← Chapters

ဟုန်ချန်းသန့်စင်မြေ

Vol. 2 Ch. 18

ဟုန်ချန်းသန့်စင်မြေ

Vol. 2 Ch. 18

"အဲ့ဒီအလှလေးက အမြဲတမ်း အိပ်နေတတ်တာ။ ငါသူ့ကို ရွှေနန်းဆောင်ထဲ ခေါ်လာတာ သုံးနှစ်ရှိပြီ၊ သူက သုံးနှစ်လုံးလုံး အိပ်နေတာပဲ။ ကြားထဲမှာ နိုးလာတာ အရမ်းရှားတယ်။ အပြင်မှာ ဆူညံသံတွေ ဘယ်လောက်ပဲ ကျယ်ကျယ် သူကတော့ နိုးမလာဘူး" ဟု မုန့်ကျန်းဧကရာဇ်က ရှင်းပြသည်။ ထို့ကြောင့်လည်း သူတို့သုံးဦးမှာ အတိဒုက္ခမိုးကြိုးများ ကျရောက်နေသကဲ့သို့ ပြင်းထန်သော တိုက်ပွဲကို အားမနာတမ်း ဆင်နွှဲရဲကြခြင်းဖြစ်သည်။

"မကြည့်ကြနဲ့ဦး... အဲ့ဒီအလှလေးက ငါ့အပိုင်ပဲ။" မုန့်ကျန်းဧကရာဇ်သည် စိတ်မထိန်းနိုင်ဘဲ ထပ်မံရူးသွပ်လာပြန်ရာ ကျန်းလီက သူ့ကို ရွှေနန်းဆောင် အပြင်ဘက်သို့ လက်ဖြင့် ဆွဲထုတ်လိုက်မှသာ မုန့်ကျန်းဧကရာဇ် အသိစိတ် ပြန်ဝင်လာတော့သည်။

ဝေ့ဧကရာဇ်နှင့် ကျန်းခုန်းဟူတို့လည်း ထိုအခြေအနေကို မြင်သောအခါ ရွှေနန်းဆောင်ထဲမှ အမြန်ထွက်လာကြသည်။ ခုနက သူတို့လည်း မုန့်ကျန်းဧကရာဇ်ကဲ့သို့ပင် အသိစိတ်လွတ်ကာ အရှက်ရဖွယ် ပြုမူမိတော့မည့်အဆင့်သို့ ရောက်ခဲ့ကြသည် မဟုတ်လား။

"ဒီလူကို မင်း ဘယ်မှာ သွားတွေ့တာလဲ"

"ဟိုတစ်ခါ အနောက်ဘက် တောလိုက်ထွက်တုန်းကလေ၊ ငါတစ်ယောက်တည်း တောနက်ထဲ ရောက်သွားတာ။ ဝက်ဝံနက်တစ်ကောင်လောက် ပစ်မလို့ ကြံနေတုန်းမှာ မထင်မှတ်ဘဲ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်မှာ အိပ်ပျော်နေတဲ့ ဒီလိုနတ်သမီးလေးကို တွေ့လိုက်တာပဲ။ ငါ့ရဲ့ သာမန်လူသား ခန္ဓာကိုယ်နဲ့ ဒီနတ်သမီးလေးကို ထိတွေ့ဖို့ မထိုက်တန်ဘူးလို့ ခံစားရတာနဲ့ နေရာလွတ်စွမ်းအားကို သုံးပြီး နန်းတော်ဆီ ခေါ်လာခဲ့တာ။ ပြီးတော့ သူ့ကို ထားဖို့အတွက် ဒီရွှေနန်းဆောင်ကို ဆောက်လိုက်တာပဲ။ လူသားဧကရာဇ်ကျန်း... မင်းကော ဒီအလှလေးကို မြင်ရတာ ဘယ်လိုခံစားရလဲ"

"ဘယ်လို ခံစားရလဲ ဟုတ်လား... အရမ်းလှတာပဲ"

"ဒါပဲလား" ဝေ့ဧကရာဇ်က မေးလိုက်သည်။

"ငါမြင်ဖူးသမျှ အမျိုးသမီးတွေထဲမှာ အလှဆုံးပဲ"

"ဒါပဲလား" ကျန်းခုန်းဟူကပါ ထပ်မေးသည်။

"ဒါပဲလေ"

"သူ့ကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ပြီးတော့ ကိုးကွယ်ပူဇော်ထားချင်တဲ့ စိတ်ဆန္ဒမျိုးကော မရှိဘူးလား"

"မရှိပါဘူး"

"အစ်ကိုကျန်း (လူသားဧကရာဇ်ကျန်း) ရဲ့ စိတ်ဓာတ်က တကယ့်ကို အံ့မခန်းပါပဲ" ထိုသူသုံးဦးမှာ ဘာပြောရမှန်းမသိတော့သဖြင့် ဤသို့သာ ချီးကျူးလိုက်ကြတော့သည်။

"ဒီအမျိုးသမီးက တော်တော်လေး အရေးကြီးတယ်။ ငါ ဟုန်ချန်းသန့်စင်မြေကိုသွားပြီး ကိစ္စတချို့ကို အတည်ပြုရမယ်။ မင်းတို့ ဧကရာဇ်နှစ်ပါးအနေနဲ့ စိတ်ကို ခိုင်ခိုင်ထားကြပါ၊ အလှအပမှာ မျက်စိကန်းမသွားကြနဲ့ဦး။ ပြီးတော့ ခုန်းဟူ... ငါပြန်မလာမချင်း ဒီရွှေနန်းဆောင် စည်းကို စောင့်ကြည့်ပေးထားပါ၊ ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့"

ကျန်းလီက မှာကြားခဲ့သော်လည်း စိတ်မချနိုင်သေးသဖြင့် ကျောက်စိမ်းပြားကို ချေဖျက်ကာ အစွမ်းထက်သော ကာကွယ်ရေး အစီအရင်တစ်ခုကို ခင်းကျင်းခဲ့သည်။

ကျန်းလီသည် သူ၏ ပါရမီအားလုံးကို တိုက်ခိုက်ရေးနှင့် ကျင့်ကြံခြင်းတွင်သာ အကုန်သုံးထားသဖြင့် အစီအရင်ပညာ၊ ဆေးဖော်စပ်ခြင်း နှင့် လက်နက်သန့်စင်ခြင်းတို့တွင် ဘာမှနားမလည်ပေ။ ယခု အစီအရင် ခင်းကျင်းခြင်းမှာလည်း တာအိုဂိုဏ်းချုပ် ပေးထားသော ကျောက်စိမ်းပြားကိုသာ အားကိုးခြင်း ဖြစ်သည်။

သူသည် ထိုအတတ်ပညာရပ်များကို သင်ယူရန် မကြိုးစားခဲ့သည်မဟုတ်၊ အကြိမ်ကြိမ် ကြိုးစားပြီးမှသာ သူ၏ သိုင်းပညာ (၁၀၈) မျိုးနှင့်ပတ်သက်လျှင် မျှော်လင့်ချက် လုံးဝမရှိတော့မှန်း သိကာ လက်လျှော့လိုက်ခြင်းဖြစ်သည်။

ကျန်းလီ ယခု မျှော်လင့်နေသည်မှာ နတ်ဘုရားဘုံသို့ တက်လှမ်းနိုင်ရန်သာ ဖြစ်သည်။ လွတ်လပ်သော နတ်ဘုရား ဖြစ်လာလျှင် နိယာမအားလုံးကို နားလည်နိုင်မည်ဟု ကြားဖူးရာ၊ ထိုအခါကျမှသာ သူသည် ထိုအတတ်ပညာရပ်များကို သင်ယူနိုင်ပေလိမ့်မည်။

စနစ်က ငါ့ကို တကယ်ပဲ နတ်ဘုရားဖြစ်အောင် ကူညီပေးနိုင်ပါစေလို့ မျှော်လင့်ရတာပဲ။

...

ကျိုကျိုးတိုက်ကြီး၏ အနောက်ဘက်ဒေသတွင် အထင်ရှားဆုံး ဂိုဏ်းကြီးနှစ်ခု ရှိသည်။ တစ်ခုမှာ ကရုဏာတရားကို အခြေခံသော ဗုဒ္ဓဂိုဏ်းဖြစ်ပြီး၊ အခြားတစ်ခုမှာ အမျိုးသမီးများသာ ရှိသော ဟုန်ချန်းသန့်စင်မြေဖြစ်သည်။

ဗုဒ္ဓဂိုဏ်းမှာ ကုသိုလ်ကောင်းမှုပြုကာ နောက်ဘဝအတွက် ဆုတောင်းသူများအဖြစ် လူသိများသော်လည်း၊ ဟုန်ချန်းသန့်စင်မြေမှာမူ လောကနှင့် ကင်းကွာစွာ နေထိုင်ကြပြီး အပြင်ထွက်သူ ရှားပါးလှသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ဟုန်ချန်းသန့်စင်မြေနှင့် ပတ်သက်သော ဒဏ္ဍာရီများစွာ ရှိသော်လည်း အမှန်တရားမှာမူ အလွန်ပင် နည်းပါးလှ၏။

ဒဏ္ဍာရီတစ်ခုအရ ဟုန်ချန်းသန့်စင်မြေရှိ အမျိုးသမီးများသည် အဝတ်အစားများကို ညစ်ညူးသောအရာဟု ယူဆကြသဖြင့် ကိုယ်လုံးတီးနေထိုင်ကြသည်ဟု ဆိုကြသော်လည်း ကျန်းလီက ၎င်းမှာ အလိမ်အညာမှန်း သိသည်။

အခြားဒဏ္ဍာရီတစ်ခုအရ ဟုန်ချန်းသန့်စင်မြေ၏ တပည့်များကို အမျိုးသားများ ထိတွေ့မိပါက ထိုသူနှင့် လက်ထပ်ရမည်ဟု ဆိုကြသော်လည်း ကျန်းလီက ၎င်းမှာလည်း မဟုတ်မှန်း သိသည်။

နောက်ထပ် ဒဏ္ဍာရီတစ်ခုမှာ ဟုန်ချန်းသန့်စင်မြေသည် အေးချမ်းတည်ငြိမ်ပြီး မည်သည့်အခါမျှ ဒေါသမထွက်တတ်ဟု ဆိုကြသော်လည်း ကျန်းလီက ၎င်းမှာလည်း အလိမ်အညာမှန်း သိသည်။

သို့သော် ဟုန်ချန်းသန့်စင်မြေ၏ တည်ထောင်သူဘိုးဘေးမှာ ထူးကဲသော အလှတရားရှိပြီး ဘုရားကိုပင် စိတ်လှုပ်ရှားစေခဲ့သည်ဟူသော ဒဏ္ဍာရီမှာမူ အမှန်ဖြစ်ကြောင်း ကျန်းလီ သိရှိထားသည်။

ကျန်းလီသည် ဂိုဏ်းကာကွယ်ရေး အစီအရင် အပြင်ဘက်တွင်ရပ်ကာ အသံကိုမြှင့်၍ ပြောလိုက်သည် - "ကျန်းလီဟာ ဟုန်ချန်းသန့်စင်မြေကို မတော်တဆ လာရောက်လည်ပတ်ခြင်း ဖြစ်ပါတယ်၊ ခွင့်လွှတ်ပေးကြပါဦး။"

"မတော်တဆ လာတာဆိုရင်လည်း ဧည့်မခံနိုင်ဘူး"

ကျန်းလီ ရင်းနှီးနေသော အသံတစ်ခု အစီအရင်ထဲမှ ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ရွံရှာမုန်းတီးမှုများ အထင်အရှား ပါဝင်နေပြီး၊ သူမမှာ ဟုန်ချန်းသန့်စင်မြေ၏ ဂိုဏ်းချုပ် တာအိုဆရာရှင်းယွီပင် ဖြစ်သည်။

ကျန်းလီသည် အကြောင်းရင်းကို သိသည်။ တာအိုဆရာရှင်းယွီသည် ရွှေမီတောင်မှ ဗုဒ္ဓသားတော်တစ်ဦးကို ချစ်မြတ်နိုးခဲ့ဖူးသော်လည်း ထိုသူမှာ စိတ်ထားမကောင်းသဖြင့် ကျန်းလီက သတ်ပစ်ခဲ့သည်။ နောက်ပိုင်းတွင် တာအိုဆရာရှင်းယွီမှာ အခြား ဗုဒ္ဓသားတော်တစ်ဦးကို ထပ်မံ ချစ်ကြိုက်ခဲ့သော်လည်း ယခင်ချစ်သူ၏ ရန်ကြွေးကိုမူ မမေ့နိုင်သေးပေ။

ထို့နောက် ဟုန်ချန်းသန့်စင်မြေရှိ နတ်ဘုရားသစ်ပင်တစ်ပင် သေလုမြောပါးဖြစ်နေစဉ် ဂိုဏ်းမှ ကမ္ဘာကို ကြေညာခဲ့သည်မှာ ထိုသစ်ပင်ကို ကယ်တင်နိုင်သူအား ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲမှ ကြိုက်နှစ်သက်ရာ ပစ္စည်းတစ်ခုကို ယူဆောင်ခွင့်ပြုမည်ဟူ၍ ဖြစ်သည်။

ကျန်းလီက ထိုသစ်ပင်ကို ကယ်တင်ပေးခဲ့ပြီးနောက် ဘဏ္ဍာတိုက်ထဲသို့ ပစ္စည်းသွားယူခဲ့သည်။ တာအိုဆရာရှင်းယွီမှာ ကတိအတိုင်း ပစ္စည်းယူခွင့်ပေးခဲ့သော်လည်း စကားနာများ အမြဲထိုးနေခဲ့သည်။ ထို့ကြောင့် ကျန်းလီက စိတ်တိုကာ ဘဏ္ဍာတိုက်သော့ကိုပါ သိမ်းယူသွားခဲ့သဖြင့် ဟုန်ချန်းသန့်စင်မြေတပည့်များမှာ တောင်အောက်ဆင်းကာ ပိုက်ဆံရှာရန် နည်းလမ်းမျိုးစုံ ကြံဆခဲ့ရပြီး ကြေကွဲစရာ အချစ်ဇာတ်လမ်းများစွာ ဖြစ်ပေါ်ခဲ့ရသည်။

(၁၀) နှစ်ကြာမှသာ ကျန်းလီက သော့ကို ပြန်ပေးခဲ့ခြင်းဖြစ်သည်။

"ဆရာ... ကျန်းလီ... လူသားဧကရာဇ်ကျန်း လာလည်တာကို ကျွန်မတို့က ယဉ်ကျေးမှု မရှိလို့ မဖြစ်ဘူးလေ"

အစီအရင်ထဲမှ ကျန်းလီ ရင်းနှီးသော အခြားအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ကြည်လင်ပြတ်သားပြီး နားထောင်လို့ အလွန်ကောင်းလှသည်။

ဂိုဏ်းကာကွယ်ရေးအစီအရင် ပွင့်သွားပြီးနောက် တောင်တံခါးအောက်တွင် ဝတ်ရုံဖြူဝတ် တာအိုဆရာလေးနှစ်ဦး ရပ်နေသည်ကို ကျန်းလီ မြင်လိုက်ရသည်။ နှစ်ဦးစလုံးမှာ ရုပ်ရည်လှပကြသော်လည်း တစ်ဦးမှာ မျက်နှာပျက်နေပြီး၊ တစ်ဦးမှာမူ ပြုံးရွှင်နေသည်။

ပြုံးရွှင်နေသူမှာ ဟုန်ချန်းသန့်စင်မြေ၏ သူတော်စင်မ သူတော်စင်ကျန့်ရှင်းပင် ဖြစ်သည်။ သူမ၏ ကျင့်ကြံမှုနှင့် ဂိုဏ်းအတွင်း သြဇာညောင်းမှုမှာ သူမ၏ဆရာဖြစ်သူ တာအိုဆရာရှင်းယွီထက်ပင် သာလွန်နေပြီဖြစ်သည်။

သူမသည် ကျန်းလီအား တိတ်တဆိတ်ပြောဖူးသည်မှာ သူမ ဂိုဏ်းချုပ်မလုပ်ချင်သည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်ဟု ဆိုသည်။

၎င်းမှာ တာအိုဆရာကျန့်ရှင်းဟူသော ဘွဲ့အမည်မှာ နားထောင်လို့ မကောင်းခြင်းကြောင့် ဖြစ်သည်။

"လူသားဧကရာဇ်ကျန်းရဲ့အရှိန်အဝါက အရင်အတိုင်းပဲ၊ လွတ်လပ်ပေါ့ပါးနေတာပဲနော်၊ ကျန့်ရှင်းကတော့ တကယ့်ကို အားကျမိပါတယ်" သူတော်စင်ကျန့်ရှင်းက ကျန်းလီကို ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။ ထိုအပြုံးမှာ သာမန်လူများကို ပြတတ်သည့် အေးစက်သော အပြုံးမျိုးနှင့် လုံးဝမတူပေ။

တာအိုဆရာရှင်းယွီကမူ စိတ်ထဲမှ ကြိတ်တွေးနေသည် - 'မင်းရဲ့ဦးနှောက်က ဘယ်ရောက်သွားတာလဲ၊ ကျန်းလီ ငါတို့ဆီကို ကိစ္စမရှိဘဲလာတာ မင်း ဘယ်နှခါ မြင်ဖူးလို့လဲ၊ လွတ်လပ်ပေါ့ပါးတယ် ဟုတ်လား... ဒီတစ်ခါလည်း တစ်ခုခုဖြစ်လို့ လာတာ သေချာတယ်'။

"ခွဲခွာနေတာ နှစ်ပေါင်းများစွာကြာပေမဲ့ သူတော်စင်ကျန့်ရှင်းက အရင်အတိုင်းပဲ နူးညံ့သိမ်မွေ့နေတုန်းပဲနော်၊ အကြောင်းပြချက်မရှိ ရန်ရှာတတ်တဲ့ တချို့တာအိုဆရာလေးတွေထက် အများကြီး သာပါတယ်"

သူတော်စင်ကျန့်ရှင်းက ပါးစပ်လေးပိတ်ကာ ရယ်မောလိုက်ပြီး၊ တာအိုဆရာရှင်းယွီမှာမူ အကြောများ ထောင်ထွက်လာကာ မိမိကိုယ်ကိုယ် ပြန်လည်ဖျောင်းဖျနေရသည် - 'သူ့ကို ငါ မနိုင်ဘူး... သူ့ကို ငါ မနိုင်ဘူး...'။

"ငါ ဒီနေ့လာတာက မေးစရာကိစ္စတစ်ခုရှိလို့ပါ" ကျန်းလီက နောက်ပြောင်နေခြင်းကို ရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"လူသားဧကရာဇ်ကျန်း... တောင်ပေါ် တက်ပြီးမှ စကားပြောကြတာပေါ့" သူတော်စင်ကျန့်ရှင်းက ကျန်းလီကို ဟုန်ချန်းသန့်စင်မြေထဲသို့ ဖိတ်ခေါ်လိုက်သည်။

တောင်ပေါ်ရောက်သောအခါ ကျန်းလီသည် မုန့်ကျန်းအင်ပါယာတွင် တွေ့ရှိခဲ့သော အလှလေးအကြောင်းကို ပြောပြလိုက်ရာ၊ သူတော်စင်ကျန့်ရှင်းနှင့် တာအိုဆရာရှင်းယွီတို့လည်း ကိစ္စ၏ ကြီးလေးမှုကို သိရှိသွားကြသည်။

"ငါ သံသယရှိတာက အဲ့ဒီလူဟာ မင်းတို့ဂိုဏ်းရဲ့ တည်ထောင်သူဘိုးဘေးပဲ၊ သူမ ပြန်ရှင်လာပြီလို့ ထင်တယ်။" ကျန်းလီက သူ့ခန့်မှန်းချက်ကို နောက်ဆုံးတွင် ထုတ်ပြောလိုက်သည်။

ကျန်းလီသည် ဟုန်ချန်းသန့်စင်မြေ၏ တည်ထောင်သူဘိုးဘေးကို မမြင်ဖူးသော်လည်း၊ ဘဏ္ဍာတိုက်ထဲတွင် သူမ၏ ပုံတူပန်းချီကို မြင်ဖူးခဲ့သည်။ ထိုစဉ်က သူမ၏ အလှတရားမှာ သူ့ကို အလွန်ပင် စွဲလန်းသွားစေခဲ့သည်။

ကျိုကျိုးတိုက်ကြီးတွင် ဝင်စားခြင်းအကြောင်းသာ ရှိသော်လည်း၊ သေပြီးသူ ပြန်ရှင်လာသည်ဟူသော ကိစ္စမျိုးကို တစ်ခါမျှ မကြားဖူးပေ။ ကျန်းလီ၏စကားမှာ သာမန်အသိနှင့် ဆန့်ကျင်နေသော်လည်း သူတော်စင်ကျန့်ရှင်းနှင့် တာအိုဆရာရှင်းယွီတို့မှာမူ ချက်ချင်း ငြင်းဆန်ခြင်း မပြုခဲ့ကြပေ။

အကြောင်းမှာ သူတို့၏ တည်ထောင်သူဘိုးဘေးကို သာမန်အသိဖြင့် တိုင်းတာ၍ မရသောကြောင့်ပင်။

ဟိုးယခင်က နတ်ဘုရားဘုံသို့ တက်လှမ်းသည့် လှေကား မကျိုးပျက်ခင်အချိန်က နတ်ဘုရားတစ်ပါးမှာ လူ့လောကသို့ ဆင်းသက်လာပြီး ကျိုကျိုးတွင်သာ အမြဲတမ်း နေထိုင်ခဲ့ဖူးသည်။

ထိုနတ်သမီး၏အလှတရားမှာ သန့်ရှင်းမြင့်မြတ်လှပြီး သူမ၏လှုပ်ရှားမှုတိုင်းမှာ ထူးခြားသော ဆွဲဆောင်မှု ရှိလှသည်။ အမျိုးသားများသာမက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ရှိသော အမျိုးသမီးများပင် ထိုနတ်သမီး၏ ဆွဲဆောင်မှုကို မခုခံနိုင်ကြပေ။

ထိုနတ်သမီးပြောပြချက်အရ သူမ၏ရုပ်ရည်ကြောင့် နတ်ဘုရားဘုံရှိ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများစွာမှာ သူမကို သိမ်းပိုက်လိုကြသဖြင့် အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။ နတ်သမီးမှာ မတတ်သာသဖြင့် ကျိုကျိုးသို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

ကျိုကျိုး၏အခြေအနေမှာလည်း နတ်ဘုရားဘုံထက် မသာလှပေ။ ထိုနတ်သမီး သွားလေရာတိုင်းတွင် ပဋိပက္ခများ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် နတ်ဘုရားဘုံနှင့် ကွာခြားချက်မှာ ထိုနတ်သမီးသည် နတ်ဘုရားတစ်ပါး ဖြစ်နေခြင်းပင်။ ကျိုကျိုးတွင် သူမသည် အနှိုင်းမဲ့ အစွမ်းထက်သူဖြစ်သဖြင့် သူမကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို အလွယ်တကူပင် နှိမ်နင်းနိုင်ခဲ့သည်။

တာအိုဂိုဏ်း၏ သက်တော်ရှည်အကြီးအကဲတစ်ဦးမှာ ထိုကဲ့သို့သော အမျိုးသမီးရှိကြောင်း ကြားသိရသဖြင့် ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံပြီးနောက် သူက ချီးကျူးစကား ပြောခဲ့သည်မှာ - "ဒီအမျိုးသမီးက ကောင်းကင်ဘုံရဲ့ အလှတရားနိယာမကနေပြီး အသွင်ပြောင်းလဲထင်ရှားလာတာပဲ။ ကောင်းကင်ဘုံရဲ့ရှေ့မှောက်မှာ နတ်ဘုရားနဲ့လူသားအားလုံးက ကောက်ရိုးရုပ်တွေလိုပဲဆိုမှတော့ ကောင်းကင်ဘုံရဲ့ဆွဲဆောင်မှုကို ဘယ်သူကများတောင့်ခံနိုင်ပါ့မလဲ။"

အစပိုင်းတွင် လူများက ထိုပုဂ္ဂိုလ်သည် နတ်သမီး၏အလှတရားကို တင်စားပြောဆိုခြင်းဟု ထင်မှတ်ခဲ့ကြသော်လည်း၊ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ သတ္တဝါအမျိုးမျိုးမရွေး နစ်မွန်းသွားရသည့် သူမ၏ ဆွဲဆောင်မှုကို မြင်တွေ့ရပြီးနောက်မှသာ ထိုပုဂ္ဂိုလ် ပြောခဲ့သည်မှာ စကားလုံးအတိုင်း အရှိအတိုင်းပြောခဲ့ခြင်းဖြစ်မှန်း သိလိုက်ကြရသည်။

ဤအမျိုးသမီးသည် ကောင်းကင်ဘုံ၏ အလှတရားနိယာမကနေ အသွင်ထင်ရှားလာခြင်းပင်။

ထိုနတ်သမီးသည် အနောက်ဘက်တွင် ဟုန်ချန်းသန့်စင်မြေကို တည်ထောင်ခဲ့ပြီး မိမိကိုယ်ကိုယ် ဟုန်ချန်းနတ်သမီးဟု ခေါ်ဆိုခဲ့လေသည်။

All Chapters