← Chapters

ဂူမိသားစုကို သတိပေးခြင်း

Vol. 52 Ch. 618

ဂူမိသားစုကို သတိပေးခြင်း

Vol. 52 Ch. 618

ဂူချီက မျှော်လင့်ချက်များအပြည့်ဖြင့် ပြောလိုက်၏ ။

"ဒုတိယအကို..ဒီသတင်းက မှန်သည်ဖြစ်စေ.မှားသ ည်ဖြစ်စေ..ဒီအတိုင်းတော့မထားနိုင်ဘူး.. စုံစမ်းစစ် ဆေးဖို့တစ်ယောက်ယောက်ကို ချက်ချင်း လွတ်လို က်ပါ.."

ဂူမိသားစုဦးဆောင်သူဖြစ်သည့် ဂူကျန့်ဟောက်တွင် အရင်းအမြစ်များစွာရှိ၏။သူက ချက်ချင်းပင် ခေါင် းညိတ်ကာ ပြန်ပြောလိုက်သည်။

"အေး ငါ စီစဉ်လိုက်မယ်"

ပြောပြီးနောက် သူက လူတိုင်း၏ရှေ့တွင် ဖုန်းထုတ် ကာ အစီအစဥ်တွေ တစ်ခုပြီးတစ်ခု ညွှန်ကြားလိုက် ၏။သူ၏ အရင်းအမြစ် အချို့ကို စုစည်းကာ ပီချင်း ယွန်၏ အသေးစိတ်အချက်အလက်များကို စုံစမ်း လိုက်သည်။

…….

ကျန်းချန်မြို့ A အဆင့်ရုံးခန်းထဲတွင်..

ဂူယွီပေါင်သည် ခြေချိတ်ထိုင်ကာ ဆေးလိပ်ဖွာရင်း ဒီမနက် ကားအရောင်းပြပွဲတွင် ဖြစ်ပျက်ခဲ့သည်များ အား တွေးနေမိ၏။

"ငလူးပဲ ကံမကောင်းလိုက်တာကွာ.."

သူက ယူနီဗာဆဲလ်မှ သူဌေးလျူယောင်နှင့် မမျှော် လင့်ဘဲ ဆုံခဲ့ရသည်။

"ခင်ဗျားလို သူဌေးကြီးက ဘာလို့ ကားအရောင်းပြ ပွဲကိုလာပြီး ကျွန်တော်အကြိုက်ဆုံး ကားကို ဝယ်ရ တာလဲဗျာ.."

သူ စဉ်းစားလေလေ ပိုပြီးဒေါသထွက်လာလေလေ ဖြစ်၏။စိတ်ရှုပ်ထွေးနေသဖြင့် သူသည် ယူနီဗာဆဲ လ်ကို လက်စားချေရန် စဉ်းစားကာ ဖုန်းကို ယူလိုက် ပြီး သူ့လက်အောက်ရှိ စာရေးဆရာအားလုံးကို ခေါ် လိုက်သည်။

"မင်းတို့ကို ငါ အလုပ်တစ်ခု ပေးမယ်... နောက်ထပ် ဆောင်းပါးတစ်ပုဒ် ရေးပြီး နှစ်နာရီအတွင်း ငါ့ကိုပေ းပါ.."

"ရပါတယ်ဘော့စ်.."

စာရေးဆရာများက တစ်ချိန်တည်းလိုလို ပြန်ဖြေလို က်ပြီး ဆောင်းပါးတွင် ပါမည့် အကြောင်းအရာကိုပ င် မေးမြန်းရန်မလိုအပ်တော့ပေ။

ယူနီဗာဆဲလ်အကြောင်းဖြစ်သည်မှာ သေချာလှသ ည်။ယခင်ဆောင်းပါးအချို့ကိုလည်း စာရေးဆရာမျ ားက ရေးပြီး ဂူယွီပေါင်က ပို့စ်တင်ခဲ့၏။သူတို့မိသ ားစုက ချမ်းသာပြီး သူ့ကို ဂရုစိုက်သူနည်းပါးလှ ပေသည်။

ထို့ကြောင့် ဂူယွီပေါင်ဆိုသူက ကိုယ်တိုင်မီဒီယာ တ င်လုပ်ကိုင်ခဲ့ခြင်းဖြစ်၏။၎င်းမှာ ငွေရှာဖို့အတွက် မ ဟုတ်ဘဲ ပျော်ရဖို့သာ ဖြစ်သည်။

ဂူယွီပေါင်သည် နေရာအနှံ့အပြားကို ဆဲဆိုနိုင်ခြင်း ကြောင့် စိတ်ကျေနပ်မှုကိုခံစားခဲ့ရသည်။အထူးသ ဖြင့် ယူနီဗာဆဲလ်လိုမျိုး ကုမ္ပဏီကြီးကို ဆဲရသည့် အတွက် သူ အလွန် ပျော်ရွှင်ခဲ့ရ၏။ဥပဒေချိုးဖော က်မိမှာလား ဒါမှမဟုတ် တစ်ခြားလူများက သူ့ကို ဒုက္ခပေးမှာလားဆိုတာကို သူက လုံးဝမပူပန်ပေ။

သူက သာမန်လူမဟုတ်သလို သူ့နောက်မှာလည်း ဂူ မိသားစုကြီး ရှိနေသည်လေ။

စာရေးဆရာများက နှစ်နာရီမပြည့်မီမှာပင် ဆောင်း ပါးရေးပြီးသွားခဲ့သည်။၎င်းမှာ စကားလုံး ၂,၀၀၀ ကျော်ဖြင့် ယူနီဗာဆဲလ်အား ပြင်းပြင်းထန်ထန် ဝေ ဖန်ထား၏။

ဆောင်းပါးကို ဖတ်ပြီးနောက် ဂူယွီပေါင်က လက် ခုပ်တီးကာ အွန်လိုင်းပေါ်သို့ တင်လိုက်သည်။

......

နောက်တစ်နေ့ ၊မနက်စောစော...

လျူယောင်သည် လီချန်လဲ့နှင့်အတူ မနက်စာစားပြီး ချိန်တွင် သူ၏ ဖုန်းမြည်လာခဲ့၏။လျူယောင် ဖုန်း ဖွင့်လိုက်သောအခါ ကျိုးယန်၏ ဒေါသတကြီး အ သံကို ကြားလိုက်ရသည်။

"သူဌေး ဒီ ဂူယွီပေါင်က ကျွန်တော်တို့ ယူနီဗာဆဲလ် ကို ဝေဖန်တဲ့ ဆောင်းပါးတစ်ပုဒ်ကို အွန်လိုင်းပေါ်မှာ တင်ထားပြန်ပြီ.. ကြည့်ရှုသူက တစ်သိန်းကျော်ရှိနေ ပါပြီ သူဌေး.."

"အမ် ဂူယွီပေါင်ပဲလား...ဒီကောင်က မနေ့က ကား အရောင်းပြပွဲမှာဖြစ်ခဲ့တာကို လက်စားချေဖို့ရည်ရွ ယ်ထားတာလား.."

ကျိုးယန်ကအကြံပေးလိုက်၏။

"သတိပေးဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်တယ် သူ ဌေး.. မဟုတ်ရင် နှစ်ရက်တစ်ခါ ဒီလိုဆောင်းပါးမျိုး ထွက်လာနိုင်တယ်.. "

လျူယောင်လည်း သဘောတူလိုက်သည်။

"အင်း မင်း ဂူမိသားစုကို သတိပေးလိုက်ပါ.."

"ဒီလိုဆောင်းပါးမျိုးက ငါတို့ကုမ္ပဏီအပေါ်မှာ ဆိုး ကျိုးသက်ရောက်မှုရှိမှာကို ငါမစိုးရိမ်ဘူး.. ငါတို့က ဘာမှကြောက်စရာမရှိဘူး.. ထောက်ခံသူတွေလ ည်း ပိုများတယ် ဒါပေမဲ့ တခြားလူတွေက ငါတို့အပေါ် ကို တစ်ခုပြီးတစ်ခု မကောင်းတဲ့အရာတွေ လုပ်တာ ကိုတော့ ငါ ခွင့်မပြုနိုင်ဘူး.."

"သူဌေး.. ဒါဆို ကျွန်တော် ဂူမိသားစုက ဂူကျန့်ဟော က်ကို ဖုန်းဆက်ပြီး သူ့သားကို ဂရုစိုက်ဖို့ပြောလိုက် ပါ့မယ်.."

"ကောင်းပြီ ကုမ္ပဏီကိုယ်စား မင်းပဲ ဆက်လုပ်လိုက် "

ဖုန်းဖြေပြီးနောက် လျူယောင်က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

"လဲ့လဲ့ ကိုယ်တို့ ကားအရောင်းပြပွဲကို ထပ်သွားရ အောင်..ချစ် ကြိုက်တဲ့ကားတွေ့ရင် နောက်တစ်စီး ကိုယ် ဝယ်ပေးမယ်.."

"ကျွန်မမှာ သိန်း ၃,၀၀၀ ကျော်တန်တဲ့ စူပါကားတ စ်စီးရှိနေပြီးအိမ်မှာလည်း ပေါရှေးကားအသစ်တ စ်စီးရှိတယ်လေ..ဒီလောက်ကားအများကြီး ဝယ်စ ရာမလိုပါဘူး ကိုရဲ့..."

"ဘာမှမဖြစ်ပါဘူး..နောက်ထပ် နှစ်စီး၊သုံးစီးလော က်ဝယ်ပြီး အလှည့်ကျမောင်းလို့ရတယ်.. အပြင်ထွ က်ရင် လဲ့လဲ့ကြိုက်တဲ့ကားကို မောင်းလို့ရတာပေါ့.."

နှစ်ယောက်သား စကားပြောရင်း ပျော်ပျော်ရွှင်ရွှင် ထွက်လာခဲ့သည်။ချန်းဟူက ကားမောင်း၍ ကား အ ရောင်းပြပွဲသို့ ပို့ပေးခဲ့သည်။

.........

ရုံးခန်းထဲတွင်မူ..

ဂူကျန့်ဟောက်က ကုမ္ပဏီမှ ပညာရှင်များ ခွဲခြမ်းစိ တ်ဖြာထားသည့် အစီရင်ခံစာကို ဖတ်နေ၏။ထိုအစီ ရင်ခံစာက ထူပြီး အသေးစိတ်ဖြစ်၍ သူက နာရီဝက် ကျော်ကြာအောင် ဖတ်နေရ၏။

အစီရင်ခံစာကို ဖတ်ပြီးနောက် ဂူကျန့်ဟောက်က ကျေနပ်သွားပြီး အစည်းအဝေးခေါ်ကာ ဘထ္ထရီလုပ် ငန်းနယ်ပယ်ထဲသို့ ဝင်ရောက်မည်ဟု ကြေညာရန် အချိန်တန်ပြီဟု စိတ်ထဲတွင်တွေးနေမိသည်။

လက်ရှိတွင် ဘထ္ထရီစွမ်းအင်သုံးမော်တော်ကားလုပ် ငန်းသည် ကောင်းမွန့်သည့် ဈေးကွက်ဖြစ်နေပြီးကြီး မားသောကုမ္ပဏီများနှင့် လုပ်ငန်းကြီးများစွာ သည် လည်း ထိုနယ်ပယ်သို့ ဝင်ရောက်ရန် ရည်ရွယ်ထား ကြ၏။

ဂရက်ဖင်း-အလူမီနီယံ ဘက်ထရီပေါ်ပေါက်လာမှု သည် မော်တော်ကားလုပ်ငန်းတစ်ခုလုံးကို လုံးဝ ပြေ ာင်းလဲပစ်နိုင်ခဲ့သည်။ဂူကျန့်ဟောက်သည်လည်း ထိုကဲ့သို့ အခွင့်အရေးကို လက်လွှတ်မခံချင်ခဲ့ပေ။

အိမ်ခြံမြေက အကျိုးအမြတ်များပေမယ့် မကြာ သေးမီနှစ်များအတွင်း ပြိုင်ဆိုင်မှုနှင့် ဖိအားများလ ည်း များပြားလာခဲ့သည်။သူက အရာအားလုံးကို တ စ်နေရာတည်းမှာ မလုပ်ချင်ခဲ့ပေ။

ထို့ကြောင့် ဘထ္ထရီစွမ်းအင်သုံးမော်တော်ကားလုပ်င န်းသို့ ဝင်ရောက်ရန် သူ ဆုံးဖြတ်လိုက်၏။

ညနေပိုင်းပဲဖြစ်ဖြစ် အဆင့်မြင့်အမှုဆောင်များအား လုံးကို အစည်းအဝေးခေါ်ပြီး ဘထ္ထရီစွမ်းအင်သုံး ကားလောထဲသို့ ဝင်ရောက်မည်ဟု ကြေညာရန် သူ စဉ်းစားထားခဲ့သည်။

"တီ တီ တီ.."

ထိုအချိန်တွင် ဖုန်းမြည်သံက သူ့အတွေးများကို ဖြ တ်တောက်လိုက်၏။

ဂူကျန့်ဟောက်က ဖုန်းကို ယူကြည့်လိုက်ရာ သူ မရ င်းနှီးသည့် ဖုန်းနံပါတ် ဖြစ်နေသည်။သို့ပေမဲ့ သူက လက်ခံ၍ ဖြေကြားလိုက်သည်။သူ့ကိုယ်ပိုင်ဖုန်းကို ဆက်နိုင် သည့် သာမန်လူမဟုတ်နိုင်သလို အနှော င့်အယှက်ပေးသည့် ဖုန်းလည်း မဖြစ်နိုင်ပေ။

"ဟယ်လို ကျွန်တော် ဂူကျန့်ဟောက်ပါ.."

"ကျွန်တော်က ယူနီဗာဆဲလ်လုပ်ငန်းစုက ကျိုးယန်ပ ါ..ဂူဥက္ကဋ္ဌ..ခင်ဗျားကို ကိစ္စတစ်ခုပြောဖို့အတွက် ဖုန်းဆက်တာပါ..."

"ဘာ..ယူနီဗာဆဲလ်က ကျိုးယန်လား.."

သူ သိကောင်းကောင်းသိ၏။ထိုလူက ယူနီဗာဆဲလ် တွင် အရေးပါသည့် လူတစ်ယောက်ပင် ဖြစ်သည်။

ဂူကျန့်ဟောက်က ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။

"မစ္စတာကျိုး..ဘာကိစ္စပဲရှိရှိ ပွင့်ပွင့်လင်းလင်း .ပြော ပါခင်ဗျ.."

"ဒီလိုပါ.. မကြာသေးမီက အွန်လိုင်းပေါ်မှာဆောင်း ပါးအချို့ ပေါ်လာပါတယ်.. အားလုံးက ကျွန်တော် တို့ ယူနီဗာဆဲလ်ကို ဆန့်ကျင်တဲ့ ဆောင်းပါးတွေပဲ.. ဒီဆောင်းပါးအားလုံးကို ခင်ဗျားသား ဂူယွီပေါင်က ရေးခဲ့တာပါ..."

ပထမဆုံးအနေနှင့် ကိစ္စကို အတိုချုပ်ရှင်းပြပြီးနော က် ကျိုးယန်၏အသံက အလွန်လေးနက်လာသည်။ သူက ဖုန်းထဲမှာပဲ သတိပေးလိုက်၏။ဂူကျန့်ဟောက် သည် သူ့ရင်ထဲတွင် အအေးလှိုင်းဖြတ်သွားသလိုမျို း အေးစိမ့်လာသည်။

ဂူမိသားစုမှာ ငွေကြေးအင်အားနဲ့ အာဏာရှိသော်လ ည်း ယူနီဗာဆဲလ်နှင့် နှိုင်းယှဉ်လျှင်မူ အဆင့်တစ်ခု ထက်ပိုပြီး နောက်ကျကျန်နေကြောင်း သူသိ၏။ အကယ်၍သာ ထိုလူတွေနှင့်ရန်ဖြစ်လျှင် သူ့အတွက် ဘာကောင်းကျိုးမှ မရှိနိုင်ပေ။

ထို့အပြင် သူသည် ဘထ္ထရီစွမ်းအင်သုံးမော်တော်ကာ း နယ်ပယ်ထဲသို့ ဝင်ရောက်ရန်လည်း စဉ်းစားထား ခဲ့သည်။သူသာ ယူနီဗာဆဲလ်နှင့် ရန်ဖြစ်ပြီး လုပ်ငန်း ထဲဝင်ရင် ဘထ္ထရီအသစ်တွေမရှိဘဲ ထိုလုပ်ငန်းထဲ သို့ ဘယ်လိုဝင်နိုင်တော့မည်နည်း။

ဂူကျန့်ဟောက်က အာမခံကာ ကတိပေးလိုက်၏။

"ဒီလိုမျိုး နောက်တစ်ခါမဖြစ်စရပါဘူး မစ္စတာကျိုး ကျွန်တော် လူသိရှင်ကြား တောင်းပန်ကြောင်း ကြေ ညာချက်ထုတ်ပြန်ပေးပါ့မယ် "

ဖုန်းချပြီးနောက် ဂူကျန့်ဟောက်သည် နဖူးမှ ချွေးမျ ားကို သုတ်ကာ စိတ်ထဲတွင် ဒေါသထွက်လာသည် ။သူသည် ဂူယွီပေါင်ကို ခေါ်ပြီး ပြင်းပြင်းထန်ထန် အပြစ်တင်ချင်နေ၏။သို့သော်လည်း သူ ဂူယွီပေါင် ကို ဖုန်းဆက်တော့မည့်အချိန်မှာ ရုံးခန်းတံခါး ခေါ က်သံအား ကြားလိုက်ရသည်။

ဂူကျန့်ဟောက်က ဖုန်းကိုချလိုက်ပြီး အော်ပြောလို က်၏။

"ဝင်လာခဲ့.."

တံခါးတွန်းဖွင့်ပြီး ဝင်လာသူက သူ့လက်ထောက်ပင် ဖြစ် သည်။

"ဘော့စ်..စုံစမ်းခိုင်းတာတွေကို အခြေခံအားဖြင့် ပြီး စီးသွားပါပြီ.."

"အိုကေ..မြန်မြန်ပြောပါ..ဘာတွေဖြစ်ခဲ့တာလဲ.."

ဂူယီပေါင်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဆူပူခြင်းက ဤကိစ္စနှင့် ဘယ်လိုယှဉ်နိုင်ပါ့မည်နည်း။မနေ့က ပါ မောက္ခဝေသည် 'ချင်းယွန်နိုင်ငံတကာမှ ပီချင်းယွန် သည် အသည်းကင်ဆာဖြစ်ခဲ့ပြီး ဆေးတစ်လုံးတည် းဖြင့် ပျောက်ကင်းခဲ့သည် ဟုပြောခဲ့သည်။

ယခုမူ ဥက္ကဌပီက ကျန်းမာရေးကောင်းမွန်နေသော ကြောင့် သူ့ ဖခင်အတွက် မျှော်လင့်ချက်များကို တွေ့နေရ၏။

၎င်းက အမှန်တကယ်ဖြစ်ပါစေလို့ သူ ဆုတောင်းနေ မိသည်။သူ့အဖေလည်း ကင်ဆာနောက်ဆုံးအဆင့် ဖြစ်နေ၏။ပီချင်းယွန်က ဆေးလုံးတစ်လုံးနဲ့ ပျောက် ခဲ့လျှင် သူ့ဖခင်မှာလည်း ပျောက်နိုင်သည်မှာ မဟု တ်ပေလော။

"ဘော့စ်..ပါမောက္ခဝေ ပြောတာမှန်ပါတယ် ..ပီချင်း ယွန်ဟာ အသည်းကင်ဆာနောက်ဆုံးအဆင့်ဖြစ်ခဲ့တ ာပါ..ဒါပေမဲ့ ..နောက်တော့သူက ဆေးလုံးတစ်လုံး နဲ့ လုံးဝပျောက်ကင်းခဲ့တာပါခဗျ.."

"အိုး..ဒါ တကယ်ပဲလား ကောင်းလိုက်တာကွာ.."

ဂူကျန့်ဟောက်ရဲ့မျက်နှာပေါ်တွင်မူ ပျော်ရွှင်မူများ ပေါ်လာခဲ့ပေသည်။

All Chapters