← Chapters

အလယ်ပိုင်းဒေသဆိပ်ကမ်းသို့ သွားခြင်း

Vol. 33 Ch. 330

အလယ်ပိုင်းဒေသဆိပ်ကမ်းသို့ သွားခြင်း

Vol. 33 Ch. 330

အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက လေထဲတွင် လှုပ်ရှားနေခဲ့သည်။

ရက်အနည်းငယ်အတွင်း သူသည် နတ်ဆိုးပင်လယ်ရှိရာ မြောက်ပိုင်းဒေသနယ်စပ်သို့ ရောက်ရှိလာခဲ့သည်။

ကျုံးချင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ထိုအချိန်တွင် နေဝင်နေပြီဖြစ်ပြီး ကြွင်းကျန်နေသော အလင်းတန်းများက ပင်လယ်ပြင်၏ အကန့်အသတ်မဲ့ ထူထပ်သော မြူနှင်းများကြားတွင် ဖြာကျနေခဲ့သည်။

နေဝင်ဆည်းဆာက ထူထပ်သော မြူနှင်းများကို ဖြတ်သန်းကာ ပင်လယ်ပြင်ပေါ်သို့ ဖြာကျနေပြီး သူ၏ရှေ့ရှိ အရာအားလုံးအပေါ် သွေးနီရောင် ကုလားကာတစ်ခု ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေပေ၏။

သို့သော် သူ အဝေးသို့ လှမ်းကြည့်လိုက်သောအခါ နတ်ဆိုးပင်လယ်တစ်ခုလုံး မှောင်အတိ ကျနေခဲ့သည်။

ကျုံးချင် ခံစားမိသည်မှာ ကမ်းခြေအနီးတွင် ကောင်းမွန်သော်လည်း ကမ်းခြေမှ အကွာအဝေး တစ်ခုသို့ ရောက်ချိန်တွင် ကောလဟာလများအတိုင်းပင် နတ်ဆိုးပင်လယ်အထက်တွင် ပျံတက်ခြင်းကို တားမြစ်ထားသော စည်းမျဉ်း ကန့်သတ်ချက်များ ရှိနေသည်။ သူ အတင်းအကျပ် ဖြတ်ကူးမည်ဆိုပါက စည်းမျဉ်းများ၏ ဖိနှိပ်ခြင်းကို ခံရကာ အသားစအဖြစ် ပြောင်းလဲသွားနိုင်ချေ ရှိပေ၏။

ဤတားမြစ်ချက်သည် မည်သည့်နေရာမှ လာသည်ကို ကျုံးချင်ကိုယ်တိုင်ပင် ရှင်းမပြနိုင်ခဲ့ချေ။

ကျုံးချင်သည် သူ၏စွမ်းအားကို ယုံကြည်မှု ရှိပြီး ဝင်္ကပါခံနိုင်ရည်စွမ်းကို ပိုင်ဆိုင်ထားသော်လည်း....

ထိုသို့ဆိုသည့်တိုင် ဤရေကြောင်းတားမြစ်ချက်မှာ တာအိုအကြောင်းအရင်းများကြောင့်လော သို့မဟုတ် တားမြစ်ထားသော စွမ်းအားကြောင့်လော ဆိုသည်ကို ပြောရန် ခက်ခဲသည်။

ထို့ကြောင့် ဤကဲ့သို့ ကြိုးစားစမ်းသပ်ရန် မလိုအပ်ဟု သူ တွေးတောလိုက်သည်။

"အမ်..."

ကျုံးချင်က ရုတ်တရက် မျက်ခုံးပင့်လိုက်သည်။

အရွယ်အစားစုံလင်သော လှေများကို နေဝင်ဆည်းဆာ အလင်းတန်းအောက်ရှိ မြောက်ပိုင်းဒေသဆိပ်ကမ်း၏အပြင်ဘက်တွင် ဆိုက်ကပ်ထားသည်ကို သူ မြင်တွေ့မိပေ၏။

တစ်ချက်ကြည့်လိုက်ရုံဖြင့် လှေများကြားတွင် လှုပ်ရှားနေသော မြေကမ္ဘာနက်နဲသိမ်မွေ့ နယ်ပယ် ကျင့်ကြံသူ အမြောက်အများကို မြင်တွေ့နိုင်သည်။

အတွေးတစ်ချက်နှင့်အတူ ကျုံးချင်က အရင်ဆုံး တိတ်တဆိတ် ဆင်းသက်သွားလေ၏။

လှေများက ပတ်ဝန်းကျင်တွင် ယှက်နွှယ်နေပြီး လူများအဝင်အထွက် ရှိနေကာ သာမန် မြစ်ဆိပ်ကမ်းတစ်ခု၏ မြင်ကွင်းကို ပြသနေသည်။

ကျုံးချင်က ကမ်းစပ်တွင် ဆိုက်ကပ်ထားသောလှေတစ်စင်းထံသို့ ဇဝေဇဝါဖြင့် လျှောက်လှမ်းသွားလိုက်သည်။ သူ စကားမပြောနိုင်မီမှာပင် လှေပေါ်ရှိ လှေထိုးသားတစ်ဦးက သူ့ကို တက်ကြွစွာ လက်ဟန်ခြေဟန် ပြလိုက်သည်။

"လူငယ်လေး... ဘယ်သွားမလို့လဲ...ငါတို့ မိသားစုရဲ့သင်္ဘောက မကြီးပေမဲ့ အရမ်းတည်ငြိမ်တယ်... ဒီနှစ်တွေတလျှောက်လုံး ဘာမတော်တဆမှုမှ မဖြစ်ခဲ့ဖူးဘူး...ဒါက နဂါးဘုရင်ကြီးက ကောင်းချီးပေးတာလို့ လူတိုင်းက ပြောကြတယ်..."

သာမန် အဝတ်အစားများကို သေသပ်စွာ ဝတ်ဆင်ထားသော လှေထိုးသားက ကျုံးချင်အား စိတ်အားထက်သန်စွာ လက်ယပ်ခေါ်လိုက်၏။

သူ၏နောက်တွင် အလားတူ ဝတ်ဆင်ထားသော လှေထိုးသားအနည်းငယ်က သူတို့၏ရှေ့ရှိ လှေငယ်လေးအတွက် ကျောက်ဆူးကို ဆွဲတင်နေကြသည်။

ကျုံးချင်က ပြောလိုက်၏။

"အလယ်ပိုင်းဒေသ... လောကပေါင်းစုံ အထွတ်အထိပ်ကို..."

"ဘယ်ကို..."

လှေထိုးသားသည် မှင်တက်သွားပြီးနောက် ကျောက်ဆူး ဆွဲတင်ရာတွင် ကူညီနေကြသော တခြားလှေထိုးသားများကလည်း သူတို့၏ခေါင်းများကို လှည့်ကြည့်လိုက်ကြသည်။

"လူငယ်လေး... မင်း ဘယ်ကို သွားချင်တယ်လို့ ပြောလိုက်တာလဲ..."

ကျုံးချင်က ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုလိုက်သည်။

"အလယ်ပိုင်းဒေသ... လောကပေါင်းစုံရဲ့ ဗဟိုချက်လေ... အလယ်ပိုင်းဒေသကို ရောက်တာနဲ့ လောကပေါင်းစုံ အထွတ်အထိပ်ကို ငါကိုယ်တိုင် တက်လှမ်းလို့ ရပြီ..."

လှေထိုးသားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တပြိုင်နက်တည်း ရယ်မောလိုက်ကြ၏။

ထိုရယ်မောသံများမှာ ပြဇာတ်တစ်ပွဲ ပြီးဆုံးကာ နောက်တစ်ပွဲ စတင်သကဲ့သို့ ဖြစ်နေသည်။

"ဒီနေရာမှာ အလယ်ပိုင်းဒေသကို သွားချင်တယ်ဆိုတဲ့ ကောင်လေး တစ်ယောက် ရှိနေတယ်..."

"ဘာ... သူက အလယ်ပိုင်းဒေသက လောကပေါင်းစုံ အထွတ်အထိပ်ကို သွားချင်တယ်လို့ ပြောတာလား..."

"အဲဒီကို ဘယ်လို သွားရမလဲဆိုတာ မင်း သိလို့လား... လှေနဲ့တဲ့လား... ဟား ဟား ဟား..."

" ဟား ဟား ဟား ဟား ဟား..."

ဤရှည်လျားသော ကမ်းရိုးတန်းဆိပ်ကမ်းတွင် ကျုံးချင်မှ စတင်ကာ ရယ်မောသံများက ရေထဲသို့ ကျသွားသော ကျောက်တုံးကြီး တစ်တုံးအလား လှိုင်းဂယက်များ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အသံစက်ဝိုင်းများကို ဖန်တီးလိုက်၏။

ရယ်မောသံများက တစ်ခုပြီးတစ်ခု လှိုင်းလုံးများအလား ကပ်ပါလာခဲ့သည်။

ကျုံးချင်ကမူ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ချေ။

ထိုအချိန်မှာပင် သူ၏ရှေ့ရှိ လှေငယ်လေး အတွင်းမှ ခေါင်းလောင်းသံအလား ကျယ်လောင်သော ရယ်မောသံတစ်သံလည်း ထွက်ပေါ်လာခဲ့သည်။

"ကျွန်မတော့ သေတော့မှာပဲ... စီနီယာဦးလေး... ကြည့်ပါအုံး...ကျွန်မတို့ မြောက်ပိုင်းဒေသကနေ လောကပေါင်းစုံ အထွတ်အထိပ်ကို အောင်နိုင်ဖို့ ကြံရွယ်နေတဲ့ လူတစ်ယောက် ထပ်ပေါ်လာပြန်ပြီ..."

မြစိမ်းရောင်ပန်းထိုးဝတ်စုံရှည်တစ်ခုက ကန့်လန့်ကာနောက်တွင် လှုပ်ရှားသွားပြီးနောက် လှောင်ပြောင်မှုများ အပြည့်ရှိနေသော နုနယ်လှပသည့် မျက်နှာလေး တစ်ခု ထွက်ပေါ်လာခဲ့သည်။

သူမသည် ဆံပင်ကို အပေါ်သို့ စုထုံးထားပြီး ပြည့်ဖြိုးပြီး နီမြန်းနေသော ပါးပြင်များ ရှိသည့် ကျင့်ကြံသူမိန်းကလေးတစ်ဦး ဖြစ်ပြီး အသက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ထက် မပိုပုံရသည်။

ထိုကောင်မလေးက ကြည်လင်ပြတ်သားသော အသံဖြင့် ပြောဆိုလိုက်၏။

"အိုး... သူက တော်တော်လေးချောတယ်... ဒါပေမဲ့ သူ့ရဲ့ဦးနှောက်က သိပ်အလုပ်မလုပ်ဘူး ထင်တယ်..."

ကောင်မလေး၏စကားများသည် လှောင်ပြောင်နေသော်လည်း အငြိုးအတေး သိပ်မပါဝင်လှချေ။

ဒေါက်...

တုတ်ခိုင်သန်မာသော လက်တစ်ဖက် ဆန့်တန်းလာကာ ကောင်မလေး၏ခေါင်းကို ခပ်နာနာလေး ခေါက်လိုက်၏။

"နျန်နျန်... မနောက်နဲ့..."

"အာ... တခြားလူတွေလည်း ရယ်နေကြတာပဲကို..."

ကောင်မလေးက နာကျင်စွာဖြင့် မျက်နှာရှုံ့မဲ့သွားပြီး ကျုံးချင်ကို လျှာထုတ်ပြကာ အခန်းတွင်းသို့ ပြန်ဝင်သွားခဲ့သည်။

ထို့နောက် အရပ်ရှည်သော လူလတ်ပိုင်း ကျင့်ကြံသူ တစ်ဦး ထွက်လာကာ သူ၏လက်ကို ပူးဆုပ်ပြီး တောင်းပန်အပြုံးဖြင့် ပြောဆိုသည်။

"ငါ့ရဲ့ နျန်နျန်က ငယ်သေးတော့ စကားပြောတာ နည်းနည်းပေါ့ဆသွားတယ်... မင်းက စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်... လူငယ်လေး...မင်းက... အလယ်ပိုင်းဒေသကို သွားချင်တယ်လို့ ပြောတာ အခုလေးတင် ငါ ကြားလိုက်တယ်..."

ကျုံးချင်က အနီးကပ် ကြည့်လိုက်ရာ သူသည် ယင်သုံးပါးနယ်ပယ်မှ အရှင်သခင်တစ်ဦး ဖြစ်ကြောင်း တွေ့လိုက်ရသည်။

တစ်ဖက်လူ၏ကျင့်ကြံဆင့်သည် သူ့ထက် နိမ့်ကျနေသော်လည်း သူက မလေးမစား မပြုမူဘဲ ကျင့်ကြံသူတစ်ဦး၏ လက်ပူးဆုပ်ပြီးနှုတ်ဆက်မှုကို ပြုလုပ်လိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော်က အလယ်ပိုင်းဒေသကို သွားဖို့ ရည်ရွယ်ထားတယ်..."

ကျုံးချင်က အမှန်တကယ် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း မြင်တွေ့ချိန်၌ လူလတ်ပိုင်း ကျင့်ကြံသူက ရယ်ချင်စိတ်ကို အောင့်မထားနိုင်သည့်အလား သူ၏ခေါင်းကို ကုတ်လိုက်၏။

"နတ်ဆိုးပင်လယ်ရဲ့အဆုံးသတ်က အလယ်ပိုင်းဒေသဆိုတာ အမှန်ပဲ... ဒါပေမဲ့... ဒါပေမဲ့ ဘယ်သူကမှ လှေနဲ့ သွားချင်တယ်လို့ မပြောဖူးဘူးလေ...မင်း မြင်နေရတဲ့ ဒီလှေသင်္ဘောတွေ အားလုံးက မြောက်ပိုင်းဒေသရဲ့ ကမ်းရိုးတန်း ရေပြင်တွေမှာ သွားလာဖို့အတွက်ပဲ... အလွန်ဆုံး လဲ့ဟိုင်တောင်ကြားအထိပဲ ရောက်တယ်... မြောက်ပိုင်းဒေသကနေတောင် ထွက်မသွားနိုင်ဘူး..."

"လူငယ်လေး... အချိန်ခဏလောက် ဟန်ရေးပြချင်ရုံနဲ့ မိုက်မဲတဲ့ အလုပ်ကို မလုပ်ပါနဲ့..."

လူလတ်ပိုင်းကျင့်ကြံသူက ကျုံးချင်အား ခါးသည်းသော အပြုံးဖြင့် ကြည့်လိုက်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် ကြီးမားသော သင်္ဘောအုပ်စုတစ်စုကို ဖွဲ့စည်းပြီး သူ၏မိသားစုအင်အား အပြည့်အဝကို အသုံးပြုကာ နတ်ဆိုးပင်လယ်ကို ဖြတ်ကျော်၍ အလယ်ပိုင်းဒေသသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် နောက်ဆုံးတွင် သူ သေဆုံးသွားခဲ့ရပြီးနောက် ဤကဲ့သို့ မဆင်မခြင် ပြုမူသော လူငယ်များမှာ ပို၍ရှားပါးလာခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်အတွင်းတွင် ထိုကဲ့သို့လူစားမျိုး လုံးဝမရှိခဲ့ချေ။ ရုတ်တရက် ထိုကဲ့သို့ လူတစ်ယောက် ထွက်ပေါ်လာခြင်းက လူလတ်ပိုင်းကျင့်ကြံသူအား သူ၏ငယ်ဘဝကို တွေးမိစေပြီး သူ၏နှလုံးသားထဲတွင် ရင်းနှီးကျွမ်းဝင်မှု ခံစားချက်တစ်ခု အလိုအလျောက် ပေါ်ပေါက်လာသဖြင့် စကားအနည်းငယ် ပိုပြောခဲ့ခြင်းဖြစ်ပေ၏။

ကျုံးချင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

အစောပိုင်းက လှေထိုးသားများ၏ ရယ်မောသံများနှင့် သူ့ရှေ့ရှိလူ၏ စကားပြောဆိုမှုများအရ နတ်ဆိုးပင်လယ်ကို ဖြတ်ကူးခြင်းမှာ သူ ထင်ထားသည်ထက် ပို၍ရှုပ်ထွေးပုံရသည်။

သူက စိတ်ကိုတည်ငြိမ်အောင် ထားပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်က အလယ်ပိုင်းဒေသကို သွားမှရမယ်..."

လူလတ်ပိုင်းကျင့်ကြံသူ ကူကယ်ရာမဲ့ဖြစ်သွားကာ သူ၏မျက်နှာ ရှုံမဲ့သွားသည်။ ကျုံးချင်အား စိတ်မြန်လက်မြန်နှင့် မဆင်မခြင် ပြုမူတတ်သော လူငယ် တစ်ဦးအဖြစ် သူ သတ်မှတ်လိုက်သည်မှာ သိသာထင်ရှားသည်။

" ဟမ့်.. မိုက်မဲတဲ့ကောင်... ကျွန်မရဲ့စီနီယာ ဦးလေးက ရှင်ကို ကောင်းတဲ့ အကြံဉာဏ် ပေးနေတာကို ရှင်က နားမထောင်ဘူးလား..."

"လူတိုင်းက သွားလို့ မရဘူး...သွားလို့ မရဘူးလို့ ပြောနေတာကို... တကယ်လို့ ရှင်က အတင်းအကြပ်သွားမယ်ဆိုရင် သေချင်လို့ပဲ ဖြစ်ရမယ်..."

ကောင်မလေးက သူမ၏နဖူးကိုကိုင်ကာ မျက်လုံးဝိုင်းကြီးများဖြင့် ကျုံးချင်အား စူးရဲစွာ ကြည့်လိုက်၏။ သူမသည် စီနီယာဦးလေး၏ ခေါင်းခေါက်ခံရခြင်းကြောင့် ရလာသော ဒေါသကို ထုတ်ဖော်နေခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။

"နျန်နျန်... မရိုင်းနဲ့..."

လူလတ်ပိုင်းကျင့်ကြံသူက နောက်သို့လှည့်ကာ သူမကို ဆူပူလိုက်၏။

ကျုံးချင်သည် သတင်းအချက်အလက်များ ရရှိပြီးပြီဖြစ်သဖြင့် အချိန်ဆွဲမနေတော့ချေ။ သူက ဦးညွှတ်ကာ သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း..."

ထိုသို့ ပြောဆိုပြီးနောက် သူက နောက်ဆုတ်သွားကာ လှေတစ်စင်းရှာပြီး သူတစ်ယောက်တည်း ထွက်ခွာသွားရန် ရည်ရွယ်လိုက်၏။

လမ်း၌ ဘာတွေဖြစ်လာမလဲဆိုသည်နှင့် ပတ်သက်၍မူ အချိန်တန်မှသာ တစ်ဆင့်ချင်း ဖြေရှင်းသွားတော့မည်ဟု သူ တွေးတောလိုက်သည်။

လူလတ်ပိုင်းကျင့်ကြံသူက အပြုံးနှင့် ပြောဆိုသည်။

"ထားလိုက်တော့... ထားလိုက်ပါတော့... လူငယ်လေး... မင်းက အပြင်ထွက်ပြီး လောကကြီးကို ကြည့်ချင်တယ်ဆိုတာ ငါ သိတယ်... တကယ်လို့ မင်းက အလယ်ပိုင်းဒေသကို တကယ် သွားချင်တယ်ဆိုရင် ငါတို့နဲ့အတူ လဲ့ဟိုင် တောင်ကြားအထိ လိုက်ခဲ့ပါလား...ငါတို့ရဲ့ လက်ရှိ ခရီးစဉ်က ရတနာရှာဖွေဖို့ပဲ... ငါတို့ရဲ့ တခြားဂိုဏ်းတူ ညီအစ်ကိုတွေလည်း မကြာခင် ရောက်လာတော့မယ်... ပြီးတော့ ငါအပါအဝင် လူအားလုံးက ယင်သုံးပါးနယ်ပယ်ကို ရောက်ထားပြီးသားလေ... လဲ့ဟိုင် တောင်ကြားထဲမှာ မင်းကို ကာကွယ်ပေးဖို့ဆိုတာ မခက်ခဲဘူး..."

"အဲ့ဒီနောက် ဘာဆက်ဖြစ်မလဲ ဆိုတာကိုတော့... အဲဒီအချိန်ကျမှ မင်း ဆုံးဖြတ်လည်း အချိန်မနှောင်းပါဘူး..."

သူသည် ကျုံးချင်ကို ဆက်လက်၍ မတားမြစ်တော့ချေ။

လဲ့ဟိုင်တောင်ကြားသို့သွားမည့် ခရီးစဉ်မှာ အလွန်ဝေးကွာသည်။ အကယ်၍ သူတို့သည် လမ်းတွင် မုန်တိုင်းတစ်ခုခုနှင့် ကြုံတွေ့ရပါက ဤလူငယ်လေးကို သူ၏စိတ်ကူးအား စွန့်လွှတ်စေပြီး နတ်ဆိုးပင်လယ်ကို ဖြတ်ကူးရန် တွေးတောခြင်းမှာ မည်မျှထိ ရယ်စရာ ကောင်းကြောင်း သဘောပေါက်သွားစေပေလိမ့်မည်။

Thank For Reading.

All Chapters