← Chapters

ဒီလူငယ်က ယူနီဗာဆဲလ်ရဲ့ သူဌေးလား

Vol. 52 Ch. 614

ဒီလူငယ်က ယူနီဗာဆဲလ်ရဲ့ သူဌေးလား

Vol. 52 Ch. 614

"ကြည့်စမ်း ပထမဆုံး သတ္တုတွေပေါ် လာပြီဟေ."

"မီးခိုးနက်ရောင် သတ္တုချောင်းတွေ အများကြီးပဲ. . ကြည့်ရတာ..တကယ်ကို ကျေနပ်စရာကောင်းလိုက် တာဗျာ.."

ကေလာဝေးလ်သင်္ဘောနှင့် အနီးဆုံးမှာရှိသည့် သ င်္ဘောပေါ်မှ သင်္ဘောသားတွေက ကုန်းပတ်ပေါ်ကနေ လုပ်ငန်းစဉ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြ၏။

အထူးသဖြင့် ပင်လယ်ရေအောက်ထဲကနေ သတ္တု ချောင်း အများကြီးအား ဆွဲတင်လာသည်ကို မြင်ရ သောအခါ လူတိုင်း၏ရင်စိတ်ထဲတွင် စိတ်လှုပ်ရှား မှုများ ပြည့်နှက်လာခဲ့သည်။

"ဝါး တကယ့်ကို ကြည့်ကောင်းတဲ့ မြင်ကွင်းပဲဗျာ.."

အဝေးမှာရှိသည့် အခြားသင်္ဘောနှစ်စီး၊ သုံးစီးပေါ် က သင်္ဘောသားတွေကလည်း ထိုမြင်ကွင်းအား စိ တ်ဝင်တစား ကြည့်ချင်ကြသော်လည်း အကွာအဝေ းမှာ ဝေးနေသောကြောင့် သူတို့က ရှင်းရှင်းလင်းလ င်း မမြင်ရဘဲ ဖြစ်နေ၏။

"သူတို့ရဲ့ သယ်နေတဲ့ အကွာအဝေးက အတော်လေး နီးတယ်ဗျာ ကျွန်တော်တို့ကျတော့ ဝေးလိုက်တာ. . သိပ်မမြင်ရဘူး.."

"အခုက စောင့်နေရတုန်းဆိုတော့ အချိန်တွေ အများ ကြီး ကျန်သေးတာပဲ.. ရာသီဥတုကလည်း သာယာ နေတော့ ငါတို့ ငါးဖမ်းပြီး အချိန်ဖြုန်းလိုက်ရအော င် .."

အိုရစ်သင်္ဘောပေါ်မှ သင်္ဘောသားအချို့မှာမူ ငါးဖမ်း စင်ပေါ်တွင် ငါးမျှားရင်း စောင့်နေလိုက်သည်။

နေ့တစ်ဝက်ခန့် ကြာပြီးတဲ့နောက် တန်ချိန် တစ်သိန်း ကျော်ရှိသည့် မီးခိုးနက်ရောင် သတ္တုချောင်းတွေကို ဆယ်နိုင်ခဲ့ပြီး ကေလာဝေးလ်းသင်္ဘောပေါ်သို့ တင် လိုက်ကြ၏။

ကေလာဝေးလ်းသင်္ဘောပေါ်တွင် သတ္တုချောင်းများ ပြည့်လုနီးပါး ဖြစ်သွားသည့်အတွက် လမ်းဖွင့်ပေးရ န်အတွက် ၎င်းက ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ ထိုအချိန်တွင် အသင့်စောင့်ဆိုင်းနေသည့် ရှိီကျားသ င်္ဘောက မောင်းဝင်လာကာ ဘလူးဝေးနှင့် ဘေးချင်း ယှဉ်၍ ရပ်လိုက်၏။

ပင်လယ်အောက်မှ သတ္တုချောင်းများစွာအား ဆက် တိုက် ဆယ်လိုက်ပြီး ရှိီကျားသင်္ဘောပေါ်သို့ ပြောင်း တင်လိုက်ကြသည်။ည

ရောက်သွားတာတောင်မှ လုပ်ငန်းခွင်နေရာတွင်မူ မီး ရောင်တွေထိန်ထိန်လင်းနေပြီး ဆယ်ယူရေးလုပ်ငန်း တွေအား တစ်ညလုံး မနားတမ်း ဆက်လက် လုပ်ကို င်နေကြ၏။

သင်္ဘောပေါ်ရှိ သင်္ဘောသားများသည် တစ်နေ့လျှင် သုံးဆိုင်းခွဲ၍ အလုပ်လုပ်ကြသည်။တစ်ဆိုင်းလျှင် လူသုံးဦးနှုန်းဖြင့် ရှစ်နာရီစီ အလှည့်ကျ တာဝန်ယူ ကာ ပင်လယ်အောက်ခြေမှ သတ္တုချောင်းများကို မ နားတမ်း ဆွဲတင်ခဲ့ကြ၏။။

နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ...

အော်စကာနှင့် ရှိီကျား သင်္ဘောတို့ ဦးဆောင်သည့် ပ ထမဆုံးအုပ်စုမှာ သတ္တုချောင်းများ အပြည့်တင်ပြီး နောက် ဟွာဟိုင်းမြို့သို့ ပြန်မောင်းလာခဲ့သည်။

သင်္ဘောနှစ်စီး သယ်ဆောင်လာသည့် သတ္တုတန်ချိန် မှာမူ သုံးသိန်းကျော်အထိ ရှိနေ၏။

.......

ယူနီဗာဆဲလ်တာဝါ၏ ပြတင်းပေါက်အနီးတွင် လျူ ယောင်သည် တစ်ယောက်တည်း မတ်တတ်ရပ်နေရ င်း အပြင်ဘက်သို့ လှမ်းကြည့်နေသည်။

သူ ခုနလေးတင် ကပ္ပတိန်ရမ်ဇီကွမ်းထံမှ ဖုန်းဖြင့် သတင်း လက်ခံရရှိထား၏။

ပထမဆုံးအသုတ်အနေဖြင့် သတ္တုတန်ချိန် သုံးသိန်း ကျော်တင်လာသည့် သင်္ဘောနှစ်စီးသည် ဟွာဟိုင်း မြို့သို့ မောင်းလာနေကြောင်း သတင်းပို့ခြင်းပင်ဖြစ် သည်။

"ငါ သိုလှောင်အိတ်ကို လိပ်ကြီးဆီ လွှဲပေးလိုက်တာ တကယ့်ကို ရလဒ်တွေ ကောင်းတာပဲ..တစ်ခါတည်း နဲ့ သတ္တုတန်ချိန် တစ်သိန်းကျော်တောင် လိပ်ကြီးက ပို့ပေးနိုင်ခဲ့တယ်.."

လျူယောင်သည် ကျေနပ်အားရစွာဖြင့် အတွေးထဲ နစ်မျောနေမိသည်။ယခုဆိုလျှင် ယူနီဗာဆဲလ်အထူး သတ္တုစက်ရုံအတွက် ကုန်ကြမ်းရှားပါးမည်အား သူ စိုးရိမ်စရာ မလိုတော့ပေ။

"တီ..တီ..တီ.."

ထိုသို့ စိတ်လက်ပေါ့ပါးနေစဉ်မှာပင် ဖုန်းမြည်သံက ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။လျူယောင် ဖုန်း ကို နှိပ်လိုက်ရာ ပီချင်းယွန်၏ ပျော်ရွှင်သော အသံ ကို ကြားလိုက်ရသည်။

"ဟယ်လို မစ္စတာလျူ... ခင်ဗျား ပြန်ရောက်နေတာ နှစ်ရက်..သုံးရက်လောက် ရှိပြီလို့ ကျွန်တော် ကြား တယ်ဗျ.."

လျူယောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ် ကျွန်တော်.. ပြန်ရောက်တာ နှစ်ရက် သုံးရက်လောက် ရှိပါပြီ.."

"ဝမ်းသာပါတယ်ဗျာ ..မစ္စတာလျူတကယ်လို့ အဆ င်ပြေမယ်ဆိုရင်... ကျွန်တော် ခင်ဗျားဆီ ခဏလော က် လာလို့ရမလား..နှောင့်ယှက်သလိုများ ဖြစ်နေမ လား.."

ပီချင်းယွန်၏ အသံနေအသံထားအရ သူလာရောက် လိုသည့် အကြောင်းအရင်းမှာ သာမာန် လည်ပတ်ရုံ သက်သက် မဟုတ်နိုင်မှန်း လျူယောင် ရိပ်မိလိုက် သည်။

လျူယောင်က အနည်းငယ် ပြုံးမိရင်း ယဥ်ကျေးစွာ ငြင်းဆန်လိုက်၏။

"ဥက္ကဋ္ဌပီ... ခင်ဗျားက ရောဂါအပြင်းအထန် ဖြစ်ပြီး သက်သာခါစပဲ ရှိသေးတာ..အရင်ဆုံး နာလန်ထူအေ ာင် အနားယူသင့်တာပေါ့ဗျာ..ကျန်းမာရေး အပြည့် အဝ ကောင်းလာတဲ့အထိ စောင့်ပါဦး.."

"ဟားဟားဟား.."

ပီချင်းယွန်က ဖုန်းထဲမှနေ၍ သဘောကျစွာ ရယ်မေ ာ ရင်း ပြန်ပြောလိုက်သည်။

"မစ္စတာလျူ... ခင်ဗျားပေးတဲ့ ဆေးလုံးအတွက် တ ကယ့်ကို ကျေးဇူးတင်ပါတယ်ဗျာ..အခု ကျွန်တော့် ကျန်းမာရေးက အရင်ကထက်တောင် ပိုကောင်းနေ သေးတယ်..ဘယ်တုန်းကနဲ့မှမတူအောင် လန်းဆန်း ပြီး အားအင်တွေ ပြည့်နေတာဗျ.."

"အမ် ဘယ်လောက်တောင် ကြာသေးလို့လဲ..."

လျူယောင်က စိတ်ထဲမှ ရေရွတ်ရင်း အံ့ဩနေမိသ ည်။လတစ်ဝက်ပင် မရှိသေးပေ။ အသည်းကင်ဆာ နောက်ဆုံးအဆင့် လူနာတစ်ယောက်က ယခုကဲ့သို့ နာလန်ထူလာသည့် အမြန်နှုန်း မှာ မယုံနိုင်စရာပင်။

ဂိုဝူကမ္ဘာမှ ချီဆေးလုံး၏ ကုသမှုအစွမ်းက ထိုမျှ အ ထိ ထိရောက်လိမ့်မည်ဟု သူကိုယ်တိုင်ပင် မမျှော်လ င့်ထားခဲ့ပေ။

"ခင်ဗျား ကျန်းမာရေးသာ တကယ်ကောင်းနေပြီဆို ရင်တော့ လာခဲ့ဖို့ ကြိုဆိုပါတယ်ဗျာ ..ကျွန်တော်တို့ ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်းကိုလည်း အသေးစိတ် ဆွေးနွေးကြတာပေါ့.."

"ကောင်းပါပြီ... ဒါဆို သဘောတူပြီနော် မစ္စတာလျူ မနက်ဖြန် ကျွန်တော် ယူနီဗာဆဲလ်တာဝါကို အရော က်လာခဲ့ပါ့မယ်.."

ချင်းယွန်နိုင်ငံတကာသည် ဒေါ်လာဘီလီယံပေါင်းမျ ားစွာ တန်ကြေးရှိသည့် အလွန်ကြီးမားသော လုပ်င န်းစုကြီးပင် ဖြစ်၏။

ထိုကဲ့သို့ အဖွဲ့အစည်းကြီးတစ်ခု၏ ဥက္ကဌကိုယ်တိုင် က တက်တက်ကြွကြွနှင့် ကိုယ်တိုင်ကိုယ်ကျလာရေ ာက်တွေ့ဆုံမည်ဆို သည်မှာ စီးပွားရေးလောကတွ င် ဂုဏ်ယူစရာကိစ္စပင် မဟုတ်ပေလော။

အမှန်တွင်မူ ပီချင်းယွန်ကဲ့သို့ အသည်းကင်ဆာနော က်ဆုံးအဆင့် ဝေဒနာရှင်တစ်ဦး ဤမျှအံ့ဩစရာ ကောင်းလောက်အောင် နာလန်ထူလာခြင်းမှာ လျူ ယောင်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း လူအနည်းင ယ်သာ သိကြသည်။

တနည်းအားဖြင့်ဆိုသော် လျူယောင်သည် ပီချင်း ယွန်၏ အသက်သခင် ကျေးဇူးရှင်ပင် ဖြစ်၏။

ထို့ ကြောင့်လည်း ပီချင်းယွန်သည် ပြန်ကျေးဇူးဆပ် လိုသည့် စိတ်ဖြင့် အရောက်လာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဤတွေ့ဆုံမှုသည် ကျေးဇူးတင်စကား ပြောရုံသက် သက်သာ မဟုတ်ဘဲ လျူယောင်နှင့် ပိုမိုနက်ရှိုင်းသ ည့် စီးပွားရေး မဟာမိတ်ပြုရန် အသေးစိတ်ဆွေးနွေ း ခဲ့ကြ၏။

နောက်ဆုံးတွင်မူ နှစ်ဖက်စလုံးအကျိုးရှိ စေမည့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူ ညီချက်အား အောင်မြင်စွာ လက်မှတ်ရေးထိုး နိုင်ခဲ့ ကြသည်။

ဤသို့ဖြင့် အဖွဲ့အစည်းကြီးနှစ်ခုမှာ တစ်လှေတည်း စီး တစ်ခရီးတည်းသွား မဟာမိတ်များအဖြစ်သို့ ရေ ာက်လာကြ၏။

ထိုဗျူဟာမြောက် မဟာမိတ်ပြုမှုမှာ နှစ်ဖက်စလုံး အတွက် အကျိုးအမြတ် များပြားလှသော်လည်း အ ထူးသဖြင့် ချင်းယွန်နိုင်ငံတကာအတွက်မူ ပိုမို ကော င်းမွန်သည့် အခွင့်အလမ်းတစ်ရပ် ဖြစ်လာသည်လေ ။

ပီချင်းယွန်သည် မော်တော်ကားလောကထဲသို့ ခြေစုံ ပစ်ဝင်ရန် ရည်ရွယ်ထားပြီး "ဘထ္ထရီစွမ်းအင်သုံး မေ ာ်တော်ယာဉ်များ" ထုတ်လုပ်တော့မည်ဖြစ်ကြောင်း လျူယောင်ကို အသိပေးလာသည်။

ထိုအခါ လျူယောင်ကလည်း သူ၏ ထောက်ခံအား ပေးမှုကို ပြသသည့်အနေဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ သည်။

...........

ခရစ်စတယ်နန်းတော်..

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ခရစ်စတယ်န န်းတော်၏ စီးပွားရေးမှာ မကြုံစဖူး အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့၏။

ဤသည်မှာ အခြားအကြောင်းရင်းကြောင့် မဟုတ် ဘဲ ဂိုဝူကမ္ဘာမှ လျူယောင် ယူဆောင်လာခဲ့သည့် ပါဝင်ပစ္စည်းများကြောင့်ပင် ဖြစ်သည်။

လျူယောင်က ထိုပစ္စည်းအများစုကို သိုလှောင်လ က်စွပ်ထဲတွင်သာ သိမ်းဆည်းထားသော်လည်း ပမာ ဏနည်းနည်းလေးကိုသာ ခရစ်စတယ်နန်းတော်သို့ ထုတ်ရောင်းခဲ့၏။

သို့သော်လည်း ထိုအနည်းငယ်မျှသော ပမာဏက ပင် ခရစ်စတယ်နန်းတော်၏ စီးပွားရေးကို ရုတ်တရ က် အားကောင်းလာခဲ့သည်။

ဤကဲ့သို့သော ထူးခြားသည့် ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများ၏ ဈေးနှုန်းမှာ သာမန်လူတို့ စိတ်ကူး၍ပင် မရနိုင်လောက်အောင် မြင့်မားလှ၏။

သို့သော်လည်း ဟွာဟိုင်းမြို့ကြီးရှိ ဂုဏ်သရေရှိ လူ ကုန်ထန်များနှင့် ချမ်းသာကြွယ်ဝသူများ၏ အားပေ းမှုကိုတော့ အဟန့်အတား မဖြစ်စေခဲ့ပေ။

အချို့သော သူဌေးကြီးများဆိုလျှင် ဤဟင်းလျာမျ ား၏ အရသာကို မြည်းစမ်းကြည့်နိုင်ရန် အခြားမြို့ ကြီးများမှပင် ရောက်လာခဲ့ကြသည်။

ထိုစဉ် လူတစ်စုမှာ ဗိုက်အပြည့် စားသောက်ပြီးနော က် ခရစ်စတယ်နန်းတော်မှ ထွက်ခွာလာ၏။သူတို့၏ ဝတ်စားဆင်ယင်မှုနှင့် အမူအရာကို ကြည့်ရုံမျှဖြင့် မ ည်မျှအင်အားကြီးပြီး ချမ်းသာကြွယ်ဝသူများ ဖြစ် ကြောင်း သိသာလှသည်။

ထိုလူအုပ်စုက ကျေနပ်စွာ တစ်ယောက်တစ်ပေါက် ပြောနေကြ၏။

"ဒီ ခရစ်စတယ်နန်းတော်က အစားအစာတွေရဲ့ အရ သာကတော့ တကယ့်ကို အံ့မခန်းပဲဗျာ.."

"ဟုတ်ပါ့. ကျွန်မဘဝမှာ ဒီလိုထူးကဲတဲ့ အရသာမျိုး တစ်ခါမှ မစားဖူးသေးဘူး.. ဒါပေမဲ့ ဈေးက တော် တော်လေးကို မြင့်တာပဲ..နေ့တိုင်းစားရဖို့ ဆိုတာက တော့ မလွယ်ဘူးနော်.."

"နောက်ရက်နည်းနည်းကြာရင် ကျွန်တော်တို့ ထပ်လ ာကြတာပေါ့..ဒီမှာရှိတဲ့ ဟင်းပွဲအားလုံးကို တစ်မျိုး မကျန် မြည်းကြည့်ချင်တယ်ဗျာ"

ထိုလူအုပ်စု ထွက်ခွာသွားပြီး မကြာမီမှာပင် လျူ ယောင်တို့အဖွဲ့မှာလည်း ခရစ်စတယ်နန်းတော်သို့ ရောက်လာခဲ့သည်။

လီချန်းလဲ့၏ လက်ကလေးကို ဖွဖွလေး ကိုင်ကာ လျူယောင်က ရှေ့မှ ဦးဆောင်၍ လျှောက်လာခဲ့သ ည်။လီချန်းလဲ့မှာမူ သူ့ကို တစ်ခုခုနှင့် တိုက်မိသွားမ ည်စိုးသည့်အလား လျူယောင်၏ နောက်တွင် ခပ်ရို့ ရို့လေး လိုက်ပါလာ၏။

သူတို့နောက်တွင်မူ တင်းဝိန်၊ဟူဂျွန်းရှီနှင့် ချန်းဟူ အ ပါအဝင် အခြံအရံများစွာက ဝန်းရံလျက် လိုက်လာ ကြသည်။

ခရစ်စတယ်နန်းတော်ပိုင်ရှင်ဖြစ်သူ ဝေ့ဗင်မှာမူ တံ ခါးဝတွင် ကိုယ်တိုင်ကိုယ်ကျ စောင့်ကြိုနေပြီး လျူ ယောင်တို့ကို မြင်သည်နှင့် လှိုက်လှိုက်လှဲလှဲ ဆီးကြို ကာ နှုတ်ဆက်လိုက်၏။။

"မစ္စတာလျူရောက်လာတာ... ခရစ်စတယ်နန်းတော် ကနေ ကြိုဆိုပါတယ်ဗျာ.."

လျူယောင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ရင်း တည်ညိမ်စွာ မေးလိုက်သည်။

"အခန်းနဲ့ ဟင်းပွဲတွေ အဆင်သင့်ဖြစ်ပြီလား"

"အားလုံး အဆင်သင့်ဖြစ်ပါပြီခင်ဗျ.."

ဝေ့ဗင်သည် လျူယောင်နှင့် အဖွဲ့သားများကို ခရစ်စ တယ်နန်းတော်၌ အခမ်းနားဆုံး သီးသန့်ခန်းမဆော င်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ လမ်းပြကာ ခေါ်ဆောင် လာခဲ့သည်။

ထိုစဉ် အနီးနားရှိ အခြားမြို့များမှ လာရောက်ကြသ ည့် ဧည့်သည်အချို့မှာ လျူယောင်ကို မမှတ်မိသဖြ င့် စပ်စုချင်စိတ်ဖြင့် တိုးတိုးလေး ပြောဆိုနေကြသ ည်။

"ဝိုး..ဒီလူငယ်က ဘယ်သူလဲဟ... ခရစ်စတယ်နန်း တော်ပိုင်ရှင်ကိုယ်တိုင်ကတောင် ပြုံးပြုံးရွှင်ရွှင်နဲ့ဆီး ကြိုနေရတာဆိုတော့ မခေဘူးပဲဗျာ.."

"ဟုတ်ပါ့... သူ့ပုံစံက တကယ့်ကို အရှိန်အဝါကြီးတဲ့ လူငယ်တစ်ယောက်ပဲနေမယ်..."

ထိုအခါ ဘေးနားမှ သိသူတစ်ဦးက ဝင်ရောက်ရှင်း ပြလိုက်သည်။

"မင်းတို့ကလည်း.. သူ့နေရာမှာ မင်းတို့သာဆိုရင် လ ည်း ဒီထက်မက လေးစားခံရမှာပဲ.. သူက ယူနီဗာဆဲ လ်လုပ်ငန်းစုရဲ့ သူဌေးလျူယောင်လေဗျာ.."

"ဟာ... ဒီလူငယ်က ယူနီဗာဆယ်ရဲ့ သူဌေးလား.."

လျူယောင်၏ အထောက်အထားကို ကြားလိုက်ရ ချိန်တွင် ပြင်ပမှ လာရောက်ကြသည့် ဧည့်သည်များ မှာ မနာလိုစိတ်နှင့် အားကျစိတ်တို့ ဒွန်တွဲကာ ငေး ကြည့်နေကြသည်။

အထူးသဖြင့် ခရစ်စတယ်နန်းတော်တွင် လျူယောင် အတွက် အကောင်းဆုံးအခန်းကို အမြဲတမ်း အရန် သင့် ဖယ်ထားပေးတတ်ပြီး သူနှစ်သက်ရာ ဟင်းလျ ာမှန်သမျှကို အကန့် အသတ်မရှိ မှာယူနိုင်သည် ဟူသော အချက်ကို ကြားလိုက်ရချိန်တွင်မူ လူတိုင်း က မနာလိုစိတ်များ ဖြစ်ပေါ်လာ၏။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာမူ စားသောက်ရန် အတွက် ကြိုတင်ဘိုကင်တင်ရုံသာမက ဟင်းလျာ တစ်မျိုးလျှင် တစ်ပွဲနှုန်းသာ မှာယူခွင့်ရှိသည့် ကန့် သတ်ချက်များရှိနေသောကြောင့် ဖြစ်ပေသည်။

မစ္စတာလျူယောင်အတွက်မူ ဟင်းလျာမှန်သမျှကို စိတ်ကြိုက်မှာယူခွင့်ရှိရုံမျှမက အလိုရှိ သလောက် လည်း စားလို့ရ၏။

ဤသည်မှာ အခြားသော ဧည့်သည်များအတွက်မူ မ ည်သို့မျှ နှိုင်းယှဉ်၍မရနိုင်သော အခွင့်ထူးခံ အနေ အထားပင် ဖြစ်နေသည်။

လျူယောင်တို့ အဖွဲ့ သီးသန့်ခန်းထဲ၌ နေရာယူလိုက် သည်နှင့် တပြိုင်နက် စားပွဲထိုးများမှာ အနံ့၊အရသာ နှင့် ပြည့်စုံလှသော ဟင်းလျာပွဲများကို တစ်ပွဲပြီးတ စ်ပွဲ သယ်လာခဲ့ကြသည်။

ဤဟင်းလျာများတွင် အသုံးပြုထားသည့် ပါဝင်ပ စ္စည်းများမှာ ဂိုဝူကမ္ဘာမှ လျူယောင် ယူဆောင်လာ သည့် ပါဝင်ပစ္စည်းများသာ ဖြစ်၏။

"အား..တကယ့်ကို ထူးကဲတဲ့ အရသာပဲဗျာ..."

တင်းဝိန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ လက်ဖ ဝါးနှစ်ဖက်ကို ထပ်ခါတလဲလဲ ပွတ်နေမိသည်။

ဤကဲ့သို့သော အဆင့်မြင့် ဟင်းလျာမျိုးကို ထပ်မံ မြည်းစမ်းခွင့်ရသည့်အတွက် သူသည် အတိုင်းထက် အလွန် ဝမ်းသာနေမိ၏။

အကယ်၍သာ ခရစ်စတယ်နန်းတော် အပြင်ဘက်၌ စားသောက်နေကြသော ဧည့်သည်များ အထူးသဖြင့် အရသာကို မြည်းစမ်းနိုင်ရန် အဝေးတစ်နေရာမှ လာ စားသူများသည် ဤအခန်းထဲရှိ စားပွဲပေါ်၌ ဟင်းပွဲ မျိုးစုံအား မြင်မိလိုက်လျှင် ထိုလူများ မနာလိုဖြစ်သွ ားကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

All Chapters