ကားအစီး 600 အလကားပေးခြင်း
Vol. 52 Ch. 619
ဂူကျန့်ဟောက်သည် အံ့အားသင့်သွားပြီး မျှော်လင့် ချက် အလင်းရောင်ကို ရုတ်တရက်မြင်လိုက်ရသည် ။ထို့ကြောင့်သူက အသေးစိတ် သိချင်၍ ထပ်မေးလို က်၏။
"ငါ့ကို အသေးစိတ်ပြောပြ.."
သူ့လက်ထောက်က ရိုသေစွာ ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့ စုံစမ်းမှုအရ ဥက္ကဌပီချင်းယွန် ရောဂါ ခံစားရချိန်မှာ ယူနီဗာဆဲလ်ရဲ့သူဌေး လျူယောင်က မြို့တော်ကို ကိုယ်တိုင်သွားရောက်ပြီး ဆေးလုံးတစ် လုံး ပေးခဲ့ပါတယ်.."
'ဒီဆေးလုံးသောက်ပြီးမှ သူ့ရဲ့ အခြေအနေက သိသိ သာသာ တိုးတက်လာပြီး ရက်အနည်းငယ်အကြာမှာ ဆေးရုံက ဆင်းခဲ့ပါတယ်..အခု သူက အိမ်မှာ ရက်န ည်းနည်းလောက် နားနေပြီးနောက် အခုလုံးဝပြန်ကေ ာင်းသွားပြီ ဘောစ့်...အခုဆို ချင်းယွန် နိုင်ငံတကာ မှာ အလုပ်ပြန်လုပ်နေပါပြီခဗျ..."
အခြေအနေကို အသေးစိတ် ပြောပြပြီးနောက် လက် ထောက်သည် သူ့သူဌေး၏ မျက်နှာမှာ တစ်ခုခုမှား ယွင်းနေသည်ကို မြင်လိုက်ရပြီး သူ အံ့အားသင့်သွာ းရသည်။
"အမ် ဒီလိုကောင်းတဲ့သတင်းကို ဘောစ့်က ပျော်ရွှင် နေသင့်တာလေ အခုတော့ ဘာဖြစ်နေတာလဲဟ.."
ဂူကျန့်ဟောက်၏ စိတ်သည် ချက်ခြင်းပင် ဟိုးအော က်ဆုံးသို့ ရောက်သွားခဲ့၏။လွန်ခဲ့သည့် မိနစ်အနည် းငယ်ကပင် သူ့သားက ယူနီဗာဆဲလ်ကို အကြိမ် ကြိမ်ဝေဖန်ခဲ့မှုကြောင့် မစ္စတာကျိုးယန်က ဖုန်းဆ က်၍ သတိပေးခဲ့သည်။
သူသည် စိတ်ထဲတွင် ဒေါသများ ထွက်လာပြီး ဂူယွီ ပေါင်ကို ရိုက်သတ်ပစ်ချင်နေ၏။ယူနီဗာဆဲလ်နှင့် ပြ ဿနာဖြစ်ခဲ့လျှင် သူသည် မစ္စတာလျူထံမှ အသ က်ကယ်ဆေးလုံးရဖို့မှာ လုံးဝ မဖြစ်နိုင်ပေ။
လက်ထောက်မှာ အံ့သြသွားပြီး သတင်းပို့ဖို့လိုအပ် သည့် အခြေအနေတစ်ခုရှိသည်ဟု သူ ခံစားလိုက်ရ သည်။ထို့ကြောင့် သူက ခဏတာ တုံ့ဆိုင်းနေခဲ့ပြီး သတိထားကာ ပြောပြလိုက်၏။
"သခင်လေးနဲ့ပတ်သက်ပြီး သတင်းတစ်ခုရှိပါတယ် ဘောစ့်..ဒါကို ဘောစ့် သိသင့်တယ်လို့ ကျွန်တော်ထ င်လို့ပါ.."
ထိုသတင်းက သတင်းကောင်းမဟုတ်ဘူး ဆိုသည် ကို ဂူကျန့်ဟောက်က ကြိုသိထားပြီး သူ့မျက်နှာမှာ မည်းမှောင်လာကာ ဖြည်းညှင်းစွာပြောလိုက်သည်။
"ပြောပါ.. ဘာလဲ.."
"မနေ့က မနက်က ကားအရောင်းပြပွဲမှာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်...ဒီလိုပါ သူဌေး..."
သူက မနေ့မနက်က ကားအရောင်းပြပွဲတွင် ဖြစ်ပျ က်ခဲ့သည်များကို ပြောပြလိုက်၏။ ဂူကျန့်ဟောက် သည် ထိုနေရာတွင် ဒေါသများ ပေါက်ကွဲလုနီးပါးဖြ စ်ခဲ့ရသည်။
"ဘာ ဒီလိုဖြစ်ရပ်မျိုး ရှိခဲ့တာလား.."
"ဟုတ်ပါတယ် ဘောစ့်..သူဌေးလျူယောင်က ကား အရောင်းပြပွဲကို ရောက်လာတော့ တစ်ကမ္ဘာလုံးမှာ အစီးရေအနည်းငယ်သာထုတ်တဲ့ ကားကို သူက သ ဘောကျသွားတယ်..ဒါကို ဂူယွီပေါင်က ဂူမိသားစု ရဲ့ နောက်ကွယ်က အင်အားကို အားကိုးပြီး သူဌေး လျူယောင်ဆီက ကားကို လုယူချင်ခဲ့တာပါ.."
"တောက်စ်..ဒီကောင်က ဘာလို့ မသေသေးတာလဲ ကွာ. ."
"မင်း ဒီကောင့်ကို ဖုန်းဆက်ပြီး အိမ်ချက်ချင်းပြန် လာခိုင်းလိုက်...ဒီတစ်ခါတော့ ဒီကောင့်ကို ငါကော င်းကောင်းသင်ခန်းစာပေးရမယ် "
.........
ကျန်းချန်ကားအရောင်းပြပွဲသို့ လျူယောင်က လီချ န်လဲ့အား ခေါ်လာခဲ့သည်။သူတို့သည် ကားအသစ်မျ ားစွာကိုလည်း တွေ့လိုက်ရ၏။
လျူယောင်က ပြည်တွင်းထုတ် ဘထ္ထရီစွမ်းအင်သုံး ကားများကို ကြည့်ကာ ကောက်ချက်ချလိုက်သည်။
"အင်း..၈၀ ရာခိုင်နှုန်းကျော်က ဘထ္ထရီစွမ်းအင်သုံး ကားတွေပဲ.ပြီးတော့ ငါတို့ပြည်တွင်းထုတ်ကားတွေ က ပြည်ပကနေ တင်သွင်းတဲ့ယာဉ်တွေကို အနိုင်ယူ နိုင်ပါ့မလား.."
သူ့ဘေးက ကိုယ်ရံတော် ချန်းဟူက ပုံမှန်အားဖြင့် စ ကားမပြောပေ။သို့သော်လည်း ထိုအချိန်တွင် သူဌေး က မေးသောကြောင့် ဝင်ဖြေလိုက်သည်။
"ဟုတ်တယ်သူဌေး..ကျွန်တော်တို့ ပြည်တွင်းဖြစ်ကာ းတွေက ပြည်ပသွင်းကုန်ကားတွေကို ကျော်တက်ဖို့ နည်းလမ်းရှိပုံရတယ်.."
ထိုစကားကြောင့် လျူယောင်က စိတ်သက်သာရာ ရ သွား၏။ပြည်တွင်းထုတ်ကားများ၏ လက်ရှိအခြေ အနေနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအကြောင်းအရ င်းမှာ သူ၏ ဘထ္ထရီများကြောင့်သာ ဖြစ်သည်။
ယူနီဗာဆဲလ်မှ စွမ်းအင်သစ်ဘက်ထရီများသည် ပြ ည်တွင်းဈေးကွက်ကို ဦးစွာဖြည့်ဆည်းပြီးမှသာ နိုင် ငံတကာဈေးကွက်ကို ရောင်းချရန် ဆုံးဖြတ်ထား၏ ။ပြည်ပပို့ကုန်ဈေးနှုန်းကလည်း ပြည်တွင်းဈေးနှုန်း ထက် ပိုဈေးကြီးနေသည်။
နိုင်ငံခြားမှ ကားကုမ္ပဏီများသည် ဝေဖန်မှုများရှိပြီး အချို့က ဆန္ဒပြခဲ့ကြသော်လည်း အချည်းနှီးသာ ဖြ စ်ခဲ့ရ၏။
အကြောင်းရင်းမှာ ကားကုမ္ပဏီတစ်ခုက ပြင်းပြင်း ထန်ထန် ဆန္ဒပြခဲ့ဖူးသည်။သို့သော်လည်း ယူနီဗာဆဲ လ်က ထိုကားကုမ္ပဏီအား ဘထ္ထရီရောင်းချပေးခြင်း ကို ခေတ္တရပ်နားထားမည်ဟု ချက်ချင်းကြေညာလို က်၏။
ထိုအခါ ဆန္ဒပြသည့် ကားကုမ္ပဏီ၏ စွမ်းဆောင်ရ ည်မှာ လျင်မြန်စွာကျဆင်းသွားပြီး ပြင်းပြင်းထန်ထ န် ထိခိုက်ခဲ့ရသည်။
ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သူကမျှ ဘာတစ် ခုမျှ မပြောရဲဘဲ ယူနီဗာဆဲလ်အား ရိုးသားစွာဆက် ဆံခဲ့ရ၏။
အပျော်ရွှင်ရဆုံးမှာ ပြည်တွင်းမှ ကားကုမ္ပဏီများဖြ စ်ပြီး ဘထ္ထရီများ လုံလောက်စွာရရှိသောကြောင့် ၎ င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်မှာ အလွန်မြန်ဆန်လှ သည်။
"အကိုယောင် အဲ့ဒါ ဟောင်ကောင် ဟုန်ဂေါင်အော် တိုကားရဲ့ ပြပွဲနေရာပါ.. အရွယ်အစားနဲ့ ဧရိယာက အရမ်းကျယ်ပါတယ်.."
ဟုန်ဂေါင်ကားပြပွဲရဲ့နေရာကို လျူယောင် မြင်လိုက် ရ၏။ထိုနေရာတွင် ဟုန်ဂေါင်း ဥက္ကဋ္ဌဆူလီယန်ကိုလ ည်း သူ မြင်လိုက်ရသည်။
"သွားမယ်..ငါတို့ သွားကြည့်ရအောင်.."
လျူယောင်က လီချန်လဲ့ကို ထိုပြပွဲနေရာသို့ ခေါ်လာ ရာ ပြသထားသော ကားအသစ်အချို့ကိုလည်း တွေ့ လိုက်ရသည်။၎င်းတို့အားလုံးသည် ဘထ္ထရီစွမ်းအင် သုံးကားများဖြစ်ပြီး လောင်စာဆီသုံးသည့် ကားများ တစ်စီးမှမပါဝင်ပေ။
"အိုး ဒါ..မစ္စတာလျူလား.."
"ဟုတ်တယ်.. တကယ်ပဲ မစ္စတာလျူပဲဟ.."
ဟုန်ဂေါင်၏ ဥက္ကဋ္ဌဆူလီယန်သည် ပြပွဲနေရာတွင်ရှိ နေ၏။သူက လျူယောင်ကို မတော်တဆ မြင်မိလို က်သည်။သူ အစက မှားမြင်တာလားဟု ထင်မိသော် လည်း သေချာကြည့်လိုက်ရာ တကယ်ပင် ယူနီဗာ ဆဲလ်မှ မစ္စတာလျူပင် ဖြစ်နေ၏။
သူက ပျော်ရွှင်တဲ့မျက်နှာနှင့် လျူယောင်ဆီ ပြေးလ ာခဲ့သည်။
အနည်းဆုံး ၁၀ ပေအကွာမှနေ၍ သူ၏ ညာဘက် လက်ကို စိတ်အားထက်သန်စွာ ဆန့်ထုတ်ကာ အော် ပြောလိုက်၏။
"ဟားဟား မစ္စတာလျူ.. ခင်ဗျားက ..ကျွန်တော်တို့ ပြပွဲနေရာကို လာလိမ့်မယ်လို့ မထင်ထားဘူး ..ကျွန် တော်တို့အတွက် ဂုဏ်ယူစရာပါပဲ.. ကျေးဇူးတင်ပါ တယ်.. တကယ်..ကျေးဇူးတင်ပါတယ်ဗျာ "
လျူယောင်က ပြုံးလိုက်ကာ ပြန်လည် လက်ဆွဲနှု တ်ဆက်ရင်း ပြောလိုက်သည်။
"ဘော့စ်ဆူ..ခင်ဗျားက အလွန်ဆူညံနေတာပဲ.."
ဆူလီယန်က ဂုဏ်ယူစွာပြုံးပြီး ပြန်ပြောလိုက်၏။
"ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေက မစ္စတာလျူရဲ့ ပံ့ပိုးမှုတွေကြောင့်ပါ..မစ္စတာလျူက ကျွန်တော်တို့ ကို ဘက်ထရီတွေ အလုံအလောက် ထောက်ပံ့ပေး တ ယ် လေ.. ဒါကြောင့် ကျွန်တော်တို့ရဲ့ ဖွံ့ ဖြိုးတို းတက်မှုအရှိန်က ဘယ်လိုလုပ် နှေးနိုင်မှာလဲ.."
သူက လျူယောင့်အား ဟုန်ဂေါင်၏ ပြပွဲနေရာကို ကိုယ်တိုင်လိုက်ပြပေးခဲ့သည်။
"ဒီကျန်းချန်ကားပြပွဲမှာ ကျွန်တော်တို့က မော်ဒယ်အ သစ် ၁၁ မျိုးကို တစ်ကြိမ်တည်းပြသခဲ့တယ်.. ဒါ တွေအားလုံးက ဘထ္ထရီစွမ်းအင်သုံးကားအသစ်တွေ ပါပဲ..မစ္စတာလျူ”
လျူယောင်က နားထောင်ရင်းနှင့် သေချာ လှည့်လ ည် ကြည့်ရူ့လိုက်၏။ဟုန်ဂေါင်ကားထုတ်ရေး ကုမ္ပ ဏီ၏ ဖွံ့ဖြိုးတိုးတက်မှုက တကယ်ကို ကြီးကျယ်လှ ကြောင်း သူက ရှင်းရှင်းလင်းလင်း ခံစားမိသည်။
လျူယောင်ကို ပျော်ရွှင်စေခဲ့သည်မှာ ဆူလီယန် ထ ပ်မံပြောလိုက်သော စကားပင် ဖြစ်၏။
"မစ္စတာလျူ..ကျွန်တော်တို့ကုမ္ပဏီက ကားအသစ် အချို့ကို ယူနီဗာဆဲလ်ကို အခမဲ့ပေးဖို့ စီစဉ် ထားပါ တယ်..မော်ဒယ်အသစ် သုံးမျိုးရှိပါတယ်.. တစ်မျိုး ကို ကားအစီး ၂၀၀ စီ..စုစုပေါင်း ကားအစီး ၆၀၀ ရှိ ပါတယ်ဗျာ.."
လျူယောင်က စိတ်ထဲမှ ပျော်ရွှင်စွာ ရေရွတ်လိုက် သည်။
"အိုး ဒီလိုကောင်းတဲ့အရာမျိုးတွေလည်းရှိသေးတာ လား.."
"အလကား ပေးတာဆိုတော့လည်း လက်ခံရမှာပေါ့ .."
လျူယောင်က ပျော်ရွှင်စွာပြုံးပြလိုက်ကာ ပြန်ပြော လိုက်၏။
"မစ္စတာဆူ.. အများကြီးကျေးဇူးတင်ပါတယ်ဗျာ.."
"ရပါတယ် မစ္စတာလျူရ.. ယဉ်ကျေးစရာမလိုပါဘူ းဗျာ.."
ဆူလီယန်က ဆက်ပြောလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ စေတနာလေးပါ..ဒါ့အပြင် လာ မယ့်လမှာ ယွမ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ဘထ္ထ ရီတွေကိုလည်း ကျွန်တော် ဝယ်အုံးမှာပါ.."
အခြားသူထံက ကားအစီး ၆၀၀ လက်ခံရရှိပြီးနော က် လျူယောင်သည် အလွန်ပျော်ရွှင်နေ၏။သူက လက်ဝှေ့ယမ်းကာ ပြန်ဖြေလိုက်သည်။
"ပြဿနာမရှိပါဘူး.. ဒီယွမ် ၁၀ ဘီလီယံတန်ဖိုးရှိတဲ့ ဘက်ထရီတွေကို ကျွန်တော့်ဘက်က ဦးစားပေးရေ ာင်းချပေးပါ့မယ်.."
ဘာပဲဖြစ်ဖြစ် ရောင်းရဖို့ပဲလေ။တစ်ဖက်က ကားအ စီး ၆၀၀ ကို အခမဲ့ပေးခဲ့ပြီး ဘထ္ထရီတွေကို ဦးစား ပေးပြီး ရောင်းတာကလည်း သူ့အတွက် ပြဿနာ ကြီးကြီးမားမားမဟုတ်ပေ။
ဆူလီယန် လိုချင်သည်မှာ လျူယောင်၏ အာမခံ ကတိစကားများပင် ဖြစ်သည်။သူကလည်း ကားအ စီး ၆၀၀ ကို ပေးကမ်းသည်မှာ လုံးဝကို တန်လှ၏။
သူသည် ဟုန်ဂေါင် ကားပြပွဲ နေရာအနှံ့ကို လျူယေ ာင့်အားအနည်းဆုံး မိနစ် ၂၀ မှ ၃၀ အထိ လိုက်ပို့ ပေးခဲ့ပြီး လျူယောင်နှင့် ပိုကြာကြာနေချင်ခဲ့သည်။ နောက်ဆုံးတွင်မူ သူ မတတ်သာပဲ လျူယောင့်အား နူတ်ဆက်လိုက်ရ၏။
လျူယောင်နှင့် လီချန်လဲ့တို့သည် ကားအရောင်းပြ ပွဲတစ်ခုလုံးကို မနက်ပိုင်းတစ်ပိုင်းလုံး လှည့်ပတ်ခဲ့ပြီ း နေ့လည်ပိုင်းတွင် ပြန်ထွက်လာခဲ့သည်။
"လဲ့လဲ့..ကိုယ်တို့ နေ့လည်စာအရင်စားရအောင်.. ပြီး ရင် နေ့လည်မှာ ဟိုတယ်ပြန်ပြီး နားမယ်..မနက်ဖြန် ဆို ကိုယ်တို့ ပြန်လို့ရပြီ.."
လီချန်လဲ့က နာခံစွာ ပြန်ပြောလိုက်၏။
"ကို စီစဉ်ထားတဲ့အတိုင်း ကျွန်မ နာခံပါ့မယ်ရှင်..”