← Chapters

အခန်း (၂၃၁၉-၂၃၂၀)

Vol. 166 Ch. 2319-2320

အခန်း (၂၃၁၉-၂၃၂၀)

Vol. 166 Ch. 2319-2320

အပိုင်း(၂၃၁၉)

ဝေ့ဝူယင်၏ နောက်တွင် လူနှစ်ယောက် ရပ်နေကြသည်။ ထိုသူတို့မှာ စွန်းကျားကျန့် နှင့် မစ်ဆူလီနာ တို့ ဖြစ်ကြသည်။ ရှန့်လျိုကမူ ပြန်သွားပြီ ဖြစ်သည်။ သူတို့နှစ်ဦးမှာ အံ့သြတုန်လှုပ်လျက် ငြိမ်သက်နေကြ၏။ မူလအာရုဏ်ဦး နန်းတော် တစ်ခုလုံးကို မူလ ဒြပ်စင် စွမ်းအင်နှင့် အမတေများ၏ ခိုင်မာလှသော အခြေခံအုတ်မြစ်ဖြင့် တည်ဆောက်ထားကြောင်း သူတို့ သတိပြုမိကြသည်။ ဤစွမ်းအင်အမျိုးအစားမှာ အလွန်ပင် ရှားပါးလှပြီး သဘာဝအလျောက် ဖြစ်တည်မှု သို့မဟုတ် မူလဒြပ်စင် ရည်ရွယ်ချက် ရှိမှသာ ဖန်တီးနိုင်ခြင်း ဖြစ်သည်။ သို့သော် ဤနေရာရှိ မူလဒြပ်စင်စွမ်းအင်နှင့် အမတေတို့၏ အရည်အသွေးမှာ သူတို့ သိရှိထားသည်ထက် များစွာ သာလွန်နေသည်။ အဆမတန် သာလွန်နေခြင်း ဖြစ်သည်။

၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စပင်။ အဘယ်ကြောင့်ဆိုသော် ဝေ့ဝူယင်သည် သူ၏ မူလဒြပ်စင်ရည်ရွယ်ချက်ကို ပေါင်းစည်းရာတွင် တစ်ခု၊ နှစ်ခု၊ လေးခု မဟုတ်ဘဲ အထွတ်အထိပ် အဆင့် ဒြပ်စင်ရည်ရွယ်ချက် ကိုးခုကို အသုံးပြုထားသောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် မူလဥပဒေသကိုပါ ဆုပ်ကိုင်ထားနိုင်ခဲ့ရာ၊ ဤစွမ်းအင်မှာ မူလဒြပ်စင်စွမ်းအင် မဟုတ်တော့ဘဲ အယ်လ်ဖာ-ပါရာဂွန် စွမ်းအင် ဖြစ်နေပြီ ဖြစ်သည်။ အပြောကျယ်လှသော အမှောင် ဟင်းလင်းပြင်ကြီး အတွင်း၌ စုရီနှင့် တန်းတူညီမျှသော ကောင်းကင်ဖီဆန်သည့် မိစ္ဆာပါရမီရှင်တစ်ဦးကို ရှာဖွေရခြင်းက ဤနေရာရှိ စွမ်းအင်နှင့် အမတေမျိုးကို အခြားတစ်နေရာတွင် ရှာဖွေရခြင်းထက် ပို၍ လွယ်ကူပေလိမ့်မည်။

ဝေ့ဝူယင်က ခဏမျှ ရပ်တန့်ပြီးနောက် ခန်းမဆောင်အတွင်းသို့ ဆက်လက် လျှောက်လှမ်းသွားသည်။ ကျန်နှစ်ဦးမှာ ကြမ်းပြင်နှင့် နံရံများမှ အစိတ်အပိုင်းအချို့ကို ထုတ်ယူလိုသော လောဘစိတ်ကို ထိန်းချုပ်ရင်း နောက်မှ လိုက်ပါလာကြသည်။ ဝေ့ဝူယင်၏ ရှေ့မှောက်တွင် ထိုကဲ့သို့ ပြုလုပ်မိပါက သေတွင်းတူးခြင်းပင် ဖြစ်မည်ကို သူတို့ သိကြသည်။

မကြာမီတွင် သူတို့သည် တံခါးတစ်ချပ်ရှေ့သို့ ရောက်ရှိလာကြသည်။ တံခါးမှာ ရိုးရှင်းလှပြီး လျှို့ဝှက်သင်္ကေတဖြင့် ဆွေးနွေးခြင်း ဟုသာ မှတ်သားထားသည်။ ဝေ့ဝူယင်က တစ်စုံတစ်ရာ ပြုလုပ်ရန် မလိုဘဲ တံခါးမှာ သူ့အလိုလို ပွင့်သွားပြီး သူ့ကို ကြိုဆိုနေသကဲ့သို့ ရှိသည်။ အခန်းအတွင်းရှိ အပြင်အဆင်မှာ အလွန်ရိုးရှင်းပြီး အာရုံထွေပြားစရာ တစ်ခုမျှ မရှိပေ။ နံရံများကို မီးခိုးရောင်ဖြင့် ခြယ်သထားပြီး စားပွဲဝိုင်းတစ်လုံးနှင့် ထိုင်ခုံများသာ ရှိသည်။ ဤနေရာ၌ ထိုင်ခုံတိုင်းမှာ အဆင့်အတန်း တန်းတူသကဲ့သို့ ခံစားရစေပြီး အထက်အောက် ခွဲခြားမှု မရှိပေ။

“ကျေးဇူးပြုပြီး ထိုင်ကြပါဦး...”

ဝေ့ဝူယင်က ဖိတ်ခေါ်လိုက်ရာ စားပွဲပေါ်တွင် အဆင့်မြင့် လျှို့ဝှက်အော်ရာများ ဖြာထွက်နေသည့် ရှားပါးသစ်သီးများနှင့် မုန့်အချိုအချဉ်များ ပေါ်လာသည်။ သစ်သီးနံ့နှင့် အချိုနံ့ သင်းပျံ့မှုက ပတ်ဝန်းကျင်ကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေပြီး သူတို့၏ စိတ်နှလုံးကို အနည်းငယ် ပေါ့ပါးသွားစေသည်။

စွန်းကျားကျန့်နှင့် မစ်ဆူလီနာတို့မှာ ရိုသေစွာ ထိုင်လိုက်ကြသည်။ အထွတ်အထိပ် သူတော်စင် တစ်ဦး၏ ရှေ့မှောက်တွင် သူတို့နှစ်ဦးစလုံးမှာ အနည်းငယ်မျှ ရိုင်းပျမှု မပြမိစေရန် လိမ္မာပါးနပ်စွာ နေထိုင်ကြသည်။

စွန်းကျားကျန့်သည် သူ၏ အသက်အရွယ်ကို အသုံးချ၍ ဝါရင့်သူသဖွယ် မပြုမူသလို၊ မစ်ဆူလီနာကလည်း မျိုးဆက်သစ်တစ်ဦးကဲ့သို့ပင် ပြုမူနေထိုင်သည်။ သူတို့နှစ်ဦးစလုံးသည် ဝေ့ဝူယင်ထက် အသက်ပေါင်း ဒါဇင်နှင့်ချီ၍ ကြီးကြသော်လည်း ဤကဲ့သို့ ပြုမူနေခြင်းကို ဝေ့ဝူယင်က သဘောကျနေမိသည်။

ဝေ့ဝူယင်က ထိုင်ချလိုက်ပြီး သစ်သီးတစ်လုံးကို အမှတ်မထင် ယူစားလိုက်ရာ တင်းမာမှုများ ချက်ချင်း လျော့ကျသွားပြီး ကျန်နှစ်ဦးလည်း စတင် စားသောက်ကြသည်။ မစ်ဆူလီနာသည် အနီရောင် ကိတ်မုန့်ငယ်လေးကို ကြည့်ရင်း သူမ၏ လျှို့ဝှက်စွမ်းအင်များ ယခင်ကထက် ပိုမိုချောမွေ့စွာ စီးဆင်းလာသည်ကို ခံစားလိုက်ရသဖြင့် မျက်လုံးများ တောက်ပသွားသည်။

“ဒါက အဂ္ဂိရတ် ထုတ်ကုန်တစ်ခုလား...”

စွန်းကျားကျန့်က စပျစ်သီးတစ်လုံးကို ယူစားပြီးနောက် အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။ ၎င်းအတွင်း၌ အဂ္ဂိရတ်စွမ်းအင်များ၏ အမှတ်အသားကို သူ ခံစားမိလိုက်ခြင်းကြောင့် ဖြစ်သည်။

“တိုက်ရိုက်တော့ မဟုတ်ပါဘူး... ဒါတွေက ထူးကဲအရည်အသွေးရှိတဲ့ စိုက်ပျိုးရေး မြေသြဇာတွေနဲ့ ဆေးရည်တွေ သုံးပြီး စိုက်ပျိုးထားတာပါ... အဲဒီစပျစ်သီး တစ်လုံးထဲမှာတင် မြေကြီးရတနာတွေနဲ့ ကောင်းကင်ရေစင်တွေရဲ့ ပေါင်းစပ်မှုကို ဖန်တီးထားတာပါ... အဲဒီစပျစ်သီးကို မြေကြီးတာရာအင်အား စပျစ်သီး လို့ ခေါ်ပါတယ်... ဒါဟာ လျှို့ဝှက်မြေကြီး အဆင့်ရှိတဲ့ ကိုယ်ခန္ဓာမြှင့်တင်ရေး ပစ္စည်းတစ်ခုနဲ့ မခြားပါဘူး... သဘာဝအတိုင်း အစာခြေရတာ ပိုလွယ်ကူပါတယ်... သေမျိုးတွေ အစာစားသလိုပဲ ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အသုံးချပြီး စွမ်းအင်လှည့်ပတ်နေစရာ မလိုပါဘူး... ဗိုက်ပြည့်အောင် စားပြီး အိပ်လိုက်ယုံပါပဲ၊ ပြန်နိုးလာတဲ့အခါ တစ်နေကုန် ကျင့်ကြံနေတာ ဒါမှမဟုတ် အဲဒီအဆင့်ရှိတဲ့ ဆေးလုံးတစ်လုံးကို သန့်စင်နေတာနဲ့ အတူတူပါပဲ...”

ဝေ့ဝူယင်က ရှင်းပြရင်း စပျစ်သီးတစ်လုံးကို ယူ၍ မြိန်ယှက်စွာ ဝါးစားလိုက်သည်။

“...”

မစ်ဆူလီနာနှင့် စွန်းကျားကျန့်တို့မှာ စိတ်ထဲမှ အလွန်အံ့သြသွားကြသည်။ ဤကဲ့သို့သော နည်းလမ်းမှာ လုံးဝအသစ်အဆန်းတော့ မဟုတ်ပေ။ စိုက်ပျိုးရေးဆိုသည်မှာ အမြဲရှိခဲ့သော်လည်း ဝေ့ဝူယင်ကမူ ၎င်းကို အဆင့်သစ်တစ်ခုသို့ တွန်းပို့ထားခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် သီးခြားကုန်ကြမ်းများကို စိုက်ပျိုးခြင်း သို့မဟုတ် အခြားအရာများမှ ထူးခြားသောပစ္စည်းများကို ကိုင်းဆက်စိုက်ပျိုးခြင်းသာ ပြုလုပ်ကြသော်လည်း၊ ဝေ့ဝူယင်ကမူ အဂ္ဂိရတ်ထုတ်ကုန်များကို ရေလောင်းမြေသြဇာအဖြစ် အသုံးပြုကာ ၎င်းတို့ကို မြေကြီးရတနာနှင့် ကောင်းကင်ရေစင်များသဖွယ် လုပ်ဆောင်နိုင်သော ထုတ်ကုန်တုများအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် မိနစ်သုံးဆယ်ခန့်တွင် စွန်းကျားကျန့်နှင့် မစ်ဆူလီနာတို့သည် စားသောက်ရင်းဖြင့် ကျင့်ကြံခြင်းနည်းလမ်းသစ်ကို ပျော်ရွှင်စွာ ခံစားနေကြသည်။ တစ်ဖက်တွင်လည်း ဝေ့ဝူယင်က သူ၏ လျှို့ဝှက်ကစားပွဲ - တော်ဝင်တိုက်ပွဲ တွင် အောင်ပွဲရခဲ့ပုံနှင့် စုရီ၏ လျှို့ဝှက်အရှင်တစ်ဦးအနေဖြင့် ထူးကဲသော တိုက်ခိုက်ရေးစွမ်းရည်များအကြောင်းကိုသာ သာမန်ကာလျှံကာ ဆွေးနွေးရင်း အချိန်ကုန်လွန်စေခဲ့သည်။ စုရီသည် ပြန်လည်ဝင်စားလာသော အထွတ်အထိပ်သူတော်စင်တစ်ဦး ဖြစ်နိုင်ကြောင်း လူအများစုက မသိထားပါက၊ ဤကိစ္စကို သူတို့ ယုံကြည်နိုင်ကြမည် မဟုတ်ပေ။

“ကဲ... အခု ပိုပြီး အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြရအောင်... ဥပမာ...”

သူသည် စကားလမ်းကြောင်းကို ကောင်းမွန်စွာ ပြောင်းလဲလိုက်ရာ စွန်းကျားကျန့်နှင့် မစ်ဆူလီနာတို့မှာ ပေါ့ပေါ့ပါးပါး ရှိနေသော်လည်း တစ်ချိန်တည်းမှာပင် ဤကိစ္စများကို အလေးအနက်ထား စဉ်းစားရန် ပြင်ဆင်လိုက်ကြသည်။

လေထုမှာ အလွန်အမင်း တင်းမာခြင်း မရှိပေ။ သို့သော် ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်လာသည်နှင့်အမျှ စွန်းကျားကျန့်နှင့် မစ်ဆူလီနာတို့ နှစ်ဦးစလုံးမှာ အနည်းဆုံး သုံးကြိမ်စီခန့် အံ့သြတုန်လှုပ်စွာ အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။ သူတို့သည် ဝေ့ဝူယင်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

“ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ တောက်ပသောကြယ် နန်းတော်ရဲ့ ထောက်ခံမှုကို လိုအပ်တာပါ...”

ဝေ့ဝူယင်က ပြောလိုက်သည်။

“...”

စွန်းကျားကျန့်သည် အတော်ကြာအောင် တိတ်ဆိတ်သွားသည်။ ထို့နောက် သူက မစ်ဆူလီနာကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် မယုံနိုင်လောက်အောင် အံ့သြမှုများ ပြည့်နှက်နေသည်။ ခေတ္တမျှ ကြာပြီးနောက် သူသည် ဝေ့ဝူယင်ဘက်သို့ လှည့်ကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ လောကရှန့်ထို အာရုဏ်ဦး အနေနဲ့ နန်းတော်သခင်ရဲ့ တောင်းဆိုချက်တွေကို သဘောတူနိုင်မယ်ဆိုရင်၊ အရာအားလုံးက ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်...”

မစ်ဆူလီနာမှာလည်း တုန်လှုပ်နေမိသည်။ သူမ၏ နားကိုပင် သူမ မယုံနိုင်အောင် ဖြစ်နေရသည်။

“ကျွန်တော် တစ်ခုပဲပြောမယ်၊ ခင်ဗျားတို့ရဲ့ ‘လက်ဆောင်’ ကို ကျွန်တော် တကယ်ပဲ ကျေးဇူးတင်ပါတယ်...”

ဝေ့ဝူယင်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း လက်ဆောင် ဆိုသော စကားလုံးကို အလေးပေးပြောလိုက်ခြင်းက မစ်ဆူလီနာ၏ နှလုံးခုန်သံကို မြန်ဆန်သွားစေသည်။ ၎င်းတွင် ခြိမ်းခြောက်မှုသံ အနည်းငယ် ပါဝင်နေပြီး၊ အာရပ်နစ်များမှာ အပေါ်ယံတွင် နာခံနေသော်လည်း အရိပ်ထဲတွင် ယုတ်မာရန် ကြံစည်နေကြသည်ကို သူမ ကောင်းစွာ သိရှိထားသည်။

“အရာအားလုံးက ဆွေးနွေးလို့ ရနိုင်ပါတယ်...”

မစ်ဆူလီနာက ပြောလိုက်သည်။ သူမသည် အကြီးအကဲတစ်ဦး၏ အာဏာကို ပိုင်ဆိုင်ထားကာ သာမန်သဘောတူညီချက်တစ်ခုသည်ပင် ဂလက်ဆီတစ်ခုလုံး၏ နယ်မြေကို ပြောင်းလဲသွားစေနိုင်ပြီး၊ အစွမ်းကုန် သန့်စင်ခြင်းအား အကြီးမားဆုံးသော ပြောင်းလဲမှုဆီသို့ ဦးတည်သွားစေနိုင်သည်။ ထို့ကြောင့်ပင် သူမသည် ဤအကြံအစည်ကို မကန့်ကွက်ဘဲ အမှန်တကယ်ပင် သဘောတူချင်နေမိသည်။

“ကောင်းပါပြီ...”

ဝေ့ဝူယင်က အားရပါးရ ရယ်မောလိုက်သည်။ သူတို့၏ တုံ့ပြန်မှုများမှာ ပြည့်စုံလှသည်။ ထို့နောက်တွင် သူသည် နောက်ထပ် အစားအသောက်များကို ထုတ်ပေးကာ ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင်များကို ဆွေးနွေးကြသည်။

တစ်ဦးမှာ ဝါရင့်စီနီယာကြီး ဖြစ်သလို၊ အခြားတစ်ဦးမှာလည်း ပါရမီရှင်တစ်ဦး ဖြစ်သဖြင့် အခြားသူများ မရှိနိုင်သော လျှို့ဝှက်အာဏာရှင် အဆင့် ဆိုင်ရာ ထူးခြားသည့် အမြင်များကို သူတို့ဆီမှ ရရှိလိုက်သည်။ ဝေ့ဝူယင်အတွက် ဤသုံးနာရီကြာ ဆွေးနွေးမှုမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

ဆွေးနွေးမှုအပြီးတွင် စွန်းကျားကျန့်၏ အိုမင်းသော မျက်နှာမှာ ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းလိုက်ရသကဲ့သို့ ဝမ်းသာအားရ ဖြစ်နေ၏။ မစ်ဆူလီနာ၏ နှလုံးခုန်သံမှာလည်း မြန်ဆန်နေဆဲဖြစ်ကာ သူမ၏ မျက်လုံးများတွင် ဉာဏ်အလင်းရရှိသည့် ပညာရှင်တစ်ဦး၏ အရောင်အဝါများ ဟပ်နေသည်။ ဝေ့ဝူယင်က သူတို့ကို လိုက်လံပို့ဆောင်ပေးခဲ့သည်။ သူတို့သည် မူလအာရုဏ်ဦး နန်းတော်မှ ထွက်ခွာ၍ သူတို့၏ ဌာနချုပ်များသို့ ပြန်သွားကြသည်။

ဝေ့ဝူယင်သည် ဝရံတာအစွန်းမှနေ၍ အမှောင်ဟင်းလင်းပြင်၏ ကြယ်တာရာ စုံလင်သော ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ ထိုအခိုက်တွင်ပင် တစ်စုံတစ်ဦး၏ စူးရှသော အကြည့်မှာ သူ့အပေါ်သို့ ကျရောက်နေသည်ကို သူ ခံစားလိုက်ရသည်။ ၎င်းမှာ အထွတ်အထိပ် သူတော်စင်တစ်ဦး၏ အကြည့် ဖြစ်သည်။ အထူးသဖြင့် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်မှ ပိန်ပါးသော အမျိုးသမီး အထွတ်အထိပ် သူတော်စင် ဖြစ်သည်။ ဝိညာဉ်ကို ထိုးဖောက်မည့်အလား စူးရှသော သူမ၏ အကြည့်များမှာ ဖြေဖျောက်၍မရသော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ဝေ့ဝူယင်၏ ကြယ်တာရာ မျက်လုံးများမှာ တောက်ပလာ၏။

“ဘယ်ကိုမှ ထွက်ပေါက်မရှိတဲ့ အမုန်းတရားတွေနဲ့ ပြည့်နေတာပဲ... တကယ်လို့ ခင်ဗျား အလိုရှိမယ်ဆိုရင် ဒီကို လာခဲ့နိုင်ပါတယ်၊ ကျွန်တော် ခင်ဗျားအတွက် ထွက်ပေါက်တစ်ခု ရှာပေးပါ့မယ်... ခင်ဗျားရဲ့ ပျက်စီးနေတဲ့ အခြေခံအုတ်မြစ်ကိုတောင် ကျွန်တော် ကူညီပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်... ခင်ဗျားဘက်က ကောင်းကောင်း ပြုစုနိုင်မယ်ဆိုရင်ပေါ့လေ...”

သူက ပြုံးလျက် ပါးစပ်လှုပ်ရုံဖြင့် ပြောလိုက်သည်။ သူ၏ စကားကို ထိုအမျိုးသမီး အထွတ်အထိပ် သူတော်စင်သာ နားလည်နိုင်သည်။ သူမသည် ဒေါသအလွန်ထွက်သွားပြီး အော်ရာများ ပေါက်ကွဲထွက်လာရာ သန့်စင်ခြင်း ဂလက်ဆီဇုန် တစ်ခုလုံး တုန်ခါသွားလေသည်။ ဝေ့ဝူယင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

“အထွတ်အထိပ် သူတော်စင်တစ်ဦးကို ရန်စနေတာပဲ...”

ဝေ့ဝူယင်၏ ကိုယ်စား ကောင်းကင်စစ်ဝိညာဉ်ကတော့ ချွေးပြန်နေမိသည်။ အတန်ကြာမှ သူမက မေးလိုက်၏။

“နင် တကယ်ပဲ အထွတ်အထိပ် သူတော်စင်တစ်ဦးကို ယှဉ်တိုက်နိုင်မယ်လို့ ထင်လို့လား...”

“...”

***

အပိုင်း(၂၃၂၀)

ဝေ့ဝူယင်၏ ရယ်သံမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ သူသည် ကြယ်တာရာ စုံလင်နေသည့် ကောင်းကင်ယံကို စိုက်ကြည့်နေပြီးနောက် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ဥပဒေသများကို အလွန်အကျွံ အသုံးပြုခဲ့ခြင်းကြောင့် သူ၏ ဝိညာဉ်အင်အားများ ကုန်ခန်းလုနီးပါး ဖြစ်နေပြီး ပင်ပန်းနွမ်းနယ်မှုကို ရင်ထဲမှ သက်ပြင်းချရင်း ခံစားလိုက်ရသည်။

သေမျိုးတာအို ကျင့်ကြံသူတစ်ဦးအဖြစ်နှင့် ဉာဏ်အလင်းရ သူတော်စင် တစ်ဦးကို အနိုင်ယူခြင်းမှာ တစ်ကိစ္စဖြစ်သော်လည်း၊ ပဲ့တင်ထပ် ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးမှာမူ လုံးဝ ခြားနားသော သတ္တဝါမျိုး ဖြစ်သည်။ သူတို့၏ ခြားနားချက်မှာ အရွယ်အစားအားဖြင့် ကြွက်တစ်ကောင်နှင့် ဝေလငါးပြာကြီးတစ်ကောင်ကို နှိုင်းယှဉ်နေသကဲ့သို့ပင် ဖြစ်တော့သည်။

၎င်းမှာ နှိုင်းယှဉ်၍ပင် မရနိုင်သော ကွာဟချက်မျိုး ဖြစ်၏။ ရှေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ကြည့်ရှုရုံဖြင့်ပင် သူတို့၏ အဆင့်နှင့် စွမ်းအားကို ဝေ့ဝူယင် ခန့်မှန်းနိုင်ခဲ့သည်။ အထူးသဖြင့် သူ၏ အားအကိုးရဆုံးသော ထွက်ပြေးတိမ်းရှောင်မှု၊ လှုပ်ရှားမှုနှင့် ခရီးသွားလာမှု ယန္တရားဖြစ်သော ဟင်းလင်းပြင် ကို ထိုသူတို့ မည်မျှ လွယ်ကူစွာ ကိုင်တွယ်အသုံးပြုနေကြသည်ကို သူ သတိပြုမိသည်။ သူ၏ အဆင့်တက်လှမ်းမှုကြောင့် ရရှိထားသော ယုံကြည်ချက်များမှာ တစ်စစနှင့် တိုက်စားခံလိုက်ရသလို ခံစားရ၏။

သူတို့သည် ကောင်းကင်ယံထံမှ စွမ်းအားများကို တိုက်ရိုက် ရယူနိုင်ကြသည်။ ၎င်းမှာ မည်မျှအထိ ရူးသွပ်စရာကောင်းသော ကိစ္စနည်း။ ဝေ့ဝူယင်သည် သူ၏ ဥပဒေသ အာဏာစက်များကို အသုံးပြု၍ ကောင်းကင်ယံကို လှုပ်ခတ်နိုင်သော်လည်း၊ သူတို့မှာမူ ၎င်းကို အတုယူနိုင်ရုံသာမက ပိုမိုအစွမ်းထက်အောင် ပြုလုပ်နိုင်ပြီး သဘာဝလွန် အကန့်အသတ်များအထိ ဆန်းသစ်ဆန်းကြယ်သော နည်းလမ်းများဖြင့် အသုံးချနိုင်ကြသည်။ သူတို့တွင် သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့်သာ ထိုက်တန်သော ဂလက်ဆီဖျက်ဆီးနိုင်သည့် စွမ်းအား များ အမှန်တကယ် ရှိနေကြသည်။

သူတို့သည် နတ်ဘုရားများကဲ့သို့ပင်။ မျက်ဝါးထင်ထင် တွေ့မြင်နေရသည့် နတ်ဘုရားများပင် ဖြစ်တော့သည်။

ဝေ့ဝူယင်အနေဖြင့် သူတို့ကဲ့သို့ ကောင်းကင်ယံမှ စွမ်းအားဆွဲယူမှုကို မပြုလုပ်နိုင်သေးပေ။ ၎င်းမှာ သူ၏ အမြဲတမ်း အားနည်းချက်ဖြစ်သော ကျင့်ကြံခြင်းအဆင့် ကွာဟချက်ပင် ဖြစ်သည်။ သူသည် သေမျိုးတစ်ဦးအဖြစ်နှင့် လျှို့ဝှက် အဆင့်ကို နားလည်ရန် ကြိုးစားနေရဆဲ ဖြစ်သည်။ အကယ်၍ ကောင်းကင်ဘုံ နတ်မျက်လုံးများ ကဲ့သို့သော အထူးအခြေအနေများသာ မရှိပါက၊ သူသည် သူတော်စင်များ၏ မအောင်နိုင်သော တိုက်စစ်၊ ခံစစ်နှင့် ရှိန်ဝါများရှေ့တွင် မျှော်လင့်ချက်မဲ့နေပေလိမ့်မည်။ ပဲ့တင်ထပ် ဝိညာဉ်အဆင့်တွင် သူ အလွယ်တကူ ခုခံနိုင်စွမ်းမရှိသော သို့မဟုတ် အသုံးချနိုင်စွမ်းမရှိသော အားသာချက်များစွာ ရှိနေသည်။

“ငါ့ရဲ့ ကျင့်ကြံခြင်းက နိမ့်လွန်းနေသေးတယ်...”

ဝေ့ဝူယင် ရိုးသားစွာ မှတ်ချက်ချမိသည်။ သူ၏ ကျင့်ကြံခြင်းဝိညာဉ်၊ ရည်ရွယ်ချက်၊ လျှို့ဝှက် ခန္ဓာ ဖွံ့ဖြိုးမှု၊ သွေးမျိုးဆက်အဆင့် သို့မဟုတ် ဥပဒေသများကို ဆုပ်ကိုင်ထားနိုင်မှု အားလုံးမှာ အလွန်ပင် နိမ့်ပါးနေပါသေးသည်။

“...”

ဝေ့ဝူယင်သည် ဓားသွားပေါ်တွင် ကပြနေသကဲ့သို့ အန္တရာယ်ကြီးလှသည်ဟု ကောင်းကင်စစ်ဝိညာဉ်က ခံစားနေမိသည်။ အောက်ခြေ ဂလက်ဆီငယ်များတွင် သူသည် အနှိုင်းမဲ့ ဖြစ်ခဲ့သော်လည်း၊ ယခုလို မဟာဂလက်ဆီကြီးများတွင် လျှို့ဝှက်ကောင်းကင်လက်နက်များနှင့် အထွတ်အထိပ်သူတော်စင်များစွာ ရှိနေသည်။ ၎င်းမှာ ဝေ့ဝူယင် တစ်ခါမျှ မကြုံဖူးသေးသော စွမ်းအားနယ်ပယ်သစ်တစ်ခုပင်။

“ဒါပေမဲ့ အဲဒါက ငါမနိုင်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး...”

ဝေ့ဝူယင်က လေးနက်သောလေသံဖြင့် ဝန်ခံလိုက်သည်။ မှန်ပေသည်။ ဝေ့ဝူယင်တွင် ထိုကဲ့သို့ နက်နဲလှသော ကောင်းကင်နှင့် ဝိညာဉ်စွမ်းအားများ မရှိသော်လည်း၊ သူ့တွင် ကြယ်တာရာ ဝိညာဉ်လေးခုနှင့် ဖီဆန်လေး ရှိနေသည်။

ဝေ့ဝူယင်သည် အခန်းတံခါးဝတွင် ရပ်နေရင်း အသက်ဝင်နေသော အော်ရာနှစ်ခု၏ တည်ရှိမှုကို ခံစားလိုက်ရသည်။ သူသည် သူ၏ အတည်ပြုထားသော အစွမ်းများနှင့် အလားအလာရှိသော စွမ်းအားများကို စဉ်းစားရင်း စုရီနှင့် နှိုင်းယှဉ်ကြည့်လိုက်၏။

“အခု မင်းရဲ့ အခြေအနေနဲ့ အဲဒီ စုရီဆိုတဲ့ လူကို အနိုင်ယူနိုင်မယ်လို့ ထင်လား...”

ကောင်းကင်စစ်ဝိညာဉ်က မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် စုရီတွင် အထွတ်အထိပ်သူတော်စင်တစ်ဦး၏ အားသာချက်အားလုံး ရှိမနေသောကြောင့် ဖြစ်သည်။

ထိုစဉ် တံခါးမှာ ပွင့်သွားသည်။ ချောင်စွေ့ဖုန်း နှင့် လျူစုယင် တို့သည် တံခါးအပြင်ဘက်တွင် ရပ်နေကြပြီး၊ သူတို့၏ မျက်လုံးများတွင် ပြင်းထန်သော စိတ်ခံစားမှုများနှင့် ဖုံးကွယ်ထား၍မရသော လိုလားတောင့်တမှုများ တောက်ပနေသည်။ ကြောက်မက်ဖွယ် လွှမ်းမိုးမှုကို ပြသခဲ့သည့် ထိုအမျိုးသားမှာ သူတို့ရှေ့တွင် ရှိနေပြန်ပြီ ဖြစ်သည်။

“ရှင် အောင်ပွဲရပြီးတဲ့နောက်... အဖော်ပြုပေးမယ့်သူ လိုအပ်လိမ့်မယ်လို့ ကျွန်မ ထင်လို့ပါ...”

ချောင်စွေ့ဖုန်းက သူမနှင့်မလိုက်ဖက်သော ရှက်သွေးဖြာမှုမျိုးဖြင့် ပြောလိုက်သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။ သူက ဝင်လာရန် လက်ဟန်ပြလိုက်ရာ လျူစုယင်မှာ ချောင်စွေ့ဖုန်း၏ လက်ကိုဆွဲ၍ အခန်းထဲသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်လာကြသည်။ သူတို့သည် အိပ်ရာဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြပြီး၊ လျှို့ဝှက်စွမ်းအားများ ပေါက်ကွဲထွက်လာမှုနှင့်အတူ သူတို့၏ ဝတ်စုံများမှာ အရည်ပျော်ကျသွားကာ ဆွဲဆောင်မှုရှိသော အတွင်းခံဝတ်စုံများသာ ကျန်ရစ်တော့သည်။ ဝေ့ဝူယင်၏ ကာမစိတ်များ နိုးကြားလာသည်။

သူသည် သူ့ကိုသာ လိုလားတောင့်တနေသော ထိုလှပသည့် ကိုယ်ခန္ဓာလေးများကို ပွေ့ဖက်ရန် လျှောက်သွားရင်း၊ နူးညံ့ချောမွေ့သော အိပ်ရာပေါ်တွင် လဲလျောင်းရင်း၊ မည်သည့်အမျိုးသားကိုမဆို မီးဟုန်းဟုန်းတောက်စေမည့် သူတို့၏ ချိုသာသော ရယ်မောသံများကို နားထောင်ရင်း... မူလ အတွေးလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

စုရီ၏ စွမ်းအားကို ပြန်လည်စဉ်းစားရင်း သူ တွေးလိုက်မိ၏။

“အင်း... ငါပဲ နိုင်မှာပါ...”

...

အခြားအခန်းတစ်ခုတွင်မူ ယွီပေါင်ယွဲ့သည် စုရီ သတိပြန်ရလာသည်အထိ ပြုစုပေးနေခဲ့၏။ စုရီမှာ မျက်ခုံးများ လှုပ်ခတ်လာကာ ဖြည်းညှင်းစွာ မျက်လုံးပွင့်လာခဲ့လေသည်။

စုရီ နိုးလာသည်ကို မြင်လိုက်ရသောအခါ ယွီပေါင်ယွဲ့၏ ဖြူရော်နေသော မျက်နှာထက်တွင် ပန်းရောင်သန်းသည့် အသက်ဝင်မှုအချို့ ပြန်လည်ရရှိလာသည်။

"ရှင် ဘေးကင်းသွားပြီ..."

သူမသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အားတင်းကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ ထိုစကားသံမှာ နူးညံ့သိမ်မွေ့ပြီး မေတ္တာနှင့် နွေးထွေးမှုတို့ ပြည့်နှက်နေ၏။

ထိုစကားလုံးများကြောင့် စုရီ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသော အားနည်းသည့် ဓားအော်ရာများမှာပင် အလိုအလျောက် ငြိမ်သက်သွားရသည်။ စုရီ၏ စိတ်အသိများ တဖြည်းဖြည်း ပွင့်လန်းလာရာ၊ ဆွဲဆောင်မှုရှိသော ကျောက်မျက်ရတနာများကဲ့သို့ တောက်ပသည့် မျက်ဝန်းပိုင်ရှင် ဖြူဖျော့လှပသော ယွီပေါင်ယွဲ့ကို စတင်မြင်တွေ့လိုက်ရသည်။

"ငါ... ငါ ဘယ်ရောက်နေတာလဲ"

စုရီသည် အရိုးထဲအထိ စိမ့်ဝင်နေကာ ဝိညာဉ်ကို ထိုးဖောက်မည့်အလား ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း အားယူ၍ အက်ရှရှအသံဖြင့် မေးလိုက်သည်။

သူတို့သည် နွေးထွေးသော အရောင်အသွေးများဖြင့် ခြယ်သထားပြီး အိမ်ဂေဟာသဖွယ် ခံစားရစေသော အိပ်ခန်းကျယ်ကြီးတစ်ခုထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ လေထုထဲတွင် ပန်းရနံ့များကြောင့် စိတ်ကို ကြည်လင်လန်းဆန်းစေသည့် အနံ့သင်းပျံ့မှုများ ရှိနေသည်။ သူသည် ဝိညာဉ်အမြင်နှင့် ဝိညာဉ်အာရုံကို အသုံးမပြုနိုင်သဖြင့် ဤအခန်း၏ နက်နဲသော အရည်အသွေးများကို အနည်းငယ်မျှသာ သိရှိနိုင်သော်လည်း၊ ဤနေရာရှိ အရာအားလုံးမှာ သာမန်မဟုတ်ကြောင်း စုရီ သိလိုက်သည်။

နံရံများ၊ အိပ်ရာ၊ ပန်းများ သို့မဟုတ် မီးအိမ်အချို့မှ ထွက်ပေါ်နေသော နွေးထွေးသည့် အလင်းရောင်များမှာပင် လျှို့ဝှက်အဆင့်ရှိ နေရောင်ခြည်စွမ်းအင်များ ဖြာထွက်နေပြီး၊ မီးသီးများအတွင်း၌ နေကြယ်ငယ်လေးများ ထည့်သွင်းထားသကဲ့သို့ ရှိသည်။

"တို့တွေက..."

ယွီပေါင်ယွဲ့က ခဏမျှ တုံ့ဆိုင်းသွား၏။

"တို့တွေ မူလအာရုဏ်ဦး နန်းတော်ထဲမှာ ရောက်နေတာ"

"..."

စုရီ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ သူသည် ရှိသမျှ အင်အားကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုသော်လည်း၊ ယွီပေါင်ယွဲ့က နူးညံ့သော ထိတွေ့မှုဖြင့် သူ့ကို တားဆီးကာ ထကြွလာသော သူ၏ ကိုယ်အထက်ပိုင်းကို အိပ်ရာပေါ်သို့ ပြန်လည် ဖိချထားလိုက်သည်။ သူသည် သူမ၏ အနည်းငယ်မျှသော အင်အားကိုပင် ပြန်လည် မတွန်းလှန်နိုင်ပေ။ ၎င်းမှာ သူ၏ ဘဝတွင် အားအနည်းဆုံး ဖြစ်နေသည့် အချိန်ပင်။

"မစိုးရိမ်ပါနဲ့၊ အရာအားလုံး အဆင်ပြေသွားပါပြီ..."

ယွီပေါင်ယွဲ့က လိမ်ညာခြင်းမရှိသော လေသံဖြင့် အသိပေးလိုက်သည်။ သူမသည် စုရီ၏ ဤကဲ့သို့ အားနည်းပြီး အကာအကွယ်မဲ့နေသော အခြေအနေကို စိတ်ဝင်စားမိနေသည်။ သူတို့ စတင်ဆုံတွေ့ကတည်းက နေ့စဉ်မြင်တွေ့နေရသော သူ၏ အနှိုင်းမဲ့ အစွမ်းထက်မှုများနှင့် လုံးဝ ခြားနားနေသောကြောင့် ဖြစ်သည်။

"မင်း နားမလည်ပါဘူး"

စုရီက အားနည်းစွာ ပြောလိုက်သည်။ သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ချက်များကို သူ သိထားသည်။ ထိုအရာများအတွက် လောကရှန့်ထိုများပင် လူသတ်ရန် ဝန်လေးကြမည် မဟုတ်ပေ။ ပဲ့တင်ထပ် ဝိညာဉ်အဆင့် ကဲ့သို့သော အထွတ်အထိပ် တည်ရှိမှုများကိုမူ ပြောနေစရာပင် မလိုတော့။

သူသည် စောစောက သူ၏ စွမ်းအားများကို ထုတ်ဖော်ပြသခဲ့မိသဖြင့် အဆိုးဆုံးကိုသာ မျှော်လင့်ထားပြီး ဖြစ်သည်။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထိုပုဂ္ဂိုလ် ရောက်ရှိလာပြီး သူ့ကို ကယ်တင်ရန်သာ ဖြစ်သည်။

***

All Chapters