နောက်ထပ် နှစ်လပဲနေရတော့မယ်
Vol. 52 Ch. 617
ကျန်းချန်မြို့ရှိ ရှေးဟောင်းအိမ်တော်ကြီးထဲတွင်မူ စိုးရိမ်တကြီး မေးမြန်းလိုက်သံက အိမ်တော်ကြီး၏ တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သည်။
"အစ်ကို... အဖိုးရဲ့ အခြေအနေက တကယ်ပဲ စိုးရိမ် ရတာလားဟင်.."
"ဟုတ်တယ်... ဆရာဝန်တွေကတော့ အဆုတ်ကင်ဆ ာ နောက်ဆုံးအဆင့် ဖြစ်နေပြီမို့ သူတို့လည်း ဘာမှ မတတ်နိုင်တော့ဘူးလို့ ပြောတယ်.."
မည်မျှပင် ကြွယ်ဝချမ်းသာပြီး အာဏာရှိစေကာမူ 'ကင်ဆာ'ဆိုသည့် ရောဂါဆိုးနှင့် ရင်ဆိုင်ရချိန်တွင် သေခြင်းတရားကသာ အဆုံးသတ်ဖြစ်နေပေသည် ။အကောင်းဆုံး ကြိုးစားနိုင်သည်မှာလည်း ဝေဒနာ သက်သာစေရန်နှင့် သက်တမ်း အနည်းငယ် ပိုရှည် လာစေရန်သာ ဖြစ်၏။
ဂူကျန့်ဟောက်တစ်ယောက် ရင်ထဲမချိစွာဖြင့် သက် ပြင်းအရှည်ကြီး ချလိုက်မိသည်။
သူသည် ဖခင်အပေါ် အလွန်သိတတ်သည့် သားတစ် ဦးပင် ဖြစ်၏။မိမိဖခင်သည် ဤမျှ ပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရသည်ကို တွေးမိတိုင်း သူ့ရ င်ထဲတွင် ဆူးဖြင့် အထိုးခံရသကဲ့သို့ နာကျင်နေရ၏ ။
ယနေ့ထိ မိသားစု ပိုင်ဆိုင်ထားသည့် စည်းစိမ်ဥစ္စာနှ င့် ဂုဏ်အရှိန်အဝါအားလုံးမှာ ဖခင်ဖြစ်သူ ဂူယန်ရုံ ၏ သွေး၊ ချွေးများ ရင်းနှီးထားမှုများကြောင့် ရရှိခဲ့ ခြင်းဖြစ်သည်။သူ့ ဖခင်က နိုင်ငံတော်အဆင့် စီးပွား ရေးအင်ပါယာကို တည်ထောင်ခဲ့သူဆိုလျှင် သူက ထိုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်သူပင် ဖြ စ်၏။
"ဒုတိယအစ်ကို... ကိစ္စတွေက ဒီအခြေအနေထိ ရော က်လာပြီဆိုတော့လည်း အဖိုးရဲ့ နောက်ဆုံးအချိန်မှာ ဝေဒနာ အနည်းဆုံးဖြစ်အောင်ပဲ ကျွန်မတို့ တတ်နိုင် သမျှ အကောင်းဆုံး ကြိုးစားပေးကြတာပေါ့.."
ဂူကျန့်ဟောက် တစ်ယောက် တွေဝေစွာဖြင့် ခေါင်း ညိတ်လိုက်မိသည်။
"ဟူး ငါ့အဖေသာ ပြန်ကျန်းမာလာမယ်ဆိုရင် ဘယ် လိုပေးဆပ်မှုမျိုးပဲဖြစ်ဖြစ် ငါလုပ်ပေးဖို့ အဆင်သင့် ပဲကွာ.."
ဤကဲ့သို့ သူ စိတ်ထဲက ကြိတ်၍ ဆုတောင်းနေမိ၏ ။
သို့သော်လည်း ဤသည်မှာ စိတ်ကူးယဉ်မှုသက်သ က်သာ ဖြစ်နိုင်ကြောင်း သူကောင်းကောင်းသိနေသ ည်။အဆုတ်ကင်ဆာဆိုသည့် ဤရောဂါဆိုးကို အနို င် ယူဖို့ဆိုသည်မှာ မျှော်လင့်ချက် အလွန်နည်းပါးလှ ပေသည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်မြို့ရှိ နာမည်ကြီး ကြ ယ်ငါးပွင် ဟိုတယ်ကြီးတစ်ခု၏ သီးသန့်ခန်းအတွင်း လျူယောင်သည် ဘေးနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လီချန်းလဲ့ကို ကြည့်ရင်း နိုးလာ၏ ။
ကိုယ်ဝန်ရလာပြီးနောက်ပိုင်း လီချန်းလဲ့မှာ သိသိ သာသာ အအိပ် ပို မက်လာသည်။ နေ့လယ်ဘက်ဆို လျှင်လည်း သူမက တစ်ရေးတစ်မော အိပ်တတ်သ လို၊ညဘက်ဆိုလျှင်လည်း စောစော အိပ်ရာဝင်လေ့ ရှိ၏။
လျူယောင်သည် သူမ နှိုးသွယးမည်စိုးသဖြင့် အိ ပ်ရာပေါ်မှ မထသေးဘဲ ဖုန်းကိုသာ ယူကြည့်နေလို က်သည်။ထိုစဉ် ကျိုးယန် ပို့ထားသော မက်ဆေ့စ်တ စ်စောင်ကို သူ မြင်လိုက်ရ၏။
"ကျွန်တော်တို့ စုံစမ်းထားတာတွေ အားလုံး ပြီးစီးသ လောက် ရှိနေပါပြီ သူဌေး ကျန်းချန်မြို့ရဲ့ ရှေးဟော င်းမိသားစုကြီးဖြစ်တဲ့ ဂူမိသားစုရဲ့ တတိယမျိုးဆ က် ဂူယွီပေါင်ရဲ့ အရှုပ်တော်ပုံတွေကို ဝေဖန်ထားတဲ့ ဆောင်းပါးတွေလည်း အဆင်သင့် ဖြစ်နေပါပြီခဗျ”
ကျိုးယန် ပို့ထားသည့် စုံစမ်းစစ်ဆေးမှုရလဒ်များကို ဖတ်ပြီးနောက် လျူယောင် တစ်ယောက် မယုံနိုင် လောက်အောင် တိုက်ဆိုင်သွားသည်ဟု ခံစားလိုက် ရသည်။
ဒီနေ့မနက် ကားပြပွဲမှာတင် ထိုဂူယွီပေါင်နှင့် သူ ဆုံ ခဲ့သေးသည်။ထိုလူငယ် ကား အလွန်အမင်း မာန ထောင် လွှားပြီး သူ ဝယ်ထားသည့် စူပါကားကိုပင် အတင်း လိုချင်နေသည့် ကောင်ပင် ဖြစ်၏။
ဤကဲ့သို့သော ချမ်းသာသည့် တတိယမျိုးဆက် အ သိုင်းအဝိုင်းမှ လူတစ်ယောက်က အွန်လိူင်းပေါ်တွင် ဆောင်းပါးများ ရေးသားပြီး ဝေဖန်တိုက်ခိုက်တတ် သည်မှာ တကယ့်ကို ရှားပါးလှသည့် ကိစ္စပင်။
"ဒီတော့... အင်တာနက်ပေါ်က ဆောင်းပါးရှင်က ကျ န်းချန်မြို့ရဲ့ ဂူမိသားစုက ကောင်ပေါ့လေ..."
လျူယောင်က နောက်ဆုံးတွင် ဆောင်းပါးရှင်၏ နေ ာက်ကွယ်မှ မည်သူမည်ဝါဖြစ်ကြောင်းကို တိတိ ကျကျ သိခဲ့ရ၏။ကျိုးယန်ကမူ ထိုကိစ္စကို ဖြေရှင်းနို င်မည်ဟု အပြည့်အဝ ယုံကြည်မှုရှိနေသည်။
သာမာန်လူများ၏ အမြင်တွင်မူ ဂူမိသားစုကြီးဆိုသ ည်မှာ အင်ပါယာကြီးသဖွယ် ဖြစ်သော်လည်း လျူ ယောင်၏ ယူနီဗာဆဲလ်လုပ်ငန်းစုနှင့် နှိုင်းယှဉ်လျှင် မူ အဆင့်အတန်းချင်း များစွာ ကွာခြားနေသေးသ ည် မဟုတ်ပေလော။
လျူယောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"လောလောဆယ်တော့ မလိုသေးဘူး... တကယ်လို့ ဒီကောင်က ဆောင်းပါးတွေ ထပ်ရေးလာမယ်ဆိုရင် တော့ ဂူမိသားစုကို သတိပေးဖို့ ငါတို့ အချိန်မနှောင် းသေးပါဘူး.."
ကျိုးယောင်က ချက်ချင်း မက်ဆေ့စ် ပြန်ပို့လာသ ည်။
"ဟုတ်ကဲ့..သူဌေးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်လို က့်ပါမယ်ခဗျ.."
ဖုန်းပြောပြီးနောက် လျူယောင်သည် ဘေးနားတွင် အိပ်ပျော်နေဆဲဖြစ်သော လီချန်းလဲ့ကို ကြည့်ကာ ပြုံးမိသွားသည်။သူမ အိပ်ပျော်နေသည်မှာ အလွန် ပင် ချစ်စရာကောင်းလှ၏။
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်းက ကိုယ်ဝန်နဲ့ဆိုတော့ အနားယူဖို့ ပိုလိုအပ်တာ ပေါ့... အိပ်ရေးဝဝအိပ်တာက ကိုယ့်တို့သားလေး အ တွက်လည်း ကောင်းတယ်လေ.."
ထိုစဉ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ဟု ထင် ရသော လီချန်လဲ့က မျက်လုံးလေး ပွင့်လာပြီး ချက် ချင်းပင် ပြန်ပြောလိုက်၏။
"ဘယ်သူက ရှင့်ကို သားလေးဖြစ်မယ်လို့ ပြောလို့လဲ ... ကျွန်မက သမီးလေးပဲ လိုချင်တာ.. သမီးလေး မွေးရင် မင်းသမီးလေးလိုမျိုး လှလှပပလေးတွေ ဝ တ်ပေးမှာ.."
"ကောင်းပါပြီဗျာ... သမီးလေးဖြစ်လည်း အဆင်ပြေ ပါတယ် ကိုယ်ကတော့ သားလေးဖြစ်ဖြစ် သမီးလေး ဖြစ်ဖြစ် နှစ်ယောက်စလုံးကို ကိုယ်က ချစ်မှာပါကွာ. ."
လျူယောင်ရဲ့ စကားကြောင့် လီချန်းလဲ့မှာ ပျော်ရွှင် စွာ အိပ်ရာမှ ထလိုက်သည်။သူမ နာရီကို ကြည့်လို က်ရာ နေ့လယ် ၂ နာရီကျော်နေ၏။
"ကို... ကျွန်မတို့ ကားပြပွဲကိုပဲ ဆက်သွားမလား ဒါမှ မဟုတ် ကျန်းချန်မြို့ထဲက တခြားနေရာတွေကို သွာ းကြည့်ကြမလားဟင်.."
လျူယောင်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြော လိုက်သည်။
"ကားပြပွဲကတော့ မနက်ဖြန်မှ သွားကြတာပေါ့.. ကျ န်းချန်က သာယာတဲ့ မြို့တစ်မြို့ပဲလေ... မြို့ထဲမှာ ရော..မြို့ပြင်မှာရော လည်ပတ်စရာ ရှုခင်းတွေ အ များကြီးရှိတာပဲ ကိုယ်တို့ လျှောက်ကြည့်ရတာပေါ့”
"ဒါဆိုရင် ကျွန်မတို့ ကွမ်ယင်ဘုရားကျောင်းကိုသွား ရအောင် ဒှကျောင်းက မြို့ပြင်က မြစ်ကမ်းဘေးမှာ ရှိတယ်လို့ ကြားဖူးတယ်..."
ထို့နောက် နှစ်ဦးသား ဟိုတယ်မှ အတူတူ ထွက်လာ ခဲ့ကြ၏။'ကွမ်ယင်ကျောက်ဆောင်' ဟုလည်း လူသိ များသည့် ဘုရားကျောင်းဆီသို့ ချန်းဟူက ဦးတည် ၍ မောင်းလာခဲ့သည်။
ထိုဘုရားကျောင်းမှာ မြစ်ကမ်းပါးယံ၏ ချောက်က မ်းပါးပေါ်တွင် ထူးထူးခြားခြား တည်ဆောက်ထား ခြင်းဖြစ်၏။တစ်ဖက်တွင် မတ်စောက်သည့် ကျော က်ဆောင်ကြီးရှိပြီး ကျန်တစ်ဖက်တွင်မူ ကျယ်ပြန့် လှသည့် မြစ်ကြီး တည်ရှိနေသည်။
ထိုဘုရားကျောင်းသို့ လျူယောင်တို့ လာရခြင်း၏ အဓိကရည်ရွယ် ချက်မှာ ရင်သွေးလေးအတွက် ဆု တောင်းမေတ္တာ ပို့သရန်ပင် ဖြစ်၏။လီချန်းလဲ့မှာ စိ တ်ကြည်လင်လန်းဆန်းနေပြီး ကွမ်ယင်မယ်တော်ရု ပ်ပွားတော်ရှေ့တွင် ဒူးထောက်၍ လေးနက်စွာ ဆု တောင်းလိုက်သည်။
လျူယောင်သည် ထိုကဲ့သို့သော အယူအဆများကို အထူးတလည် မယုံကြည်တတ်သော်လည်း လီချန် လဲ့၏ စိတ်ချမ်းသာမှုအတွက် ဘေးနားတွင် ဒူးထော က်ကာ ဆုတောင်းခြင်းကို အတူတူ လိုက်လုပ်ပေးခဲ့ ၏။
......
ကျန်းချန်မြို့ရှိ ဆေးရုံကြီးတစ်ရုံ၏ VIP လူနာခန်း အတွင်း၌မူ...
ဂူယန်ရုံသည် ဆေးရုံခုတင်ပေါ်တွင် မျက်နှာတပြင် လုံး ဖြူလျော့ကာ မလှုပ်မယှက် အိပ်ပျော်နေသည် ။သူ့ အသားအရေမှာ ကျန်းမာရေး လုံးဝဆိုးရွားနေ သည်မှာ သိသာစေ၏။
ကျွမ်းကျင်ပညာရှင် ဆရာဝန်ကြီးများစွာသည် အခ န်းပြင်သို့ ထွက်လာပြီး အချင်းချင်း တိုးတိုးလေးတို င် ပင်နေကြသည်။ဆေးကုသဆောင်ထဲမှ ဆရာဝန် များ ထွက်လာသည်နှင့် ခန်းမဆောင်ရှေ့ရှိ ဆိုဖာပေါ် တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ဂူမိသားစုဝင် မောင်နှမများအားလုံး ဝုန်းခနဲ မတ်တပ်ရပ်လိုက်ကြ သည်။
ဂူမိသားစု၏ အကြီးဆုံးသားဖြစ်သူက ရှေ့ဆုံးမှ တိုး ထွက်လာပြီး အလောတကြီး မေးမြန်းလိုက်၏။
"ပါမောက္ခဝေ... ကျွန်တော့်အဖေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲခင်ဗျာ"
၎င်းနှင့်အတူ ဂူကျန့်ဟောက်နှင့် ဂူရွှမ်ရှို့တို့လည်း မျှော်လင့်ချက်အပြည့်ဖြင့် မတ်တပ်ရပ်နေကြသည်။ ထို ဂူမိသားစုတွင် မောင်နှမ သုံးဦးရှိရာ အကြီးဆုံး ဖြစ်သူ ဂူချီမှာ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်၏။
ဒုတိယသား ဂူကျန့်ဟောက်မှာ စီးပွားရေးအင်ပါယာ ကြီးကို ဦးစီးနေသည့် မိသားစုခေါင်းဆောင်ပင် ဖြစ် သည်။အငယ်ဆုံးညီမ ဂူရွှမ်ရှို့မှာ ကျန်းပေ့ပြည်နယ် ရှိ ဩဇာကြီးသော ကျောင်းမိသားစုနှင့် လက်ထပ် သွားသူလည်း ဖြစ်၏။
သူတို့မောင်နှမ သုံးဦးစလုံး ပါမောက္ခဝေ၏ နှုတ်ဖျ ားမှ သတင်းကောင်းတစ်ခုခု ကြားရလိမ့်နိုးဖြင့် အ သက်ပင် မရူဝံ့ဘဲ စောင့်ကြည့်နေကြသည်။
ဖခင်ဖြစ်သူ ကူယန်ရုံမှာ အသက် ၇၀ ကျော်သာ ရှိ သေးရာ ယနေ့ခေတ် လူနေမှုအဆင့်အတန်းနှင့် ဂူမိ သားစု၏ ငွေကြေးအင်အားအရဆိုလျှင် နောက်ထ ပ် ဆယ်နှစ်၊အနှစ်နှစ်ဆယ်အထိ သက်တမ်းရှည်နိုင် သေးသည် မဟုတ်ပေလော။
သို့ပေမဲ့ ပါမောက္ခဝေက မောင်နှမသုံးဦးကို ကြည့်က ာ လေးပင်စွာဖြင့် ခေါင်းကို အနည်းငယ် ခါယမ်းလို က်ပြီး ပြန်ဖြေလိုက်သည်။
"အခြေအနေက တကယ်ကို ပြင်းထန်လွန်းတယ်လူ နာရဲ့ အခြေအနေက ပြန်ကောင်းမွန်လာမယ့် လက္ခ ဏာ လုံးဝမရှိတော့ဘူး..ကျန်းမာရေးပညာရပ်အရ ပြောရရင်တော့... သူ အများဆုံး နှစ်လလောက်ပဲ နေရတော့မယ်.. "
"ဗျာ..တကယ်..တကယ်ပဲ..အဖေ့ အခြေအနေက. ဒီ လောက်တောင် ဆိုးရွားသွားတာလားဗျာ.."
"တကယ်..နှစ်လ... နှစ်လပဲ ကျန်တော့တာလားဟင် ..အဟင့်ဟင့်.."
ဂူရွှမ်ရှို့ တစ်ယောက်မှာမူ စိတ်ထိန်းမထားနိုင်တော့ ဘဲ ငိုမိလိုက်၏။ဂူကျန့်ဟောက်ကလည်း တုန်ယင် နေသော အသံဖြင့် အားကိုးတကြီး ပြောလိုက်သည် ။
"ပါမောက္ခဝေ တကယ်ပဲ နှစ်လပဲ ကျန်တော့တာလာ းခင်ဗျာ ကျွန်တော်တို့မှာ အကောင်းဆုံး ဆေးဝါး တွေ..အဆင့်မြင့်ဆုံး စက်ကိရိယာတွေ သုံးနိုင်တဲ့ အ င့်အားရှိပါတယ်။ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ကျွ န်တော်တို့ မနှမြောပါဘူး ဒီထက်ပိုနေရအောင် ကု ပေးပါလားဗျာ.."
အကြီးဆုံးသား ဂူချီ ကလည်း စိတ်တည်ငြိမ်အောင် ကြိုးစားရင်း မေးမြန်းလိုက်၏။
"ပါမောက္ခဝေ... ခင်ဗျားက ဒီနယ်ပယ်မှာ အတွေ့ အ ကြုံ အရှိဆုံး ဆရာဝန်တစ်ဦးပဲလေ..ကျွန်တော်တို့ အဖေအတွက် နိုင်ငံခြားက ပိုတော်တဲ့ ပညာရှင်တွေ ဖြစ်ဖြစ်..ပိုကောင်းတဲ့ ဆေးရုံတွေဖြစ်ဖြစ် အကြံပြု ပေးနိုင်မလား"
ပါမောက္ခဝေက စိတ်မကောင်းစွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။
"လူနာရဲ့ အဆုတ်ကင်ဆာက နောက်ဆုံးအဆင့်ကို ရောက်နေပြီ..ခန္ဓာကိုယ်အခြေအနေကလည်း တော် တော်လေးကို ယိုယွင်းနေတာ..ဒီ အခြေအနေမျိုးမှာ ဆိုရင် နိုင်ငံခြားက ဘယ်ထိပ်တန်းဆရာဝန်ကြီးတွေ မှ မကုသနိုင်ပါဘူး.."
"ဘာ..ဆိုးလိုက်တာဗျာ..."
"တကယ်ကို ဝမ်းနည်းစရာကောင်းတာပဲဗျာ..."
ဂူရွှမ်ရှို့မှာ ပို၍ ကျယ်လောင်စွာ ငိုကြွေးရင်း တောင် းပန်ကာ ပြောလိုက်သည်။
"ပါမောက္ခဝေ... ကျွန်မအဖေကို ကုသပေးဖို့ နည်းလ မ်းတစ်ခုခုတော့ ရှာပေးပါဦး..ပိုက်ဆံ ဘယ်လောက် ကုန်ကုန် ကျွန်မတို့ ပေးနိုင်ပါတယ်.. အဖေ့ကိုပဲ က ယ်ပေးပါရှင်..အဟင့်ဟင့်.."
ပါမောက္ခဝေသည် ညင်သာစွာ ခေါင်းခါရင်း သက် ပြင်းသာ ချလိုက်မိသည်။သူသည် ဆရာဝန်တစ်ဦး သာဖြစ်ပြီး အသက်ကို ဖန်ဆင်းနိုင်သည့် ဘုရားသ ခင် မဟုတ်ပေ။ဤအခြေအနေမှာ သူ ဘာမှမတတ် နိုင်သည်က အမှန်ပင်။
သို့သော်လည်း ရုတ်တရက်ဆိုသလို သူ တစ်ခုခုကို သတိရသွားပုံရပြီး မျက်လုံးများ ဝင်းလက်လာခဲ့သ ည်။
ပါမောက္ခဝေက ခဏတာမျှ စဉ်းစားပြီးနောက် ပြော ပြလိုက်၏။
"တစ်ခုတော့ရှိတယ်..ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ဖြစ်တဲ့ ပေကျင်းက ဆရာဝန်ကြီးတစ်ယောက် ပြော ပြတာ ကြားဖူးတယ်.. ချင်းယွန်းနိုင်ငံတကာရဲ့ ဥက္က ဋ္ဌ ပိချင်းယွန်းတုန်းကလည်း အသည်းကင်ဆာနော က်ဆုံးအဆင့် ဖြစ်ခဲ့ဖူးတယ် ဒါပေမဲ့ ထူးဆန်းတဲ့ဆေ းတစ်မျိုးကြောင့် အခု လုံးဝပျောက်ကင်းသွားပြီး ကျန်းမာရေးတွေလည်း အရမ်းကောင်းနေတယ်လို့ ပြောဘူးတယ်..."
သူက အခြေအနေကို ထပ်မံရှင်းပြရင်း သတိလည်း ပေးလိုက်ရသေးသည်။
"ဒါပေမဲ့ ဒါက ကျွန်တော် ကြားဖူးရုံပဲရှိတာနော်.. ဒီ ကိစ္စက တကယ်ပဲ အမှန် မဟုတ်ဘူးလား ဆိုတာကို တော့ ကျွန်တော် အာမခံချက် မပေးနိုင်ဘူး"
ဂူမိသားစုဝင် မောင်နှမ သုံးဦးမှာမူ ရေနစ်နေသူက ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲလိုက်ရသကဲ့သို့ မျက် လုံးများ ချက်ချင်း ဝင်းလက်သွားကြသည်။