← Chapters

အခန်း (၂၃၁၅-၂၃၁၆)

Vol. 166 Ch. 2315-2316

အခန်း (၂၃၁၅-၂၃၁၆)

Vol. 166 Ch. 2315-2316

အပိုင်း(၂၃၁၅)

"သူက အပြစ်ဒဏ်ကို အပြည့်အဝ ခုခံနိုင်ခဲ့ပြီ..."

အီမန်တက်က အထွတ်အထိပ်သူတော်စင် တစ်ဦး၏ ဂုဏ်သိက္ခာများကို မေ့လျော့ကာ ပရိသတ်တစ်ဦးကဲ့သို့ အော်ဟစ်လိုက်မိသည်။ ထရီလီယံပေါင်းများစွာသော လူများထံသို့ ထုတ်လွှင့်ပြသနေဆဲဖြစ်ရာ မရေမတွက်နိုင်သော လူများမှာ သူမ၏ အသံကို အံ့ဩတကြီး ကြားလိုက်ကြရသည်။ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများမှာ ပြည့်စုံခြင်း ဟူသော စကားလုံး၏ အရေးကြီးပုံကို အနည်းငယ်သာ ရိပ်မိကြသော်လည်း အထွတ်အထိပ်သူတော်စင်များကမူ ၎င်း၏ အဓိပ္ပာယ်ကို ကောင်းစွာ နားလည်ကြသည်။

စုရီ၏ နောက်ဆုံးဓားပညာရပ်သည် ကောင်းကင်ငယ် တမန်တော် အဆင့်၏ အထွတ်အထိပ်စံနှုန်းနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ ၎င်းမှာ ရှေးကျသော စံနှုန်းတစ်ခု ဖြစ်နေစေကာမူ လျှို့ဝှက်အရှင် မျှသာဖြစ်သော ကျင့်ကြံသူတစ်ဦးက ဤကဲ့သို့သော အောင်မြင်မှုကို ရရှိခဲ့ခြင်းမှာ မယုံနိုင်လောက်အောင်ပင်။ လုံးဝကို မယုံနိုင်စရာပင်...။

ဂလက်ဆီတစ်ခုလုံးတွင် အံ့ဩချီးကျူးသံများ ပဲ့တင်ထပ်သွားသည်။ ယွီပေါင်ယွဲ့ အပါအဝင် ပစ်မှတ်ထားခံရသော မဟာမိတ်များမှာလည်း ဝမ်းသာအားရ အော်ဟစ်အောင်ပွဲခံကြတော့သည်။

"သူ လုပ်နိုင်ခဲ့ပြီ..."

ယွီပေါင်ယွဲ့၏ အလှမှာ မျှော်လင့်ချက်များ ပြည့်ဝသွားသော မျက်ဝန်းများကြောင့် နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားသကဲ့သို့ပင်။ သူမ၏ ယုံကြည်မှုများ အားလုံး ပြန်လည်ရရှိလာပြီး စုရီသည် ယနေ့ခေတ်၏ စစ်မှန်သော ကျင့်ကြံသူနှင့် ဓားသမားတစ်ဦးဖြစ်ကြောင်း ခံစားလိုက်ရသည်။

စုရီ၏ ဓားရိုးကို ဆုပ်ကိုင်ထားသော လက်မှာ ပိုမိုမြဲမြံလာသည်။ သူ၏ လက်ချောင်းများမှာ အနည်းငယ် တုန်ယင်နေသည်။ သူသည် အချိန်နှင့် အာကာသကို ဖြတ်သန်း၍ ကောင်းကင် တရားသူကြီးကိုပင် ပြန်လည် စိုက်ကြည့်နေသည့်အလား အမှောင်ဟင်းလင်းပြင်ကို ကြည့်နေသည်။

"တစ်ခုခုတော့ မှားနေပြီ..."

သခင်လေးရှန့်က တိုးတိုးလေး ရေရွတ်လိုက်သည်။ ချောင်စွေ့ဖုန်းက သူ့ကို လှည့်ကြည့်လိုက်၏။

ဝေ့ဝူယင်မှာမူ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ မည်သည့်အချိန်က နှပ်ထားသည်မသိသော်လည်း လက်ဖက်ရည်မှာ အငွေ့တထောင်းထောင်းနှင့် မွှေးကြိုင်နေဆဲပင်။ သူသည် ကောင်းကင်ဘုံ နတ်မျက်လုံးများကို အစွမ်းကုန် အသုံးချ၍ စောင့်ကြည့်နေသည်။

"မလုံလောက်သေးဘူးလား..."

...

"ဘာကို ဆိုလိုတာလဲ..."

ချောင်စွေ့ဖုန်းက သခင်လေးရှန့်ကို မေးလိုက်ရာ အခန်းထဲရှိ ဝေ့စီနှင့် အခြားအမျိုးသမီးများ၏ အာရုံစိုက်မှုကိုပါ ရရှိသွားသည်။ သခင်လေးရှန့်က အတိတ်က မှတ်ဉာဏ်တစ်ခုကို ပြန်လည် စဉ်းစားနေသည့် ပုံစံမျိုးဖြင့် ဆိုလိုက်၏။

"ဒါက အစစ်အမှန် ဟင်းလင်းပြင် ဝိညာဉ် ရည်ရွယ်ချက် မဟုတ်ဘူး"

"ဟင်းလင်းပြင် ဝိညာဉ် ရည်ရွယ်ချက်..."

ယွီစွန်းလီက မျက်တောင်ခတ်ရင်း မေးသည်။ သခင်လေးရှန့်သည် အသိပညာကို ဆာလောင်နေသော အလှနတ်ဘုရားမလေးများ၏ အကြည့်အောက်တွင် မနေသာတော့ဘဲ ရှင်းပြလိုက်ရတော့သည်။ မျိုးစေ့၊ နိုးထခြင်းနှင့် လောကနှလုံးသား အဆင့်များပြီးနောက် ဟင်းလင်းပြင် ဝိညာဉ် ရည်ရွယ်ချက် ရှိကြောင်း ကြားသိရသောအခါ သူတို့၏ မျက်လုံးများမှာ တောက်ပသွားကြသည်။

ဝေ့ဝူယင်သည်လည်း နားထောင်နေရင်း သဘောပေါက်သွားသည်။

“သူ့ရဲ့ ကမ္မတန်ဖိုးက မလုံလောက်လို့လား... အသုံးပြုလိုက်တဲ့ တန်ဖိုးက တစ်သိန်းအောက်ပဲ ရှိပုံရတယ်၊ အဲဒါကြောင့်လား... ဒါမှမဟုတ် လျှို့ဝှက်ပြစ်ဒဏ်ကြောင့် ကောင်းကင်တာအိုက အချိန်အကြာကြီး တည်ဆောက်ထားရမယ့် ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဉ်ကို စောစောစီးစီး ထုတ်ပေးလိုက်ရလို့လား... ဒါကြောင့်ကိုး...”

ဝေ့ဝူယင်က မလုံလောက်ဘူး ဟု ဆိုရခြင်းမှာ ကောင်းကင်တာအိုသည် စုရီ၏ ကမ္မတန်ဖိုး အကန့်အသတ်ကြောင့် စိတ်ပျက်စွာဖြင့် နောက်ဆုတ်သွားသည်ကို သူ ခံစားရသောကြောင့် ဖြစ်သည်။ ၎င်းမှာ မပြည့်စုံဘဲ ကျန်ရစ်ခဲ့သည်။ စုရီ၏ ကောင်းချီးခံ အဖြစ် တောက်ပမှုမှာ လုံးဝ ကုန်ခမ်းသွားပုံရသည်။ နေသွေးနီနီဂိုဏ်းမှာတုန်းက သူ၏ ကောင်းချီးခံ အဆင့်ထက်ပင် လျော့နည်းသွားကာ အောက်ခြေအဆင့် ကောင်းချီးပေးခံရသူတစ်ဦးအဖြစ်သို့ လျော့ကျသွားခဲ့ပြီ။

အခြားတစ်ဖက်၌ သခင်လေးရှန့်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။

"ကျွန်တော်လည်း ဒီရည်ရွယ်ချက်အကြောင်း အများကြီး မသိဘူး၊ ဒါကြောင့် ဘာဖြစ်သွားလဲ ဒါမှမဟုတ် ဒီဓားသမား ဘာကြောင့် ဒီလို ထူးဆန်းတဲ့ အခြေအနေမျိုး ဖြစ်နေလဲဆိုတာ အတိအကျ မပြောနိုင်ဘူး..."

သူသည် မိမိကိုယ်တိုင်ပင် နားမလည်သော နက်ရှိုင်းသည့် အရာတစ်ခုအပေါ် မခိုင်လုံသော ယူဆချက်များကို မပြောလိုပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုရည်ရွယ်ချက်ကို မရရှိထားဘဲ သူ၏ မိခင်သာလျှင် ရရှိထားသောကြောင့် ဖြစ်သည်။

"အဲဒါကြောင့် သူက ဒီအပြစ်ဒဏ်တွေကို တောင့်ခံနိုင်နေတာလား..."

ချင်ချူးမူက သိလိုစိတ်ဖြင့် မေးသည်။ ဤ ဟင်းလင်းပြင် ဝိညာဉ် ရည်ရွယ်ချက် က ထိုမျှအထိ အစွမ်းထက်သလော။

သို့သော် သခင်လေးရှန့်သည် မည်သို့ သိနိုင်ပါမည်နည်း။ စုရီ၏ လက်ရှိ စွမ်းဆောင်ရည်နှင့် ကျင့်ကြံခြင်းအဆင့်မှာ ဂလက်ဆီကြီးများ၏ စံနှုန်းနှင့်ပင် ယှဉ်လျှင် သမားရိုးကျ နားလည်မှုများကို ကျော်လွန်နေပြီ ဖြစ်သည်။ စုရီထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသည့် တစ်ဦးတည်းသော တည်ရှိမှုမှာ ဝေ့ဝူယင်ဖြစ်ပြီး ဝေ့ဝူယင်သည်လည်း ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့်မျိုး ရရှိရန် မည်မျှအထိ ကြိုးစားအားထုတ်ခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပေ။

"ဒါက အကြောင်းပြချက် အများကြီးထဲက တစ်ခု ဖြစ်နိုင်ပါတယ်"

လျူစုယင်က ဖြေကြားလိုက်သည်။

ရှီနင်နှင့် ချောင်စွေ့ဖုန်းတို့က ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ သူတို့သည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူများဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်ဆိုသည်မှာ အချက် တစ်ခုတည်း ပေါ်တွင် မူတည်နေခြင်းမဟုတ်ဘဲ သေးငယ်သောအရာတိုင်းက အရေးပါသည်ကို နားလည်ကြသည်။

"စတုတ္ထမြောက် လျှို့ဝှက်ပြစ်ဒဏ်"

ဟောင်ချန်းရွှယ်က အော်ဟစ်လိုက်ရာ ကြည့်ရှုသူအားလုံး၏ အာရုံမှာ ထိုနေရာသို့ စုပြုံရောက်ရှိသွားသည်။

‘နီးစပ်သွားပြီ...’

စုရီက တွေးရင်း အသက်ပြင်းပြင်းရှူသွင်းကာ ကိုယ်တွင်းရှိ အညစ်အကြေးနှင့် သွေးမြူများကို မှုတ်ထုတ်လိုက်သည်။ ဓားကို တင်းတင်းဆုပ်ကိုင်လျက် သူ၏ ကျင့်ကြံခြင်းစွမ်းအားကို စတုတ္ထအကြိမ်မြောက် အစွမ်းကုန် လှည့်ပတ်လိုက်ပြန်သည်။

ရွှမ်း...

ဓားမြည်ဟီးသံမှာ ဂလက်ဆီတစ်ခွင် ပဲ့တင်ထပ်သွား၏။ သူ လွှဲယမ်းလိုက်သည်။ အလွန်တောက်ပသော်လည်း ခဏတာမျှသာရှိသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

အလင်းမှိန်သွားချိန်တွင် စုရီသည် ဓားကို အောက်သို့စိုက်လျက် ရပ်နေဆဲဖြစ်သော်လည်း တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီဖြစ်သည်။ သူ၏ ဒွါရပေါက်တိုင်းမှ သွေးများ စီးကျနေသလို မျက်လုံးထဲမှ သွေးကြောများ ပေါက်ထွက်၍ မျက်ဖြူသားများမှာလည်း နတ်ဆိုးတစ်ပါးကဲ့သို့ နီမြန်းနေတော့သည်။

သူ၏ ဝတ်ရုံဖြူမှာလည်း ပူနွေးသော သွေးများဖြင့် စွန်းထင်နေသည်။ စုရီ၏ အထီးကျန်သော်လည်း ရဲရင့်သောပုံရိပ်ကို မြင်တွေ့ရသူတိုင်းမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြရသည်။

ဝေ့ဝူယင်သည် စုရီမှာ ဟင်းလင်းပြင် ဝိညာဉ် ရည်ရွယ်ချက် ရရှိရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးသွားခဲ့သည်ကို သတိပြုမိလိုက်သည်။ သူ၏ အခွင့်အရေးမှာ ပျက်စီးသွားပြီဖြစ်သည်။ ကောင်းကင်တာအိုက အခွင့်အရေးပေးခဲ့သော်လည်း ကောင်းကင် တရားသူကြီး၏ ရက်စက်လှသော အပြစ်ဒဏ်များအောက်တွင် သူ အပြည့်အဝ မဆုပ်ကိုင်နိုင်ခဲ့ချေ။ ၎င်းမှာ ကမ္မတန်ဖိုး မလုံလောက်ရုံသာမက သူ၏ ကိုယ်ပိုင်အားနည်းချက်များနှင့် အခြေအနေများကြောင့်လည်း ဖြစ်သည်။

ဝေ့ဝူယင် ကျေနပ်စွာပင် ကြည့်နေခဲ့၏။ အထူးသဖြင့် ကောင်းကင်တာအိုက ကျင့်ကြံသူတစ်ဦးအတွင်း ဟင်းလင်းပြင် ဝိညာဉ် ရည်ရွယ်ချက် ကို မည်သို့ လှုံ့ဆော်ပေးသည်ဆိုသော နည်းလမ်းများနှင့် စုရီ၏ ထိုစဉ်က စိတ်ခံစားချက် အတက်အကျများကို လေ့လာခွင့်ရခဲ့ခြင်းမှာပင် ကမ္မတန်ဖိုး တစ်သိန်းထက်မက တန်ဖိုးရှိလှပေသည်။

"မဖြစ်နိုင်တာ..."

ယွီပေါင်ယွဲ့၏ ယုံကြည်မှုများမှာ ချက်ချင်းပင် ပြိုလဲသွားတော့သည်။ သူမ၏ စိတ်ထဲရှိ ကောင်းကင်ကို ထမ်းထားနိုင်သည့် ထိုသူမှာ သေလုနီးပါး ဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် ရှိနေသည်။

လေးခုသာ ရှိသေးသည်။ နောက်ထပ် ငါးခု ကျန်နေသေးသည်။ သို့သော် စုရီမှာမူ ခက်ခဲသော စိန်ခေါ်မှုကို အလွန် ရဲရင့်စွာ ရင်ဆိုင်နေဆဲဖြစ်သည်။ မကြာသေးမီကမှ အဆင့်တက်ထားသည့် လျှို့ဝှက်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ကောင်းကင်ငယ် တမန်တော် ၏ အထွတ်အထိပ် ထိုးနှက်ချက် လေးခုကို တောင့်ခံနိုင်ခြင်းမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော ကောင်းကင်ကို စိန်ခေါ်သည့် စွမ်းဆောင်ရည်မျိုး ဖြစ်သည်။ သူ နောင်တမရပေ။ အောင်မြင်လျှင် အောင်မြင်မည်၊ မအောင်မြင်လျှင်လည်း ခေါင်းကိုမော့၊ ကျောကိုဆန့်လျက် ဂုဏ်သိက္ခာရှိစွာ သေဆုံးသွားရုံသာ ရှိသည်။

သို့သော် ကောင်းကင် တရားသူကြီးမှာမူ စုရီ၏ စိတ်ဓာတ်ကို ဂရုမစိုက်ပေ။ ပဉ္စမမြောက် အလင်းတန်း ဆင်းသက်လာပြန်လေပြီ။

စုရီသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားကို နောက်တစ်ကြိမ် ထပ်မံထုတ်ယူလိုက်၏။ သူ၏ လျှို့ဝှက်ဝိညာဉ်မှာ နာကျင်စွာ အော်ဟစ်နေသော်လည်း အလျှော့ပေးလိုစိတ် မရှိချေ။ သူသည် သူ၏ လျှို့ဝှက်စွမ်းအား အဆီအနှစ်များကို အသုံးပြုလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး မြူနှင်းကဲ့သို့ ဖြူဖွယ်သော ဓားအလင်းများဖြင့် ဖုံးလွှမ်းသွားသည်။

ကြီးမားသော စွမ်းအားများ စီးဝင်လာမှုကို ခံစားမိသောအခါ သူ ပြုံးလိုက်သည်။ သူက နောက်သို့ တစ်လှမ်းပင် မဆုတ်ဘဲ ဓားကို လွှဲယမ်းလိုက်ရာ ဂလက်ဆီတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော ကြီးမားလှသည့် ဓားအလင်းလှိုင်းကြီး ထွက်ပေါ်သွားတော့သည်။ ပေါက်ကွဲသံ သို့မဟုတ် စွမ်းအင်လှိုင်းများ မရှိပေ။

အလင်းတန်း တစ်ခုသာ ရှိသည်။

ထို့နောက်တွင်မူ စုရီ၏ ပုံရိပ်မှာ သွေးများဖြင့်သာ ပြည့်နှက်နေတော့သည်။ အဝတ်အစားများ စုတ်ပြတ်ကာ ဆံပင်များမှာလည်း သွေးရောင်လွှမ်းလျက် ဖရိုဖရဲ ဖြစ်နေသည်။ ခန္ဓာကိုယ်မှာလည်း ပွန်းပဲ့၊ ကြေမွပြီး ပြတ်ရှဒဏ်ရာများဖြင့် ပြည့်နေတော့သည်။ ထိုသို့ ဖြစ်နေစေကာမူ သူ၏ ကျောရိုးမှာ မတ်နေဆဲဖြစ်ပြီး ခေါင်းကိုလည်း မော့ထားဆဲပင်။ သူ၏ အရှိန်အဝါမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။

***

အပိုင်း(၂၃၁၆)

ဤအချိန်တွင် အထွတ်အထိပ်သူတော်စင် နှစ်ဦးမှာလည်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ နေမင်းပမာဏရှိသော အလင်းတန်းနှင့် ညဉ့်ဦးယံနိမိတ်ဖတ် ပညာရှင်များမှ အထွတ်အထိပ်သူတော်စင်တို့သည် ရက်စက်စွာ တိုက်ခိုက်နေကြရာ၊ ဝတ်ရုံနက်ဝတ် အမျိုးသမီးသည် ခန္ဓာကိုယ်ကို ကြီးထွားစေပြီး သူမ၏ ဓားကြီးများဖြင့် ထိုအလင်းကို တားဆီးထားသည်။ သူမသည် မည်သူ့ကိုမျှ ကျော်ဖြတ်ခွင့် မပေးပေ။

ဟင်းလင်းပြင်အတွင်း တိုင်ယန်တောက်နှင့် အခြားသူများသည် လျှို့ဝှက်ကျိန်စာစာချုပ်ကို ရှာဖွေရန် နည်းလမ်းမျိုးစုံ အသုံးပြုနေကြသည်။ သူတို့၏ စိုးရိမ်ပူပန်မှုမှာ မိမိကိုယ်ကို ထိခိုက်စေသည့် မန္တန်များကို အသုံးပြုသည်အထိ ပြင်းထန်နေသော်လည်း ရလဒ်မထွက်သေးပေ။

ယွီပေါင်ယွဲ့မှာမူ မျက်ရည်များ ကျနေတော့သည်။ စုရီသည် ဆုဌမမြောက် အပြစ်ဒဏ်ကို တောင့်ခံနိုင်တော့မည် မဟုတ်သည်မှာ ရှင်းလင်းလှသည်။ ဟင်းလင်းပြင် ဝိညာဉ် ရည်ရွယ်ချက်ကို ဖန်တီးရန် ကျရှုံးပြီးနောက် သူ၏ အကန့်အသတ်ကို ရောက်ရှိသွားပြီဖြစ်သည်။

ဝေ့ဝူယင်က လက်ဖက်ရည်ကို နောက်တစ်ငုံ သောက်လိုက်၏။ တိတ်ဆိတ်နေသော အခန်းအတွင်း၌ သူ မြိုချလိုက်သည့် အသံမှာ အတိုင်းသား ကြားနေရသည်။

ယွီပေါင်ယွဲ့၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။ လက်ဖက်ရည်သောက်သံကို ကြားလိုက်ရချိန်တွင် ဝေ့ဝူယင်၏ စကားကို သူမ ရုတ်တရက် သတိရလိုက်သည်။

"မင်း ငါ့ကို အသက်ကြွေး တင်နေတာဆိုတော့ နောက်တစ်ချိန်မှာ အခွင့်အရေးတစ်ခု ပေးမယ်... မင်းမှာ အဲဒါကို တောင်းဆိုရဲတဲ့ ရည်ရွယ်ချက် ရှိမရှိ ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်..."

ထိုစကားမှာ ဝေဝါးလွန်းလှသဖြင့် သူမ နားမလည်ခဲ့ချေ။ ယခုမူ သူမ၏ ဘဝတစ်လျှောက်လုံးကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။ ဝေ့ဝူယင်သည် သူမကို ကောင်းဟိန်၏ အကွက်ချမှုမှ ကယ်တင်ခဲ့ဖူးသည်။ ဝေ့ဝူယင်တွင် ဇနီးမယားများစွာ ရှိသည်ဟု သတင်းကြီးသော်လည်း သူသည် မိန်းမလိုက်စားသူမျိုး မဟုတ်ဘဲ လိုအင်ဆန္ဒရှိသည့် အမျိုးသားတစ်ဦးသာ ဖြစ်သည်။

သူမ စဉ်းစားနေရန် အချိန်မရှိတော့ပေ။

"သူ့ကို ကယ်ပေးပါ၊ ရှင် ခိုင်းတာမှန်သမျှ ကျွန်မ လုပ်ပါ့မယ်"

သူမက ခိုင်မာသော အသံဖြင့် ပြောလိုက်သည်။ ဤစကားကြောင့် အီမန်တက် အပါအဝင် အားလုံးမှာ အံ့ဩသွားကြ၏။

"ဟင်..."

ဝေ့ဝူယင်က ယွီပေါင်ယွဲ့ကို ပျင်းရိစွာ ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများတွင် အရာရာကို စတေးရန် အသင့်ဖြစ်နေသည့် အရိပ်အယောင်များကို မြင်နေရသော်လည်း ၎င်းက ဝေ့ဝူယင်ကို မလှုပ်ခတ်နိုင်ချေ။

"သူ့ကို ကယ်ရမလား..."

သူက မေးရင်း ဖန်သားပြင်ပေါ်မှ သွေးချင်းချင်းနီနေသော စုရီကို လက်ညှိုးထိုးပြလိုက်သည်။

"သူ့ဆီမှာ ကောင်းကင်ပြစ်ဒဏ် နောက်ထပ် လေးခု၊ ဖြစ်နိုင်ရင် ငါးခုတောင် ကျန်သေးတယ်... နတ်ဘုရားတွေတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး"

ယွီပေါင်ယွဲ့၏ မျက်နှာမှာ ဖြူရော်သွား၏။ မဖြစ်နိုင်တော့သည်လား။

"ကံကောင်းတာက..."

ဝေ့ဝူယင်က ပြုံးရင်း ဆိုလိုက်၏။

"ငါက နတ်ဘုရား မဟုတ်ဘူး..."

"ဒါဆို... လုပ်ပေးပါ... ကျေးဇူးပြုပြီး"

ဝေ့ဝူယင်က မျက်တောင်ခတ်လိုက်၏။

"ငါ လုပ်နိုင်တယ်... ဒါပေမဲ့ မင်းရဲ့ တစ်ခုခုကို စတေးရလိမ့်မယ်"

"ကျွန်မရဲ့ ခန္ဓာကိုယ်လား... ကျွန်မရဲ့ အဂ္ဂိရတ် အတတ်ပညာလား... အားလုံး ပေးပါ့မယ်၊ မြန်မြန် လုပ်ပေးပါ"

ကောင်းကင် တရားသူကြီး၏ ဆဌမမြောက် ပြစ်ဒဏ် ဆင်းသက်လာတော့မည့် အငွေ့အသက်မှာ လေထုထဲတွင် လွှမ်းမိုးနေပြီဖြစ်သည်။

ဝေ့ဝူယင် မတ်တပ်ရပ်လိုက်၏။

"ငါ လိုချင်တာ တစ်ခုတည်းပဲ... အဲဒီ ဆေးအိုး..."

"..."

ယွီပေါင်ယွဲ့မှာ ချက်ချင်းပင် မှင်သက်သွား၏။ ထိုဆေးအိုးသည် သူမ၏ ဝိညာဉ်နှင့် ကျင့်ကြံခြင်းအခြေခံနှင့် တစ်သားတည်း ဖြစ်နေပြီ ဖြစ်သည်။ ၎င်းကို ထုတ်ယူလိုက်ပါက သူမ၏ အဂ္ဂိရတ် အနာဂတ်မှာ ပျက်စီးသွားပေလိမ့်မည်။

"ရှင် ဘယ်လိုလုပ်..."

သူမ မေးခွန်းမဆုံးမီ ဝေ့ဝူယင်က ဖြတ်ပြောလိုက်သည်။

"မင်းမှာ ၂ စက္ကန့်ပဲ ရှိတယ်..."

"သဘောတူတယ်"

သူမ အော်လိုက်မိသည်။ ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်၏။

"မခုခံနဲ့" ဟု

သူမ အနားသို့ ရောက်လာသည်။ ပိုင်ရှုသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ယွီပေါင်ယွဲ့၏ မျက်မှောင်ကြားသို့ ဝင်ရောက်သွားသည်။ သူမသည် စုရီအတွက် သူမ၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကို စတေးလိုက်ခြင်း ဖြစ်သည်။ သူမ နောင်တမရပေ။

ပိုင်ရှုသည် ယွီပေါင်ယွဲ့၏ ဝိညာဉ်အတွင်းမှ ဆေးအိုးငယ်လေးကို ထုတ်ယူလိုက်သည်။ ဆဌမမြောက် လျှို့ဝှက်ပြစ်ဒဏ် ကျရောက်လာတော့မည် ဖြစ်သည်။

"သူ နောက်ထပ် တစ်ခုတော့ တောင့်ခံနိုင်သေးတယ်..."

ဝေ့ဝူယင်က တည်ငြိမ်စွာ ပြောလိုက်သည်။ စုရီသည် သူ၏ အသက်ကို ရင်း၍ တိုက်ခိုက်ခဲ့ရာ ဆဌမမြောက် အပြစ်ဒဏ်ကို အမှန်တကယ်ပင် ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် သူသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ လောကကြီးကို တစ်ဦးတည်း ရင်ဆိုင်နေရသော အထီးကျန်ဓားသမား ပုံရိပ်သာ ကျန်တော့သည်။ ထို့နောက်တွင်မူ ဝေ့ဝူယင်သည် စာချုပ်ကို ဆွဲဖြဲပစ်လိုက်တော့၏။

...

ရဲရင့်ခြင်း...

အနှိုင်းမဲ့ခြင်း...

ထူးကဲသာလွန်ခြင်း...

ဓားသမား စုရီသည် အမှောင်ဟင်းလင်းပြင်အတွင်း မည်သည့်အထောက်အပံ့မှမပါဘဲ သူ၏ဓားနှင့် သူ၏မာန်ကိုသာ အားပြုလျက် လွင့်မျောနေသည်။ သူသည် ခေါင်းကို မော့ထားဆဲဖြစ်သော်လည်း သတိလစ်မေ့မြောနေသည့် အရိပ်အယောင်များ ပြနေသည်။ ယနေ့တွင် ဤလွတ်လပ်သော ကျင့်ကြံသူသည် မည်သူမျှ မျှော်လင့်မထားသော စွမ်းအားကို ပြသခဲ့ပြီး မည်သူနှင့်မျှ မတူသော စိတ်ဓာတ်ခွန်အားကို ထုတ်ဖော်ခဲ့သည်။

စုရီကို အပြီးတိုင် ချေမှုန်းရန် သတ္တမမြောက် အပြစ်ဒဏ် စုစည်းလာချိန်တွင်မူ ထရီလီယံပေါင်းများစွာသော မျက်လုံးများရှေ့၌ပင် ၎င်းမှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားတော့သည်။

"..."

တိတ်ဆိတ်မှု...

အသက်ရှူကျပ်မတတ် လေးလံသော တိတ်ဆိတ်မှုသည် အသန့်စင်ဆုံး ဂလက်ဆီ တစ်ခုလုံးရှိ စိတ်ဝိညာဉ်များထံ ပျံ့နှံ့သွားသည်။ အာကာသ မုန်တိုင်းများ တိုက်ခတ်နေသည့် အထွတ်အထိပ်သူတော်စင် နှစ်ဦး၏ တိုက်ပွဲမှာလည်း ရပ်တန့်သွားခဲ့ပြီ။

"မယုံနိုင်စရာပဲ"

ဟောင်ချန်းရွှယ်က ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလျက် စုရီ၏ ကြိုးပမ်းမှုကို အစွမ်းကုန် ချီးကျူးလိုက်သည်။ စုရီသည် လျှို့ဝှက်ပြစ်ဒဏ်များကို ခုခံရုံတင်မကဘဲ အားလုံးကို မိမိထံသို့သာ ဦးတည်စေခဲ့သည်။

အကယ်၍ သူသာ ထိုသို့မလုပ်ခဲ့ပါက ပိုမိုသန်မာသော အနေအထားဖြင့် ခုခံနိုင်ခြေ ရှိသည်။ သို့သော်လည်း... သူ၏ မဟာမိတ်များကို ထိခိုက်မှု မရှိစေရန် ငြင်းဆန်ခဲ့သည်။ ၎င်းကို မည်သည့်နည်းဖြင့် လုပ်ဆောင်ခဲ့သည်ဖြစ်စေ လေးစားထိုက်သော ရဲရင့်သည့် လုပ်ရပ်ပင် ဖြစ်သည်။ အီ

မန်တက် တစ်ယောက် ရင်ထဲမှ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်မိ၏။

"လျှို့ဝှက်အရှင် တစ်ဦးက အထွတ်အထိပ်သူတော်စင်ကို ယှဉ်နိုင်တယ်ဆိုတာ... တကယ်ကို အံ့ဩဖို့ကောင်းတဲ့ စွမ်းဆောင်ရည်ပဲ..."

သူမက ဆိုလိုက်သည်။ သို့သော်လည်း... သူမ ဝေ့ဝူယင် အကြောင်းကို တွေးမိလိုက်သည်။ ထိုကျင့်ကြံသူမှာ လျှို့ဝှက်ကြယ်တာရာအဆင့်ဖြင့် အထွတ်အထိပ်သူတော်စင် ရှစ်ဦးကို လွှမ်းမိုးခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ နှိုင်းယှဉ်ကြည့်လိုက်တော့ သူမ၏ စိတ်ထဲတွင် စုရီအပေါ် အံ့ဩမှုမှာ အနည်းငယ် လျော့ကျသွားရသည်။

ယွီပေါင်ယွဲ့၏ မျက်ဝန်းများမှာ မှေးမှိန်နေပြီး မျက်နှာမှာလည်း ဖြူရော်နေသည်။ သူမသည် စုရီ၏ လွင့်မျောနေသော ပုံရိပ်ကို ကြည့်ရင်း အသက်ရှင်နေသေးသည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာ ရသွားသော်လည်း တစ်ဖက်တွင်မူ အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။

သူမ လှုပ်ရှားရန် ကြိုးစားသော်လည်း ခြေထောက်များမှာ တုန်ယင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းနေသဖြင့် မတ်တပ်ရပ်ရန်ပင် ခဲယဉ်းနေတော့သည်။ ဂလက်ဆီ၏ အမှောင်ထုထဲမှ တည်ရှိမှုများစွာမှာ စုရီရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေကြသည်။ ထိုသူအားလုံးမှာ သူ၏ ဘေးကင်းမှုကို စိုးရိမ်နေကြသူများ မဟုတ်ပေ။ ယွီပေါင်ယွဲ့၏ မျက်နှာမှာ ပိုမိုဖြူရော်သွားတော့သည်။

ချက်ချင်းပင် အထွတ်အထိပ်သူတော်စင် နှစ်ဦးမှာ ထပ်မံ တိုက်ခိုက်ကြပြန်သည်။ ယခုတစ်ကြိမ်တွင် ညဉ့်ဦးယံ နိမိတ်ဖတ်သူများမှ အထွတ်အထိပ် သူတော်စင်သည် အာကာသ ကျင့်စည်ကို အသုံးပြု၍ သူတို့နှစ်ဦးလုံးကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားစေရာ အားလုံး၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားကြသည်။

ဤမြင်ကွင်းမှာ ပြိုင်ပွဲတစ်ခု၏ အချက်ပေးသံနှင့် တူလှသည်။ ပန်းတိုင်မှာ စုရီ ပင်။ ဤဓားသမားသည် လက်ရှိတွင် အလွန်အားနည်းနေပြီး သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော လူများ အလိုရှိနေသည့် လျှို့ဝှက်ချက်များ ရှိနေသည်။ စုရီ၏ ပတ်ပတ်လည်တွင် ငွေရောင် အာကာသစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ သူ၏ ထွက်ပြေးလမ်းကြောင်းကို ပိတ်ဆို့ရန်နှင့် အခြားသူများ အလွယ်တကူ မချဉ်းကပ်နိုင်ရန် တိုက်ပွဲများ စတင်လာတော့သည်။ တစ်စက္ကန့်အတွင်းမှာပင် မမြင်ရသော တည်ရှိမှုများ ထိပ်တိုက်တွေ့ကြပြီး သူတော်စင်များနှင့် အထွတ်အထိပ်သူတော်စင်များ လှုပ်ရှားလာကြသည်။

ယွီပေါင်ယွဲ့သည် ထိတ်လန့်တကြား အော်ဟစ်မိပြီး တုန်ယင်နေသော မျက်ဝန်းများဖြင့် ဝေ့ဝူယင်ကို လှည့်ကြည့်ကာ အကူအညီ တောင်းလိုက်သည်။

***

All Chapters