← Chapters

လိပ်ကြီးကို သိုလှောင်အိတ်ပေးခြင်း

Vol. 52 Ch. 611

လိပ်ကြီးကို သိုလှောင်အိတ်ပေးခြင်း

Vol. 52 Ch. 611

ဟွာဟိုင်းမြို့သို့ လျူယောင် ပြန်ရောက်လာ၏။

ယခုအခါ သူသည် စာကြည့်ခန်းထဲတွင် ခရီးစဉ်တစ် လျှောက်ရလာခဲ့သော ရတနာများကို စိတ်ကျေနပ်စွ ာ ရေတွက်နေသည်။ရလဒ်မှာမူ သူမျှော်လင့်ထား သည်ထက်ပင် များပြားနေ၏။

ပြန်ရောက်ရောက်ချင်းပင် သူသည် အွန်လိုင်းပေါ်တွ င် တာအို အသက်ရူခြင်းပညာရပ်ကို ရှာဖွေကာ နှိုင်း ယှဉ်ကြည့်လိုက်၏။သို့သော်လည်း သူ ရရှိထားသေ ာ စာအုပ်နှင့် အွန်းလိုင်းပေါ်ရှိ နည်းလမ်းများမှာ ကွ ာခြားနေသည်ကို လျူယောင် တွေ့လိုက်ရသည်။

အွန်လိုင်းပေါ်ရှိ အကြောင်းအရာများမှာ အတုတွေ သာဖြစ်ပြီး.သူ့လက်ထဲတွင် ရှိနေသည်မှာမူ တာအို အသက်ရှူခြင်းနည်းလမ်း အစစ်ပင် ဖြစ်၏။

သူ ဂိုဝူကမ္ဘာမှ ရလာသော အဖိုးတန်ရတနာများမှာ ကောင်းကင်အဆင့် ကျင့်စဥ်နှင့် ရွှေဒင်္ဂါးပြား သန်း ၈၀ ကျော် ဖြစ်ပြီး သိုလှောင်အိတ်များနှင့် အမျိုးမျိုး သော ဆေးရည်များ၊ဆေးဝါးပစ္စည်းများနှင့် ပါဝင်ပ စ္စည်းများစွာလည်း ပါလာပေသည်။

သူသည် ဝူရွှမ်းကို တာဝန်ပေးကာ လတ်ဆတ်သော ပါဝင်ပစ္စည်း မျိုးစုံကိုလည်း အမြောက်အမြား ဝယ် ယူ စုဆောင်းခဲ့၏။ထိုပါဝင်ပစ္စည်းများမှာမူ သိုလှေ ာင်အိတ် သို့မဟုတ် သိုလှောင်လက်စွပ်အတွင်း သိ မ်းဆည်းထားလိုက်ပါက အချိန်ကို ရပ်တန့်ထားသ ကဲ့သို့ ဖြစ်သွားပြီး မည်သည့်အခါမျှ ပုပ်သိုးပျက်စီး သွားမည် မဟုတ်ပေ။

ဤတစ်ကြိမ် ဂိုဝူကမ္ဘာကို သွားသည့် ရလဒ်များမှာ သူ၏ မျှော် လင့်ချက်ထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေသည်။အထူးသဖြင့် သူ ရရှိလိုက်သော "ကောင်းကင်အဆင့်ကျင့်စဥ်"မှာ သူ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် လက်ဆောင်ပင် ဖြစ်၏။

ရတနာများကို စာရင်းပြုစုပြီးနောက် လျူယောင်သ ည် စာကြည့်တိုက်အတွင်း၌ပင် ကောင်းကင်အဆင့် ကျင့်စဥ်အား လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

သူ့ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။

ဂိုဝူကမ္ဘာတွင် လေ့ကျင့်သကဲ့သို့ ဤကမ္ဘာတွင်လည်း အောင်မြင်စွာ လေ့ကျင့်နိုင်မလားဆိုသည်အား စမ်း သပ်ကြည့်လိုခြင်းဖြစ်၏။သို့သော်လည်း နာရီအန ည်းငယ်ကြာအောင် လေ့ကျင့်ပြီးနောက် သူ စိတ်ပျ က်လက်ပျက် ဖြစ်ခဲ့ရသည်။

ဤကမ္ဘာတွင် ဝိညာဥ်စွမ်းအင်မှာ အလွန် နည်းပါးလှ ၏။

ဝိညာဥ်စွမ်းအင်ကို အာရုံခံနိုင်ရန်ပင် ခက်ခဲနေပြီး တို း တက်မှုနှုန်းမှာလည်း ခရုတစ်ကောင်ကဲ့သို့ အလွ န်နှေးကွေးလွန်းနေသည်။ထိုအခြေအနေကြောင့် လျူယောင်သည် လေ့ကျင့်လိုသည့်စိတ်ပင် လျော့ပါးခဲ့ရ၏။

ယူနီဗယ်ဆယ်တာဝါသို့ သူ ရောက်ရှိလာပြီးနောက် ရုံးခန်းထဲရှိ ဆိုဖာကြီးပေါ်တွင် လျူယောင် အနား ယူလိုက်သည်။

ခဏအကြာတွင် သူ့ အတွင်းရေးမှူးမလေးသည် ရို သေစွာဖြင့် အခန်းထဲသို့ ဝင်လာကာ ပြောလိုက်၏။

"သူဌေး ဒါတွေက လက်မှတ်ရေးထိုးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေပါရှင့် "

ထို့နောက် သူမက ဆက်ရှင်းပြလိုက်သည်။

"ဒီစာရွက်တွေက အကြီးတန်းအရာရှိတွေက ပြန်လ ည်စီစစ်ပြီး လက်မှတ်ထိုးထားပြီးသားမို့ သူဌေးဆီ ကို တင်ပြရခြင်းဖြစ်ပါတယ်.."

ထိုစာရွက်များအပြင် ထူထဲသည့် စာရွက်စာတမ်းပုံ ကြီးတစ်ပုံကိုလည်း သူမက တင်ပေးလိုက်၏။ထိုစာ ရွက်များမှာ လျူယောင်အနေဖြင့် လက်မှတ်ထိုးရန် မလိုဘဲ အကြောင်းအရာများကို နားလည်ထားရန်သ ာ လိုအပ်ပေသည်။

သို့သော်လည်း လျူယောင်သည် ထိုစာရွက်များကို ချက်ချင်းဖတ်ရန် စိတ်မကူးသေးပေ။သူသည် မိမိ ၏ အဆင့်မြင့်ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုအဖွဲ့အပေါ် အပြည့်အဝ ယုံကြည်မှုရှိနေသည်။

လျူယောင်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"ဒါတွေကို ကျွန်တော့်စားပွဲပေါ်မှာပဲ ထားခဲ့လိုက်ပါ.. အချိန်ရမှပဲ ကျွန်တော် ပြန်ကြည့်လိုက်ပါ့မယ်.."

အတွင်းရေးမှူးမလေး ထွက်သွားပြီးနောက်တွင်မူ လျူယောင်သည် ဖုန်းကိုကောက်ကိုင်လိုက်ပြီး ချန်း ဟူအား ခေါ်လိုက်သည်။

သူသည် ချန်းဟူအား အလွန်ယုံကြည်စိတ်ချရသူ တ စ်ဦးအဖြစ် သတ်မှတ်ထားသောကြောင့် သူ့အား သို လှောင်အိတ်တစ်လုံး လက်ဆောင်ပေးရန် ဆုံးဖြတ် လိုက်၏။

"သူဌေး ကျွန်တော့်ကို ခေါ်ပါသလား ခဗျ.."

ရုံးခန်းထဲသို့ ချန်းဟူ ဝင်လာသောအခါ လက်ဖဝါးခ န့် ရှိသော အိတ်တစ်လုံးအား ပေးရင်း လျူယောင် ပြောလိုက်သည်။

"အင်း ငါ မင်းကို ပေးစရာရှိလို့.. ရော့ ဒါကို ယူလိုက် .."

ချန်းဟူသည် လက်ဖဝါးတစ်ဝက်ခန့်သာရှိသော ထို အိတ်ငယ်လေးကို ကြည့်၍ အံ့သြနေ၏။၎င်းသည် သာမာန်အိတ်ကလေးတစ်လုံးနှင့် ဘာမှမ ထူးခြားဘူ းဟု သူထင်မိသည်။ချန်းဟူ၏ သစ္စာရှိမှုကို ယုံကြ ည်သောကြောင့် သူ သေချာရှင်းပြလိုက်၏။

"မင်း အဲ့ဒါကို ဒီအတိုင်း မကြည့်နဲ့..ဒါက ၁၀ ပေပတ် လည်လောက်ကျယ်တဲ့ သိုလှောင်အိတ်ပဲ.. ဒါကို ဘ ယ်လို သုံးရမလဲဆိုတာ ငါ မင်းကို အခုသင်ပေးမယ် "

ချမ်းဟူမှာမူ ဒဏ္ဍာရီထဲမှာသာ ကြားဖူးသည့် သိုလှေ ာင်အိတ်မျိုးကို ကိုယ်တိုင်ကိုင်တွယ်ခွင့်ရမည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။သူ အလွန်အံ့ဩနေ သော်လည်း အမူအရာကို တည်ငြိမ်အောင် ထိန်းချု ပ်လိုက်၏။

လျူယောင်၏ သင်ကြားပြသမှုအောက်တွင် ချန်းဟူ သည် သိုလှောင်အိတ်ကို အောင်မြင်စွာ အသုံးပြုနိုင် ခဲ့ပြီး အတွင်းဘက်ရှိ ဆယ်ပေကျယ်သော နေရာလွ တ်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။

ကျယ်ဝန်းလှသော နေရာကို မြင်လိုက်ရသည့်အခါ ချန်းဟူမှာမူ အံ့အားသင့်ရလွန်း၍ စကားပင်မပြော နိုင်တော့ပေ။ထိုနေရာလွတ်သည် ကားတစ်ဒါဇင် ကျော် သိမ်းဆည်းနိုင်လောက်အောင်ပင် ကျယ်ဝန်း လှသည်။

ဤသည်မှာ သာမန်လက် ဆောင်တစ်ခု မဟုတ်ကြေ ာင်း သူကောင်းစွာ သိရှိသဖြင့် လျူယောင်အား စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်၏ ။

"ငါတို့ကြားမှာ ဒီလောက်တောင် အားနာစရာမလိုပါ ဘူးကွာ.. ဒီသိုလှောင်အိတ်က မင်းအတွက်ပဲ.."

ချန်းဟူမှာ ဝမ်းသာအားရဖြင့် ရုံးခန်းထဲမှ ထွက်သွား သည်။ချန်းဟူ ထွက်သွားသည်ကို ကြည့်ရင်း လျူ ယောင်သည် ကျန် သိုလှောင်အိတ်များကို မည်သူ့အ ား ပေးရမလဲဆိုသည်အား ကြိုတင်စဥ်စားပြီးသား ဖြစ်၏။

သူ၏ အဓိကရည်မှန်းချက်မှာ ထိုအိတ်များကို 'ဝံပု လွေကြေးစားများဆီသို့ ပေးရန် ဖြစ်သည်။

သိုလှောင်အိတ်များကို အသုံးပြုခြင်းဖြင့် ကြေးစား များသည် လက်နက်ကြီးများနှင့် ခဲယမ်းများစွာတို့ ကို လျှို့ဝှက်စွာ သယ်ဆောင်သွားနိုင်မည်ဖြစ်ရာ မ ည်သည့်စစ်ဆင်ရေးတွင်မဆို သော လက်နက်များ အား အကန့်အသတ်မရှိ သုံးကာ တိုက်ခိုက်မှုများကို ပြုလုပ်နိုင်တော့မည်လေ။

ထိုသို့ စိတ်ကူးယဉ်နေစဉ်မှာပင် သူ ပြန်ရောက်ရှိ ကြောင်း သိထားသည့် တင်းဝိန်သည် နံနက် ၁၁ နာ ရီခန့်တွင် ရုံးခန်းထဲသို့ ပျော်ရွှင်စွာ ဝင်လာ၏။

"ဟားဟား..အကိုယောင်..အကို နောက်ဆုံးတော့ ပြန် လာပြီပေါ့ ကျွန်တော် အကို့ကို အရမ်းလွမ်းနေတာ ဗျ.."

တင်းဝိန်က စနောက်၍ ပြောလိုက်ရာ လျူယောင်မှာ ပြုံးကာ ပြန်ပြောလိုက်သည်။

"မင်း ရွံစရာတွေ လျှောက်မပြောနဲ့ ငါ ဂေးလ်မဟုတ် ဘူး..ဟဲဟဲ.."

နှစ်ယောက်သား ပျော်ရွှင်စွာ ရယ်မောလိုက်ကြ၏။

နေ့လည်စာစားချိန် ရောက်သောအခါ လျူယောင်က စကားစဖြတ်ကာ ပြောလိုက်၏။

"ငါတို့ ခရစ်စတယ်နန်းတော်မှာပဲ စားကြမယ်.. မင်း ငါနဲ့အတူ လိုက်ခဲ့.."

အစားအသောက် ဝါသနာရှင်တစ်ဦးဖြစ်သော တင်း ဝိန်မှာမူ မျက်လုံးများ အရောင်တောက်လာပြီး သူ့လ က်များကို ပွတ်သပ်ကာ ပျော်ရွှင်နေပေသည်။

တင်းဝိန်နှင့် ပျော်ရွှင်စွာ နေ့လယ်စာစားပြီးသော အ ခါ ရုံးခန်းသို့ လျူယောင် ပြန်လာလိုက်၏။

လျူယောင်သည် ဆိုဖာပေါ်တွင် ထိုင်ကာ ရုံးခန်းအ တွင်းရှိ စာရွက်စာတမ်းများကို အကြမ်းဖျင်း ဖတ် ကြည့်လိုက်သည်။ထိုအလုပ်များ ပြီးသောအခါ သူ့ အာရုံသည် ဂိုဝူကမ္ဘာမှ ယူလာသော နောက်ထပ် သို လှောင်အိတ်များဆီသို့ ရောက်သွား၏။

သူ့လက်ထဲတွင် အဆင့်မြင့်သိုလှောင်အိတ်တစ်လုံး ကျန်နေသေးသည်။၎င်းသည် သူရလာသည့် အိတ် များထဲတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး အလွန်အဖိုးတ န်လှသည်။

"ဒီ အဆင့်မြင့် သိုလှောင်အိတ်ကို ငါ ဘယ်သူ့လက် ထဲ အပ်လိုက်ရင် အကောင်းဆုံးဖြစ်မလဲ.."

လျူယောင် တွေးနေမိ၏။အချိန် ခဏကြာပြီးနော က် သူ့ စိတ်ထဲတွင် အတွေးတစ်ခု ဝင်ရောက်လာသ ည်။

"ဓားကောင်းကို သံမဏိကောင်းနဲ့ပဲ ပေါင်းစပ်မှ အ ကျိုးအရှိဆုံး ဖြစ်မှာ" ဟူသည့်ဆိုရိုးစကားအတိုင်း သူ ချက်ချင်းဆိုသလိုပင် လိပ်ကြီးအား သတိရလို က်၏။

"ဒီအဆင့်မြင့် သိုလှောင်အိတ်ကို လိပ်ကြီးသာ အသုံ းပြုမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက် မလဲကွာ"

ဤအတွေးသည် သူ့စိတ်ထဲတွင် ခိုင်မာသွားပြီးနော က် သူ ပေးရန် မစောင့်နိုင်တော့ပေ။

လိပ်ကြီးအတွက်ဆိုပါက ထိုအဆင့်မြင့်သိုလှောင်အိ တ်သည် အလွန်အသုံးဝင်မည်မှာ အသေအချာပင်။

လက်ရှိတွင် လိပ်ကြီးသည် သတ္တုချောင်းများကို တ စ်ခါသယ်လျှင် တန်ချိန် ရာဂဏန်းမျှသာ သယ်နိုင် သော်လည်း အချင်း မီတာ ၁၀၀ ရှိပြီး ကုဗမီတာ တ စ်သိန်းကျော်ဆံ့သည့် သိုလှောင်အိတ်သာ လိပ်ကြီး ရသွားပါက သူ့ စွမ်းဆောင်ရည်မှာ အဆပေါင်းများ စွာ တိုးတက်လာမည်ဖြစ်၏။

နဂါးနက်နှစ်ကောင်က ကူသယ်ပေးနေသော်လည်း ထိုအဆင့်မြင့် သိုလှောင်အိတ်နှင့်ဆို ပစ္စည်းတွေ အ များကြီး သယ်နိုင်တော့မည်လေ။

"ကောင်းပြီ ငါ လုပ်လိုက်တော့မယ်ကွာ.."

ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် လျူယောင်သည် လိပ်ကြီးအား ချက်ချင်းပင် ဆက်သွယ်လိုက်၏။

"ငါ့ကောင်ကြီး.. မင်းအတွက် ငါ့ဆီမှာ ပစ္စည်းကော င်းတစ်ခုရှိတယ်.. အခုချက်ချင်း ငါ့ဆီကို လာခဲ့ဦး ..."

ထိုအချိန်တွင်ပစိဖိတ်သမုဒ္ဒရာရေပြင်ကျယ်ကြီးထဲမှာ နေပူဆာလှုံရင်း အေးအေးလူလူ ရှိနေတဲ့ လိပ် ကြီးဟာ လျူယောင့် စကား ကြားသည်နှင့် တစ်ပြို င်နက် ချက်ခြင်းပင် ပြန်ဖြေလိုက်သည်။

"အိုခေဘာသခင်..ကျွန်တော့်ကို နာရီအနည်းငယ် လောက် အချိန်ပေးပါဦး.."

လိပ်ကြီး၏ လက်ရှိတည်နေရာက ဟွာဟိုင်းမြို့နှင့် ဆို ရေမိုင် ၂,၀၀၀ ခန့်သာ ဝေး၏။

ထိုအကွာအဝေးသ ည် သာမန်သတ္တဝါတွေအတွက် အလွန်ဝေးသော် လည်း လိပ်ကြီးအတွက်မူ ၄ နာရီ သို့မဟုတ် ၅ နာရီအတွင်း အသာလေး သွားနိုင်သည့် ခရီးတိုလေးတစ်ခုသာ ဖြစ်ပေသည်။။

ပင်လယ်ရေအောက် မီတာ ဒါဇင်ပေါင်းများစွာအန က်တွင်မူ လိပ်ကြီးသည် ဟွားဟိုင်မြို့ဆီသို့ အရှိန် အပြည့်ဖြင့် လျင်မြန်စွာ ကူးခတ်နေ၏။သူ့အရှိန်သ ည် တစ်နာရီလျှင် ရေမိုင် ၄၀၀ ကျော်အထိ ရှိနေသ ည်။

လိပ်ကြီး၏ တည်နေရာနှင့် အမြန်နူန်းကို လျူယော င် တွက်ကြည့်လိုက်သည့်အခါ ညနေပိုင်းလောက်မှ ဟွားဟိုင်မြို့သို့ ရောက်နိုင်မှာဖြစ်ကြောင်း ခန့်မှန်း မိလိုက်၏။

All Chapters