နဂါးနက်ကြီး မနာလို ဖြစ်နေခြင်း
Vol. 52 Ch. 612
လိပ်ကြီးက လျင်မြန်စွာ ကူးခတ်နေစဉ် သူ့စိတ်ထဲ တွင်မူ သခင်က ငါ့ကို ဘာပေးမှာဟူ၍ စိတ်ထဲမှ တွေးနေမိသည်။
သူ အရမ်း သိချင်နေ၏။
တစ်ခါတစ်လေ သူ ကိုင်ထားသည့် ဧရာမလှံကြီးကို ကြည့်ပြီး နောက်ထပ် လက်နက်အသစ်တစ်ခုများလ ားဆိုပြီး လိပ်ကြီး ခန့်မှန်းလိုက်သည်။
ရေမိုင် ၂,၀၀၀ နီးပါးအား လိပ်ကြီး မရပ်ဘဲ ဟွာဟို င်းမြို့၏ ကမ်းစပ်ဘေးသို့ တောက်လျှောက် ကူးခ တ်လာနေသည်။ကမ်းစပ်ဘေးဂိုဒေါင်ကိုရောက်ဖို့ လိပ်ကြီး သိပ်မလိုတော့ပေ။
"သခင်ရေ..ကျွန်တော် ဟွာဟိုင်းမြို့နားမှာ ရောက်နေ ပြီဗျ..ကျွန်တော်တို့ရဲ့ ကမ်းစပ်ဘေးနားက ဂိုဒေါင် ကို တန်းသွားလိုက်ရမလား..."
ထိုအချိန်၌ ချန်းဟူက ကားမောင်းကာ ယူနီဗာဆဲလ် တာဝါမှ လျူယောင်ထွက်လာနေ၏။လိပ်ကြီး၏ အ သံအား ကြားရသောအခါ လျုယောင် ပြန်ဖြေလိုက် သည်။
"အင်း..မင်း ကမ်းစပ်ဘေးက ဂိုဒေါင်ထဲကို ဝင်နိုင်ရ င် အကောင်းဆုံးပဲ.."
ယခုချိန်တွင် လိပ်ကြီး က အလေးချိန် တန် ၂၀၀၀ ကျော်ရှိနေ၏။ကမ်းဘေးမှ ဂိုဒေါင်ကို ချဲ့ထားလျှင် တောင်မှ လိပ်ကြီးဝင်နိုင်လား မဝင်နိုင်ဆိုသည်ကိုမူ သူလည်း သေချာမသိပေ။
သခင်နှင့် စကားပြောပြီးပြီးနောက် လိပ်ကြီးသည် ကမ်းဘေးနားက ဂိုဒေါင်သို့ ကူးလာခဲ့သည်။သူ့ကူး ခတ်နူန်းမှာ သိပ်မမြန်ပေ။အဓိကအကြောင်းရင်းမှာ ဤနေရာမှ ရေအနက်မှာ နည်းနည်းတိမ်နေ၏။
သူ အရမ်းမြန်မြန် ကူးလိုက်လျှင် ရေမျက်နှာပြင်ပေါ် တွင် လှိုင်းတွေဖြစ်ပေါ်စေကာ လူအချို့ရဲ့ အာရုံစို က်မိမှာ စိုးရိမ်သောကြောင့် ဖြစ်၏။
မိနစ် ၂၀ သို့မဟုတ် ၃၀ အကြာတွင်မူ လိပ်ကြီးသည် ကမ်းဘေးနားမှ ဂိုဒေါင်သို့ ရောက်လာခဲ့သည်။ဂိုဒေါ င်နှင့်ပင်လယ်ကို ဆက်သွယ်ထားသည့် ရေလမ်း ကြောင်းမှတစ်ဆင့် ဂိုဒေါင်ထဲသို့ ကပ်ပြီး လိပ်ကြီး ဝင်လာခဲ့သည်။
"ဟူး တော်ပါသေးရဲ့ ငါ ဝင်လို့ရသေးလို့.."
ဂိုဒေါင်ထဲ ဝင်လာပြီးနောက် လိပ်ကြီးသည် သက်ပြ င်းရှည်ကြီးချရင်း ရေရွတ်လိုက်၏။သူ့ အလေး ချိန် ထပ်မံတိုးလာသည်နှင့်အမျှ ဤနေရာကို ထပ်ဝင်နို င်မှာမဟုတ်ဘူးဆိုသည်အား သိလိုက်ရသည်။
ခဏအကြာ၌ ဂိုဒေါင် တံခါးဝသို့ လျူယောင် ရော က်လာကာ ချန်းဟူကို မှာလိုက်၏။
"မင်း ကားထဲမှာ ခဏစောင့်နေ.."
မှာပြီးနောက် ကားထဲကနေ လျူယောင်ဆင်းလိုက် ပြီး ကားနောက်ဖုံးထဲကနေ သံကြိုးရှည်အား ထုတ် ယူလိုက်သည်။
လိပ်ကြီး ရှိနေခြင်းသည် သူ၏ လျှို့ဝှက်ချက်ကြီးပ င် ဖြစ်၏။ချန်းဟူကိုတောင်မှ လျူယောင် မသိစေချ င်ခဲ့ပေ။
ဂိုဒေါင်မှ တံခါးပေါက်လေးကိုပဲ ဖွင့်ပြီး လျူယောင် ဝင်လာရာ သူ ဝင်လာပြီးနောက် ထိုတံခါးပေါက်လေ း အား ပြန်ပိတ်လိုက်၏။
ဂိုဒေါင်ထဲ ရောက်သည်နှင့် ဧရာမလိပ်ကြီးအား သူ ချက်ချင်း မြင်လိုက်ရသည်။ထိုကဲ့သို့ ဧရာမကောင် ကြီးမှာ အလွန်ကြီးမားကာ ကြောက်စရာကောင်းနေ ၏။တခြားလူတွေသာ မြင်လျှင် ကြောက်လန့် သွား ကြမည်မှာ သေချာလှသည်။
လျူယောင်ကမူနည်းနည်းလေးမှ ကြောက်ရွံ့ခြင်းကို သူ မခံစားရပေ။သူသည် လိပ်ကြီးအနားကို လျှော က်လာကာ ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်၏။ ပြီးနောက် လိပ်ကြီးအား ဆက်သွယ်ကာ ပြောလိုက် သည်။
"ဒါက ငါ မင်းကို ပေးချင်တဲ့ဟာပဲ..အခု မင်းကို ဘ ယ်လိုအသုံးပြုရမယ်ဆိုတာ သင်ပေးမယ်.."
လက်ဖဝါးတစ်ဝက်လောက်ပဲရှိသည့် အိတ်လေးတ စ်လုံးအား လိပ်ကြီးမြင်လိုက်ရ၏။သူ့ အမြင်တွင်မူ ထိုအရာက အရမ်းသေးနေသည်။
"ဒါကအိတ်သေးသေးလေးပဲ..တစ်ခုခုထူးခြားနေလို့လား.."
"မင်း..ဒါကို အထင်မသေးပါနဲ့..ဒါကို သိုလှောင်အိတ် လို့ ခေါ်တယ်.. အထဲမှာ နေရာလွတ်အကျယ်ကြီးရှိ တယ်..."
လိပ်ကြီး အလွန်အံ့ဩသွားရသည်။ဤကဲ့သို့ အံ့ဩ စရာကောင်းသည့် အရာ တကယ်ရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့မိပေ။
သူသည် မအောင့်နိုင်ဘဲ အမြန်ပြောလိုက်၏။
"သခင်ရ.. ဒါကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ကျ နော့်ကို မြန်မြန်သင်ပေးစမ်းပါ.."
လျူယောင်က ခေါင်းညိတ်ပြလိုက်သည်။သိုပေမဲ့ လိပ်ကြီး အသုံးပြုနိုင်မလား ဆိုသည်ကိုမူ သူလည်း သေချာ မသိပေ။
ထိုသိုလှောင်အိတ်အား လိပ်ကြီး အသုံးပြုနိုင်လျှင် အကောင်းဆုံးပင်။သို့သော်လည်း သူက တိရစ္ဆာန် တစ်ကောင် ဖြစ်ပြီး လူတစ်ဦးကဲ့သို့ အသုံးပြုနိုင်မ လားဆိုသည်အား စမ်းကြည့်ပြီးမှသာ သိရပေလိမ့် မည်။
"ဝိုးတော်တယ် ငါ့ကောင်ကြီး မင်းက သိုလှောင်အိ တ်တောင် သုံးတတ်တာပဲ.."
ဤသည်မှာ လိပ်ကြီး၏ စွမ်းရည်များနှင့် အများကြီ းပတ်သက်နိုင်၏။ထို့အပြင် လိပ်ကြီး၏ ဉာဏ်ရ ည်က အရွယ်ရောက်ပြီးသားလူတစ်ဦးကဲ့သို့ ရှိနေ သည်။
"ဝိုး အတွင်းထဲမှာ နေရာလွတ်တွေ အများကြီးရှိတာ ပဲ..ငါ့ လှံတောင် အတွင်းထဲမှာ ထည့်ထားလို့ရလော က်တယ်..."
လိပ်ကြီးက သူ့ စိတ်အာရုံကို သုံးလိုက်ရာ မီတာ ၁၀ ၀ ရှ ည်သည့် ဧရာမလှံကြီးသည် သိုလှောင်အိတ်ထဲ မှာ ပေါ်လာခဲ့သည်။
"ဟီးဟီး အရမ်းကောင်းတာပဲ..ငါ့ရဲ့ လှံအတွက် စိတ် ပူစရာမလိုတော့ဘူး.."
ထိုလှံအား သူ့ လက်သည်းတွေနဲ့ နေ့တိုင်းကိုင်ထားရ သည်မှာ အဆင်မပြောတာ သေချာလှသည်။ယခုမူ အားလုံး အဆင်ပြေခဲ့၏။ထိုလှံအား သိုလှောင်အိတ် ထဲ ထည့်လို့ရသောကြောင့် လိပ်ကြီးမှာမူ သက်တော င့်သက်သာ ခံစားနေရပုံရသည်။
လျူယောင်လည်း ပျော်ရွှင်မိ၏။သိုလှောင်အိတ်ကို လိပ်ကြီး ရပြီးနောက် သူ လုပ်ရမည့် အခန်းကဏ္ဍက ပိုကြီးလာပါလိမ့်မည်။
ဥပမာအားဖြင့် သတ္တုတွေ ရွေ့တာလိုမျိုးပင်။
သူ ယူလာသည့် သံကြိုးအား လိပ်ကြီး၏ လည်ပင်း ၌ လျူယောင် ချည်လိုက်သည်။ပြီးနောက် သိုလှော င် အိတ်ကို သံကြိုးနှင့် တွဲချည်လိုက်၏။ထိုမှသာ သို လှောင်အိတ်ပျောက်သွားမည်ကို စိုးရိမ်စရာ မလို တော့ပေ။
"အိုး.ကျေးဇူးတင်ပါတယ်သခင်ရ.. ကျွန်တော် အခု ပဲ ခင်ဗျားအတွက် သတ္တုတွေကို သွားသယ်တော့မ ယ်.."
လိပ်ကြီးက အလုပ်လုပ်ရန် ခွန်အားများ ပြည့်နှက် နေသည်။လျူယောင်က ပြုံးကာ သဘောတူလိုက် ၏။
"ဟုတ်ပြီ.. မီးခိုးနက်ရောင် သတ္တုချောင်းတွေကို မျ ားများ သယ်လာပေး..ပြီးတော့ သတ္တုအနက်ကို လည်း တန်ချိန် တစ်သိန်းကျော် ထပ်ထည့်လိုက်.."
"အိုခေဘာ သခင်.. ဒါက အရမ်းလွယ်တဲ့ကိစ္စပါဗျာ .."
လိပ်ကြီး သဘောတူလိုက်ကာ ပျော်ရွှင်စွာထွက်ခွာ သွား၏။လိပ်ကြီးက ဂိုဒေါင်အောက်မှ ရေလမ်းကြေ ာင်းကတစ်ဆင့် ပင်လယ်ထဲ ဝင်သွားသည်ကို မြင် တော့ လျူယောင် စိတ်ထဲမှ တွေးလိုက်မိသည်။
"နောက်ဆိုရင် လိပ်ကြီး ဒီဂိုဒေါင်ထဲ ဝင်နိုင်မှာမဟု တ်တော့ဘူးပဲ.."
သို့ပေမဲ့ ကံကောင်းစွာဖြင့် သူ့ဝယ်ထားသည့် ကျွန်း အသစ်တွင်မူ ဆောက်လုပ်ရေးက လျင်မြန်စွာ တိုး တက်နေသောကြောင့် ပစ္စည်းတွေအား ဤဂိုဒေါင် ထဲသို့ ရွှေ့ဖို့ မလိုတော့ပေ။
ပင်လယ်ထဲသို့ လိပ်ကြီး ဝင်ရောက်ပြီးနောက် လျင် မြန်စွာ ကူးခတ်သွား၏။ကူးခတ်နေရင်းသူသည် အ တွေးနှင့်ပင် သိုလှောင်အိတ်ထဲမှာရှိသည့် ဧရာမလှံ ကြီးအား ထုတ်လိုက်သည်။နောက်ထပ် စိတ်အာရုံ သုံးလိုက်ရာ ဧရာမလှံကြီး ပျောက်ကွယ်သွားကာ သိုလှောင်အိတ်ထဲသို့ ရောက်သွား၏။
လိပ်ကြီးသည် ကစားစရာ အသစ်ရသလိုမျိုး ပျှော်ရွှ င်ကာ သူ့ လက်နက်အား ထုတ်လိုက်ထည့်လိုက် လု ပ်၍ ပျော်ရွှင်နေသည်။နာရီအနည်းငယ်ကြာအောင် ကူးခတ်ပြီးနောက် အာကာသယာဉ်ပျက်ဆီသို့ လိပ် ကြီး ရောက်လာ၏။
လှုပ်ရှားသံကို ကြားလိုက်ရပြီးနောက် လိပ်ကြီး အန ားသို့ နဂါးနက်ကြီး ရောက်လာကာ ပြောလိုက်၏။
"ဟေး အကိုကြီး ..ခင်ဗျားရဲ့ လက်နက် ဘယ်မှာလဲ. .ပျောက်သွားပြီလား.."
"မပျောက်ပါဘူးဟ.. ဒီမှာလေ"
လိပ်ကြီး စိတ်အာရုံသုံးလိုက်သည်နှင့် ဧရာမလှံကြီး သည် သူ့လက်ထဲမှာ ပေါ်လာသည်။သူ့ဘေးနားမှ န ဂါးနကိကြီးမှာမူ ကြောင်အကာ မေးလိုက်၏။
"အကိုကြီး ခ..ခဗျား..ဒါ..ဒါက ..ဘယ်လိုဖြစ်တာလဲ .."
လိပ်ကြီးက ဂုဏ်ယူစိတ်အပြည့်နှင့် သိုလှောင်အိတ် အကြောင်းအား နဂါးနက်ကြီးကို ပြောပြလိုက်သည် ။နဂါးကြီးက ချက်ချင်းပင် မနာလိုစိတ်များ ဖြစ်ပေါ် လာ၏။
"ငါ့မှာလည်း ဒီလို အိတ်မျိုး ရှိရင် ကောင်းမှာပဲ.ဒါမှ ပစ္စည်းတွေကို ထည့်ရင် တော်တော်လေးအဆင်ပြေ မှာကွာ"
နဂါးနက်ကြီး မနာလိုဖြစ်နေစဉ်မှာပင် လိပ်ကြီး က သူ့အားပျော်ရွှင်စေမည့် စကားတစ်ခုကို ပြောလိုက် သည်။
"ငနက်..အဲဒီသတ္တုတွေကို မင်း သယ်စရာမလိုတော့ ဘူး.."
နဂါးနက်ကြီး၏ IQ က ကန့်သတ်ထားသောကြောင့် ဘာဖြစ်နေလဲဆိုတာကိုမူ ခဏတာမျှ သူ နားမလည် ခဲ့ပေ။
လိပ်ကြီးက သူသည် သိုလှောင်အိတ်ကို သုံးပြီး သ ယ်သွားနိုင်သည်ဟူ၍ ရှင်းပြလိုက်၏။ထိုသို့ ရှင်းပြ မှသာ နဂါးနက်ကြီးက နားလည်သွားခဲ့သည်။
"အရမ်းကောင်းတာပဲ..ပစ္စည်းတွေ သယ်စရာ မလို တော့ရင် ငါတို့ လွတ်လပ်နေမှာပဲကွာ.."
နဂါးနက်ကြီးနှင့် စကားပြောပြီးနောက် လိပ်ကြီးသ ည် အာကာသယာဉ်ပျက်ထဲသို့ ကူးခတ်လာကာ ကြီး မားသည့် အခန်းထဲသို့ ဝင်လာလိုက်သည်။ပြီးနော က် လိပ်ကြီး စတင် အလုပ်လုပ် တော့၏။
မီးခိုးနက် ရောင် သတ္တုချောင်းများနှင့် သတ္တုအနက် များအား သိုလှောင်အိတ်ထဲကို ထည့်လိုက်၏။
နဂါးနက်ကြီး၏ ကြောင်အပြီး မနာလိုသော အကြ ည့်များအောက်တွင် လိပ်ကြီးသည် အာကာသယာဉ် ပျက်ထဲကနေ ရေကူးထွက်လာခဲ့သည်။ထို့နောက် ကျွန်းငယ်လေးဆီသို့ လျင်မြန်စွာ ကူးခတ်လာ၏။
နဂါးနက်ကြီးမှာမူ သတိပြန်ဝင်လာဖို့ အချိန်အများ ကြီးယူလိုက်ရသည်။သူ့စိတ်ထဲ၌ အားကျစွာ ရေရွ တ်လိုက်၏။
"ငါတို့ကျ တန်ချိန် ရာဂဏန်းလောက်ကို ပင်ပင်ပန်း ပန်း သယ်ရတယ်ကွာ.အကိုကြီးကတော့ တန်ချိန်တ စ်သိန်းကျော်ကို အသာလေးသယ်နိုင်တယ်...ဒါမှ အ ကိုကြီး ပီသတာကွ.."