ကားအရောင်းပြပွဲ
Vol. 52 Ch. 615
လျူယောင်တစ်ယောက် ရုံးခန်းထဲတွင် လက်ဖက်ရ ည်ကို အေးအေးလူလူ သောက်ရင်း မနေ့ညက စည် ကားသိုက်မြိုက်ခဲ့သည့် ထမင်းဝိုင်းလေးကို ပြန်လ ည်တွေးတောကာ ပြုံးနေမိသည်။ဟင်းပွဲပေါင်း တစ် ဒါဇင်ကျော်မျှ ရှိသော်လည်း လူနည်းစုလေးနှင့်ပင် ပြောင်သလင်းခါသွားသည်အထိ အရ သာရှိလှ၏။
အထူးသဖြင့် ဗိုက်ပူပူလေးကို ပုတ်ကာ "အရမ်းကေ ာင်းတာပဲဗျာ..ကျွန်တော့် ဗိုက် ဒီထက် ပိုကြီးလာရ င်တောင် ကောင်းဦးမယ်" ဟူ၍ တတွတ်တွတ်ပြော နေသည့် တင်းဝိန်၏ ပုံစံကို မြင်ယောင်ရင်း လျူ ယောင် ကျေနပ်နေမိဆဲပင်။
သူက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း စိ တ်ကူးတစ်ခု ရသွားသည်။
‘ငါသာ ဂိုဝူကမ္ဘာက ပြန်ယူလာတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ချက်စားရင် အရသာက ဘယ်လောက်တောင် ကော င်းလိုက်မလဲကွာ..’
လျူယောင့်အိမ်တွင် ထိုပါဝင်ပစ္စည်းများစွာကို သို လှောင်ထားပြီးသား ဖြစ်သည်။အထူးသဖြင့် ဆန်ဆို လျှင် ပေါင်ရာချီပင် ရှိနေ၏။ထိုဆန်အချို့ကိုလည်း ယောက္ခမဖြစ်သူတို့ထံ လက်ဆောင်ပေးဖူးရာ သူတို့ ကလည်း အလွန်အရသာရှိကြောင်း ချီးမွမ်းကြသည် ။
လီချန်းလဲ့နှင့် လက်ထပ်ပြီးနောက်ပိုင်း ယောက္ခမမျ ားနှင့် မိဘများမှာလည်း ဗီလာသို့ ခဏခဏ လာ ရောက်လည်ပတ်လေ့ရှိကြ၏။
ထိုသို့ လျူယောင်တစ်ယောက် အတွေးနယ်ချဲ့နေစ ဉ်မှာပင် ကျိုးယန်တစ်ယောက် ဒေါသတကြီးဖြင့် တံ ခါးကို ဝုန်းခနဲ ဖွင့်ကာ ဝင်လာခဲ့သည်။
"ဒီကောင် ဂူယွီပေါင်တော့ လုပ်ပြန်ပြီ သူဌေးရာ.. ဒီ ကောင့် ပါးစပ်ကနေ ပေါက်တတ်ကရတွေလျှောက် ပြောနေပြန်ပြီဗျာ.."
လျူယောင်က အေးအေးဆေးဆေးပင် ပြန်မေးလို က်သည်။
"အိုးမစ္စတာကျိုး... ဘာဖြစ်လို့ ဒီလောက်တောင် ဒေါ သထွက်နေရတာလဲ.."
ကျိုးယန်က မကျေမချမ်းဖြစ်ကာ ရှင်းပြလိုက်၏။
"အွန်လိုင်းပေါ်ကို ကြည့်ကြည့် သူဌေး..ဒီကောင် ဂူ ယွီပေါင်က ဒီလိုမျိုး ရေးတာ ဒါ ပထမဆုံးအကြိမ် မ ဟုတ်တော့ဘူး.. သူရေးထားတဲ့ ဒီပေါက်ကရ ဆော င်းပါးကို ကြည့်လိုက်ပါဦး.. တကယ့်ကို စိတ်ပျက်စ ရာပဲ သူဌေးရာ.."
"ဟုတ်လား..."
လျူယောင်သည်လည်း သူ့ဖုန်းကို ထုတ်ကာ အွန်လို င်းပေါ်၌ ဂူယွီပေါင် ရေးသားထားသည့် ဆောင်းပါး ကို ချက်ချင်း ရှာဖွေကြည့်လိုက်သည်။ထိုဆောင်းပါ းမှာ ယူနီဗာဆဲလ်လုပ်ငန်းစုအား ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ထားခြင်းပင် ဖြစ်နေ၏။
လျူယောင်က အေးအေးဆေးဆေးပင် ပြန်ပြောလို က်သည်။
"အင်း..ဒီကောင်ကတော့ တကယ့်ကို ပေါ်ပင်လုပ်ချ င်နေတာပဲ.. လူကြားကောင်းအောင်တော့ အတော် လေးလျှောက်ပြောတတ်တာပဲဟ.."
ဆောင်းပါးထဲတွင် ထိုလူက ယူနီဗာဆဲလ် လုပ်ငန်းစု သည် ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသည်ဟု စွပ်စွဲထားပြီး ဘထ္ထရီနည်းပညာများကိုလည်း အမျာ းပြည်သူသို့ မျှဝေရန် တောင်းဆိုထား၏။
ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံး အကျိုးရှိ စေရန်အတွက် ကုမ္ပဏီပိုင် သတ္တုပစ္စည်းများကို အ ကန့်အသတ်မရှိ ရောင်းချပေးရန်လည်း အကြံပြုထ ားပေသည်။
ကျိုးယန်က မကျေမနပ်ဖြစ်ကာ မေးလိုက်၏။
"ဒီကောင့်ကို စုံစမ်းစစ်ဆေးဖို့အတွက် ရဲကို ဖမ်းခိုင်း လိုက်ရမလား သူဌေး.."
သို့သော်လည်း လျူယောင်က ခေါင်းခါပြလိုက်ပြီး ညွှန်ကြားလိုက်သည်။
"ရဲကို အကြောင်းကြားဖို့အထိတော့ မလိုသေးပါဘူး ...ဒီကောင့်နောက်ကြောင်းကိုပဲ မင်း အသေးစိတ် စုံ စမ်း ကြည့်ပါအုံး..”
ကျိုးယန် ထပ်မံ ပြောကြားလိုက်၏။
"ဟုတ်ကဲ့ပါ သူဌေးအခုလောလောဆယ်တော့ ဘာမှ မလုပ်သေးဘဲ စောင့်ကြည့်ထားပါ့မယ်.. ဒါပေမဲ့ နေ ာက်တစ်ခါ ထပ်လုပ်လာရင်တော့ ဒီကောင့်ကို ပည ာ ပေးဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်.."
လျူယောင်လည်း ခေါင်းညိတ်ပြကာ သဘောတူလို က်၏။ယူနီဗာဆဲလ် လုပ်ငန်းစုကို လာရောက်နှောင့် ယှက်သူမှန်သမျှအား ခွင့်လွှတ်ပေးရန်လည်း သူ ဆ န္ဒ မရှိ ပေ။
ထိုကိစ္စကို အသေးအဖွဲလေးတစ်ခုအဖြစ် သတ်မှတ် ကာ လျူယောင်က ဖုန်းထုတ်ပြီး လီချန်းလဲ့ ပို့ထား သည့် WeChatမှ မက်ဆေ့စ့်ကို ဖတ်ကြည့်လိုက်သ ည်။
"ကို...ကျွန်မ အိမ်မှာ ပျင်းလို့ ကျန်းချန်ကားပြပွဲကို အတူတူ သွားကြည့်ရအောင်လား လေကောင်းလေ သန့်လေးလည်း ရတာပေါ့.."
ကျန်းချန်မြို့သည် ဟွားဟိုင်မြို့နှင့် သိပ်မဝေးလှဘဲ ကားမောင်းသွားလျှင် ၄ နာရီ၊ ၅ နာရီခန့်သာ ကြာ၏ ။ကျန်းချန်ကားပြပွဲသည် ယန်နိုင်ငံတွင် အကျော်ကြ ားဆုံးနှင့် အကြီးမားဆုံး ပြပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်နှ စ်တိုင်း ဇိမ်ခံကားအမှတ်တံဆိပ်ပေါင်းစုံကို ခမ်းနား ထည်ဝါစွာ ပြသလေ့ရှိသည်။
လျူယောင်သည်လည်း လီချန်းလဲ့၏ ဆန္ဒကို လိုက် လျောရန် ဆုံးဖြတ်လိုက်၏။
မကြာခင်အချိန်တွင် လီချန်းလဲ့၏ ကိုယ်ဝန်မှာ ပိုမို ကြီးထွားလာတော့မည်ဖြစ်ရာ ထိုအချိန်ရောက်လျှင် သူမက အိမ်တွင်သာ နားနေရတော့မည်ဖြစ်သည်။ ထို့ ကြောင့် ယခုလို အချိန်မျိုးတွင် အတူတူ လျှော က်လည်ရန်မှာလည်း အကောင်းဆုံး အချိန်ပင် ဖြစ် ၏။
လျူယောင်က စာပြန်ပို့လိုက်သည်။
"ကောင်းပြီလေ.. ကားပြပွဲက မနက်ဖြန် စမှာဆို တော့ ကိုယ်တို့ သွားကြည့်ကြတာပေါ့.."
လီချန်လဲ့ဆီမှလည်း ဝမ်းသာအားရ စာပြန်ဝင်လာ ၏။
"အိုး..တကယ်လား အရမ်းပျော်ဖို့ကောင်းမှာပဲ"
လျူယောင်သည် သူ့၏ ကိုယ်ပိုင်ဂျက် လေယာဉ်ဖြ င့် လီချန်းလဲ့ကို ကျန်းချန်မြို့သို့ ခေါ်လာခဲ့သည်။ လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ကားပြပွဲရှိရာသို့ ဦး တည်သွားစဉ် လီချန်းလဲ့က ပြတင်းပေါက်မှ တစ်ဆ င့် မြို့တော်၏ ရှုခင်းကို ငေးကြည့်ရင်း မှတ်ချက်ပေ းလိုက်၏။
"ကျန်းချန်မြို့က တော်တော်လှတာပဲနော်..ကျွန်မတို့ ဟွာဟိုင်းမြို့နဲ့လည်း သိပ်မကွာဘူး"
လျူယောင်က ပြုံးကာ ပြန်ပြောလိုက်၏။
"ကျန်းချန်က ပထမတန်းစားမြို့တစ်မြို့ ဖြစ်ပေမဲ့ ဟွာဟိုင်းမြို့နဲ့ ယှဉ်ရင်တော့ နည်းနည်းတော့ လျော့ နည်းဦးမှာပါ လဲ့လဲ့ရဲ့.."
စကားပြောရင်းနှင့်ပင် ကားပြပွဲကျင်းပရာနေရာသို့ လျူယောင်တို့ ရောက်လာသည်။ကားပေါ်မှ ဆင်းဆ င်းချင်းပင် လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် လီချန် လဲ့က အံ့အားသင့်သွား၏။
"ဝါး... အရမ်းစည်ကားတာပဲ..တကယ့်ကို ကြီးမား တဲ့ ကားပြပွဲကြီးပဲနော်.."
"အင်း..ကိုယ် ထင်ထားတာထက်တောင် ပိုစည်ကား နေသေးတယ် ..လာ ကိုယ်တို့..သွားကြည့်ရအောင်.."
လူအုပ်ထဲတွင် လီချန်းလဲ့ကို တစ်စုံတစ်ယောက် တို က်မိသွားမည်ကို စိုးရိမ်သောကြောင့် လျူယောင်သ ည် သူမ၏ လက်ကို တင်းတင်းကိုင်ထားလိုက်သည် ။တစ်ဖက်မှလည်း လူအုပ်ကို ကာကွယ်ပေးထားရင်း လီချန်းလဲ့ကို ရှေ့မှ ညင်သာစွာ ခေါ်လာခဲ့၏။
"အကိုယောင်လူတွေ တအားများလို့.. ကျွန်မကို စိ တ်မချလို့လား.."
လီချန်လဲ့က စနောက်ပြီး မေးလိုက်ရာ လျူယောင် က လေးနက်စွာ ပြန်ဖြေလိုက်သည်။
"အင်း..မင်းကို တခြားသူတွေ တိုက်မိသွားမှာ ကိုယ် သိပ်ကြောက်တယ်.."
လျူယောင်၏ ဂရုစိုက်မှုကြောင့် လီချန်လဲ့၏ နှလုံး သားထဲတွင် ပျားရည်လိုပင် ချိုမြိန်နေမိ၏။သူမသ ည် ချက်ခြင်းပင် လျူယောင်၏ ရင်ခွင်ထဲတွင် နွေး ထွေးစွာ ပစ်ဝင်လိုက်သည်။
ကားပြပွဲမှာ အမှန်ပင် ကြီးမားလှ၏။နေရာအနှံ့တွင် နာမည်ကြီး ကားအမှတ်တံဆိပ်များဖြင့် ပြည့်နှက်နေ ပြီး အသစ်စက်စက် ဒီဇိုင်းများကို ခင်းကျင်းပြသထ ား သည်။
လီချန်းလဲ့က အံ့အားသင့်စွာ ပြောလိုက်၏။
"ကို... ကြည့်ပါဦး..ဒီနေရာမှာ ပြထားတဲ့ ကားတွေရဲ့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းလောက်က ဘထ္ထရီစွမ်းအ င်သုံး ကားတွေချည်းပဲ.."
လျူယောင်က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
"ဟုတ်တယ်လေ..ကိုယ်တို့က ဘက်ထရီတွေကို အ များအပြား ထုတ်လုပ်နိုင်လာတဲ့နောက်ပိုင်း ကားကု မ္ပဏီတွေအားလုံးက ဒီဘက်ကို ကူးပြောင်းလာကြ တာပေါ့.. ရိုးရိုးလောင်စာဆီသုံး ကားတွေက အခုဆို ရင် ရှားပါးသထက် ရှားပါးလာပြီလေ.."
အမှန်စင်စစ်တွင်မူ ယခုကားပြပွဲ၌ လောင်စာဆီသုံး ကားများကို သိပ်မတွေ့ခဲ့ရပေ။
ပြည်တွင်းကားကုမ္ပဏီများ၏ ပြခန်းများတွင်လည်း ဝယ်ယူသူများဖြင့် အထူးစည်ကားနေပြီး ဘထ္ထရီစွမ် းအင်သုံး ယာဉ်များအကြောင်းကို စိတ်ဝင်တစား လေ့လာမေးမြန်းနေကြသည်ကို မြင်ရသည်မှာ လျူ ယောင်အတွက်မူ ဝမ်းသာစရာ ကောင်းလှ၏။
လမ်းလျှောက်ရင်း နှစ်ဦးသား ဇိမ်ခံကားပြသသည့် ဧရိယာသို့ ရောက်လာခဲ့သည်။ထိုနေရာတွင် စူပါကာ းများ၊ ထူးခြားဆန်းပြားသော ဒီဇိုင်းများနှင့် အ ကြမ်းခံ ကားများစွာကို ခင်းကျင်းပြသထား၏။
လီချန်လဲ့က လက်ညှိုးထိုးပြလိုက်သည်။
"ကိုယောင်... ဟိုကားကို ကြည့်ပါဦး..အရမ်းလှတာ ပဲ.."
သူမပြသည့်နေရာတွင် လိပ်ပြာတောင်ပံကဲ့သို့ တံခါး များဖွင့်ထားသည့် စူပါကားတစ်စီးကို မော်ဒယ် မိန်း ကလေးနှစ်ဦးက ကားဘေးတွင်ရပ်၍ ပြသထား၏။
လျူယောင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"လာ... သွားကြည့်ရအောင်..မင်း ကြိုက်တယ်ဆိုရင် ကိုယ်..ဝယ်ပေးမယ်"
မည်သည့်စူပါကားမျိုးမဆို ဈေးနှုန်းမည်မျှပင် မြင့် မားနေပါစေ လျူယောင်အတွက်မူ အသေးအဖွဲကိစ္စ မျှသာဖြစ်၏။
လီချန်လဲ့က အံ့ဩစွာ ပြောလိုက်သည်။
"ကို... တကယ်လှတယ်နော်..ဒါလည်း ဘထ္ထရီစွမ်းအ င်သုံး ကားပဲတဲ့"
"ဟုတ်တယ်....အခုနောက်ပိုင်း စူပါကားတွေမှာလ ည်း ကိုယ်တို့ရဲ့ ဘက်ထရီတွေကို ကျယ်ကျယ်ပြန့်ပြ န့် အသုံးပြုလာကြပြီလေ.."
လီချန်လဲ့မှာ ကိုယ်ဝန်ဆောင်ထားရသည့်အတွက် ကားမောင်းရန်မှာ ဘေးကင်းမည်မဟုတ်ပေ။သို့သေ ာ် လည်း လျူယောင့်အတွက်မူ ယွမ် သန်း ၃၀ ဆို သည့် ပမာဏမှာ သူ့အတွက် ငွေကြေးဟုပင် မဆိုသ ာပေ။
မိုးရေစက်ကလေးလောက်တောင် ပမာဏ မရှိသည့် အရာကို သူက ဂရုစိုက်မနေပေ။
လျူယောင်သည် လက်ကို ဝှေ့ယမ်းကာ အရောင်းဝ န်ထမ်းကို ခေါ်လိုက်ပြီး သူ့ဆန္ဒအား ချက်ချင်းပြော ပြလိုက်၏။ကားအရောင်းဝန်ထမ်းမှာ အံ့အားသင့် သွားပြီး ပြန်မေးလိုက်ရသည်။
"သခင်လေး... ခင်ဗျားက ဒီကားကို တကယ်ဝယ်မှာ လား..."
လျူယောင်က ဘဏ်ကတ်ကို ထုတ်လိုက်ပြီး လိုရင်း တိုရှင်းပင် ပြန်ပြောလိုက်သည်။
"ကဒ် ဖြတ်လိုက်ပါ..ဒီကားကို ငါ ဝယ်မယ်"
အရောင်းဝန်ထမ်းမှာ ပို၍ပင် မှင်သက်သွား၏။သာ မာန်ဆိုလျှင် ဝယ်သူများမှာ ဈေးလျှော့ပေးဖို့ ညှိနှိုင် းလေ့ရှိကြသော်လည်း ဤလူမှာမူ ဈေးနှုန်းကိုပင် မမေးမြန်း လျှော့စျေးလည်း မတောင်းဘဲ တိုက်ရိုက် ဝယ်ယူနေခြင်းဖြစ်သည်။
အရောင်းဝန်ထမ်းက ကဒ်ကိုယူကာ ပွတ်ရန်ပြင်နေစ ဉ်မှာပင် အခြေအနေတစ်ခု ပေါ်လာခဲ့၏။
လူအုပ်စုတစ်စုက လျင်မြန်စွာ ရောက်ရှိလာသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ လူငယ်တစ်ဦးဖြစ်ပြီး သူ့နောက်တွင်မူ အစောင့်အရှောက်များစွာလိုက်ပါ လာကြသည်။
ထိုလူငယ်၏ ဝတ်စားဆင်ယင်မှုနှင့် အရှိန်အဝါကို ကြည့်ရုံဖြင့်ပင် လျူယောင်ထက် ပို၍ ဩဇာအာဏ ာကြီးမားသူဖြစ်ကြောင်း ထင်ရှားနေ၏။
"ဒီကားကို ငါယူမယ် ဈေးဘယ်လောက်ဖြစ်ဖြစ် ပေး မယ်"
ထိုလူငယ်က လျူယောင်တို့အနားသို့ ရောက်လာပြီး မာန်ပါပါနှင့် ပြောလိုက်သည်။လျူယောင်နှင့် လီချန် လဲ့ကိုမူ ထိုလူငယ်က တစ်ချက်လေးမျှပင် အလေး ထားပုံမပေါ်ဘဲ အရောင်းဝန်ထမ်းကိုသာ စိုက်ကြည့် နေ၏။
လျူယောင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြေ ာင်းသွားသည်။သူက လီချန်းလဲ့ကို ပို၍ တင်းကျ ပ်စွာ ပွေ့ဖက်လိုက်ရင်း အေးစက်စက်ပြုံးကာ ထိုလူ ငယ်အား ကြည့်လိုက်၏။