← Chapters

အခန်း (၉၈၉-၉၉၀)

Vol. 83 Ch. 989-990

အခန်း (၉၈၉-၉၉၀)

Vol. 83 Ch. 989-990

အခန်း ၉၈၉ -

တိုက်ပွဲစတင်ခြင်း ... ။

တိုက်ပွဲသည် မစရသေးသော်လည်း ပတ်ဝန်းကျင်၌ပျံ့နှံ့နေသော ကပ်ဘေးဒုက္ခ ရောင်ဝါများကြောင့် လူတိုင်း၏ဦးရေပြားများ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ရင်ထဲတွင်လည်း ဖိအားများ ခံစားလာရသည်။

“ ကျေးဇူးပြုပြီး ... ။ ”

ရန်ထောင်လင်က ဖိတ်ခေါ်လိုက်၏။ စုရီမှပြုံးလျက် စကားမဆိုဘဲ ရန်ထောင်လင် ရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။

ခြေလှမ်းတိုင်း ကောင်းကင်နှင့် မြေကြီး တုန်ဟည်းစေကာ တောင်နှင့်မြစ်များ လှုပ်ခတ် သွားစေတော့၏။

ပတ်ဝန်းကျင်ရှိ ထျန်းချီနိယာမများပင် လှိုင်းထန်ကုန်၏။ လျှောက်လှမ်းလာသည်နှင့် အမျှ အရှိန်အဝါသည်လည်း ပိုမိုပြင်းထန်လာပြီး မီးတောင်ကြီးတစ်လုံး ပေါက်ကွဲတော့မည့် အလား ပွက်ပွက်ဆူလာသည်။

“ ဒီလောက် အသက်အရွယ်လေးနဲ့ ဒီလိုကျင့်ကြံနိုင်တာက တကယ်ပဲ ရှားပါးလှတဲ့ ပါရမီရှင်တစ်ယောက်ပါ ...

... ဒါကြောင့်လည်း နတ်ဘုရားတွေရဲ့ ပဋိညာဉ်မှာဝင်စားခြင်းဥပဒေကို တားမြစ်ချက် အဖြစ် သတ်မှတ်ထားတာကိုး။ ”

ရန်ထောင်လင်က ချီးကျူးစကား ဆိုလိုက်သည်။ စကားဆုံးသည်နှင့် သူ့ဝတ်ရုံများ ဖောင်းကားလာကာ အရေပြားမှ နတ်အလင်းများ ဖြာထွက်လာ၏။

အဝေးမှ ကြည့်သော် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသည့် ရှေးဟောင်း တောင်ကြီးတစ်လုံးကဲ့သို့ ထင်မှားစေသည်။

“ မင်းက နတ်ဘုရားတွေရဲ့ ပဋိညာဉ် အကြောင်းကိုလည်း သိနေတာလား။ ”

စုရီက စိတ်ဝင်စားသွားသည်။

“ နည်းနည်းပါ ... ။ ”

“ ဝှစ် ... ။ ”

နှစ်ယောက်သား စကားပြောနေစဉ် ကောင်းကင်ကြီးသည် ပြိုကျတော့မည့်အလား တုန်ခါနေ၏။

ဝေးလံသော နေရာမှ ကြည့်နေသူများ အားလုံး ရင်တထိတ်ထိတ်နှင့် အသက်ရှူရန် မေ့လျော့နေကြသည်။

“ ဟိတ် ... ။ ”

သည့်နောက် စုရီက ရန်ထောင်လင်နှင့် ဆယ်ပေအကွာသို့ ရောက်ရှိသွားပြီး နှစ်ဦးလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

ရန်ထောင်လင်သည် လက်သီးဖြင့် အားကုန်လွှဲ၍ထိုးနှက်နေပြီး စုရီသည်လက်ကို ဓားကဲ့သို့အသုံးပြုကာ ခုတ်ပိုင်းချနေသည်။

“ ဝုန်း ... ။ ”

သူတို့ကြားရှိ ဆယ်ပေပတ်လည် ဟင်းလင်းပြင်သည် တစစီပေါက်ကွဲသွားရ၏။ ရန်ထောင်လင်လက်သီးသည် ကောင်းကင်နှင့် မြေကြီးကို ခွဲပစ်နိုင်သော နတ်ဘုရားတစ်ပါး၏ အမျက်ဒေါသကဲ့သို့ ပြင်းထန်၏။

စုရီ၏ဓားချက်မှာမူ ရိုးရှင်းသော်လည်း မည်သည့်အရာနှင့်မျှ တားဆီး၍မရနိုင်သော အစွမ်းသတ္တိမျိုးရှိသည်။

လက်သီးနှင့် ဓားရည်ရွယ်ချက်တို့ ထိတွေ့မှုကြောင့် အလင်းများပွင့်ထွက်ကာ လေလှိုင်းများ ဖရိုဖရဲ ဖြစ်ကုန်၏။

“ ဝုန်း ... ။ ”

မျက်စိတမှိတ်အတွင်း သူတို့နှစ်ဦးသည် ရာနှင့်ချီသောလှုပ်ရှားမှုများအပေါ် ဖလှယ်ပြီး ဖြစ်ချေ၏။

“ ဒီမှာ လာဦးမယ် ... ။ ”

“ ဝုန်း ... ။ ”

စုရီသည် ဓားမပါဘဲ ကမ္ဘာဦးကျမ်းနှင့် ဖန်ဆင်းရှင်စွမ်းအားကို ပိုင်စိုးထားသောဓားကို ထုတ်ဖော်နေ၏။

ရန်ထောင်လင်သည်လည်း လက်သီးချက်တိုင်းတွင် ဘေးဒုက္ခစွမ်းအားများ သယ်ဆောင်ထားသည်။

“ ဒါ ... ဒါက နယ်ပယ်ဘုရင်အဆင့် တိုက်ပွဲလား ... ။ ”

မုချန်းယွမ်တစ်ယောက် တုန်တုန်ရီရီဖြင့် ငေးမောသွား၏။ သူသည်လည်း နယ်ပယ်ဘုရင် တစ်ပါးဖြစ်သော်မှ ဤတိုက်ပွဲကို မမြင်နိုင်ချေ။ စွမ်းအင်အကြွင်းအကျန်လှိုင်းဖြင့်ပင် သူ့ဝိညာဉ် မှုန့်မှုန့်ညက်ညက်ကျေနိုင်၏။

“ လောသခင် ... မင်းရဲ့ အထွတ်အထိပ် အချိန်နဲ့ယှဉ်ရင် အများကြီး အားနည်းနေတယ်။ ”

တိုက်ပွဲအတွင်း ရန်ထောင်လင်၏ မှတ်ချက်ပေးသံ ထွက်ပေါ်လာလေသည်။ စုရီမှ လှောင်ပြုံး ပြုံးလိုက်၏။

“ အပိုတွေ ပြောမနေနဲ့ ... မင်းသာ ငါနဲ့ကျင့်ကြံမှုနဲ့ အဆင့်တူမှာဆိုရင် မင်းအခုလို သန်မာနိုင်မယ်ထင်နေလား။ ”

“ သဘာဝပါပဲ။ ”

ထိုမေးခွန်းကို ရန်ထောင်လင်မှ ပွင့်လင်းစွာဝန်ခံလိုက်သည်။ နှစ်ယောက်သား စကားပြောနေသော်လည်း တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်နေခဲ့၏။

စုရီသည် လက်ဗလာဖြင့် ဓားရည်ရွယ်ချက်များသုံးကာ အဆုံးစွန်သော ခွန်အားကို ထုတ်ဖော်နေသည်။

ရန်ထောင်လင်က ကောင်းကင်ဆန္ဒ ဥပဒေအားလုံးကို ချေမှုန်းနိုင်သော လက်သီးဖြင့် တုံ့ပြန်၏။

“ မင်းကိုထိပြီ ... ။ ”

“ ဘောင်း ... ။ ”

“ မင်းလည်း လွတ်မယ်ထင်လား။ ”

“ ဘန်း ... ။ ”

ရန်ထောင်လင်က ဟိန်းဟောက်ကာ စုရီ၏ပခုံးကိုလက်သီးဖြင့် ထိုးချလိုက်လေသည်။ စုရီမှလည်း လက်ဖဝါးဖြင့် ရင်ဘတ်ကို ပြန်လည် ခုတ်ချလိုက်၏။

အျကိုးဆက်အနေဖြင့် စုရီတစ်ယောက် ပေအနည်းငယ် နောက်သို့လွင့်ထွက်သွားသည်။ ပခုံးရိုးများကျိုးကာ သွေးများ စိမ့်ထွက်လာပြီး မျက်နှာဖြူလျော့သွား၏။

တစ်ချိန်တည်းမှာပင် ရန်ထောင်လင်၏ ဝတ်ရုံသည်လည်း စုတ်ပြတ်သွားကာ ရင်ဘတ်၌ သွေးစို့နေသော ဓားဒဏ်ရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့လေသည်။

“ ဟိတ် ... ။ ”

“ ဝုန်း ... ။ ”

သို့တိုင် နှစ်ယောက်သား မျက်နှာချင်းဆိုင် ပြေးဝင်လိုက်ကြပြီး ထပ်မံ လုံးထွေးသွားပြန်၏။ ဒဏ်ရာများကို ဂရုမစိုက်ကြဘဲ မီးတောင်နှစ်လုံး တိုက်မိသည့်အလား ပိုမိုရက်စက်ကာ ပြင်းထန်ကုန်လေသည်။

စုရီ၏ ကျောက်စိမ်းရောင် ဝတ်ရုံသည် သွေးချင်းချင်းနီပြီး ရန်ထောင်လင်ခန္ဓာကိုယ်၌ ပြတ်ရှရာများ ဗလပွဖြစ်လာ၏။

“ ချိုးဖြတ်လိုက် ... ။ ”

“ ဝုန်း ... ။ ”

သို့သော် နှစ်ဦးလုံးသည် နောက်ဆုတ်ရန် ဆန္ဒမရှိကြချေ။ ရန်ထောင်လင် လက်သီးသည် စုရီ၏ ဘယ်ဘက်လက်မောင်းကို ထိမှန်ကာ ကြိတ်ခြေပစ်လိုက်တော့၏။

“ ဘုန်း ... ။ ”

တစ်ချိန်တည်းမှာပင် ရန်ထောင်လင်၏ ခန္ဓာကိုယ်သည်လည်း ထက်ရှသောဓားကြောင့် အက်ကွဲကြောင်းများ ပေါ်လာကာ သွေး အလိမ်းလိမ်း ဖြစ်သွားရ၏။

“ အံ့သြစရာပဲ ... အတိတ်ရော ... အနာဂတ်မှာပါ မင်းနဲ့ကျင့်ကြံမှု အဆင့်တူဆိုရင် မင်းကိုအနိုင်ယူနိုင်မဲ့သူ ရှိတော့မယ် မထင်ဘူး။ ”

ရန်ထောင်လင်က သက်ပြင်းချကာ မှတ်ချက်ပေးလိုက်သည်။ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး သွေးသံရဲရဲ ဖြစ်နေသော်လည်း မျက်ဝန်းများမှာမူ မောက်မာနေဆဲဖြစ်၏။

စုရီသည်လည်း လက်မောင်းတစ်ဖက် ကျိုးနေသော်လည်း တည်ငြိမ်စွာ တိုက်ပွဲဝင် နေဆဲပေပင်။

“ ဟားဟားဟား ... ဖုံးကွယ်မနေတော့နဲ့ မင်းရဲ့အင်မော်တယ်နယ်ပယ်ကို ခြေတစ်ဖက် လှမ်းနေတဲ့ စွမ်းအားတွေ ဘယ်လောက် သန်မာလဲဆိုတာ ငါ့ကိုပြစမ်းပါဦး။ ”

စုရီစကားကြောင့် ရန်ထောင်လင်က ခေါင်းညိတ်လိုက်ကာ၊

“ ကောင်းပြီ ... ။ ”

-ဟု တစ်ခွန်းတည်း ပြောသည်။ ထိုအခိုက်အတန့်တွင် သူ၏အရှိန်အဝါများသည် ရုတ်ချည်း ပြောင်းလဲသွားတော့၏။

ရန်ထောင်လင်၏ ရောင်ဝါတွင် အိပ်မက်ဆန်သော နတ်အလင်းတန်းများစွာ ရစ်သိုင်းလာပြီး သူ့အရှိန်အဝါသည်လည်း ရုတ်ချည်းမြင့်တက်လာသည်။

သူသည် ကောင်းကင်ကိုးပါး အထက်တွင် ရပ်နေသော နတ်ဘုရားအလား ထင်မှတ်စေကာ ဒဏ်ရာများသည်လည်း အံ့သြဖွယ်ကောင်း လောက်အောင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာ၏။

ဤအခြေအနေကိုကြည့်ပြီး ဝေရှန်းနှင့် မုချန်းယွမ်တို့ မျက်နှာပျက်ယွင်းသွားကြသည်။ စုရီသည်ပင် မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။

တစ်ဖက်လူ၏ အရှိန်အဝါသည် အင်မော်တယ်အဆင့်သို့ ကူးပြောင်းတော့မည့် လက္ခဏာများပင် ပြသနေသည်။

သူ့ယခင်ဘဝ လောကသခင်သည်လည်း ဤအဆင့်တွင် ပိတ်မိနေခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် စုရီခန္ဓာကိုယ်မှ တိုက်ပွဲဝင်ဆန္ဒများ ပေါက်ကွဲထွက်လာကာ၊

“ ကောင်းကင်ကိုးပါးနန်းတော် တည်ထောင်သူဆီကနေ အမည်ခံအင်မော်တယ် တစ်ပါးရဲ့ ခွန်အားကိုကြည့်ပါရစေ။ ”

-ဟု ဖိတ်ခေါ်လိုက်တော့၏။

“ ကောင်းပြီ ... လောကသခင် ဒီလက်သီးကိုယူပါ ဟားဟားဟား ... ။ ”

စကားဆုံးသည်နှင့် ရန်ထောင်လင်က လက်သီးဖြင့်ထိုးနှက်လာ၏။ လက်သီးချက်တွင် ယခင်ထက်အဆပေါင်းများစွာ ပိုမိုပြင်းထန်ပြီး အဖျက်စွမ်းအားပြင်းထန်သော ဥပဒေ နိယာမအချို့ ပါဝင်နေချေပြီ။

ကောင်းကင်နှင့် မြေကြီး တုန်ခါလျက် အရာအားလုံး ပြိုကွဲကုန်၏။ တစ်ချက်တည်းဖြင့် လောကကြီးအပေါ် ကြိတ်ခြေပစ်နိုင်သော အရှိန်အဝါမျိုး ရှိနေချေပြီ။

“ လာခဲ့ ... ။ ”

တစ်ဖက်တွင် စုရီသည်နောက်မဆုတ်ဘဲ ဓားရည်ရွယ်ချက်ကိုဖော်ဆောင်ကာ အားကုန် ခုခံလိုက်ရသည်။

“ ဝုန်း ... ။ ”

သို့သော် ချက်ချင်းပင်လွင့်ထွက်သွားကာ တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းနှင့် ခန္ဓာကိုယ် အက်ကြောင်းများ ပေါ်လာတော့၏။

“ ဘယ်လိုလဲ ... ဒီလက်သီးက။ ”

ရန်ထောင်လင်မှပြုံးကာ လေထုအလယ် ရပ်တန့်လိုက်ပြီး စုရီနောက်လိုက်မလာတော့ဘဲ အေးအေးလူလူ မေးမြန်းလိုက်ချေပြီ။

***

အခန်း ၉၉၀ -

ဘဝနှင့်လောင်းကြေးထပ်ခြင်း ... ။

“ အတိတ်ဘဝ ငါအထွတ်အထိပ် ခွန်အားကိုတောင် မမီသေးပါဘူး။ ”

တစ်ဖက်တွင် စုရီတစ်ယောက် နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ကာဖြင့် ရန်ထောင်လင် မေးခွန်းကိုပြန်ဖြေလိုက်၏။ သူ ဒဏ်ရာများ ပြင်းထန်လှသော်လည်း တည်ငြိမ်မှု ပျက်ပြယ်မသွားချေ။

“ ကောင်းပြီ ဒီမှာ ခံစားကြည့်ပါဦး။ ”

သူ့အဖြေကြောင့် ရန်ထောင်လင်က ထပ်မံ၍နတ်အလင်းများ ရစ်သိုင်းနေခဲ့သော လက်သီးချက်များကို ထုတ်ဖော်ပြန်၏။

၎င်းသည် အလွန်ပင်လျင်မြန်လှသဖြင့် ရှောင်တိမ်းရန် အချိန်မရှိချေ။ ထို့ကြောင့် စုရီမှ ဝင်စားခြင်း ဥပဒေအပြည့်အစုံနှင့် အလင်းကဲ့သို့ လျင်မြန်သော ဖေးကွမ်ဥပဒေသစည်းမျဉ်းကို ဆင့်ကာဆင့်ကာ ဖန်တီးလိုက်သည်။

“ ဟားဟားဟား မလုံလောက်ဘူး။ ”

“ ခရစ် ... ။ ”

“ ဘန်း ... ။ ”

ရန်ထောင်လင်မှ အော်ဟစ် ရယ်မောလိုက်လေသည်။ လက်သီးကြီးသည် ထိုဓားအကာအရံများကို တစစီချိုးဖြတ်လျက် စုရီကိုလွင့်ထွက်သွားစေပြန်၏။

“ အဟွတ် အဟွတ် ... ဝေါ့။ ”

“ သခင်လေး ... ။ ”

ဝေရှန်းက စိုးရိမ်သွား၏။ သူဘဝတွင် သခင်လေးတစ်ယောက် ဤသို့သွေးအန်သည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပေပင်။ သခင်လေး ဟူသည် အမြဲတမ်း သန်မာသူဖြစ်၏။

“ ဂိုဏ်းချုပ်က နှစ်ပေါင်းများစွာ ဒီနေ့ကိုပြင်ဆင်လာခဲ့တာ ... လောကသခင်ရဲ့ ဝင်စားသူကို အပြတ်ရှင်းနိုင်ရင် ဘယ်လောက် ဂုဏ်ယူစရာကောင်းလိုက်မလဲ။ ”

ကောင်းကင်လွတ်မြောက်သူ လုယွမ်တစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် သွေးများပင် ပွက်ပွက်ဆူလာသည်။

အမည်ခံ အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းပြီးနောက် ရန်ထောင်လင်သည် တိုက်ပွဲကို အုပ်စီးမိလာချေပြီ။ နယ်ပယ် ကွာဟချက်သည် များစွာ မြင်သာ၏။

“ ဟားဟားဟား ... ဘယ်လိုလဲ မင်းရဲ့လူဝင်စားခန္ဓာကိုယ်က ငါ့ရဲ့ကိုယ်ပွားလေး ကိုတောင် မယှဉ်နိုင်တော့ပါလား။ ”

တစ်ဖက်တွင် ရန်ထောင်လင်သည် မျက်ခုံးပင့်လျက် စကားဆို၏။ စုရီတစ်ယောက် သွေးများပါးစပ်အပြည့် အန်ထုတ်လျက် ရုတ်တရက် ရယ်မောလိုက်ကာ၊

“ ဟားဟားဟား ... တိုက်ပွဲ မပြီးသေးဘူး ... ဘာလို့လူငယ်တစ်ယောက်လို မင်းလိုအဖိုးကြီး တစ်ယောက်က အပျော်စောနေရတာလဲ။ ”

“ အိုး ... ဟုတ်လား ငါက အပျော်စောနေတာလား ရန်သူကိုအနိုင်ယူရတာ ငါ့ဘဝမှာ အပျော်ဆုံးအချိန်ပဲ ... ဒါ အပျော်စောတာ မဟုတ်ပါဘူး။ ”

သည့်နောက် ပြုံးလျက်ဖြင့် ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်တော့၏။ ထိုစဉ် စုရီက ကောင်းကင်ကို မော့ကြည့်ကာ၊

“ အချိန်ကျပြီ ထင်တယ်။ ”

-ဟု ရေရွတ်လိုက်လေသည်။

ကောင်းကင်တွင် မည်းမှောင်နေသော ဘေးဒုက္ခတိမ်တိုက်များ အသံတိတ် စုရုံးနေပြီ ဖြစ်ချေပြီ။

“ ကောင်းကင်ဒုက္ခလား။ ”

ရန်ထောင်လင်မှ ထိုအပြုအမူကြောင့် ကောင်းကင်ပေါ်မော့ကြည့်ကာ မျက်ခုံးပင့်လိုက် တော့သည်။

“ ဟမ့် ... ဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပဲ မဟုတ်လား မင်းမှာ တခြားနည်းလမ်းမရှိတော့လို့ အသက်နဲ့ လောင်းကြေးထပ်ချင်နေတာလား။ ”

ဤမေးခွန်းသည် ဝေရှန်းနှင့် မုချန်းယွမ်အပေါ် စိုးရိမ်စိတ်များ ဝင်ရောက်လာ စေခဲ့သည်။ တိုက်ပွဲအတွင်း ကောင်းကင်ဒုက္ခ ခံယူခြင်းသည် မည်မျှအန္တရာယ်ကြီးကြောင်း သူတို့သိထား၏။

“ အဖေ ... စိတ်မပူနဲ့ တာအိုစုက သေချာပေါက် အဆင့်ချိုးဖြတ်နိုင်လိမ့်မယ်။ ”

ဘေးမှ တစ်ချိန်လုံးတိတ်ဆိတ်စွာ ရပ်ကြည့်နေသောငရဲသခင်သည် စုရီအပေါ် ယုံကြည်ချက်အပြည့်ဖြင့် ပြောကြားလိုက်၏။

သူမသည် စုရီတစ်ယောက် မြေအောက်ကမ္ဘာတွင် ကောင်းကင်ဒုက္ခကို မည်သို့ရင်ဆိုင်ခဲ့သည်ကို မြင်ဖူးထားသည်။

ဝင်စားခြင်းပလက်ဖောင်း၌ အရည်ပျော်ကျသည်အထိ ပြင်းထန်ခဲ့သည်။ သူမ စကားကြောင့် ဝေရှန်းမှ သူသမီးကို လှည့်မကြည့်အားဘဲ၊

“ မင်းရဲ့ဦးလေးပဲ ... ဦးလေးစုလို့ခေါ် ... ။ ”

-ဟု အခေါ်အဝေါ်ပြင်ပေးလိုက်သည်။

ငရဲဘုရင်တစ်ယောက် စကားလုံးများ ပျောက်ဆုံးကုန်ချေပြီ။ ဤအခေါ်အဝေါ်သည် သူမ၏ ရှက်ဖွယ်အတွေးများနှင့် နှမျောဖွယ် ခံစားချက်များ ဝင်ရောက်လာစေ၏။

“ ဟိတ် ... ။ ”

ထိုအချိန်တွင် စုရီသည် ကပ်ဘေး တိမ်တိုက်များရှိရာသို့ တဟုန်ထိုး ပျံတက်နေ သဖြင့် ရန်ထောင်လင်က အခွင့်အရေးကို အမိအရယူကာ ချက်ချင်းတိုက်ခိုက်လိုက်၏။

“ မင်း ... မစဉ်းစားနဲ့ ... ။ ”

“ ဂျိန်း ... ။ ”

“ ဟမ့် ... ။ ”

သို့သော် ရုတ်တရက် မိုးကြိုးတစ်စင်း ပစ်ချလာပြီး သူ့လက်သီးအလင်းကိုချေဖျက်ကာ ဆက်လက်စီးဝင်လာသည်။ အံ့အားသင့်လျက် အလျင်အမြန် ရှောင်တိမ်းလိုက်ရ၏။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် စုရီသည်ဓားအလင်းများ ဖြာထွက်လျက် တိမ်တိုက်များထဲသို့ တိုက်ရိုက် တိုးဝင်သွားနေပြီဖြစ်သည်။

“ သူသေချင်နေတာလား ... ။ ”

“ ဘယ်လောက် ရက်စက်လိုက်လဲ။ ”

ရန်ထောင်လင်းအပါအဝင် လူတိုင်း မျက်လုံးပြူးကုန်၏။ မည်သူသည် ထိုမျှစွာသော နီးနီးကပ်ကပ် ခံယူဝံ့သနည်း။

“ ဝှစ် ... ။ ”

လုတိုင်း သို့လောသို့လောဖြင့် အတွေးများပွားနေမိစဉ် ဓားတစ်လက်သည် စုရီ ခန္ဓာကိုယ်မှ ဝုန်းခနဲပွင့်ထွက်လာတော့၏။

“ ဝုန်း ... ။ ”

ထိုဓားသည် ပြင်းထန်သော အဖျက်စွမ်းအားများဖြင့် တားမြစ်စွမ်းအားများ ပြည့်နှက်နေသော ကပ်ဘေးတိမ်တိုက်ကြီးကို ဖျက်ဆီးပစ်လိုက်သည်။ အလင်းမှုန်များက စုရီခန္ဓာကိုယ်ပေါ်သို့ ရေစက်များသဖွယ် ပြန်လည်ကျဆင်းလာခဲ့၏။

“ ဟမ့် ... ပြီးသွားပြီလား။ ”

လုယွမ်ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ မိုးကြိုးဒဏ်မခံရမီ တိမ်တိုက်ကို တစ်ချက်တည်း ရိုက်ခွဲပစ်လိုက်နိုင်သည့် တိုက်ခိုက်မှုမျိုး သူ တစ်ခါမျှ မမြင်ဖူးချေ။

ဘေးဒုက္ခအလင်းတန်းများက စုရီထံ ရေတံခွန်ကဲ့သို့ တဟုန်ထိုးလွှမ်းခြုံစီးဝင်နေကာ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် ကျင့်ကြံမှုများစွာသည် မြင်သာသောအရှိန်ဖြင့် ပြောင်းလဲနေ၏။

အရှိန်အဝါသည်လည်း တဟုန်ထိုး မြင့်တက်လာနေရာ ရန်ထောင်လင်တစ်ယောက် မျက်ဝန်းများ မှေးစင်းသွားရသည်။

တစ်ဖက်လူသည် ယနေ့တိုက်ပွဲကို အသုံးချကာ အဆင့်တက်ရန် ကြိုတင်စီစဉ်ခြင်း ဖြစ်ကြောင်း နားလည်သွား၏။

“ ငါ့ကို အပြစ်မတင်နဲ့ ... ။ ”

“ ဝှစ် ... ။ ”

ထို့ကြောင့် စုရီအဆင့်တက်ခြင်းကို တားဆီးရန်အဟုန်ပြင်းစွာဖြင့် လက်သီးချက် ရာနှင့်ချီပြီး ပစ်လွှတ်လိုက်သည်။

“ ဘန်း ... ။ ”

သို့သော် စုရီခန္ဓာကိုယ်တဝိုက်တွင် ဝေ့ဝဲနေသော မိုးကြိုးအလင်းမှုန်များသည် သူ့ စွမ်းအားများကို အသာအယာပင် ချေဖျက်ပစ်လိုက်၏။

“ ရန်ထောင်လင် ... မင်းအခု ပျော်နိုင်ပြီမဟုတ်လား။ ”

စုရီ၏အေးစက်သော မေးမြန်းသံ ထွက်ပေါ်လာ၏။ ရန်ထောင်လင်တစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ရုတ်တရက် ရယ်မောလာတော့သည်။

“ ဟားဟားဟား ... ကောင်းပြီ ငါအခု သေသွားရင်တောင် ကိုယ်ပွားတစ်ခုပဲ ပျက်စီးမှာ ဒါပေမဲ့ မင်းကတော့ ထာဝရ ပျက်စီးရမယ်။ ”

ဆိုလိုသည်မှာ ရန်ထောင်လင်သည် မိမိကိုယ်မိမိဖျက်ဆီးလျက် ရန်သူကိုသူနှင့်အတူ ဆွဲခေါ်သွားရန် ဆုံးဖြတ်လိုက်ချေပြီ။

ထို့ကြောင့် နတ်မီးတောက်များ တောက်လောင်လျက် စုရီထံသို့တဟုန်ထိုး ပြေးဝင်သွားတော့သည်။ ဤအခိုက်အတန့်တွင် သေရန် ရွေးချယ်လိုက်ပြီဖြစ်၏။

၎င်းမှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း သူ၏ပြတ်သားရက်စက်သော ဆုံးဖြတ်ချက်သည် လူအများကို တုန်လှုပ်ချောက်ချားစေ၏။

ဝေရှန်းနှင့် မုချန်းယွမ်တို့ခမျာ မျက်နှာများ ပျက်ယွင်းသွားကြသည်။ ကောင်းကင်ထက်တွင် ရန်ထောင်လင်၏ ခန္ဓာကိုယ်မှာ လောင်မြိုက်နေ သကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ထွက်ပေါ်နေ၏။

တားမြစ်လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုထားခြင်းဖြစ်ပြီး ရောင်ဝါသည်မှန်းဆ၍ မရအောင် ကြောက်မက်ဖွယ်ကောင်း၏။

“ သေလိုက်တော့ ... ။ ”

ရန်ထောင်လင်သည် စုရီထံသို့ မရောက်မီမှာပင် လက်ငါးချောင်းကို ကုပ်ဆွဲ ပစ်လိုက်လေသည်။

“ ဝူး ... ။ ”

တောက်ပလွန်းသော လက်သည်းတံဆိပ်တစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းများကြောင့် မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားရ၏။

ဤသည်မှာ ရန်ထောင်လင်သည် သူ့ကျင့်ကြံမှုအားလုံးကို လောင်မြိုက်စေကာ အသက်နှင့်လဲ၍ နောက်ဆုံးသောတိုက်ခိုက်မှု ထုတ်ဖော်လိုက်ခြင်းပေပင်။

ကောင်းကင်ထက်တွင် စုရီ၏ ခန္ဓာကိုယ်သည် နတ်ဘုရား အလင်းများဖြင့် ရစ်သိုင်းသွားပြီး ဓားကဲ့သို့ လက်ချောင်းများကို အသုံးပြုကာ ပြန်လည်ပိုင်းဖြတ်လာ၏။

“ ရွှပ် ... ။ ”

ရိုးရှင်းလှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဓားတစ်လက်အလား ရန်ထောင်လင်၏ လက်သည်းတံဆိပ်ထံသို့ ထိမှန်သွားချေပြီ။

“ ဘုန်း ... ။ ”

ပေါက်ကွဲသံကြီးနှင့်အတူ လက်သည်းတံဆိပ်တုန်ခါသွားပြီး အပိုင်းပိုင်း အပြတ်ပြတ် ကွဲထွက်သွားတော့၏။

ရန်ထောင်လင်တစ်ယောက် ခန္ဓာကိုယ် မိုးကြိုးပစ်ခံရသကဲ့သို့ တုန်ခါသွားပြီး ပါးစပ်မှ သွေးများစီးကျလာကာ တစ်ခဏချင်းမှာပင် အိုမင်းရင့်ရော်သွားချေ၏။

သူ့မျက်ဝန်းများသည် မယုံကြည်နိုင်စွာ စုရီထံမော့ကြည့်သည်။ ပုံမှန်အားဖြင့်ဆိုသော် ဘေးဒုက္ခကိုကျော်လွှားပြီးကာစ အချိန်မျိုးသည် ကျင့်ကြံသူတစ်ဦးအတွက် အားအနည်းဆုံး အချိန်ဖြစ်၏။

သို့သော် ဤစုရီမှာမူ ထိုသို့မဟုတ်ချေ။ သူ့ကျင့်ကြံမှုအုတ်မြစ်သည် အဆပေါင်းများစွာ ခိုင်မာနေချေပြီ။

“ ခုခံနိုင်လိုက်တာလား။ ”

ဝေရှန်းနှင့် မုချန်းယွမ်တို့သည် ဝမ်းသာအားရ ဖြစ်သွားကြသည်။ စုရီကပြုံးလျက် ရန်ထောင်လင်းထံ ပြန်ကြည့်၏။

“ အသက်နဲ့လဲပြီး တိုက်တယ်ဆိုတာ အင်အားချင်းတူမှဖြစ်နိုင်တာပါ မင်းရဲ့လုပ်ရပ်က သစ်ပင်ကိုလှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ် တစ်ကောင်လေးလိုပါပဲ။ ”

စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်မှ တာအိုနိယာမများ ဒီရေအလား မြင့်တက်ပြီး ပြတ်တောက်သွားသော ဘယ်ဘက်လက်မောင်း သည်လည်း ပြန်လည် ထွက်ပေါ်လာကာ ဒဏ်ရာများ ပျောက်ကွယ်သွားခဲ့၏။

ဤအခိုက်အတန့်တွင် စုရီသည် အုတ်မြစ်ကိုအောင်မြင်စွာ တည်ဆောက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း မြင်သာချေပြီ။

သူ့ရောင်ဝါသည်လည်း ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်အောင် ပြင်းထန်လာပြီဖြစ်၏။ ရန်ထောင်လင်က သက်ပြင်းခိုးချလိုက်သည်။

“ မင်းက ဘေးဒုက္ခကိုကျော်လွှားပြီး တိုက်ပွဲအခြေအနေကို အခုလိုပြောင်းပြန်လှန် ပစ်နိုင်လိမ့်မယ်လို့ ငါတကယ်ထင်မထားဘူး။ ”

“ ဟုတ်လား ... ဒါဆို အခု ဒီလက်သီးချက်ရော ဘယ်လိုလဲ။ ”

စုရီက သနားကြင်နာခြင်းမရှိ ရှေ့သို့လျှောက်လှမ်းသွားကာ လက်သီးချက် တစ်ချက်ထိုးနှက်ပစ်လိုက်သည်။

“ ဘုန်း ... ။ ”

ရန်ထောင်လင်တစ်ယောက် ရှောင်တိမ်းလိုသော်လည်း ထိမှန်သွားသေး၏။ ရလာဒ်အနေဖြင့် နောက်သို့လွင့်စင်ခဲ့ပြီးနောက် ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ထွက်ပေါ်လာတော့သည်။

“ အဟွတ် အဟွတ် ... ။ ”

“ ဘယ်လိုလဲ ... ငါ့လက်သီး။ ”

စုရီက မေးလိုက်၏။ ရန်တော်လင်သည် တစ်ဖက်လူကို မေးမြန်းခဲ့သောမေးခွန်းများဖြင့် တုန့်ပြန်မေးမြန်းခြင်း ခံနေသောကြောင့် ဒေါသထွက်သွားသည်။

“ ဟမ့် ... ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်ကို ယှဉ်ဖို့ဆိုရင်တော့ အဝေးကြီး လိုပါသေးတယ်။ ”

ရန်ထောင်လင်က နှုတ်ခမ်းမှ သွေးများကို သုတ်ကာ အံကြိတ်ပြန်ဖြေလိုက်သည်။ ယင်းက စုရီကို ပြုံးရယ်လာစေ၏။

“ အင်မော်တယ် နယ်ပယ်က ... ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါမသိဘူး ဒါပေမဲ့ တစ်နေ့မှာ မင်းရဲ့ပင်မခန္ဓာကိုယ်ကြီးက အဲဒီအဆင့်ကို ရောက်လာခဲ့ရင်လည်း ငါက မင်းကိုနင်းခြေပစ်မယ်။ ”

စကားဆုံးသည်နှင့် စုရီ၏ဝတ်စုံများမှာ လေထဲတွင်ခါယမ်းသွားပြီး ပြင်းထန်သော ဓား ရည်ရွယ်ချက်တစ်ခု ထွက်ပေါ်လာသည်။

“ ခရစ် ... ။ ”

“ ဘန်း ... ။ ”

ထို့နောက် ပြိုကျပျက်စီးနေသော ရန်ထောင်လင်၏ကိုယ်ပွားကို အမှုန့်အဖြစ် ချက်ချင်းပြောင်းလဲ ပစ်လိုက်တော့၏။

ရန်ထောင်လင်းခမျာ စုရီကို သူနှင့်အတူခေါ်ဆောင်ရန် ဆန္ဒများဖြင့် အသေခံ လိုသော်လည်း အနားပင် မကပ်နိုင်ခဲ့ချေ။ ပတ်ဝန်းကျင်တစ်ခု တိတ်ဆိတ်သွားသည်။

စုရီသာလျှင် ကောင်းကင်ယံထက်တွင် တစ်ဦးတည်းသော အလင်းတိုင်ကြီးအလား မားမားမတ်မတ် ရပ်ကျန်ရစ်ခဲ့၏။

သူတို့နှစ်ဦးသည် ကတိအတိုင်း မည်သည့်အစွမ်းထက် ရတနာကိုမျှ မသုံးခဲ့ဘဲ ကျင့်ကြံမှုစွမ်းအားဖြင့်သာ ယှဉ်ပြိုင်ခြင်းဖြစ်၏။

“ သွားရအောင်။ ”

စုရီက သူ့နောက်လိုက်များကို ခေါ်ငင်ကာ ထွက်ခွာသွား၏။ ကောင်းကင်ကိုးပါး နန်းတော် အတွင်းမှ အဖွဲ့သားများသည် စိတ်ဓာတ် ကျဆင်းကာ ကျန်ရစ်ခဲ့လေသည်။

“ ဝေါ့ ... ။ ”

ထိုအချိန်တွင် ဝေးလံလှသော အင်မော်တယ် တားမြစ်နယ်မြေအတွင်း တရားထိုင်နေသည့် ရန်ထောင်လင်၏ ပင်ကိုယ်ခန္ဓာမှာ ရုတ်တရက် သွေးတစ်ချက် အန်သွားလေသည်။ ထို့နောက် ခါးသက်စွာ ပြုံးလိုက်ပြီး၊

“ မမျှော်လင့်ထားဘူး ... ငါရဲ့ နှစ်ပေါင်းများစွာသည်းခံပြီး ကြိုးစားခဲ့ရသမျှက ရှုံးနိမ့်ဖို့အတွက် ဖြစ်သွားရပြီ ... ။ ”

-ဟု တိုးတိုးလေး ရေရွတ်လိုက်​တော့၏။

***

All Chapters