← Chapters

အခန်း (၉၉၅-၉၉၆)

Vol. 83 Ch. 995-996

အခန်း (၉၉၅-၉၉၆)

Vol. 83 Ch. 995-996

  အခန်း ၉၉၅ -

ကျေးဇူးကန်းသူများ ... ။

ကောင်းကင်မီးဝိညာဉ်မျိုးနွယ်စုသည် မီးနတ်ဘုရား၏ သားစဉ်မြေးဆက်များအဖြစ် သတင်းကြီးကြ၏။

သူတို့ဘိုးဘေးသည် မွေးရာပါမူလ မီးဝိညာဉ်တစ်ကောင်ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့အားလုံးတွင် မီးစွမ်းအင်ဥပဒေစွမ်းအားဖြင့် ဆက်စပ်နေသော အရည်အချင်းများရှိ၏။

မျိုးနွယ်စု၏ အုတ်မြစ်သည် အပြာရောင်လွမ်ဝိညာဉ်မျိုးနွယ်ထက် မည်သည့် နည်းနှင့်မျှ မနိမ့်ကျချေ။ ရှေးဟောင်း တာအို ကာကွယ်သူ မိသားစုကြီးခြောက်ခုတွင် သူတို့သည် ထိပ်တန်းအဆင့်ဖြစ်၏။

ဤအမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် ကောင်းကင် မီးဝိညာဉ်မျိုးနွယ်၏ နယ်ပယ်ဘုရင်များပေပင်။ စုရီက ခဏမျှစဉ်းစားပြီးနောက်၊

“ အဲဒီသေလွန်ဝိညာဉ်က ပြဿနာရှိတယ် သူ့ကိုဘယ်သူမဆိုဖမ်းမိနိုင်တဲ့ သားကောင်လေး မဟုတ်ဘူး။ ”

-ဟု မှတ်ချက်ပေး၏။ ကျွမ်းပေ့ဖန် တစ်ယောက် မျက်ဝန်းများ အနည်းငယ်မျှ ကျဉ်းမြောင်းသွားလေသည်။

“ မင်း ဘာကိုဆိုလိုတာလဲ။ ”

အဝေးမှ အေးစက်စက် မေးမြန်းသံတစ်သံ ထွက်ပေါ်လာ၏။ မီးခိုးရောင်ဝတ်ရုံဝတ် ပိန်ပိန် ပါးပါး အဘိုးကြီးတစ်ယောက်က မကျေမနပ် မေးမြန်းလာသည်။

“ မှန်တယ် ... ဘယ်သူ ငါတို့ရှမျိုးနွယ်စုကို အခွင့်ရေးသမားတွေလို့ပြောဝံ့တာလဲ ... မင်းတို့ သေချင်နေပြီထင်တယ် ... ဒီလိုထပ်ပြောဝံ့ရင် ချက်ချင်းပြာချပစ်လိုက်မယ်။ ”

အဘိုးအိုဘေးရှိ ခရမ်းရောင်ဝတ် အမျိုးသမီးက မထီမဲ့မြင်ဟန်ဖြင့် ခြိမ်းခြောက် လိုက်တော့သည်။ ကျွမ်းပေ့ဖန်းမှ နှာခေါင်းကို ပွတ်သပ်လျက် သက်ပြင်းချ၏။

ယနေ့သည် သူ့အတွက် ကြွားဝါရန် အခွင့်အရေးရှိပုံမရသေးချေ။ ထို့ကြောင့် စုရီထံ လှည့်ကြည့်ကာ အကဲခတ်လိုက်သည်။ သို့သော် စုရီသည်လည်း တိတ်ဆိတ်နေ၏။

ဤသို့သော ရန်စမှုမျိုးကို သည်မျှ သည်းခံနေသည်မှာ သူသိထားသောပုံစံမျိုး မဟုတ်ချေ။

( ဘာတွေဖြစ်နေတာလဲ။)

ထိုအချိန်တွင် ကောင်းကင် မီးဝိညာဉ်မျိုးနွယ်စုထံ၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ပိုက်ကွန်ထဲပိတ်မိနေသော သေလွန်ဝိညာဉ်သည် ကြေးဝါတံဆိပ်တစ်ခုကို ရုတ်တရက် အသက်သွင်းလိုက်၏။

“ ဘန်း ... ။ ”

အလင်းရောင်တစ်ချက် လက်လာကာ ကြေးဝါတံဆိပ်သည် ပိုက်ကွန်ကို အလွယ်တကူ ထိုးဖောက်ဖျက်ဆီးသွားလေသည်။

ပိုက်ကွန်ကို ထိန်းချုပ်ထားသော ကြိုးကြာဝတ်ရုံဝတ်အမျိုးသားသည် တုန့်ပြန်မှု ဒဏ်ကြောင့် ယိုင်နဲ့သွားချေပြီ။

“ ဟမ့် ... ဘယ်လောက်တောင် ကောက်ကျစ်လိုက်တဲ့ မီးဝိညာဉ်မျိုးရိုးလဲ ... ငါ မင်းကို တကယ်ကြောက်တယ်လို့များ မင်းတို့ထင်နေတာလား။ ”

သေလွန်ဝိညာဉ်က လှောင်ပြောင်လျက် မျက်နှာတစ်ပြင်လုံး ရေခဲလိုအေးစက်လာသည်။ သူ့နောက်တွင် ကြေးဝါတံဆိပ်လှည့်ပတ်နေပြီး သူ့အရှိန်အဝါကို ရုတ်တရက် လျှို့ဝှက် ဆန်းကြယ်လာစေ၏။

“ သွား ... ။ ”

သည့်နောက် အလင်းတစ်ချက် တံဆိပ်ပြားထံပစ်ခတ် အမိန့်ပေးလိုက်သည်။ ကျိန်စာစွမ်းအားများပါရှိသော အနက်ရောင် မြူခိုးများက မီးခိုးရောင်ဝတ်ရုံဝတ်ထားသည့် အဖိုးကြီးထံ ဦးတည်သွားတော့သည်။

“ ဟမ့် ... ။ ”

“ ဝုန်း ... ။ ”

မီးခိုးရောင်ဝတ်ရုံဝတ် လူအိုကြီး၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားပြီး ချက်ချင်း ရှောင်တိမ်း၏။ မူလ သူရပ်နေသော လေဟာနယ်သည် အပိုင်းပိုင်းကွဲသွားသည်။

“ မင်း သေချင်နေတာပဲ။ ”

“ သူ့ကို အသေသတ် ... ။ ”

ကြိုးကြာဝတ်ရုံဝတ် အမျိုးသားနှင့် ခရမ်းရောင်ဝတ်အမျိုးသမီးတို့သည် အတူတကွ ပြေးတက်လာကာ သေလွန်ဝိညာဉ်ကို တိုက်ခိုက်လိုက်ကြ၏။

ကောင်းကင်၌ အနက်ရောင်ပိုက်ကွန်ကြီး ပြန်လည်ဖွဲ့စည်းလာကာ မီးဥပဒေစည်းမျဉ်းများ လောင်ကျွမ်းလာသည်။

တစ်ဖက်တွင် ခရမ်းရောင်ဝတ် အမျိုးသမီးသည် ရွှေရောင်လေးတစ်လက်ကို ထုတ်ယူပြီး ပစ်ချလိုက်သည်။

ကောင်းကင်ကိုထိုးဖောက်သွားသော ရွှေရောင်မြားများ ဆက်တိုက်ပျံသန်းသွား၏။ သို့သော် သေလွန်ဝိညာဉ်မှ လှောင်ပြုံးဖြင့်၊

“ ကလေးကစားစရာလေးတွေ ... ။ ”

-ဟု ဆိုကာ ကြေးဝါတံဆိပ်ကို သူ့ရှေ့သို့ ရွေ့လိုက်တော့သည်။

ကြေးဝါတံဆိပ်ထံမှ နတ်အလင်းများ ပေါက်ကွဲထွက်လာပြီး အနက်ရောင်ပိုက်ကွန်ကို ခွေးသွားစိတ်တစ်ခုလို လှည့်ပတ်ကာ ဖြတ်တောက်ပစ်ချေပြီ။

“ ဒါ ... ။ ”

တစ်ဆက်တည်းမှာပင် ရွှေရောင်မြားများသည်လည်း လမ်း၌ပိတ်ဆို့ ဖျက်ဆီးခြင်းခံလိုက်ရတော့၏။ ဤမြင်ကွင်းက တိုက်ပွဲဝင်နေခဲ့သော အမျိုးသားနှင့် အမျိုးသမီးကို အံ့အားသင့်စေသည်။

ကျောရိုးတစ်လျှောက် အေးစက်စက်ခံစားချက်များ စီးဝင်လာတော့၏။ ဤသို့ဉာဏ်ရည်ထက်မြက်သော ဝိညာဉ်မျိုး မမြင်ဖူးခဲ့ချေ။ သူတို့ကို ထွက်ပြေးဟန်ပြကာ ထွက်လာစေရန် လှည့်စားသွားသည်။

“ ဟမ့် ... ။ ”

အမျိုးသားက နှာခေါင်းရှုံ့လျက် အလင်းတန်းသဖွယ် ပျံသန်းသွားကာ မီးလျှံဓား တစ်လက်ဆွဲထုတ်ပြီး ခုတ်ပိုင်းချလိုက်သည်။

တိမ်တိုက်များသည် နေဝင်ချိန်အလား တောက်ပလျက် ချက်ချင်း အနီရောင်အဖြစ်သို့ ပြောင်လဲသွားခဲ့၏။

“ သတ် ... ။ ”

တစ်ပြိုင်နက်တည်းမှာပင် အဖိုးကြီးနှင့် အမျိုးသမီးသည်လည်း ပြေးဝင်လာတော့သည်။ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ချက်ချင်း ဖြစ်ပွားလာခဲ့၏။

များမကြာခင် မီးဝိညာဉ်မျိုးရိုးမှ နယ်ပယ်ဘုရင်သုံးပါးလုံးသည် ကြေးဝါတံဆိပ်မှ ဖိနှိမ်ခြင်းခံလာရတော့သည်။

“ သေလိုက်တော့ ... ။ ”

သေလွန်ဝိညာဉ်က သတ်ဖြတ်လိုသော ရည်ရွယ်ချက်များထုတ်ဖော်ကာ ကြေးဝါတံဆိပ် အပေါ် လည်ပတ်စေလိုက်သည်။ ချက်ချင်းပင် သူ့ပတ်ဝန်းကျင်၌ အနက်ရောင်ကြိတ်စုံကြီး တစ်ခု ပေါ်လာ၏။

“ ခရစ် ... ။ ”

“ ဘောင်း ... ။ ”

မီးလျှံဓားသည် ဦးစွာ ကြိတ်ဆုံအတွင်း ကျေမွှသွားချေပြီ။ ၎င်းကိုထိန်းချုပ်နေခဲ့သော အမျိုးသားသည် သေမင်းတမန်ကဲ့သို့ မျက်နှာဖြူဖျော့သွား၏။

“ ဘန်း ... ။ ”

“ ဘန်း ... ။ ”

တစ်ချိန်တည်းမှာပင် ကျန်နှစ်ယောက်သည်လည်း လက်နက်များကို ချေမွှခြင်းခံလိုက်ရတော့၏။ ထိတ်လန့်မှုကြောင့် ချက်ချင်းဆုတ်ခွာလိုက်လေသည်။

“ ဝှစ် ... ။ ”

ထိုစဉ် လက်ဖဝါးကြီးတစ်ဖက်သည် ကြိတ်ဆုံအလားလည်ပတ်နေသော တံဆိပ်ကို ဖြတ်ခနဲ သိမ်းယူသွားတော့၏။ ရုတ်ချည်းဖြစ်ရာ သေလွန်ဝိညာဉ်ပင် မှင်သပ်သွားသည်။

ထူးခြားဆန်းပြားသော ဥပဒေတစ်ခုက ကြေးဝါတံဆိပ်ပေါ်အုပ်မိုးလျက် တစ်စုံတစ်ဦးထံ လွင့်မျောသွားချေပြီ။ ယင်းသည် စုရီဖြစ်၏။

သူ့လက်ဖဝါးနှင့် လက်ချောင်းများကြား ဝင်စားခြင်းဥပဒေများ ရောယှက်လျက် ကြေးဝါ တံဆိပ်၏ ရုန်းကန်မှုအပေါ် နှိမ်နင်းထားသည်။

ဤမြင်ကွင်းကြောင့် မီးဝိညာဉ်မျိုးရိုးခမျာ အံ့အားသင့်သွား၏။ ထိုကြေးဝါတံဆိပ်ငယ်သည် မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့အားလုံး သိရှိထားသည်။

တစ်စုံတစ်ယောက်သည် ထိုသို့သော ရတနာကို လက်တစ်ဖက်တည်းဖြင့် ကောက်ယူ လိုက်သည့်အလား နှိမ်နင်းနိုင်ပြနေ၏။ ယုံနိုင်စရာ မရှိချေ။

သေလွန်ဝိညာဉ်ခမျာ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး သွေးရောင် မျက်ဝန်းများတွင် ကြောက်ရွံ့မှုများပေါ်လာ၏။

ဤသည်မှာ သူကဲ့သို့ နာကျည်းမှု ဝိညာဉ်များကို အလွယ်တကူပျက်စီးစေနိုင်သည့် အငွေ့အသက်မျိုးပေပင်။ သေလွန်ဝိညာဉ်များ အတွက် သဘာဝအန္တရာယ်ဖြစ်၏။

“ တစ်ယောက်ယောက်ရဲ့ ကံဆိုးမှုကို အခွင့်ကောင်းယူနေတာလား ငါ့လမ်းကနေ ထွက်သွားစမ်း။ ”

ကြိုးကြာဝတ်ရုံဝတ်အမျိုးသားက လျှပ်စီးအလား သတ်ဖြတ်လိုသော ဆန္ဒများနှင့် အတူ စုရီထံသို့ ပြေးဝင်လာခဲ့သည်။

“ ဒီလူယုတ်မာကို အရင်သတ်။ ”

မီးခိုးရောင်ဝတ်အဖိုးကြီးနှင့် ခရမ်းရောင်ဝတ်အမျိုးသမီးမှလည်း အချင်းချင်း ပြန်ကြည့်ကာ အတူလိုက်ပါသွား၏။

တုံ့ယွီအဆင့် နယ်ပယ်ဘုရင်သုံးဦး ပေါင်းစပ်ထားသော မီးဥပဒေစည်းမျဉ်းများသည် ကောင်းကင်နှင့်မြေကြီးကို အရောင်ပြောင်း သွားစေခဲ့၏။

ကြေးဝါတံဆိပ်သည် ဝင်စားခြင်း ဥပဒေလက်မှ အဆက်မပြတ်ရုန်းကန်ဆဲဖြစ်ရာ စုရီတစ်ယောက် အခက်တွေ့လာတော့သည်။ ယင်းကြောင့် စုရီက တံဆိပ်ကိုလွှတ်ကာ ထိုသုံးဦးထံ ဦးစွာတုန့်ပြန်လိုက်ရ၏။

“ ဝှစ် ... ။ ”

ကြေးဝါတံဆိပ်သည် ဝင်စားခြင်း ဥပဒေမှ လွတ်မြောက်သွားသည်နှင့် သေလွန်ဝိညာဉ်ထံ ပျံသန်းသွားကာ ချက်ချင်းပျောက်ကွယ်သွား၏။ စုရီတစ်ယောက် ဒေါသကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

“ ငါတို့က သွေးထွက်သံယိုတိုက်ပွဲတစ်ခု တိုက်ခိုက်နေတာ ... မင်းက ငါတို့ရဲ့ရတနာတွေ ခိုးယူဖို့ ထွက်လာဝံ့တယ်လား၊ ကောင်ကလေး မင်းဒီအတွက် ကြီးမားတဲ့တန်ဖိုးတစ်ခု ပေး‌ဆောင်ရမယ်။ ”

မီးခိုးရောင်ဝတ် အဖိုးကြီးမှ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များပြသလျက် အော်ငေါက်လိုက်၏။

“ ဟားဟားဟား ... အရှက်မဲ့လိုက်တဲ့ တာအိုကာကွယ်သူမျိုးရိုးပဲ ကြင်နာမှုအပေါ် ဒီလိုတိုက်ပွဲနဲ့ ပြန်ဆပ်ချင်တာလား အဖိုးကြီးစု သူတို့အားလုံးကို သတ်ပစ်လိုက်။ ”

ကျွမ်းပေ့ဖန်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။ အမှန်တွင် စုရီမှလည်း ဤရတနာအတွက် အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်းဖြစ်၏။

သို့သော် တစ်ဖက်အင်အားစုသည် အရှက်မဲ့လွန်းနေသည့်နောက် အဘယ့်ကြောင့် တရားမျှတမှုအကြောင်း ပြောရမည်နည်း။

“ သေချင်နေတာပဲ ... ။ ”

မီးခိုးရောင်ဝတ် အဖိုးကြီးက ဒေါသတကြီး ကျွမ်းပေ့ဖန်ကိုလှည့်ကြည့်၏။ ကြိုးကြာဝတ်လုံ ဆင်မြန်းထားသော အမျိုးသားကလက်ပြကာ သူ့အဖွဲ့ကို ဆုတ်ခွာစေလိုက်ပြီး စုရီထံ ပြန်ကြည့်ကာ၊

“ တစ်ယောက်ယောက်ရဲ့ ကံဆိုးမှုကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ဘဏ္ဍာကိုခိုးယူတာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပါတယ် ဒီကိစ္စကို တောင်းပန်ဖို့ မင်းအတွက် ...

... အခွင့်အရေးပေးမယ် ... အဲဒီ ကောက်ကျစ်တဲ့ဝိညာဉ်ကိုဖမ်းဆီးဖို့ မင်းငါတို့နဲ့ ပူးပေါင်းပါ ... ပြီးခဲ့တာတွေကို အတိတ်အဖြစ် ထားခဲ့နိုင်တယ်။ ”

-ဟု ကမ်းလှမ်းလိုက်၏။

သူသည် စုရီထံမှ ထူးခြားသော ဥပဒေတစ်ခုကိုခံစားမိသည်။ ယင်းသည် ကြယ် အဆင့်ထက်သာလွန်ကာ အုပ်စိုးရှင်အဆင့် ဥပဒေတစ်ခုဖြစ်နိုင်၏။ ထိုထက်ပင် ကျော်လွန်နေနိုင်သည်။

“ မင်းက ရယ်စရာကောင်းတယ်လို့ ထင်နေတာလား ဟမ့် ... ။ ”

စုရီက နဖူးကိုကုပ်ခြစ်လျက် ပြုံး၏။ ထိုအပြုအမူကြောင့် မီးခိုးရောင်ဝတ် အဖိုးကြီးမှ ချက်ချင်း ဒေါသထွက်လာသည်။

ခရမ်းရောင်ဝတ် အမျိုးသမီးက ကျွမ်းပေ့ဖန်ထံ လှည့်ကြည့်ကာ၊

“ ဟမ့် ... မင်းက ကျွမ်းမျိုးနွယ်စုရဲ့ ရမ္မက်ကြီးတဲ့အဖိုးကြီးဆိုတာ ငါတို့သိထားတယ် မင်းလိုတစ်စုံတစ်ယောက် ငါတို့အမြင်မှာ ...

... ပြောစရာမရှိဘူး ဒီနေ့အတွက် တစ်ခုခုမလုပ်ခင်မှာ မင်းကိုနှစ်ခါပြန်စဉ်းစားဖို့ ငါအကြံပေးတယ်။ ”

-ဟု သတိပေးလိုက်၏။

ကျွမ်းပေ့ဖန်မှ မျက်ခုံးပင့် လိုက်သည်။ သူ့ဂုဏ်သတင်းသည် တစ်ဖက်လူများအမြင်၌ လုံလောက်အောင်မြင့်မားခြင်း ရှိပုံမရချေ။ ယင်းသည် ရှက်စရာကောင်းလွန်း၏။

“ ကောင်လေး ဒီလိုဖြစ်လာပြီဆိုတော့ မင်းဆုံးဖြတ်ချက်ချနိုင်တယ်။ ”

ကြိုးကြာဝတ်ရုံဝတ် အမျိုးသားက ကျွမ်းပေ့ဖန်ကိုလျစ်လျူရှုလျက် စိတ်မရှည်စွာ စုရီကိုပြောကြားလိုက်သည်။ လူတိုင်း စုရီထံ ပြန်ကြည့်လာ၏။

စုရီက ဝိုင်အိုးကို ထုတ်ယူကာ တစ်ငုံသောက်ပြီးတစ်ခုခုပြောရန် ပြင်နေစဉ် ရယ်မောသံအချို့ ထွက်ပေါ်လာ၏။

“ ဟားဟားဟား ... ဟားဟားဟား ဘယ်လောက်ရယ်စရာ ကောင်းလိုက်လဲ မင်းရဲ့ ကောင်းကင်မီးဝိညာဉ်မျိုးနွယ်က မျက်ကန်းတွေ ဘယ်တုန်းက ဖြစ်သွားတာလဲ။ ”

“ ဘယ်သူလဲ ... ။ ”

လူတိုင်းအသံလာရာသို့ လှည့်ကြည့် လိုက်ကြသည်။ အဝေးတွင် အနက်ရောင်ဦးထုပ် အဝိုင်းနှင့် အဖိုးကြီးတစ်ယောက် လျှောက်လှမ်း လာနေသည်ကို မြင်လိုက်ရ၏။

ခြေတစ်လှမ်းသည် ပေတစ်ရာကျယ်ကာ လက်နှစ်ဖက်ကို အင်္ကျီလက်အိုးထဲဝှက်ထားပြီး ရိုးရှင်းအသွင်ဖြစ်ချေပြီ။ သို့သော် ထိုသူသွားရာ လမ်းတလျှောက် ထာဝရညထဲသို့ ကျဆင်းသွား သည့်အလား စိတ်ပျက်စရာကောင်းလှသည့် အမှောင်ဥပဒေကို ခံစားလာရသည်။

“ မင်းပဲ အဘိုးကြီး ... ။ ”

စုရီက မှတ်မိသွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မီးဝိညာဉ် မျိုးရိုးမှ လူသုံးယောက်သည်လည်း အံ့အားသင့်သွားရ၏။

“ ဘိုးဘေးဝမ်ပိုင် ... ။ ”

ဤသည်မှာ ကာကွယ်သူဝမ်မျိုးနွယ်စု၏ သက်ရှိရုပ်ကြွင်းကြီးပေပင်။ တာအို ကာကွယ်သူ မျိုးနွယ်စု(၆)ခုအနက် ထိုသူ၏ဝမ်မျိုးနွယ်စုမှာ အရင်းအမြစ်များ ပေါကြွယ်ဝဆုံးဖြစ်၏။

“ ဒီအဘိုးကြီးဝမ်က လောကသခင်ကို နှုတ်ဆက်ပါတယ်။ ”

အဖိုးကြီးက ရောက်ရှိလာသည်နှင့် လူတိုင်းကိုလျစ်လျူရှုကာ စုရီကို နှုတ်ဆက် လိုက်လေသည်။

လောကသခင်ဟူသော အမည်ကြောင့် ကောင်းကင်မီးဝိညာဉ်မျိုးရိုးခမျာ မိုးကြိုးပစ်ခံရ သလို ထိတ်လန့်ကုန်တော့၏။ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားချေပြီ။

စုရီက ဝိုင်အိုးကို မော့သောက်လျက်၊

“ သူတို့ကို ကယ်တင်ဖို့ စီစဉ်နေတာလား။ ”

-ဟု ပြန်လည်မေးမြန်းလိုက်သည်။ ဝမ်ပိုင်က ခေါင်းခါပြီးပြုံး၏။

“ သူတို့ကို ကယ်တင်ဖို့မဟုတ်ဘူး ... သူတို့မိသားစုရဲ့အဖိုးကြီးတွေနဲ့ ငါ ဆက်ဆံရေး တစ်ခုရှိနေလို့ပါ ... အကြောင်းရင်းမသိဘဲ သူတို့ သေဆုံးသွားရင် စိတ်မကောင်းဖြစ်ရမယ် ...

... သူတို့လို လူမိုက်တွေကြောင့် ကောင်းကင်မီးဝိညာဉ်မျိုးနွယ်အပေါ် ကပ်ဘေး ကျရောက်တာမျိုး မဖြစ်စေချင်ဘူး။ ”

 ***

  အခန်း ၉၉၆ -

သေလွန်ဝိညာဉ်များ၏ မူလနှင့် ရည်ရွယ်ချက်များ။

ကြိုးကြာဝတ်ရုံဝတ် အမျိုးသားတို့ လူသုံးဦးသည် မရေမရာမျက်နှာထားများဖြင့် ထိတ်လန့်နေခဲ့သည်။ ဤမတိုင်မီ တစ်ဖက်လူ၏ ဝင်စားခြင်းသတင်းကို ကြားထားသည်။

သို့သော် ယနေ့တွင် သူတို့နှင့် မျက်နှာချင်းဆိုင်ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားချေ။ ထို့ကြောင့် သုံးယောက်သား အချင်းချင်းအချက်ပြကာ ချက်ချင်းဦးညွှတ် တောင်းပန်လိုက်တော့သည်။

“ ဂျူနီယာတို့က မျက်စိကန်းခဲ့ပြီး စီနီယာကိုစော်ကားခဲ့မိပါတယ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ”

တစ်ဖက်တွင် မီးခိုးရောင်ဝတ် အဖိုးအိုသည် လေးနက်သောအသံဖြင့်၊

“ ဒါပေမယ့် ... ဂုဏ်သိက္ခာရှိတဲ့ လောကသခင်က ဒီလိုအရှုပ်အထွေးအတွင်းမှာ အခွင့်အရေးယူဝံ့လိမ့်မယ်လို့ ဒီလူမိုက်တွေက မထင်ထားခဲ့ပါဘူး ဒါကြောင့် ဒေါသထွက်ခဲ့တာ ခွင့်လွှတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ”

-ဟု ဝင်ရောက် ပြောကြားလိုက်၏။

“ ဟားဟားဟား ... ရှုပ်ထွေးမှုကို အခွင့်ကောင်းယူနေတာလား ... ဘယ်လောက် အရှက်မဲ့လိုက်လဲ အဖိုးကြီးစုသာ ဝင်ရောက် မစွက်ဖက်ခဲ့ရင် ဒီလူတွေ အသက်ရှင် နေဦးမယ်ထင်လား။ ”

ကျွမ်းပေ့ဖန်မှ အော်ဟစ်လိုက်သည်။ မီးခိုးရောင်ဝတ်ရုံဝတ်ထားသော အဖိုးကြီးခမျာ စကားမပြောနိုင်ဖြစ်သွား၏။ ကျွမ်ပေ့ဖန်က ကျေနပ်ခြင်းမရှိသေးဘဲ၊

“ ငါမေးပါရစေ အဲဒီဝိညာဉ်က မင်းရဲ့ ကောင်းကင်မီးဝိညာဉ်မျိုးနွယ်ရဲ့ ရတနာလား အဖိုးကြီးစုက မင်းတို့ကံဆိုးမှုအပေါ် အခွင့်ရေး ယူတယ်လို့ ဘယ်လိုခေါ်နိုင်မှာလဲ ... ပြီးတော့ ဒါကိုတောင်းပန်တယ်လို့ခေါ်လား။ ”

-ဟု အော်ဟစ်လိုက်သည်။

“ မင်းအသက်ရှင်ချင်ရင် စိတ်ရင်းမှန်နဲ့ တောင်းပန်သင့်တယ် ... ။ ”

ဝမ်ပိုင်က သက်ပြင်းချလျက် သတိပေး၏။ သို့သော် ကြိုးကြာဝတ်လုံနှင့် အမျိုးသားသည် ချက်ချင်းခါးပြန်မတ်ကာ၊

“ စီနီယာဝမ် ... ငါတို့ ကောင်းကင် မီးဝိညာဉ်မျိုးနွယ်က ကျောရိုးမဲ့တာမဟုတ်ဘူး ဒါက အထင်လွဲမှုလေးတစ်ခုပါ ... ဆွေးနွေးခြင်း အားဖြင့် ဖြေရှင်းနိုင်ပါတယ် ငါတို့ဒူးထောက်ပြီး ကရုဏာတောင်းခံမယ်လို့ မင်းထင်လား။ ”

“ ဒါဆို ဒီတစ်ခါ ငါ့ရဲ့ အကူအညီကို မင်းတို့မလိုဘူးပေါ့။ ”

“ စီနီယာဝမ် ... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ မင်းရဲ့ကြင်နာမှုအပေါ် ငါတို့ကျေးဇူးတင်ပါတယ် ဒါပေမယ့် အစောက ပြောခဲ့သလိုပါပဲ ဒါအထင်လွဲမှုလေးတစ်ခုပါ ...

... လောကသခင်ရဲ့ သဘောထားကြီးမှုမျိုးနဲ့ဆိုရင် မင်းကိုသူ လုံးဝ ဆန့်ကျင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ် ဟုတ်တယ်မဟုတ်လား။ ”

သူ ပြောကြားနေစဉ် စုရီကို လှည့်ကြည့်လိုက်သည်။ ဝမ်ပိုင်မှ ရှက်ရွံ့စွာ ပြုံးရယ်လျက်၊

“ ဟားဟားဟား ... ဒါက အထင်လွဲမှုလေးတစ်ခုတဲ့လား။ ”

-ဟု ရေရွတ်လိုက်တော့၏။ စကားဆက်ပြောရန် ပျင်းရိသွားချေပြီ။ ထိုစဉ် မီးခိုးရောင်ဝတ်အဖိုးကြီးက ရုတ်တရက် ခေါင်းမော့လာပြီး၊

“ စီနီယာ၊ ခေတ်တွေပြောင်းကုန်ပါပြီ ဒီနေ့ဓားတစ်လက်နဲ့ လောကကြီးကိုစိုးမိုးချင်လို့ မရတော့ပါဘူး ...

... ကြီးမားတဲ့ဘေးဆိုးတွေ မင်းဆီရောက်မလာအောင် ဒီအချိန်မှာ သိုသို ဝှက်ဝှက်နေဖို့ အကြံပေးချင်ပါတယ် ...

... ဒီအကြံပြုချက်က ကြမ်းတမ်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ... ပွင့်ပွင့်လင်းလင်း ပြောရရင် သုံးနှစ်အတွင်းမှာ လေကကြီးက လုံးဝပြောင်းလဲသွားပါလိမ့်မယ် ပြီးတော့ ငါ့ရဲ့ကောင်းကင် မီးဝိညာဉ်မျိုးနွယ်စု ... ။ ”

“ အရမ်းဆူတယ် ... ။ ”

သူ့စကားမဆုံးခင်မှာပင် ဓားအလင်း တစ်လက် သူ့လည်ပင်းထံဖောက်ထွင်းသွား၏။ မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးကြီးခမျာ မျက်ခုံးပင့် လျက်ဖြင့် နှုတ်ခမ်းများတုန်ရီနေခဲ့သည်။

တစ်ခုခုပြောချင်နေသော်လည်း သူ့ဝိညာဉ်သည် ဤကမ္ဘာကြီးမှ ထွက်ခွာသွားပြီ ဖြစ်ချေ၏။ အဆုံး၌ ခန္ဓာကိုယ်သည်လည်း ပဲ့ကြွေပျက်စီးသွားတော့သည်။

“ ဒီနေရာမှာ ဒီလိုကျိုးကြောင်း ဆင်ခြင်ပြနေရလောက်အောင် ဘယ်သူက စီနီယာ ... ဘယ်သူကဂျူနီယာလဲ ...... ။ ”

ဝမ်ပိုင်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းရမ်းလိုက်လေသည်။ သို့သော် သူ့ရင်ထဲ တုန်လှုပ်မှုကို ထိန်းမရခဲ့ချေ။ တစ်ဖက်လူသည် တုံ့ယွီအဆင့် နယ်ပယ်ဘုရင်တစ်ပါးကို တစ်ချက်တည်းပြာဖြစ်စေခဲ့သည်။

မည်မျှကြီးစိုးပြီး အစွမ်းထက်လွန်းသနည်း။ တစ်ဖက်တွင် ကျွမ်းပေ့ဖန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ မှတ်ချက်ပေးလိုက်တော့၏။

“ တကယ်ပဲ ယင်ကောင်တစ်ကောင်လို အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတယ် ... သူ့ကို သတ်လိုက်တာက လောကကြီးကို ကူညီရာ ရောက်ပါတယ်။ ”

ကြိုးကြာဝတ်ရုံဝတ် အမျိုးသားက သူ့အဖော်ကိုတစ်ချက်တည်းဖြင့် သတ်ပစ်လိမ့် မည်ဟုမထင်ထားလေရာ ဒေါသထွက်လာ၏။ စုရီက အနည်းငယ်ပြုံးလိုက်ပြီး၊

“ အထင်လွဲမှုလေးတစ်ခုကြောင့် ငါသူ့ကိုမတော်တဆ သတ်မိသွားပြီး ... မင်းရဲ့ သဘောထားကြီးမှုနဲ့ ငါ့ကိုအပြစ်မတင်ဘူးလို့ ငါယုံကြည်ပါတယ်။ ”

-ဟု တောင်းပန်လိုက်သည်။

“ ဟားဟားဟား ... ။ ”

ကျွမ်းပေ့ဖန်မှ ရယ်လိုက်သည်။ လောကသခင်သည် ယခင်ကဲ့သို့ ကြီးစိုးလွန်းပြီး မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း။

“ မင်း ... ။ ”

ကြိုးကြာဝတ်ရုံဝတ် အမျိုးသားခမျာ မျက်နှာဖြူဖျော့သွားပြီး ရင်ဘတ်ကြီးပြင်းစွာ တုန်ခါလာတော့၏။ ခရမ်းရောင်ဝတ် အမျိုးသမီးမှ ရုတ်တရက်၊

“ ဒီတစ်ခါတော့ ငါတို့ရှုံးနိမ့်မှုကို ... ဝန်ခံပါတယ် မင်းကျေနပ်လား။ ”

-ဟု ချက်ချင်းပြောကြားလိုက်သည်။ သူမသည် ဤအရပ်မှ ထွက်ခွာလိုနေပြီဖြစ်၏။ တစ်စက္ကန့်ပင် မနေလိုချေ။ စုရီက ကျွမ်းပေ့ဖန်ထံ လှည့်ကြည့်ပြီး၊

“ ဒါကို တောင်းပန်တာလို့ယူဆလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဒါက တောင်းပန်တာမဟုတ်ဘူး ... အကြွေးမဆပ်ဘဲ တမင်တကာ အရူးလုပ်နေတာ သိသာပါတယ်။ ”

“ ငါလည်း အဲ့လိုထင်တယ်။”

စုရီက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်ညာလက်ကို ပေါ့ပေါ့ပါးပါးမြှောက်ပြီး လှုပ်ခါပစ်၏။

“ ဝှစ် ... ။ ”

ဓားရောင်ဝါတစ်ခု ပြေးထွက်လာသဖြင့် ခရမ်းရောင်ဝတ်အမျိုးသမီးက ကြောက်လန့်ပြီး ချက်ချင်းရှောင်တိမ်းလိုက်လေသည်။

သို့သော် နောက်ကျနေသေး၏။ ဓားအလင်းသည် ပေတစ်ထောင်အတွင်းရှိ လေဟာနယ်ကို ပိတ်ချသွားသည်။ အမျိုးသမီး ခမျာ ပင်ကူအိမ်အတွင်း ပိတ်မိနေသကဲ့သို့ ချက်ချင်းပေါက်ကွဲသွားတော့၏။

“ ဘန်း ... ။ ”

လေထုအလယ် သွေးမြူများ ရုတ်တရက် ပေါက်ကွဲလာပြီး အမှုန်အဖြစ်သို့ပြောင်းလဲကာ ကောင်းကင်အနှံ့ ပြန့်ကျဲသွားချေပြီ။

ထိုသွေးထွက်သံယိုမြင်ကွင်းကြောင့် ကြိုးကြာဝတ်ရုံဝတ်အမျိုးသားမှာ ခြေလက်များ အေးစက်သွားပြီး အလွန်ကြောက်ရွံ့သွား၏။

လောကသခင်သည် ကောင်းကင် မီးဝိညာဉ်မျိုးနွယ်စုအပေါ် သည်မျှလျစ်လျူရှု လိမ့်မည်ဟု မမျှော်လင့်ထားချေ။ ချက်ချင်း ဦးညွှတ်ကာ၊

“ လောကသခင် ငါ့ကိုချမ်းသာပေးပါ။ ”

-ဟု တောင်းပန်တော့၏။

“ ဟမ့် ... ဒါလား ကောင်းကင် မီးဝိညာဉ်မျိုးနွယ်က လူတွေဟာ ကျောရိုးရှိတာ ဘယ်သူက သူတို့ကို ကျောရိုးမရှိဘူး ပြောဝံ့သလဲ။ ”

ကျွမ်းပေ့ဖန်မှ ဘေးမှနေပြီး လှောင်ပြောင်လိုက်၏။

“ မင်း ဒူးထောက်ပြီး အသနားခံရင် ခွင့်လွှတ်ပေးမယ်။ ”

စုရီက ပေါ့‌ပေါ့ပါးပါး ပြန်ဖြေသည်။ ကြိုးကြာဝတ်ရုံဝတ်အမျိုးသားခမျာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျက်နှာအနှံ့ရှက်ရွံ့မှုများ ဝင်ရောက်လာ၏။ တစ်ဖက်လူသည် တမင်ပင် အရှက်ခွဲနေခြင်းပေပင်။

ယနေ့ဖြစ်ရပ်သည် အထင်လွဲမှုလေး တစ်ခုမျှသာဖြစ်ကြောင်းကို ပြောမိခြင်းပေပင်။ ယင်းအတွက် သူ့အဖော်နှစ်ယောက်ကိုသတ်ကာ ဒူးထောက်ကရုဏာတောင်းခံနေစေ၏။

ဝမ်ပိုင်က သက်ပြင်းချလိုက်သည်။ သူဝင်ရောက်စွက်ဖက်မှုသည် အလဟဿ ဖြစ်သွားချေပြီ။

နယ်ပယ်ဘုရင်အဆင့် အသက်သုံးချောင်းသည် ဖုန်မှုန့်လေးများကဲ့သို့ လွင့်ပါးရပေတော့မည်။

“ စီနီယာ ... မင်းရာထူးနဲ့ ငါ့ကိုအရှက်ခွဲဖို့ ဒီလိုနည်းလမ်းမျိုးသုံးနေတာ လောကကြီးကနေ လှောင်ပြောင်ခံရမှာကို မကြောက်ဘူးလား ငါ့ရဲ့ ကောင်းကင်မီးဝိညာဉ် မျိုးနွယ်စုက ... ။ ”

“ ဝှစ် ... ။ ”

“ ဘန်း ... ။ ”

စကားမဆုံးခင်မှာပင် လက်ဖဝါးတစ်ဖက်သည် သူ့ကိုပါးရိုက်သတ်ရန် ရောက်ရှိလာသဖြင့် ကြေးမှုံတစ်ချပ်ထုတ်ယူကာ ချက်ချင်းခုခံလိုက်ရသည်။  

ချက်ချင်း ချွေးစီးများ ထွက်လာပြီး လှည့်ပြေးတော့၏။ သို့သော် မအောင်မြင်ချေ။ ဓားအလင်းတစ်လက်သည် သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းကာ စိတ်ဝိညာဉ်အပေါ် လုံးဝဖျက်ဆီးသွားခဲ့သည်။

“ ဒီလောကကြီးမှာ လောကသခင်က ဘာကိုကြောက်ပြီး ဘာကိုမကြောက်လဲဆိုတာ ပြောပြမထားတဲ့ မင်းရဲ့ဘိုးဘေးကိုသာ အပြစ်တင်သင့်တယ်။ ”

ဝမ်ပိုင်က မှတ်ချက်ပေးလိုက်သည်။ လောကသခင်ကို သိသည့်လူတိုင်း တစ်ဖက်လူ အနေဖြင့် မည်မျှအထိန်းအကွပ်မဲ့ကြောင်း သိရှိထားသည်။

ဤလောကြီးတွင် ထိုသူ့အပေါ် ချုပ်နှောင်ရန်စည်းမျဉ်းများ မချနိုင်သေးချေ။ မည်သူမဆို တစ်ဖက်လူနှင့် စကားပြောရာတွင် များစွာပင်ပန်းရချေပြီ။

“ ဒီကမ္ဘာကြီးမှာ နတ်ဘုရားတွေ တကယ်ရှိနေရင်တောင် ငါ့ရှေ့ရောက်တဲ့အခါ ဦးညွှတ်ရလိမ့်မယ်။ ”

အထက်ပါစကားများသည် မည်မျှ မောက်မာလွန်းပြီး အထိန်းအကွပ်မရှိကြောင်း မြင်သာစေသည်။

“ နောက်ဆုံးတော့ သူတို့က မှားယွင်းတဲ့ခေတ်မှာ မွေးဖွားလာခဲ့ကြတာပါ သူတို့က လောကသခင်အကြောင်း တကယ် မသိခဲ့ကြဘူး ... ။ ”

ကျွမ်းပေ့ဖန်မှ ခေါင်းရမ်းလျက် လှောင်ပြောင်လိုက်သည်။

“ တကယ်တော့ သူတို့က အရူးတွေမဟုတ်ပါဘူး သူတို့ကထောင်လွှားပြီး သင်ခန်းစာပေးမဲ့သူမရှိလို့ပါ။ ”

စုရီမှ မှတ်ချက်ပေးသည်။ နယ်ပယ်ဘုရင်အဆင့် မည်သူမဆို လူမိုက်များ မဟုတ်ချေ။ ပါးနပ်ပြီးကောက်ကျစ်ကြ၏။

သို့သော် တစ်ဖက်လူများသည် စစ်မှန်သောရက်စက်မှုအကြောင်း သင်ကြားပေး မည့်သူ ကင်းမဲ့နေခြင်းဖြစ်သည်။ အဆုံးတွင် ကောင်းကင်မီးဝိညာဉ်မျိုးရိုးသည် သူတို့ကို လုံလောက်အောင် ကာကွယ်နိုင်မည်ဟု ယူဆထားကြ၏။

အမှန်ပင် ဤကြယ်လွင်ပြင်ကြီးတွင် သူတို့မျိုးရိုးအပေါ် ရန်စဝံ့သူသည် အနည်းငယ် မျှသာပင်ရှိသည်။ ထိုအနည်းငယ်ထဲတွင် စုရီသည်လည်း အပါအဝင်ဖြစ်ချေ၏။

ဝေရှန်းနှင့် မုချန်းယွမ်က တိုက်ပွဲမြေပြင်အနှံ့ရှိ ကျန်ရစ်ခဲ့သောရတနာ များစွာကို လျင်မြန်စွာစုဆောင်းခဲ့ကြသည်။

တစ်ဖက်တွင် စုရီသည် ဝမ်ပိုင်နှင့် စကားစမြည်ပြောရန် ပြင်လိုက်၏။ ဤအရပ်၌ အပြာရောင်လွမ်ဝိညာဉ်မျိုးနွယ်နှင့် ကောင်းကင် မီးဝိညာဉ်မျိုးနွယ်စုတို့ကို ဆုံတွေ့ရသည်မှာ အတော်ပင်ထူးခြားနေသည်။

ယခု ဝမ်မျိုးနွယ်စုမှ ဝမ်ပိုင်သည်လည်း ရောက်ရှိလာသောကြောင့် မေးမြန်းကြည့်ရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။

ဤမျိုးရိုးသုံးခုသည် အုတ်မြစ်ခိုင်မာသည့် ရှေးဟောင်းကာကွယ်သူ မျိုးနွယ်စုများဖြစ်ခဲ့ပြီး ကြယ်ဘီလူးကြီးများပင် သတိထားရသည်။

“ တာအိုကွမ်ကျိုး မင်းမသိလောက်ဘူး၊ ဒီနတ်မိစ္ဆာပင်လယ်ဟာ အင်မော်တယ်တားမြစ် နယ်မြေပြီးရင် ဒုတိယမြောက် ရှေးဟောင်း လျှို့ဝှက်နယ်မြေတစ်ခုပဲ ...

... ထာဝရခေတ်ကျဆင်းမှုအတွင်းမှာ ဒီနတ်မိစ္ဆာပင်လယ်ဟာ ကပ်ဘေးကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး အဲဒီခေတ်က ထိပ်တန်းပုဂ္ဂိုလ် တစ်စုကို မြှုပ်နှံခဲ့ပါတယ် ... ။ ”

ဝမ်ပိုင်၏စကားများကြောင့် စုရီမှ အံ့အားသင့်သွားသည်။ တစ်ဖက်လူ၏ အဆိုအရ ထိုထိပ်တန်းပုဂ္ဂိုလ်များမှ ဝိညာဉ်တချို့သည် သေလွန်ဝိညာဉ်များ ဖြစ်လာခဲ့ကြ၏။

ထိုသေလွန်ဝိညာဉ်များဟူသည် အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်း၏။ အချိန်ကြာလာသည်နှင့်အမျှ သူတို့အားလုံးသည် အသိစိတ်နှင့် ဉာဏ်ပညာကို နိုးကြားလာသည်။

“ ငါတို့မျိုးနွယ်ရဲ့ ရှေးဟောင်း မှတ်တမ်းတွေအရဆိုရင် သေလွန်ဝိညာဉ်တွေ အပေါ် ကျိန်စာတိုက်ထားတဲ့ စွမ်းအားဟာ အင်မော်တယ်လမ်းကို ဖြတ်တောက်လိုက်တဲ့ ...

... လျှို့ဝှက်ဆန်းကြယ်တဲ့ ကပ်ဘေးပဲ ... အဲဒီကျိန်စာက သူတို့ခန္ဓာကိုယ်ကိုချည်နှောင်ပြီး ကမ္ဘာကြီးအပေါ် ထွက်ခွာခွင့်ပေးမထားဘူး ...

... ဒီလိုနတ်မိစ္ဆာပင်လယ်လို အန္တရာယ်များတဲ့ တားမြစ်မြေတွေအတွင်းသာ လှည့်လည်ရှင်သန်နိုင်တယ် ဒါပေမယ့်လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်မှာ ဒီအခြေအနေကို ပြောင်းလဲစေခဲ့တယ် ...

... သေလွန်ဝိညာဉ်တွေဟာ ထောင်စုနှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့ရာမှ နိုးထလာပြီး ပေါ်ထွက်လာခဲ့တယ် သူတို့ထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ ဝိညာဉ်တွေဟာ ...

... တစ်ချိန်က ပါရမီရှင်တွေပဲ ... သူတို့ရဲ့ နိုးထလာမှုနဲ့အတူ အသစ်တစ်ဖန် ကျင့်ကြံကြဖို့ ကြံစည်လာတယ် ဒါက ပြန်လည်မွေးဖွားခြင်းနဲ့ နည်းနည်းဆင်တယ် ...

... ဒီမှာဆို သေလွန်ဝိညာဉ်ဟာ တာအိုယဇ်ပလ္လင်တစ်ခု တည်ထောင်ထားပြီး ကျင့်ကြံသူတွေကို ဆွဲဆောင်ဖို့ လျှို့ဝှက် နည်းစနစ်တွေကို အသုံးပြုခဲ့တယ် ...

... သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးအရ အနာဂါတ်မှာ ဒီကမ္ဘာကြီးအတွင်းသွားလာဖို့ ကြံရွယ်နေတာ ထင်ရှားပါတယ်။ ”

... ငါတို့အတွက်တော့ ဒီလို ဉာဏ်ရည်ထက်မြက်တဲ့ သေလွန်ဝိညာဉ်တွေကို ဖမ်းဆီးတာဟာ အင်မော်တယ်လမ်းကို တက်လှမ်းဖို့ အခွင့်အရေးတွေပဲ ...

... ဖမ်းမိပြီးတာနဲ့ သူတို့တွေထဲက အမွေဆက်ခံထားတဲ့စွမ်းအားကို လွှဲပြောင်း ယူနိုင်တယ် ဒါကြောင့် ကောင်းကင်မီးဝိညာဉ် မျိုးနွယ်ကလူတွေက သေလွန်ဝိညာဉ်ကို ပစ်မှတ်ထားနေတာပဲ ...

... တာအိုကွမ်ကျိုး မင်းသတ်လိုက်တဲ့ အမျိုးသားက ရှရိုရှင်းလို့ခေါ်တယ် သူ့အဘိုးက ရှထျန်းကျန်ပဲ အဲဒီလူအိုကြီးက အင်မော်တယ် လမ်းကိုတက်လှမ်းဖို့ နီးကပ်နေပြီ။ ”

ထိုစကားကြောင့် စုရီတစ်ယောက် မျက်ဝန်းများမှေးစင်းသွားသည်။ ရှထျန်းကျန်။ ဤသည်မှာ တုံ့ယွီပြည့်စုံမှုထံ ရောက်ရှိနေသော ရှေးဟောင်းမြေခွေးအိုကြီးပေပင်။

တစ်ချိန်က သူနှင့် သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ဖူးသည်။ တစ်ဖက်လူသည် ရှုံးနိမ့်ထား သော်လည်း အစွမ်းထက်ကြောင်း ငြင်းမရချေ။

“ မင်းဘာလို့ အခုမှပြောပြနေရတာလဲ။ ”

စုရီက ဝမ်ပိုင်ကို ပြန်မေးသည်။ ဝမ်ပိုင်တစ်ယောက် လက်ကိုအမြန်ဝှေ့ယမ်းကာ ပြုံးရယ်လိုက်တော့၏။

“ တာအိုကွမ်ကျိုး ... စိတ်မဆိုးနဲ့ ငါပြောပြခဲ့ရင်တောင် မင်းရဲ့စိတ်နေစိတ်ထား အရဆိုရင် ဒါကိုဘယ်လိုများ ဂရုစိုက်မှာလဲ။ ”

***

All Chapters