အခန်း (၂၇၉-၂၈၀)
Vol. 28 Ch. 279-280
အခန်း။ ၂၇၉
ဤအခြေအနေမှာ ကျင့်စဉ်၏ ရိုးရှင်းလွယ်ကူမှုတစ်ခုတည်းကြောင့် မဟုတ်နိုင်ဘူးဟု လုံယီ တွေးတောမိသည်။
ဖြစ်နိုင်ခြေရှိသော အကြောင်းရင်း နှစ်ရပ်ရှိသည်။
ပထမအချက်မှာ စွမ်းဆောင်ရည်ပြမျက်နှာပြင်သည် မူလကတည်းက အလောင်းများထံမှ စွမ်းအင်များကို စုဆောင်းနိုင်စွမ်းရှိရာ အလောင်းများနှင့် နီးကပ်စွာ ဆက်နွှယ်နေခြင်းကြောင့် ဖြစ်သည်။ အလောင်းများအား ကိုင်တွယ်ဖြေရှင်းရာတွင် ဘုရင်တစ်ပါးကဲ့သို့ ကျွမ်းကျင်သော လုံယီအဖို့ အလောင်းတစ်ခုကို ထိန်းချုပ်ရန်မှာ အင်မတန် လွယ်ကူလှသည်။
ဒုတိယအချက်မှာ သူသည် ထိန်းချုပ်မှုဆိုင်ရာ ပါရမီကို ပိုင်ဆိုင်ထားခြင်းဖြစ်ရာ အလောင်းထိန်းချုပ်ခြင်းမှာလည်း ထိုထိန်းချုပ်မှုပုံစံတစ်မျိုးပင်။
လူအများအပြား ရှိနေသည့်အပြင် ခန့်မှန်းရခက်သော အကြီးအကဲကျွမ်းလည်း ရှိနေသောကြောင့် လုံယီသည် အလောင်းထိန်းချုပ်အတတ်ကို ထိုနေရာတွင် ချက်ချင်း အဆင့်မမြှင့်တင်ခဲ့ပေ။ တပည့်တောင်ထိပ်ရှိ သူ၏လိုဏ်ဂူသို့ ပြန်ရောက်မှသာ အဆင့်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။
[အလောင်းထိန်းချုပ်အတတ် (အခြေခံအဆင့် ၀/၁) → (ကျွမ်းကျင်အဆင့် ၀/၅) → (နှံ့စပ်အဆင့် ၀/၃၀) → (အောင်မြင်မှုအဆင့်ငယ် ၀/၃၀၀) → (ကြီးကျယ်သောအဆင့်မြင့်အောင်မြင်မှု ၀/၅၀၀၀)]
စွမ်းအင်မှတ် ၃၀၀ ကျော်သည် တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားပြီး အလောင်းထိန်းချုပ်အတတ်မှာ အဆင့်လေးဆင့်ကို ခုန်ကျော်ကာ အခြေခံအဆင့်မှ ကြီးကျယ်သောအဆင့်မြင့်အောင်မြင်မှု နယ်ပယ်သို့ ရောက်ရှိသွားတော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ရှေ့ရှိ မွေးရာပါ ဝိညာဉ်အလောင်းမှာ သူ၏ လုံးဝဥဿုံ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူ့ထံမှ မမြင်နိုင်သော ကြိုးမျှင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ၎င်းကို တင်းကျပ်စွာ ချည်နှောင်ထားသကဲ့သို့ပင်။ သူဘာလုပ်စေချင်သည်ဖြစ်စေ နောက်ဆုံးတွင် နံရံနှင့်ဝင်တိုက်၍ ကိုယ်ကိုကိုယ် ဖျက်ဆီးခိုင်းစေသည်အထိပင် အလွယ်တကူ ပြုလုပ်နိုင်ပြီဖြစ်သည်။
ယခုအခါ သူ၏ အလောင်းထိန်းချုပ်အတတ် အဆင့်အတန်းမှာ အလောင်းထိန်းချုပ်ဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင်ပင် နိမ့်ကျခြင်းမရှိဘဲ သာလွန်ရင်တောင် သာလွန်နေလိမ့်မည်ဟု လုံယီ ယုံကြည်ချက်အပြည့် ရှိနေပြီဖြစ်သည်။
ဝိညာဉ်အလောင်းသည် မီးခိုးရောင် ရိုးရှင်းသော အဝတ်အစားများကို ဆင်ယင်လျက် လုံယီ၏ဘေးတွင် လှုပ်ရှားမှုမရှိဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။ သူသည် အသက် ၃၀ ခန့်ရှိပြီး ရုပ်ရည်မှာ သာမန်မျှသာဖြစ်ကာ မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာပေးရှိသည်။ သူ၏ ပယင်းရောင် မျက်ဝန်းအိမ်နှင့် သွေးရောင်အဝိုင်းမှာမူ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ပေးစွမ်းနေသည်။
သူ၏ ထိန်းချုပ်မှုပါရမီနှင့် အလောင်းထိန်းချုပ်အတတ်၏ အာရုံခံစားမှုမှတစ်ဆင့် ထိုဝိညာဉ်အလောင်း၏ စိတ်အာရုံအတွင်း၌ အလွန်အားနည်းပြီး ပြန့်ကျဲနေသော အသိစိတ်ကလေးတစ်ခု ရှိနေသည်ကို လုံယီ ရှာဖွေတွေ့ရှိလိုက်သည်။
ယခင် အတွေ့အကြုံများအရ ၎င်းအသိစိတ်မှာ ပုရွက်ဆိတ်ကဲ့သို့သော အင်းဆက်များထက် သာလွန်သော်လည်း ကြောင်၊ ခွေးကဲ့သို့သော တိရစ္ဆာန်ငယ်လေးများထက်မူ များစွာ အားနည်းနေသေးသည်။
“အခုကစပြီး မင်းနာမည်က လုံအာပဲ”
လုံယီသည် ဝိညာဉ်အလောင်းကို အမည်တစ်ခု ပေးလိုက်သည်။
ဝိညာဉ်အလောင်း လုံအာသည် ထိုအမည်ကို ကြားသိလိုက်ရသော်လည်း ခန္ဓာကိုယ်မှာ လှုပ်ရှားခြင်းမရှိဘဲ မျက်လုံးအိမ်မှာမူ တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား အနည်းငယ် လှည့်လည်သွားသည်။
ဆက်လက်၍ လုံယီသည် ထူးကဲယင်ကျင့်စဉ်ကို ဆက်လက်လေ့လာသည်။ အလယ်ပိုင်းတိုက်ကြီးတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသော စွမ်းအင်လမ်းပြကျင့်စဉ်နှင့် နှိုင်းယှဉ်လျှင် ထူးကဲယင်ကျင့်စဉ်၌ အဓိကပြုပြင်ပြောင်းလဲမှု နှစ်ရပ် ပါဝင်သည်။
ပထမအချက်မှာ ကောင်းကင်နှင့် မြေကြီးထံမှ စုပ်ယူလိုက်သော ယင်ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်၏ အပူဆုံးအပိုင်းဖြစ်သော ဆန်းကျောက်သို့ ဦးစွာဖြတ်သန်းစေခြင်းဖြင့် ဝိညာဉစွမ်းအင်အတွင်းရှိ အအေးဓာတ်ကို ဓာတ်ပြယ်စေခြင်းပင်။ ဒုတိယအချက်မှာ ထိုဝိညာဉစွမ်းအင်ကို မိမိ၏ အသက်သခင်ဝိညာဉ်အလောင်းထံသို့ လွှဲပြောင်းပေးကာ အအေးဓာတ်ကို ထပ်မံလျှော့ချစေပြီးမှ မိမိခန္ဓာကိုယ်အတွင်းသို့ ပြန်လည်သွင်းယူခြင်းပင်။
ကျင့်စဉ်ပါ လမ်းညွှန်ချက်များအတိုင်း လုံယီသည် သူ၏ အလောင်းထိန်းချုပ်အတတ်ကို အသုံးပြု၍ ဝိညာဉ်အလောင်း လုံအာကို အမိန့်တစ်ခု ပေးလိုက်သည်။ လုံအာသည် အမိန့်ကို ကြားသည်နှင့် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်တန်းကာ လက်ဝါးများကို ရှေ့သို့ လှည့်ထားလိုက်သည်။
လုံယီသည်လည်း ထိုနည်းတူစွာ ထိုင်လိုက်ပြီး သူ၏လက်ဝါးများကို လုံအာ၏ လက်ဝါးများနှင့် ထိကပ်ထားလိုက်သည်။ ထို့နောက် ထူးကဲယင်ကျင့်စဉ်ကို စတင်လည်ပတ်စေကာ ဟင်းလင်းပြင်မှ ယခုလေးတင် စုပ်ယူထားသော ဝိညာဉ်စွမ်းအင်များကို သူ၏ဘယ်ဘက်လက်ဝါးမှတစ်ဆင့် လုံအာထံသို့ စီးဆင်းစေလိုက်သည်။
ချက်ချင်းဆိုသလိုပင် လုံအာ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်လိုင်းများက ပြောင်းလဲသွားပြီး သက်ရှိတစ်ခုကဲ့သို့ မှိန်ပျပျ တောက်ပလာကာ ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် လှည့်လည်လာတော့သည်။ ခဏချင်းမှာပင် ပိုမိုနူးညံ့ပြီး စင်ကြယ်သော ဝိညာဉ်စွမ်းအင်များမှာ လုံအာ၏ ညာဘက်လက်ဝါးမှတစ်ဆင့် လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်စီးဝင်လာသည်။
၎င်းနောက် ခန္ဓာကိုယ်၏ အပူဆုံးအပိုင်းဖြစ်သော ဆန်းကျောက်ကို ဖြတ်သန်းကာ နောက်ဆုံးတွင် ယင်သွေးကြောဆီသို့ ရောက်ရှိသွားတော့သည်။ ဤကဲ့သို့ အလှည့်ကျလည်ပတ်ခြင်းကို နာရီပေါင်းများစွာ ပြုလုပ်ပြီးနောက်တွင် ယင်သွေးကြော၏ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုမှာ ပွင့်သွားခဲ့သည်။ ထိုသွေးကြောတစ်ခုလုံး အောင်မြင်စွာ ပွင့်သွားသည့်အခါ ချီသန့်စင်ခြင်း ပထမအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ဦးနှောက်အတွင်း အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသဖြင့် သူ၏ ဝိညာဉ်အမြစ် အသုံးပြုနိုင်စွမ်းမှာ ယနေ့အတွက် ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရရာ လုံယီသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
စွမ်းဆောင်ရည်ပြမျက်နှာပြင်ကို ပြန်လည်စစ်ဆေးကြည့်ရာတွင်
[အမည် - လုံယီ]
[အသက် - ၂၀/၉၆]
[နယ်ပယ် - သတ္တမအဆင့်ချီစွမ်းအား စစ်သည်တော် (၂၉၂/၆၀၀)၊ ကျောက်စိမ်းအသားအရေ ကိုယ်ခံပညာရှင် (၅၁၀/၆၀၀)၊ ချီသန့်စင်ခြင်းအဆင့် ၀ (၁/၆၀၀)] [ကျင့်စဉ်များ ] ၊ ဟွမ်ကျီ အသက်ရှူကျင့်စဉ်: (ဒုတိယအဆင့်၊ ကြီးကျယ်သောအောင်မြင်မှု ၀/၁၀၀၀၀ + ဝိညာဉ်ဆင့်ကဲပန်း)]
[အရေပြားသန့်စင်ခြင်းအတတ်: (နှံ့စပ်အဆင့် ၀/၁၀၀၀ + မျှော့ကော်)]
[ထူးကဲယင်ကျင့်စဉ်: (အခြေခံအဆင့် ၀/၂၀၀ + နဂါးပူစီနံ)]
[ကျွမ်းကျင်မှုများ - လုံမိသားစု ပုဆိန်အတတ်: (ပြီးပြည့်စုံသောအဆင့်)၊ အစွန်းရောက်လက်သီး: (ကြီးကျယ်သောအောင်မြင်မှု ၀/၃၀၀၀)၊ ကိုယ်ဖော့အတတ်: (ကြီးကျယ်သောအောင်မြင်မှု)၊ လျှို့ဝှက်အတတ်: နဂါးဖောက်ထွင်းခြင်းအတတ် အပိုင်းအစ (၁)]
[မှော်အတတ် - အလောင်းထိန်းချုပ်အတတ်: (ကြီးကျယ်သောအောင်မြင်မှု ၀/၅၀၀၀)]
[ဓားပျံထိန်းချုပ်အတတ်: (အခြေခံအဆင့်သို့ မရောက်သေး)]
[ပါရမီများ - ကျောက်ဖြစ်ခြင်း: (ကြီးကျယ်သောအောင်မြင်မှု ၀/၁၀၀၀၀ + ရေခဲဝိညာဉ်)၊ လျင်မြန်ခြင်း: (ကျွမ်းကျင်အဆင့် ၀/၁၀၀ + ကောင်းကင်ပိုးချည်)၊ ရုပ်ဖျက်ခြင်း: (ကျွမ်းကျင်အဆင့် ၀/၃၀၀ + မြေအောက်ဝိညာဉ်အနှစ်)၊ ကြံ့ခိုင်ခြင်း: (နှံ့စပ်အဆင့် ၀/၁၀၀၀ + ဝိညာဉ်စားနွယ်ပင်)၊ အဆိပ်: (အခြေခံအဆင့် ၀/၂၀ + အရိုးဆွေးမြက်)၊ ထိန်းချုပ်ခြင်း: (ကျွမ်းကျင်အဆင့် ၀/၁၂၀ + ယန်ဖိုမှို)၊ မီးခံနိုင်ခြင်း: (အခြေခံအဆင့် ၀/၃၀ + နှစ်တစ်ရာသက်တမ်းရှိ ဖီးနစ်သစ်သားအမြုတေ)၊ လေငြိမ်ခြင်း: (အခြေခံအဆင့် ၀/၃၀ + ကောင်းကင်ပြာအမွေးအတောင်)]
[စွမ်းအင် - ၁၁၆၆]
ကျင့်ကြံသူများအတွက် နယ်ပယ်အပိုင်း၏ အပြောင်းအလဲမှာ ယခင်ကထက် ပိုမိုရှင်းလင်းလာခဲ့သည်။
ထူးကဲယင်ကျင့်စဉ်၏ ဖော်ပြချက်အရ တစ်ရက်လျှင် ကျွမ်းကျင်မှုရမှတ် ၁ မှတ် တိုးလာမညဖြစ်ရာ ယခုအရှိန်အတိုင်းဆိုလျှင် လုံယီအနေဖြင့် ချီ သန့်စင်ခြင်း ပထမအဆင့်သို့ ရောက်ရှိရန် ရက်ပေါင်း ၆၀၀ သာ လိုအပ်တော့မည်ဖြစ်သည်။
၎င်းမှာ ဝိညာဉ်အလောင်း၏ အကူအညီမပါဘဲ ကျင့်ကြံစဉ်ကထက် ရက်ပေါင်း ၃၀၀ မျှ ပိုမိုမြန်ဆန်သွားခြင်းပင်။ ဝမ်ဝန်ပိုင်တစ်ယောက် ဤဝိညာဉ်အလောင်းကို ဘာကြောင့် မျက်စိကျနေသလဲဆိုသည်မှာ အံ့သြစရာမဟုတ်တော့ချေ။ အရည်အသွေးမြင့်သော အလောင်းတစ်လောင်းသည် အလောင်းထိန်းချုပ်ဂိုဏ်းသားများအတွက် ကျင့်ကြံခြင်းတွင် အမှန်တကယ်ပင် များစွာအထောက်အကူပြုလှသည်။
“ထမင်းလာပြီဟေ့”
လုံယီ ကျင့်ကြံခြင်းနည်းလမ်းများကို စူးစမ်းလေ့လာနေစဉ်မှာပင် တပည့်တောင်ထိပ်ခြေရင်းမှ ကျယ်လောင်သောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။
တောင်ပေါ်ရှိ တပည့်အများအပြားသည် အချက်ပေးသံကြားသည်နှင့် တောင်အောက်သို့ အလုအယက် ဆင်းသွားကြတော့သည်။
အပြာနုရောင် တာအိုဝတ်စုံဝတ် ကျင့်ကြံသူနှစ်ဦးသည် ရှေးဟောင်းမြင်းရထားတစ်စီးဖြင့် ရောက်ရှိလာပြီး ရထားပေါ်မှ ထမင်းစည်ပိုင်းများနှင့် အသားများကို ချပေးနေကြသည်။ လူတိုင်းသည် စည်းကမ်းတကျ တန်းစီကြပြီး သူတို့၏ တပည့်အမှတ်တံဆိပ်များကို ရထားဘေးရှိ ကျောက်စိမ်းပြားပေါ်တွင် တင်ကာ အစားအသောက်များကို ထုတ်ယူကြသည်။
အစားအသောက်မှာ ရိုးရှင်းလှသည်။ တြိဂံပုံစံ မြှင့်တင်ထားသော ထမင်းတစ်ပန်းကန်၊ ကြက်ခြေထောက်အကြီးတစ်ချောင်းနှင့် ပြုတ်ထားသော အစိမ်းရောင်ဟင်းသီးဟင်းရွက် သုံးပင်သာ ဖြစ်သည်။ ဂိုဏ်းသို့ ရောက်ရှိခါစ သုံးလအတွင်း တပည့်သစ်များအတွက် ဤအစားအသောက်မှာ အခမဲ့ဖြစ်သော်လည်း သုံးလကျော်သွားသော တပည့်အဟောင်းများမှာမူ ငွေကြေးပေးဆောင်ခြင်း သို့မဟုတ် ဂိုဏ်းအကျိုးပြုမှတ်များဖြင့် လဲလှယ်နေကြရသည်ကို လုံယီ သတိပြုမိလိုက်သည်။
ဤသည်ကို မြင်သောအခါ တပည့်သစ်များကြားတွင် စိုးရိမ်စိတ်များ ဝင်လာကြသည်။ အကယ်၍ အလုပ်ကြိုးစားပြီး အမှတ်မရှာနိုင်ပါက နောက်ပိုင်းတွင် ထမင်းပင် ဝယ်မစားနိုင်ဘဲ အိမ်ပြန်ရမည့်အရေးကို တွေးပူလာကြခြင်း ဖြစ်သည်။ အထူးသဖြင့် ယခုထိ ချီစွမ်းအင်ကို အာရုံမခံနိုင်သေးသော စူးယွီ၏ မျက်နှာမှာ ပို၍ပင် ညှိုးငယ်နေတော့သည်။
“ဒီနေ့ ဝိညာဉ်ဆန်ပါတယ်ဟေ့။ ကြည့်ရတာ စိမ်းပြာသွားဆန်နဲ့ တူတယ်”
တပည့်တစ်ဦးက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
လုံယီသည် သူ၏ လက်ထဲရှိ သစ်သားပန်းကန်ထဲမှ ထမင်းကို ကြည့်လိုက်သည်။ ဆန်စေ့တစ်ခုချင်းစီမှာ ပြောင်းဖူးစေ့ခန့် ရှိပြီး အဖြူနှင့် အပြာရောင် ရောယှက်နေသည်။ အပေါ်ပိုင်းမှာ ပြန့်ကားပြီး အောက်ခြေမှာ ကျဉ်းမြောင်းကာ သွားပုံသဏ္ဌာန် အစွန်းလေးခု ပါရှိသည်။ သာမန်ဆန်ထက် များစွာ သာလွန်သော ဆန်နံ့သင်းသင်းလေးက နှာခေါင်းထဲသို့ တိုးဝင်လာသည်။
သူ တစ်လုပ်စားကြည့်လိုက်သောအခါ ဆန်မှာ ဝါးရန်ပင် မလိုဘဲ ချိုမြိန်သော အရသာနှင့်အတူ အရည်ပျော်သွားတော့သည်။ လုံယီသည် အခြားသူများနည်းတူ မြေပြင်ပေါ်တွင် ထိုင်ကာ ထူးကဲယင်ကျင့်စဉ်ကို လည်ပတ်စေပြီး ဆန်ထဲတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သည်။ သူ၏ ပထမဆုံးသော ဝိညာဉ်သွေးကြောထဲတွင် စွမ်းအင်များ အနည်းငယ် တိုးပွားလာသည်ကို ခံစားလိုက်ရသည်။
မသေမျိုးလမ်းစဉ် ကျင့်ကြံရတာက ကိုယ်ခံပညာထက် အများကြီး ပိုပြီးရှုပ်ထွေးတာပဲ။
ထိုသို့ လုံယီ တွေးနေမိသည်။
“အစ်ကိုလုံ... အချိန်ခဏလောက် ပေးနိုင်မလား။ ကျွန်တော် အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ”
ဘေးမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ လုံယီနှင့်အတူ တောင်ပေါ်တက်ခဲ့ဖူးသော စူးယွီပင်။ ယခုအခါ စူးယွီ၏ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်လုံးအောက်တွင် အမည်းကွင်းများ ထင်နေရာ သူ၏ စိတ်ကျန်းမာရေးနှင့် ကိုယ်ခန္ဓာ အခြေအနေမှာ မကောင်းလှကြောင်း သိသာနေသည်။
အခန်း။ ၂၈၀
“အားပါတယ် ပြောပါ”
လုံယီ ပြန်ပြောလိုက်သည်။
စူးယွီသည် စိတ်ကျဉ်းမြောင်းပြီး အပြောအဆို မတတ်သူဖြစ်သဖြင့် လုံယီ သူ့ကို သိပ်သဘောမကျသော်လည်း တစ်နေရာတည်းမှ လာသူများဖြစ်သည့်အလျောက် ရဲဘော်ရဲဘက်စိတ် အနည်းငယ်တော့ ရှိသည်။
စူးယွီသည် ဝမ်းသာအားရ ဖြစ်သွားပြီး ချီစွမ်းအင် အာရုံခံစားခြင်းနှင့် ပတ်သက်သည့် နည်းစနစ်များနှင့် အတွေ့အကြုံများကို လုံယီထံမှ စတင်မေးမြန်းတော့သည်။
“စိတ်ကို အရင်ဆုံး တည်ငြိမ်အောင် ထားရမယ်”
လုံယီက လမ်းညွှန်လိုက်သည်။
“အာရုံကို တစ်နေရာတည်းမှာ စုစည်းထား။ အလောမကြီးနဲ့... တောင်ခြေမှာ အာရုံခံဖို့ ခက်နေတယ်ဆိုရင် တောင်ထိပ်ပေါ်တက်ပြီး စမ်းကြည့်ပါလား”
“ဒါပေမဲ့ ညဘက်ဆိုရင် တောင်ပေါ်မှာ အဆိပ်ငွေ့တွေက သိပ်ထူတာပဲ”
စူးယွီက တွန့်ဆုတ်စွာ ငြင်းဆို သည်။
“ရော့... ဒါယူထားလိုက်”
လုံယီသည် အလောင်းရွေးချယ်စဉ်က ရရှိထားသော အဆိပ်ငွေ့ဖြေဆေးလုံးကို ထုတ်ပေးလိုက်သည်။ လုံယီ၏ ခန္ဓာကိုယ်မှာ သန်မာပြီး အဆိပ်ငွေ့ဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ဆေးလုံးကို သိမ်းထားခဲ့ရာ ယခုအခါ စူးယွီအတွက် အသုံးတည့်သွားခြင်းပင်။
“ကျေးဇူးတင်ပါတယ်... တကယ် ကျေးဇူးတင်ပါတယ်”
စူးယွီသည် စကားကို ခဏရပ်လိုက်ပြီး တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသည်။ ထို့နောက် လက်ဝါးချင်း ပွတ်ရင်း အနေခက်သလို ရယ်ပြကာ “ပြီးတော့... ဟိုစိတ်စင်ကြယ်ဆေးလုံရော ရှိသေးလားဟင် ကျွန်တော့်ဆီမှာ ရှိတာတွေ အကုန်ကုန်သွားလို့ပါ”
“ရော့...”
လုံယီသည် နောက်ထပ် အပြာရောင် ပုလင်းငယ်တစ်လုံးကိုပါ ထုတ်ပေးလိုက်သည်။
“တကယ့်ကို ကျေးဇူးတင်ပါတယ် အစ်ကိုလုံရာ။ အစ်ကိုက ကျွန်တော့်အတွက် ဒုတိယအကြိမ် အသက်ပေးတဲ့ လူသားပါပဲ။ ကျွန်တော်သာ ချီ အာရုံခံနိုင်သွားရင် အစ်ကို့ကို ထိုက်ထိုက်တန်တန် ပြန်ပြီး ကျေးဇူးဆပ်ပါ့မယ်”
စူးယွီက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ဒါဆို သူသာ အာရုံမခံနိုင်ရင် ကျေးဇူးဆပ်စရာ မလိုတော့ဘူးပေါ့လေ။
လုံယီသည် ခေါင်းခါရင်း တောင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ စူးယွီအတွက်မူ သူ တတ်နိုင်သမျှ အကောင်းဆုံး ကူညီပေးခဲ့ပြီးပြီ ဖြစ်သည်။
နောက်ရက်များတွင် လုံယီသည် တစ်ခါတစ်ရံ သူ၏ လိုဏ်ဂူအတွင်း၌ ထူးကဲယင်ကျင့်စဉ်နှင့် ဝိညာဉ်အလောင်းအကြောင်းကို လေ့လာလိုက် တစ်ခါတစ်ရံတွင် ဧည့်ကြိုတောင်ထိပ်သို့ သွားရောက်လိုက်ဖြင့် အချိန်ကုန်ဆုံးစေသည်။
ထိုတောင်ထိပ်တွင် သုံးရက်တစ်ကြိမ် အကြီးအကဲများက လာရောက်၍ အပြင်စည်းတပည့်များအား ချီကျင့်ကြံခြင်းဆိုင်ရာ လျှို့ဝှက်ချက်များကို သင်ကြားပြသပေးလေ့ရှိသည်။
အကြီးအကဲများ၏ ဟောပြောပို့ချမှုများမှတစ်ဆင့် ကျင့်ကြံခြင်းဆိုင်ရာ တားမြစ်ချက်များနှင့် အခြေခံဗဟုသုတများကို လုံယီ ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။
ကျင့်ကြံခြင်း၏ အဓိကနယ်ပယ်ကြီးများကို ချီသန့်စင်ခြင်း၊ အခြေခံတည်ဆောက်ခြင်းနှင့် ရွှေအမြုတေအဆင့်ဟူ၍ ခွဲခြားထားသည်။ နယ်ပယ်တစ်ခုစီသည် နက်ရှိုင်းသော ချောက်ကမ္ဘာကြီးတစ်ခုကဲ့သို့ဖြစ်ပြီး ၎င်းကို ကျော်ဖြတ်နိုင်ပါက တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ ပြောင်းလဲသွားမည်ဖြစ်သည်။
သာမန်တပည့်များအတွက်မူ လက်ရှိတွင် ချီသန့်စင်ခြင်းနယ်ပယ်ကိုသာ အာရုံစိုက်ရန် လိုအပ်သည်။ ချီသန့်စင်ခြင်းနယ်ပယ်ကို အဆင့်ကိုးဆင့် ထပ်မံခွဲခြားထားသည်
အစောပိုင်းအဆင့်တွင် ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအားမှာ အလွန်အားနည်းသေးသည်။ ၎င်းတို့သည် ယင်ချီမြှားနှင့် ယင်လက်ညှိုးကဲ့သို့သော ရိုးရှင်းသည့် မှော်အတတ်များကိုသာ အသုံးပြုနိုင်သည်။ သို့သော် အစွမ်းထက်စေရန်အတွက် အဆောင်တံဆိပ်များနှင့် တွဲဖက်အသုံးပြုရလေ့ရှိသည်။ လူ့လောကမှ အဆင့်မြင့်ကိုယ်ခံပညာရှင်များ အနားသို့ ကပ်လာပါက ကျင့်ကြံသူများအတွက် အလွန်အန္တရာယ်များပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ခြေရှိသည်။
အလယ်အလတ်အဆင့်တွင် ဝိညာဉ်စွမ်းအားမှာ အတော်အတန် ကြွယ်ဝလာပြီဖြစ်သည်။ ဝိညာဉ်အာရုံများ ဖွံ့ဖြိုးလာသဖြင့် ယင်အလင်းဒိုင်းနှင့် ဝိညာဉ်ဖမ်းစားခြင်းအတတ်ကဲ့သို့သော ပိုမိုရှုပ်ထွေးသည့် မှော်အတတ်များကို အသုံးပြုနိုင်သည်။
အစောပိုင်းအဆင့်နှင့် အခြေခံကျကျ ကွာခြားသွားသည့်အချက်မှာ မှော်လက်နက်များကို စတင်အသုံးပြုနိုင်ခြင်းဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာမြှင့်တင်ပေးပြီး ကိုယ်ခံပညာရှင်များနှင့် ကျင့်ကြံသူများအကြား ကွာဟချက်ကို စတင်ဖန်တီးပေးသည်။ ဤအဆင့်ရောက်သူများသည် ဂိုဏ်းအတွင်း၌ အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး အဆင့်အတန်းမှာ အပြင်စည်းတပည့်များနှင့် လုံးဝကွာခြားသွားသည်။
နောက်ဆုံးအဆင့်တွင် ကျင့်ကြံသူများသည် ခန္ဓာကိုယ်ရှိ ဝိညာဉ်သွေးကြောအားလုံးကို ပွင့်စေရုံသာမက ဒန်ထျန်အတွင်း၌ ချီဝဲကယက်တစ်ခုကိုပါ တည်ဆောက်နိုင်ပြီဖြစ်သည်။ သူတို့၏ ဝိညာဉ်စွမ်းအားမှာ အလယ်အလတ်အဆင့်ထက် အဆပေါင်းများစွာ ပိုမိုများပြားသည်။
မှော်အတတ်များ ထုတ်ဖော်သည့်အရှိန်မှာ သိသိသာသာ မြန်ဆန်လာပြီး အစုလိုက်အပြုံလိုက် တိုက်ခိုက်နိုင်သော နည်းဗျူဟာများကို အသုံးပြုနိုင်သည်။ ကိုယ်ခံပညာရှင်များမှာ အနားသို့ပင် မကပ်နိုင်တော့ဘဲ ခြိမ်းခြောက်မှု မပေးနိုင်တော့ချေ။ ဤအဆင့်၏ အထင်ရှားဆုံးသော မှော်အတတ်မှာ ဝေဟင်ပျံသန်းခြင်းအတတ်ပင်။ ကျင့်ကြံသူများသည် ဝေဟင်၌ လွတ်လပ်စွာ ပျံသန်းနိုင်ပြီဖြစ်ရာ သာမန်လူသားများ၏ မျက်စိထဲတွင် မသေမျိုးဆရာသခင်များအဖြစ် အထင်အရှား သတ်မှတ်ခြင်းခံရတော့သည်။ လူ့လောကတွင် ကျော်ကြားလှသော မသေမျိုးဆရာသခင် ဟူသည့် ဘွဲ့ထူးဂုဏ်ထူးများမှာ အဓိကအားဖြင့် ဤချီသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ၏ ဂုဏ်သတင်းအပေါ် အခြေခံထားခြင်းပင်။
ညမှောင်ရီပျိုးစအချိန်တွင် လုံယီသည် သူ၏လိုဏ်ဂူအတွင်း၌ တစ်ဦးတည်းထိုင်ရင်း အတိတ်က အတွေ့အကြုံများကို ပြန်လည်သုံးသပ်ကာ သူ၏အနာဂတ်လမ်းစဉ်ကို ရှင်းလင်းပြတ်သားအောင် ပုံဖော်နေသည်။
လွန်ခဲ့သောကာလများအတွင်း သူသည် ကျင့်ကြံသူများ၏အကြောင်းကို ပိုမိုနက်နက်ရှိုင်းရှိုင်း သိရှိလာခဲ့သည်။ ဝမ်ကျန်းမြို့တွင် သူတွေ့ခဲ့ဖူးသော တာအိုကျင့်ကြံသူများ၏ အဆင့်အတန်းကိုလည်း ယခုအခါ ပိုမိုတိကျစွာ ခန့်မှန်းနိုင်ပြီဖြစ်သည်။
အနက်ရောင်ဝတ်လူသားနှင့် မုန့်ခုန်းဟွာတို့၏ ချုံခိုတိုက်ခိုက်မှုကို ခံရသူသည် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေနိုင်ခြေရှိသည်။
နောက်မှလိုက်လာသော အမျိုးသမီးကျင့်ကြံသူသည် ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်၏ အစောပိုင်းဖြစ်သည့် အဆင့် ၇ ခန့်တွင် ရှိနေပုံပင်။
ထိုအဆင့်ရှိသူများပင်လျှင် လုံယီကို သေလုမတတ် အခြေအနေအထိ တွန်းပို့နိုင်ခဲ့ကြသည်။ အကယ်၍ သူ၌ ကျောက်ဖြစ်ခြင်း၊ ကြံ့ခိုင်ခြင်းနှင့် မီးခံနိုင်ခြင်းဟူသော မွေးရာပါပါရမီ သုံးခုသာ မရှိပါက အနိုင်အရှုံးကို ခန့်မှန်းရန် အလွန်ခက်ခဲပေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုရသော် လုံယီ၏ လက်ရှိစွမ်းအားမှာ အနီးကပ်တိုက်ခိုက်မှုနှင့် အလစအငိုက်ဖမ်းနိုင်မှုရှိပါက ချီသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးကို လုပ်ကြံသတ်ဖြတ်နိုင်စွမ်း ရှိသည်။ သို့သော် အနီးကပ်မကပ်နိုင်ပါက မီးနှင့်လေ ဓာတ်မှလွဲ၍ ကျန်သည့် ဓာတ်ကြီးငါးပါး ကျင့်ကြံသူများကို ရင်ဆိုင်ရန်မှာ အလွန်ခက်ခဲပြီး အသက်အန္တရာယ်ပင် ရှိနိုင်သည်။
ကျင့်ကြံသူများသည် အလယ်အလတ်နှင့် နောက်ဆုံးအဆင့်သို့ ရောက်လာသည်နှင့်အမျှ လှည့်ကွက်များစွာ ရှိလာကြသည်။ ကျိန်စာတိုက်ခြင်း၊ မှော်လက်နက်ဖြင့် အဝေးမှ ခေါင်းဖြတ်ခြင်း သို့မဟုတ် အစီရင်ခံများဖြင့် သဘာဝစွမ်းအားကို အသုံးပြုခြင်း စသည်တို့မှာ ရင်ဆိုင်ရခက်လှသည်။
ကိုယ်ခံပညာရဲ့ သဘောတရားက ခေတ်နောက်ကျလွန်းတယ်။ ကျင့်ကြံသူတွေနဲ့ အဆင့်မီဖို့အတွက် ကိုယ့်ရဲ့ အခြေခံစွမ်းရည်တွေကို အရူးအမူး မြှင့်တင်နေရရုံပဲ။
လုံယီ တွေးမိသည်။
လက်ရှိတွင် သူသည် ကိုယ်ခံပညာကိုသာ အဓိကအားကိုးနေရသော်လည်း မသေမျိုးလမ်းစဉဘက်တွင် ချီသန့်စင်ခြင်း အစောပိုင်းအဆင့်တစ်ခုစီ ကျော်ဖြတ်ရန် ၂ နှစ်၊ အလယ်အလတ်အဆင့်သို့ရောက်ရန် အနည်းဆုံး ၇ နှစ်၊ ၈ နှစ်ခန့် ကြာမြင့်ပေလိမ့်မည်။ ကျင့်ကြံခြင်းမှတစ်ဆင့် တိုက်ခိုက်ရေးစွမ်းအား ရရှိရန်မှာ အချိန်များစွာ လိုအပ်လှသည်။
ဂိုဏ်းသို့ မဝင်မီက နေနီဂိုဏ်းအကြီးအကဲ၏ တိုက်ခိုက်မှုကို ပြန်လည်သတိရမိသောအခါ မည်သည့်အချိန်တွင် အသက်အန္တရာယ်နှင့် ကြုံရမည်ကို မသိနိုင်သဖြင့် ဆယ်နှစ်ကြာမှ ရရှိမည့် အစွမ်းကိုသာ ထိုင်စောင့်နေ၍ မဖြစ်ချေ။
ထို့ကြောင့် လုံယီသည် သူ၏ ရှေ့ဆက်မည့်လမ်းစဉ်ကို အပြီးသတ် သတ်မှတ်လိုက်သည်။
လာမည့်ဆယ်နှစ်တာကာလအတွင်း ကိုယ်ခံပညာကိုသာ အဓိကထားပြီး မသေမျိုးကျင့်ကြံခြင်းကိုမူ အထောက်အပံ့အဖြစ်သာ ထားရှိမည်။ သူ၏ အားသာချက်များကို ဆက်လက်ခိုင်မာအောင်လုပ်ပြီး အားနည်းချက်များကို ဖာထေးနိုင်မည့် အခွင့်အရေးများကို ရှာဖွေမည်ပင်။
ကျင့်ကြံခြင်းအဆင့်ကိုမူ သူ၏ သက်တမ်းကို ကြာရှည်စေနိုင်သရွေ့ ဖြည်းဖြည်းချင်းသာ တိုးတက်အောင် လုပ်ဆောင်မည်ပင်။
မမျှော်လင့်ဘဲ အသက်မဆုံးရှုံးစေရန်အတွက် ကိုယ်ခံပညာစွမ်းရည်ကိုသာ အဓိကထား၍ အစွမ်းကုန် မြှင့်တင်မည်ဖြစ်သည်။
လုံယီသည် သူ၏ စွမ်းဆောင်ရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
ကိုယ်ခံပညာရှင်စနစ်သည် နောက် ၉ ရက်အကြာတွင် အဆင့်တက်မည်ဖြစ်သည်။
သို့သော် ကိုယ်ခံပညာရှင်မှ ကိုယ်ခံပညာရှင်အဆင့်သို့ တက်လှမ်းရန်မှာမူ ၃ လခန့် ကြာမြင့်ဦးမည်ဖြစ်သည်။
သူသည် ထိုကိုယ်ခံပညာရှင်အဆင့်သို့ ချိုးဖောက်ရောက်ရှိသွားသည်နှင့် သူ၏စွမ်းအားမှာ များစွာခုန်ပျံတိုးတက်သွားလိမ့်မည်ဟု ခံစားနေရသည်။
ထို့ကြောင့် လက်ရှိတွင် အရေးကြီးဆုံးမှာ ဟွမ်ကျီ အသက်ရှူကျင့်စဉ်ကို အဆင့်မြှင့်တင်ရန်
အတွက် ဝိညာဉ်ဆင့်ကဲပန်းကို ရှာဖွေရန်ပင်။
ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်လာခြင်းမှာ အစပျိုးခြင်းသာဖြစ်ပြီး အဆုံးသတ်မဟုတ်ပေ။
ဒုတိယအရေးကြီးဆုံးအချက်မှာ ထူးကဲယင်ကျင့်စဉ်၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန်အတွက် နဂါးပူစီနံကို ရှာဖွေရန်ဖြစ်သည်။
ထို့ပြင် စွမ်းအင်စုဆောင်းရန်လည်း လိုအပ်သည်။
လက်ရှိတွင် စွမ်းအင်မှတ် ၁၀၀၀ ကျော်ရှိသော်လည်း ဂိုဏ်းထဲသို့ဝင်ပြီးကတည်းက စွမ်းအင်အဝင်မရှိဘဲ အထွက်သာ ရှိနေသဖြင့် ဤသို့ ဆက်လက်ဖြစ်နေ၍ မရချေ။
သို့သော် အလောင်းထိန်းချုပ်ဂိုဏ်းတွင် စိတ်အနှောင့်အယှက်ဖြစ်စရာ စည်းကမ်းတစ်ခုရှိသည်။ အပြင်စည်းတပည့်များသည် ၃ နှစ်အတွင်း ဂိုဏ်းပြင်ပသို့ ထွက်ခွာခွင့်မရှိခြင်းပင်။
လုံယီသည် ဂိုဏ်းအတွင်း၌ပင် စွမ်းအင်များကို အမြဲမပြတ် ဘယ်လိုစုဆောင်းရမလဲဆိုသည်ကို အသည်းအသန် စဉ်းစားနေတော့သည်။
...
အခြားတစ်ဖက်တွင် တပည့်တောင်ထိပ်မှ ဆယ်မိုင်ကျော်အကွာရှိ မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင်။
ထိုတောင်သည် ရှေးဟောင်းထင်းရှူးပင်များနှင့် တွဲလောင်းကျနေသော ရေတံခွန်များဖြင့် ဖုံးလွှမ်းနေပြီး ခရမ်းရောင်မြူခိုးများ ဝန်းရံထားသည်။ ဝိညာဉ်ကြိုးကြာငှက်များ ပျံသန်းနေပြီး ကျင့်ကြံသူများမှာ လေပေါ်တွင် လမ်းလျှောက်နေကြသည်။
ခရမ်းရောင်ဝါးတောများ ဝန်းရံထားပြီး လှပခမ်းနားသော လိုဏ်ဂူအိမ်တစ်ခုအတွင်း၌ ဝိညာဉစမ်းရေတွင်းထဲမှ ငါးများသည် ရေမျက်နှာပြင်ပေါ်သို့ ခုန်တက်ကာ ဆော့ကစားနေကြသည်။
အတွင်းဘက်ကြမ်းပြင်ကို ဝိညာဉ်အလင်းများ တောက်ပနေသော စိမ်းပြာကျောက်စိမ်းအုတ်များဖြင့် ခင်းထားသည်။
ထောင့်တိုင်းတွင် ခရမ်းရောင်ကြေးနီ အမွှေးနံ့သာအိုးများရှိပြီး ထိုမှထွက်သော အခိုးအငွေ့များမှာ သားရဲများနှင့် ငှက်ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေကြရာ တကယ့်အသက်ရှိသကဲ့သို့ ထင်မှတ်ရသည်။
“အဖိုး... အဲ့ဒီ မွေးရာပါ ဝိညာဉ်အလောင်းက တကယ့်ကို ရှားပါးတဲ့အရာပါ။ ကျွန်တော်သာ အဲ့ဒါကိုရရင် ကျင့်ကြံတဲ့အရှိန်က အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက် ပိုမြန်လာမှာ။ ယို့ချင်းယီလို ပါရမီရှင်လက်ထဲ ရောက်သွားရင်တော့ ထားပါတော့။ အခုတော့ နာမည်မရှိတဲ့ အဆင့်နိမ့် ဝိညာဉ်အမြစ်ပိုင်ရှင်ဆီ ရောက်သွားတာ။ ကျွန်တော် တကယ်ကို မကျေနပ်နိုင်ဘူး။ အဖိုး မြေးဖြစ်သူကို ကူညီပေးပါဦး...”
ဝမ်ဝန်ပိုင်သည် အကြီးအကဲတစ်ဦး၏ရှေ့တွင် ဒူးထောက်ကာ စိတ်လှုပ်ရှားစွာဖြင့် စကားများတတွတ်တွတ် ပြောဆိုနေသည်။