← Chapters

အခန်း (၄၃၇-၄၃၈)

Vol. 41 Ch. 437-438

အခန်း (၄၃၇-၄၃၈)

Vol. 41 Ch. 437-438

အခန်း (၄၃၇)။

“မင်းက အခု အမဲလိုက်ခံနေရတာ၊ မင်းကို လိုက်ဖမ်းနေတဲ့သူတွေလည်း အများကြီးပဲ။ အခု မင်းကိုယ်မင်း ထုတ်ဖော်ပြလိုက်ရင် နောင်မှာ အဆုံးမဲ့ ပြဿနာတွေ ဆွဲဆောင်မိသလို ဖြစ်သွားလိမ့်မယ်။ အေးအေးဆေးဆေး အနားယူပြီး အင်အားပြန်ဖြည့်နေတာက ပိုမကောင်းဘူးလား။”

အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရား စိတ်ဝိညာဉ်အတွေးစဖြင့် တည်ဆောက်ထားသော ကမ္ဘာငယ်လေးအတွင်း ချီလင်ထံမှ ထွက်ပေါ်လာသော စိတ်တုန်ခါမှုလှိုင်းများကို ခံစားမိသဖြင့် ဟုန်ယွိက စိတ်ထဲမှ အသာယာ ပြုံးလိုက်ရင်း စိတ်ချင်း ဆက်သွယ်ကာ ပြန်ပြောလိုက်သည်။

“တခြားတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီ ဝရဇိန်ဟာကျူလီဆိုတဲ့ မျောက်ဝံကြီးက ငါ့ကို စိတ်အနှောင့်ယှက်ပေးနေလို့ပါ။ ဟိုးအရင်တုန်းက သူတော်စင် ဧကရာဇ်အတွက် ‘ကမ္ဘာ့ မြင်းဇောင်း’ ကို စောင့်ပေးရတဲ့ ‘ခုံ’ဆိုတဲ့ မျောက်ဝံကြီးက ငါ့ရဲ့ ရန်သူဟောင်းပဲ။ အခု ဒီခွန်အားကြီး စိန်မျောက်ဝံက ကြည့်ရတာ သူ့မျိုးဆက်ပဲ ဖြစ်ရမယ်၊ သူ ဒီလောက် မောက်မာနေတာကို ငါ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။ နောက်ပြီး ဒီမျိုးရိုးမြင့် မိသားစုက တပည့်တွေက စကားနဲ့ဖြစ်ဖြစ်၊ သိုင်းပညာနဲ့ဖြစ်ဖြစ် မင်းရှေ့မှာ မကြွားရဲကြပေမဲ့ သူတို့မိသားစုရဲ့ အစဉ်အလာတွေ အခြေခံအုတ်မြစ်တွေကိုတော့ ထုတ်ကြွားနေကြပြီ။ တကယ်လို့ မင်းသာ အားနည်းချက် ပြလိုက်ရင် ဩဇာအာဏာကြီးမားတဲ့ အဲဒီမိသားစုတွေ က မင်းမှာ အခြေခံအုတ်မြစ် မရှိဘူးလို့ ထင်ပြီး၊ မင်းကို ဒုက္ခပေးဖို့ အတင့်ရဲလာကြလိမ့် မယ်။ မင်းရဲ့တာအိုပညာတွေနဲ့ဆို မင်းက သူတို့ကို မကြောက်ဘူးဆိုပေမဲ့ နောင်အနာဂတ် မှာ အဆုံးမဲ့ ပြဿနာတွေ ရောက်လာလိမ့်မယ်။”

ချီလင်၏ စကားများမှာ ရှင်းလင်းစွာ စီးဝင်လာသည်။

“သူတော်စင် သားရဲပီပီ မင်းက အထက်တန်းလွှာ မိသားစုတွေရဲ့ စိတ်ဓာတ်ကို တကယ် ကောင်းကောင်း နားလည်တာပဲ။ ဟုတ်တယ်... ဒီမိသားစုတွေရဲ့ စိတ်ဓာတ်က ကိုယ့်ကိုယ် ကို အမြဲတမ်း မြင့်မြတ်ပြီး၊ တန်ခိုးကြီးတယ်လို့ ခံယူထားကြပြီး အခြေခံမရှိတဲ့ သာမန် လူတွေကို အထင်သေးတတ်ကြတယ်။ မင်းက ကျွမ်းကျင်သူတစ်ဦး ဖြစ်နေရင်တောင်, မြင့်မြတ်တဲ့ သွေးမျိုးဆက် မရှိရင်, သူတို့က မင်းကို ကြောက်ရုံပဲ ကြောက်ကြမှာ၊ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ ဟုန်ရွှန်ကျိလို ပညာရှင်မျိုးကိုတောင် သူတို့က ကြောက်ပေမဲ့ စိတ်ထဲကတော့ အမြဲ အထင်သေးနေကြတာ။ အချို့မိသားစုကြီးတွေဆိုရင် တော်ဝင်မင်းသမီးတွေနဲ့ လက်ထပ်ဖို့ ကမ်းလှမ်းတာကိုတောင် ငြင်းပယ်ဝံ့ကြတယ်။”

ချီလင်၏ စကားကို ကြားသောအခါ ဟုန်ယွိသည် မချီးကျူးဘဲ မနေနိုင်တော့ပေ။ ချီလင်က ဤမျှအထိ ဉာဏ်ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့မိပါ။

လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်က တော်ဝင်ချန် ယန်မိသားစုသည် အင်အားကြီး မိသားစုတစ်ခု ဖြစ်ခဲ့သော်လည်း နှစ်ထောင်ချီ သမိုင်းကြောင်းရှိသည့် မျိုးရိုးမြင့် မိသားစု သို့မဟုတ် သူတော်စင်မျိုးဆက်များ မဟုတ်ခဲ့ကြချေ။ သို့သော် အဘက်ဘက်မှ အထောက် အပံ့များ ရရှိကာ ကမ္ဘာကြီးကို အောင်နိုင်ခဲ့သော်လည်း အချို့သော မျိုးရိုးမြင့် မိသားစုများ မှာ ၎င်းတို့ကို အသိအမှတ် မပြုခဲ့ကြပေ။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ယွန်မင်နိုင်ငံ ၏ မြင်းတပ်များ မြို့တော်အထိ ရောက်ရှိလာနိုင်ခြင်းမှာ ဧကရာဇ်အကြံပေး ယုဝမ်မူ၏ အစွမ်းအစများအပြင် အချို့သော အထက်လွှာ မိသားစုကြီးများ၏ ပါဝင်ပတ်သက်မှုများက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အဓိက အကြောင်းရင်းမှာ တော်ဝင်မိသားစု၏ အာဏာကို အားနည်းစေရန် မျိုးရိုးမြင့် မိသားစုများ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်။

တော်ဝင်ချန်ကို တည်ထောင်ခဲ့သူ ဧကရာဇက် ထိုက်ကျုံးနှင့် ကောင်းကျုံးတို့ပင်လျှင် ထိုကိစ္စကို ဘာမှ မတတ်နိုင်ခဲ့ကြချေ။

လက်ရှိ တော်ဝင်ချန်ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ ပေါ်ထွက်လာပြီးနောက်မှသာ ပထမဦးစွာ ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ကာ မျိုးရိုးမြင့် မိသားစုကြီးများကို မလှုပ်ရဲအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့နောက် ယွန်မင် သံမဏိမြင်းတပ်များကို တိုက်ထုတ်နိုင်ခဲ့သည်။ လွန်ခဲ့သော နှစ် ၂၀ အတွင်း မည်သူမျှ ၎င်းတို့ကို မဆန့်ကျင်ဝံ့ကြချေ။ ယခုအခါ ၎င်းတို့သည် မျိုးရိုးမြင့် မိသားစုကြီးများကို အားနည်းစေမည့် မူဝါဒအသစ်များကို ထုတ်ပြန်တော့မည် ဖြစ်သည်။ ဤသည်မှာ တော်ဝင်မိသားစု၏ အာဏာစက်ကို အမှန်တကယ် တည်ဆောက်ခြင်းပင်။

ယခု ဝမ်ဖုန်းက ဟုန်ယွိ၏ ရှေ့တွင် သူ၏ မြင်းကောင်းများနှင့် နတ်ဘုရားသားရဲကို ထုတ်ကြွားနေခြင်းမှာ သူ၏ မျိုးရိုးအစဉ်အလာ အခြေခံကို ပြသပြီး ဟုန်ယွိကို နှိမ်ချရန် ကြိုးစားနေခြင်းဖြစ်သည်။

စကားပြောခြင်းနှင့် ကိုယ်ခံပညာပိုင်းတွင် ဟုန်ယွိ မည်မျှ အစွမ်းထက်ကြောင်း ဤမျိုးရိုး မြင့် မိသားစုကြီးများ၏ တပည့်များက ကောင်းကောင်း သိကြသည်။ သူတို့သည် လူမိုက် များ မဟုတ်ကြဘဲ အလွန်ပင် လိမ္မာပါးနပ်သူများ ဖြစ်ကြသည်။ သူတို့ထဲတွင် ပုန်းအောင်း နေသော ပညာရှင်များ ရှိနေစေကာမူ ဟုန်ယွိကို ပေါ်တင် ရန်စလိမ့်မည် မဟုတ်ပေ။

သို့သော် သူ၏ မြင်းနှင့် နတ်ဘုရားသားရဲကို ဤသို့ ထုတ်ပြခြင်းဖြင့် လူတိုင်း၏ စိတ်ထဲတွင် သိရှိသွားကြမည်မှာ “မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ မင်းက ရုတ်တရက် ချမ်းသာ လာတဲ့ သူဌေးသစ် တစ်ယောက်ပဲ။ နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိတဲ့ မျိုးနွယ်စုရဲ့ အမွေအနှစ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သမိုင်းတစ်လျှောက်မှာ ထူးချွန်တဲ့သူတွေ အများကြီး ပေါ်ထွက်ခဲ့ပေမဲ့ အချိန်တိုအတွင်းမှာပဲ ပျောက်ကွယ်သွားကြတယ်။ မျိုးရိုးမြင့် မိသားစုကြီးတွေကပဲ နှစ်ပေါင်းထောင်ချီတိုင်အောင် မပျက်မစီး တည်တံ့နေတာ” ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။

...

“မိုးကြိုးနင်း... မိုးကြိုးနင်း... ဒီတစ်ခေါက် အနောက်ဘက်က အရိုင်းအစိုင်းတွေ ကောင်းကင်နိုင်ငံကို ကျူးကျော်လာတဲ့အခါ ငါတို့ အတူတူ သတ်ဖြတ်ပြီး ဂုဏ်ထူးဆောင် အောင်မြင်မှုတွေ ယူကြစို့။ နှစ်ပေါင်း ရာချီ၊ ထောင်ချီ ကြာသွားတဲ့အထိ ‘မိုးကြိုးနင်း’ ဆိုတဲ့ မင်းရဲ့ နာမည်နှစ်လုံးကို သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ်စေပြီး၊ ပညာရှင်တွေရဲ့ ချီးကျူးမူ ကို ခံရစေမယ်။”

ဟုန်ယွိနှင့် ချီလင်တို့ စကားပြောနေစဉ် ဝမ်မိသားစု၏ တိုက်ရိုက်မျိုးဆက် ဝမ်ဖုန်းက ရယ်မောရင်း ကြီးမားလှသော မိုးကြိုးနင်းမြင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။

ဤ ‘မိုးကြိုးနင်းမြင်း’ သည် တစ်ကိုယ်လုံး ငွေရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး မျက်လုံးများမှ ငွေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။ ၎င်း၏ ဦးခေါင်းပေါ်တွင် ချိုပေါက်တော့မည့်သဏ္ဌာန် အဖုနှစ်ခု ပါရှိသည်။ ဝမ်ဖုန်းက ပွတ်သပ်ပေးလိုက်သောအခါ နဂါး သို့မဟုတ် ကျားတစ်ကောင်၏ ဟိန်းသံနှင့်တူသော မြင်းဟီသံကြီး ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားပြီး လေထု၏ အရောင်အသွေးပင် ပြောင်းလဲသွားသယောင် ရှိသည်။ ဟုန်ယွိသည် ထိုဟီသံအတွင်းမှ အေးစက်သော လေလှိုင်းတစ်ခု သူ့ဆီသို့ တိုးဝင်လာ သည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ မြင်းတစ်ကောင်နှင့် ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ငွေရောင်နဂါးတစ်ကောင်နှင့် ရင်ဆိုင်နေရသလိုပင်။

ထိုဟီသံအတွင်း၌ လူတိုင်းကို တုန်လှုပ်စေသော နဂါး၏ အငွေ့အသက် အနည်းငယ် ပါဝင်နေသည်။ ဤသည်မှာ ဒဏ္ဍာရီလာ သားရဲတစ်ကောင်၏ အဆင့်အတန်းနှင့် နီးကပ်နေပြီ ဖြစ်သည်။

ဤကဲ့သို့သော မြင်းမျိုးကို စီးနင်း၍ စစ်မြေပြင်သို့ ထွက်ပါက လက်ဖျားနှင့်ပင် တို့စရာ မလိုချေ။ မြင်း၏ အရွယ်အစားနှင့် ၎င်းထုတ်လွှတ်နေသော စွမ်းအင်များကတင် ရန်သူ့ ရဲမက်များကို စိတ်ဓာတ်ပျက်ပြားစေရန် လုံလောက်လှသည်။

တာအိုပညာ ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူများပင်လျှင် ဤ ‘မိုးကြိုးနင်းမြင်း’ ၏ ဟီသံကို ခုခံနိုင်ရန် ခဲယဉ်းပေလိမ့်မည်။

မြင်းများမှာ စစ်ပွဲအတွက် မွေးဖွားလာကြခြင်း ဖြစ်သည်။ နှစ်ပေါင်းရာချီ၊ ထောင်ချီ ကြာလာသည်နှင့်အမျှ ၎င်းတို့တွင် နတ်ဘုရားနှင့် သရဲတစ္ဆေများပင် ကြောက်ရွံ့ရသော အေးစက်သည့် အရှိန်အဝါများ ကိန်းအောင်းလာခဲ့ကြသည်။

ထိုဟီသံကြီးအတွင်းမှာပင် ငွေရောင် ‘မိုးကြိုးနင်းမြင်း’သည် ၎င်း၏ ခွာများကို အသာအယာ လှုပ်ယမ်းလိုက်ရာ မြေပြင်ကြီး တစ်ခုလုံး တုန်ခါသွားတော့သည်။ ဟုန်ယွိ သည် သူ့ခြေထောက်အောက်ရှိ မြေပြင်မှ တုန်ခါမှုကို ချက်ချင်း ခံစားလိုက်ရသည်။ မြေအောက်ထဲတွင် မိုးကြိုးများ တဒိန်းဒိန်း ပစ်ခွင်းနေသကဲ့သို့ ခံစားရပြီး စိုးရိမ်ထိတ်လန့် မှုကို ဖြစ်ပေါ်စေသည်။

“မိုးကြိုးနင်းမြင်း ဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်တာပဲ။”

နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးက သူ့အကြည့်ကို ရွှေ့လိုက်သည်။ မြင်း၏ ခွာလေး ဖက် လှုပ်ရှားလိုက်သည့်အခါ ခွာများ၏ အပေါ်ယံလွှာမှာ မရပ်မနား တုန်ခါနေသည်ကို သူ မြင်လိုက်ရ၏။ ၎င်းမှာ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးက သူ၏ ခြေချောင်းများထဲသို့ စွမ်းအင်များ ထည့်သွင်းကာ မိုးကြိုးသံကို ဖန်တီးနေသကဲ့သို့ပင်။ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးအတွက်ပင် ဤအခြေအနေမျိုးမှာ မယုံနိုင်စရာ ဖြစ်သော်လည်း မြင်းတစ်ကောင်၏ ခန္ဓာကိုယ်တွင် ပေါ်ပေါက်နေခြင်းက ပို၍ပင် အံ့သြဖွယ် ကောင်းလှ သည်။

...

ဝမ်ဖုန်းက အားရပါးရ ရယ်မောနေစဉ် မိုးကြိုးနင်းမြင်းကလည်း ကျယ်လောင်စွာ ဟီလိုက် သည်။ မြင်းခွာလေးဖက်က ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ရာသီဥတုပင် ပြောင်းလဲ သွားသယောင် ရှိကာ အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုအချိန်မှာပင် ဟုန်ယွိနှင့် ချီလင်တို့မှာလည်း စိတ်ချင်း ဆက်သွယ်နေကြသည်။

“မင်းသား... ဟွာလျိုရဲ့ စစ်တပ်က ကျွန်တော်တို့ နယ်စပ်ကို ချဉ်းကပ်လာနေပြီ။ ကျွန်တော် တို့အားလုံး တော်ဝင်နန်းတော်အတွက် အမှုထမ်းဖို့ အသင့်ရှိနေကြပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို စစ်မြေပြင်ဝင်ပြီး အဲဒီ အရိုင်းအစိုင်း ခေါင်းဆောင်ကို သတ်ဖြတ်ဖို့ စစ်မိန့် ထုတ်ပေးပါ။”

ဝမ်ဖုန်း စကားပြောနေစဉ်မှာပင် သူ၏ ‘မိုးကြိုးနင်းမြင်း’ သည် ကိုယ်ပိုင်အသိဉာဏ် ရှိနေသကဲ့သို့ ဟုန်ယွိ၏ လျှပ်စီးဖမ်းမြင်းဘက်သို့ လှည့်ကာ ရန်လိုသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။

ဟီး.…၊

ဟုန်ယွိ၏ လျှပ်စီးဖမ်းမြင်းသည်လည်း ကိုယ်ပိုင်အသိဉာဏ် ရှိသော မြင်းတစ်ကောင် ဖြစ်သည်။ ဟုန်ယွိက ၎င်းကို ဝိညာဉ်ဆေးဝါးများ တိုက်ကျွေးထားသည့်အပြင် တာအို ပညာများကိုလည်း သင်ကြားပေးထားသည်။ ယခုအခါ ၎င်းသည် ယင်သခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ မာန်မာနများ ပြည့်လျှံနေတော့သည်။ ‘မိုးကြိုးနင်းမြင်း’ ၏ ရန်စမှုကို ၎င်းအနေဖြင့် မည်သို့ သည်းခံနိုင်ပါမည်နည်း။ သူ့မြင်းခွာများက တုန်ခါသွားပြီးနောက် တစ်ချက်ဟီကာ ရှေ့သို့ ခုန်တက်လိုက်ပြီး မယုံနိုင်စရာ ကောင်းသော အရှိန်ဟုန်ဖြင့် ‘မိုးကြိုးနင်းမြင်း’ ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ဤထိပ်တိုက်တိုက်ခိုက်မှုတွင် လျှပ်စီးဖမ်းမြင်းသည် ခွာများကို မြှောက်ကာ ရုတ်တရက် ခုန်တက်လိုက်ရာ ၎င်း၏ တစ်ကိုယ်လုံးမှာ ရေထဲမှ ခုန်ထွက်လာသော နဂါးတစ်ကောင် ကဲ့သို့ သန်မာပြီး ရဲရင့်လှကာ အငွေ့အသက်မှာလည်း စူးရှလှသည်။

မြင်းများမှာ လူသားများနှင့် မတူဘဲ စိတ်ဓာတ် ပြင်းထန်ကြရာ ရန်စမှုကို မည်သို့မျှ သည်းမခံနိုင်ကြချေ။

...

“တိရစ္ဆာန်စုတ်…၊ ငါ့သခင်ရဲ့မြင်းကို ဘယ်လိုတောင် ရန်ပြုရဲတာလဲ။”

လျှပ်စီးဖမ်းမြင်းက တဟုန်ထိုး ပြေးဝင်သွားစဉ် ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာသည်။ ၎င်းမှာ ကွင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသော မိုးကြိုး ပစ်သံကဲ့သို့ပင်။ နတ်ဘုရားတန်ခိုးရှင် စစ်တပ်၏ မြင်းများပင်လျှင် ကြောက်လန့်တကြား ဟီလိုက်ကြပြီး မငြိမ်မသက် ဖြစ်သွားကြသည်။

ကံကောင်းသည်မှာ နတ်ဘုရားတန်ခိုးရှင် စစ်တပ်၏ ရဲမက် သုံးထောင်မှာ ဘုရင်စံအိမ်၏ ကိုယ်ရံတော်များ ဖြစ်ကြပြီး တစ်ဦးချင်းစီမှာ သိုင်းပညာ မြင့်မားကာ သူတို့၏ မြင်းများကို လည်း ကောင်းစွာ လေ့ကျင့်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားကြသည်။ သို့မဟုတ်ပါက ရဲမက် သုံးထောင်စလုံး ပြိုလဲသွားပေ လိမ့်မည်။

ကြီးမားသော အဝါရောင် အရိပ်ကြီးတစ်ခုမှာ လျှပ်စီးဖမ်း မြင်းဆီသို့ ဖျတ်ခနဲ ရောက်ရှိလာ သည်။ ၎င်းမှာ လူစကား ပြောနိုင်သော ရွှေရောင်မျောက်ဝံကြီးပင် ဖြစ်သည်။ ခွန်အားကြီး စိန်မျောက်ဝံကြီးသည် ဆင်တစ်ကောင်ကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်သော ဒဏ္ဍာရီလာ သားရဲ ဖြစ်သည်။

ရွှေရောင်မျောက်ဝံကြီး လှုပ်ရှားလိုက်သောအခါ လျှပ်စီးအလား လျင်မြန်လှပြီး၊ ခန္ဓာကိုယ် က ပြင်းထန်သော လေပြင်းများကို သယ်ဆောင်လာကာ စူးရှသော အော်သံကို ထုတ်ဖော် လိုက်သည်။ ကြိတ်ဆုံကျောက်တုံးကဲ့သို့ ကြီးမားလှသော လက်ဝါးကြီးများက လျှပ်စီးဖမ်း မြင်း၏ ဦးခေါင်းဆီသို့ လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

“တိရစ္ဆာန်စုတ်…၊ ငါ့မြင်းကို ထိခိုက်အောင် လုပ်ဝံ့တယ်လား။”

ဟုန်ယွိ၏ မျက်ခုံးများက ပြင်းထန်စွာ တွန့်သွားခဲ့ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ ဖျတ်ခနဲ လှုပ်ရှားသွားပြီး ခြေလှမ်းများကို ကျော့ကွင်းသဖွယ် လိမ့်လှည့်လိုက်ကာ သူ၏ ‘ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခု’မှာ ပူနွေးလာပြီး ကမ္ဘာမြေကြီးနှင့် တစ်စုံတစ်ရာ ဆက်သွယ်မှု ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ၏ ‘ဉာဏ်ပညာ အပ်စိုက်မှတ် နှစ်ခု’၊ ‘စိုက်ပျိုးရေးနတ်ဘုရားမ၏ အပ်စိုက်မှတ်’နှင့် ‘ရှန်ကျင်းနတ်ဘုရားရှစ်ပါး အပ်စိုက်မှတ်’ တို့ကိုပါ တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို တွန့်လိမ်သွားကာ ကြာပန်းတစ်ပွင့်ပေါ်တွင် နင်းလိုက်သကဲ့သို့ လှုပ်ရှားလိုက်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြီးမားလာသယောင် ရှိကာ ‘ဗုဒ္ဓလက်ဝါး’နှင့် ‘မဟာကမ္ဘာတံဆိပ်တော်’တို့ကို ထုတ်ဖော်လိုက်သည်။

ရွှေရောင်မျောက်ဝံကြီးမှာ အလွန်ပင် အရပ်မြင့်မားသည်။ ၎င်းသည် လူ နှစ်ယောက်၊ သုံးယောက်စာမျှ မြင့်မားပြီး ဧရာမ ဘီလူးကြီးတစ်ကောင်နှင့် တူလှသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး၏ ရှေ့တွင် ရပ်နေရသူ မည်သူမဆို တိုက်ခိုက် လိုစိတ် ပျောက်ပြီး အဆုံးမရှိသော ကြောက်ရွံ့မှုများဖြင့် အစားထိုးသွားပေလိမ့်မည်။

သို့သော် ဟုန်ယွိက ‘မဟာကမ္ဘာ တံဆိပ်တော်’ ကို အသုံးပြုကာ မတ်မတ်ရပ်လိုက်သော အခါတွင်မူ ရောက်ရှိနေသူအားလုံး၏ စိတ်ထဲတွင် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ရွှေရောင် နတ်ဘုရားမျောက်ဝံကြီးထက်ပင် ပိုမိုမြင့်မားသွားသယောင် ခံစားလိုက်ကြရသည်။ သူသည် တိမ်တိုက်များအထက်တွင် မြင့်မားစွာ ရပ်တည်နေပြီး သတ္တဝါအားလုံးကို ငုံ့ကြည့်နေသော ဗုဒ္ဓတစ်ဆူကဲ့သို့ပင်။

ဝုန်း…။

ရွှေရောင်မျောက်ဝံကြီး၏ ကြီးမားသော လက်ဝါးကြီးက လျှပ်စီးဖမ်းမြင်းကို ဖမ်းယူတော့ မည့် ဆဲဆဲမှာပင် ဟုန်ယွိ၏ ‘မဟာကမ္ဘာ တံဆိပ်တော်’ သည် မျောက်ဝံကြီး၏ လက်ဝါးနှင့် ထိပ်တိုက် တိုးမိသွားတော့သည်။

လက်ဝါးနှစ်ဖက် ထိတွေ့မိသွားသည့်အခါ ကြွက်သားများနှင့် အသားစများ ပြင်းထန်စွာ ထိတွေ့မိသည့် အသံကြီးက ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ထွက်ပေါ်လာသည်။

ရွှေရောင်မျောက်ဝံကြီး၏ ကြီးမားလှသော လက်ဝါးကြီးများ၏ ရှေ့တွင် ဟုန်ယွိ၏ လက်မှာ ကလေးငယ်တစ်ဦး၏ လက်သီးကဲ့သို့ပင်။ ထိတွေ့လိုက်သည်နှင့် ကြေမွသွားတော့မည့် အလား ပျော့ညံ့နေသယောင် ရှိသည်။ သို့သော် လက်သီးနှစ်ဖက် ထိတွေ့မိသည့်အခါ, ရွှေရောင်မျောက်ဝံကြီးသည် ဟုန်ယွိ၏ လက်ကို မချိုးနိုင်ခဲ့ရုံသာမက ၎င်းကိုယ်တိုင်ပင် တုန်ခါသွားကာ နောက်သို့ အပြင်းအထန် ခုန်ဆုတ်သွားတော့သည်။ ၎င်းသည် သွေးရောင် လွှမ်းနေသော ပါးစပ်ကြီးကို ဖွင့်ကာ နက်ရှိုင်းလှသော စွယ်များကို ထုတ်ပြလိုက်သည်။

ထဒ်၊ ထဒ်၊ ထဒ် မာကျောသော မြေပြင်ပေါ်တွင် နက်ရှိုင်းလှသော ခြေရာအချို့ ပေါ်ပေါက် သွားသည်။

ဟုန်ယွိကမူ နောက်သို့ ဆုတ်မသွားပေ။ သူက လျှပ်စီးဖမ်းမြင်းကို ပြန်လည် တည်ငြိမ် အောင် လုပ်ဆောင်လိုက်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ပြင်းထန် စွာ စီးဆင်းနေပြီး ခဏအကြာမှသာ ပြန်လည် တည်ငြိမ်သွားတော့သည်။ ဤသည်မှာ မျောက်ဝံကြီးကြောင့် မဟုတ်ဘဲ သူ့ခန္ဓာကိုယ်က ဗုဒ္ဓလက်ဝါးနှင့် မဟာကမ္ဘာ တံဆိပ်တော် ကို ထုတ်ဖော်ရန်အတွက် အလွန်အမင်း အားစိုက်ခဲ့ရသောကြောင့် ဖြစ်သည်။

အကယ်၍ သူသည် လူသားအင်မော်တယ် အဆင့်သို့ ရောက်ရှိခဲ့ပြီးမှ ဤဗုဒ္ဓလက်ဝါးနှင့် မဟာကမ္ဘာ တံဆိပ်တော်ကို အသုံးပြုခဲ့မည်ဆိုပါက ထိုမျောက်ဝံကြီးမှာ အမှန်တကယ် သံမဏိဖြင့် ပြုလုပ်ထားစေဦးတော့၊ လက်သီးတစ်ချက်တည်းနှင့်တင် အမှုန့်ဖြစ်သွားပေ လိမ့်မည်။

“ဒီခွန်အားကြီး စိန်မျောက်ဝံကြီးက တကယ်ကို ပါရမီပါတာပဲ။ ကိုယ်ခံပညာကို ကျင့်ကြံပြီး တဲ့နောက်မှာ ပိုပြီးတော့တောင် အစွမ်းထက်လာခဲ့တာ။ တကယ်လို့, ငါသာ ဗုဒ္ဓလက်ဝါးကို မကျင့်ကြံထားဘူးဆိုရင် ကိုယ်ခံပညာသက်သက်နဲ့ဆို သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိက ဆိုလိုက်သည်။

ဤခွန်အားကြီး စိန်မျောက်ဝံကြီးနှင့် တိုက်ခိုက်ပြီးနောက် ဟုန်ယွိသည် သူ၏ သိုင်းပညာ တွင် အကျိုးကျေးဇူး အများကြီး ရရှိခဲ့သည်ဟု ခံစားလိုက်ရသည်။

“ယွမ်ကုန်းမင်…. ပြန်လာခဲ့။”

ဝမ်ဖုန်းသည် ဟုန်ယွိက စိန်မျောက်ဝံကြီး၏ တိုက်ခိုက်မှုကို ချက်ချင်း တားဆီးနိုင်ရုံသာ မက နောက်သို့ပင် တွန်းထုတ်နိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။

သူသည် ဤမျောက်ဝံကြီး၏ စွမ်းအားကို ကောင်းစွာ သိရှိထားပြီး၊ ကမ္ဘာပေါ်ရှိ မည်သည့် ထိပ်တန်း သိုင်းသူတော်စင်နှင့်မဆို ယှဉ်နိုင်သည်။ ထို့ပြင် ၎င်းသည် လက်နက်များ မတိုးမပေါက်သကဲ့သို့ အဆုံးမဲ့ ခံနိုင်ရည်ကိုလည်း ပိုင်ဆိုင်ထားသည်။

“သခင်လေး... ကျွန်တော်က သခင်လေးနဲ့ အကြီးအကဲ ဘိုးဘေးကြီးရဲ့ ကျေးဇူးတွေ ကြောင့် သခင်လေးနောက်ကို လိုက်လာခဲ့တာ မှန်ပေမဲ့၊ ဒီလူက ကျွန်တော့်ကို စော်ကား လိုက်တယ်။ ကျွန်တော် သူ့ကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး။”

ရွှေရောင်မျောက်ဝံကြီးသည် ဝမ်ဖုန်း၏ စကားကို နားမထောင်ဘဲ အလွန်ထူးဆန်းသော ရယ်သံကြီးကို ပြုလုပ်လိုက်သည်။

“တိရစ္ဆာန်စုတ်လား၊ မင်းက ငါ့ကို တိရစ္ဆာန်စုတ်လို့ ပြောလိုက်တာလား၊ မင်းက အရမ်းကို မောက်မာတာပဲ။ မင်းက ကမ္ဘာ့ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲက တစ်ဦးဖြစ်တဲ့ ပိုင်ဇီယွဲ့နဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေတယ်လို့ ငါ ကြားထားတယ်။ ဟွန့်…၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ငါ တောင်ပေါ်မှာ ကျင့်ကြံနေတုန်းကဆို ပိုင်ဇီယွဲ့ဟာ အရှေ့ပင်လယ်ရဲ့ အစွန်း၊ ယွန်းဝူတောင်ရဲ့ နတ်ဆိုးနတ်ဘုရားဂူကို သွားပြီးတော့ ပညာသင်ခွင့်ရဖို့အတွက် အကြီးအကဲ ဘိုးဘေးကြီးရှေ့မှာ သုံးရက်နဲ့ သုံးည ဒူးထောက်ခဲ့ဖူးတယ်။ အဲဒီအချိန်ကျမှ အကြီးအကဲ ဘိုးဘေးကြီးက သူ့ကို ‘ခန္ဓာကိုယ်စွန့်ခွာ ခွဲထုတ်ခြင်းပညာ’ ကို သင်ပေးလိုက် လို့ သူက အမိဝမ်းထဲမှာတင် လမ်းမပျောက်ခဲ့တာ။ ငါ့ကျတော့ အကြီးကဲ ဘိုးဘေးကြီးက အဆင့်မြင့် ကိုယ်ခံပညာတွေကို တိုက်ရိုက် သင်ပေးခဲ့တာ၊ အဲဒီ ပိုင်ဇီယွဲ့ဆိုတဲ့ မျောက်ဝံဖြူ နဲ့ ယှဉ်ရင် ငါက အများကြီး ပိုပြီး မြင့်မြတ်တယ်။ မင်းကများ ငါ့ကို တိရစ္ဆာန်စုတ်လို့ ပြောရဲတယ်ပေါ့။”

“အရှေ့ပင်လယ်ရဲ့ အစွန်း၊ ယွန်းဝူတောင်၊ နတ်ဆိုးနတ်ဘုရားဂူ။”

ဟုန်ယွိသည် ထိုစကားကို ကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဒိုင်ဇင်ဘုရားကျောင်းမှ မှတ်တမ်းစာအုပ်များတွင် ထိုအမည်များကို သူ မတွေ့ဖူးခဲ့သဖြင့် ၎င်းတို့မှာ မည်သည့်နေရာ ဖြစ်သည်ကို သူ မသိချေ။

သို့သော် သူကရော ဘာကို ဂရုစိုက်မည်နည်း။ သူက အေးစက်စွာ ရယ်မောလိုက်ပြီး “တိရစ္ဆာန်စုတ်က တိရစ္ဆာန်စုတ်ပဲ။ ပိုင်ဇီယွဲ့က အခုဆိုရင် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်နေပြီ၊ မြင့်မြတ်နယ်မြေတစ်ခုရဲ့ ခေါင်းဆောင်ပဲ။ မင်းလို အဝါရောင် အမွှေးနဲ့ တိရစ္ဆာန်က သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”

“မင်းတော့ သေချင်နေပြီပဲ။”

ရွှေရောင်မျောက်ဝံကြီး ယွမ်ကုန်းမင်က ထပ်မံ၍ ဟိန်းဟောက်လိုက်ပြန်သည်။

“ချီလင်…၊ သူ့ကို နှိမ်နင်းလိုက်။”

ဟုန်ယွိ၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသည်။ ရုတ်တရက်ပင် သူ၏ မျက်ခုံး နှစ်ခုကြားမှ နီမြန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင် သို့ ပျံတက်သွားပြီး ကောင်းကင်တွင် မီးလျှံတိမ်တိုက်တစ်ခု ဖြစ်ပေါ်သွားသည်။ ထိုမီးလျှံ တိမ်တိုက်အတွင်းမှ ကြီးမားလှသော ချီလင်သားရဲကြီး တစ်ကောင် ထွက်ပေါ်လာပြီး ကြီးကျယ်ခမ်းနားလှသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်တော့သည်။

ဤချီလင်၏ ခန္ဓာကိုယ်မှာ နက်မှောင်နေပြီး ၎င်း၏ အသက်ရှူသံမှာပင် မိုးကြိုးသံများ ကဲ့သို့ ထွက်ပေါ်နေသည်။

၎င်းသည် တိမ်တိုက်များကြားတွင် အေးအေးဆေးဆေး လမ်းလျှောက်လာပြီးမှ ဖြည်းဖြည်း ချင်း ဆင်းသက်လာသည်။ ရောက်ရှိနေသူအားလုံးမှာ ဤချီလင်ကြီးကို ငေးကြည့်ရင်း မှင်သက်နေကြတော့သည်။ နတ်ဘုရားတန်ခိုးရှင် ဘုရင်ပင်လျှင် အသက်ရှူဖို့ မေ့သွားပုံရ သည်။

“ချီလင် ပေါ်ထွန်းလာတာဟာ နိုင်ငံအတွက် ကောင်းခြင်းမင်္ဂလာပဲ။ ပညာရှင် သူတော်စင် တစ်ဦး ပေါ်ထွက်လာတဲ့အခါ ချီလင်က ကျမ်းစာအုပ်ကို ထွေးထုတ်ပေးလိမ့်မယ်။”

နတ်ဘုရားတန်ခိုးရှင်ဘုရင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“မျောက်ကလေး... လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်က သူတော်စင် ဧကရာဇ်ရဲ့ မြင်းဇောင်း ကို စောင့်ခဲ့တဲ့ ‘ခုံ’ပဲ ငါ့ကို ဒီလိုစကားမျိုး ပြောရဲတာ။ မင်းနဲ့ မင်းပြောနေတဲ့ အကြီးအကဲ ဘိုးဘေးကြီးဆိုတာက အဆင့်မမီသေးပါဘူး။”

ချီလင်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး လူ့ဦးခေါင်း အရွယ်အစားရှိသော မျက်လုံးကြီးနှစ်လုံးမှ နီမြန်းသော အလင်းတန်းများ ထွက်ပေါ်နေပြီး ရွှေရောင်မျောက်ဝံ ကြီး ယွမ်ကုန်းမင်ကို စိုက်ကြည့်လိုက်သည်။

ချီလင်၏ ခန္ဓာကိုယ်မှာ မျောက်ဝံကြီးထက် အများကြီး ပိုမိုကြီးမားပြီး နတ်ဘုရားသားရဲ တစ်ကောင်၏ အဆုံးမဲ့ စွမ်းပကားများကို သယ်ဆောင်ထားသည်။

ဖူး…၊

စကားပြောနေစဉ်မှာပင် ချီလင်က ပါးစပ်ကို ဖွင့်လိုက်ရာ ဖရဲသီးအရွယ်အစားရှိသော အမြုတေကြီးမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျောက်ဝံကြီးဆီသို့ ပစ်လွှတ်လိုက်သည်။

ဝေါင်း….။

ရွှေရောင်မျောက်ဝံကြီးက ဖျတ်ခနဲ လှုပ်ရှားကာ အမြုတေစွမ်းအင်လုံးကို ရှောင်တိမ်းလိုက် ပြီး နားစည်များ ကွဲထွက်သွားမတတ် စူးရှစွာ ဟိန်းဟောက်ပြီး ချီလင်ဆီသို့ ခုန်အုပ်လိုက် သည်။

သို့သော် အမြုတေစွမ်းအင်လုံးမှာ ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး ရွှေရောင် မျောက်ဝံကြီး၏ ကျောကုန်းကို အပြင်းအထန် ရိုက်ခတ်လိုက်တော့သည်။

ဘန်း…။

ချီလင်၏ အမြုတေစွမ်းအင်လုံးမှာ အလွန်ပင် လျင်မြန်လှသည်။ ဟုန်ရွှန်ကျိပင်လျှင် ရှောင်တိမ်းရန် ခဲယဉ်းလှရာ မျောက်ဝံကြီးအတွက်မူ ဆိုဖွယ်ရာ မရှိချေ။ ၎င်းသည် ချက်ချင်းပင် ကျောကုန်းကို အရိုက်ခံလိုက်ရသည်။ ဝါး… မျောက်ဝံကြီးမှာ ပေ ၁၀၀ ကျော် မျှ အဝေးသို့ လွင့်ထွက်ပြီး ပစ်ကျသွားကာ ကွင်းပြင်အလယ်တွင် မြေပြင်ကြီး အက်ကွဲသွားသည်။

သို့သော် မျောက်ဝံကြီးမှာ ဒဏ်ရာရပုံ မရပေ။ ၎င်းသည် မြေပြင်မှ ပြန်လည် ခုန်တက် လိုက်ရာ ပေ ၁၀၀ ကျော်မျှ မြင့်မားသော ဝေဟင်သို့ ရောက်ရှိသွားသည်။ ၎င်း၏ ပြင်းထန်သော ခုန်အားကြောင့် မြေပြင်ကြီးမှာ တစ်လက်မချင်းစီ အက်ကွဲသွားတော့သည်။

ချီလင်ကမူ မခန့်လေးစား ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်မှာလည်း လှုပ်ရှားသွားကာ ဝေဟင်သို့ ပျံတက်သွားပြီး ခုန်တက်လာသော မျောက်ဝံကြီးကို အပေါ်စီးမှနေ၍ ရိုက်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် ချီလင်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လိုက်သည်။ မျောက်ဝံကြီး ပြန်လည် မခုန်နိုင်မီမှာပင် ၎င်း၏ ကြီးမားလှသော ခွာများဖြင့် မျောက်ဝံကြီး ၏ ခန္ဓာကိုယ်ကို အသေ ဖိနင်းထားလိုက်တော့သည်။ ရွှေရောင်မျောက်ဝံကြီး မည်မျှပင် ဟိန်းဟောက် ရုန်းကန်စေကာမူ ပြန်လည် ထမရတော့ချေ။

ချီလင်သည် မိုးကြိုးကပ်ဘေး ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ် ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦးနှင့် ညီမျှပြီး၊ ၎င်း၏ သွေးစွမ်းအင်မှာမူ ပိုမိုအစွမ်းထက်ပြီး အထွတ်အထိပ် လူသားအင်မော်တယ် တစ်ဦးနှင့်ပင် ယှဉ်နိုင်သည်။ ယုဝမ်မူကဲ့သို့ ပညာရှင်ကြီးပင်လျှင် ၎င်းကို ဘာမှ မတတ်နိုင်ခဲ့ချေ။ ရွှေရောင်မျောက်ဝံကြီးတစ်ကောင်ကို ကိုင်တွယ်ရန်မှာ သူ့အတွက် ကလေးကစားစရာမျှသာ ဖြစ်သည်။

ဤမျောက်ဝံကြီးသည် သိုင်းသူတော်စင်၏ ကနဦးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏ ပါရမီအရ အထွတ်အထိပ် သိုင်းသူတော်စင်တစ်ဦးနှင့် ယှဉ်နိုင်သော်လည်း ချီလင်ကိုမူ မည်သို့မျှ ယှဉ်နိုင်စွမ်း မရှိချေ။

“မျောက်ကလေး... လိမ်လိမ်မာမာနဲ့ ဟုန်ယွိအတွက် မြင်းဇက်ကြိုးကို ဆွဲပေးစမ်း။ မင်း ထပ်ပြီး ရုန်းကန်နေဦးမယ်ဆိုရင် ငါ မင်းကို အသားနှစ်တွေ ဖြစ်သွားအောင် နင်းခြေပစ် မယ်။”

ချီလင်သည် စိန်မျောက်ဝံကြီးကို နင်းခြေထားရင်း သတ်ဖြတ်လိုသော အသံဖြင့် ပြောလိုက် သည်။ “မင်းပြောတဲ့ နတ်ဆိုးနတ်ဘုရားဂူက အဘိုးကြီးကိုလည်း တစ်နေ့ကျရင် ငါ ဖမ်းခေါ်လာပြီး ဟုန်ယွိရဲ့ စီးတော်ယာဉ် လုပ်ခိုင်းရဦးမယ်။”

အခန်း (၄၃၈)။

ကွင်းပြင်ကျယ်ကြီးတစ်ခုလုံးတွင် ရွှေရောင်မျောက်ဝံကြီး ယွမ်ကုန်းမင်၏ ဒေါသတကြီး ဟိန်းဟောက်သံများနှင့် ပြင်းထန်လှသော ရုန်းကန်သံများမှလွဲ၍ ချီလင်သားရဲကြီး၏ ထည်ဝါလှသော၊ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါဝင်နေသည့် အသံကြီးကိုသာ ကြားနေရတော့သည်။

ထိုအသံများမှလွဲ၍ ကွင်းပြင်ကြီးမှာ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား သည်။

နတ်ဘုရားတန်ခိုးရှင်ဘုရင်ပင်လျှင် မှင်သက်သွားရသည်။ သူသည် ဟုန်ယွိကို မရေရာ သော မျက်နှာထားဖြင့် စိုက်ကြည့်နေမိသည်။ ထိုအကြည့်မျိုးမှာ ဟုန်ယွိ ခံစားမိသလောက် ဆိုလျှင် ဘုရင်ယန်တူး ဧကရာဇ်မင်းမြတ်နှင့် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်တို့ကို ကြည့်သည့်အခါမှသာ ပေါ်လာလေ့ရှိသည့် အကြည့်မျိုးပင် ဖြစ်သည်။

ချီလင် သူတော်စင်သားရဲဆိုသည်မှာ နိုင်ငံတစ်ခု၏ မင်္ဂလာရှိသော နိမိတ်တစ်ခု ဖြစ်သည်။ ၎င်းသည် ရှေးခေတ် သူတော်စင် ဧကရာဇ်များနှင့် သူတော်စင်ကြီးများ၏ ဘေးတွင်သာ လိုက်ပါလေ့ရှိခြင်း ဖြစ်သည်။ အခုတော့ ထိုသားရဲကြီးမှာ ဟုန်ယွိ၏ ထိန်းချုပ်မှုအောက် တွင် ရှိနေပေပြီ။

ဟုန်ယွိ၏ "သူတော်စင်ငယ်" ဟူသော ဂုဏ်ပုဒ်အပြင် ဤချီလင်သားရဲကြီး ဘေးတွင်ရှိနေ ခြင်းမှာ "ရတနာရှိသူသည် ဘေးသင့်တတ်သည်" ဟူသော စကားနှင့်မတူဘဲ သူ၏ သြဇာ အာဏာကို ပိုမိုတောက်ပစေသည့် အချက် ဖြစ်လာသည်။ အကယ်၍သာ ကျိုးထိုက်ကျူ ကဲ့သို့ ပုဂ္ဂိုလ်မျိုးသာ ဤချီလင်ကို ပိုင်ဆိုင်ထားပါက ဧကရာဇ် ယန်ဖန် သိရှိသည်နှင့် အမဲလိုက် သတ်ဖြတ်ခံရမည်မှာ သေချာသော်လည်း ဟုန်ယွိမှာမူ ကမ္ဘာကို တုန်လှုပ်စေ သော စာပေများ ရေးသားထားသည့် "သူတော်စင်ငယ်" ဖြစ်နေသဖြင့် ဧကရာဇ်ပင်လျှင် အတင်းအဓမ္မ လုယူ၍ မရနိုင်ချေ။

ရှေးခေတ်ကတည်းက "သူတော်စင်ငယ်" ဟူသော ဘွဲ့မှာ တရားဝင် ရွှေတံဆိပ်တစ်ခုကဲ့ သို့ပင်။ မကောင်းသော မည်သည့် ကောလာဟလမျှ သူ၏ ခေါင်းပေါ်သို့ တင်၍မရနိုင်ပေ။

သို့သော်လည်း လူသားတို့၏ ကျင့်ဝတ်ကို ဂရုမစိုက်သည့် အချို့သော ပုဂ္ဂိုလ်များ ရှိပေသေး သည်။ ဟုန်ယွိတွင် ချီလင် ရှိနေကြောင်း သိရှိပါက လုယူရန် ကြိုးစားလာမည့်သူများ ရှိနိုင် သည်။ ဥပမာအားဖြင့် အရှေ့ပင်လယ်မှ နတ်ဆိုးအင်မော်တယ်များ၊ ယွန်းဝူတောင်နှင့် နတ်ဆိုးနတ်ဘုရားဂူမှ ပုဂ္ဂိုလ်များမှာ လောကလူသားတို့၏ ဥပဒေကို ဂရုစိုက်မည့်သူများ မဟုတ်ကြချေ။

၎င်းတို့မှာ ကောင်းကင်နှင့် မြေကြီးကိုပင် လုယူဖျက်ဆီးမည့်သူများ၊ အာဏာရှင်ဆန်ပြီး ရက်စက်ကြသူများ ဖြစ်သည်။ သို့သော် ဟုန်ယွိ၏ လက်ရှိ တာအိုပညာ စွမ်းအားအရ မည်သည့် အစွမ်းထက်ပုဂ္ဂိုလ်မျိုးကိုမျှ ကြောက်ရွံ့စရာ မလိုတော့ချေ။

“ချီလင်... ချီလင်... တကယ့် သူတော်စင် သားရဲကြီးပဲ။ ဒါဟာ တာအိုပညာနဲ့ ဖန်တီးထားတဲ့ လှည့်စားမှုမဟုတ်ဘူး၊ တကယ့် အစစ်အမှန်ပဲ။ ဒီအရှိန်အဝါ, ပေါကြွယ်ဝတဲ့ သွေးစွမ်းအင်၊ သူတော်စင် အငွေ့အသက်၊ ဒီလိုမောက်မာမူမျိုး၊ ဒီသားရဲကြီးက ဟုန်ယွိရဲ့ စကားကို နားထောင်နေတာလား။”

ထိုအချိန်တွင် ဝမ်ဖုန်း၏ မျက်နှာမှာ လုံးဝ ဗလာဖြစ်သွားပြီး နောက်ပိုင်းတွင် ထိတ်လန့်မှု၊ ထိုမှတစ်ဆင့် မနာလိုမှုနှင့် နောက်ဆုံးတွင် သူ၏ မျက်နှာအမူအရာမှာ အမျက်ဒေါသ အမုန်းအာဃာတများအဖြစ် ပြောင်းလဲသွားတော့သည်။

“ထန်ဟိုင်လုံက ဟုန်ယွိကို သတိထားဖို့နဲ့ သူ့ရဲ့ ဂုဏ်သတင်းကို နှိမ်ချဖို့ ငါ့ကို စာပို့ခဲ့တယ်။ ဟုန်ယွိက သိုင်းပညာ အစွမ်းထက်မှန်း သိလို့ ငါက ယွမ်ကုန်းမင်ကို ခေါ်လာခဲ့တာ။ ဒါပေမဲ့ သူ့မှာ ချီလင်သားရဲကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အခုတော့ နတ်ဆိုး နတ်ဘုရားဂူက ဘိုးဘေးကြီးကို အကူအညီတောင်းမှ ရတော့မယ်။ ဒါပေမဲ့ အဲဒီ ဘိုးဘေးကြီးက အရမ်းလျှို့ဝှက်တဲ့သူဆိုတော့ အကူအညီတောင်းဖို့ ခက်တယ်။ ဒါပေမဲ့ လည်း ဟုန်ယွိက ယွမ်ကုန်းမင်ကို အခုလို ဆက်ဆံနေတာဆိုတော့ အဲဒီ ဘိုးဘေးကြီးက သူ့ကို အရမ်းကို အလိုလိုက်တတ်တော့ သူ ထွက်လာနိုင်တယ်။”

အဆုံးတွင်, ဝမ်ဖုန်းသည် မျိုးရိုးမြင့်မိသားစုမှ တပည့်တစ်ဦးဖြစ်ပြီး လိမ္မာပါးနပ်လှသည်။ သူသည် အခုနက ဟုန်ယွိနှင့် တိုက်ခိုက်ရန် မရည်ရွယ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးရန် သာ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယွမ်ကုန်းမင်၏ ကြမ်းတမ်းသော စိတ်နေစိတ်ထား ကို သူမထိန်းချုပ်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

ဝမ်ဖုန်းသည် သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး သူ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။

“ညီလေးဟုန်မှာ ချီလင်သားရဲကြီး ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ မင်းက တကယ့်ကို သူတော်စင်တစ်ရာရဲ့ ကောင်းချီးပေးခံရတဲ့ သူတော်စင်ငယ်ပါပဲ။ ယွမ်ကုန်းမင် ကတော့ စရိုက်ကြမ်းတဲ့ နတ်ဘုရား မျောက်ဝံကြီးတစ်ကောင်ပါ။ သူတော်စင်ငယ် တစ်ယောက်အနေနဲ့ ညီလေးဟုန်က စိတ်သဘောထား ကြီးမှာပါ၊ တိရစ္ဆာန်တစ်ကောင်ရဲ့ ရိုင်းစိုင်းမှုကို စိတ်ထဲထားမှာ မဟုတ်ပါဘူးနော်။”

ဝမ်ဖုန်းသည် ယွမ်ကုန်းမင်ကို လွှတ်ပေးရန် ဟုန်ယွိအား စကားဖြင့် ချော့ပြောလိုက်သည်။

“ကျင့်ဝတ်တွေအပြင် နတ်ဘုရားလမ်းစဉ်ရဲ့ ဂုဏ်သိက္ခာဆိုတာလည်း ရှိသေးတယ်။ ဒီဂုဏ်သိက္ခာကို တိရစ္ဆာန်တွေက လာပြီး ညစ်ညမ်းအောင် လုပ်လို့မရဘူး။ အခု စစ်သည် သုံးသိန်းလုံး ရှေ့မှောက်မှာ ဒီအရိုင်းစိုင်းမျောက်က ငါတို့ရဲ့ စစ်သည်တွေကို ခြောက်လှန့်ပြီး စိတ်ဓာတ်ကျအောင် လုပ်နေပြီ။”

ဟုန်ယွိက ဝမ်ဖုန်းကို လှည့်ပင်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူက နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးဘက်ကို လှည့်၍ ပြောလိုက်သည် “မင်းသား... မင်းသားက စစ်တပ်အားလုံးရဲ့ စစ်သေနာပတိချုပ်ပါ။ တော်ဝင်ချန်ရဲ့ စစ်ဥပဒေအရ စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင်လုပ်တဲ့သူကို ဘယ်လို အပြစ်ပေးရမလဲ။”

“ဟင်…”

နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးသည် ဟုန်ယွိက ဤဝန်ထုတ်ဝန်ပိုးကြီးကို သူ့ထံ ပစ်ပေးလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် မျိုးရိုးမြင့် မိသားစုကြီးများမှ တပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

“စစ်တပ်ရဲ့ စိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတဲ့သူကို... ညှာတာမှုမရှိဘဲ သတ်စေ။”

ထိုအေးစက်လှသော စကားလုံးများက နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးထံမှ သတ်ဖြတ်လိုသော ဆန္ဒနှင့်အတူ ထွက်ပေါ်လာသည်။ ဤသည်မှာ နှစ်ပေါင်း ၂၀ တိုင်တိုင် နာမည်ကျော်ခဲ့သော စစ်နတ်ဘုရားတစ်ပါး၏ အရှိန်အဝါပင်။

ယန်တူးသည် စစ်နတ်ဘုရားတစ်ဦး ဖြစ်သော်လည်း မျိုးရိုးမြင့် မိသားစုကြီးများမှ တပည့်များကို ကိုင်တွယ်ရသည်မှာ သူ့အတွက် ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်သည်။ အခုတော့ သူသည် ဟုန်ယွိကို အသုံးချကာ သူတို့၏ မောက်မာမှုများကို နှိမ်နင်းလိုက်ခြင်း ပင်။ အဆိုးအကောင်းအားလုံးကို ဟုန်ယွိက ဗီလိန်အဖြစ် ခံယူပေးလိုက်ခြင်း ဖြစ်သည်။

“ကောင်းပါပြီ။ မင်းသားရဲ့ အမိန့်ကို ရပြီဆိုတော့ ကျွန်တော် ကိုယ်တိုင် အကောင်အထည် ဖော်ပါ့မယ်။”

ဟုန်ယွိ၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် ကိုယ်ရံတော် တပ်ဖွဲ့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည် “ဒါဆိုရင် စစ်ဥပဒေကို အကောင်အထည်ဖော်မယ့် လူတွေကို မင်းသားဆီကနေ ခဏလောက် ငှားပေးလို့ ရမလား။”

“ကော့ရွှီ၊ ရွှီချန်၊ ထူကျို၊ ကျင်းကော်၊ ထျဲထန်၊ မာရှုံ၊ လူဝေ၊ မြောင်ရှာ၊ အားလုံး ရှေ့ထွက်ခဲ့။”

ဟုန်ယွိ၏ တောင်းဆိုမှုကို ကြားရသည့်အခါ နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးသည် အေးစက်စွာ ရယ်မောလိုက်ပြီး နာမည်ရှစ်ခုကို တဆက်တည်း ခေါ်ဆိုလိုက်သည်။ နာမည် တစ်ခု ခေါ်လိုက်တိုင်း နတ်ဘုရားတန်ခိုးရှင်တပ်ဖွဲ့၏ တန်းစီထားသော စစ်သည်များထဲမှ လူတစ်ယောက်စီ ရှေ့သို့ တိုးထွက်လာပြီး "ရောက်ပါပြီ" ဟု ဟိန်းထွက်အောင် အော်ပြော လိုက်ကြသည်။

ထိုလူရှစ်ယောက်စလုံးသည် သံချပ်ကာအပြည့်အစုံ ဝတ်ဆင်ထားကြပြီး လက်ထဲတွင် သံမဏိဖြင့် ပြုလုပ်ထားသော ဧရာမ ပုဆိန်ကြီးများကို ကိုင်ဆောင်ထားကြသည်။ ထိုပုဆိန် များမှာ ပြောင်လက်တောက်ပနေပြီး အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည်။ သူတို့အားလုံးမှာ အထွက်အထိပ် မဟာဆရာသခင်များ ဖြစ်ကြသည်။

သူတို့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ မထင်မရှား ရစ်ဝိုင်းနေသည်။ စိတ်ပိုင်းဆိုင်ရာ သန်မာသူများသာ ထိုအငွေ့အသက်များထဲမှ နားကျဉ်း ဝိညာဉ်များ၏ ငိုကြွေးသံများကို ဝိုးတဝါး ကြားနိုင်ပေမည်။ ဤကဲ့သို့ သတ်ဖြတ်လိုသည့် အငွေ့အသက်မျိုး ရရှိရန် သူတို့သည် လူပေါင်း မည်မျှများပြားစွာ သတ်ဖြတ်ခဲ့ရမည်ကို မခန့်မှန်းနိုင်ချေ။

သူတို့၏ ခန္ဓာကိုယ်မှာ အထွက်အထိပ် မဟာဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီး၊ သူတို့၏ စိတ်စွမ်းအားမှာမူ သိုင်းသူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူတို့သာ "မြေအနှစ်သာရ ရွှေဆေး" ကို စားသုံးခွင့်ရပါက ချက်ချင်းပင် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်မည့်သူများ ဖြစ်သည်။

“မင်းတို့ ရှစ်ယောက် အခုကစပြီး ဟုန်ယွိရဲ့ အမိန့်ကို ခေတ္တနာခံပြီး စစ်ဥပဒေကို အကောင် အထည်ဖော်ကြ။ အလုပ်ပြီးရင် မင်းတို့နေရာကို ပြန်လာခဲ့။” ယန်တူး၏ လေသံမှာ ပို၍ပင် အေးစက်လာတော့သည်။

“အမိန့်အတိုင်းပါ။”

သူတို့သည် တစ်ပြိုင်နက်တည်း ပြန်လည် ဖြေကြားလိုက်ကြသည်။ သူတို့၏ နှလုံးခုန်သံ များပင်လျှင် တစ်ညီတစ်ညွတ်တည်း ရှိနေကြသည်။

ဟုန်ယွိသည် ယန်တူးအပေါ်တွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံမြဲ ဖြစ်သည်။ သူသည် လူတိုင်းကို ခြောက်လှန့်ရန် ချီလင်သူတော်စင် သားရဲကို ဆင့်ခေါ်ထားသော်လည်း ဤနေရာရှိ လူတိုင်းမှာ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူး၏ ကိုယ်ရံတော်များသာ ဖြစ်ကြပြီး သူ့အမိန့်ကိုသာ နာခံကြသူများ ဖြစ်သည်။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပင်လျှင် သူတို့ကို တိုက်ရိုက် အမိန့်ပေးရန် ခက်ခဲလှသည်။ ဟုန်ယွိ မည်မျှပင် အစွမ်းထက်ပါစေ ဘုရင်ယန်တူး၏ အမိန့်မပါလျှင် သူတို့ကို စေခိုင်းနိုင်မည် မဟုတ်ပေ။ သို့သော် အခုတော့ ဘုရင်ယန်တူးကိုယ်တိုင် အမိန့်ပေးလိုက်ပြီဖြစ်၍ အခြေအနေမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။

...

“အားလုံး နားထောင်ကြ။ ကျုပ် အင်ပါယာနန်းတော်ရဲ့ အမိန့်အရ အနောက်ဘက်ဒေသကို နှိမ်နင်းဖို့ လာခဲ့တာ။ ဒါပေမဲ့ ဒီကြမ်းတမ်းတဲ့ အရိုင်းစိုင်းမျောက်ကတော့ ရိုင်းစိုင်းလွန်းပြီး ယဉ်ပါးအောင် လုပ်ဖို့ ခက်ခဲနေတယ်။ သူက ကျုပ်တို့ စစ်သည်တော်တွေရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင် လုပ်နေပြီး ငါတို့ရဲ့ ရန်သူ့စခန်းကို တစ်ချက်တည်းနဲ့ တိုက်ခိုက်ဖို့ အစီစဉ် ကိုလည်း အဟန့်အတား ဖြစ်စေတယ်။ ဒါက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မူပဲ။ ဒီနေ့ ကျုပ်က မင်းသားရဲ့ အမိန့်နဲ့ ဒီအရိုင်းစိုင်းမျောက်ကို သတ်ပြီး စစ်အလံကို ယဇ်ပူဇော်မယ်။ ကျုပ်တို့ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်မယ်။ အနောက်ဘက်ဒေသကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းမယ်။”

ဟုန်ယွိက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဤအချိန်တွင် မျိုးရိုးမြင့် မိသားစုကြီး များ၏ တပည့်များအားလုံး ဟုန်ယွိ ဘာလုပ်တော့မည်ကို သိရှိသွားကြသည်။ သူသည် ရက်စက်ကြမ်းကြုတ်သော ဤမျောက်ဝံကြီးကို သတ်ဖြတ်ပြီး စစ်အလံအတွက် ယဇ်ပူဇော်တော့မည် ဖြစ်သည်။

သိုင်းသူတော်စင်အဆင့်နှင့် ညီမျှပြီး ဓား၊ လှံ၊ လက်နက် တိုးမပေါက်သော မည်သည့်အရာ ကိုမဆို ဆွဲဖြဲပစ်နိုင်သော နတ်ဘုရားသားရဲကြီးကို ဟုန်ယွိက စစ်အလံအတွက် သတ်ပစ် တော့မည်ဖြစ်ရာ သူ၏ပြတ်သားမူမှာ ကြောက်ခမန်းသိသိပင်။

ချက်ချင်းဆိုသလို လူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

“နေပါဦး။”

ဝမ်ဖုန်းက အလန့်တကြား အော်ပြောပြီး ရှေ့တိုးလာသည်။

“ဒီမျောက်ကို ရိုက်သတ်ပစ်စမ်း။ သူ့ခေါင်းကို ဖြတ်ပြီး စစ်အလံမှာ ချိတ်ဆွဲထားလိုက်။” ဟုန်ယွိက ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဝမ်ဖုန်း... မင်းက စစ်ဥပဒေကို တားဆီးချင်တာလား။ မင်း နောက်တစ်လှမ်း ထပ်တိုးလာရင်... ညှာတာမှုမရှိဘဲ မင်းကိုပါ သတ်ပစ်မယ်။”

ချွတ်…၊

ဟုန်ယွိ၏ "ဆေးမီးလျှံ နတ်ဘုရားဓား"က ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။ ဟုန်ယွိက ရယ်မောလိုက်ပြီး ဝမ်ဖုန်းထံသို့ ခြေနှစ်လှမ်း တိုးလိုက်သည်။ အကယ်၍ ဝမ်ဖုန်းသာ နောက်တစ်လှမ်း ထပ်တိုးလာပါက ချက်ချင်းပင် သတ်ဖြတ်တော့မည့်အလား ရှိနေသည်။

ဟုန်ယွိ၏ ကြောက်မက်ဖွယ်ကောင်းသော အမူအရာကို မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းမှာ မသိမသာ နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားမိသည်။ သူ၏ အရှိန်အဝါမှာ မှေးမှိန်သွားရ တော့သည်။

ဟုန်ယွိ၏ အရှိန်အဝါမှာ ဟုန်ရွှန်ကျိ၊ ယန်ဖန်နှင့် ကျိုးထိုက်ကျူတို့ကဲ့သို့ ပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်တိုက်ခိုက်ရာမှ ရရှိလာသော အရှိန်အဝါ ဖြစ်သည်။ ယခု သူက ထိုအရှိန်ဝါကို ထုတ်ဖော်လိုက်သည့်အခါ ဝမ်ဖုန်းမှာ ချက်ချင်းပင် ခြောက်လှန့်ခံလိုက်ရသည်။ ဝမ်ဖုန်းမှာ ပါးနပ်ပြီး ပရိယာယ်များသူ ဖြစ်သော်လည်း သူ၏ အရှိန်ဝါမှာ အပေါ်ယံ အရေပြားမျှသာ ရှိသည်။ လောကကြီးကို ငုံ့ကြည့်နိုင်သော စစ်မှန်သည့် သြဇာမျိုး မရှိချေ။ အမှန်တကယ် ရင်ဆိုင်ရသည့်အခါ ဟုန်ယွိက သူ၏ အပေါ်ယံအရေပြားကို အလွယ်တကူပင် ခွာချလိုက် နိုင်ခြင်း ဖြစ်သည်။

အကယ်၍ ဝမ်ဖုန်းသာ သူ၏ ရိုးတွင်းခြင်ဆီရောက်သည်အထိ ထည်ဝါသော အရှိန်ဝါမျိုး မွေးမြူနိုင်ခဲ့လျှင် သူသည် ကျိုးထိုက်ကျူကဲ့သို့ ဖြစ်လာပေလိမ့်မည်။

ဝမ်ဖုန်း နောက်ဆုတ်သွားသည်ကို မြင်သည့်အခါ ဟုန်ယွိက အထင်သေးစွာ ရယ်မောလိုက် သည်။ သူက မှော်စွမ်းအားကို အသုံးပြုကာ သူ၏ အသံစွမ်းအားကို လည်ချောင်းထဲတွင် စုစည်းပြီး စကားလုံးတစ်လုံးကို အော်ဟစ်လိုက်သည်။

“သတ်။”

ဟုန်ယွိ၏ပါးစပ်မှ ထွက်ပေါ်လာသော ထို “သတ်” ဟူသော အသံလှိုင်းမှာ ဓားများကဲ့သို့ စူးရှလှပြီး ကွင်းပြင်အတွင်းရှိ အထက်ထန်းလွှာ မိသားစုကြီးများ၏ တပည့်များ၊ နတ်ဘုရား တန်ခိုးရှင်တပ်ဖွဲ့ဝင်များနှင့် ဘုရင်ယန်တူး ကိုယ်တိုင်ပင်လျှင် ထိုအသံလှိုင်းက သူတို့၏ နှလုံးသားကို ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ဝူး... ဝူး... ဝူး...

ဟုန်ယွိ၏ အမိန့်ကို ကြားလိုက်ရသည့်အခါ ယန်တူး စေလွှတ်လိုက်သော ပညာရှင်များမှာ မဆိုင်းမတွ သူတို့၏ လက်ကို ဝှေ့ယမ်းလိုက်ကြသည်။ ထိုစဉ် စစ်ဘင်ခရာသံက ဝိညာဉ် တွေကို ဆင့်ခေါ်နေသည့်အလား သာယာနာပျော်ဖွယ်မရှိသော အသံဖြင့် ထွက်ပေါ်လာ သည်။ လူသားများမဆိုထားနှင့်၊ နတ်ဘုရားနှင့် သရဲတစ္ဆေများပင်လျှင် ကြောက်ရွံ့သွားရ မည့် အသံမျိုး ဖြစ်သည်။

ကောင်းကင်ယံမှ မှောင်မိုက်သော တိမ်တိုက်များပင် လွင့်စင်သွားရသည်။ ဤသည်မှာ လူတစ်ယောက်၏ အသက်ကို ယဇ်ပူဇော်တော့မည့် အချက်ပြသည့် စစ်ဘင်ခရာသံပင် ဖြစ်သည်။

“သတ်…၊ သတ်…၊ သတ်….။”

နတ်ဘုရားတန်ခိုးရှင်တပ်ဖွဲ့မှ စစ်သည် သုံးထောင်စလုံးမှာ ဟုန်ယွိ၏ အရှိန်အဝါကြောင့် စိတ်ဓာတ်များ တက်ကြွလာပြီး တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြတော့သည်။

မူလက ဒေါသတကြီး ဟိန်းဟောက်နေသော ရွှေရောင်မျောက်ဝံကြီး ယွမ်ကုန်းမင်မှာ လည်း မှင်သက်သွားရသည်။

သူသည် အသိဉာဏ်ရှိသော မျောက်ဝံတစ်ကောင်ဖြစ်သဖြင့် ဟုန်ယွိ၏ အစွမ်းထက်လှ သော အငွေ့အသက်၊ စစ်တပ်၏ စွမ်းအား၊ ထည်ဝါလှသော စစ်ဘင်ခရာသံနှင့် သတ်ဖြတ် လိုသော ဆန္ဒများအားလုံး ပေါင်းစပ်သွားမှုကို ခံစားမိလိုက်သည်။

သံမဏိပုဆိန်ကြီးများကို ကိုင်ဆောင်၍ သူ့ထံသို့ ပြေးဝင်လာသော ပညာရှင် ရှစ်ယောက် ကို မြင်လိုက်ရသည့်အခါ ထိုကြမ်းတမ်းသော မျောက်ဝံကြီးမှာ အဆုံးတွင် ကြောက်ရွံ့စိတ် အနည်းငယ် ဝင်လာတော့သည်။

‘အော်... ဒီလောကကြီးဟာ တကယ့်ကို လူသားတွေ ပိုင်ဆိုင်တာပါလား' ဆိုသည့် အတွေး မျိုး သူ့စိတ်ထဲတွင် ပေါ်လာသည်။

“ငဲ့ညှာပေးဖို့ အမြန် တောင်းပန်စမ်း။ မဟုတ်ရင် မင်းရဲ့ခေါင်း တကယ် ပြတ်သွားလိမ့်မယ်။ ရှေးခေတ်က ‘ခုံ’ တောင်မှ အရှုံးပေးခဲ့ရတာ၊ မင်းက သူ့ထက် ပိုခေါင်းမာချင်နေတာလား။”

ယွမ်ကုန်းမင် ကြောင်အသွားစဉ်မှာပင် ချီလင်၏ ပြင်းထန်လှသော စိတ်ဝိညာဉ် အရှိန်အဝါ က သူ၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး သူ့ကို နိုးကြားသွားစေသည်။

“အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ သူတော်စင်ငယ်။ ကျွန်တော် အမှားတွေ ကို ပြင်ပါ့မယ်။ စစ်မြေပြင်မှာ ကြိုးကြိုးစားစားနဲ့ ရန်သူတွေကို သတ်ပါ့မယ်။ လူသားတွေ ကို ရိုသေပြီး ကျွန်တော့်ရဲ့ ရိုင်းစိုင်းတဲ့ စိတ်တွေကို ထိန်းချုပ်ပါ့မယ်...” ယွမ်ကုန်းမင်သည် ထိုစကားများကို ခက်ခဲစွာ ပြောလိုက်ရသည်။

ချီလင်၏ ဖိနှိပ်မှုကို ခံရပြီးနောက် ဟုန်ယွိ၏ စစ်တပ်အရှိန်အဝါဖြင့် ခြောက်လှန့်ခြင်းကို ခံလိုက်ရသည့်အခါ ယွမ်ကုန်းမင်၏ စိတ်ထဲတွင် အညံခံလိုသော မျိုးစေ့လေး ပေါက်ဖွား လာခဲ့သည်။ သူသည် ချက်ချင်းပင် အရှုံးပေးလိုက်တော့သည်။

မူလက ဤမျောက်ဝံကြီးမှာ ရိုင်းစိုင်းပြီး ယဉ်ပါးအောင် လုပ်ရန် ခက်ခဲလှသည်။ အကယ်၍ ဟုန်ယွိ တစ်ယောက်တည်းသာ ဆိုလျှင် သူ့ကို သတ်နိုင်သော်လည်း သူက အညံခံမည် မဟုတ်ပေ။

သို့သော် အခုအခါ ဟုန်ယွိသည် စစ်တပ်တစ်ခုလုံး၏ စွမ်းအားကို အသုံးချလိုက်သည်။ စစ်သည် သုံးထောင်၏ အော်ဟစ်သံနှင့် စစ်ဘင်ခရာသံများမှာ လူတစ်ယောက်၏ အရှိန်ဝါ ကို စစ်သည်ပေါင်းများစွာ၏ သတ်ဖြတ်လိုသော အငွေ့အသက်နှင့် ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။ ထိုမျှကြီးမားသော ဖိအားအောက်တွင် မျောက်ဝံရိုင်းကြီးမှာ နောက်ဆုံးတွင် အညံခံ သွားရတော့သည်။

“ဟွန့်…။”

ယွမ်ကုန်းမင် အညံခံသည်ကို ကြားလိုက်သည့်အခါ ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းပြပြီး လျှောက်သွားလိုက်သည်။ သူသည် ယွမ်ကုန်းမင်၏ မျက်နှာရှေ့တွင် ရပ်လိုက်ပြီး သတ်ဖြတ်လိုသော အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည် “မင်း တကယ် အညံခံတာလား။ အမှား ပြင်မယ်ပေါ့။ ကောင်းပြီလေ။ ဒါဆိုရင် မင်း ငါ့အတွက် မြင်းဇက်ကြိုးကိုင်ပြီး ထိန်းကျောင်း ပေးရမယ်။ ဒီနေ့ စစ်ပွဲမှာ မင်း အနောက်ဘက်ဒေသ ရန်သူအရာရှိ ၁၀၀ ကို ခေါင်းဖြတ်ပြီး ယူလာနိုင်ရမယ်။ မဟုတ်ရင်တော့ မင်းကို ငါ သတ်မြဲသတ်ဦးမှာပဲ။ ပြောစမ်း... မင်း ငါ့ရဲ့ လက်ထဲကနေ ဒါမှမဟုတ် ငါ့ရဲ့ စစ်ဥပဒေအောက်ကနေ ထွက်ပြေးနိုင်မယ် ထင်လို့လား။”

“မပြေးနိုင်ပါဘူး... မပြေးနိုင်ပါဘူး။ သူတော်စင်ငယ် ပြောတဲ့အတိုင်းပါပဲ။” ယွမ်ကုန်းမင်က ပြန်လည်ဖြေကြားသည်။

“ချီလင်... သူ့ကို စောင့်ကြည့်ထား။ သူ ထူးဆန်းတာတစ်ခုခု လုပ်တာနဲ့ ချက်ချင်း သတ်ပစ် လိုက်။” ဟုန်ယွိက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“စိတ်ချပါ။” ချီလင်က ဟိန်းဟောက်လိုက်ပြီး ယွမ်ကုန်းမင်ကို ဖိထားရာမှ လွှတ်ပေးလိုက် ကာ သူ့ကို ထခွင့်ပေးလိုက်သည်။

ဟုန်ယွိသည် ဤအစီအစဉ်ကို ဖန်တီးခဲ့ခြင်း၏ အကြောင်းရင်းတဝက်မှာ သူသည် ဤမျောက်ဝံကြီးကို ထိန်းချုပ်နိုင်ရန် ဖြစ်သည်။ သိုင်းသူတော်စင် အဆင့်ရှိပြီး လက်နက် များ ထိုးခုတ်၍မပေါက်သော ဤမျောက်ဝံကြီးမှာ အလွန်ပင် တန်ဖိုးကြီးလှသည်။ သို့သော် အကယ်၍ ဤမျောက်ကသာ အညံခံရန် ငြင်းဆန်နေပါက ဟုန်ယွိသည် သူ့ကို စတေးပစ် ရန် ဝန်လေးမည် မဟုတ်ပေ။ သူသည် နတ်ဘုရားသားရဲဖြစ်သော်လည်း ဟုန်ယွိအတွက်မူ ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်ကို သတ်ရသကဲ့သို့ပင်။

...

“ကိုယ့်နေရာကို ပြန်ကြ။”

ယန်တူးက ဟုန်ယွိ လုပ်ဆောင်ချက်ကို မြင်သည့်အခါ ခေါင်းညိတ်ပြပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ပညာရှင် ရှစ်ယောက်မှာလည်း ချက်ချင်းပင် ကိုယ့်နေရာကိုယ် ပြန်ယူ ကာ မြင်းပေါ်သို့ တက်လိုက်ကြသည်။

“ချီတက်မယ်။”

စစ်အလံများ ဝှေ့ယမ်းလာပြီး မြင်းပေါင်းများစွာ လှုပ်ရှားလာတော့သည်။ ယန်တူသည် လည်း အကြေးခွံများ ဖုံးအုပ်ထားသော ထူးခြားလှသည့် "မဟူရာနတ်ဆိုးချီလင်မြင်း"ကို စီးနင်းကာ စစ်တပ်ကို ဦးဆောင်၍ ချီတက်တော့သည်။

ဟုန်ယွိသည်လည်း သူ၏ "လျှပ်စီးဖမ်း" မြင်းကို စီးနင်းလိုက်ပြီး ချီလင်ကမူ သူ၏ နောက်မှ လိုက်ပါလာသည်။ မျောက်ဝံကြီးမှာမူ ဟုန်ယွိ၏ ဘေးမှနေ၍ လိုက်ပါရတော့သည်။

“အားလုံးပဲ... သွားကြစို့။”

ဟုန်ယွိနှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် ယန်တူးသည် ကွင်းပြင်ရှိ အထက်တန်းလွှာ မိသားစုကြီးများ၏ တပည့်များကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်နှာ တွင် ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ပေါ်လာပြီး စကားအနည်းငယ် ပြောဆိုကာ ဟုန်ယွိနှင့် အတူ ထွက်ခွာသွားတော့သည်။

“ဝမ်အစ်ကို... ဟုန်ယွိက ဒီလောက်အထိ သြဇာကြီးမားပြီး အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ခုနက ငါ တကယ့်ကို ထိတ်လန့်သွားတာ။ ပိုပြီး အံ့သြဖို့ကောင်းတာက သူ့မှာ ချီလင် ရှိနေတာပဲ။” မျိုးရိုးမြင့်မိသားစုကြီး၏ တပည့်တစ်ဦးက ဝမ်ဖုန်း၏ အေးစက်နေသော မျက်နှာကို ကြည့်ကာ လေသံနှိမ့်၍ ပြောလိုက်သည်။

“ဟမ့်…၊ ဘယ်သူနိုင်မလဲဆိုတာ မသိသေးပါဘူး။ ဟုန်ယွိဆိုတာ ငါတို့လို မိသားစုကြီးတွေ ကို ဖိနှိပ်ဖို့ လွှတ်လိုက်တဲ့ အင်ပါယာနန်းတော်ရဲ့ နယ်ရုပ်ကလေးပဲဆိုတာ မမေ့ပါနဲ့။” ဝမ်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မြင်းပေါ်တက်လိုက်သည်။ “သွားကြစို့။ ဘယ်သူ သိမှာလဲ... ဟုန်ယွိ ဒီနေ့ စစ်မြေပြင်မှာလည်း သေသွားနိုင်တာပဲ။” သူ၏ မျက်နှာ တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် ရာနှင့်ချီသော အထက်တန်းလွှာ မိသားစုဝင်များမှာ ကိုယ်စီ အကြံအစည် များ ရှိနေကြသည်။ သူတို့သည် သူတို့၏ အစေခံများနှင့် ကိုယ်ရံတော်များကို ခေါ်ယူကာ မြင်းများကို စီးနင်းပြီး စစ်တပ်၏ နောက်မှ အုပ်စုလိုက် လိုက်ပါသွားကြတော့သည်။

...

ခြောက်နာရီခန့် အပြင်းထန် ချီတက်ပြီးနောက် နေဝင်ချိန်တွင် ဟုန်ယွိသည် သဲကန္တာရ ပြည်၏ ခံတပ်ကြီးဆီသို့ ရောက်ရှိလာခဲ့သည်။ မြင့်မားလှသော ခံတပ်တံတိုင်းကြီးမှာ မိုင်ပေါင်းများစွာ ရှည်လျားလှသည်။

ကောင်းကင်ယံမှ နေဝင်ဆည်းဆာအလှမှာ သွေးရောင်အလား နီမြန်းနေသည်။ မြေပြင် ပေါ်ရှိ ဝါကျင်ကျင် သဲပြင်ကြီးမှာလည်း သွေးရောင်လွှမ်းနေတော့သည်။

မတူညီသော ယဉ်ကျေးမှု နှစ်ခုအကြား ပြင်းထန်လှသော စစ်ပွဲကြီးမှာ ယခုမှပင် အစပျိုး လာတော့မည်။

All Chapters