← Chapters

အခန်း (၂၃၁၇-၂၃၁၈)

Vol. 166 Ch. 2317-2318

အခန်း (၂၃၁၇-၂၃၁၈)

Vol. 166 Ch. 2317-2318

အပိုင်း(၂၃၁၇)

"ဟား ဟား..."

ဝေ့ဝူယင်က ဖြစ်ပေါ်လာတော့မည့် ရှုပ်ထွေးမှုများကို ဂရုမစိုက်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ အသံမှာ ကြယ်တာရာ ဝိညာဉ် လေးခုနှင့် ဖီဆန်လေးတို့၏ စွမ်းအားပါဝင်သော ပြင်းထန်လှသည့် ဝိညာဉ်ခွန်အားများဖြင့် ပျံ့နှံ့သွားပြီး အင်ပါယာ ဥပဒေသ၏ အရှိန်အဝါကို သယ်ဆောင်သွားသည်။

"ခုနစ်ရက်... အဲဒီရက်တွေအတွင်းမှာ တာအို ပညာရှင် စုရီဟာ ငါ့ရဲ့ အကာအကွယ်အောက်မှာ ရှိနေလိမ့်မယ်..."

ထိုစကားလုံးများသည် ဧကရာဇ်၏ အမိန့်တော်ကဲ့သို့ အာဏာဖြင့် ပျံ့နှံ့သွားရာ အမှောင်ဟင်းလင်းပြင်အတွင်းရှိ သန်မာသူ၊ အားနည်းသူ အားလုံး၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေသည်။ ဝေ့ဝူယင်သည် လက်ချောင်းနှစ်ချောင်းကို ထိလိုက်ရာ အာကာသနှင့် အချိန် ဥပဒေသနှစ်ခု၏ အလင်းတန်းများ စီးဆင်းလာ၏။

ဝှစ်...

ဝေ့ဝူယင်သည် သူ၏ ဟင်းလင်းပြင် ခြေချခြင်း ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ အထွတ်အထိပ်သူတော်စင်တစ်ဦး၏ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးချင်းချင်းနီနေသော စုရီ၏ ပုံရိပ်မှာ ယွီပေါင်ယွဲ့၏ ဘေးနားရှိ အခန်းအတွင်းသို့ ရုတ်တရက် ရောက်ရှိလာတော့သည်။

ယွီပေါင်ယွဲ့သည် အင်အားများ ဘယ်ကရလာသည်မသိဘဲ ပြေးသွားကာ စုရီကို သူမ၏ ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

"သူ့ကို မင်းရဲ့ လျှို့ဝှက်စွမ်းအားတွေနဲ့ ကုဖို့ မကြိုးစားနဲ့ဦး၊ အခု မင်းရဲ့ အခြေအနေနဲ့ဆိုရင် သူ့ကို ပိုဆိုးသွားစေလိမ့်မယ်"

ဝေ့ဝူယင်က သတိပေးလိုက်ပြီး သူ၏ မူလအာရုဏ်ဦးနန်းတော် ဆီသို့ ဦးတည်လာနေသော ဝိညာဉ်အာရုံများကို လှည့်ကြည့်လိုက်သည်။

"မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီဆိုရင်တော့ လာခဲ့ကြ... တကယ်လို့ ခုနစ်ရက်ပြည့်တဲ့အထိ စောင့်ချင်တယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်၊ မင်းတို့မှာ နတ်ဘုရားတွေတောင် ချီးကျူးရမယ့် ရှင်သန်လိုစိတ် ရှိနေလို့ပဲ..."

ဝေ့ဝူယင်က ပြုံးလျက် ရှေ့သို့ လျှောက်လှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်း အရှိန်အဝါလှိုင်းများ ထွက်ပေါ်လာသည်။ ၎င်းက လူပေါင်းများစွာကို တုန်လှုပ်သွားစေသည်။ ဝေ့ဝူယင်က ခေတ္တစဉ်းစားပြီးနောက် ဆက်ပြောလိုက်၏။

"မင်းတို့ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အထွတ်အထိပ် မျှော်စင်ခုနစ်ခုက အရင်လှုပ်ရှားလာတာကို စောင့်ကြည့်ဖို့ အကြံပေးချင်တယ်... သူတို့ အရင် အထိနာပါစေဦး... အဲဒီနောက်မှ မင်းတို့ တစ်ခုခု ရနိုင်ကောင်း ရနိုင်လိမ့်မယ်... တကယ်လို့ သူတို့တောင် မလှုပ်ရှားရဲဘူးဆိုရင် မင်းတို့က သူတို့အတွက် အသေခံပေးတာမျိုးပဲ ဖြစ်သွားမှာပေါ့"

"..."

"..."

ထိုစကားများက မည်မျှအထိ ထိရောက်သွားသည်မသိသော်လည်း အမှောင်ဟင်းလင်းပြင်အတွင်း လှုပ်ရှားမှုများမှာ တစ်ပြိုင်နက်တည်း ရပ်တန့်သွားသည်။ သို့သော်လည်း မကျေနပ်မှု အငွေ့အသက်များမှာမူ ကျန်ရှိနေဆဲပင်။ ဝေ့ဝူယင်က သူ၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး စုရီကို ညွှန်ပြလျက် ပွင့်လင်းစွာ ကြေညာလိုက်သည်။

"ငါက သူ့ရဲ့ လျှို့ဝှက်ချက်တွေကို သိပ်စိတ်မဝင်စားဘူး... ငါက ပြန်လည်ဝင်စားဖို့ စဉ်းစားရအောင် အသက်ကြီးနေတာမှ မဟုတ်တာ... ဒါကြောင့် ဒီခုနစ်ရက်အတွင်းမှာ သူ့ကို စစ်ဆေးမေးမြန်းတာ ဒါမှမဟုတ် သူ့ဝိညာဉ်ကို ထုတ်ယူလေ့လာတာမျိုး လုံးဝ လုပ်မှာ မဟုတ်ဘူး... သူ့ကို ဒဏ်ရာအနာတရ မရှိစေဘဲ တောက်ပသော ရတနာ အဂ္ဂိရတ် ရှန့်ထို ရဲ့ လက်ထဲမှာပဲ ထားမှာပါ... ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက မင်းတို့ ဂလက်ဆီရဲ့ ကျင့်ကြံသူနဲ့ မင်းတို့ ဂလက်ဆီရဲ့ လျှို့ဝှက်ချက်တွေပဲလေ"

ဝေ့ဝူယင်သည် ကျိန်ဆိုခြင်း မပြုသော်လည်း သူ၏ စကားများတွင် မုသားမပါသည်ကို အားလုံးက သိမြင်နိုင်ကြသည်။ ထို့ပြင် သူသည် ဧကရာဇ်ဥပဒေသ ၏ အာဏာစက်ကို အသုံးပြုထားသဖြင့် သူ၏ စကားကို ဖောက်ဖျက်ပါက သူ၏ ကိုယ်ပိုင်ဥပဒေသကို ဖျက်ဆီးသကဲ့သို့ ဖြစ်ပေလိမ့်မည်။

"ခုနစ်ရက်"

အသံခုနစ်ခုမှာ ဂလက်ဆီတစ်ခွင်ရှိ မျှော်စင်ခုနစ်ခုမှ ထွက်ပေါ်လာသည်။ ဝေ့ဝူယင်၏ စိတ်ထဲတွင်မူ လှောင်ပြောင်ရယ်မောမိသည်။ အကယ်၍ သူသာဆိုလျှင် တွန့်ဆုတ်မနေဘဲ တိုက်ခိုက်လိမ့်မည်။

ခုနစ်ရက်...

အခွင့်အရေးဆိုသည်မှာ ခဏတာဖြစ်ပြီး လမ်းမှာရှိသော အတားအဆီးမှန်သမျှကို ချေမှုန်းပစ်ရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယွီပေါင်ယွဲ့မှာမူ ဝေ့ဝူယင်ကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်နေမိသည်။ သူသည် ဤသို့လုပ်ပေးရန် မလိုအပ်ပေ။ သူမ၏ အကြီးမားဆုံးသော ကံကြမ္မာ ဆေးအိုး ကို သိမ်းပိုက်ခဲ့သော်လည်း အားကိုးထိုက်သူဖြစ်သည်ဟု သူမ မသိစိတ်က ခံစားမိနေသည်။

ဝေ့ဝူယင်က ယွီပေါင်ယွဲ့၏ အတွေးများကို သိသည့်အလား ခေါင်းကို အသာအယာ ခါလိုက်သည်။ ဤအမျိုးသမီး ဘာတွေ လျှောက်တွေးနေသနည်း။ သူက သူမ၏ ဆေးအိုးရော ခန္ဓာကိုယ်ပါ သိမ်းပိုက်မည်ဟု ထင်နေသလော။

"ဒါပေမဲ့ ကျွန်မ နားမလည်တာ တစ်ခုရှိတယ်"

အီမန်တက်က သူမ၏ တာဝန်ကို ပြန်လည် ဆက်လက်လုပ်ဆောင်လိုက်ရာ အားလုံး၏ တုန်လှုပ်နေသော စိတ်များကို ပုံမှန်အခြေအနေသို့ ပြန်ရောက်စေခဲ့သည်။ ဟောင်ချန်းရွှယ်မှာမူ အသက်ရှူသံများ အလွန်ပြင်းထန်နေသည်။ ဝေ့ဝူယင်၏ ဖျက်ဆီးခြင်း အရှိန်အဝါမှာ သူ၏ ဝိညာဉ်အပေါ် သေဒဏ်ပေးစာ ကပ်ထားသကဲ့သို့ ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

"ဘာလဲဗျ... သူတော်စင် အီမန်တက်..."

"ဘာလို့ တာအိုပညာရှင် စုရီက လျှို့ဝှက်ပြစ်ဒဏ် ကိုးကြိမ်အထိ ခံစားခဲ့ရတာလဲ... ရွေးချယ်ခံတစ်ဦး သေဆုံးရင် သုံးကြိမ်ပဲ ရှိရမှာ မဟုတ်ဘူးလား..."

ဟောင်ချန်းရွှယ်က သူ၏ အသက်ရှူသံကို ထိန်းညှိရင်း ပြန်ဖြေ၏။

"အိုး... ဟုတ်သားပဲ၊ သူတော်စင် အီမန်တက်က အခြားဂလက်ဆီကဆိုတော့ လျှို့ဝှက်ကစားပွဲ - တော်ဝင်တိုက်ပွဲရဲ့ ထူးခြားတဲ့ စည်းမျဉ်းတစ်ခုကို မသိတာ ဖြစ်နိုင်ပါတယ်... ဒီစည်းမျဉ်းက အမှတ်နဲ့ အနိုင်ရတဲ့ အခါမျိုးမှာပဲ ဖြစ်ပေါ်တတ်တာပါ... အခု မြင်တွေ့ရတဲ့အတိုင်း အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုဟာ အမှတ်တွေနဲ့ပဲ အောင်ပွဲခံသွားနိုင်ခဲ့တာ ဖြစ်ပါတယ်"

"အနိုင်ရရှိမှုအတွက် နောက်ဆုံးအမှတ်တွေကို ပံ့ပိုးပေးတဲ့ ကစားသမားဟာ သူရွေးချယ်ထားတဲ့ ရွေးချယ်ခံ အားလုံး အသတ်ခံရမှာဖြစ်ပြီး အဲဒီဘေးကနေ လွတ်မြောက်ဖို့အတွက်လည်း ဘယ်လိုနည်းလမ်းကိုမှ ကိုယ်တိုင် အသုံးမပြုနိုင်ပါဘူး... ဒါဟာ အရမ်းကို ပြင်းထန်တဲ့ အပြစ်ဒဏ်ပါပဲ"

ဟောင်ချန်းရွှယ်က ရှင်းပြသည်။

"ဒါပေမဲ့ စုရီမှာက ရွေးချယ်ခံ နှစ်ယောက်ပဲ ရှိတာမဟုတ်ဘူးလား..."

အီမန်တက်က သူမ၏ မျက်လုံးများတွင် သိလိုစိတ်များဖြင့် မေးမြန်းလိုက်သည်။ နောက်ဆုံး ရွေးချယ်ခံမှာ ဝေ့ဝူယင်က ပွဲအစပိုင်းတွင် လွှမ်းမိုးထားသည်ကို သိရှိပြီးနောက်မှ ရွေးချယ်ခဲ့သည့် ကလေးသူငယ်မဟုတ်သော သက်ကြီးအမျိုးသမီးတစ်ဦး ဖြစ်သည်။

"အဲဒါက လုပ်ထုံးလုပ်နည်း သဘောမျိုးပါ... လောကရှန့်ထို အဆိပ်ပြောင်းပြန်ရဲ့ အဖြစ်အပျက်တုန်းကလည်း ရွေးချယ်ခံတွေ တစ်ယောက်မှ အသတ်မခံရပေမဲ့ သူက အလောင်းအစားကို မပြည့်မီခဲ့တဲ့အတွက် အားလုံး သေဆုံးသွားပြီလို့ သတ်မှတ်ခံခဲ့ရသလိုမျိုးပေါ့... အခုလည်း စုရီမှာ ရွေးချယ်ပြီးသားရော၊ ရွေးချယ်ဖို့ ကျန်နေသေးတဲ့ အရေအတွက်ရော အားလုံးကို သေဆုံးသွားပြီလို့ သတ်မှတ်လိုက်တာပါ..."

"ပုံမှန်ဆိုရင် ဒါက အရေးမကြီးပေမဲ့ ဒီပွဲအတွက် သတ်မှတ်ထားတဲ့ အထူးစည်းကမ်းချက်တွေက သီးခြားစီ ရှိနေပါတယ်... အမှန်တော့ လျှို့ဝှက်ကစားပွဲ - တော်ဝင်တိုက်ပွဲကို အများကြီး ကစားဖူးရင် သိလာပါလိမ့်မယ်... အများဆုံးတွေ့ရတဲ့ အထူးစည်းကမ်းချက်တွေက ရွေးချယ်ခံ သေဆုံးတာ ဒါမှမဟုတ် လျှို့ဝှက်ကဒ် တွေ ရှုံးနိမ့်တာနဲ့အမျှ ကစားသမားရဲ့ အလောင်းအစားကို တိုးမြှင့်သွားတာမျိုးပါ... အခုဟာက အဲဒီအချက်ကိုပဲ ပိုပြီး ရက်ရက်စက်စက် ပြောင်းလဲထားတာ ဖြစ်ပါတယ်။"

အီမန်တက် သဘောပေါက်သွားတော့သည်။ အဘယ်ကြောင့် ဝိညာဉ်ကွန်ရက်ထဲရှိ မည်သူကမျှ မေးခွန်းမထုတ်ကြဘဲ စုရီကို အပြစ်ဒဏ် ကိုးကြိမ်၊ ဆယ်ကြိမ်အထိ ခံစားရလိမ့်မည်ဟု မျှော်လင့်နေကြသည်ကို သူမ သိသွားပြီဖြစ်သည်။

"တကယ်လို့ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုဟာ အချိန်မီ လျှို့ဝှက်စာချုပ်ကို ရှာမတွေ့ခဲ့ဘူး ဒါမှမဟုတ် မဖျက်ဆီးနိုင်ခဲ့ဘူးဆိုရင် စုရီဟာ ကိုယ့်ကိုယ်ကိုပါ ဒုက္ခိတဖြစ်အောင် လုပ်ရမှာပါ... ဒါဟာ ထျန်းရှီယာက သူ့ရဲ့ အထူးစည်းကမ်းချက်ကို ရွေးချယ်ခံအားလုံး သေဆုံးမှုအပေါ် မူတည်ပြီး သတ်မှတ်ခဲ့ကတည်းက ကြံစည်ထားတဲ့အချက် ဖြစ်နိုင်ပါတယ်"

ဟောင်ချန်းရွှယ်က ပိုမိုသက်သောင့်သက်သာရှိစွာ ပြောဆိုလိုက်သည်။

ထိုအခိုက်အတန့်တွင်ပင် စွန်းကျားကျန်းက ရှေ့သို့ထွက်၏။

"ဒီ လျှို့ဝှက်ကစားပွဲ - တော်ဝင်တိုက်ပွဲရဲ့ တရားသူကြီးများအနေနဲ့ ပွဲဟာ ကောင်းမွန်စွာ ပြီးဆုံးသွားပြီလို့ ဆုံးဖြတ်ပါတယ်... ပါဝင်ခဲ့ကြတဲ့ ကစားသမားအားလုံးကို ကျေးဇူးတင်ပါတယ်... မကျေနပ်ချက် ဒါမှမဟုတ် မေးမြန်းစရာရှိရင် ဒီပွဲကို လက်ခံကျင်းပသူထံ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်"

သူက ထိုကဲ့သို့ ကြေညာကာ ရှန့်လျို၊ မစ်ဆူလီနာတို့နှင့် အတူ သူတို့၏ တရားသူကြီးတာဝန်ကို တရားဝင် အဆုံးသတ်လိုက်ကြလေတော့သည်။

"လူကြီးမင်းတို့ရဲ့ ဝန်ဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်"

သတိလစ်နေသော စုရီမှအပ ကျန်ရှိသော ကစားသမား ခြောက်ဦးလုံးက ကောင်းကင် တရားသူကြီး သုံးဦးအား ဂါရဝပြုလိုက်ကြသည်။ ၎င်းမှာ အပြန်အလှန် လေးစားမှုကို ပြသသည့် တရားဝင် လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ ဝေ့ဝူယင်က ကစားသမား ငါးဦးကို ကြည့်လိုက်၏။

"ခုနစ်ရက်နော်..."

သူက သူတို့၏ ရှုံးနိမ့်မှုနှင့် အလောင်းအစား တန်ဖိုးများကို သတိပေးလိုက်သည်။ သူတို့တွင်လည်း ခုနစ်ရက် အချိန်ရှိသည်။ အကယ်၍ မလိုက်နာပါက သူသည် လေးစားမှုနှင့် ယဉ်ကျေးမှုများကို ဘေးဖယ်ထားကာ သူ၏ အခွင့်အရေးအတိုင်း လုပ်ဆောင်သွားမည်ဖြစ်သည်။

"ကဲ... အခု အားလုံးကို နှုတ်ဆက်ပါတယ်..."

ဝေ့ဝူယင်က ယဉ်ကျေးစွာပင် အားလုံးကို သူ၏ မူလ အာရုဏ်ဦး နန်းတော် အတွင်းမှ ထွက်ခွာသွားရန် ပြောလိုက်လေတော့သည်။

***

အပိုင်း(၂၃၁၈)

မဟာပုရောဟိတ် အမှောင်လှိုင်းသည် အလှ နတ်ဘုရားမလေး၏ ရင်ခွင်ထဲတွင် သတိလစ်နေသော စုရီကို ကြည့်ကာ အလွန် ပျော်ရွှင်နေမိသည်။ မည်သို့ပင် ဆိုစေ... စုရီသည် သူ၏ လျှို့ဝှက်ဝိညာဉ်ကို လောင်ကြွမ်းကာ အသုံးပြုခဲ့ရပြီဖြစ်သည်။

သူသည် ဝေ့ဝူယင်အား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ ဂါရဝပြုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဝေ့ဝူယင်သည် ဆဌမမြောက် အပြစ်ဒဏ် ထိမှန်ပြီးမှသာ စာချုပ်ကို ဖျက်ဆီးပေးခဲ့သောကြောင့် ဖြစ်သည်။ ၎င်းမှာ လုံလောက်လှပြီ။ အချိန်တန်လျှင် ဤကောင်ကို လူမဆန်သော နည်းမျိုးစုံဖြင့် နှိပ်စက်ပြီးမှ သတ်ပစ်မည်ဟု သူ တွေးနေမိသည်။ သူသည် ပုံမှန်မဟုတ်သော တောက်ပသည့် အပြုံးဖြင့် ထွက်ခွာသွားတော့သည်။

ဝေ့ဝူယင်က အမှောင်လှိုင်းကို လုံးဝ လျစ်လျူရှုထားသည်။ ချင်ရင်ရင်၏ အကြည့်မှာမူ ဝေ့ဝူယင်ထံတွင် ခေတ္တမျှ ရပ်တန့်နေသည်။ သူမသည် လျှို့ဝှက်စွမ်းအား (သေမျိုးကြယ်တာရာ အဆင့် စွမ်းအား) ကို နောက်တစ်ကြိမ် ခံစားမိပြန်သည်။ ဤသည်မှာ အစစ်အမှန် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုက သူ၏ ဥပဒေသများကို ဖော်ဆောင်ရန်အတွက် အသုံးပြုနေသော ကြားခံကိုယ်စားလှယ် တစ်ဦး ဖြစ်ရမည်ဟု သူမ ယုံကြည်နေသည်။

မှန်ပေသည်။ ဥပဒေသများ...

အာကာသ...

အချိန်...

အင်ပါယာ...

ထို့ပြင် အခြားသော တားမြစ်ထားသည့် ဥပဒေသတစ်ခုလည်း ရှိနေသေးသည်ဟု သူမ ခံစားရသော်လည်း သေချာမသိချေ။ အကယ်၍ ဝေ့ဝူယင်တွင် ပျက်သုဉ်းခြင်း ဥပဒေသ ရှိသည်ကိုသာ သူမ သိသွားပါက သူမ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ သူမသည် ထိုမေးခွန်းများကို ရင်ထဲတွင် သိမ်းဆည်းထားကာ ဝေ့ဝူယင်ကို ထူးခြားသော ပုံစံဖြင့် ဂါရဝပြုပြီး ထွက်ခွာသွားခဲ့သည်။

ထျန်းရှီယာ၏ မျက်လုံးများမှာ ဝေ့ဝူယင်ထံတွင် စူးစိုက်နေသည်။ ဤလူသည် သူ့အပေါ် ကြံစည်ထားသည့် အကွက်များကို ပြောင်းပြန်လှန်ပစ်ကာ နောက်ဆုံး အောင်နိုင်သူ ဖြစ်လာခဲ့ရုံတင်မက၊ သူစိမ်း ဂလက်ဆီတစ်ခုတွင် မကြုံစဖူးသော အင်အားနှင့် ယုံကြည်မှုကို ပြသခဲ့သည်။

အဘယ်ကြောင့် အထွတ်အထိပ် မျှော်စင်ခုနစ်ခုက သူ့အား ပညာမပြသေးသည်ကို သူမ နားမလည်နိုင်ချေ။ သူမက မစ်ဆူလီနာနှင့် စွန်းကျားကျန်းတို့ကို တစ်ချက် ကြည့်လိုက်၏။ အာရပ်နစ် မျိုးနွယ်နှင့် တောက်ပသော ကြယ်နန်းတော်တို့သည် ဤနယ်ခြားသားနှင့် အလွန်နက်ရှိုင်းသော ပတ်သက်မှု ရှိနေသည်မှာ ထင်ရှားလှပြီး ၎င်းကပင် သူ့ကို ပိုမို လျှို့ဝှက်ဆန်းကြယ်စေသည်။ နောက်ဆုံးတွင်မူ... သူမသည်လည်း အသက်ရှင်လျက် ဤအခန်းထဲမှ ထွက်ခွာနိုင်သည်ကိုပင် ကျေနပ်ကာ ထွက်ခွာသွားတော့သည်။

ဝေ့ဝူယင်က ယွီပေါင်ယွဲ့နှင့် စုရီကို တည်ငြိမ်စွာ ကြည့်လိုက်၏။

"မင်းတို့ ခုနစ်ရက် ဒီမှာ နေလို့ရတယ်... ငါ့ရဲ့ ဆုလာဘ်တွေကို လက်ခံရရှိတဲ့နေ့ဟာ မူလအာရုဏ်ဦးနန်းတော်မှာ မင်းတို့ ခိုလှုံခွင့်ရမယ့် နောက်ဆုံးနေ့ပဲ... ဒါပေမဲ့ တကယ်လို့ မင်းတို့က အထွတ်အထိပ်သူတော်စင် တစ်ယောက်ယောက်ကို ဒီမှာ လာပြီး အသေခံအောင် ဆွဲဆောင်နိုင်မယ်ဆိုရင်တော့ ငါ ခိုလှုံခွင့်ကို နည်းနည်း ထပ်တိုးပေးကောင်း ပေးနိုင်လိမ့်မယ်..."

ဝေ့ဝူယင်၏ ကြယ်တာရာမျက်ဝန်းများမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ မှ အထွတ်အထိပ်သူတော်စင် တစ်ဦးကို သတ်ဖြတ်ပြီး သူ၏ အာဏာစက်ကို တည်ဆောက်လိုသည့်အလားပင်။ ထို့ပြင် ထိုစကားများကို ဝိညာဉ်ကွန်ရက်အတွင်းရှိ ကြည့်ရှုသူအားလုံး ကြားလိုက်ကြရသည်...

ယွီပေါင်ယွဲ့၏ မျက်နှာမှာ ထူးဆန်းသွားပြီး ခေါင်းခါလိုက်၏။

"နှမြောစရာပဲ"

ဝေ့ဝူယင်က သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ အကြည့်ကို ဝိညာဉ်ပုံရိပ်များဆီသို့ လွှဲလိုက်၏။

"ဝိညာဉ်ကွန်ရက်ကို သုံးရက်အတွင်း ပိတ်သိမ်းပါမယ်... ဒီအချိန်အတွင်းမှာ မိုင်ပေါင်း ကွင်ထရီလီယံချီ ဝေးကွာတဲ့သူတွေနဲ့ စကားပြောတာ၊ အသိပညာ ဖလှယ်တာနဲ့ နာမည်ပဲ ကြားဖူးတဲ့သူတွေကို တွေ့ဆုံတာမျိုးတွေ လုပ်ပြီး ဒီကျယ်ပြန့်တဲ့ ဂလက်ဆီ ဆက်သွယ်ရေးစနစ်ကို အသုံးချနိုင်ပါတယ်..."

သူက ထိုသို့ ကြေညာကာ အခန်း၏ ဝိညာဉ်ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။ အီမန်တက်က ပြုံးလျက် သူ၏ အနားသို့ ရောက်လာ၏။ စုရီတို့အတွက် လက်ထောက် အကူအဖြစ လုပ်ဆောင်ပေးရန် အသင့်ရှိနေသည်။ ဝေ့ဝူယင်က ဘာမှမပြောဘဲ တံခါးဆီသို့ လျှောက်သွားသည်။

သူ၏ နောက်တွင် တရားသူကြီး သုံးဦးမှာလည်း အမျိုးမျိုးသော အမူအရာများဖြင့် လိုက်ပါလာကြသည်။ သူတို့ လေးဦးလုံး အတူတူ ထွက်ခွာသွားကြသည်။ ဆွေးနွေးစရာများစွာ ရှိနေသည်။ အခန်းထဲတွင် စုရီ၊ ယွီပေါင်ယွဲ့နှင့် အီမန်တက် သုံးဦးတည်းသာ ကျန်ရစ်သည်။

"သူ့ကို အနားယူဖို့ အထူးကုသဆောင်ဆီ ခေါ်သွားကြမလား..."

အီမန်တက်က အကြံပြုလိုက်ရာ ယွီပေါင်ယွဲ့၏ မျက်လုံးများ တောက်ပသွားသည်။ အထွတ်အထိပ်သူတော်စင် တစ်ဦး၏ ကုသဆောင်လော။

...

စူးဟောင်ရန်သည် ထျန်းရှီယာ၏ လက်ကို သူမ၏ ဟင်းလင်းပြင် သင်္ဘောပေါ်တွင် ဆုပ်ကိုင်ထားသည်။ သူမကိုယ်တိုင်က အစပြုခဲ့ခြင်းဖြစ်ရာ စူးဟောင်ရန်မှာ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမ၏ နွေးထွေးသော အကြည့်ကို မြင်ရသောအခါ သူ၏ အစစ်အမှန် ဝိညာဉ်မှာပင် အရည်ပျော်သွားမတတ် ခံစားရသည်။

"ကျေးဇူးတင်ပါတယ်..."

သူမက တိုးတိုးလေး ပြောလိုက်သည်။ စူးဟောင်ရန် ခေတ္တမျှ မှင်သက်သွား၏။ ထို့နောက် သူမ အဘယ်ကြောင့် ဤမျှ ရင်းနှီးပြနေသည်ကို သူ သဘောပေါက်သွားသည်။ သူ၏ ရင်ထဲတွင် ခါးသီးမှုတစ်မျိုး ခံစားလိုက်ရသော်လည်း ပြန်လည် ပြုံးပြလိုက်သည်။ သူနှင့် မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်းမျှော်စင် တို့၏ ထိုနယ်ခြားသားနှင့် ပတ်သက်ခဲ့မှုများကို ပြန်လည် စဉ်းစားရင်း သူ သက်ပြင်းချလိုက်မိသည်။ အကယ်၍ သူ၏ အစီအစဉ်များ အောင်မြင်ခဲ့လျှင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အခြေအနေမှာ ထာဝရ ပြောင်းလဲသွားပေလိမ့်မည်။

...

ချင်ရင်ရင်သည် အရိပ်ကွယ် အဖွဲ့၏ ဟင်းလင်းပြင် သင်္ဘောပေါ်တွင် ရှိနေသည်။ သူမသည် အမှောင်ထုသက်သက်ဖြင့် ဖွဲ့စည်းထားသော ပုံရိပ်တစ်ခု၏ ရှေ့တွင် ဒူးထောက်နေ၏။

"ကျွန်မ သံသယဖြစ်မိတာက... အခု ကျွန်မတို့ မြင်နေရတဲ့ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုဟာ ကြားခံကိုယ်စားလှယ် တစ်ဦးပဲ ဖြစ်ရမယ်... သူက အထွတ်အထိပ်သူတော်စင် တစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို လက်ခံနိုင်ပြီး ဥပဒေသတွေကို ဖော်ဆောင်ပေးနိုင်တဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင် လျှို့ဝှက်ကြယ်တာရာအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်မှာပါ..."

"ကိုယ်စားလှယ် ဟုတ်လား..."

အသံမှာ ည၏ အမှောင်ထုကဲ့သို့ပင် အေးစက်ပြီး ဖော်ပြရန် ခက်ခဲသော်လည်း မေ့ပစ်ရန် မဖြစ်နိုင်ပေ။

"မင်း မှားနေပြီ... အဲဒါ စစ်မှန်တဲ့ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုပဲ..."

"ဘယ်လို..."

ချင်ရင်ရင်၏ အသံမှာ တုန်ယင်သွားသည်။

"ဒီဂလက်ဆီရဲ့ အထက်တန်းလွှာတွေကို ဒုက္ခပေးနေတဲ့ ပဟေဠိတစ်ခုကို မင်း အခုပဲ အဖြေရှာလိုက်ပြီ..."

အမှောင်ပုံရိပ်က ပြောလိုက်သည်။

"ဘယ်လို ပဟေဠိလဲ..."

ချင်ရင်ရင်က မေးလိုက်သည်။

"အဲဒီ ပဟေဠိကတော့ - ဒီနယ်ခြားသားရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ ဆိုတာပဲ... တချို့က သူဟာ ကောင်းကင်ငယ် တမန်တော် အဆင့်ထက် ကျော်လွန်နေပြီး အမည်မဲ့ ဂလက်ဆီရဲ့ အစောင့်အ‌ေ၇ျာက် နတ်ဘုရားလိုမျိုး ပြင်းထန်တဲ့ ကန့်သတ်ချက်တွေကြောင့် မလှုပ်ရှားနိုင်တာလို့ ယူဆကြတယ်... တချို့ကတော့ သူဟာ အစွမ်းထက်တဲ့ အထွတ်အထိပ် ကောင်းကင်ရတနာ တွေကို သုံးပြီး ဥပဒေသတွေကို တုပပြနေတဲ့ အပေါ်ယံလူတစ်ယောက်လို့ ထင်ကြတယ်..."

"အခုတော့ ငါတို့ သိသွားပြီ..."

"အခုတော့ ငါတို့ သိသွားပြီ ဟုတ်လား..."

ချင်ရင်ရင်သည် ထိုစကားလုံး သုံးလုံးက အရိပ်ဝတ်ရုံ ၏ နောက်ဆုံးကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မည်ဟု ခံစားလိုက်ရတော့သည်။

မူလအာရုဏ်ဦး နန်းတော်သည် နက်နဲမှုများ ကိန်းဝပ်ရာ နေရာတစ်ခု ဖြစ်၏။ ၎င်းသည် ဝေ့ဝူယင်၏ စိတ်ကူးစိတ်သန်းနှင့် စွမ်းအားဘောင်အတွင်းမှနေ၍ အစဉ်တစိုက် စမ်းသပ်ပုံဖော်ထားသော၊ အစဉ်ထာဝရ တိုးတက်ပြောင်းလဲနေသည့် ဖန်တီးမှုအနုပညာတစ်ခုပင် ဖြစ်သည်။ နန်းတော်၏ အောက်ခြေအပြင်အဆင်မှာ ခမ်းနားလှကာ ပြောင်လက်တောက်ပနေပြီး အချို့သော စည်းစိမ်ချမ်းသာတို့ဖြင့် မွမ်းမံထားသည်။ အလွန်အကျွံလည်း မဟုတ်၊ လွန်စွာ ချွေတာထားခြင်းလည်း မရှိပေ။ ထို့အပြင် နံရံဆေးရေးပန်းချီများ၊ စကျင်ကျောက်ရုပ်တုများနှင့် ထူးခြားဆန်းပြားသော ဇာတ်လမ်းများ၊ လက်ရာမြောက်သော နေရာဌာနများ၊ အံ့သြဖွယ်ကောင်းသော ဇာတ်ကောင်များကို သရုပ်ဖော်ထားသည့် နံရံဆေးရေး ပန်းချီကားချပ်များအထိ အနုပညာလက်ရာများကိုသာ အဓိကထား၍ တန်ဆာဆင်ထားသည်။

ဧည့်သည်တော်များသည် ခန်းမဆောင်များကို ဖြတ်သန်းသွားစဉ် တံခါးချပ်များပေါ်တွင် ထူးခြားသော အမှတ်အသားများကို တွေ့မြင်ရပေလိမ့်မည်။

ဥပမာအားဖြင့် လျှို့ဝှက် ကစားပွဲ ကစားရာ အခန်းသို့ ဦးတည်သည့် တံခါးချပ်ပေါ်တွင် အထက်ကောင်းကင်မှ ကြယ်တာရာများကို စူးစိုက်ကြည့်ရှုနေကြသည့် ရေတွက်၍မရနိုင်သော အရိပ်သဏ္ဍာန်များစွာကို သရုပ်ဖော်ထားပြီး၊ သူတို့၏ အကြည့်နှင့် ဦးခေါင်းများမှာ ဗဟိုချက်တစ်ခုတည်းသို့ တိကျစွာ ချိန်ရွယ်ထားကြသည်။ ထိုကြယ်တာရာများ၏ အောက်ခြေတွင်မူ ဝိညာဉ်အင်အားများ တောက်ပဖြာထွက်နေသည့် စက်ဝိုင်းပုံ မှန်တစ်ချပ် ရှိနေသည်။

အခြားတံခါးချပ်တစ်ခုတွင်မူ နဂါးတစ်ဆယ့်ရှစ်ကောင်သည် ကောင်းကင်ယံကို မော့ကြည့်၍ ဟိန်းဟောက်နေကြပြီး၊ တစ်ကောင်ချင်းစီထံမှ တိုက်ခိုက်လိုစိတ်နှင့် စစ်ရည်ရွယ်ချက်များ ပြင်းထန်စွာ ထွက်ပေါ်နေကာ အမျိုးမျိုးသော အော်ရာများလည်း ဖြာထွက်နေသည်။

နောက်ထပ် တံခါးချပ်တစ်ခုတွင်မူ "မျက်လုံး" ဟူသော စာလုံးနှစ်လုံး ရှိနေသည်။ ထိုစာလုံးများ၏ အောက်တွင် အားလုံးနားလည်နိုင်သော သေမျိုးဘာသာစကားဖြင့် ရေးသားထားပြီး၊ ဝင်ထွက်သွားလာသမျှသော ဧည့်သည်တော်များကို စောင့်ကြည့်နေသကဲ့သို့ လှုပ်ရှားနေသည့် ရွှေရောင်မျက်လုံးတစ်လုံး ရှိနေသည်။

ဝေ့ဝူယင်သည် သူ၏ မူလအာဏာရှင် တစ်ဦးချင်းစီအတွက် သီးသန့်အခန်းများ ထားရှိပေးထားသည်။ ပိုင်လင်အတွက်ပင် အခန်းတစ်ခန်း ရှိသေးသည်။ ထို့အပြင် အခန်းတိုင်းသည် ထိုသူတို့၏ စိတ်ကြိုက်ပုံဖော်ဖန်တီးထားသည့် သီးခြားကမ္ဘာငယ်လေးသဖွယ် ဖြစ်သော သီးသန့်လျှို့ဝှက်နယ်မြေ သို့မဟုတ် အာကာသနယ်မြေခွဲများသို့ ဆက်သွယ်ထားသည်။

ရှေ့ဟောင်းချိပ်ပိတ်နယ်မြေတွင်မူ ပိုင်လင်၏ အစေခံများဖြစ်သော ထန်မျိုးနွယ်စုသည် ထိုနေရာရှိ မူလအာရုဏ်ဦး နန်းတော်တွင် နေထိုင်ခဲ့ကြပြီး၊ ဝေ့ဝူယင်က သူနှစ်သက်သူများကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဤအစဉ်ထာဝရ တိုးတက်ပြောင်းလဲနေသော ထိုဖန်တီးမှုအနုပညာအတွင်း၌ နေထိုင်ကြပေသည်။

ဝေ့ဝူယင်သည် ခန်းမဆောင်များအတိုင်း လျှောက်လှမ်းလာရင်း ပိုင်လင်အတွက် ရည်ရွယ်ဖန်တီးထားသော အခန်းရှေ့တွင် ရပ်တန့်လိုက်သည်။ သူသည် မိမိလည်ပင်းတွင် ဆွဲထားသော ဟင်းလင်းပြင် ပုံဆောင်ခဲကို မသိစိတ်ဖြင့် ပွတ်သပ်လိုက်မိရာ၊ ၎င်းနှင့်အတူ တွဲလျက်ရှိနေသော အနန္တ ကုန်းမြေတိုက်ကြီးထံမှ ထူးခြားပြီး နွေးထွေးသော ခံစားချက်ကို ရရှိလိုက်သည်။

“ပိုင်လင်ကို သတိရတယ်...”

***

All Chapters