← Chapters

အခန်း (၂၂၈-၂၂၉)

Vol. 16 Ch. 228-229

အခန်း (၂၂၈-၂၂၉)

Vol. 16 Ch. 228-229

အခန်း (၂၂၈) - မြောက်ဘက်သို့ ဦးတည်ခြင်း

ရွှီရှင်းသည် လှံရှည်ကြီးကို ပြန်သိမ်းလိုက်ပြီး ဤစွမ်းရည်အကြောင်းကို ကျိချောင်းယန်အား အသေးစိတ် ရှင်းပြလိုက်သည်။

"ကြည့်ရတာ အပြာရောင်အဆင့်နဲ့ ယှဉ်ရင် ခရမ်းရောင်အဆင့်က တကယ့်ကို အရည်အသွေးပိုင်းမှာ ခုန်ပျံကျော်လွှားသွားတာပဲ"

ကျိချောင်းယန်က ခဏမျှ စဉ်းစားပြီးနောက် မေးမြန်းလိုက်သည်။

"တစ်ခုလောက် မေးပါရစေ၊ မင်း ဝတ်ထားတဲ့ ချပ်ဝတ်က ဘာအမျိုးအစားလဲ။ ခရမ်းရောင်အဆင့် ဝတ်စုံလား"

"ဒီဝတ်စုံက..."

ရွှီရှင်းသည် နေရောင်အောက်တွင် သာမန်ပုံစံပေါက်နေသော မြွေကြေးခွံချပ်ဝတ်ကို တစ်ချက်ကြည့်လိုက်၏။

"ဒီဝတ်စုံရဲ့ မြစ်ဖျားခံရာကတော့ နည်းနည်း ရှုပ်ထွေးတယ်၊ ဒါပေမဲ့ ငါ ပြောနိုင်တာကတော့ ခရမ်းရောင်အဆင့် ဝတ်စုံတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို အထူးစွမ်းရည်တွေ ပေးတယ်ဆိုတာပါပဲ။ ဒီဝတ်စုံကတော့ ငါ့ကို ရေအောက်မှာ လွတ်လပ်စွာ သွားလာနိုင်တဲ့ စွမ်းရည် ပေးထားတယ်"

သူ့ရဲ့ မြွေကြေးခွံချပ်ဝတ်ဟာ ရေနဲ့ထိမှသာ ဧရာမမြွေကြီးရဲ့ ကြေးခွံပုံစံအစစ် ပေါ်လာတာဖြစ်ပြီး၊ အခုချိန်မှာတော့ ကြည့်ရတာ တော်တော်လေး သာမန်ဆန်နေ၏။

"ဒါဆိုရင် တခြား ခရမ်းရောင်အဆင့် ဝတ်စုံတွေမှာလည်း အထူးစွမ်းရည်တွေ ရှိနေမှာပေါ့"

ကျိချောင်းယန်က ပြုံးလျက် ရေရွတ်လိုက်သည်။

"စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ရွှီရှင်း... ငါတို့ ဗဟိုချက်တွေကို စုဆောင်းတဲ့နှုန်း ပိုမြှင့်ဖို့ လိုနေပြီ ထင်တယ်"

"ငါလည်း အမြဲ အဲဒီလိုပဲ တွေးနေတာပါ"

သူတို့နှစ်ယောက်သည် တခြားသူများကို မည်သို့ သိမ်းသွင်းမည်၊ ဗဟိုချက်များကို မည်သို့ ပိုမြန်မြန် စုဆောင်းမည်ဆိုသည်ကို သစ်ပင်အိမ်အောက်တွင် ဆွေးနွေးနေကြစဉ်မှာပင် လီဝမ်ရှီး ဆင်းလာခဲ့ချေပြီ။

သူမသည် သံမဏိချပ်ဝတ်ကို အပြည့်အစုံ ဝတ်ဆင်ထားပြီး သံမဏိလှံနှင့် မြှားသေနတ်ကိုလည်း ကိုင်ဆောင်ထား၏။

သံမဏိချပ်ဝတ်မှာ ဖောင်းကားမနေဘဲ သူမ၏ ကိုယ်လုံးနှင့် အံကိုက်ဖြစ်နေကာ တကယ့် စစ်သူရဲမလေးတစ်ယောက်ကဲ့သို့ ခန့်ညားလှပနေတော့သည်။

ရွှီရှင်းသည် သူမကို ဗီဒီယိုထဲတွင် နှစ်ခါမျှသာ မြင်ဖူးသော်လည်း၊ အခုလို လူချင်းတွေ့လိုက်ရသောအခါ သူမ၏ အလှမှာ သူ့အမြင်အာရုံကို တကယ်ပဲ ဖမ်းစားသွားရ၏။

"ဘယ်လိုလဲ... တော်တော်လေး လှတယ် မဟုတ်လား။ ရား"

လီဝမ်ရှီးသည် လှံကို ဝှေ့ယမ်းကာ ကစားပြလိုက်ပြီးနောက် လှံကို ပြန်သိမ်းရင်း ဟန်ပန်ထုတ်လိုက်သည်။

လှံဖျားလေး တုန်ခါသွားသံမှာ တကယ့်ကို အားပါလှ၏။

"လှတယ်... တကယ် လှတယ်"

ရွှီရှင်းက လက်ခုပ်တီး၍ ပြုံးကာ ဆိုလိုက်သည်။

"ကဲ သွားကြစို့၊ မြောက်ဘက်ကို အရင်သွားပြီး ကာကွယ်ရေးနယ်မြေတွေ ဆက်နေလားဆိုတာ ကြည့်ရအောင်။ ချီရွှယ်ဖေးက နင့်ရဲ့ မြောက်ဘက်မှာ ရှိရမယ်"

"ကောင်းပြီလေ... ဒါဆို ငါက..."

လီဝမ်ရှီးသည် ငွေရောင်ဘုရင်ကို ခိုးကြည့်လိုက်၏။

သူမသည် သူမ၏ နွားကို ခေါ်မလာခဲ့ပေ၊ ဘာလို့လဲဆိုတော့ အမြန်နှုန်းပိုင်းမှာ အနွားက အများကြီး နှေးလို့ပင်။

အမှန်တော့ သူမက ငွေရောင်ဘုရင်ကို စီးချင်နေခြင်းပင်။

ငွေရောင် တောက်ပနေတဲ့ အမွှေးတွေနဲ့ ကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းတွေက တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလှသည် မဟုတ်ပါလား။

"ဒါဆိုရင် ငါနဲ့အတူ ငွေရောင်ဘုရင်ပေါ်မှာပဲ စီးလေ"

ရွှီရှင်းက သူမ၏ ဆန္ဒကို ရိပ်မိသဖြင့် ကမ်းလှမ်းလိုက်သည်။

"ဝု"

ငွေရောင်ဘုရင်ကလည်း ပြဿနာမရှိကြောင်း အော်ဟစ်ကာ အချက်ပေး၏။

"ဝိုး... မိုက်တယ်"

လီဝမ်ရှီးသည် ဝမ်းသာအားရနှင့် ငွေရောင်ဘုရင်၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး သူမ၏ ပါးပြင်ကို အမွှေးနုနုလေးတွေနဲ့ ပွတ်သပ်လိုက်သည်။

"ဟဲဟဲ... ခွေးကြီး တစ်ကောင်လိုပဲ။ တကယ် ချောပြီး ချစ်စရာကောင်းတာပဲ။ ဗီဒီယိုထဲမှာ မြင်ကတည်းက စီးကြည့်ချင်နေတာလေ"

"ဝု"

ငွေရောင်ဘုရင်ကတော့ ခွေးကြီး ဆိုတာ ဘာကို ဆိုလိုတာလဲဟု မေးနေသကဲ့သို့ ဇဝေဇဝါ မျက်လုံးများဖြင့် ကြည့်နေရှာသည်။

"သွားကြစို့"

ကျိချောင်းယန်က မြင်းပေါ်တက်လိုက်ရင်း...

"မြောက်ဘက်ကို အရင် စစ်ကြည့်ရအောင်။ ဒါပေမဲ့ ဒီဘက်ကနေ ကြည့်ရင်တော့ စိမ်းစိုနေတာမျိုး ဘာမှ မမြင်ရဘူး၊ အဲဒီမှာ သစ်ပင်အိမ် မရှိတာ ဖြစ်နိုင်သလို၊ လီဝမ်ရှီးရဲ့ မြောက်ဘက်က လူက အစောကြီးကတည်းက သေသွားတာ လည်း ဖြစ်နိုင်တယ်"

လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့၏ အိမ်များကြားတွင် နယ်မြေ ၁၈၇ က နောက်ထပ် လူတစ်ယောက် ရှိနေ၏။

ထိုလူ၏ တည်နေရာနှင့် အခြေအနေပေါ် မူတည်ပြီး လမ်းပွင့်၊ မပွင့် ဆုံးဖြတ်ရမှာ ဖြစ်သည်။

"အရင်ဆုံး သွားကြည့်ရုံပဲ ရှိတာပေါ့"

"နင် အရင်တက်၊ ငါ နောက်ကနေ ဖက်လိုက်မယ်"

လီဝမ်ရှီးက ရွှီရှင်းကို ပြောလိုက်၏။

ရွှီရှင်းက ဝံပုလွေပေါ်တက်ရင်း အနည်းငယ် ပြုံးကာ...

"အမှန်တော့ နင် ရှေ့ကနေ ထိုင်လို့ ရပါတယ်၊ ဒါဆိုရင် အရှိန်နဲ့ ရင်ခုန်စရာ ခံစားချက်ကို တိုက်ရိုက် ရမှာပေါ့"

"အီးးး"

ခဲခဲလေးကတော့ သူ့ရဲ့ ခေါင်းလေးကို စောင်းလိုက်မိသည်၊ ရှေ့နေရာက သူ့နေရာ မဟုတ်ဘူးလား။ သူ့အတွက် နေရာ မရှိတော့ဘူးလား။

လီဝမ်ရှီးသည် ခဏမျှ စိတ်လှုပ်ရှားသွားသော်လည်း၊ အခုမှ လူချင်း စတွေ့ကာစဖြစ်ရာ ထိုသို့လုပ်ရန်မှာ မသင့်တော်သလို၊ မိန်းကလေးတစ်ယောက်ပီပီ အိန္ဒြေပျက်မှာ စိုးသဖြင့်...

"ဟို... ရပါတယ်လေ" ဟု ငြင်းလိုက်ရှာသည်။

သူမသည် ဝံပုလွေကျောပေါ် တက်၍ ရွှီရှင်း၏ ခါးကို ဖက်လိုက်၏။

အစပိုင်းတွင် ငွေရောင်ဘုရင်မှာ လေးလံသော ချပ်ဝတ်များ ဝတ်ထားသည့် လူနှစ်ယောက်ကို သယ်ရန် ပင်ပန်းနိုင်သော်လည်း၊ အခုတော့ သူသည် အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲ ဖြစ်နေပြီဖြစ်ကာ အလေးချိန်မှာလည်း ကီလိုဂရမ် ခုနစ်ရာခန့် ရှိနေသဖြင့် ဧရာမ ဝံပုလွေဘုရင်ကြီး ဖြစ်နေချေပြီ။

လူနှစ်ယောက် သယ်၍ ပြေးရန်မှာ ဘာမှ မခဲယဉ်းပေ။

"သွားကြတော့မလား"

ကျိချောင်းယန်က မေးလိုက်၏။

သူသည် အတူတူ ထိုင်နေသော ထိုနှစ်ယောက်ကို ကြည့်ကာ သူဟာ လူပိုကြီး ဖြစ်နေသလို ခံစားလိုက်ရပြီး အားကိုးရာမဲ့စွာ ရယ်မောလိုက်မိသည်။

"သွားကြစို့၊ မြဲမြဲကိုင်ထားနော်။ ငွေရောင်ဘုရင်... မြောက်ဘက်ကို"

"ဝု"

ဝံပုလွေ၏ အော်ဟစ်သံနှင့်အတူ သူတို့ စတင် ထွက်ခွာခဲ့ကြသည်။

"အား...."

ငွေရောင်ဘုရင်၏ အရှိန်မှာ မြန်လွန်းလှသဖြင့် လီဝမ်ရှီးမှာ လွင့်ထွက်သွားမတတ် ဖြစ်သွားကာ ကြောက်လန့်တကြားနှင့် ရွှီရှင်း၏ ခါးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်လိုက်တော့သည်။

သို့သော် တစ်ယောက်က မြွေကြေးခွံချပ်ဝတ်၊ နောက်တစ်ယောက်က သံမဏိချပ်ဝတ် ဝတ်ထားကြသဖြင့် တကယ့် ခန္ဓာကိုယ်ချင်း ထိတွေ့မှုမျိုးတော့ မရှိချေ။

"ဝိုး... မြန်လိုက်တာ"

လီဝမ်ရှီးသည် တရိပ်ရိပ် ကျန်ရစ်ခဲ့သော တောအုပ်မြင်ကွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

"တကယ် မြန်တာပဲ"

"နင့်ရဲ့ နွားက ဒီလောက် မပြေးနိုင်ဘူးလား"

ရွှီရှင်းက မေးလိုက်သည်။

"ဘယ်လိုလုပ် ဒီလောက် မြန်မှာလဲ"

လီဝမ်ရှီးသည် ပြုတ်ကျမှာ စိုးသဖြင့် ရွှီရှင်းကို တင်းတင်းဖက်ထားရင်း လေတိုးသံများကြားမှ အော်ပြောနေရသည်။

"အရှိန်က မြန်လွန်းလို့ ငါတောင် မြဲအောင် မထိုင်နိုင်ဘူး၊ ပြီးတော့ နွားက ငွေရောင်ဘုရင်လောက်လည်း လျင်မြန်တာ မဟုတ်ဘူးလေ"

တောအုပ်ထဲတွင် သစ်ပင်များက ဖရိုဖရဲ ရှိနေသော်လည်း ငွေရောင်ဘုရင်မှာမူ အရှိန်မပျက်ဘဲ သစ်ပင်များကြားထဲ လှပစွာ တိုးဝှေ့သွားနိုင်သဖြင့် ကျိချောင်းယန်၏ မြင်းဖြူကြီးမှာ နောက်တွင် ကျန်ရစ်ခဲ့တော့သည်။

စောစောက စမ်းချောင်းဘေးတွင်မူ အတားအဆီး မရှိသဖြင့် မြင်းဖြူ၏ အရှိန်မှာ ငွေရောင်ဘုရင်နှင့် ရင်ပေါင်တန်းနိုင်သော်လည်း၊ ယခုကဲ့သို့ တောအုပ်ထဲတွင်မူ ငွေရောင်ဘုရင်၏ ဖျတ်လတ်မှုကို မမီနိုင်ချေ။

ငွေရောင်ဘုရင်မှာ တစ်ချိန်က တောဝံပုလွေအုပ်စု၏ ဘုရင်ဖြစ်ခဲ့ဖူးသဖြင့် တောအုပ်ထဲတွင် သွားလာရသည်မှာ သူ့အတွက်တော့ အကျွမ်းတဝင် ရှိလှသည်။

"မင်းတို့ နှစ်ယောက် သတိထားဦးနော်။ စကားတွေ အရမ်းမပြောကြနဲ့၊ ကာကွယ်ရေးနယ်မြေ အပြင်ဘက်ကို မရောက်သွားစေနဲ့ဦး"

ကျိချောင်းယန်က နောက်မှ လှမ်းအော်ပြောလိုက်၏။

"စိတ်မပူပါနဲ့၊ အန္တရာယ်ရှိရင် ငွေရောင်ဘုရင်နဲ့ ခဲခဲလေးက သတိပေးလိမ့်မယ်၊ ငွေရောင်ဘုရင်က သူ့ဘာသာသူ ရပ်သွားမှာပါ"

ရွှီရှင်းက နောက်သို့ လက်ဝှေ့ယမ်းပြရင်း လှည့်ပြောလိုက်သည်။

"ဟီးဟီး... တကယ် ပျော်ဖို့ကောင်းတာပဲ"

လီဝမ်ရှီးသည် ဘေးသို့ စောင်းကြည့်ရင်း လေတိုးသံကို သာယာနေရှာသည်။

"အရမ်းကြီး မစောင်းနဲ့လေ၊ သစ်ပင်တွေကို သတိထားဦး"

ရွှီရှင်းက သူမကို ချက်ချင်း တားလိုက်ရ၏။

ငွေရောင်ဘုရင်က သစ်ပင်တွေကြားထဲ တိုးဝှေ့ပြေးနေတာဖြစ်ရာ ထိုသို့ စောင်းနေခြင်းမှာ အန္တရာယ် ရှိနိုင်သည် မဟုတ်ပါလား။

"ဪ... အင်းပါ"

လီဝမ်ရှီး ခေါင်းပြန်သွင်းလိုက်ပြီး ရှေ့က မထိုင်မိတာကို နောင်တရနေမိသည်။

သို့သော် ဘေးဘက်မှ တရိပ်ရိပ် ဖြတ်သွားသော မြင်ကွင်းများက သူမကို ပြန်ပြုံးနိုင်စေ၏။

"ငွေရောင်ဘုရင်က တကယ် သန်မာတာပဲ။အမှန်တော့ ငါ့ရဲ့ နွားလည်း အားနဲ့ပြေးရင် တော်တော် မြန်ပါတယ်၊ ဒါပေမဲ့ သူက အရှိန်နဲ့ပြေးရင် ကွေ့လို့ မရဘူးလေ။ တောထဲမှာသာ အရှိန်နဲ့ပြေးရင်တော့ သူ့ခေါင်း သစ်ပင်နဲ့ တိုက်မိပြီး ကွဲသွားမှာ သေချာတယ်"

ထိုစဉ်က ရွှီရှင်းသည် သူမအတွက် နွားသိုးကို စီးတော်ယာဉ်အဖြစ် မရွေးချယ်စေ ခဲ့ခြင်းမှာ နွားများက လေးလံလွန်းသဖြင့် နွားပေါက်ကိုသာ စာချုပ်ချုပ်ရမည် ဖြစ်သလို၊ နွားများမှာ ကိုယ်ထည် ကြီးမားသဖြင့် အရှိန်ပြင်းပြင်း ပြေးနေစဉ် ကွေ့ပတ်ရန် မလွယ်ကူသောကြောင့် ဖြစ်သည်။

နွားသိုးတစ်ကောင်ကို အဝတ်နီတစ်စဖြင့် ကစားနိုင်သည်ကို ကြည့်လျှင် နွားများသည် သန်မာသော်လည်း တိုက်ခိုက်နိုင်စွမ်းနှင့် အရှိန်မှာမူ သိပ်ပြီး အားရစရာ မရှိချေ။

ဒါပေမဲ့ ကိုယ်ပိုင် သတ္တုတွင်းတွေ ရှိတဲ့ လီဝမ်ရှီးလို သူဌေးမလေးအတွက်တော့ သယ်ယူပို့ဆောင်ရေးမှာ အားကောင်းတဲ့ နွားကို စီးတာက အသင့်တော်ဆုံးပင်။

ငွေရောင်ဘုရင်သည် တောအုပ်ထဲတွင် လျင်မြန်စွာ တိုးဝှေ့ပြေးလွှားနေပြီး မြင်းဖြူကြီးကလည်း နောက်မှ ကပ်လိုက်လာသည်။

သူတို့သည် လီဝမ်ရှီး၏ အိမ်မြောက်ဘက် ကာကွယ်ရေးနယ်မြေ အစွန်အဖျားသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြချေပြီ။

ဒီလမ်းတစ်လျှောက်တွင်မူ စိမ်းစိုနေသည့် အရိပ်အယောင် ဘာမှ မတွေ့ရဘဲ၊ ကီလိုမီတာ ၂၀ ခန့် အကွာတွင်သာ အစိမ်းရောင် အစက်အပြောက်လေး တစ်ခုကို မြင်နေရ၏။

"အီးးး အီးးး အီးး"

ခဲခဲလေးသည် ရုတ်တရက် စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး သူမ၏ လက်သည်းလေးများဖြင့် ရွှီရှင်းကို တို့လိုက်ရှာသည်။

ရွှီရှင်း ဘာမှ မတုံ့ပြန်နိုင်ခင်မှာတင် ငွေရောင်ဘုရင်မှာလည်း ဘေးသို့ ရှောင်၍ ရပ်လိုက်ပြီး၊ အရှေ့ကို ကြည့်ကာ သွားများကို ထုတ်၍ လည်ချောင်းထဲမှ ဟိန်းသံကို ထုတ်လိုက်တော့သည်။

"ကြည့်ရတာ ရှေ့ဆက်သွားလို့ မရတော့ဘူး ထင်တယ်"

"မသွားနဲ့တော့၊ ရှေ့မှာက အန္တရာယ်နယ်မြေပဲ" ဟု ရွှီရှင်းက နောက်မှ ရောက်လာသော ကျိချောင်းယန်ကို ပြောလိုက်သည်။

ကျိချောင်းယန်သည် မြင်းကို ဇက်ဆွဲ၍ ရပ်လိုက်ပြီး...

"မင်းရဲ့ စွမ်းရည်က တကယ်ကို အသုံးတည့်တာပဲဟ။ ငါသာဆိုရင် ဘယ်နားက အန္တရာယ်ရှိလဲဆိုတာ တစ်ပတ်လှည့်ပြီး စမ်းကြည့်နေရဦးမှာ"

"ခဲခဲလေးက တကယ် သတိပေးနိုင်တာပဲ"

လီဝမ်ရှီးသည် ရွှီရှင်း၏ ရှေ့မှ ခဲခဲလေးကို လှမ်းချီလိုက်ပြီး သူမ၏ ပါးဖောင်းဖောင်းလေးတွေကို ဆွဲလိုက်၏။

"အီးးး အီးးး အီးးး"

ခဲခဲလေးသည် အဆွဲခံရသဖြင့် အော်ဟစ်နေသော်လည်း ရွှီရှင်း ဆွဲတုန်းကလိုပင် အတင်းအဓမ္မတော့ ရုန်းကန်မနေချေ။

လီဝမ်ရှီး၏ လက်ဆော့မှုကို မကျေမနပ်နှင့်သာ ကန့်ကွက်နေရှာသည်။

ရွှီရှင်းသည် အဝေးက အစိမ်းရောင် အစက်အပြောက်ကို ညွှန်ပြလိုက်သည်။

"ဟိုမှာ... အဲဒါ ချီရွှယ်ဖေးရဲ့ အိမ် ဖြစ်ရမယ် မဟုတ်လား"

"မင်းရဲ့ တည်နေရာ တွက်ချက်မှုသာ မှန်မယ်ဆိုရင်တော့ ဟုတ်ပါတယ်၊ သုံးထပ်အိမ်ဆိုတာလည်း သေချာတယ်"

ကျိချောင်းယန်သည် မျက်စိကို မှေး၍ အကဲခတ်လိုက်ရင်း...

"ဒီနားမှာ တခြား စိမ်းနေတာမျိုး မတွေ့ရတော့ဘူး။ မြောက်ဘက်က အိမ်ကတော့ သေတာ ကြာလှပြီ ထင်တယ်"

သေဆုံးသွားသော အိမ်များတွင် ၃ ကီလိုမီတာ အကွာအဝေးရှိသော ကာကွယ်ရေးနယ်မြေသာ ရှိတော့၏။

လီဝမ်ရှီး၏ ကာကွယ်ရေးနယ်မြေ အကွာအဝေးမှာလည်း သူတို့နှင့် မတူပေ။

သူနှင့် ကျိချောင်းယန်တို့မှာ အရင်ပွဲတုန်းက ၃ ကီလိုမီတာစီ ချဲ့ထွင်ခဲ့ကြသဖြင့် အခုဆိုလျှင် ၉ ကီလိုမီတာ အကွာအဝေးအထိ ကာကွယ်ပေးနိုင်၏။

ဘေးက သေသွားတဲ့ အိမ်တွေက ၃ ကီလိုမီတာစီ ရှိနေရင်တောင် သူတို့ရဲ့ ကျယ်ပြန့်တဲ့ နယ်မြေက တစ်ခုနဲ့တစ်ခု ဆက်စပ်နိုင်စွမ်း ရှိသည်။

ဒါပေမဲ့ လီဝမ်ရှီးရဲ့ ကာကွယ်ရေးနယ်မြေက ၆ ကီလိုမီတာပဲ ရှိ၏။

ဟိုဘက်က ၃ ကီလိုမီတာဆိုရင်တော့ အိမ်နှစ်လုံးကြား အကွာအဝေးက ၉ ကီလိုမီတာအတွင်း ရှိမှသာ ကာကွယ်ရေးနယ်မြေချင်း ထိစပ်နိုင်မှာ ဖြစ်သည်။

အခုတော့ မြောက်ဘက်က သေဆုံးနေတဲ့အိမ်က သူမအိမ်နဲ့ ၉ ကီလိုမီတာထက် ပိုဝေးနေတာကြောင့် ကာကွယ်ရေးနယ်မြေချင်း မထိစပ်တော့ဘဲ ရှေ့ဆက်သွားလို့ မရတော့ခြင်း ဖြစ်ရမည်။

ခဲခဲလေးနှင့် ငွေရောင်ဘုရင်တို့၏ အမူအရာကလည်း ရှေ့က မြေပြင်အောက်မှာ ဗီဇပြောင်းသတ္တဝါတွေ အုပ်လိုက်ရှိနေတာကို ဖော်ပြနေသည်။

"ဘယ်လိုလုပ်ကြမလဲ။ လမ်းပိတ်နေတယ်ဆိုတော့ နည်းနည်းတော့ ခက်သွားပြီ"

ရွှီရှင်းက နဖူးကို ပွတ်ရင်း ဖြေရှင်းနည်းကို စဉ်းစားနေမိသည်။

မြောက်ဘက်က သွားလို့မရရင် ချီရွှယ်ဖေးရဲ့ အိမ်ကို ရောက်ဖို့က ထင်သလောက် မနီးတော့ပေ။

သူတို့တွေ ပတ်သွားရမှာဖြစ်ပြီး ချီရွှယ်ဖေးအိမ်ရဲ့ တခြား ဦးတည်ချက်တွေကနေ ကာကွယ်ရေးနယ်မြေချင်း ဆက်မဆက်ဆိုတာကို စမ်းသပ်ကြည့်ရပေမည်။

အဆိုးဆုံး အခြေအနေကတော့ သူမဆီကို သွားတဲ့ လမ်းအားလုံး ဖြတ်တောက်ခံထားရတာမျိုးပင်။

"အမှန်အတိုင်း ပြောရရင် အဲဒီလို ဖြစ်နိုင်ခြေက မနည်းဘူး"

ကျိချောင်းယန်က ဒါကို ကြိုတွေးထားပုံရသည်။

"နယ်မြေ ၁၈၇ မှာ လူ တစ်သောင်းထဲက ကိုးထောင် သေသွားခဲ့တာလေ။ အဲဒီ သေသွားတဲ့သူတွေရဲ့ နယ်မြေက ၃ ကီလိုမီတာပဲ ရှိတာဆိုတော့၊ အစုလိုက်အပြုံလိုက် သေကုန်တဲ့အခါ နယ်မြေတွေက ဟာကွက်တွေ ဖြစ်ကုန်တာပေါ့"

"မဟုတ်သေးဘူး၊ ငါတို့ နယ်မြေရဲ့ ထူးခြားမှုကို မမေ့နဲ့ဦး"

ရွှီရှင်းသည် ဝံပုလွေပေါ်မှ ဆင်းလိုက်ပြီး ကာကွယ်ရေးနယ်မြေ အစွန်အဖျားသို့ လျှောက်သွားလိုက်သည်။

"ငါတို့ နယ်မြေမှာ ပညာရှင်တွေ အများကြီး ရှိနေတာပဲလေ"

"ဟုတ်တယ်... မျှော်လင့်ချက် ရှိပါသေးတယ်"

"ဟေး... ဟိုဘက်က အန္တရာယ်ရှိတယ်လေ ဘာသွားလုပ်တာလဲ"

လီဝမ်ရှီးသည် ရွှီရှင်း နယ်မြေအစွန်သို့ သွားတာ မြင်တော့ ဝံပုလွေပေါ်က ဆင်းပြီး သူ့နောက်ကို ပြေးလိုက်သွားတော့သည်။

"ဗီဇပြောင်းသတ္တဝါတွေကို အပြင်ထွက်လာအောင် လုပ်မလို့လား"

ကျိချောင်းယန်က မတားဘဲ မေးလိုက်၏။

"ဟုတ်တယ်၊ ဒုတိယအဆင့်မှာ မြေအောက်က ဗီဇပြောင်းသတ္တဝါတွေ ဘာ ပြောင်းလဲသွားလဲဆိုတာ သိချင်လို့။ အနားမလာကြနဲ့ဦး၊ အန္တရာယ် ရှိနိုင်တယ်"

ရွှီရှင်းက လီဝမ်ရှီးကို အချက်ပြပြီး အနောက်မှာ နေခိုင်းလိုက်ကာ ကျောပိုးအိတ်ထဲမှ လှံပုဆိန်ကို ထုတ်လိုက်သည်။

ငွေရောင်ဘုရင်၏ အမူအရာမှာ တစ်မျိုး ထူးခြားနေသလို သူ ခံစားရလို့ပင်။

သူသည် ငွေရောင်ဘုရင်ကို ကာကွယ်ရေးနယ်မြေ အပြင်ဘက်သို့ ခေါ်လာဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။

ပြီးခဲ့တဲ့ တောင်ကုန်းအရင်းအမြစ် နယ်မြေတုန်းက အနီရောင်မြူတွေ ဖုံးနေတာတောင် ငွေရောင်ဘုရင်က အေးဆေးပဲ အန္တရာယ်နယ်မြေထဲ ဝင်ခဲ့တာပင်။

အဲဒီတုန်းက ငွေရောင်ဘုရင်ရော ခဲခဲလေးပါ အခုလောက်အထိ ပြင်းပြင်းထန်ထန် သတိမပေးခဲ့ကြချေ။

အခုတော့ ငွေရောင်ဘုရင်က ပိုသန်မာလာပေမဲ့ ပိုပြီးတော့လည်း သတိကြီးနေသလိုပင်။

မြေအောက်က ဗီဇပြောင်းသတ္တဝါတွေ တစ်ခုခု ပြောင်းလဲသွားတာ ဖြစ်နိုင်၏။

ရွှီရှင်းသည် ဘေးကင်းနယ်မြေ အပြင်ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။

သူ့စိတ်ထဲတွင် အန္တရာယ်ရှိကြောင်း အာရုံခံလိုက်ရသဖြင့် ချက်ချင်းပင် ခြေလှမ်းကို ပြန်ရုပ်ပြီး အနောက်သို့ ခုန်ဆုတ်လိုက်သည်။

သူ ခြေလှမ်း ရုပ်လိုက်သည့် ခဏမှာပင် မြေကြီးမှာ ရုတ်တရက် အက်ကွဲသွားပြီး၊ ဆူးတွေ ပြည့်နေတဲ့ ထူထဲတဲ့ သွေးရောင်နွယ်ပင်ကြီး တစ်ခုက မြေကြီးထဲကနေ ဝုန်းခနဲ ထွက်လာကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။

"ဟာ...."

ထွက်လာတဲ့ နွယ်ပင်ကြီးကို ကြည့်ပြီး အားလုံးမှာ အသက်ရှူမှားသွားရတော့၏။

"ဒီနွယ်ပင်က ဘာလို့ ဒီလောက်တောင် ထူနေရတာလဲ"

---

အခန်း ၂၂၈ ပြီး။

အခန်း (၂၂၉) - ပိုမိုသန်မာလာသော မြေအောက်ဗီဇပြောင်းသတ္တဝါများ

သူတို့ရှေ့က သွေးရောင်နွယ်ပင်ကြီးဟာ အရင် တိုက်ပွဲတွေမှာ ကြုံခဲ့ရတာတွေထက် အများကြီး ပိုပြီး ထူထဲလွန်းလှသည်။

အရင်က သူတို့ ရင်ဆိုင်ခဲ့ရတဲ့ သွေးရောင်နွယ်ပင်တွေဟာ အချင်း ၅ စင်တီမီတာ၊ ၆ စင်တီမီတာ ဝန်းကျင်လောက်ပဲ ရှိ၏။

၂ စင်တီမီတာ၊ ၃ စင်တီမီတာ ရှိတဲ့ နွယ်ပင်လေးတွေနဲ့ ယှဉ်ရင်တောင် တော်တော် ထူတယ်လို့ ပြောလို့ရ၏။

ဒါပေမဲ့ အခု သူတို့ရှေ့မှာ သွေးရောင်ဆူးတွေနဲ့ ပြည့်နေတဲ့ နွယ်ပင်ကြီးကတော့ အနည်းဆုံးအချင်း ၁၀ စင်တီမီတာလောက် ရှိနေချေပြီ။

အကယ်၍သာ ကွေးမနေဘူးဆိုရင် ဒါဟာ သစ်ပင်အငယ်စားလေး တစ်ပင်ရဲ့ ပင်စည်လို့တောင် ရွှီရှင်း ထင်မိလောက်၏။

ငွေရောင်ဘုရင်ကတော့ ထိုနွယ်ပင်ကို ကြည့်ပြီး သွားတွေကို ထုတ်ကာ ဟိန်းသံက ပိုကျယ်လာ၏။

သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေက နွယ်ပင်ကိုပဲ စိုက်ကြည့်နေပြီး ဘယ်အချိန်မဆို ခုန်အုပ်တိုက်ခိုက်တော့မယ့် ပုံစံမျိုးပင်။

"ရွှီရှင်း... ငွေရောင်ဘုရင် ဘာဖြစ်နေတာလဲ"

လီဝမ်ရှီးက စိုးရိမ်တကြီးနဲ့ လှမ်းအော်မေးလိုက်သည်။

"ငွေရောင်ဘုရင်... စိတ်မလောနဲ့ဦး"

ရွှီရှင်း လှည့်ကြည့်လိုက်တဲ့အခါ ငွေရောင်ဘုရင်ရဲ့ အခြေအနေဟာ ဒဏ်ရာရပြီး သောင်းကျန်းနေတဲ့ အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတစ်ကောင်လို ဖြစ်နေတာကို တွေ့လိုက်ရသဖြင့် သူ လန့်သွားပြီး အမြန်သွားကာ ခေါင်းကို ပွတ်ပေးလိုက်ရ၏။

"အီးးး အီးးး"

ခဲခဲလေးကလည်း ဝံပုလွေခေါင်းပေါ် ခုန်တက်ပြီး လက်သည်းလေးနဲ့ ပုတ်ကာ စိတ်မလွတ်ဖို့ သတိပေးနေရှာသည်။

အဲဒီအခါကျမှပဲ ငွေရောင်ဘုရင်က သွားတွေကို ပြန်ရုပ်လိုက်တော့သည်။

"ဝု"

သူကိုယ်တိုင်လည်း ဘာလို့ ဒီလောက်အထိ စိတ်လှုပ်ရှားသွားရလဲဆိုတာ ဇဝေဇဝါ ဖြစ်နေတဲ့ ပုံပင်။

ငွေရောင်ဘုရင် ငြိမ်သွားတာ မြင်မှ ရွှီရှင်း သက်ပြင်းချနိုင်တော့သည်။

"ဒါက ဘာဖြစ်တာလဲ..."

လီဝမ်ရှီးက စိုးရိမ်တကြီး မေးလိုက်၏။

"အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတွေရဲ့ စိတ်ခံစားချက်က သိပ်မတည်ငြိမ်ဘူးလေ၊ ဒီနွယ်ပင်က သူ့ရဲ့ တိုက်ခိုက်ချင်တဲ့ စိတ်ကို သွားပြီး လှုံ့ဆော်လိုက်တာ ထင်တယ်၊ ဟုတ်တယ်မလား"

ကျိချောင်းယန်က အနားကို လျှောက်လာရင်း မေးလိုက်သည်။

"အဲဒီလိုပဲ ဖြစ်မှာပါ"

ရွှီရှင်းက နွယ်ပင်ကို ပြန်ပြီး အကဲခတ်လိုက်၏။

"ဒါက ဘာလို့ ဒီလောက်အထိ ထူနေရတာလဲ"

ရွှီရှင်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"သစ်ပင်အိမ် အဆင့်တက်ပြီးနောက်မှာ မြေအောက်က သတ္တဝါတွေလည်း ပိုသန်မာလာတာလား။ ပြီးတော့ ဒါက ငွေရောင်ဘုရင်ကိုတောင် ဘာလို့ ဒီလောက်အထိ စိတ်ကြွသွားအောင် လုပ်နိုင်ရတာလဲ"

ကျိချောင်းယန်က ရှေ့တိုးပြီး သွေးရောင်နွယ်ပင်ကို လေးလေးနက်နက် စစ်ဆေးလိုက်၏။

"မနေ့က ငါ အပြင်ထွက်တုန်းက ဒီလောက် ထူတဲ့ နွယ်ပင်မျိုး မတွေ့ခဲ့ရဘူး"

လီဝမ်ရှီးကလည်း ရွှီရှင်းရဲ့ အနောက်မှာ ကပ်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ လှမ်းကြည့်နေရှာသည်။

"အရင်က သွေးရောင်နွယ်ပင်တွေထက် အများကြီး ပိုထူတာပဲ၊ တော်သေးတာက ဒီကောင်တွေ ဘေးကင်းနယ်မြေထဲအထိ လိုက်မလာနိုင်တာပဲ"

နွယ်ပင်ကြီးက ကြောက်စရာကောင်းလောက်အောင် ထူထဲနေပေမဲ့ ဘေးကင်းနယ်မြေထဲမှာ ရပ်နေတဲ့ ရွှီရှင်းကိုတော့ တိုက်ခိုက်လို့ မရချေ။

အဲဒီအစား သူ့ရဲ့ ပစ်မှတ်ကို မထိနိုင်တာကြောင့် တစ်နေရာတည်းမှာတင် ဝဲလည်နေပြီး မြေအောက်ကို ပြန်ဝင်ဖို့ ပြင်နေတော့သည်။

ပေါ်လာမှတော့ သူ့ကို ဒီအတိုင်း ပြန်လွှတ်ဖို့ စိတ်ကူးမရှိချေ။

ရွှီရှင်းက သူ့ရဲ့ လှံပုဆိန်ရှည်ကြီးကို ချက်ချင်း ဝှေ့ယမ်းလိုက်ပြီး သွေးရောင်နွယ်ပင်ရဲ့ အောက်ခြေကို ခုတ်လိုက်တော့သည်။

လှံက ၃ မီတာလောက် ရှည်ပြီး နွယ်ပင်ကလည်း နယ်မြေအစပ်မှာတင် ရှိနေတာကြောင့် ရွှီရှင်းက သူ့ကို လှမ်းခုတ်နိုင်ပေမဲ့ နွယ်ပင်ကတော့ သူ့ကို ပြန်မထိနိုင်ပေ။

"ဂျောက်"

ယနေ့ရထားတဲ့ ထူးကဲတဲ့ ခွန်အားနဲ့ပေါင်းကာ လှံက သွေးရောင်နွယ်ပင်ရဲ့ အောက်ခြေကို ဒိန်ခဲလှီးသလိုမျိုး အေးဆေးပဲ ဖြတ်သွားတော့သည်။

ပေါ့ပလာအပင်ကို ခုတ်တုန်းကထက် ပိုပြီး ပြင်းထန်တဲ့ နွေးထွေးတဲ့ စီးကြောင်းတစ်ခုဟာ လှံရိုးကနေတစ်ဆင့် သူ့ကိုယ်ထဲ စီးဝင်လာပြီး၊ ဝံပုလွေစီးလာလို့ နည်းနည်း ညောင်းညာနေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ချက်ချင်းပင် အကောင်းဆုံး အခြေအနေ ရောက်အောင် ပြန်ဖြည့်ပေးလိုက်၏။

နွယ်ပင်ကြီးဟာ တောင့်တင်းသွားပြီး တောက်ပနေတဲ့ သွေးရောင်ဆူးတွေက အရောင်မှိန်သွားကာ သူတို့ဘက်ကို လဲကျလာတော့သည်။

သူတို့ သုံးယောက်လုံးက တိုက်ပွဲအတွေ့အကြုံ ရှိသူတွေပီပီ မတုန်လှုပ်ဘဲ လဲကျလာတဲ့ နွယ်ပင်ကို သွက်လက်စွာ ရှောင်လိုက်ကြ၏။

"ဝုန်း"

လေးလံထူထဲတဲ့ နွယ်ပင်ကြီး မြေပေါ်လဲကျသွားသံက အရွက်ခြောက်တွေကိုတောင် လွင့်စင်သွားစေသည်။

"အီးးး"

ခဲခဲလေးက နွယ်ပင်ကြီးနား ပြေးသွားပြီး ဧရာမ နွယ်ပင်ကြီးကို ဟိုကြည့်ဒီကြည့်နဲ့ လှည့်ပတ်ကြည့်နေကာ သူ့ရဲ့ လက်သည်းလေးနဲ့ တစ်ချက် ကုတ်ကြည့်လိုက်ရှာသည်။

ခဲခဲလေးရဲ့ လက်သည်းတွေက လူ့အရေပြားကိုတောင် စုတ်ပြတ်သွားအောင် လုပ်နိုင်တဲ့အထိ ထက်မြက်ပေမဲ့၊ ဒီနွယ်ပင်ရဲ့ အခွံကိုတော့ အစင်းရာလေး တစ်ချက်တောင် မထင်စေဘဲ အဖြူရောင် အမှတ်အသားလေးပဲ ကျန်စေခဲ့သည်။

ဒီနွယ်ပင်ရဲ့ ကာကွယ်နိုင်စွမ်းက အရင်ကထက် အများကြီး ပိုမြင့်လာတာ သေချာ၏။

တော်သေးတာက ရွှီရှင်းရဲ့ လက်နက်က အရင်ကထက် အများကြီး သာလွန်နေလို့သာ တိုက်ခိုက်ရတာ လွယ်ကူနေခြင်း ဖြစ်သည်။

[သွေးရောင်နွယ်ပင်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ရမှတ် ၅၀ ရရှိပါသည်။]

အရင်က သွေးရောင်နွယ်ပင်တွေက ၁၅ မှတ်ပဲ ပေးတာပါ၊ အခုတော့ ၅၀ မှတ်တောင် ရတာပေါ့....။

"နင် တစ်ချက်တည်းနဲ့ ဖြတ်ပစ်လိုက်တာလား။"

လီဝမ်ရှီးက အံ့သြတကြီး အော်လိုက်၏။

"ဗီဇပြောင်းနွယ်ပင်တွေက ကိုင်တွယ်ရ လွယ်ပါတယ်၊ သူတို့ မြေအောက် ပြန်မဝင်ခင်မှာ အောက်ခြေကို အမိအရ ခုတ်လိုက်နိုင်ရင်တော့ သတ်ရတာ ခက်ခဲတဲ့အထဲ မပါပါဘူး" လို့ ရွှီရှင်းက လီဝမ်ရှီးကို ရှင်းပြလိုက်သည်။

"ဪ... အဲဒီလိုလား"

လီဝမ်ရှီး မြေပေါ်က နွယ်ပင်ကြီးကို သေသေချာချာ ကြည့်နေမိသည်။

သေသွားပြီဆိုပေမဲ့ အဲဒီနွယ်ပင်က တဆတ်ဆတ် တုန်နေတုန်းပါပဲ။

သူမက ကာကွယ်ရေးပွဲတုန်းက အိမ်ထဲဝင်လာတဲ့ ပုရွက်ဆိတ်တွေကိုပဲ သတ်ခဲ့ဖူးတာဖြစ်ပြီး နွယ်ပင်ကိုတော့ တစ်ခါမှ မသတ်ဖူးတာကြောင့် သူ့ရဲ့ အားနည်းချက်ကို မသိတာပင်။

"ဘယ်လိုလဲ... ဒီနွယ်ပင်က ဘယ်နှမှတ်ပေးလဲ"

ကျိချောင်းယန်က နွယ်ပင်ကို အနီးကပ် ကြည့်ဖို့ ဒူးထောက်ထိုင်လိုက်ရင်း ခေါင်းမဖော်ဘဲ မေးလိုက်သည်။

"အမှတ် ၅၀ ၊ ကံကောင်းတာက အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါအဆင့်အထိတော့ ရောက်မသွားသေးတာပဲ"

အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါဆိုလျှင် အမှတ် ၁၀၀ ရတာဆိုတော့ ဒီနွယ်ပင်က အဲဒီအဆင့်အထိတော့ မဟုတ်သေးချေ။

ဒါပေမဲ့လည်း လျှော့တွက်လို့တော့ မရပေ၊ ဘာလို့လဲဆိုတော့ အလယ်အလတ်အဆင့် သားရဲတွေက တစ်ကောင်တည်း လာတတ်ပေမဲ့၊ ဒီနွယ်ပင်တွေကတော့ အုပ်လိုက် ပေါ်လာတတ်လို့ပင်။

ငွေရောင်ဘုရင်ကို စီးပြီး အပြင်ထွက်ပြေးမယ်ဆိုလျှင် ဒါမျိုးတွေ ရာနဲ့ချီ ပေါ်လာရင်တော့ မလွယ်လောက်ပေ။

တကယ်လို့ အရင်လို ကာကွယ်ရေးပွဲမျိုး ထပ်ဖြစ်လို့ ဒီနွယ်ပင်တွေသာ ဝိုင်းလာမယ်ဆိုရင်တော့ မတွေးရဲစရာပင်။

အဲဒီအချိန်ကျရင် သူတို့က အလယ်အလတ်အဆင့် သတ္တဝါတွေသာ ဖြစ်နေမယ်ဆိုရင်တော့ တကယ်ကို ဒုက္ခရောက်ကုန်ကြပေမည်။

"ဒါဆိုရင်တော့ တော်သေးတာပေါ့။ ကြည့်ရတာ ဒီနွယ်ပင်တွေက ကြီးလာတာကလွဲလို့ ကျန်တာတော့ သိပ်မပြောင်းလဲသေးဘူး၊ အဆင့်လည်း တက်မလာသေးဘူးပေါ့။ ဒါက ရမှတ်တွေ ရှာဖို့အတွက်တော့ နည်းလမ်းကောင်းတစ်ခုပဲ။ အမှတ်ဆိုင်မှာ အပြာရောင်အဆင့် မြေဩဇာတွေ ရှိနေတာလေ၊ လူတော်တော်များများက မြေဆီလွှာကောင်းကိုတောင် မမြင်ဖူးကြသေးဘူး မဟုတ်လား"

ကျိချောင်းယန်က မေးစေ့ကို ပွတ်ရင်း စဉ်းစားခန်း ဝင်နေကာ မတ်တပ်ထရပ်လိုက်ပါတော့သည်။

---

အခန်း ၂၂၉ ပြီး။

All Chapters