ဖန်းဘိုယန်ကို ခေါင်းဖြတ်ခြင်း
Vol. 70 Ch. 691
ဖန်းဘိုယန်၏ မျက်လုံးများတွင် နောက်ဆုံး၌ ကြမ်းကြုတ်သောအငွေ့အသက်များ ပေါ်ထွက်လာပြီး၊ယန်ချုံကျန်းနှင့် စကားပြောစဉ်က ရှိခဲ့သော တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။
ဆိုရိုးစကားရှိသည်မဟုတ်ပါလော မြွေကိုက်ခံရဖူးသူသည် ကြိုးကိုမြင်လျှင်ပင် ဆယ်နှစ်တိုင်တိုင် လန့်နေတတ်သည်ဟူ၍ပင်။
ဤတစ်ကြိမ်တွင် သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်အစစ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သော်လည်း၊ သူသည် သံကြိုးခတ်ထားသော တာအိုလက်နက်ကို စိတ်အလိုအလျောက်ဆင့်ခေါ်ခြင်း မပြုခဲ့ပေ။
သူ၏ မျက်နှာမှာ ကြမ်းကြုတ်မှုများဖြင့် တွန့်လိမ်သွားပြီး၊ အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
"ဘာဖြစ်လဲကွ။"
ရှန်းယီသည် ကျောက်စိမ်းပြားကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး၊အနည်းငယ် အကျင့်မရသလိုဖြစ်ကာ ဘယ်ဘက်လက်ဖြင့်ညင်သာစွာ ဖိနှိပ်လိုက်ရင်း၊ ပြိုင်ဘက်ကို ဤနည်းဖြင့် တုံ့ပြန်လိုက်လေသည်။
ပြီးပြည့်စုံခြင်းအဆင့်ရှိ ရှန်းယွဲ့ပညာရပ်စွမ်းရည်သည် ပြင်းထန်စွာ ထွက်ပေါ်လာလေ၏။
ဖန်းဘိုယန်၏ မျက်နှာပေါ်တွင် တုံ့ပြန်မှုတစ်စုံတစ်ရာ မပေါ်လာမီမှာပင်၊ တောင်ပံကျိုးသွားသော ငှက်တစ်ကောင်ကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ထက်မှ ပြင်းထန်စွာ ပြုတ်ကျလာပြီး ရေပြင်ဆီသို့ အသံကျယ်လောင်စွာဖြင့် ရိုက်ခတ်သွားလေတော့သည်။
တစ်ဖက်လူတွင် ဤကဲ့သို့ ထူးဆန်းသော လှည့်ကွက်မျိုး ရှိနေလိမ့်မည်ဟု သူ ကြိုတင် မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
အချိန်အတန်ကြာသည်အထိ သူသည် ရေနက်ပိုင်းတွင် ရူးသွပ်စွာရုန်းကန်နေခဲ့ရ၏။ နှုတ်ခမ်းကို ငါးမျှားချိတ်ဖြင့် ချိတ်ခံထားရသော ငါးဖြူကြီးတစ်ကောင်ကဲ့သို့ လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ရန်ပင် အနိုင်နိုင်ဖြစ်နေပြီး၊ သူ၏ လက်ချောင်းများမှာ နောက်ဆုံးကောက်ရိုးတစ်မျှင်ဖမ်းဆုပ်ထားသည့်အလား ရုတ်တရက် တင်းကျပ်သွားလေသည်။
ကောင်းကင်ထက်ရှိ တောင်နှင့် မြစ်များပန်းချီကားလိပ်ထဲမှနေ၍၊ သွေးနီရောင် မိုးကြိုးများ ဖုံးလွှမ်းနေသော ကျောက်စိမ်းပေတံတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။
ချက်ချင်းဆိုသလိုပင် အရိုင်းဆန်သော မိုးကြိုးများ ကခုန်သွားပြီး၊ ကောင်းကင်တစ်ခုလုံးကို အရောင်အဆင်းများပြောင်းလဲသွားစေကာ လင်းထိန်သွားစေလေ၏။
တာအိုလက်နက် မှတ်တမ်းမှ နံပါတ် သုံးဆယ့်ကိုး ကောင်းကင်ဘုံမူလပုံရိပ်ယောင်မိုးကြိုး ပေတံပင် ဖြစ်ပေသည်။
ယခင်အကြိမ်နှင့် မတူဘဲ၊ ဤတစ်ကြိမ်တွင်မူ ၎င်းသည် လောကကြီးရှေ့မှောက်သို့ ၎င်း၏ အင်အားအပြည့်အဝဖြင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်လေ၏။
ရေထဲသို့ ထိုးဆင်းသွားသော နဂါးနီတစ်ကောင်ကဲ့သို့၊ ၎င်းသည် ရေပြင်တစ်ခုလုံးကို ခွဲခြမ်းပစ်လိုက်သည့်အလားဆူညံသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်သွားစေသည်။
"အခု ငါ့အလှည့်ပဲ"
နောက်ဆုံးတွင် ၎င်းကို လက်ထဲ၌ သေချာစွာ ဆုပ်ကိုင်မိသွားသောအခါ၊ ဖန်းဘိုယန်သည် တည်ငြိမ်မှုများ ရုတ်တရက်တိုးပွားလာသည်ကို ခံစားလိုက်ရပြီး၊ သူ၏ ခန္ဓာကိုယ်ထက်ရှိ မမြင်ရသောတောင်တန်းများ၏ အစိတ်အပိုင်းအချို့ကို ရိုက်ချိုးလိုက်ကာ ဟိန်းဟောက်လိုက်လေသည်။
ထို့နောက် ရေပြင်ဆီသို့ လျင်မြန်စွာ ပျံသန်းတက်လာလေတော့သည်။
သူ ရေထဲမှ ထွက်ခွာလိုက်သည့်အချိန်တွင်၊ သူ တွေးထင်ထားသကဲ့သို့ တောင်နှင့် မြှစ်များပန်းချီကားလိပ်ဆီသို့ ပြန်လည်ရောက်ရှိမသွားခဲ့ပေ။
သားရေဖိနပ်တစ်ရံသည် သူ၏ ပခုံးပေါ်သို့ ညင်သာစွာ ကျဆင်းလာ၏။ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသောထိုပုံရိပ်သည် အပေါ်ယံကြည့်လျှင် သွယ်လျနေပုံရသော်လည်း၊ ၎င်း၏ ခြေဖဝါးဖိအားအောက်တွင်မူ၊ ဖန်းဘိုယန်သည် ယခင်ကထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ခံစားလိုက်ရလေသည်။
သူ၏ ခန္ဓာကိုယ်အထက်ပိုင်း တစ်ခုလုံးသည် ရေထဲသို့ နစ်မြုပ်သွားပြီး၊ မည်မျှပင် ရုန်းကန်နေပါစေ လက်တစ်ဆစ်မျှပင် ရုန်းထွက်နိုင်ခြင်း မရှိခဲ့ချေ။
သူသည် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ရာ၊ ရှန်းယီ၏ အေးစက်ပြီး ဂရုမစိုက်သော အကြည့်နှင့် ဆုံတွေ့လိုက်ရ၏။ ထိုချောမောသော မျက်နှာသည် အနည်းငယ်ပျင်းရိနေပုံရပြီး သူ့ကို သေချာစွာ ကြည့်ရန်ပင် စိတ်ကူးမရှိပုံပေါ်လေသည်။
"သွားတော့။"
ရှန်းယီသည် အခြား ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး အန်းယီထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်လေ၏။
ဖန်းဘိုယန်၏ မရေရာသော အကြည့်အောက်တွင်ပင်၊မည်သည့် အသက်ရှူသံမျှမရှိသော ထိုမိန်းကလေးသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။
ထိုအခိုက်အတန့်၌ ထွက်ပေါ်လာသောစွမ်းအင် အတက်အကျကြောင့်ပင် သူ၏ မျက်နှာတစ်ခုလုံး တွန့်လိမ်သွားရပြီး သူ၏ ကိုယ်ပိုင်အာရုံခံစားမှုများကိုပင် အလွန်အမင်းသံသယဝင်သွားစေခဲ့လေ၏။
ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ။
"ငါ့ရှေ့က ဖယ်စမ်း"
အကြောက်တရားနှင့်အတူ ဖန်းဘိုယန်သည် ဟိန်းဟောက်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရိပ်ဆီသို့ မူလပုံရိပ်ယောင်မိုးကြိုးပေတံဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
သို့သော်လည်း သူ၏ မျက်လုံးထောင့်မှနေ၍၊ ရှန်းယီ၏ ယခင်က ဗလာဖြစ်နေသော ဘယ်ဘက်လက်ထဲတွင် ရွှေရောင်သင်္ကေတများပါရှိသည့် ဖြောင့်တန်းသော ဓားနပ်တစ်လက် ရုတ်တရက် ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။
ဓားသွားသည် ပေါ့ပေါ့ပါးပါးပင် ဖြတ်သန်းသွားလေ၏။ နက်မှောင်သော ရွှေရောင်အလင်းတန်းမှာ အနီရောင်မိုးကြိုးများထဲသို့ ဖြတ်တောက်ဝင်ရောက်သွားပြီး၊ သွယ်လျသောသွေးရောင်ကြိုးများများအားဖောက်ထွင်းကာ ကျောက်စိမ်းပေတံနှင့် ထိခတ်သွားလေသည်။
ဂျွတ်
အခြေအနေပြောင်းလဲသွားရန် မည်သည့်အခွင့်အရေးမျှ မရှိတော့ချေ။ သံမဏိစစ်စစ်ဖြင့် ကျောက်စိမ်းတုံးကို ထုရိုက်လိုက်သကဲ့သို့ပင်။
ကျောက်စိမ်းပေတံသည် အသက်တစ်ခါရှူစာမျှပင် မခံလိုက်ရဘဲမရေမတွက်နိုင်သော ကျောက်စိမ်းအပိုင်းအစများအဖြစ် လုံးလုံးလျားလျားကွဲကြေသွားလေတော့သည်။
ရှည်လျားသော ဓားသည် ဖန်းဘိုယန်၏ နုနယ်သောလည်ပင်းကို ရက်စက်စွာ ထိုးဖောက်သွားလေစ။
ဖြန်း
အသက်ရှင်လျက်ရှိသော ခေါင်းတစ်လုံးသည် ထိုအတိုင်းပင် လွင့်စဉ်ထွက်သွားလေတော့သည်။
"..."
ရှန်းယီသည် သူ၏ လက်ချောင်းထိပ်များပေါ်ရှိ နွေးထွေးသောသွေးကွက်များကို အနည်းငယ် ခံစားလိုက်ရသော်လည်း၊ သူ၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ရှည်လျားသောဓားကို ပေါ့ပေါ့ပါးပါးပင် ပြန်လည် သိမ်းဆည်းလိုက်လေ၏။
ထိုအချိန်မှာပင်၊ အထက်ရှိ တောင်နှင့် မြှစ်များ ပန်းချီကားလိပ်သည် ရုတ်တရက်ဆင်းသက်လာပြီး၊ သူ၏မျက်စိရှေ့တွင်ပင် မကျေမချမ်းဖြစ်နေသော မျက်လုံးများနှင့် သေဆုံးသွားသည့် ခေါင်းကို ယူဆောင်သွားလေသည်။
ရှန်းယီ လှည့်ကြည့်လိုက်၏။
ပန်းချီလိပ်ထဲရှိ တာအိုဆရာတစ်ဦးသည် သူ၏ ကိုယ်ပိုင်ခေါင်းကို တုံဆိုင်းခြင်းမရှိ လိမ်ချိုးပစ်ပြီး၊ ဖန်းဘိုယန်၏ ခေါင်းကို သူ၏လည်ပင်းဖြင့် ပေါင်းစပ်လိုက်သည်ကို သူ မြင်လိုက်ရသည်။
နောက်တစ်ခဏတွင် ဖန်းဘိုယန်သည် အဘိုးအို တာအိုဆရာ၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည် အသက်ရှင်လာပုံရပြီး၊ သူ၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်မှုများအပြည့်ဖြင့် လမ်းမများနှင့် လမ်းကြားများတစ်လျှောက် ရူးသွပ်စွာ စတင်ထွက်ပြေးလေတော့သည်။
တစ်ချိန်တည်းမှာပင် တောင်းနှင့် မြှစ်များ ပန်းချီကားလိပ် တစ်ခုလုံးသည် အနန္တတာအိုအင်ပါယာနန်းတော်ထဲသို့ လျင်မြန်စွာ ရုပ်သိမ်းသွားလေ၏။
"ကျွတ်..."
ရှန်းယီသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး၊ မြောက်ပိုင်းဟုန်မှ ကျင့်ကြံသူများ အဘယ်ကြောင့် ဤမျှမောက်မာနေခဲ့ကြသည်ကို နောက်ဆုံးတွင် နားလည်သွား၏။
တာအိုလက်နက်များထက် ကျော်လွန်၍ ဤနည်းလမ်းများမှာ မသေမျိုးန်ယာမ မဟုတ်လျှင်ပင် အလွန် အံ့မခန်းဖွယ် ကောင်းလှပေသည်။
သူသည် အကြည့်ကို လွှဲလိုက်ပြီး၊ သူ၏ ခါးနားရှိ လက်ချောင်းထိပ်များကို ခေါက်လိုက်လေ၏။
ထိုနေရာတွင် သေသပ်စွာပြုလုပ်ထားသော ကျောက်စိမ်းဆွဲကြိုးတစ်ခု ချိတ်ဆွဲထားပြီး၊ ယင်နှင့်ယန် ငါးနှစ်ကောင်ရစ်ပတ်နေသကဲ့သို့ အနက်နှင့် အဖြူရောင် လျှို့ဝှက်ဆန်းကြယ်စွာ ရောယှက်နေမှုကို ပြသနေလေသည်။
ကျောက်စိမ်းဆွဲကြိုး ယိမ်းနွဲ့သွားသော အခိုက်အတန့်တွင်ပင်၊ ကျားဟိန်းသံတစ်ခုသည် မြင်သာသောလှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားပြီး တောင်နှင့် မြစ်များပန်းချီကားလိပ်တစ်ခုလုံးကို ဖောက်ထွင်းသွားလေ၏။
မိုးမြေ၏ အငွေ့အသက်များ လွှမ်းခြုံနေသော ဤပန်းချီလိပ်သည်၊ ကျားဟိန်းသံ၏ ထိုးဖောက်မှုကို ခံလိုက်ရသောအခါ အစစ်အမှန်ပန်းချီကားတစ်ချပ်အဖြစ်သို့ ပြောင်းလဲသွားပြီး၊ မီးတောက်များ၏ ဝါးမျိုခြင်းကိုခံရကာ သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ပျော်ဝင် ပျောက်ကွယ်သွားလေတော့သည်။
အဘိုးအို တာအိုဆရာသည် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားရင်း ငိုကြွေးမြည်တမ်းလိုက်ပြီး၊ ချက်ချင်းပင် ဝါးမျိုခံလိုက်ရလေ၏။
ခေါင်းသည် နောက်တစ်ကြိမ် ပြုတ်ကျလာပြန်သည်။
၎င်းသည် သွယ်လျသောလက်ဝါးများကြားသို့ ဆုပ်ကိုင်ခံလိုက်ရပြီးနောက်၊ ယခုအခါ အက်ကွဲသည့်ရှိုက်သံများနှင့် ဖန်းဘိုယန်၏ အသံက အော်ဟစ်လိုက်လေသည်။
"ငါ အရှုံးပေးပါပြီ၊ ငါ အရှုံးပေးပါပြီ တာအိုရောင်းရင်း... ငါ့အသက်ကို ချမ်းသာပေးပါ"
သို့
သော်လည်း သူ၏ မျက်ရည်များဖြင့် ဝေဝါးနေသောအမြင်အာရုံထဲတွင်မူ၊ ရှန်းယီ၏ ဖြူဖျော့သောမျက်နှာပေါ်ရှိအမူအရာမှာ ယခင်ကအတိုင်းပင် ဖြစ်နေခဲ့သည်။
တူညီသောတည်ငြိမ်မှု၊ ပြတ်သားမှုတို့နှင့်အတူပင်။
သူ၏ လက်ချောင်းများ ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်နှင့် နုနယ်သောခေါင်းသည် ကျယ်လောင်သောအသံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားလေတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားလေ၏။
ရှန်းယီသည် သူ၏ လက်ဝါးကိုစွမ်းအင်ဖြင့် သန့်စင်လိုက်ပြီး၊ ဖန်းဘိုယန်၏ ရုပ်အလောင်းကို သိမ်းဆည်းလိုက်လေသည်။
ထို့နောက် ယန်ချုံကျန်းအပေါ်တွင် ချထားသော ထျန်းယန် ၄၉ ကို ရုပ်သိမ်းလိုက်လေ၏။
အန်းယီသည်လည်း မည်သည့်အချိန်ကမှန်း မသိလိုက်ရဘဲ၊သူ၏ဘေးသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ ကျောက်စိမ်းပြားကို ကမ်းပေးလိုက်လေသည်။
ရှန်းယီသည် အလွန်အမင်းအံ့အားသင့်နေသော တာအိုကလေးငယ် ယန်၏ ဘေးမှ ဖြတ်သွားရင်း၊ သူ၏ လက်ထဲသို့ ကျောက်စိမ်းပြားနှစ်ခုကို ထည့်ပေးကာနူးညံ့စွာ ပြောလိုက်သည်။
"တာအိုကလေးငယ် ပင်ပန်းသွားပြီ။ ကျုပ်မှာ တခြားလုပ်စရာကိစ္စတွေ ရှိသေးလို့ သွားခွင့်ပြုပါဦး။"
စကားဆုံးသည်နှင့်၊ ရှန်းယီသည် လှည့်ကာ ရှည်လျားသော ခရမ်းဖြူရောင်သက်တံ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။
"ဂလု။"
ယန်ချုံကျန်းသည် ထျန်းယန် ၄၉ ကို ဖော်ထုတ်ရန် တွေးတောနေမှုများထဲမှမနည်းရုန်းထွက်ကာ ထိုနေရာတွင် ငေးမောစွာရပ်နေခဲ့၏။
သူ၏ မျက်လုံးထောင့်မှ အနည်းငယ်မည်းမှောင်နေသေးသောရေပြင်ကို မြင်လိုက်ရသည့် အချိန်ကျမှသာ၊တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ကောင်းကင်ဆီသို့ ထိတ်လန့်တကြား မော့ကြည့်လိုက်လေသည်။
အနန္တတာအိုအင်ပါယာနန်းတော်၏ အရိပ်အယောင်မျှပင်မတွေ့ရတော့ဘဲ၊ကြည်လင်ပြာလဲ့နေသော ကောင်းကင်ကြီးကိုသာ သူ မြင်တွေ့လိုက်ရလေ၏။
"သခင်လေး ရှန်း..."
ယန်ချုံကျန်းသည် သူ၏ နှလုံးခုန်နှုန်းများ ရုတ်တရက် ပိုပိုပြီးမြန်ဆန်လာကာ ဂနာမငြိမ်
ဖြစ်လာသည်အထိ ခံစားလိုက်ရလေသည်။
ပင်ကိုယ်ဗီဇအရပင် သူသည် လက်ထဲရှိကျောက်စိမ်းပြားကိုမြှောက်လိုက်ပြီး သူ၏ နတ်ဝိညာဉ်ကို ထိုအထဲသို့ စိုးရိမ်တကြီး ထည့်သွင်းလိုက်၏။ ထိုအထဲရှိ အကြောင်းအရာများကို ရှင်းလင်းစွာ သိလိုက်ရသောအခါ၊ သူ၏ အကြည့်များမှာ ပို၍ပင်ဗလာသွားလေတော့သည်။
ပထမ ကျောက်စိမ်းပြားထဲတွင် သူ အချိန်ကြာမြင့်စွာတောင့်တခဲ့ရသော အရာတစ်ခု ရှိနေလေ၏။ ထိုအရာကား ရှန်းယွဲ့ပညာရပ်၏ ပြီးပြည့်စုံသော မှတ်တမ်းပင်။
ဒုတိယ ကျောက်စိမ်းပြားနှင့် ပတ်သက်၍မူ၊ ၎င်းမှ ယူဆောင်လာသောတုန်လှုပ်မှုသည် ပထမတစ်ခုထက် အနည်းငယ်မျှလျော့နည်းခြင်း မရှိပေ။
၎င်းတွင် ရိုးရှင်းသော ပုံရိပ်တစ်ခု ပါဝင်နေလေ၏။
ရွှေရောင်သင်္ကေတ နက်မှောင်သောဓားတစ်လက်သည် ကောင်းကင်ဘုံမူလပုံရပ်ယောင်မိုးကြိုး ပေတံကို အားစိုက်ထုတ်စရာမလိုဘဲ လွယ်ကူစွာ ရိုက်ချိုးပစ်လိုက်သည်။
ပဲပြားတစ်တုံးကို ချေမွလိုက်သကဲ့သို့ လွယ်ကူနေခဲ့ပြီး၊ထို့နောက် ဖန်းဘိုယန်၏ ခေါင်းကို လျင်မြန်ပြတ်သားစွာဖြင့် ပိုင်းဖြတ်လိုက်လေ၏။
ဤကျောက်စိမ်းပြား၏ အကြောင်းအရာသည် တိုက်ခိုက်သူ၏ မျက်နှာကို ဖမ်းယူထားနိုင်ခြင်း မရှိသော်လည်း၊ အရာများစွာကို သက်သေပြရန်အတွက် လုံလောက်နေပေသည်။
ဥပမာအားဖြင့် ဤအစွမ်းထက်သော တာအိုလက်ဋက်သည် ပန်ရှန်းဂိုဏ်းနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းသေချာစေခြင်းပင်။
အကွာအဝေး ဤမျှဝေးကွာနေသည့်တိုင် ဖန်းဘိုယန်သည် ပြန်လည်တိုက်ခိုက်ရန်ပင် အင်အားကင်းမဲ့နေခဲ့ပြီး၊ ပန်ရှန်းဂိုဏ်းသည် တိုက်ခိုက်သူနှင့် ပတ်သက်သော အချက်အလက်အချို့ကိုမှတ်တမ်းတင်ရန်သာ တတ်နိုင်ခဲ့လေ၏။
လိုအပ်ချက်များစွာရှိနေသေးသော်လည်း၊မျက်တောင်တစ်ခတ်အတွင်း၌ ဤသည်မှာ သခင်လေးရှန်း... တာအိုရောင်းရရင်း၏ စွမ်းဆောင်နိုင်သည့် အကန့်အသတ်တစ်ခု ဖြစ်နေနိုင်လေပြီ။
ကျောက်စိမ်းပြားနှစ်ခုကို ကိုင်ထားသော ယန်ချုံကျန်းသည် ထိုနေရာတွင်ပင် အမြစ်တွယ်နေသကဲ့သို့ရပ်နေပြီး၊ ခေတ္တမျှစကားလုံးများ ပျောက်ရှနေခဲ့လေ၏။
တာအိုရောင်းရင်း ရှန်း ကဲ့သို့သော ကောင်းကင်ဘုံမှစေလွှတ်လိုက်သည့် ပါရမီရှင်တစ်ဦးကို မည်သို့သောကြောက်မက်ဖွယ်ကောင်းသည့် အင်အားစုမျိုးက လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ဆိုသည်ကို သူ စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေလေသည်။
သို့တိုင်အောင် အသေးစိတ်ကျကျ လိမ္မာပါးနပ်လှ၏။
တစ်ဖက်လူသည် သူ၏ လုပ်ရပ်များတွင် အေးစက်ပြီးရက်စက်ပုံရသော်လည်း၊ ယန်ချုံကျန်း တွေ့ဖူးသမျှလူအားလုံးထက်ပေါင်းသင်းဆက်ဆံရန် ပို၍ ထိုက်တန်သူ ဖြစ်ပေသည်။
ပန်ရှန်းဂိုဏ်း၏ တာအိုကလေးငယ်သည် မိုးကုတ်စက်ဝိုင်းဆီသို့ ငေးကြောင်စွာလှမ်းကြည့်နေလေ၏။
သူ ချမှတ်ခဲ့သော နောက်ဆုံးဆုံးဖြတ်ချက်သည် သူ၏ ဆရာဖြစ်သူ မျှော်မှန်းထားခဲ့သည်ထက်ပင် ပို၍ မှန်ကန်သွားနိုင်ပေသည်။