မင်းတို့ကို ဒီနယ်ပယ်ထဲ ဝင်ခွင့်မပြုဘူး
Vol. 52 Ch. 620
လျူယောင်နှင့် လီချန်လဲ့တို့သည် အတူတကွ အနား ယူပြီးနောက် အပြင်သို့မထွက်ဖြစ်တော့ဘဲ ဟိုတယ် ၏ vip ခန်းထဲ၌သာ အေးအေးဆေးဆေး နေထိုင်ခဲ့ ကြသည်။
ဂိုဝူကမ္ဘာမှ ယူလာသည့် အဆင့်မြင့်လက်ဖက်ခြော က်ကို လျူယောင် ကိုယ်တိုင်နှပ်လိုက်ရာ အခန်းတစ် ခန်းလုံး လက်ဖက်ရည်ရနံ့များ သင်းပျံ့သွား၏။
လီချန်လဲ့က ချီးကျူးစကား ပြောလိုက်သည်။
"ကို... ဒီလက်ဖက်ရည်က တကယ်ကောင်းတာပဲ . ကျွန်မ.နောက်ဆို တခြားလက်ဖက်ရည်တွေ သော က်ရတာကို အရသာတွေ့တော့မှာ မဟုတ်ဘူး "
လျူယောင်လည်း ပြုံးကာ ပြန်ဖြေလိုက်သည်။
"လဲ့လဲ့ကြိုက်တယ်ဆိုရင် ဒီလက်ဖက်ရည်ကိုပဲ နေ့ တိုင်းသောက်တာပေါ့"
သူ့က လက်ဖက်ခြောက်အမြောက်အမြား ပါလာ သောကြောင့် နေ့စဉ်သောက်သုံးရန် လုံလောက်ရုံသ ာမက ထိုလက်ဖက်ရည်၏ ထူးခြားသောအာနိသင် များကလည်း ရှိသေးသည်။၎င်းကို ပုံမှန်သောက်သုံး ပေးခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်စေကာ တစ်နှစ် ပတ်လုံး ဖျားနာခြင်းကင်းဝေးစေနိုင်၏။
အထူးသဖြင့် အသက်လတ်ပိုင်းအရွယ်နှင့် သက်ကြီ းရွယ်အိုများအတွက် ဆီးချိုနှင့် သွေးတိုးခြင်းကို လျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေသည့် အကျိုးကျေးဇူးများမှာ သိသာထင်ရှားလှသည်။
"ဒေါက် ဒေါက် ဒေါက် "
နှစ်ဦးသား လက်ဖက်ရည်သောက်ပြီး မကြာခင်မှာပ င် တံခါးခေါက်သံအား ကြားလိုက်ရသည်။
တံခါးအပြင်ဘက်မှ ချန်းဟူက လှမ်းပြောသံအား လျူယောင် ကြားလိုက်ရ၏။
"သူဌေး.. အပြင်မှာ ဂူမိသားစုကလို့ ပြောပြီး..လူတ စ်စု ရောက်နေပါတယ်ခဗျ.."
လျူယောင်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြော လိုက်သည်။
"သူတို့ကိုပြောလိုက်..ငါ ခဏနေရင် အဲဒီကို လာခဲ့မ ယ်လို့.."
ကြယ်ငါးပွင်ဟိုတယ် အောက်ထပ်ရှိ ဧည့်ခံခန်းထဲတွ င်မူ ဂူကျန့်ဟောက်နှင့် ဂူချီတို့ ညီအစ်ကိုနှစ်ဦးမှာ စိ တ်မသက်မသာဖြင့် စောင့်နေကြ၏။
ဂူကျန့်ဟောက်က စိတ်ထဲမှ တိုးတိုးရေရွတ်နေမိ သည်။
"ဘုရားသခင် စောင့်ရှောက်ပါစေ... ဒီဆေးလုံးကို တော့ မရရအောင်တောင်းရမယ်"
ဂူချီကလည်း သက်ပြင်းချရင်း ပြောလိုက်၏။
"ဒုတိယအစ်ကို..အစ်ကိုက အကို့သားကို လျစ်လျူ ရှုထားတာပဲ.. ဒီတစ်ခါတော့ ဒီကောင်က တော်တော် လေး ဆိုးဝါးတဲ့ ပြဿနာကို ဖန်တီးလိုက်တာပဲဗျာ.."
ဂူကျန့်ဟောက်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။
"မင်းပြောတာ မှန်ပါတယ်..အခု ငါ ဒီကောင့်ကို ပြင်း ပြင်းထန်ထန် ဆုံးမပြီး တစ်နှစ်လုံး အိမ်ပြင်မထွက်ဖို့ အမိန့်ပေးထားပြီးပြီ ဒါတင်မကသေးဘူး ယူနီဗာဆဲ လ်ကိုလည်း လူသိရှင်ကြား တောင်းပန်စာ ထုတ်ပြန် ထားပြီးပြီ.."
"ဒါတွေက အလုပ်ဖြစ်မယ်လို့ မျှော်လင့်ရတာပဲ.. ဒီ ဆေးလုံးကိုသာ မရရင် ကျွန်တော်တို့ ဖခင်ကြီးက အသက်ရှင်ဖို့ နှစ်လပဲ အချိန်ရတော့မှာ.."
ဂူချီက စိုးရိမ်တကြီး ဆက်ပြောလိုက်၏။
"ဒါနဲ့... မစ္စတာလျူက ကျွန်တော်တို့ကို တကယ်ပဲ တွေ့ခွင့်ပေးပါ့မလား.."
"ပြောရခက်တယ်... ဒါပေမဲ့ ငါတို့ညီအစ်ကိုနှစ်ယော က်လုံး ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်တာဆို တော့ တွေ့ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရတာပဲကွာ .."
နှစ်ဦးသား စိုးရိမ်တကြီး တီးတိုးဆွေးနွေးနေစဉ်မှာ ပင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည် ။ခဏအကြာတွင်မူ ချန်းဟူ ရောက်ရှိလာပြီး မစ္စတာ လျု လာနေပြီဖြစ်ကြောင်း အကြောင်းကြားကာ သူ က ဧည့်ခံခန်းထဲသို့ မဝင်တော့ဘဲ ပြန်လည်ထွက်ခွာ သွား၏။
ဂူမိသားစု ညီအစ်ကိုနှစ်ဦးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဝမ်းသာအားရ ဖြစ်သွားကြ သည်။သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အလင်းရောင်များ မြင်နေရ၏။
ဂူချီက ဝမ်းသာအားရ တိုးတိုးလေးပြောလိုက်သည် ။
"ဒုတိယအစ်ကို..ငါတို့ မျှော်လင့်ချက်ရှိသွားပြီ.. မစ္စ တာလျူက ကျွန်တော်တို့ကို တကယ်ပဲ တွေ့ခွင့် ပေး လိုက်ပြီပဲ.."
ဂူကျန့်ဟောက်ကလည်း ခေါင်းငြိမ့်ရင်း လေးလေးန က်နက် ပြန်ပြောလိုက်၏။
".နောက်ဆုံးတော့ ငါတို့ အခွင့်အရေးရပြီ. .ဒီတစ် ကြိမ် သင်ခန်းစာကို သေချာမှတ်ထားရမယ် နောင် ကို ယူနီဗာဆဲလ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ဘယ်အရာကိုမှ ငါတို့မိသားစုက လုံးဝမလုပ်မိဖို့ ငါ တို့ သတိထားရမယ်.."
ခဏအကြာတွင် လျူယောင် ရောက်လာခဲ့သည်။ သူ့ အနောက်တွင် သက်တော်စောင့် ချန်းဟူ တစ် ယောက်သာ ပါလာပြီး လီချန်လဲ့မှာမူ လိုက်ပါလာခြ င်းမရှိပေ။
ဂူညီအစ်ကိုနှစ်ဦးက ရိုရိုသေသေ နှုတ်ဆက်လိုက် ၏။
"ကျွန်တော်တို့ ရောက်လာတာကြောင့် အနှောင့်အယှ က်ဖြစ်သွားရင် ခွင့်လွှတ်ပါ မစ္စတာလျူ.."
လျူယောင်ကမူ တည်ငြိမ်အေးဆေးစွာပင် ခေါင်း ညိမ့်ပြလိုက်သည်။ဤညီအစ်ကိုနှစ်ဦးသည် ယခင် က ဖြစ်ပွားခဲ့သော သတင်းဆောင်းပါးကိစ္စများအ တွက် ဂူမိသားစုကိုယ်စား လာရောက်တောင်းပန်ခြင် း ဖြစ်မည်ဟု သူက ယူဆထား၏။
လျူယောင် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်ကို မြ င်မှသာ ဂူညီအစ်ကိုနှစ်ဦးလည်း အလိုက်သင့် ဝင်ထို င်ရဲကြသည်။ထို့နောက် ဂူကျန့်ဟောက်က စကား စ တင်ပြောလိုက်၏။
"မစ္စတာလျူ... အရင်က ပြဿနာရှာခဲ့တဲ့ ကျွန်တော့် သားမိုက်ကို ကျွန်တော် ကိုယ်တိုင် ပြင်းပြင်း ထန်ထ န် သင်ခန်းစာပေးလိုက်ပါပြီ..နောင်ကို ဒီလိုကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတ ယ် ..."
"ဒီကိစ္စတွေအတွက် ဂူမိသားစုတစ်ခုလုံးကိုယ်စား ကျွန်တော်တို့ တောင်းပန်ပါတယ်..လူသိရှင်ကြား တောင်းပန်လွှာကိုလည်း ထုတ်ပြန်ထားသလို ကျန်း ချန်မြို့ရဲ့ နေ့စဉ်သတင်းစာမှာလည်း ထည့်သွင်းဖော် ပြပေးထားပါတယ်ခင်ဗျာ..."
ဂူကျန့်ဟောက်က အားတုံ့အားနာဖြင့် ရှင်းပြနေသော် လည်း လျူယောင်၏ မျက်နှာထက်တွင်မူ မည်သ ည့် ခံစားချက်အမူအရာမျှ မပြဘဲ အေးအေးဆေး ဆေးပင် ရှိနေသည်။
ထိုလူတွေ ပြောပြီးနောက် လျူယောင်က မှတ်ချက် ပေးလိုက်၏။
"လူသိရှင်ကြား တောင်းပန်တာကတော့ ခင်ဗျားတို့ ဘက်က မဖြစ်မနေ လုပ်ရမယ့် ကိစ္စပဲလေ"
ဂူကျန့်ဟောက်က ထပ်ဖန်တလဲလဲ တောင်းပန်စကာ းပြောပြီးနောက် လာရင်းကိစ္စဘက်သို့ လမ်းကြော င်းလွှဲကာ သူ့ဖခင်ဖြစ်သူ၏ အခြေအနေအား စတင် ပြောပြလိုက်သည်။
"မစ္စတာလျူ... ကျွန်တော့်ဖခင်က ကံမကောင်းစွာနဲ့ ပဲ အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေပါပြီ.. အခြေအနေက တကယ်ကို ဆိုးရွားနေတာပါဗျာ.. ဆရာဝန်တွေကတော့ အလွန်ဆုံး နှစ်လပဲ အသက်ရှ င်နိုင်တော့မယ်လို့ ခန့်မှန်းထားကြပါတယ်.."
သူသည် ဖခင်ဖြစ်သူ၏ ဝေဒနာကို အလွန်သနားစဖွ ယ်ပုံစံဖြင့် ဖော်ပြနေသော်လည်း တစ်ဖက်တွင်မူ လျူယောင်၏ စာနာမှုကို ရရှိရန်အတွက် တမင်ဟန် ဆောင်နေခြင်းလည်း ဖြစ်၏။
ကြိုတင်စီစဉ်ထားသည့်အတိုင်းပင် အကြီးဆုံးသား ဖြစ်သူ ဂူချီကလည်း ဝင်ပြောလိုက်သည်။
"မစ္စတာလျူ... သားတစ်ယောက်အနေနဲ့ ဖခင်ရဲ့အ သက်ကို ကယ်တင်ဖို့အတွက်ဆိုရင် ခင်ဗျားရှေ့မှာ ဒူးထောက်တောင်းပန်ဖို့တောင် ဝန်မလေးပါဘူးဗျာ"
ဤညီအစ်ကိုနှစ်ဦး အိမ်တိုင်ရာရောက် လာရောက် ရသည့် တကယ့်ရည်ရွယ်ချက်မှာ တောင်းပန်ရန်ထ က် ဆေးလုံးကို ရရှိရန်ဖြစ်ကြောင်း လျူယောင် တစ် ယောက် ချက်ချင်းပင် ရိပ်မိလာ၏။
အခြေအနေကို နားလည်သွားသည့်အခါ လျူယောင် အနည်းငယ် တုံ့ဆိုင်းသွားမိသည်။အကယ်၍ ဤသို့ တောင်းပန်သူမှာ တခြားတစ်ယောက်သာဆိုလျှင် ဆေးလုံးမှာ ဈေးမကြီးလှသဖြင့် သူအလွယ်တကူ ပေးမိမှာ သေချာ၏။
သို့သော်လည်း ယခုမူ ဂူယွီပေါင်၏ စိတ်ပျက်စရာ ကောင်းလှသော အပြုအမူများကြောင့် လျူယောင် တကယ်ပင် မပေးချင်ခဲ့ပေ။
ဂူကျန့်ဟောက်က အတင်းတောင်းဆိုနေ၏။
"မစ္စတာလျူ... ကျေးဇူးပြုပြီး ကျွန်တော်တို့ မိသား စုထဲက လူမိုက်အချို့ရဲ့ အမှားတွေကို ခွင့်လွှတ်ပေး ပါဦးဗျာ..ကျွန်တော် အနူးအညွတ် တောင်းပန်ပါတ ယ်"
ဂူချီကလည်း အားကိုးတကြီး ဝင်ပြောလိုက်သည်။
"ဟုတ်ပါတယ် မစ္စတာလျူ... ကျွန်တော်တို့က ဈေး နှုန်းဘယ်လောက်ပဲရှိရှိ ပေးနိုင်ပါတယ်ခင်ဗျာ.."
လျူယောင်က ညီအစ်ကိုနှစ်ဦးကို အကဲခတ်သလို ကြည့်လိုက်ပြီးနောက် အပြတ်ပြောလိုက်၏။
"ကောင်းပြီလေ... ခင်ဗျားတို့ ဝယ်နိုင်တယ်ဆိုရင် တော့ တစ်ဘီလီယံ ပေးရမယ်.. ဈေးဆစ်လို့ မရဘူး နော်.."
"ဗျာ... ဘယ်လို.."
ညီအစ်ကိုနှစ်ဦးလုံး ဆွံ့အသွားကြပြီး အချိန်အတေ ာ် ကြာမှ သတိပြန်ဝင်လာကြသည်။ဂူကျန့်ဟောက် က မယုံကြည်နိုင်သည့် ပုံစံဖြင့် ပြောလိုက်၏။
"မစ္စတာလျူ... ဒီဈေးနှုန်းက အရမ်းမများလွန်းဘူး လားခင်ဗျာ..တစ်ဘီလီယံ ဆိုတာ နည်းတဲ့ပမာဏမှ မဟုတ်တာ.."
လျူယောင်က လေသံခပ်မာမာဖြင့်ပင် တုံ့ပြန်လိုက် သည်။
"ကျွန်တော် ပြောပြီးသားလေ... ဈေးမဆစ်ပါနဲ့လို့ တစ်ဘီလီယံ အပြတ်ပဲ..ဈေးကြီးတယ်လို့ ထင်ရင် လည်း ခဗျားတို့ မဝယ်ဘဲ နေနိုင်ပါတယ်. ကျွန်တော့် ဘက်ကတော့ ဘာမှ မဖြစ်ပါဘူး."
သူ့အနေဖြင့် စီးပွားရေးလုပ်ရာတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုကိုသာ အဓိကထားပြီး အနိုင်ကျင့်ခြ င်း သို့မဟုတ် အတင်းအကျပ် ရောင်းချခြင်းမျိုးကို ဘယ်သောအခါမှ မလုပ်လိုပေ။
"တစ်ဘီလီယံတောင်လား..မစ္စတာလျူရယ်.."
"အရမ်း များလွန်းတာပဲဗျာ.."
ကြွယ်ဝချမ်းသာလှသော ဂူမိသားစုအတွက်ပင် ဤ ပမာဏမှာ များပြားလွန်းသည်ဟု ခံစားနေရသည်။ ဂူကျန့်ဟောက်က မျက်နှာပျက်ပျက်ဖြင့် ငြင်းဆန် ရန် ကြိုးစားလိုက်၏။
"ဒီဈေးနှုန်းက တကယ်ကို များလွန်းပါတယ် မစ္စတာ လျူ..ကျွန်တော်တို့ တတ်နိုင်မယ်မထင်ဘူး"
လျူယောင်က ဆိုဖာပေါ်မှ ထရပ်လိုက်ကာ အေးစ က်စွာ ပြန်ပြောလိုက်သည်။
"ဒါဆိုရင်လည်း ကျွန်တော်တို့ တစ်ယောက်နဲ့တစ် ယောက် အချိန်ဖြုန်းမနေကြရအောင်ဗျာ.."
ထိုစဉ် ဂူချီက လျူယောင်ကို အမြန်ပင် လှမ်းတား လိုက်၏။သူသည် ဂူမိသားစု၏ တရားဝင်ဦး ဆောင် သူ မဟုတ်သော်လည်း ညီအစ်ကိုသုံးယောက်တွင် အကြီးဆုံးဖြစ်သည့်အလျောက် ဆုံးဖြတ်ချက်ကို ခို င်ခိုင်မာမာ ချလိုက်သည်။
"မစ္စတာလျူ... ခဏလောက် စောင့်ပါဦးဗျာ..တစ် ဘီလီယံနဲ့ပဲ ကျွန်တော်တို့ ဝယ်ပါ့မယ်.."
လျူယောင်က ဆိုဖာပေါ်တွင် ပြန်လည်ထိုင်လိုက်ပြီး ပုကျူံးယီချီ ဆေးလုံးတစ်လုံးကို ထုတ်ပေး၍ ပြော လိုက်၏။
"ဒီဆေးတစ်လုံးဆိုရင်ပဲ ထိရောက်မှုရှိပါတယ်.. တ စ်လုံးဆိုရင် လုံလောက်ပါပြီ.. ဆေးလုံးကို ခဗျားတို့ အရင်ယူသွားလို့ရတယ်..ဒါပေမဲ့ ၂၄ နာရီအတွင်း တစ်ဘီလီယံကို ကျွန်တော့်ရဲ့ ပုဂ္ဂလိက ဘဏ်အကေ ာင့်ထဲကို အရောက်လွှဲပေးပါ.."
ပြောပြီးနောက် လျူယောင်သည် သူ၏ ဘဏ်ကဒ် ကို ထုတ်ကာ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
ဂူချီသည် ရတနာတစ်ပါးကို ရလိုက်သကဲ့သို့ ဆေး လုံးကို လျင်မြန်စွာ သိမ်းလိုက်၏။ထို့နောက် ဘဏ် ကဒ်ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူပြီးနောက် လျူယော င်ထံသို့ လက်နှစ်ဖက်ဖြင့် ပြန်ပေးလိုက်သည်။
ဘဏ်ကဒ်ကို အိတ်ထဲသို့ ပြန်သိမ်းလိုက်ရင်း လျူ ယောင်က ဂူကျန့်ဟောက်ကို စူးစူးစိုက်စိုက် ကြည့် ကာ ပြောလိုက်၏။
"ဒါနဲ့... ခင်ဗျားက ဘထ္ထရီနယ်ပယ်ထဲကို ဝင်ချင်နေ တယ်လို့ ကျွန်တော် ကြားတယ်..အဲဒီစိတ်ကူးကို လ က်လျှော့လိုက်ဖို့ပဲ ကျွန်တော် အကြံပေးချင်တယ်.."
ဂူကျန့်ဟောက် တစ်ယောက် ဆွံ့အကာ အံ့အားသင့် သွားရသည်။
အမှန်စင်စစ် ဤနယ်ပယ်သို့ ဂူမိသားစု ဝင်ရောက်ခွ င့် ရ၊မရ ဆိုသည်မှာ လျူယောင်၏ ဆုံးဖြတ်ချက် အပေါ်၌သာ လုံးဝမူတည်နေ ခြင်းဖြစ်၏။လျူယော င်၏ လေသံမှာ တည်ငြိမ်အေးဆေးနေသော်လည်း ထိုစကားလုံးများထဲ၌ ငြင်းပယ်၍မရသော အာဏာ နှင့် မာန်မာနတို့ ပါဝင်နေသည်။
ဤသည်မှာ "မင်းတို့ကို ဒီနယ်ပယ်ထဲ ဝင်ခွင့်မပြုနိုင် ဘူး"ဟူ၍ တိုက်ရိုက် အမိန့်ပေးလိုက်ခြင်းပင် ဖြစ် ၏။
စကားဆုံးသည်နှင့် လျူယောင်သည် နောက်သို့ တ စ်ချက်ကလေးမျှ လှည့်မကြည့်တော့ဘဲ အခန်းပြင် သို့ ကျောခိုင်းကာ ထွက်လာခဲ့သည်။ဆေးလုံးကို အ ရင်ပေးလိုက်သဖြင့် ဂူမိသားစုက ပိုက်ဆံမပေးဘဲ နေမည်ကိုမူ သူက အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပေ။
အကယ်၍သာ သူတို့ဘက်က ပိုက်ဆံမပေးရဲလျှင် ထိုသူတို့မှာ တကယ်ပင် မိုက်မဲရာကျပေလိမ့်မည်။
လျူယောင်တွင် သူတို့ကို ကိုင်တွယ်ရန် နည်းလမ်း ပေါင်း တစ်ရာမက ရှိနေပြီး နောက်ဆုံးတွင် သူတို့ ဘက်က နာခံစွာဖြင့် ပေးရမည်သာဖြစ်၏။ထိုအချိ န်ကျလျှင် ထိုလူတွေက သူ ယခုသတ်မှတ်ထားသော တစ်ဘီလီယံထက် ဆယ်ဆမက ပေးရပေလိမ့်မည်။
လျူယောင် ထွက်သွားသည့်တိုင်အောင် ဂူကျန့်ဟော က်မှာ နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ မှင်သက်ကာ ကျန်ရစ်ခဲ့၏။