွေကြောင့် ငါ့ကိုသေချာပေါက် မုန်းနေလိမ့်မယ် အခုဒီကိုလာနေပြီလား။ ”
အစေခံအိုကြီးက တုံ့ဆိုင်းစွာဖြင့်၊
“ ဟုတ်ကဲ့ ... ဒါနဲ့သခင် ... တစ်ခုခု ပြင်ဆင်ထားသင့်သလား။”
-ဟု မေးမြန်းသည်။ ရန်ထောင်လင်က ခေါင်းယမ်းလိုက်၏။
“ မလိုပါဘူး ... ပရိယာယ်ဆိုတာ ဒုတိယအဆင့်ပဲရှိတယ် လောကသခင်အတွက် ကျီးကန်းတောင်ကြားမှာတင် အဆုံးသတ် သွားလိမ့်မယ်လို့ ငါ အစကတည်းက မမျှော်လင့်ထားဘူး။ ”
ထို့နောက် ရန်ထောင်လင်သည် လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်သည်။
“ ဒါ့ပြင် ငါသူ့ကို ကောင်းကောင်းသိတယ် သူနဲ့ရင်ဆိုင်ဖို့ဆိုရင် ပရိယာယ်တွေက အချည်းနှီးပါပဲ နောက်ဆုံးမှာ စစ်မှန်တဲ့ ခွန်အားနဲ့သာ ဆုံးဖြတ်ရလိမ့်မယ် ... ။ ”
ထို့နောက် ရန်ထောင်လင်က သက်ပြင်းချကာ မတ်တတ်ထရပ်လိုက်ပြီး၊
“ သွားကြစို့ လောကသခင်ကို သွားကြိုရအောင် ဒီနေ့ရောက်ဖို့ ငါအကြာကြီး စောင့်ခဲ့ရတာ။ ”
-ဟု ဆိုလိုက်တော့၏။
ကောင်းကင်ကိုးပါးနန်းတော်၏ ဂိတ်တံခါးအပြင်ဘက်တွင် မိုးရွာသွန်းပြီးစဖြစ်၍ တောင်တန်းနှင့် မြစ်ချောင်းများသည် ကြည်လင်သန့်ရှင်းနေသည်။
“ ရှီချီ ... မင်းအဖေ လာခေါ်တော့မယ် သွားရအောင်။ ”
“ အဖေလာပြီလား ... ။ ”
ထိုစကားကြောင့် ငရဲဘုရင်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားလေသည်။ သူမသည် ငယ်စဉ်ကတည်းက ဤနေရာတွင် ကျင့်ကြံလာခဲ့သော်လည်း ထိုသို့ရှီချီဟူသည့် အခေါ်အဝေါ်မျိုးဖြင့် မရင်းနှီးခဲ့ချေ။
သူမအတွက် တစ်ဖက်လူသည် အတိုင်းအဆမရှိ နက်ရှိုင်းသော ချောက်ကမ်းပါး ကဲ့သို့ လျှို့ဝှက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
“ ကျွီ ... ။ ”
ရန်ထောင်လင်က သူမခံစားချက်များကို ဂရုမစိုက်ဘဲ လက်နှစ်ဖက်နောက်ပို့ကာ ပွင့်သွားသော တံခါးအပြင်သို့ လှမ်းထွက်လိုက်၏။
“ မင်း ကြောက်နေဖို့ မလိုပါဘူး ငါမင်းကို ဒီမှာထားပြီး ... ကျင့်ကြံခိုင်းတာက မင်းအဖေနဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့လို့ပဲ ...
... ဒါပေမယ့် ဒီနေ့ကစပြီး မင်းတို့ သားအဖနှစ်ယောက်လုံး ဒီချည်နှောင်မှုကနေ လွတ်မြောက်သွားပါပြီ။ ”
“ ဂိုဏ်းချုပ် ... ဒါက လောကသခင် ရောက်လာလို့လား။ ”
ငရဲဘုရင်က သတ္တိမွေးကာ မေးမြန်း လိုက်လေသည်။ ရန်ထောင်လင်မှ ခေါင်းညိတ် ရုံသာပြပြီး စကားမဆိုခဲ့ချေ။ အချိန်အနည်းငယ် ကြာပြီးနောက် အဝေးကို ငေးကြည့်နေရာမှ တစ်စုံတစ်ခုကို သတိရကာ ပြန်မေးသည်။
“ လောကသခင် ဝင်စားသူကို မင်းဘယ်လိုထင်လဲ။ ”
ငရဲဘုရင်မှ ချက်ချင်း ပြန်မဖြေနိုင်ချေ။ စုရီနှင့် ဆုံတွေ့ခဲ့သည်များကို ပြန်စဉ်းစားကာ၊
“ အရမ်း အစွမ်းထက်တယ်။ ”
- ဟု ဖြေကြားလိုက်သည်။
“ ဘယ်လောက်တောင်လဲ။ ”
“ သူ့ကိုတွေ့တိုင်း ခံစားရတာက... ဒီလောကမှာ သူ မလုပ်နိုင်တာ ဘာမှမရှိဘူး ဆိုတဲ့ ခံစားချက်ပဲ။ ”
ထိုမှတ်ချက်ကြောင့် ရန်ထောင်လင်မှ သက်ပြင်းချလိုက်ကာ၊
“ မှန်တယ် ... သူက တကယ်ပဲ အဲ့ဒီလိုလူမျိုးပဲ။ ”
-ဟု ထောက်ခံလိုက်သည်။ ထိုစဉ် အဝေးမှ လေခွင်းသံများ ကြားလာရ၏။ ရန်ထောင်လင်း တစ်ယောက် ကျေနပ်စွာပြုံးကာ၊
“ မင်းအဖေ ရောက်လာပြီ။ ”
-ဟု အတည်ပြုလိုက်သည်။
ငရဲဘုရင်ခမျာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီးနောက် မော့ကြည့်လိုက်သည်။ စုရီ၊ မုချန်းယွင်နှင့် ဝေရှန်းတို့ အတူတကွ ရောက်ရှိပြီဖြစ်၏။
“ အဖေ ... ။ ”
ဝေရှန်းကိုမြင်ချိန်၌ ငရဲဘုရင်၏ မျက်ဝန်းများနီမြန်းလျက် ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။ ဝေရှန်းမှ အံ့သြ ဝမ်းသာသွားကာ၊
“ ငါ ... ငါ့သမီးလေး ရှီချီတောင် ... အချောအလှလေး ဖြစ်နေပြီပဲ။ ”
-ဟု ဆိုလိုက်တော့သည်။ ထို့နောက်တုန်တုန်ရင်ရင်ဖြင့် သားအဖနှစ်ဦး တစ်ဦးကိုတစ်ဦး ဖက်လဲတကင်းဖြစ်လာ၏။
ယင်းသို့ သားအစ်ဖနှစ်ယောက် ဝမ်းသာငိုကြွေးနေကြသည်ကို ရန်ထောင်လင်မှ ဂရုမစိုက်ချေ။ သူ၏ အာရုံအားလုံးသည် စုရီထံသို့သာ ရောက်ရှိနေသည်။
“ အဘိုးကြီး... မင်း သေဖို့ အဆင်သင့်ဖြစ်နေပြီလား။ ”
စုရီက အေးအေးလူလူ မေးလိုက်သည်။ ရန်ထောင်လင်မှ ပြုံးပြီး၊
“ နှစ်တွေ အများကြီး ကြာသွားပေမဲ့ လောကသခင်ကတော့ အရင်လို ထက်မြက် နေတုန်းပါပဲ။ ”
-ဟု တည်ငြိမ်စွာ တုံ့ပြန်သည်။
သို့သော် သူစကားပြောပြီး သည်နှင့် လောကကြီးတစ်ခုလုံး ဖိအားများဖြင့် ပြည့်နှက် သွားတော့၏။
သူဟူသည် အရှေ့ပိုင်းကြယ်ဒိုမိန်းတွင် အစွမ်းထက်ဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။
“ မင်းမှာ မေးခွန်းတွေ အများကြီး ရှိနေမယ်ဆိုတာငါသိတယ်။ ”
ရန်ထောင်လင်က ကျောက်စိမ်းတုံး တစ်တုံးကိုထုတ်ပြကာ၊
“ မင်းသိချင်နေတဲ့ အဖြေတွေအားလုံး ဒီထဲမှာရှိတယ် ... ငါ့ကိုအနိုင်ယူနိုင်ရင် ဒါဟာ မင်းအပိုင်ပဲ။ ”
-ဟု ဆိုလိုက်လေသည်။
“ မင်းကို အနိုင်ယူရမှာလား ... ငါက မေးခွန်းတွေမေးဖို့သက်သက်ပဲ လာတယ်လို့ မင်းထင်နေတာလား။ ”
စုရီက မျက်ခုံးပင့်ကာ ပြောကြားလိုက်သည်။ ရန်ထောင်လင်မှ ပြုံး၏။
“ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတည်းက ငါ့ရဲ့စစ်မှန်တဲ့ ခန္ဓာကိုယ်က ... အင်မော်တယ် တားမြစ်နယ်မြေကို ထွက်သွားခဲ့ပါပြီ အခု မင်းရှေ့မှာရှိနေတာက ငါ့ရဲ့ကိုယ်ပွားပဲ။ ”
“ ကိုယ်ပွားလား။ ”
ဝေရှန်းနှင့် မုချန်းယွင်တို့သည် အံ့အားသင့်သွားကြသည်။ စုရီမှ ပြုံးလျက်၊
“ ဘာလို့လဲ ... ဒီလောက်နှစ်တွေ အကြာကြီးစောင့်နေပြီးမှ ငါ့ရှေ့ကို ကိုယ်တိုင် မလာရဲတော့ဘူးလား။ ”
-ဟု ပြောကြားလိုက်၏။ ရန်ထောင်လင်မှ ခေါင်းယမ်းလိုက်ကာ၊
“ မဟုတ်ဘူး ... မင်းရောက်လာတာ နောက်ကျသွားလို့ပါ ငါတို့လိုအဘိုးကြီးတွေက အခုအချိန်မှာ အုပ်စိုးရှင်လမ်းကိုတက်လှမ်းနိုင်ဖို့ အချိန်နဲ့အမျှ ကြိုးစားနေရတယ် ...
... ဒီလမ်းက ငါတို့ကြယ်ဒိုမိန်းကနေ ပျောက်ကွယ်ခဲ့တာကြာပြီဆိုပေမယ် မကြာခင် ပြန်ပွင့်တော့မယ် ဘယ်သူအရင်ဆုံး တက်လမ်း နိုင်မလဲဆိုတာက စစ်မှန်တဲ့ပြိုင်ပွဲပဲ အဲဒီအရာနဲ့ ယှဉ်ရင် ဒီကနေ့ရန်ငြိုးရန်စတွေဆိုတာက သေးနုပ်လွန်းပါတယ်။ ”
စုရီက အရက်တစ်ငုံ သောက်လိုက်၏။ ရန်ထောင်လင် ပြောကြာသည်မှာ မှန်ပေသည်။ ကြယ်လွင်ပြင်ရှိ ထိပ်တန်း ပုဂ္ဂိုလ်များအတွက် နယ်ပယ်ဘုရင်အဆင့်မှသည် အင်မော်တယ် လမ်းသို့ တက်လှမ်းနိုင်ရေးသည်သာ အကြီးမားဆုံးရည်မှန်းချက်ဖြစ်၏။
“ ကောင်းပြီ ... နောက်ကျလဲ ကိစ္စတော့ မရှိပါဘူး ... မင်းသာ အင်မော်တယ်နယ်ပယ်ကို တက်ရောက်နိုင်ခဲ့ရင် ...
... မင်းရဲ့အင်မော်တယ်ခွန်အား ဘယ်လောက်ရှိမလဲဆိုတာ ငါကိုယ်တိုင် စမ်းသပ်ကြည့်ပေးမယ်။ ”
“ ဟားဟားဟား ... ဒါပေမဲ့ စမ်းကြည့်ဖို့ဆိုတာ ... မင်းအသက်ရှင်နိုင်မလား ဆိုတဲ့အပေါ်မှာ မူတည်နေပါသေးတယ်။ ”
ရန်ထောင်လင် မျက်ဝန်းများက ထူးဆန်းစွာ တောက်ပလာပြီး၊
“ ငါ့ရဲ့စစ်မှန်တဲ့ ခန္ဓာကိုယ်က အင်မော်တယ်လမ်းရဲ့ လျှို့ဝှက်ချက်တွေကို နားလည်သွားပြီ ... ဒါကြောင့်အခုဆိုရင် အင်မော်တယ်နယ်ပယ်ထဲ ခြေတစ်ဖက် ရောက်နေပြီ။ ”
“ အမည်ခံ အင်မော်တယ်အဆင့်။ ”
ဤစကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသော်လည်း စုရီအတွက်မူ တည်ငြိမ်စွာဖြင့် ရှိနေဆဲပေပင်။
“ ဟမ့် ... ခြေတစ်ဖက် လှမ်းဝင်ရုံနဲ့တော့ စစ်မှန်တဲ့ အင်မော်တယ်တစ်ပါး မဖြစ်သေးပါဘူး။ ”
ရန်ထောင်လင်စကားကြောင့် စုရီခမျာ နှလုံးသားထဲ တစ်ချက် လှုပ်ခတ်သွားရသည်။ အမည်ခံ အင်မော်တယ်နယ်ပယ်အဆင့်သည် ယခင်လောကသခင်ဘဝ အထွတ်အထိပ် ရောက်ရှိခဲ့စဉ်နှင့် မခြားတော့ချေ။
“ မှန်တယ် ... တာအိုမိတ်ဆွေရဲ့ မျက်လုံးထဲမှာတော့ ဒီလိုအောင်မြင်မှုလေးက ဘာမှမဟုတ်လောက်ပါဘူး။
ရန်ထောင်လင်က ဖြည်းညင်းစွာ ဆက်ပြောလာသည်။
“ ဒါပေမဲ့ ငါ့အတွက်တော့ ဒီနေ့ ငါတို့ဆုံတွေ့မှုအတွက် လုံလောက်နေပါပြီ။ ”
“ ဒါဆို ဘာလို့ မစမ်းကြည့်သေးတာလဲ။ ”
“ ငါတို့သိလာတာ နှစ်တွေလည်း မနည်းတော့ဘူး ပြင်ပလက်နက်တွေ မသုံးဘဲ ကျင့်ကြံမှုအစစ်အမှန်နဲ့ တိုက်ကြမလား။ ”
“ ကောင်းပြီ လာခဲ့ ... ။ ”
“ ဝှစ် ... ။ ”
စုရီက ကောင်းကင်ထက်သို့ ခုန်တက်လိုက်ကာ ဖိတ်ခေါ်လိုက်တော့သည်။ ထို့နောက် တိမ်ပင်လယ်ကြားတွင် ဝတ်ရုံများ တဖျတ်ဖျတ်လွင့်လျက် ရန်ထောင်လင်ကို စိုက်ကြည့်လိုက်၏။
အဆိုပါအသွင်အပြင်သည် လောကပြင်ပမှ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ရန်ထောင်လင်က လုယွမ်ကိုလှည့်ကြည့်ကာ၊
“ အနိုင်အရှုံး ဘယ်လိုပဲဖြစ်နေပါစေ တခြားသူတွေကို ဝင်မပါစေနဲ့။ ”
-ဟု မှာကြားပြီး လေထဲ ပျံတက်သွားတော့သည်။
ရန်ထောင်လင်၏ မျက်ဝန်းအစုံ၌ လှိုင်းအနည်းငယ် လှုပ်ခတ်နေခဲ့၏။ သူသည် ယနေ့ကို စောင့်စားနေခဲ့ရသည်မှာ ကြာမြင့်ချေပြီ။
ရုတ်ချည်းပင် သူ့ခန္ဓာကိုယ်မှ မမြင်နိုင်သောအရှိန်အဝါများ ပေါက်ကွဲပြီး ထွက်ပေါ် လာတော့၏။
ကောင်းကင်တခွင် ချက်ချင်း အမှောင်အတိကျသွားပြီး မိုးကြိုးကပ်ဘေးဒုက္ခ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် နိယာမစွမ်းအား ထွက်ပေါ်လာ၏။
ကောင်းကင်ဆန္ဒ ဥပဒေခေါ် အမှောင်တားမြစ်စွမ်းအားပေပင်။ ၎င်းတို့သည် မည်းမှောင်သော တိမ်တိုက်ကြီးများကဲ့သို့ ပတ်ဝန်းကျင်ကို ချက်ချင်းဖုံးလွှမ်းသွား၏။
***