အခန်း (၄၀၆)
Vol. 40 Ch. 406
အခန်း။ ၄၀၆
သူတို့သုံးဦး၏ မူလသဘောတူညီချက်အရ သွေးစွန်နေသောလက်ဂိုဏ်း၏ အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက်သည်နှင့် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် သားရဲသွေးဖြင့် ရူးသွပ်ခြင်းအခြေအနေသို့ ချက်ချင်းကူးပြောင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယွီကျင်းမြို့တော်တွင် သူတို့ကို စောင့်ကြိုနေသော ပိုမိုအရေးကြီးသည့် ကိစ္စရပ်များ ရှိနေသောကြောင့်ပင်။
ချန်ပိုင်နှင့် ပုကျိုရှောင်တို့သည် ယခင်ကလည်း ယီပိုင်မင်း၏ ရူးသွပ်သွားသော အခြေအနေကို မြင်ဖူးခဲ့ကြသည်။ သွေးတိမ်သားရဲများကို သတ်ဖြတ်စဉ်က သွေးစွန်နေသောလက်ဂိုဏ်းသားများထက် ပိုမိုအန္တရာယ်ကြီးမားသော တပ်မှူးအဆင့်မိစ္ဆာသားရဲများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ ထိုစဉ်က သူတို့နှစ်ဦး အန္တရာယ်ကြုံနေချိန်၌ ယီပိုင်မင်းသည် အရေးကြုံလျှင် ရူးသွပခြင်းအခြေအနေသို့ ကူးပြောင်းကာ သူတို့ကို ကယ်တင်ခဲ့ခြင်းပင်။
ထိုအချိန်မှစ၍ ယီပိုင်မင်းသည် စနစ်တကျ သားရဲသွေးပေါင်းစပ်ခြင်းမပြုလုပ်ရသေးမီကပင် သူကိုယ်တိုင် သားရဲသွေးရူးသွပ်ခြင်းအခြေအနေသို့ ရောက်ရှိအောင် လုပ်ဆောင်နိုင်ကြောင်း သူတို့ သိရှိခဲ့ကြသည်။
သာမန်သိုင်းပညာရှင်များမှာ သားရဲသွေးရူးသွပ်ခြင်း အခြေအနေပြီးဆုံးပါက သူတို့၏ ကျင့်စဉ်အဆင့်အပေါ် မူတည်၍ အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်မှ သုံးလအထိ ခန္ဓာကိုယ် အားနည်းသွားတတ်ကြသော်လည်း ယီပိုင်မင်းမှာမူ ထူးခြားစွာပင် လျင်မြန်စွာ ပြန်လည်ကျန်းမာလာတတ်ပြီး သာမန်အတိုင်းပင် ဖြစ်သွားလေ့ရှိသည်။ ထို့အပြင် ရူးသွပ်နေချိန်အတွင်း သူ၏ စွမ်းအားမှာ သိုင်းသူတော်စင်အဆင့်နှင့်ပင် ယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော် ထိုသို့ဖြစ်လာချိန်တွင် သူ၏ စိတ်နေစိတ်ထားမှာ လုံးဝပြောင်းလဲသွားကာ သတ်ဖြတ်ခြင်းကိုသာ အာရုံစိုက်နေသည့် ရန်လိုသော မိစ္ဆာသားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်သွားတတ်သည်။ ပြီးခဲ့သော တစ်ကြိမ်က ယွင်ရှန်းက ယီပိုင်မင်းအတွက် သားရဲသွေးပေါင်းစပ်ခြင်း (၃) ကြိမ်တိတိကို စနစ်တကျ ပြုလုပ်ပေးခဲ့ပြီးနောက်တွင်မူ သူ၏ စွမ်းအားမှာ ယခင်ကထက်ပင် ပိုမိုပြင်းထန်လာခဲ့သည်။ ယွင်ရှန်း၏ ဆေးပညာမှာ ယီပိုင်မင်း၏ ခန္ဓာကိုယ်အတွင်းရှိ အကြောက်ရဆုံးသော စွမ်းအားကို နှိုးဆွပေးလိုက်သကဲ့သို့ပင်။
ဤအချက်ကို တွေးမိရင်း ချန်ပိုင်နှင့် ပုကျိုရှောင်တို့မှာ စိုးရိမ်ထိတ်လန့်သွားကြသည်။
"ငါတို့ ပိုင်မင်းကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှာရမယ်... မဟုတ်ရင်တော့..."
ပုကျိုရှောင်ကလည်း အလောတကြီး ပြောလိုက်တော့သည်။
သွေးစွန်နေသောလက်ဂိုဏ်း၏ အခြေစိုက်စခန်းတစ်ခုလုံးမှာ သူတို့သုံးဦး၏ လက်ချက်ဖြင့် ပြာပုံအတိ ဖြစ်သွားခဲ့ပြီ ဖြစ်သော်လည်း ယီပိုင်မင်း၏ အမူအရာမှာမူ ရပ်တန့်မည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိသေးပေ။
"ကယ်ကြပါဦး ကယ်ပါဦး မင်းသားပိုင်မင်း... ကျွန်တော်က တန်ယုပါ။ သွေးစွန်နေသောလက်ဂိုဏ်းကလူ မဟုတ်ပါဘူးဗျ"
တန်ယုသည် စကားပြောနေရင်းပင် ယီပိုင်မင်း၏ မြှောက်တင်ခြင်းကို ခံလိုက်ရသည်။ ပေါင်နှစ်ရာကျော် အလေးချိန်ရှိသော တန်ယု၏ ဆူဖြိုးလှသော ခန္ဓာကိုယ်ကြီးမှာ ယီပိုင်မင်း၏ လက်ထဲတွင် အားကိုးရာမဲ့နေသော ကြက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။
ယီပိုင်မင်း၏ ရူးသွပ်နေသော သတ်ဖြတ်လိုသည့် အမူအရာကြောင့် တန်ယုမှာ သေလုမတတ် ကြောက်လန့်နေရသည်။ သူ၏လည်ပင်းမှာ အတင်းညှစ်ခံထားရသဖြင့် မျက်နှာတစ်ခုလုံး ခရမ်းသီးရောင်ကဲ့သို့ ပြာနှမ်းလာပြီး အသက်ရှူရပ်ကာ သေဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ပိုင်နှင့် ပုကျိုရှောင်တို့သည် အပြေးအလွှား ရောက်ရှိလာကြပြီး ယီပိုင်မင်းကို ဘယ်တစ်ဖက် ညာတစ်ဖက်မှ အတင်းချုပ်ကိုင်ကာ တားဆီးကြတော့သည်။ သူတို့က လူလာကယ်ခြင်း ဖြစ်ကာ အကယ်၍ တန်ယုသည် သွေးစွန်နေသောလက်ဂိုဏ်းသားများ လက်ချက်ဖြင့် မသေဘဲ ယီပိုင်မင်း၏ လက်ထဲတွင် လည်ပင်းညှစ်သတ်ခံရကာ သေဆုံးသွားမည်ဆိုပါက အလွန်ပင် ရယ်စရာကောင်းသော ကိစ္စ ဖြစ်သွားပေလိမ့်မည်။
သို့သော် ယီပိုင်မင်းမှာမူ မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ပေ။ သူ၏ မျက်ဝန်းအစုံမှာ သွေးကဲ့သို့ နီမြန်းနေပြီး သားရဲသွေးရူးသွပ်မှုကြောင့် ပြင်းထန်သော ရန်လိုသည့် အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ ပတ္တမြားကဲ့သို့ နီရဲနေသော သူ၏ မီးခိုးရောင်မျက်ဝန်းဟောင်းများမှာ စွဲမက်ဖွယ်ကောင်းသလို ကြောက်မက်ဖွယ်လည်း ကောင်းသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ သံချောင်းများကဲ့သို့ ခိုင်မာလှသော သူ၏ လက်ချောင်းများမှာလည်း ပို၍ ပို၍ တင်းကျပ်လာတော့သည်။
ချန်ပိုင်နှင့် ပုကျိုရှောင်တို့မှာ သိုင်းနယ်စားအဆင့်ရှိသော အစွမ်းထက်သူများ ဖြစ်ကြသော်လည်း ယီပိုင်မင်းကို မည်သို့ပင် ဖျောင်းဖျဖျောင်းဖျ မည်သို့ပင် အတင်းဆွဲဖယ်ဆွဲဖယ် ယီပိုင်မင်းမှာမူ ကျောက်တိုင်ကြီးတစ်ခုကဲ့သို့ လုံးဝ မလှုပ်မယှက် ရှိနေသည်။ တန်ယု၏ ရုန်းကန်မှုများမှာ တဖြည်းဖြည်း အားနည်းလာပြီး မျက်လုံးများ လန်တက်လာသည်ကို မြင်လိုက်ရသောအခါ ချန်ပိုင်သည် အပူတပြင်းဖြင့် အော်ဟစ်လိုက်တော့သည်။
"ပိုင်မင်း စိတ်အေးအေးထားစမ်း သူက တန်ယုလေ... ယွင်ရှန်းရဲ့ မောင်ဝမ်းကွဲ"
ဝူး….ဝူး ဝူး…
ရူးသွပ်ခြင်းအခြေအနေအတွင်း ပိတ်မိနေသော ယီပိုင်မင်းသည် အာရုံငါးပါးစလုံး လွတ်ကင်းနေသည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း...
သူ၏ မျက်ဝန်းအစုံမှာလည်း သွေးရောင်လွှမ်းနေဆဲဖြစ်ရာ ချန်ပိုင်၏ စကားများကို ကြားနိုင်စွမ်း သို့မဟုတ် နားထောင်နိုင်စွမ်း မရှိတော့ပေ။
သို့သော် သူ၏ ဝေဝါးနေသော အာရုံထဲတွင် နာမည်တစ်ခုကို ကြားလိုက်ရသည်။
ယွင်ရှန်း….
ယွင်ရှန်းရဲ့ မောင်ဝမ်းကွဲ….
အမှောင်မိုက်ဆုံးသော ညဉ့်နက်ထဲတွင် ရုတ်တရက် လင်းလက်လာသော မီးအိမ်တစ်လုံးကဲ့သို့ပင် တောင့်တင်းခက်ထန်နေသော သူ၏ နှလုံးသားတစ်နေရာမှာ နူးညံ့ပျော့ပြောင်းသွားခဲ့သည်။
ယီပိုင်မင်းသည် သူ၏ လက်ကို လျှော့ချလိုက်တော့သည်။
တန်ယုသည် မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားပြီး အသက်ကို လုရှူနေရရှာသည်။ သူ၏ ဆူဖြိုးလှသော ခန္ဓာကိုယ်ကြီးမှာလည်း နေပူထဲရှိ ဆန်ကွဲများကဲ့သို့ တဆတ်ဆတ် တုန်ရင်နေတော့သည်။
သူသည် သေမင်းနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိသွားခဲ့ခြင်းပင်။
ယီပိုင်မင်းသည်လည်း အမောတကော အသက်ရှူနေရသည်။ သူ၏ အသိစိတ် ပြန်ဝင်လာသည်နှင့် ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော အကြေးခွံများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ၏ ပုံမှန်ခန္ဓာကိုယ် အနေအထားသို့ ချက်ချင်း ပြန်ရောက်သွားတော့သည်။ မျက်ဝန်းနက်များအတွင်းရှိ နီမြန်းသော အရောင်အဝါမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် မြေပြင်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းအောင် သေဆုံးနေကြသော အလောင်းပုံကြီးကို အေးစက်စွာ ကြည့်လိုက်သည်။ ခုနက သတ်ဖြတ်မှုကြီးမှာ သူနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ပင်။
ယခုလေးတင် အသိစိတ် ပြန်ဝင်လာသည့် အခိုက်အတန့်၌ ယီပိုင်မင်းသည် သူ၏ စွမ်းအားမှာ နောက်ထပ် အဆင့်တစ်ခုသို့ ထပ်မံကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
"ပိုင်မင်း... မင်း နောက်ဆုံးတော့ သတိပြန်ဝင်လာပြီပဲ။ ငါတို့ကိုတော့ ကြောက်လို့ သေတော့မလို့"
ချန်ပိုင်က သူ၏ နဖူးမှ ချွေးအေးများကို သုတ်လိုက်ရင်း ပုကျိုရှောင်နှင့် စိတ်သက်သာရာရစွာ ကြည့်လိုက်မိကြသည်။ အကယ်၍ သူသာ အသည်းအသန်ဖြစ်နေချိန်၌ ယွင်ရှန်း၏ နာမည်ကို မလွှတ်တမ်း အော်မပြောခဲ့မိလျှင်...
ထိုစဉ်က မြင်တွေ့ခဲ့ရသော ယီပိုင်မင်း၏ ပုံစံမှာ တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ချန်ပိုင်နှင့် ပုကျိုရှောင်တို့သည် ယီပိုင်မင်းအား သတိတရား ပြန်လည်ရရှိအောင် ထိန်းချုပ်
နိုင်သည့် တစ်ခုတည်းသော သော့ချက်မှာ ယွင်ရှန်းသာဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်သွားကြသည်။ ထို့ကြောင့်လည်း ယွင်ရှန်းသည် ယီပိုင်မင်း၏ အမျိုးသမီး ဖြစ်သည်ဆိုသောအချက်ကို သူတို့ လှိုက်လှိုက်လှဲလှဲ လက်ခံလိုက်ကြတော့သည်။
"သွေးစွန်နေသောလက်ဂိုဏ်း အခြေစိုက်စခန်းကလူတွေ အားလုံးကို ရှင်းလင်းပြီးပြီ။ နောက်ထပ် ဘာဆက်လုပ်ကြမလဲ ပြီးတော့ ဒီကောင်လေးကိုရော ဘယ်လိုကိုင်တွယ်ဖို့ စိတ်ကူးထားလဲ"
ချန်ပိုင်က တန်ယုကို ကြည့်ရင်း မေးလိုက်သည်။
သူတို့သည် တန်ယုကို သတ်၍မရသေးပေ။ သို့သော် အသက်ရှင်လျက် ယွီကျင်းမြို့သို့ ပြန်ခေါ်သွားပြီးမှ သူမြင်တွေ့ခဲ့သော ယီပိုင်မင်း၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ဆိုပါက အကျိုးဆက်မှာ အလွန်ပင် ကြီးမားနိုင်သည်။
"တန်ယု... မင်းကို ငါမသတ်ဘူး။ မင်းကို ပြန်ခေါ်လာပေးမယ်လို့ ငါ သူမကို ကတိပေးထားပြီးသား"
ယီပိုင်မင်းက တန်ယုကို အပေါ်စီးမှ ငုံ့ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
ယီပိုင်မင်း၏ အကြည့်များနှင့် ဆုံမိသောအခါ တန်ယုမှာ တစ်ကိုယ်လုံး တုန်ရည်သွားတော့သည်။ သူ၏ရှေ့မှ ပိုင်မင်းမင်းသားမှာ ငရဲပြည်မှ ဆင်းသက်လာသော ငရဲမင်းနှင့် တူသည်။ ချောမောသော်လည်း သွေးစွန်းနေပြီး အသက်ရှူရုံမျှဖြင့် လူ့အသက်ကို ခြွေယူနိုင်သည့် အရှိန်အဝါမျိုး ရှိနေသည်။
"မင်းသားပိုင်မင်း... ကျွန်တော် ဘာမှမပြောပါဘူးလို့ ကျိန်ဆိုပါတယ်။ အကယ်၍ ကျွန်တော်သာ လျှို့ဝှက်ချက်တစ်ခုခုကို ထုတ်ပြောမိရင် ကျွန်တော့်ရဲ့ အူတွေ ပေါက်ထွက်ပြီး ဗိုက်တွေပုပ်ကာ အသေဆိုးနဲ့ သေပါစေဗျာ"
တန်ယုမှာ ကြောက်လန့်လွန်းသဖြင့် မြေပြင်ပေါ်၌ စက်ရုပ်တစ်ရုပ်ကဲ့သို့ ဒူးထောက်ကာ အဆက်မပြတ် ဦးချနေတော့သည်။
"သူ့ကို ပြန်ခေါ်သွားမယ်။ ပြီးတော့ ဒီမှာရှိတဲ့လူတွေအားလုံးရဲ့ ခေါင်းတွေကို ဖြတ်ပြီး ယူသွားကြမယ်။ အဲဒီခေါင်းတွေကို တီဟုန်မြို့တော်ရဲ့ မြို့စားလေးနဲ့ အမှောင်အိမ်ရှေ့မင်းသားတို့အတွက် လက်ဆောင်အဖြစ် ပေးချင်လို့ပဲ"
ယီပိုင်မင်းသည် ကျိုးပြည်ထောင်စု၏ မင်းသားတစ်ဦးဖြစ်သည့်အလျောက် အားနည်းလှသော ကျိုးဧကရာဇ်ကိုယ်စား ထိုဧည့်သည်တော်များကို စနစ်တကျ ဧည့်ခံကျွေးမွေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။
နာရီဝက်မျှသာ ကြာလိုက်သည်။ ကောင်းကင်ယံ၌ အရုဏ်ဦးအလင်းရောင် ဖျော့ဖျော့သာ ရှိသေးသော်လည်း ဝူကျိတိုက်ကြီးပေါ်တွင် တစ်ချိန်က နာမည်ကျော်ခဲ့သော သွေးစွန်နေသောလက်ဂိုဏ်းမှာမူ မြေပုံပေါ်မှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုနေ့ မနက်ခင်းမှာပင် အခြားတစ်ဦးမှာလည်း စိတ်မအေးနိုင်ဖြစ်နေရသည်။ ယန်ချန်းရွှယ်သည် စောစောစီးစီး နိုးနေခဲ့သည်။ အမှန်စင်စစ် သူမသည် မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
မွေးနေ့ပွဲအတွင်းမှာ ထျန်းချွဲကျီက သူမ၏ဖခင်ကို စိန်ခေါ်လိုက်သည့် အခိုက်အတန့်မှာပင် ယန်ချန်းရွှယ်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားခဲ့သည်။ သူမသည် တီဟုန်မြို့တော်နှင့် ဟောက်ချင်းတို့၏ နောက်ကွယ်မှ အသုံးချခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း အခုမှ သဘောပေါက်သွားတော့သည်။
သူမသည် နောင်တများဖြင့် ပြည့်နှက်နေသည်။ ယန်ချန်းရွှယ်သည် လူမိုက်တစ်ယောက် မဟုတ်ပေ။ မိသားစုတစ်ခု၏ ဂုဏ်သိက္ခာမှာ အတူတကွ တောက်ပပြီး အတူတကွ ပျက်စီးရသည်ဟူသော အခြေခံသဘောတရားကို သူမသိသည်။ သူမသည် သားဖြစ်သူ တန်ယုအတွက်
နှင့် ဖခင်ဖြစ်သူကို အဆိပ်ခတ်ခဲ့ခြင်း ဖြစ်သော်လည်း ထိုသူများက ယန်ပါးဟိုကို ဖြည်းဖြည်းချင်း အားအင်ကုန်ခမ်းစေပြီး သဘာဝအတိုင်း သေဆုံးသွားစေမည့် နည်းလမ်းကိုသာ သုံးမည်ဟု သူမ ထင်မှတ်ခဲ့ခြင်းပင်။
သို့မှသာ သူမသည် ယန်အိမ်တော်၏ ပိုင်ဆိုင်မှုများကို တရားဝင် ဆက်ခံနိုင်မည်ပင်။
ဒါပေမဲ့ ပွဲထဲကို ဟောက်ချင်းရဲ့ အမှောင်အိမ်ရှေ့မင်းသားနဲ့ သိုင်းသူတော်စင် ထျန်းချွဲကျီတို့ ရုတ်တရက်ကြီး ရောက်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။
ထိုသူများသည် ယန်ပါးဟိုကို လုပ်ကြံရန်သာမက ယန်အိမ်တော်တစ်ခုလုံးကို ဂုဏ်သိက္ခာမဲ့စေပြီး အမြစ်ပြတ်အောင် ဖျက်ဆီးပစ်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း ယန်ချန်းရွှယ် သဘောပေါက်သွားတော့သည်။