← Chapters

ဟုန်ချန်းသန့်စင်မြေ၏ အပြောင်းအလဲ

Vol. 2 Ch. 24

ဟုန်ချန်းသန့်စင်မြေ၏ အပြောင်းအလဲ

Vol. 2 Ch. 24

တာအိုဆရာရွှမ်အိုက်သည် အခုတလော အကြောင်းရင်းမရှိဘဲ ရင်တုန်ပန်းတုန် ဖြစ်နေရသည်။ အထူးသဖြင့် လူသားဧကရာဇ်ကျန်း ဟုန်ချန်းသန့်စင်မြေသို့ လာလည်သည်ဟု ကြားလိုက်ရချိန်တွင် သူမ၏ အကြံအစည်များကို ရိပ်မိသွားမည်လားဆိုသည်ကို ပို၍ပင် စိုးရိမ်မကင်း ဖြစ်လာခဲ့သည်။

"မဖြစ်နိုင်ပါဘူး... မဖြစ်နိုင်ပါဘူး။ ဂိုဏ်းကတပည့်တွေက လူသားဧကရာဇ်နဲ့ ထိတွေ့ခွင့်ရတာမှ မဟုတ်တာ။ သူ့ကို ဧည့်ခံမှာက သူတော်စင်မနဲ့ ဂိုဏ်းချုပ်ပဲ၊ သူတို့နှစ်ယောက်မှာ ကူကောင်မှ မရှိတာ"

"ဒါပေမဲ့ လူသားဧကရာဇ်က တပည့်တွေကို နတ်ဘုရားအာရုံနဲ့ စစ်ဆေးလိုက်ရင် ဘယ်လိုလုပ်မလဲ။ မဖြစ်နိုင်ပါဘူး... လူသားဧကရာဇ်ကျန်းက ဖြောင့်မတ်တဲ့သူပဲ။ တပည့်တွေကို နတ်ဘုရားအာရုံနဲ့ စစ်ဆေးတာက ကိုယ်လုံးတီး ကြည့်တာနဲ့ အတူတူပဲလေ၊ ဒါက လူသားဧကရာဇ် လုပ်မယ့် အလုပ်မျိုး မဟုတ်ပါဘူး"

"ဒါပေမဲ့ မတော်တဆများ ဖြစ်ခဲ့ရင်ကော။ လူသားဧကရာဇ်ကျန်းဆိုတာ အမြဲတမ်း ထင်မှတ်မထားတာတွေ လုပ်တတ်တဲ့သူပဲ။ သူ ရုတ်တရက် စိတ်ရိုင်းဝင်လာမှာကို ဘယ်သူက အာမခံနိုင်မှာလဲ"

တာအိုဆရာရွှမ်အိုက်သည် ဟုန်ချန်းသန့်စင်မြေရှိ လျှို့ဝှက်နေရာတစ်ခုတွင် ပုန်းအောင်းရင်း တစ်ကိုယ်လုံး တုန်ရီနေသည်။ သွားများပင် တဂွက်ဂွက် ရိုက်နေ၏။ သူမသည် မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်၊ ပြန်ပြီး ခြောက်လှန့်လိုက်နှင့် ဖြစ်နေသည်။

တကယ်တမ်းလည်း သူမ ကြောက်နေရခြင်း ဖြစ်သည်။ အကယ်၍ သူတော်စင်မနှင့် ဂိုဏ်းချုပ်တို့သာ သူမ၏ အစီအစဉ်ကို သိသွားပါက သူမဘက်က ပြန်လည်ခုခံရန် သို့မဟုတ် ထွက်ပြေးရန် အင်အားရှိသေးသည်ဟု ယုံကြည်သော်လည်း၊ လက်ရှိ လူသားဧကရာဇ်နှင့် ရင်ဆိုင်ရမည်ဆိုပါက ထွက်ပြေးရန်ပင် သူမ မဝံ့ရဲပေ။ လူသားဧကရာဇ်ကျန်း၏ လက်ထဲတွင် ဝိညာဉ်ပါ အဖျက်ဆီးခံရမည့်အစား မိမိကိုယ်ကိုယ် သတ်သေပြီး ငရဲပြည်မှာ လူပြန်ဝင်စားဖို့ ကြိုးစားတာကမှ ပိုကောင်းပေဦးမည်။

"ဒီလောကမှာ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့လူ ရှိနေရတာလဲ"

ကျိုကျိုးတိုက်ကြီးသားထဲတွင် ကျန်းလီ၏ ဒဏ္ဍာရီကို မကြားဖူးသူ မရှိပေ။ သူသည် ရွှေအမြုတေအဆင့်နှင့် ဝိညာဉ်သန္ဓေအဆင့်ကို သတ်ခဲ့သူ၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်နှင့် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို သတ်ခဲ့သော ရက်စက်လှသည့် ပါရမီရှင်ကြီးဖြစ်သည်။ အရင်မျိုးဆက် လူသားဧကရာဇ်များမှာလည်း အစွမ်းထက်ကြသော်လည်း ကျန်းလီလောက်အထိ အဓိပ္ပာယ်မရှိလောက်အောင် အစွမ်းထက်ခြင်းမျိုး မရှိခဲ့ဖူးပေ။

ယခုဆိုလျှင် သူသည် မြေနတ်ဘုရားနှင့် ရင်ဘောင်တန်းနိုင်သော မဟာယာနအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဘုရားဘုံမှ နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။

ဤကဲ့သို့သော လူမျိုးသည် နတ်ဘုရားဘုံမှာပင် နယ်ပယ်တစ်ခုကို စိုးမိုးနိုင်သူဖြစ်ရာ ကျိုကျိုးတွင်မူ ပြောနေစရာပင် မလိုတော့ပေ။

တာအိုဆရာရွှမ်အိုက်သည် ဧကရာဇ်နိုင်ငံတစ်ခုတွင် ကြီးပြင်းလာသူဖြစ်ရာ နန်းတွင်း အရှုပ်အထွေးများစွာကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် အကြွင်းမဲ့သော ခွန်အားရှေ့မှောက်တွင် မည်သည့် အကွက်အဆင်မှုမျှ အသုံးမဝင်ကြောင်းကိုလည်း သူမ ကောင်းကောင်းသိသည်။ ထို့ကြောင့် သူမသည် "အားကြီးသူကသာ အရှင်သခင်ဖြစ်သည်" ဟူသော ဝါဒကို အပြည့်အဝ ယုံကြည်သူ ဖြစ်သည်။

နောက်ပိုင်းတွင် သူမသည် ဂိုဏ်းကြီး (၆) ဂိုဏ်းထဲက တစ်ခုဖြစ်သော ဟုန်ချန်းသန့်စင်မြေသို့ ဝင်ရောက်ခဲ့ပြီး၊ ကြိုးစားအားထုတ်မှုကြောင့် ရှားပါးလှသော ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိခဲ့ကာ ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည်။ ဤကဲ့သို့သော အဆင့်အတန်းမှာ မည်သည့်နေရာသို့သွားသွား လေးစားသမှု ပြုခြင်းကို ခံရမည် ဖြစ်သည်။

သို့သော် သူမအတွက် မလုံလောက်သေးပေ။ အကြီးအကဲဆိုသည်မှာ အကြွင်းမဲ့ အာဏာမရှိသဖြင့် သူမ ဂိုဏ်းချုပ် ဖြစ်ချင်ခဲ့သည်။

ဒါပေမဲ့ ဘယ်သူမှ သူမကို မရွေးခဲ့ကြဘူး။

နောက်နေတာလား၊ တခြားလူတွေက မျက်စိကန်းနေကြတာမှ မဟုတ်တာ။ တာအိုဆရာရွှမ်အိုက်သာ ဂိုဏ်းချုပ်ဖြစ်လာလျှင် ပထမဆုံး လုပ်မည့်အလုပ်မှာ တပည့်များစွာ လက်ခံပြီး လောကကြီးကို စိုးမိုးရန်နှင့် ကာမဂုဏ်များ ခံစားရန်သာ ဖြစ်ပေလိမ့်မည်။ ၎င်းမှာ ဟုန်ချန်းသန့်စင်မြေ၏ မူဝါဒနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဟုန်ချန်းသန့်စင်မြေ ဟူသော အမည်ကပင် ဖော်ပြနေသည်မှာ "လောကီအလယ်မှ အေးချမ်းစွာ နားခိုရာ မြေ" ဟူ၍ ဖြစ်သည်။

တာအိုဆရာရွှမ်အိုက်၏ စိတ်ထဲတွင် "လောကီ" သာ ရှိပြီး "အေးချမ်းမှု" မရှိသဖြင့် အခြား အကြီးအကဲများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။

ဂိုဏ်းချုပ် မဖြစ်နိုင်သည့်အခါ တာအိုဆရာရွှမ်အိုက်သည် တပည့်များအပေါ် ဗိုလ်ကျစိုးမိုးကာ "ငါ့စကား နားထောင်သူ ကြီးပွားစေ၊ ငါ့ကို ဆန့်ကျင်သူ သေစေ" ဟူသော လမ်းစဉ်ဖြင့် အာဏာပြခဲ့သည်။

မကြာမီမှာပင် သူမကို တပည့်များက တိုင်ကြားခဲ့ကြသဖြင့် တာအိုဆရာရှင်းယွီက အကြီးအကဲများ အစည်းအဝေးခေါ်ယူကာ သူမကို ဂိုဏ်းမှနှင်ထုတ်ရန် ဆုံးဖြတ်လိုက်လေသည်။

ဂိုဏ်းမှထွက်လာပြီးနောက် တာအိုဆရာရွှမ်အိုက်သည် လောကအနှံ့ လှည့်လည်သွားလာရင်း တိုက်တိုက်ဆိုင်ဆိုင် ကူမျိုးနွယ်စုများ ပုန်းအောင်းနေထိုင်ရာ နေရာကို တွေ့ရှိခဲ့သည်။

ဝိညာဉ်သန္ဓေအဆင့်သာ အမြင့်ဆုံးရှိသော ကူမျိုးနွယ်စုများအတွက် ခန္ဓာပေါင်းစည်းခြင်း အဆင့်ရှိသော သူမသည် လူသူကင်းမဲ့သောနေရာသို့ ဝင်ရောက်သကဲ့သို့ပင်။ သူမသည် ကူအတတ်ကို စိတ်ကြိုက် လေ့လာခဲ့ပြီး မိမိနှစ်သက်ရာ ကူကောင်များကိုလည်း ယူဆောင်ခဲ့သည်။

နောက်ဆုံးတွင် သူမသည် ကူအတတ်ကို ကျွမ်းကျင်သွားပြီးနောက် အစီအစဉ်များချမှတ်ကာ ဟုန်ချန်းသန့်စင်မြေသို့ ပြန်လာခဲ့သည်။

သူမတွင် ယုံကြည်မှု အပြည့်ရှိသည်။ ဟုန်ချန်းသန့်စင်မြေသည် အေးချမ်းလှပြီး လောက၏ ရက်စက်မှုများကို မမြင်ဖူးသော သိုးသူငယ်လေးများသာ ဖြစ်သည်။ သူမ၏နည်းလမ်းနှင့် ကူအတတ်ကို သုံးလျှင် ဟုန်ချန်းသန့်စင်မြေကို ထိန်းချုပ်ရန်မှာ မခက်ခဲပေ။

ဝိညာဉ်ဆန်ထဲတွင် ကူကောင်ထည့်ရန်မှာ အရင်းအမြစ်မှ စတင်ရမည်ဖြစ်သည်။ ဂိုဏ်းအတွင်း၌ တိုက်ရိုက်လုပ်ဆောင်လျှင် အကြီးအကဲများ သိသွားနိုင်သည်။

သူမ၏ မူလအစီအစဉ်မှာ မြို့တစ်မြို့ရှိ လူများကို သတ်ဖြတ်ကာ အလောင်းကောင်ကူဖြင့် ထိန်းချုပ်ရန် ဖြစ်သည်။ သို့သော် သူမ မရောက်လာခင်မှာပင် ယွမ်လင်က မြို့နှစ်မြို့လုံးရှိ လူများကို သတ်ဖြတ်ပြီး အဆင့်နိမ့် အလောင်းကောင်ကူများဖြင့် ထိန်းချုပ်ထားသည်ကို တွေ့လိုက်ရသည်။

တာအိုဆရာရွှမ်အိုက်မှာ ဝမ်းသာအားရဖြစ်ကာ ယွမ်လင်ကို သတ်ဖြတ်လိုက်ပြီး၊ သူမ၏ ကိုယ်ပိုင် အလောင်းကောင်ကူများဖြင့် ထိုအလောင်းများကို ပြန်လည်ထိန်းချုပ်ခဲ့သည်။ ထို့နောက် ဆောင်းဦးရိတ်သိမ်းချိန်တိုင်း ယွမ်လင်နှင့် တုရှင်းအာတို့ကို အသုံးချ၍ ဝိညာဉ်ဆန်ထဲသို့ ကူကောင်များ ထည့်ခိုင်းခဲ့သည်။ သူမကိုယ်တိုင်မှာမူ ဂိုဏ်း၏လျှို့ဝှက်နေရာတွင် ပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်ပြီး အစီအစဉ်များကို ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

သူမသည် တိတ်တဆိတ် ကူကောင်များ ထည့်သွင်းကာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရှိသော တပည့်အချို့ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

ကူကောင်များ ထည့်လာသည်မှာ နှစ်ပေါင်း (၅၀) ရှိပြီ ဖြစ်သည်။ ဝိညာဉ်သန္ဓေအဆင့်ရှိသော တပည့်များ အားလုံးကို သူမ ထိန်းချုပ်ထားနိုင်ခဲ့သလို၊ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် တပည့် အများအပြားကိုလည်း ထိန်းချုပ်ထားနိုင်သည်။ ထိုထဲမှ နှစ်ဦးမှာ ဝိညာဉ်အသွင်ပြောင်းခြင်းမှ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ပင် တက်လှမ်းသွားနိုင်ခဲ့ကြသည်။

သူမ၏ မူလအစီအစဉ်မှာ နောက်ထပ် နှစ်ပေါင်း (၅၀) ခန့် စောင့်ဆိုင်းပြီး ထိန်းချုပ်ခံထားရသူများထဲမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပိုများလာမှသာ စတင် လှုပ်ရှားရန် ဖြစ်သည်။

သို့သော် ထင်မှတ်မထားသော အပြောင်းအလဲတစ်ခုကြောင့် သူမ အစီအစဉ်ကို အမြန် စတင်လိုက်ရသည်။

၎င်းမှာ ဟုန်ချန်းဘိုးဘေး ပြန်လည်ရှင်သန်လာသည်ဟူသော သတင်းပင် ဖြစ်သည်။

တာအိုဆရာရွှမ်အိုက်သည် ဟုန်ချန်းဘိုးဘေး၏ ဒဏ္ဍာရီကိုသာ ကြားဖူးပြီး ပုံတူပန်းချီကို မမြင်ဖူးပေ။ ဟုန်ချန်းသန့်စင်မြေက သူတို့၏ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ချဲ့ကားပြောဆိုနေခြင်းဟုသာ သူမ ထင်မှတ်ခဲ့သည်။ သို့သော် စပ်စုလိုစိတ်ကြောင့် ဟုန်ချန်းဘိုးဘေးမှာ တကယ်ပဲ နတ်ဘုရားနှင့် နတ်ဆိုးများကိုပင် ဒူးထောက်စေလောက်အောင် လှပသလားဆိုသည်ကို သူမ မြင်ချင်ခဲ့သည်။

တာအိုဆရာရှင်းယွီသည် မိမိကိုယ်တိုင် ဘိုးဘေးကို မဖူးမြော်နိုင်သလို၊ ဘိုးဘေးနိုးလာချိန်တွင် ဘယ်သူမှ မရှိမှာကို စိုးရိမ်သဖြင့် ဘိုးဘေး၏ မျိုးဆက်တစ်ခုမှ တပည့်တစ်ဦးကို ဘေးတွင် စောင့်ခိုင်းထားသည်။ သို့သော် ထိုတပည့်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စိတ်ထိန်းချုပ်ကူအထည့်ခံထားရသည်ကို သူမ မသိခဲ့ပေ။

တာအိုဆရာရွှမ်အိုက်သည် ထိုတပည့်ကိုခေါ်ယူကာ ဟုန်ချန်းဘိုးဘေး၏ပုံတူကို ဆွဲခိုင်းခဲ့သည်။

ထိုပုံကို မြင်လိုက်ရသည့် ခဏတွင် တာအိုဆရာရွှမ်အိုက်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး အသက်ရှူများပင် မြန်လာခဲ့သည်။

ဤလောကတွင် ကျား၊ မ မရွေးကို ဆွဲဆောင်နိုင်သော အလှတရားမျိုး တကယ်ပဲ ရှိနေပါလား။ ဒီပုံတူပန်းချီကို ငါလို သာမန်လူတစ်ယောက်က ကြည့်ဖို့ ထိုက်တန်ရဲ့လား။ အားကြီးသူကသာ အရှင်သခင်ဖြစ်သည်... ဒါဆိုရင် ဒီအလှလေးက ငါ့အပိုင် ဖြစ်ရမယ်...

တာအိုဆရာရွှမ်အိုက်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာသော်လည်း နောက်ဆုံးတွင် တစ်ခုတည်းသာ ကျန်တော့သည် -

သူမကို ငါ့အပိုင် သိမ်းပိုက်ရမယ်။

တာအိုဆရာရွှမ်အိုက်သည် ချက်ချင်းပင် အာဏာသိမ်းရန် ဆုံးဖြတ်လိုက်တော့သည်။

သူမသည်သာ ဘိုးဘေး၏ဘေးနားတွင် တစ်သက်လုံး နေထိုင်သွားမည်။

"ရွှမ်အိုက်... နင် ဘာလို့ ဒီမှာ ရှိနေတာလဲ။" တာအိုဆရာရှင်းယွီသည် သူမ၏ရှေ့တွင် ပေါ်လာသော တာအိုဆရာရွှမ်အိုက်ကို မြင်သောအခါ အကြီးအကျယ် ထိတ်လန့်သွားသည်။ အထူးသဖြင့် သူမ၏ နောက်ကွယ်တွင် ခန္ဓာပေါင်းစည်းခြင်း အဆင့် (၂) ဦး အပါအဝင် တပည့်ပေါင်းများစွာကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများကိုပင် မယုံနိုင်ဖြစ်သွားရသည်။

အခြားသော အကြီးအကဲများမှာလည်း ဘာဖြစ်နေမှန်း မသိသဖြင့် ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြသည်။

သူတို့သည် ခန္ဓာပေါင်းစည်းခြင်းအဆင့်များ ဖြစ်ကြသော်လည်း စိတ်ထားမှာ ဖြူစင်လွန်းသဖြင့် တာအိုဆရာရွှမ်အိုက်၏ ကောက်ကျစ်မှုကို မမီကြပေ။

အာဏာသိမ်းတာလား?

ဒါက ဝတ္ထုတွေထဲမှာပဲ ရှိတဲ့အရာ မဟုတ်ဘူးလား။ ဟုန်ချန်းသန့်စင်မြေမှာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

"ငါ့ကို 'ဂျူနီယာညီမလေး' လို့တောင် မခေါ်တော့ဘူးလား။ ငါ တကယ်ပဲ ဝမ်းနည်းမိတယ် စီနီယာအစ်မရှင်းယွီရယ်" တာအိုဆရာရွှမ်အိုက်က အောင်နိုင်သူတစ်ဦးအလား ပြုံးလျက် တာအိုဆရာရှင်းယွီကို ကြည့်လိုက်သည်။

"ငါ့ရဲ့ စိတ်နှလုံး နူးညံ့ခဲ့မိတာကို ငါ နောင်တရတယ်။ အဲ့ဒီတုန်းကတည်းက ငါ နင့်ကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့သင့်တာ။"

တာအိုဆရာရှင်းယွီမှာ အကြီးအကျယ် ဒေါသထွက်နေသော်လည်း တာအိုဆရာရွှမ်အိုက်ကို မကြောက်ပေ။ သူမသည် (၃၀) ကွက်အတွင်း တာအိုဆရာရွှမ်အိုက်ကို အနိုင်ယူနိုင်သည်ဟု ယုံကြည်ချက်ရှိသည်။

တာအိုဆရာရွှမ်အိုက်၏ စိတ်ဓာတ်မှာ ဟုန်ချန်းသန့်စင်မြေ၏ ကျင့်စဉ်များနှင့် မကိုက်ညီသဖြင့် သူမသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်များထဲတွင် အားအနည်းဆုံး ဖြစ်သည်။ ဤနေရာရှိ အကြီးအကဲတိုင်း သူမကို အနိုင်ယူနိုင်သည်။

အကြီးအကဲ (၅) ဦးနှင့် ဂိုဏ်းချုပ် (၁) ဦး၊ စုစုပေါင်း ခန္ဓာပေါင်းစည်းခြင်း အဆင့် (၆) ဦး ရှိသည်။ တစ်ဖက်တွင်မူ တာအိုဆရာရှင်းယွီ အပါအဝင် (၃) ဦးသာ ရှိသဖြင့် ခွန်အားချင်းမှာ အလွန်ပင် ကွာခြားလှသည်။

"စီနီယာအစ်မ ရှင်းယွီကတော့ အရှိန်အဝါကြီးနေတုန်းပါပဲ။ တိုက်ခိုက်ရေးမှာတော့ ညီမလေးက အရှုံးပေးရမှာပေါ့။ ဒါပေမဲ့ ဒီမှာရှိတဲ့ တပည့်တွေ အားလုံးဟာ ငါ့ရဲ့ စိတ်ထိန်းချုပ်ကူရဲ့ ထိန်းချုပ်မှုကို ခံထားရတာ။ သူတို့ရဲ့ အသက်က ငါ့ရဲ့ စိတ်ကူးတစ်ခုတည်းအပေါ်မှာပဲ မူတည်နေတာ။ တကယ်လို့ စီနီယာအစ်မက ငါ့ကို တစ်ချက်လောက် ထိကြည့်လိုက်တာနဲ့၊ လူတစ်ယောက်ကို ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းလိုက်မယ်။"

တာအိုဆရာရွှမ်အိုက်က အေးအေးဆေးဆေးပင် ပြောလိုက်ရာ၊ တိုက်ခိုက်ရန် ပြင်နေသော တာအိုဆရာရှင်းယွီမှာ ချက်ချင်းပင် ရပ်တန့်သွားရသည်။ အခြား အကြီးအကဲ (၅) ဦးမှာလည်း အကျပ်ရိုက်သွားကာ မလှုပ်ရဲကြတော့ပေ။

သူတို့ တွေဝေနေသည်ကို မြင်သောအခါ တာအိုဆရာရွှမ်အိုက်က ဆက်ပြောသည် - "မယုံဘူးလား။ ဒါဆိုရင် တစ်ယောက်လောက် ပြရတာပေါ့"

နောက်ကွယ်မှ တပည့်များထဲမှ တစ်ဦးသည် ရှေ့သို့ ထွက်လာကာ၊ မဆိုင်းမတွပင် သူမ၏ရင်ဘတ်ကို လက်ဖြင့် ဖောက်၍ နှလုံးကို ဆွဲထုတ်လိုက်ရာ နေရာတင်ပင် သေဆုံးသွားတော့သည်။

"ရွှမ်အိုက်။" တာအိုဆရာရှင်းယွီမှာ အထွတ်အထိပ်သို့ ရောက်အောင် ဒေါသထွက်သွားကာ မျက်လုံးအိမ်များ ပြူးထွက်လျက် မျက်ဝန်းမှ သွေးများပင် စီးကျလာသည်။ သူမ၏ ဒေါသမှာ ကောင်းကင်ယံအထိ ထိုးတက်သွားပြီး၊ ခေါင်းပေါ်တွင် မိုးခြိမ်းသံများ ဟည်းထလာရာ ၎င်းမှာ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်သို့ တက်လှမ်းတော့မည့် ရှေ့ပြေးနိမိတ်ပင် ဖြစ်သည်။

သူမသည် ထိုစဉ်က စိတ်ပျော့ခဲ့မိခြင်းကို နောင်တရသည်၊ စိတ်ထိန်းချုပ်ကူကို သတိမထားမိခဲ့ခြင်းကို နောင်တရသည်၊ သူမကိုယ်တိုင် ကျန်းလီကဲ့သို့ အစွမ်းမထက်ခြင်းကို နောင်တရသည်။

သူမ တကယ်ကို နာကျည်းမိတယ်။

All Chapters