← Chapters

မျက်မမြင်ကို အဖော်အချွတ်နဲ့လာမြှူဆွယ်နေသလိုပဲ

Vol. 30 Ch. 426

မျက်မမြင်ကို အဖော်အချွတ်နဲ့လာမြှူဆွယ်နေသလိုပဲ

Vol. 30 Ch. 426

အခန်း (၄၂၆) မျက်မမြင်ကို အဖော်အချွတ်နဲ့လာမြှူဆွယ်နေသလိုပဲ

ရန်ကျောက်ကဲက အမူအရာမပျက် ဆက်လက်လှုပ်ရှားနေရင်း ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများကို အသံပို့လွှတ်စနစ်ဖြင့် အသိပေးလိုက်သည်။

“လက်ဖက်ရည်ကြမ်းမှာ ပြဿနာရှိနေတယ် ၊ တစ်ယောက်ယောက်ကတော့ ငါတို့ကို လုပ်ကြံနေပြီ”

ဖန်းယွင်ရှန်းနှင့် ရွှီဖေးက လက်ဖက်ရည်ကြမ်းပန်းကန်များကို မကိုင်ရသေးပေ။ သူတို့၏ ပန်းကန်များက စားပွဲထက်တွင် ရှိနေဆဲဖြစ်သည်။ သို့သော် အားဟူနှင့် ယင်လုန်ထူတို့ကတော့ လက်ဖက်ရည်ကြမ်းပန်ကန်များကို လက်ထဲကိုင်ထားပြီးကြပေပြီ။

ရန်ကျောက်ကဲ အသံပို့လွှတ်စနစ်ဖြင့် သတိပေးလိုက်သည့်အခါ ယင်လုန်ထူက ချက်ချင်းပင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။

လူငယ်လေး၏ မူမမှန်မှုကြောင့် လက်ဖက်ရည်ကြမ်းတည်ခင်းပေးနေသော မိန်းမပျိုလေးက စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်သည်။

ရန်ကျောက်ကဲကပြုံးရင်း ယင်လုန်ထူလက်ထဲမှ အကြမ်းပန်းကန်ကို လှမ်းယူလိုက်၏။

“ဘာလဲ... အရမ်းပူနေလို့လား”

ဟန်လုန်အာလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းညိတ်ပြသည်။

အားဟူကတော့ လက်ဖက်ရည်ကြမ်းပန်းကန်ကို နှုတ်ခမ်းတွင်တေ့ရင်း ပါးစပ်ထဲသို့ မဝင်စေဘဲ ဟန်ဆောင်သောက်လိုက်သည်။

“သခင်လေး... လက်ဖက်ရည်ကြမ်းမှာ ဘာပြဿနာရှိလို့လဲ”

ရန်ကျောက်ကဲက ပြုံးရင်း လက်ဖက်ရည်ကို လျှာဖျားလေးဖြင့် အသာတို့ထိလိုက်သည်။

“ငါတို့ကို ဒီလိုလာလုပ်တာ မျက်မမြင်ကို အဖော်အချွတ်နဲ့ လာြမှူစွယ်နေသလိုပဲ ၊ တကယ်တော့... ဒီလက်ဖက်ရည်ကြမ်းကိုသောက်လိုက်လို့လည်း ဘာမှမဖြစ်ပါဘူး”

ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းနှင့် ရွှီဖေးတို့က ပြုံးလိုက်ပြီး စားပွဲပေါ်မှ အကြမ်းပန်းကန်များကို ကောက်ယူကာ ပေါ့ပေါ့ပါးပါးပင် သောက်လိုက်ကြသည်။

ရန်ကျောက်ကဲက သူ့လက်ထဲမှ အကြမ်းပန်းကန်ကို ပြန်ချလိုက်ပြီး ဘေးနားမှမိန်းမပျိုလေးကို နွေးထွေးစွာ ပြုံးပြလိုက်သည်။

“ကျေးဇူးပြုပြီး ငါတို့အတွက် စားသောက်စရာတွေ ပြင်ဆင်ပေးပါဦး”

တည်းခိုဆောင်ဝန်ထမ်း မိန်းမပျိုလေးက သူ့ကို လေးလေးစားစားပင်ဦးညွှတ်ပြီး လက်ဖက်ရည်ကြမ်းအိုးနှင့် အကြမ်းပန်းကန်များကို ပြန်လည်သိမ်းဆည်းကာ အခန်းထဲမှ ထွက်ခွာသွားသည်။

အားဟူက...

“သခင်လေး... အဲဒါ ဘာများလဲ ၊ ကျွန်တော်ရော အစ်ကို’ဖေး’ ရော ‘ဖန်း’ မိန်းကလေးရော လက်ဖက်ရည်ကြမ်းကို သောက်လိုက်ပေမယ့် ဘာမှလည်း မဖြစ်ဘူး”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် ရွှီဖေးတို့ကို လှမ်းကြည့်ရင်း ရယ်‌မောလိုက်သည်။

“ဘာလို့လဲဆိုတော့ အဲဒါက ငါတို့အတွက် မဟုတ်လို့ပေါ့ ၊ အိုး... ငါတို့က သူတို့လိုမျိုး မိစ္ဆာသွေးကျင့်ကြံသူတွေဆိုရင်တော့ သေချာပေါက် ငါတို့အတွက်ပဲပေါ့ ၊ အများကြီး ဒုက္ခရောက်သွားနိုင်တယ်”

ထိုစကားကြားတော့ အားဟူနှင့်အခြားသူများ အတွေးနက်သွားကြသည်။

သူတို့အုပ်စုတွင် ရန်ကျောက်ကဲသာလျှင် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ဘာသာစကားကို တတ်မြောက်သူ ဖြစ်သည်။ ကျန်လူများက ယခုမှ သင်ယူနေကြဆဲပင်။

ကောင်းဖန် မေးမြန်းစဉ်က သူတို့က ဖွံ့ဖြိုးခြင်းမရှိသော ဒေသတစ်ခုမှဖြစ်ပြီး လူ့ယဉ်ကျေးမှုနှင့်ဝေးကွာသောနေရာတွင် ဘိုးစဉ်ဘောင်ဆက် လျှို့ဝှက်နေထိုင်ခဲ့ကြသည်ဟု ရန်ကျောက်ကဲက ပြောထားသည်။

ကောင်းဖန်နှင့် အခြားသူများသည် ရန်ကျောက်ကဲ၏ စကားများကို ယုံချင်မှယုံမည် ဖြစ်သော်လည်း သူတို့အနေဖြင့် ရန်ကျောက်ကဲတို့အုပ်စုကို အခြားကမ္ဘာတစ်ခုမှ ရောက်လာသူများဟု တွေးမိကြမည် မဟုတ်ပေ။

ထို့ကြောင့် သူတို့က ရန်ကျောက်ကဲတို့အုပ်စုကို သူတို့လိုပင် မိစ္ဆာသွေးကျင့်ကြံသူများဟု ထင်မှတ်သွားကြဟန် ရှိသည်။

ရန်ကျောက်ကဲက...

“ထော်လော်ရနံ့နဲ့ တောင်ကြားအမြုတေမြက် ပေါင်းစပ်ထားတာ ၊ အဲဒါက အရမ်းစွမ်းအားကြီးမားတဲ့ မိစ္ဆာသားရဲတွေကိုတောင် ငိုက်မြည်းသွားစေနိုင်တယ် ၊ ဝိညာဉ်စွမ်းအားကို အားနည်းသွားစေတဲ့အတွက် တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး”

သူက ပခုံးတွန့်ရင်း...

“အစကတော့ အဲဒီဆေးကို သားရဲတွေဖမ်းဖို့အသုံးပြုတယ် ၊ ငါ ခန့်မှန်းတာမမှားဘူးဆိုရင် မိစ္ဆာသွေးကျင့်ကြံသူတွေအပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်မယ်ထင်တယ် ၊ ဟက်... ဒါပေမဲ့ ငါတို့အတွက်တော့ လက်ဖက်ရည်ကြမ်း အနံ့အရသာ ပိုကောင်းသွားတာကလွဲလို့ ဘာမှမဖြစ်နိုင်ဘူး”

ဖန်းယွင်ရှန်းက မျက်မှောင်ကြုံ့ရင်း...

“ဒါမျိုးအသုံးပြုပြီး ကျွန်မတို့ကို လုပ်ကြံဖို့ကြိုးစားတယ်ဆိုတော့... ကျွန်မတို့က တခြားကမ္ဘာကလာတယ်ဆိုတာကို သူတို့ မရိပ်မိလောက်သေးဘူး”

ရွှီဖေးက တိုးတိတ်သည့် လေသံဖြင့်...

“ဒါဖြင့်လည်း ပညာလေးပေးပြီး ကျေးဇူးဆပ်လိုက်ကြတာပေါ့”

ရန်ကျောက်ကဲက ရယ်မောရင်း...

“မလောနဲ့လေ... လက်ဖက်ရည်ကြမ်းထဲ ဆေးခတ်တာက ပထမအဆင့်ပဲ ရှိလောက်သေးတယ်နော်”

သူ့အနားက အားဟူကတော့ လက်ဆစ်များနှင် ဇက်များကို တဖျောက်ဖျောက် ချိုးလိုက်ရင်း လူယုတ်မာပြုံးပြုံးကာ မတ်တတ်ထရပ်လိုက်လေ၏။

***

“သူတို့အကုန်လုံး လက်ဖက်ရည်ကြမ်းကို သောက်ကြသလား”

ကောင်းဖန်က လင်းယုန်တစ်ကောင်ပမာ စူးရဲသောမျက်ဝန်းများဖြင့် သူ့ရှေ့မှမိန်းမပျိုကို စူးစိုက်ကြည့်ရင်းမေးသည်။

“ဟို ကောင်လေးတစ်ယောက်ကလွဲရင် ယောကျ်ား (၃)ယောက်နဲ့ အဲဒီမိန်းကလေးက သောက်လိုက်ပါတယ်”

မိန်းမပျိုလေးက ကမန်းကတန်းဖြေသည်။

ကောင်းဖန်က ခေါင်းညိတ်ရင်း...

“ကောင်းပြီ ၊ မင်း သွားလို့ရပြီ”

တည်းခိုဆောင်ဝန်ထမ်း မိန်းမပျိုလေးလည်း ခပ်မြန်မြန်ပင် ပြန်ထွက်သွားလေသည်။

ထိုအခါမှ ကောင်းဖန်က သူ့ဘေးမှ ပိန်ပိန်ရှည်ရှည် အမျိုးသားကို လှည့်ကြည့်ရင်း...

“ခဏနေရင် ငါတို့ လှုပ်ရှားနိုင်မှာပါ”

သူက ဆက်ပြောသည်။

“မိစ္ဆာသားရဲ ဒါမှမဟုတ် မိစ္ဆာသွေးကျင့်ကြံသူတွေ စွမ်းအားမြင့်မားလေ ဒီဆေးအာနိသင်က မြန်မြန်ပြယ်လေပဲ ၊ ဒါပေမဲ့ လောလောဆယ်မှာတော့ သူတို့ရဲ့ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မှာမဟုတ်လို့ တိုက်ခိုက်နိုင်ကြမှာ မဟုတ်ဘူး ၊ တကယ်လို့ သူတို့ရဲ့စွမ်းအားက ထင်ထားတာထက် မြင့်မားနေမယ်ဆိုရင် မင်း ငါ့ကို ကူညီပေးပါ”

စာပေသမားတစ်ယောက်ပုံစံ ဝတ်ဆင်ထားသော ပိန်ပိန်ရှည်ရှည် အမျိုးသားက...

“သူတို့မှာ ဖီရှိုးရှိတာ သေချာလို့လား ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် ဖီရှိုးတွေ မျိုးသုဉ်းသွားပြီ မဟုတ်ဘူးလား ၊ အရင်က တစ်ကောင်မှတောင် မတွေ့ဖူးဘူး ၊ ဖီရှိုးဆိုတာ ရှေးဟောင်းစာအုပ်တွေထဲမှာပဲ ဖတ်ဖူးတော့တာ ၊ ဘယ်သူမှ မမြင်ဖူးကြတော့ဘူး”

ကောင်းဖန်က တိကျသေချာဟန်ဖြင့်...

“စိတ်ချစမ်းပါ ၊ အဲဒီသတ္တဝါလေးရဲ့ ပုံစံနဲ့ ထူးခြားချက်တွေက ရှေးဟောင်းကျမ်းစာတွေမှာ ဖော်ပြထားတဲ့ ဖီရှိုးသတ္တဝါရဲ့ လက္ခဏာအတိုင်းပဲ ၊ ပြီးတော့ သွေးနှောမဟုတ်ဘူး ၊ လုံးဝ သွေးသန့်စင်တဲ့ ဖီရှိုးအစစ်...”

ပိန်ပိန်ရှည်ရှည်  စာပေသမားက ခေါင်းညိတ်ရင်း...

“ကောင်းပြီ ၊ နောက်မှပဲ အရှင့်သားကို ဒီကိစ္စ ရှင်းပြလိုက်တော့မယ်”

ထိုအချိန် ချန်စောက ကောင်းဟန်ကို နားမလည်နိုင်စွာဖြင့် လှမ်းကြည့်ရင်း...

“ဆရာ... ဘာလို့ ဒီလိုလုပ်ရတာလဲ ၊ သူတို့က ကျွန်တော်နဲ့ ဂိုဏ်းတူညီအစ်ကိုတွေရဲ့အသက်ကို ကယ်တင်ခဲ့တာလေ”

ကောင်းဟန်က သူ၏မုတ်ဆိတ်ဖြူများကို လက်ဖြင့်ပွတ်သပ်လိုက်ရင်း...

“အရူးကောင် ၊ သူတို့မှာ မကောင်းတဲ့အကြံအစည်မရှိဘူးလို့ မင်း အာမခံနိုင်လား ၊ အရှင့်သားကိုလုပ်ကြံဖို့လာတဲ့သူတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ ၊ သူတို့က ငါတို့ဂိုဏ်းကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်လာတာမဟုတ်ဘူးလို့ မင်း ပြောနိုင်သလား”

ချန်စောက အံ့အားသင့်သွားပြီး...

“သူတို့က ကျွန်တော်တို့ပြောတဲ့ ဘာသာစကားကိုတောင် မကျွမ်းကျင်ဘူး ၊ ဘယ်လိုလုပ် လူသတ်သမားတွေ ဖြစ်နိုင်မှာလဲ”

ကောင်းဖန်က သိမ်မွေ့စွာဖြင့်...

“သူတို့ ဟန်ဆောင်နေတာမဟုတ်ဘူးလို့ မင်း ဘယ်လိုလုပ်သိမလဲ”

သူက ဆက်ပြောသည်။

“တကယ်လို့ သူတို့လှည့်စားတာကို ခံလိုက်ရမယ်ဆိုရင်... နောက်ပိုင်း အရေးကြီးကိစ္စတစ်ခုခု ဖြစ်လာရင် ငါတို့ဂိုဏ်းက ကြားထဲက ပြဿတနာတက်လိမ့်မယ်”

ချန်စောနှုတ်ခမ်းများ မဲ့သွားစဉ် ကောင်းဖန်ကသူ့ကို ကြည့်ရင်း...

“နောက်တစ်ခါ ပိုပြီးသတိထားပါ”

ပိန်ပိန်ရှည်ရှည်စာပေသမားက ကောင်းဖန်ကို စက်ဆုပ်ရွံလျှာဟန်ဖြင့် တစ်ချက်လှမ်းကြည့်ရင်း ပြုံးလိုက်သည်။

“မင်းက တပည့်တွေရှေ့ကျ သူတော်ကောင်းကြီးပုံစံ ဟန်ဆောင်နေတာကိုး”

ဟုလည်း တွေးလိုက်၏။

အမှန်တော့ ကောင်းဖန် လှုပ်ရှားရသည့်အကြောင်းရင်းမှာ ပန်ပန်ကို လိုချင်သောကြောင့် မဟုတ်ပါလား။

မျောလွင့်ဝိညာဉ်ကမ္ဘာမှ လူအများအတွက် တန်ဖိုးအထားဆုံးအရာမှာ အစွမ်းထက်သော သားရဲများဖြစ်သည်။ ထိုသားရဲများက သူတို့အတွက် များစွာအဓိပ္ပါယ်ရှိလေသည်။ အရေးကြီးဆုံးမှာ ၎င်းတို့ထံမှ အစွမ်းထက်သောသွေးစွမ်းအားကို ရယူလိုခြင်း ဖြစ်၏။

ကောင်းဖန်က ရန်ကျောက်ကဲဖြင့် စကားစမြည်ပြောဆိုစဉ် သူတို့အုပ်စုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မသိရသော်လည်း ရန်ကျောက်ကဲက ဖုရန်တိုင်းပြည် ၊ တော်ဝင်မိသားစုနှင့် တွေ့ဆုံရန် စိတ်ဝင်စားနေသည်ဟု ရိပ်မိခဲ့သည်။

ထို့ပြင် ရန်ကျောက်ကဲတို့အဖွဲ့မှ လူတစ်‌ယောက်က သွေးနှောမြွေမိစ္ဆာကြီးကို အဝေးမှပင် သတ်ဖြတ်နိုင်ခဲ့ကြောင်း ချန်စောမှတစ်ဆင့် ကြားသိခဲ့ရလေရာ ကောင်းဟန်စိတ်ထဲ အတော်လေး တင်းတင်းကျပ်ကျပ်ဖြင့် မသက်မသာ ခံစားခဲ့ရသည်။

လက်ရှိတွင် ဖုရန်တိုင်းပြည် အိမ်ရှေ့စံမင်းသားထံသို့ လူပေါင်းများစွာ အဝင်အထွက်ရှိကြသည်ဖြစ်ရာ လင်းယုန်ငှက်မွှေးဂိုဏ်းအနေဖြင့် ထိုသူများအားလုံးကို သံသယထားနေရသည်။

ပိန်ပိန်ရှည်ရှည် စာပေသမားမှာလည်း ထိုသို့ပင် ခံစားနေရသဖြင့် သူက ကောင်းဖန်ကို ကူညီပေးရန် သဘောတူလိုက်ခြင်းပင်။

“သူတို့ လက်ဖက်ရည်ကြမ်းသောက်ပြီးတာတောင် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးလို့ မသတ်ပစ်နိုင်ဘူးဆိုရင်လည်း... သူတို့ရဲ့ သွေးစွမ်းအားတွေကို အကန့်အသတ်ကျော်လွန်အောင် လုပ်ပစ်လိုက်ပြီး မိစ္ဆာတစ်ပိုင်းကျင့်ကြံသူအဖြစ် ပြောင်းလဲပေးလိုက်ကြတာပေါ့”

မိစ္ဆာတစ်ပိုင်းကျင့်ကြံသူတွေအဖြစ် ပြောင်းလဲပေးလိုက်ကြတာပေါ့”

ပိန်ပိန်ရှည်ရှည်စာပေသမားကဆိုသည်။

“အဲဒါဆိုရင် ငါတို့လှုပ်ရှားစရာမလိုဘဲ သူတို့ကို သတ်ချင်တဲ့သူတွေ များလာလိမ့်မယ်”

ချန်စောက...

“ဆရာ... ဒီလိုလုပ်တာ မကောင်းဘူးလို့ ဒီတပည့် ခံစားနေရတုန်းပဲ”

သူက အတန်ကြာ တိတ်ဆိတ်သွားပြီး...

“ကျွန်တော်က...”

သူ့စကားမဆုံးခင်မှာပင် ကောင်းဖန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သိုင်းသမားတစ်စုရောက်ရှိလာပြီး ချန်စောကို ခေါ်ထုတ်သွားကြသည်။

ကောင်းဟန် လှည့်ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည် စာပေသမားက ဆရတပည့်နှစ်ယောက်ကြားမှ အငြင်းပွားမှုကို အရေးစိုက်ဟန်မရှိဘဲ သူတို့ရှေ့တွင်ရှိနေသည့် ရန်ကျောက်ကဲတို့ တည်းခိုရာနေရာသို့ ငေးစိုက်ကြည့်နေကြောင်း တွေ့ရသည်။

ကောင်းဟန်က...

“ဒီအဘိုးကြီး အရင်သွားတိုက်ခိုက်မယ် ၊ လိုအပ်ရင် မင်း ငါ့ကို ကူညီပေးပါ”

ထို့နောက် ကောင်းဟန်က ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ ထွက်ခွာသွားသည်။

သူ ရှေ့သို့ ခြေလှမ်းလိုက်သည်နှင့် ကောင်းကင်ထက်မှ ထိုးဆင်းလာသော ဧရာမလင်းယုန်ငှက်ကြီးပမာ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ထွက်ပေါ်လာပြီး သူ့နောက်ကျောက အထက်သို့ အနည်းငယ် ကွေးတက်သွားသည်။

ကောင်းဖန်၏ ကျောပြင်ကိုကြည့်ရင်း ပိန်ပိန်ရှည်ရှည် စာပေသမား၏ မျက်ဝန်းများ တုန်ခါသွားသည်။

“ဒီအဘိုးကြီးက ဖေးဟွမ်လင်းယုန်ငှက်ရဲ့ သွေးစွမ်းအားနဲ့ ကျင့်ကြံထားတာ ၊ ဒါက တကယ့်ကို ရှားပါးသားရဲတစ်ကောင်ပဲ ၊ ငါတောင် ဒီအဘိုးကြီးကို အနိုင်ယူဖို့ ယုံကြည်ချက် မရှိဘူး ၊ အိမ်ရှေ့စံကို သစ္စာခံကြတဲ့သူတွေ အများကြီးရှိတယ်ဆိုပေမယ့် ဒီ ခန်းဟယ်မြို့မှာ ထာဝရရပ်တည်နိုင်တဲ့သူကတော့ အနည်းငယ်ပဲ ရှိကြတယ် ၊ လင်းယုန်ငှက်မွှေးဂိုဏ်းအောင်မြင်တယ်ဆိုတာ ကံတရားကြောင့် မဟုတ်ဘူးပဲ”

ထွက်ခွာသွားသော ကောင်းဟန်ကိုလှမ်းကြည့်ရင်း စာပေသမားက တွေးလိုက်သည်။

“ဒီအတိုင်းဆို ငါတောင် ဝင်ကူညီဖို့ လိုမယ်မထင်ပါဘူး”

All Chapters