ငါ ဒီကားကို အခု လိုချင်တယ်
Vol. 52 Ch. 616
"ဟေ့... အဲဒီလူက ဘယ်သူလဲ.. ကြည့်ရတာ အရမ်း မိုက်တာပဲ.."
ခမ်းနားလှသည့် ကားပြပွဲကြီးထဲတွင် လူငယ်တစ် ယောက် ဝင်လာသည်။သူ့နောက်တွင်မူ နောက်လိုက် ငယ်သား ခုနစ်ယောက်၊ရှစ်ယောက်ခန့်က အရိုအ သေ ပေးကာ လိုက်ပါလာ၏။
ထိုလူငယ်၏ ရုပ်ရည်နှင့် အရှိန်အဝါက ပတ်ဝန်းကျ င် ကို တုန်လှုပ်သွားစေခဲ့သည်။
ကားပြပွဲသို့ ရောက်လာသူ အများစုမှာ ထိုလူငယ်ကို မသိကြသော်လည်း လူအုပ်ကြားထဲမှ တစ်ယောက် ယောက်ကမူ ထိုလူငယ်အား မှတ်မိသွား ပုံရ၏။
ချက်ချင်းဆိုသလိုပင် လူအုပ်ကြားတွင် စကားပြော သံများ ဆူညံလာသည်။
"အဲဒါ... အဲဒါ ဂူယွီပေါင် မဟုတ်လား.. ကျန်းချန်မြို့ ရဲ့ ရှေးဟောင်းမိသားစုကြီးထဲက တတိယမျိုးဆက် လေ..သူတို့မိသားစုအကြောင်း မကြားဖူးတဲ့သူမရှိ သလောက်ပဲ..သူတို့လက်တစ်ချက်ဝှေ့ယမ်းလိုက်ရ င် ကျန်းချန်မြို့မှာဆို တိမ်တွေအုံ့ဆိုင်းပြီး မိုးရွာကျ လာနိုင်တဲ့အထိ အာဏာရှိတဲ့သူတွေလေ.."
"ဟုတ်တယ် ဂူမိသားစုပဲ..ကျန်းချန်မြို့မှာ ဂူမိသားစု လောက် အင်အားကြီးတဲ့သူ မရှိဘူး.. ငွေကြေးအင် အားရော..ဩဇာအာဏာပါ သူတို့က ထိပ်ဆုံးပဲ..."
အနီးအနားမှ လူများ၏ စကားသံများကို လျူယော င် ကြားလိုက်ရ၏။သူက ထိုလူငယ်အား သေချာ ကြည့်လိုက်သည်။ကျန်းချန်မြို့၏ အင်အားကြီး မိ သားစုမှ လူငယ်တစ်ယောက်ဖြစ်ကြောင်း လျူယော င် သိလိုက်ရ၏။
ကျန်းချန်မြို့တွင် ဂူမိသားစုဆိုသည်မှာ အိမ်ခြံမြေ လုပ်ငန်းလောကတွင် ဘုရင်တစ်ဆူဖြစ်သည်။နိုင်ငံ ၏ ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီ ငါးခုတွင်လည်း သူ တို့ပါဝင်ပြီး နှစ်စဉ်ဝင်ငွေမှာ ဘီလီယံရာနှင့်ချီရှိ၏။
၎င်းတို့က အိမ်ခြံမြေလုပ်ငန်းတစ်ခု တည်းတင်မက ဘဲ အခြားသော လုပ်ငန်းကြီးများကိုလည်း ပိုင်ဆို င်ထားသူများလည်း ဖြစ်သည်။
အကျဉ်းချုပ်ဆိုရသော် ဂူမိသားစုသည် ကျန်းချန် မြို့တွင် မည်သူမျှ မယှဉ်နိုင်သော ဧရာမသတ္တဝါကြီ းတစ်ကောင်ပင် ဖြစ်သည်။
ထိုမိသားစု၏ တတိယမျိုးဆက်ဖြစ်သော ဂူယွီပေါင် မှာလည်း လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာတွင် နေထိုင်သူဖြစ်ပြီး သူ့အရှိန်အဝါကလည်း အတော် ကြီးမားပုံရ၏။
သူတို့အဖွဲ့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဂူယွီ ပေါင်၏ နောက်လိုက်တစ်ယောက်က အော်ပြောလို က်သည်။
"ဒီနေရာမှာ တာဝန်ရှိသူက ဘယ်သူလဲ.. မြန်မြန်ထွ က်ခဲ့စမ်း.."
လျူယောင်၏ ဘေးတွင်ရပ်နေသူမှာ ဤနေရာမှ တာဝန်ခံပင် ဖြစ်၏။မန်နေဂျာမှာ အလုပ်ကိစ္စဖြင့် အပြင်သို့ ခဏ ထွက်သွားသည်ဖြစ်ရာ ယခုအချိန် တွင် ဤပြဿနာကို ရင်ဆိုင်ရမည့်သူမှာ သူသာ ရှိ တော့သည်။
သူ့လက်ထဲတွင် ကိုင်ထားသော လျူယောင့်ဘဏ်က ဒ်ကိုပင် ထိုလူက မေ့သွား၏။သူသည် ဂူယွီပေါင်တို့ အဖွဲ့ထံသို့ ဖြောင့်တန်းစွာ လျှောက်သွားလိုက်ပြီး မ န်နေဂျာနေရာတွင် ရပ်ကာ တည်ငြိမ်သောအသံဖြင့် မေးမြန်းလိုက်သည်။
"ကျွန်တော်က ဒီမှာ တာဝန်ခံပါ ဘာ အကူအညီများ လိုအပ်လို့လဲခင်ဗျာ.."
ဂူယွီပေါင်၏ နောက်လိုက်သည် တာဝန်ခံကို တစ်ချ က်ကြည့်လိုက်ပြီး အထင်သေးသည့် လေသံဖြင့် ပြန် ပြောလိုက်၏။
"အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်.. ငါတို့ ဒီစူ ပါကားကို ဝယ်မလို့..အလုပ်ကိစ္စတွေကို မြန်မြန်ဆန် ဆန် ပြီးပြတ်အောင် လုပ်ပေး..."
စူပါကားမှာ ကားလောကတွင် ရတနာတစ်ပါးကဲ့သို့ ပင်။ဈေးနှုန်းမှာလည်း အနည်းဆုံး ယွမ် ၁၀ သန်း ကျော်မှ စတင်သည်။ယခုကားမှာမူ ကမ္ဘာတစ်ဝန်း တွင် အစီးရေ ၂၀ သာ ထုတ်လုပ်ထားသည့် မော်ဒ ယ်အသစ်ဖြစ်ပြီး ကျန်းချန်မြို့ ကားပြပွဲတွင် တစ်စီး တည်းသာ ရှိ၏။
၎င်း၏ တန်ဖိုးမှာ ယွမ် ၃၂.၈ သန်းဖြစ်ကာ ထိုမျှ များပြားသော ပမာဏမှာ သူဌေးဟု ခေါ်ဆိုသူများပ င် မျက်လုံးပြူးရမည့် ပမာဏပင် ဖြစ်သည်။
ဂူယွီပေါင်သည် ဂူမိသားစု အရှိန်အဝါကို အားကိုး ကာ ထိုကားကို မရရအောင် ဝယ်ယူရန် ဆုံးဖြတ်ထာ းပုံရ၏။
တာဝန်ခံက အနည်းငယ် အနေရခက်ကာ မျက်နှာပျ က်လျက်ဖြင့် ပြန်ဖြေလိုက်ရသည်။
"သခင်လေး... ကျွန်တော် တောင်းပန်ပါတယ် ဒီကား ကို ဟိုလူကြီးမင်းက ဝယ်ယူပြီးသား ဖြစ်နေပါပြီ.. ကျွန်တော်တို့ အခုပဲ စာချုပ်စာတမ်းကိစ္စတွေကို ဆောင်ရွက်တော့မှာပါခင်ဗျာ.."
ဂူယွီပေါင်နှင့် နောက်လိုက်များသည် လျူယောင်ကို အထက်စီးမှ ကြည့်လိုက်ကြ၏။
သူတို့၏ မျက်လုံးထဲတွင်မူ လျူယောင်သည် ငွေ အ နည်းငယ်သာ ချမ်းသာသည့် ဒုတိယမျိုးဆက်တစ်ဦ းသာ ဖြစ်မည်ဟု တွေးထင်နေကြသည်။ယူနီဗာဆဲ လ်၏ သူဌေး ဖြစ်မှန်း သူတို့ လုံးဝ မရိပ်မိကြချေ။
ဂူယွီပေါင်သည် မထီမဲ့မြင် ပြုံးလိုက်ပြီး လျူယောင် ကို တိုက်ရိုက်ပြောလိုက်သည်။
"ငါ ဒီကားကို အခု လိုချင်တယ်..မင်း အဲဒီကားကို စွ န့်လွှတ်ပြီး တခြားအမှတ်တံဆိပ်တစ်ခုခုကို ပြောင်း ဝယ်လိုက်..ဒါက မင်းအတွက် အကောင်းဆုံးပဲ.."
သူ့အသံတွင် အာဏာရှင်ဆန်မှုများ ပြည့်နှက်နေပြီး လျူယောင်ကို အောက်ကျို့ခိုင်းလိုသည့် သဘော မျိုး သက်ရောက်နေ၏။လျူယောင်သည် ဂူယွီပေါင် ၏ အာဏာပြမှုကို မည်သို့မျှ ဂရုမစိုက်ဟန်ဖြင့် ရယ် မောလိုက်သည်။
ထို့နောက် သူက တာဝန်ခံကို ကြည့်ကာ တည်ငြိမ်စွာ ပင် ပြောလိုက်၏။
"ကဒ်ဖြတ်လိုက်ပါ.. ကိစ္စတွေကို အခုချက်ချင်း ပြီး ပြတ်အောင် ဆောင်ရွက်ပေး.."
ကားအရောင်းပြပွဲမှ တာဝန်ခံမှာမူ ချွေးပြန်နေပေ သည်။သူသည် လူနှစ်ယောက်ကြားတွင် အတော် လေး ဇဝေဇဝါဖြစ်နေသည်။လျူယောင်၏ နောက် ကြောင်းကို မသိရခြင်းက သူ့ကို ပို၍ စိုးရိမ်စိတ် ဝင် စေခဲ့သည်။
သူသည် အနည်းငယ်မျှ တုံ့ဆိုင်းပြီးနောက် လျူယေ ာင်ကို တိုးတိုးလေးပြောကာ တောင်းဆိုလိုက်၏။
"သခင်လေး...မစ္စတာဂူကိုပဲ ဒီကားလေး လွှဲပေးလို က်ရင် မကောင်းဘူးလား. .အကုန်အဆင်ပြေသွားမှာ ပါ.."
လျူယောင်သည် ထိုစကားကြောင့် အသံထွက်၍ပင် ရယ်မောကာ ပြန်ဖြေလိုက်သည်။
"ဟား.. ဘာလို့ ငါက လွှဲပေးရမှာလဲ..သူ့နောက်မှာ ဂူ မိသားစု ရှိနေလို့လား..ငါ့အတွက်တော့ အဲဒါက အ ကြောင်းပြချက် မဟုတ်ဘူး.."
သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ခတ်ပြတ်ပြတ် ပြောလိုက်၏။
"ကဒ်ကိုပဲ ဖြတ်လိုက်စမ်းပါ..ငါ ဒီကားကို ဒီနေ့ပဲ ယူ သွားမယ်"
ဂူယွီပေါင်၏ မျက်နှာမှာမူ ဒေါသကြောင့် ပျက်ယွင်း သွားသည်။ကျန်းချန်မြို့တွင် သူ့အား ဤသို့ ပွင့်ပွင့် လင်းလင်း ဆန့်ကျင်ဝံ့သူ မရှိသလောက်ပင်။သူသ ည် ဒေါသထွက်ပြီး ပေါက်ကွဲတော့မည့် အချိန်တွင် ရုတ်တရက် ရပ်တန့်သွား၏။
လူအုပ်စုတစ်စု လာနေသည်ကို ဂူယွီပေါင် မြင်လိုက် ရသောကြောင့် ဖြစ်သည်။
ရောက်လာသူများမှာ နိုင်ငံခြားသားအချို့ဖြစ်ပြီး A ppleton ကုမ္ပဏီ၏ ဥက္ကဋ္ဌဟပ်ဂျင်းဝပ် ကိုယ်တိုင် ပါ ဝင်နေသည်ကို သူ တွေ့လိုက်ရ၏။
ဤကားပြပွဲမှာ Appleton ၏ ဘထ္ထရီစွမ်းအင်သုံး စူ ပါကားသ စ်ကို ပွဲထုတ်သည့်ပွဲဖြစ်သော်လည်း ဥက္က ဋ္ဌကိုယ်တိုင် ရောက်လာရခြင်းမှာ ထူးခြားလှပေသ ည်။
ဟပ်ဂျင်းဝပ်သည် အခြားပြခန်းများကို လှည့်လည် ကြည့်ရှုနေရင်းမှ ဤနေရာတွင် ဆူညံသံကြား၍ အ လျင်အမြန် ရောက်လာခဲ့ခြင်းဖြစ်၏။သို့သော်လည် း သူ၏ ခြေလှမ်းများမှာ လျူယောင်ကို မြင်လိုက် ရသည့်အခိုက်တွငမူ ရုတ်တရက် ရပ်တန့်သွားသ ည်။
သူ့မျက်လုံးများထဲတွင် အံ့အားသင့်မှုဖြင့် ပြည့်နှက် နေ၏။
သူ မှားများ မြင်မိသလားဟု သံသယဝင်ကာ အနီး ကပ် ကြည့်လိုက်သည်။အမှန်တကယ်ပင် ၎င်းမှာ ယူ နီဗာဆဲလ်မှ မစ္စတာလျူပင် ဖြစ်နေ၏။သူ၏ ကားပြ ပွဲ့သို့ အထူးဧည့်သည်တော်ကြီး ကိုယ်တိုင် ရောက် ရှိနေခြင်းပင်။
"ဘုရားရေ... ဒါ တကယ်ပဲ မစ္စတာလျူပဲ.."
ဟပ်ဂျင်းဝပ်၏ နှလုံးခုန်သံများမှာ ချက်ခြင်းပင် မြ န်ဆန်လာခဲ့သည်။လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က သူသ ည် ဘက်ထရီများ ဝယ်ယူရန်အတွက် ယူနီဗာဆဲလ် လုပ်ငန်းစုသို့ သွားရောက်ခဲ့ဖူးသည်။
ထိုအချိန်က လျူယောင်နှင့် တွေ့ဆုံခဲ့ရခြင်းသည် သူ့ ဘဝတွင် အမှတ်တရ အရှိဆုံးအချိန် ဖြစ်ခဲ့ရ၏။
မော်တော်ကား ကုမ္ပဏီတိုင်းအတွက်မူ ယူနီဗာဆဲလ် ၏ ဘက်ထ္ထရီမှာ အဓိက သွေးကြောမကြီးပင် ဖြစ် သည်။ထို့ကြောင့် သူသည် လျူယောင်၏ ပုံရိပ်ကို မ ည်သည့်အခါမျှ မေ့ပျောက်နိုင်မည်မဟုတ်ပေ။
"ငါ လူမှားနေတာ မဟုတ်ဘူး..တကယ် မစ္စတာလျူ ပဲဟ.."
ဟပ်ဂျင်းဝပ် တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ခြေ လှမ်းတွေကို အမြန်လျှောက်လိုက်ပြီး လျူယောင်၏ ရှေ့သို့ ရောက်လာကာ အရိုအသေပေးလိုက်သည်။
"မစ္စတာလျူ...တကယ်ပဲ ခဗျားလား..ကျွန်တော်က Appleton ကုမ္ပဏီက ဟပ်ဂျင်းဝပ်ပါ. .လွန်ခဲ့တဲ့ တ စ်နှစ်ခွဲက ယူနီဗာဆဲလ်လုပ်ငန်းစုမှာ ကျွန်တော်တို့ ဆုံခဲ့ဖူးတာကို မစ္စတာလျူ မှတ်မိဦးမှာပါ..."
လျူယောင်သည် ခဏမျှ ပြန်တွေးလိုက်ပြီးမှ ထိုနိုင် ငံခြားသားသည် Appleton ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ် ကြောင်း ပြန်လည်မှတ်မိသွား၏။သူက ပြုံးကာ ပြန် တုံ့ပြန်လိုက်သည်။
"အော်... မစ္စတာဟပ်ဂျင်းဝပ်..ခင်ဗျားတို့ရဲ့ ဒီစူပါက ားလေးက တော်တော်မိုက်တာပဲ ကျွန်တော် ဒါလေး ကို ဝယ်ချင်နေတာ.."
ဟပ်ဂျင်းဝပ်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့်အ တူ ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများ ပြည့်နှက်လာ၏။ သူသည် ချက်ချင်းပင် အလေးအနက် ပြောဆိုလိုက် သည်။
"ကျွန်တော်တို့ရဲ့ ကားကို မစ္စတာလျူ စိတ်ဝင်စားတ ယ်ဆိုတာကပဲ ကျွန်တော်တို့အတွက် အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ. မစ္စတာလျူရယ်... ခင်ဗျားဆီက ငွေကို ဘယ်လိုလုပ် ယူရက်ပါ့မလဲ..ဒီကားကို ကျွန် တော်တို့ဘက်က ခင်ဗျားကို အခမဲ့ လက်ဆောင်ပေး ပါရစေ..."
ဒီစကားသံကြောင့် ကားပြပွဲတစ်ခုလုံး တိတ်စိတ် သွားပြီး လူအားလုံး၏ မျက်လုံးများမှာ အံ့အားသင့် မှုကြောင့် ပြူးကျယ်နေကြသည်။အထူးသဖြင့် ဂူယွီ ပေါင်နှင့် သူ၏နောက်လိုက်များမှာမူ ကျောက်ရုပ် ကဲ့သို့ တောင့်တင်းသွားကြ၏။
ဟပ်ဂျင်းဝပ်သည် တစ်ခဏမျှပင် တွန့်ဆုတ်ခြင်းမ ရှိဘဲ သူ့ လက်ထောက် မစ္စတာချီဘက်သို့ လှည့်ကာ ကျယ်လောင်ပြတ်သားသော အသံဖြင့် အမိန့်ပေးလို က်သည်။
"မစ္စတာချီ... မစ္စတာလျူအတွက် လိုအပ်တဲ့ စာချုပ် စာတမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို အခုချက်ချင်း ဆောင်ရွက်ပေးလိုက်ပါ..ဒီကားက မစ္စတာလျူ အပို င်ပဲ..”
ကားအရောင်းပြပွဲတစ်ခုလုံး ထပ်မံတိတ်စိတ်သွားပြ န်သည်။လူများစွာမှာ သူတို့နားကိုပင် သူတို့မယုံနိုင် အောင် ဖြစ်သွားရသည်။အချို့လူများမှာ အင်္ဂလိပ် စကားကို နားလည်သဖြင့် အံ့အားသင့်လွန်း၍ ပါးစ ပ် အဟောင်းသားပင် ဖြစ်သွားကြ၏။
"ဘုရားရေ... ငါတို့ နားကြားမှားနေတာ မဟုတ်ဘူး လား.. ယွမ်သန်း ၃၀ ကျော်တန်တဲ့ စူပါကားကို ဒီလို ပဲ.. အခမဲ့ပေးလိုက်တာလား.ဒါက ကမ္ဘာပေါ် မှာ အ စီး ၂၀ ပဲရှိတဲ့ တန်ဖိုးကြီးကားလေ.. နိုင်ငံထဲမှာဆို ပထမဆုံးကားပဲလေ ဒီ မစ္စတာလျူဆိုတဲ့လူက ဘ ယ်လောက်တောင် ကြီးကျယ်တဲ့သူ ဖြစ်နေတာလဲဟ .."
ဂူယွီပေါင်သည်လည်း ထိုနေရာတွင် ကျောက်ရုပ်ကဲ့ သို့ ငြိမ်သက်နေပေသည်။သူ့ ဦးနှောက်မှာ ခဏတာ ရပ်တန့်သွားသလိုပင်။သူ အခုလေးတင် ဘာတွေမျ ား ပြောမိခဲ့သလဲဆိုတာ ပြန်တွေးမိပြီး သူ့ မျက်နှာ မှာ တစ်ဖြည်းဖြည်း ဖြူဖျော့လာသည်။
"လခွမ်း..ငါ... ငါ တကယ်ပဲ အမှားကြီး မှားမိပြီ .. ဒီ လူက.. ယူနီဗာဆယ်လုပ်ငန်းစုရဲ့ မစ္စတာလျူပါလား ဒီကားပြပွဲကို သူ ရောက်လာလိမ့်မယ်လို့ ဘယ်သူက များ ထင်ထားမိမှာလဲကွာ.."
လူအုပ်ကြားတွင် စကားပြောဆိုသံများ ဆူညံနေ၏။ လူအားလုံးက လျူယောင်ကို ကြည့်နေကြသည်။A ppleton၏ ဥက္ကဋ္ဌ ကိုယ်တိုင်က အခမဲ့ပေးရသည့် ပု ဂ္ဂိုလ်ဆိုသည်မှာ မည်မျှ ဩဇာကြီးမားကြောင်း သူ တို့ ကောင်းကောင်းနားလည်ပေသည်။
လျူယောင်သည် ထိုကမ်းလှမ်းမှုကို ပေါ့ပေါ့ပါးပါး ပင် လက်ခံလိုက်၏။
"အိုး...မစ္စတာ ဟပ်ဂျင်းဝပ်... ကျေးဇူးတင်ပါတယ် . ခင်ဗျားရဲ့ စေတနာကို ကျွန်တော် ဝမ်းမြောက်စွာနဲ့ လက်ခံလိုက်ပါ့မယ်.. ခင်ဗျားတို့ရဲ့ ဘထ္ထရီစွမ်းအင် သုံးကားတွေအတွက် လိုအပ်တဲ့ ဘထ္ထရီအလုံး တစ် ထောင်ကိုလည်း ကျွန်တော့်ဘက်က ဦးစားပေးပြီး ရောင်းချပေးပါ့မယ်..."
ဘက်ထရီအလုံး တစ်ထောင်ဆိုသည့် စကားသံ ကြောင့် ဟပ်ဂျင်းဝပ်၏ မျက်နှာမှာ ဝမ်းသာလွန်း၍ ပန်းများ ပွင့်သကဲ့သို့ တောက်ပနေပေသည်။
ဤသည်မှာ သူ လိုချင်နေသော အခွင့်အရေးပင် ဖြ စ်၏။
တစ်ဖက်တွင် ယွမ်သန်း ၃၀ တန်ဖိုးရှိသည့် ကားတစ် စီးကို သူ ပေးလိုက်ရသော်လည်း တစ်ဖက်တွင်မူ ယူ နီဗာဆဲလ် လုပ်ငန်းစု၏ အဓိကထောက်ပံ့မှု ရရှိသွား ခြင်းမှာ သူ့အတွက် ရလဒ်ကောင်းပင် မဟုတ်ပေ လော။
ဟပ်ဂျင်းဝပ်တစ်ယောက် စိတ်လှုပ်ရှားလွန်း၍ သူ့ လက်များပင် တုန်ယင်နေသည်။သူသည် လျူယော င်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီ းကျေးဇူးတင်စကားများ အကြိမ်ကြိမ် ပြောနေ၏။
လျူယောင်၏ စကားတစ်ခွန်းက သူ့အတွက် အနာ ဂတ်လမ်းကြောင်းကို ဖွင့်ပေးလိုက်သကဲ့သို့ပင်။
ဂူယွီပေါင်မှာမူ သတိပြန်ဝင်လာချိန်၌ ရှက်ရွံ့မှုများ ဖြင့် မျက်နှာတစ်ပြင်လုံး ပူထူနေသည်။သူသည် ထို အရှက်ကွဲသည့်ဒဏ်ကို မခံနိုင်တော့ပေ။
"ငါ ဒီနေရာမှာ ဆက်နေလို့ မရတော့ဘူး.."
ဤကဲ့သို့ သူ တွေးလိုက်မိပြီး မည်သူမျှ သတိမပြုမိ ခင်မှာပင် ထိုနေရာမှ တိတ်တိတ်လေး ထွက်လာခဲ့၏ ။သူ့ မာန်မာနများမှာ လျူယောင်၏ အရှိန်အဝါအော က်တွင် ပြိုလဲသွားခဲ့ရသည်။
Appleton မှ မန်နေဂျာကြီးမှာလည်း လျူယောင် အ တွက် အလုပ်ကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ စီစဉ် ဆောင်ရွက်ပေးရသည်ကိုပင် ဂုဏ်ယူနေမိသည်။စာ ရွက်စာတမ်းများကို လက်မှတ်ရေးထိုးလိုက်သည်နှ င့် ထိုတန်ဖိုးကြီး စူပါကားမှာ လျူယောင့် အပိုင် ဖြစ် လာခဲ့၏။
ပတ်ဝန်းကျင်မှ လူရာပေါင်းများစွာ၏ မနာလိုအား ကျသည့် အကြည့်များကြားထဲတွင် လျူယောင်သ ည် ထိုစူပါကားကို မောင်းနှင်ကာ ကားပြပွဲမှ ထွက် လာခဲ့သည်။လီချန်လဲ့မှာလည်း ဘေးထိုင်ခုံတွင်ထိုင် ရင်း ဝမ်းသာအားရ ပြုံးနေပေသည်။
ကားပြပွဲသို့ လာရောက်သူ အများစုမှာလည်း လျူ ယောင်ကို မှတ်မိသွားကြပြီဖြစ်ရာ ထိုနေရာတွင် ဆ က်နေရန်မှာ အဆင်မပြေတော့ပေ။
အားလုံးသည်လည်း ထိုသတင်းကိုသာ ပြောဆိုနေ ကြပြီး နောက်တစ်ရက်မှသာ ပြပွဲကို ဆက်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
ဟိုတယ်သို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင် လျူယောင်သည် စူပါကားအသစ်၏ စတီယာတိုင် ကို ကိုင်ရင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။
"ဒီကားက မောင်းရတာ တကယ်ကို ပေါ့ပါးနေတာပဲ ..ယွမ်သန်း ၃၀ ကျော် တန်ဖိုးက တကယ်ကို ထိုက် တန်ပါတယ်..."