← Chapters

အခန်း (၁၃၂၅-၁၃၂၆)

Vol. 76 Ch. 1325-1326

အခန်း (၁၃၂၅-၁၃၂၆)

Vol. 76 Ch. 1325-1326

အပိုင်း (၁၃၂၅)

ကျူးဟုန်ရွှဲ့သည် ကောင်းကင်ပင်လယ်နန်းဆောင်တွင် အဆင့် ၃ ရှိသူ ဖြစ်သည်။ သို့သော်ငြား ကျန်းချင်နှင့် တွေ့ချိန်မှာတော့ ဝိညာဉ်ချုပ်နှောင်ခြင်း ခံလိုက်ရ၏။ ရှစ်ချင်းချင်းအတုနှင့် တွေ့စဉ်ကလည်း သူ ခဲသွားခဲ့ရသည်။ အဆိုပါ ရှေးဟောင်းလူသားသည် အဆင့် ၁၉၉၉၉ ရှိသူ တစ်ဦးသာ ဖြစ်သည်။ ဤကွာခြားချက်မှာ မျှော်လင့်ချက် မရှိနိုင်ပေ။

မိုကျင်း၏ တစ်ခုတည်းသော အားသာချက်မှာ တည်နေရာပင် ဖြစ်သည်။ အင်ပါယာ ကျန်းလီသည် ၎င်း၏ တည်နေရာကို ရှာမတွေ့နိုင်သလို ဝင်ပေါက်ကို ရှာတွေ့ရန်မှာမူ ပို၍ မဖြစ်နိုင်ချေ။ ထို့အပြင် မိုကျင်းတွင် ဤသန့်ရှင်းနယ်မြေကို လုံးဝဖုံးကွယ်ထားနိုင်ပြီး ကာကွယ်ပေးနိုင်သော အားကောင်းသည့် ရှေးဟောင်း စွမ်းအင် အစီအရင် ရှိနေပေသည်။ ထိုသို့မဟုတ်ပါက အင်ပါယာ ကျန်းလီ၏ လက်ချက်ဖြင့် အကြိမ် ၁၀၀ မက ပျက်စီးသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ကောင်းကင်ပင်လယ်နန်းဆောင် တစ်ခုတည်းဖြင့် အင်ပါယာ ကျန်းလီကို အနိုင်ယူရန် မျှော်လင့်ချက် မရှိပေ။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရှမ့်လန် ဖြစ်သည်။ ဂိုဏ်းချုပ် ကျိုးရှီသည် ဤအချက်ကို မြင်သောကြောင့် တော်ဝင်ချန်အင်ပါယာကို သစ္စာခံကြောင်း ပြတ်ပြတ်သားသား ကြေညာခဲ့ခြင်း ဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူများ၏ နှလုံးသားထဲရှိ မျှော်လင့်ချက် ဖြည့်ပေးလိုသောကြောင့် ဖြစ်၏။

ထာဝရ ညဉ့်နက်ချိန်တွင် မီးအိမ်တစ်လုံး လိုအပ်သကဲ့သို့ ရှမ့်လန်သည် ထိုမီးအိမ်ပင် ဖြစ်သည်။ သူသည် အချိန်မရွေး ပူပြင်းသော နေမင်းကြီး ဖြစ်လာနိုင်ပြီး လောကကို ပြန်လည် အလင်းပေးနိုင်စွမ်း ရှိသည်။

ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “မိုကျင်းရဲ့ လူသိန်းချီက အရှင် ပြန်လာမှာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပါတယ်။ အရှင့်အပေါ်ထားတဲ့ လူတိုင်းရဲ့ သစ္စာတရားက ကျုပ်ထက် မလျော့ပါဘူး။”

သူက ဆက်ပြောသည်။ “အခု အရှင်ရဲ့ မျက်နှာတော်ကို ပြန်ဖူးမြော်ခွင့်ရတော့ အာရုဏ်ဦး ရောက်လာသလို ခံစားရပါတယ်။”

မင်းသမီး နင်ဟန်က ရုတ်တရက် ရှမ့်လန်ကို ကြည့်ပြီး မေးလိုက်၏။ “အရှင်... အရှင့်ရဲ့ လူ သိန်းချီကို ဒီပုံစံနဲ့ သွားတွေ့မှာလား။”

ရှမ့်လန် ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်သည်။ “အလျင်မလိုပါဘူး။ ကျပ် မူလပုံစံ ပြန်ပြောင်းမှာပါ၊ ဒါပေမဲ့ အခု မဟုတ်သေးဘူး။ အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ်။”

ထိုအချိန်၌ ပင်လယ်ပြင်ပေါ်တွင် မုန်တိုင်းတစ်ခု ရုတ်တရက် တိုက်ခိုက်လာခဲ့၏။ မိုးတိမ်မည်းများ မရေမတွက်နိုင်အောင် စုစည်းလာပြီး နှင်းများ စတင် ကျဆင်းလာခဲ့သည်။ ပင်လယ်ရေ စတင် ခဲလာခဲ့သည်။

သေချာသည်မှာ ထောင့်တစ်နေရာတွင်သာ ဖြစ်၏။ မည်သို့ပင်ဆိုစေ ဤနေရာသည် ကျန်းလီ၏ ပိုင်နက် မဟုတ်ပေ။ ၎င်းသည် အဆက်မပြတ် ရွေ့လျားနေပြီး မိုင်တစ်သောင်း တော်ဝင်သဲကန္တာရနှင့် ပိုမို နီးကပ် လာနေ၏။

“ဓားတွေ ဆွဲထုတ်ကြ။”

“အင်ပါယာကို ကာကွယ်ကြ။”

မင်းသမီး နင်ဟန်၊ ကျူးဟုန်ရွှဲ့နှင့် စစ်သည်တော် ရာပေါင်းများစွာသည် ဓားများကို ဆွဲထုတ်လိုက်ကြသည်။

အထူးသဖြင့် မင်းသမီးနင်ဟန်ပင်။ သူမသည် ရုတ်တရက် လက်ကို လှည့်လိုက်၏။ ချက်ချင်းပဲ ပင်လယ်ပြင်ပေါ်၌ ကြီးမားသော လှိုင်းလုံးများ ထလာပြီး ရေခဲများကို တစ်စစီ ရိုက်ခွဲပစ်လိုက်၏။

ရှမ့်လန် သူမကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားရ၏။ သူမက ဤမျှလောက်ပင် စွမ်းအားကြီးနေသလား။ ပျောက်ဆုံးသွားသော အင်ပါယာ၏ ခံစားချက်မျိုး အမှန်တကယ် ပေးစွမ်းနေပေသည်။

ခဏအကြာတွင် မိုးတိမ်မည်းများ ကွယ်ပျောက်သွားပြီး ရှေးဟောင်းလူသား တစ်ဦး ပေါ်လာခဲ့သည်။ မိန်းမစိုး တစ်ဦး ဖြစ်ပြီး အလွန် ချောမောသော မိန်းမစိုး တစ်ဦး ဖြစ်သည်။ ရှေးဟောင်းလူသား မိန်းမစိုးသည် ရေခဲပြင်ပေါ်တွင် မျောပါလာပြီး ရှမ့်လန်ကို ဦးညွှတ်လိုက်၏။ “တော်ဝင်ကျန်းအင်ပါယာရဲ့ သံတမန်က တော်ဝင်ချန် အင်ပါယာရဲ့ အရှင်ရှမ့်လန်ကို ဂါရဝပြုပါတယ်။”

ကျူးဟုန်ရွှဲ့ ရှေ့တိုးသွားပြီး အေးစက်စွာ ပြောဆိုလိုက်သည်။ “ရပ်လိုက်... မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ တစ်ခုလုံးက တော်ဝင်ချန်အင်ပါယာရဲ့ ပိုင်နက်ပဲ။ ကျူးကျော်လာသူ ဘယ်သူမဆို အသတ်ခံရမယ်။”

ရှေးဟောင်းလူသား မိန်းမစိုးသည် ကမ်းရိုးတန်းအထက် ကောင်းကင်ယံတွင် ရပ်တန့်လိုက်၏။ သူ တစ်ယောက်တည်းသာ ဖြစ်၏။

ရှေးဟောင်းလူသား မိန်းမစိုးက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... တော်ဝင်အင်ပါယာ ပေးလိုက်တဲ့ စာတစ်စောင်ကို ကိုယ်တိုင်ကိုယ်ကျ လာပေးတာပါ။”

သူသည် ရေခဲလိပ်တစ်ခုကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။

ရှမ့်လန် ခေါင်းညိတ်လိုက်သည်။

ကျူးဟုန်ရွှဲ့ ချက်ချင်း ရှေ့တိုးသွားပြီး ရေခဲလိပ်ကို ယူကာ ရှမ့်လန်ကို ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ လက်ရှိ သိုင်းပညာသည် သာမန် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်သည် ပြီးပြည့်စုံလုနီးပါး ဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။ မည်သည့် စွမ်းအင်၊ မည်သည့် အဆိပ်အတောက်ကမှ ကျူးကျော်ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ကျန်းလီကို သူ သိသလောက် ကျန်းလီသည် ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုရန် မုချ မနှစ်မြို့ပေ။

ရှမ့်လန် ရေခဲလိပ်ကို ဖွင့်လိုက်၏။ အမှန်တကယ်ပင် ကျန်းလီ၏ လက်ရေး ဖြစ်နေ၏။ “ရှမ့်လန်... မိုကျင်းက တော်ဝင်ချန်အင်ပါယာရဲ့ တစ်ခုတည်းသော သန့်ရှင်းနယ်မြေပဲ။ ပျက်စီးသွားတာနဲ့ လောကကြီး အမှောင်ကျသွားလိမ့်မယ်။”

ကျန်းလီ သုံးနှုန်းထားသော စကားလုံးများသည် စိတ်ဝင်စားဖွယ်ရာ ဖြစ်၏။ လောကကြီး အမှောင်ကျသွားလိမ့်မည် ဟူ၍။ ဆိုလိုသည်မှာ သူက အလင်း၊ အမှောင် ဆိုသည့် ဝေါဟာရများကို ဂရုမစိုက်တော့ပေ။ သူ့ကိုယ်သူ ထိုကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး မရှိတော့ချေ။

“ဒါပေမဲ့ မိုကျင်းထဲကို အယောင်ဆောင်တစ်ယောက် ငါ ထည့်ထားပြီးပြီ။ အယောင်ဆောင် တစ်ယောက်တည်းပဲ။ သုံးရက်အတွင်း မင်း မဖော်ထုတ်နိုင်ရင် မိုကျင်း ပျက်စီးသွားလိမ့်မယ်။ ဒါက ငါတို့ သားအဖကြားက ပထမဆုံး တိုက်ပွဲပဲ။ မင်း နိုင်ရင် မိုကျင်း ဘေးကင်းလိမ့်မယ်။ မင်း ရှုံးရင် မိုကျင်း ပျက်စီးလိမ့်မယ်။”

ကျန်းလီ၏ လက်ရေးစာ ပြီးဆုံးသွားပြီ ဖြစ်၏။ ရှမ့်လန်၏ မျက်လုံးများသည် နောက်ဆုံး စာလုံးပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် ရေခဲလိပ် တစ်ခုလုံး ပြာကျသွားပြီး ပျောက်ကွယ်သွားသည်။ ရှမ့်လန်သည် လက်ထဲမှ ပျောက်ကွယ်သွားသော ရေခဲလိပ်ကို ကြောင်ငေးကြည့်နေမိ၏။

အယောင်ဆောင်။ အယောင်ဆောင် တစ်ယောက်တည်း ရှိသည်။ ရှမ့်လန် ကျန်းလီ၏စကားကို လုံးဝ ယုံကြည်သည်။ သူက အယောင်ဆောင် တစ်ယောက်တည်း ရှိသည်ဟု ဆိုလျှင် တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

ထို့အပြင် ရှမ့်လန်သည် မာန်မာနကြီးသော အငွေ့အသက်ကို မြင်တွေ့လိုက်ရသည်။ ကျန်းလီသည် မူလက မိုကျင်းကို ဂရုမစိုက်ခဲ့ပေ။ သူ့လက်အောက်မှ ရှေးဟောင်းလူသားများက ဂရုစိုက်ကောင်း ဂရုစိုက်နိုင်သော်လည်း သူ ကိုယ်တိုင်ကမူ လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူက မိုကျင်းကို ရှမ့်လန်နှင့် တိုက်ပွဲတွင် အပေးအယူတစ်ခု အနေဖြင့် သဘောထားလိုက်ခြင်း ဖြစ်သည်။

စစ်တုရင် နယ်ရုပ်တစ်ရုပ်က နိုင်ငံတစ်ခုကို ဖျက်ဆီးပစ်နိုင်သကဲ့သို့ပင်။ လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် ပြာကျသွားစေနိုင်သည်။ သူက ရှမ့်လန်နှင့် ကစားပွဲတစ်ခု ကစားနေခြင်း ဖြစ်သည်။ ထို့အပြင် လောကကြီး တစ်ခုလုံးကို စစ်တုရင်ခုံ အဖြစ် အသုံးပြုနေခြင်း ဖြစ်၏။

တော်ဝင်ကျန်းမှ ရှေးဟောင်းလူသားမိန်းမစိုးက မေးလိုက်သည်။ “အရှင်ရှမ့်လန်... စာ လက်ခံရရှိပါသလား။ ရှင်းရှင်းလင်းလင်း ဖတ်ရှုပြီးပါသလား။”

ရှမ့်လန် ပြန်ဖြေလိုက်၏။ “လက်ခံရရှိပါတယ်။ ရှင်းရှင်းလင်းလင်း ဖတ်ရှုပြီးပါပြီ။ ဒီကစားပွဲကို ကျုပ် လက်ခံတယ်။”

ရှေးဟောင်းလူသား မိန်းမစိုးက ပြောလိုက်သည်။ “ဒါဆို ကျုပ်ကို ပြန်ခွင့်ပြုပါအုံး။”

ကျူးဟုန်ရွှဲ့သည် ရှမ့်လန်ကို ချက်ချင်း ကြည့်လိုက်၏။ ရှမ့်လန် အမိန့်ပေးလိုက်သည်နှင့် သူသည် ဤမိန်းမစိုးကို သတ်ပစ်လိုက်မည်။

ရှမ့်လန် စကားမပြောပေ။ နိုင်ငံနှစ်ခု စစ်ဖြစ်နေချိန်တွင် သံတမန်ကို မသတ်ရဟူသော စည်းကမ်း ရှိသည်။ ဤသည်မှာ သူနှင့် ကျန်းလီကြားက ကစားပွဲ တစ်ခု ဖြစ်သည်။ စည်းကမ်းတစ်ခုကို ထိန်းသိမ်းထားခြင်းက ရှမ့်လန် အတွက် ပိုမို အကျိုးရှိပေလိမ့်မည်။

ရှေးဟောင်းလူသား မိန်းမစိုး ပျံသန်းထွက်ခွာသွားသည်။ အင်ပါယာကျန်းလီ၏ ဝိသေသလက္ခဏာကို ပြသရန် သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မိုးတိမ်မည်းများ လိမ့်တက်လာပြီး တိမ်များ ပျံဝဲကာ ပင်လယ်ရေ ခဲသွားစေခဲ့၏။

ကျူးဟုန်ရွှဲ့ မေးလိုက်သည်။ “အရှင်... ဘာဖြစ်လို့လဲ။”

ရှမ့်လန် ပြန်ဖြေလိုက်၏။ “ဘာမှ မဖြစ်ပါဘူး။ ပြန်ကြစို့။”

ထို့နောက် လူအုပ်ကြီးသည် မိုကျင်းဆီသို့ ဆက်လက် ပျံသန်းသွားကြသည်။ ရှမ့်လန် စတင် တွေးတော လိုက်၏။ မိုကျင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသော အင်ပါယာကျန်းလီ၏ အယောင်ဆောင်သည် မည်သူ ဖြစ်နိုင်မည်နည်း။

သုံးရက်သာ အချိန်ကျန်တော့သည်။ ရှမ့်လန် ရှာမတွေ့ပါက မိုကျင်း ဒုက္ခရောက်ပေလိမ့်မည်။

...........

ထို့နောက် လူရာပေါင်းများစွာသည် ရှမ့်လန်ကို ခြံရံကာ မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ အထက်သို့ ပျံသန်းသွား ကြသည်။

ပျံသန်းရင်း၊ ပျံသန်းရင်း... မိုင် ၂ သောင်း၊ မိုင် ၃ သောင်း၊ မိုင် ၄ သောင်း၊ မိုင် ၅ သောင်း ပျံသန်းခဲ့ကြပြီ ဖြစ်သည်။ သူတို့၏ မြင်ကွင်းနယ်ပယ်အတွင်းရှိ အရာအားလုံးသည် သဲကန္တာရသာ ဖြစ်၏။ မည်သည့် ကွာခြားမှုမှ မရှိပေ။ ခွဲခြား၍ မရနိုင်ချေ။

ဤမိုင်တစ်သောင်း သဲကန္တာရအတွင်းတွင် ဦးတည်ချက် အာရုံခံစားမှုဟူ၍ မရှိပေ။ အားလုံးသည် မင်းသမီး နင်ဟန်၏ နောက်သို့သာ လိုက်ပါနေကြခြင်း ဖြစ်သည်။ မင်းသမီး နင်ဟန်၏ မြင်ကွင်းနယ်ပယ်ထဲတွင်မူ လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ရှိနေ၏။

အခြားသူများ၏ မြင်ကွင်းနယ်ပယ်ထဲတွင် သူတို့သည် လေထဲ၌ ပျံသန်းနေကြပြီး အောက်ဘက်တွင် အဆုံးမဲ့ ပြန့်ပြူးသော သဲကန္တာရကြီး ရှိနေ၏။ မင်းသမီး နင်ဟန်၏ မြင်ကွင်းနယ်ပယ်ထဲတွင်မူ သူတို့သည် ထူးဆန်းသော ကွေ့ကောက်နေသည့် အာကာသလှိုဏ်ခေါင်း တစ်ခုထဲတွင် ပျံသန်းနေရသကဲ့သို့ ဖြစ်နေသည်။ မည်သည့် ပုံသေနည်းမှ မရှိဘဲ အဆက်မပြတ် ပြောင်းလဲနေသည်။

ဘုရင်မမီဒူဆာ ပေးသနားထားသော အထူးအမြင်အာရုံဖြင့်သာ အိမ်ပြန်လမ်းကို ရှာဖွေနိုင်ခြင်း ဖြစ်သည်။ မိုကျင်းထဲသို့ မည်သူမှဝင်မလာနိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ အလွန် ရှုပ်ထွေးပြီး ဆန်းကြယ်လွန်း လှသည်။ နင်ဟန်သည် သူမ၏ဝိညာဉ်စွမ်းအင်အားလုံးကို အသုံးပြုပြီး ထူးဆန်းသော အာကာသ လှိုဏ်ခေါင်းထဲ၌ ပျံသန်းနေရ၏။

နောက်ထပ် မိုင် ၂ သောင်း.. နောက်ဆုံးတော့ သူတို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ အိမ်ပြန်ရောက်တိုင်း သူမ ပင်ပန်းလွန်းသဖြင့် လဲကျမတတ် ဖြစ်သွားရသည်။ သူမ၏ ဝိညာဉ်စွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်သွားရသည်။

နောက်ဆုံးတွင် သူမသည် ကြီးမားသော တံခါးကြီးကို မြင်တွေ့လိုက်ရသည်။ ခမ်းနားထည်ဝါသော တံခါးကြီး ဖြစ်သည်။ သေချာသည်မှာ ဤသည်မှာ သူမ၏ မြင်ကွင်းနယ်ပယ်ထဲတွင်သာ ဖြစ်၏။ အခြားသူများ၏ မြင်ကွင်းနယ်ပယ်ထဲတွင်မူ သဲကန္တာရနှင့် မည်သို့မှ မကွာခြားပေ။

“ရွှစ် ရွှစ် ရွှစ် ရွှစ်...”

နင်ဟန်သည် လူအုပ်ကြီးကို ဦးဆောင်ကာ သူမ၏ အထူးအမြင်အာရုံဖြင့် တံခါးကြီးထဲသို့ တိုက်ရိုက် ပျံသန်း ဝင်ရောက်သွားသည်။ ကျူးဟုန်ရွှဲ့၊ ရှမ့်လန်နှင့် ကျန်လူများ အားလုံး ပျံသန်းဝင်ရောက်သွားကြသည်။

တစ်ခဏချင်းအတွင်းမှာပဲ ထူးဆန်းပြီး ဆန်းကြယ်သော ကိစ္စတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ သူတို့ရှေ့မှ မြင်ကွင်း ပြောင်းလဲသွားခဲ့ခြင်းပင်။ မှိုင်းညို့ပြီး အဆုံးမဲ့သဲကန္တာရ မဟုတ်တော့ပေ။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ခမ်းနားထည်ဝါသော မြို့တော်ကြီးတစ်ခုသည် လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ အမှန်တကယ်ပင် မျက်လှည့်ပြကွက် တစ်ခုလိုပင်။

ဤသည်မှာ မိုကျင်း ဖြစ်သည်။ ဤသည်မှာ တော်ဝင်ချန်အင်ပါယာ၏ ယာယီ မြို့တော် ဖြစ်သည်။ လူသားများ အတွက် တောက်ပသော နေရာတစ်ခု ဖြစ်၏။

လူအုပ်ကြီး ဆက်လက် ပျံသန်းသွားကြသည်။ အဘယ်ကြောင့်ဆိုသော် မြို့တော်၏ အပြင်ဘက် အစွန်းပိုင်း သည် လူသူကင်းမဲ့လုနီးပါး ဖြစ်နေသောကြောင့် ဖြစ်သည်။ စုစုပေါင်း လူ ၂ သိန်းသည် မြို့တော်၏ အဓိက နေရာတွင်သာ နေထိုင်ကြသည်။

ထိုအချိန်၌ မြေပြင်ပေါ်ရှိ လူသိန်းချီသည် ရုတ်တရက် စည်းစနစ်ကျနစွာ ဒူးထောက်လိုက်ကြသည်။ သူတို့ ဦးခိုက်ပြီး အော်ဟစ်ကြ၏။

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။အရှင် အသက်ရာကျော် ရှည်ပါစေ။”

“အရှင်ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။အရှင် အသက်ရာကျော် ရှည်ပါစေ။”

“တော်ဝင်ချန် အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။အရှင် အသက်ရာကျော် ရှည်ပါစေ။”

“..........”

ရှမ့်လန် အံ့အားမသင့်ဘဲ မနေနိုင် ဖြစ်သွားရ၏။ သူ ယခုမှ ရောက်ရှိလာခြင်း ဖြစ်သည်။ အဘယ်ကြောင့် လူ သိန်းချီက ‘အရှင် အသက်ရာကျော် ရှည်ပါစေ’ ဟု အော်ဟစ်နေကြသနည်း။

ဤအချိန်တွင် ဖုန်းများ၊ တာဝေး ဆက်သွယ်ရေး စနစ်များ မရှိချေ။ ကျူးဟုန်ရွှဲ့က ရှမ့်လန် ရောက်လာပြီ ဖြစ်ကြောင်း မိုကျင်းမှ လူများကို ကြိုတင် အသိပေးထားရန် မဖြစ်နိုင်ပေ။

သို့သော်ငြား ကျူးဟုန်ရွှဲ့နှင့် မင်းသမီးနင်ဟန်သည် ဤမြင်ကွင်းကို မြင်ချိန်မှာတော့ သိပ်အံ့ဩပုံ မရချေ။ ရှမ့်လန်၏ အံ့ဩမှုကို မြင်တော့ ကျူးဟုန်ရွှဲ့က ရှင်းပြသည်။

“အရှင်... ကျုပ် ပြောခဲ့သလိုပါပဲ၊ လူတွေက ခေါင်းဆောင်နဲ့ မျှော်လင့်ချက် လိုအပ်ပါတယ်။ ဒါကြောင့် အရှင် မရှိပေမဲ့ ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ အရှင်ရဲ့ရုပ်တုကို ကျုပ်တို့ အထူး ထုလုပ်ထားပါတယ်။ နေ့တိုင်း ညီလာခံ ကျင်းပပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၂၀က ပြုပြင်ပြောင်းလဲမှု အပြည့်အစုံ လုပ်ခဲ့လို့ ကျုပ်တို့ဆီမှာ ပြည့်စုံတဲ့ နန်းတွင်း၊ နိုင်ငံတော် ဝန်ကြီးနဲ့ စစ်ဘက်ဆိုင်ရာ ဗျူရို ရှိနေပါပြီ။”

ရှမ့်လန် လုံးဝ ကြောင်အသွားရသည်။ ဤကဲ့သို့ပင် ရှိသေးသည်လား။ ဤသည်မှာ ကောင်းကင်ပင်လယ် နန်းဆောင် တည်ထောင်ခဲ့သော ရှေးဟောင်း အပျက်အစီး ဖြစ်၏။ သဘာဝလွန် အင်အားစု တစ်ခု ဖြစ်သည်။ ပြည့်စုံသော နန်းတွင်းတစ်ခု ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မင်းသမီး နင်ဟန်က ပြောလိုက်၏။ “အရှင်... အခြေအနေ ပိုဆိုးရွားလေလေ၊ ပိုပြီး တရားဝင်အောင် လုပ်ရလေလေပါပဲ။ လူတိုင်းရဲ့နှလုံးသားထဲမှာ ယုံကြည်ချက်ကို ထည့်သွင်းပေးရမယ်။ မဟုတ်ရင် သူတို့ တကယ် ပြိုလဲသွားပြီး လုံးဝ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။”

ရှမ့်လန်သည် ဆိုရိုးစကားတစ်ခုကို မစဉ်းစားဘဲ မနေနိုင် ဖြစ်သွားရသည်။ ဘဝ ဆိုသည်မှာ ထုံးတမ်းစဉ်လာ လိုအပ်သည် ဟူ၍ပင်။ အထူးသဖြင့် ဤကဲ့သို့ ခက်ခဲသောအချိန်များတွင် ဤကဲ့သို့သော ထုံးတမ်း စဉ်လာဆန်သည့် ဘဝက လူများကို ဆက်လက် အသက်ရှင်ရန် ထောက်ကူပေးနိုင်သည်။

အပိုင်း (၁၃၂၆)

ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “အရှင်... အရှင် ခွင့်လွှတ်ပေးရမယ့် ကိစ္စတစ်ခု ရှိပါတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ပြောပါ။”

ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “တော်ဝင်ရန်အင်ပါယာနဲ့ ကျူးဟုန်ကျူးတို့ သေဆုံးပြီးနောက် အရှင်က ကျူးကျွင်း၊ ကျူးဟုန်ပင်း၊ ကျူးနင် နဲ့ တခြားသူ အားလုံးကို လွှတ်ပေးခဲ့ပါတယ်။ သူတို့ကို အပြစ်မပေးခဲ့သလို ဘွဲ့ထူးတွေကိုလည်း မရုပ်သိမ်းခဲ့ပါဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “အဲလိုကိစ္စ ရှိခဲ့တာပဲ။ ဘာဖြစ်လို့လဲ။”

ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “ကျုပ်က ကျူးမိသားစုရဲ့ မွေးစားသားဖြစ်ပေမဲ့ ကျူးမိသားစုရဲ့ သား တစ်ယောက်ပါပဲ။ ဒါကြောင့် မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ ဖြစ်တော့ ကျူးမိသားစုအားလုံးကို မိုကျင်းဆီ ခေါ်လာခဲ့ပါတယ်။ အရည်အချင်းရှိသူ လိုအပ်ချက်ကြောင့် ကျူးကျွင်းက အတွင်းဝန်ရုံးကို ပြန်ဝင်ပြီး အင်ပါယာရဲ့ ယာယီ ဒုတိယ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။”

ရှမ့်လန်က မေးသည်။ “ပထမ ဝန်ကြီးချုပ်က ဘယ်သူလဲ။”

ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “ဆရာ ကျိုးရှီက တာဝန်ယူထားပါတယ်။ ဒုတိယ ဝန်ကြီး နှစ်ယောက်လည်း ရှိပါတယ်။ သူတို့က ကောင်းကင်ပင်လယ်နန်းဆောင်က ပညာရှင်တွေ ဖြစ်တဲ့ ကျိုးယန်နဲ့ လီကွမ်းတို ပါ။ အရှင် ကျန်ကျောင်း ကို မှတ်မိသေးလား။”

ရှမ့်လန် ခေတ္တမျှ စဉ်းစားပြီးမှ ဤလူကို မှတ်မိလိုက်သည်။ အစတုန်းက ကျန်းကျောင်းသည် ရေတပ်မှုးဖြစ်သည်။ သူသည် အိမ်ရှေ့စံကို အမြဲသစ္စာစောင့်သိခဲ့သူ ဖြစ်၏။ အိမ်ရှေ့စံ နင်ယီ အာဏာလက်လွတ် ဖြစ်သွားချိန်မှာတော့ သူသည် ကျူးကလန်ကို သစ္စာခံလိုက်သည်။ ထိုအချိန်မှစ၍ ဘက်မပြောင်းတော့ချေ။

ထျန်းရွှဲ့မြို့တိုက်ပွဲ ပြီးချိန်မှာတော့ သူလည်း အကျဉ်းချခံရသည်။ ရှမ့်လန် တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီးနောက် ကျူးကလန်၏ အကျဉ်းသားအားလုံးကို လွှတ်ပေးခဲ့သည်။ ကျန်းကျောင်းလည်း လွတ်မြောက်လာပြီး သာမန်အရပ်သားအဖြစ် ရာထူးလျှော့ခံလိုက်ရသည်။

ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “ကျုပ်တို့ ကောင်းကင်ပင်လယ်နန်းဆောင်က မူလက သိုင်းပညာ အင်အားစုပါ။ နိုင်ငံတော် အင်အားစုတစ်ခု တည်ထောင်ဖို့ တကယ် ခက်ခဲပါတယ်။ ဒါကြောင့် ကျန်ကျောင်း ကိုလည်း ဆရာက နန်းတွင်းဆီ ဆင့်ခေါ်ပြီး ဝန်ကြီးများအဖွဲ့ရဲ့ ဒုတိယ လျှို့ဝှက်အတွင်းဝန် ခန့်ထားပါတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို... ပထမလျှို့ဝှက်အတွင်းဝန်က ဘယ်သူလဲ။”

ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “အဲဒီ နေရာကို ယူမယ့်သူ မရှိပါဘူး။ ဆရာ ကျိုးရှီကပဲ တာဝန်ယူထားပါတယ်။”

ရှမ့်လန်က မေးလိုက်ပြန်သည်။ “ခင်ဗျား ကိုယ်တိုင်ကရော...”

ကျူးဟုန်ရွှဲ့က ဖြေ၏။ “ကျုပ်က လျှို့ဝှက်ကောင်စီမှာ ရာထူး မယူထားပါဘူး။”

ကျူးဟုန်ရွှဲ့ ဘာဆိုလိုသနည်းဆိုသည်ကို ရှမ့်လန် နားလည်သည်။ တော်ဝင်ချန်အင်ပါယာ၏ ပြည်ပြေး နန်းတွင်းကို မူလက ကောင်းကင်ပင်လယ်နန်းဆောင်၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်၏။ ကျူးကျွင်းက မူလက အကျဉ်းသား ဖြစ်သည်။ ယခု သူက ဝန်ကြီးများအဖွဲ့ထဲ ရောက်နေသဖြင့် ကျူးဟုန်ရွှဲ့က သံသယ ကင်းရှင်းအောင် လျှို့ဝှက်ကောင်စီထဲ မဝင်ခြင်း ဖြစ်သည်။ ထို့အပြင် သူက အပြင်တွင် အမြဲတမ်း တိုက်ခိုက်နေရသည့် ခံစားမှုကို ကြိုက်နှစ်သက်သည်။

ရှမ့်လန်က မေး၏။ “ဒါဆို ကျူးဟုန်ပင်း နဲ့ ကျူးနင် ကရော...”

ကျူးဟုန်ရွှဲ့က ဖြေလိုက်သည်။ “အဲဒီတုန်းက အရှင်က ကျူးဟုန်ကျူးကို စကားတစ်ခွန်း ပြောခဲ့ပါတယ်။ ကျူးဟုန်ပင်း နဲ့ ကျူးနင်ကို မသတ်ဘူး။ ဒါပေမဲ့ အသုံးလည်းပြုမှာ မဟုတ်ဘူးလို့ပါ။ ဒါကြောင့် သူတို့နှစ်ယောက်က ကြီးကျယ်တဲ့ ဘာရာထူးမှ မယူထားပါဘူး။ ကျူးဟုန်ပင်းက အတွင်းရေးမှူးပါ၊ ကျူးနင်ကတော့ ရှေးဟောင်း စာရွက်စာတမ်းတွေကို စုစည်းပြီး စာပေတိုက်ကို တာဝန်ယူထားပါတယ်။”

လူရာပေါင်းများစွာသည် မြို့တော်အထက်တွင် ပျံဝဲနေဆဲ ဖြစ်ပြီး ရှမ့်လန် မြို့တော်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ဖြစ်သည်။ ဤမြို့တော်သည် အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။ မြို့တော်၏ အစွန်းပိုင်းများသည် အပျက်အစီးများ၊ သဲခုံများ ဖြစ်နေ၏။ မြို့တော်အလယ်ပိုင်းသို့ နီးကပ်လာလေ စိမ်းလန်းစိုပြေမှု ပိုထူထပ်လေပင်။ မြို့တော်၏ အလယ်ဗဟိုတွင်မူ အပူပိုင်းဒေသ ဥယျာဉ်ကြီး တစ်ခုကဲ့သို့ လုံးဝ စိမ်းလန်းစိုပြေနေ၏။

ထို့အပြင် ဤမြို့တော်၏ ဗိသုကာ လက်ရာ ပုံစံသည် ရှေးဟောင်း အရှေ့တိုင်းအင်ပါယာ၊ ပျောက်ဆုံးအင်ပါယာတို့နှင့် လုံးဝ မတူညီပေ။ ချော်ရည်ပင်လယ်အထက်ရှိ မီးလျှံမြို့တော်နှင့် အလွန် တူညီသည်။ ခမ်းနားထည်ဝါခြင်း မရှိသော်လည်း အလွန် ခန့်ညားသည်၊ ဆန်းကြယ်သည်၊ ရိုးရှင်းသည်။ ၎င်း၏သမိုင်းကြောင်းသည် အလွန် ရှည်လျားပုံရပြီး ရှေးဟောင်း အရှေ့တိုင်းအင်ပါယာထက်ပင် ပိုမို ရှေးကျနိုင်သည်။

အိမ်တိုင်းကို ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး သစ်သား လုံးဝ မပါဝင်ပေ။ အဆောက်အအုံ ပုံစံသည် ရှေးကျသော်လည်း အလွန် မြင့်မားပြီး မီတာဆယ်ချီ၊ ရာချီ မြင့်မားကြသည်။ အချင်း သုံး၊ လေးမီတာခန့် ရှိသော ဤကျောက်တိုင်ကြီးများသည် မိုးထိအောင် မြင့်မားသော ကျောက်စိမ်းတိုင် အစစ်များ ဖြစ်ကြသည်။ ဤတိုင်အနည်းငယ်သည် ခမ်းနားထည်ဝါသော အဆောက်အဦး တစ်ခုလုံးကို ထောက်မ ထားနိုင်၏။

မြို့တော်တစ်ခုလုံး၏ အလယ်ဗဟိုတွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ခမ်းနားထည်ဝါသော ပိရမစ်ကြီး တစ်ခု ရှိနေဆဲ ဖြစ်သည်။ တောင်ကြီးတစ်လုံး ကဲ့သို့ပင် ဖြစ်ပြီး မြို့တော် ဧရိယာတစ်ခုလုံး၏ အစိတ်အပိုင်း အနည်းငယ်ကို နေရာယူထားသည်။

ပိရမစ်၏ထိပ်ဆုံးတွင် ရုပ်တုတစ်ခု ရှိသည်၊ အလွန် ရင်းနှီးသော ရုပ်တုတစ်ခုပင်။ ရှေးဟောင်း ဘုရားကျောင်း တွင် ရှမ့်လန် တွေ့ခဲ့သော လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသည့် အမျိုးသားဖြစ်ပြီး တိုက်ပွဲဝင်လိုစိတ် ပြင်းထန်နေပုံပေါ်၏။

သို့သော်ငြား ဤရုပ်တုသည် ပိုမို ကြီးမားပြီး ပိုမို ကြမ်းကြုတ်သည်။ လက်ထဲတွင် မိစ္ဆာတူတစ်ခု ကိုင်ဆောင်ထားပြီး ကောင်းကင်ကို စိုက်ကြည့်နေသည်။

ရှမ့်လန် နားမလည်နိုင် ဖြစ်သွားရ၏။ ဤရုပ်တုသည် အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာသနည်း။

မင်းသမီး နင်ဟန်က ပြောလိုက်၏။ “သူ့နာမည် ဘယ်သူလဲဆိုတာ ကျွန်မတို့ မသိဘူး။ ဒါကြောင့် သူ့ကို ဝမ်ထျန်းလို့ ခေါ်ကြတယ်။”

သူမက ဆက်ပြောသည်။ “သူက ရှေးဟောင်း အရှေ့တိုင်းအင်ပါယာတစ်ခုလုံးရဲ့ ကိုးကွယ်ရာရုပ်တု ဖြစ်ပြီး ဘိုးဘေး တစ်ယောက် အနေနဲ့ သတ်မှတ်ကြတယ်။”

ဤသည်မှာ ရှမ့်လန်ကို အမြဲတမ်း နားမလည်နိုင်အောင် ဖြစ်စေခဲ့သော အရာပင်။ ရှေးဟောင်း အင်ပါယာက အဘယ်ကြောင့် ဤရုပ်တုကို ကိုးကွယ်သနည်း၊ အဘယ်ကြောင့် သူ့ကို ဘိုးဘေးတစ်ယောက်အနေဖြင့် သတ်မှတ်ကြသနည်း။

ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးမှာတုန်းက ရှမ့်လန် နားမလည်နိုင် ဖြစ်ခဲ့ဖူးသည်။ မီဒူဆာက လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသည့် အမျိုးသမီးဖြစ်ပြီး သူ့ရှေ့က ဘိုးဘေးက လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသည့် အမျိုးသား ဖြစ်နေသည်။ သို့သော်ငြား ရှေးဟောင်းအရှေ့တိုင်းအင်ပါယာမှ လူသားများတွင် လူမျက်နှာနှင့် မြွေခန္ဓာကိုယ် လက္ခဏာ ဘာတစ်ခုမှ မရှိပေ။

‘ဒါက အရမ်းအရေးကြီးတယ်။ အရှေ့တိုင်းအင်ပါယာ ကိုးကွယ်တဲ့ဘိုးဘေးက ဘာလို့ မီဒူဆာ တော်ဝင်မိသားစုနဲ့ ဒီလောက် တူနေရတာလဲ။’

မင်းသမီး နင်ဟန်က ပြောလိုက်သည်။ “အရှင်... အရှင်က အရမ်း ဉာဏ်ကောင်းတာပဲ၊ ရင်ထဲမှာ အဖြေ ရှိနေလောက်ပြီ မဟုတ်လား။”

ရှမ့်လန် မင်းသမီးနင်ဟန်ကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင် ဖြစ်သွားရသည်။ သူမ မျက်နှာကို ကြည့်လိုက်၊ ပြီးတော့ သူမ ခါးကို ငုံ့ကြည့်လိုက်သည်။ လူသားတစ်ယောက် အနေနှင့် မင်းသမီး နင်ဟန်၏ ကိုယ်လုံးသည် အလွန် ညှို့ဓာတ်ပြင်းလွန်းသည်။ အလွန် မိစ္ဆာဆန်လွန်းသည်။ အထူးသဖြင့် သူမ၏ ခါးသေးသေးလေးက လူသား တစ်ယောက်နှင့် မတူပေ။ သူမ၏ ဤခန္ဓာကိုယ်အသစ်သည် အမှန်တကယ် အံ့ဩဖွယ်ရာပင်။

မင်းသမီး နင်ဟန်သည် အများကြီး သိနေပုံ ရသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရင်မ မီဒူဆာက အဓိက သတင်းအချက်အလက် အချို့ကို သူမထံ ထုတ်ဖော်ပြသခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် ဘုရင်မ မီဒူဆာ၏ အင်ပါယာကို အဘယ်ကြောင့် ပျောက်ဆုံးအင်ပါယာ ဟု ခေါ်သနည်း။ ဤသည်မှာ သူတို့ အင်ပါယာ ၏ နာမည်ရင်း ဖြစ်ပြီး နောင်လာနောက်သားများ ပေးသော နာမည်မဟုတ်ပေ။

မည်သို့သော အခြေအနေမျိုးတွင် ပျောက်ဆုံးအင်ပါယာဟု ခေါ်ဆိုမည်နည်း။ တစ်ချိန်က ပျက်စီး သွားခဲ့သော်လည်း ပြန်လည် မွေးဖွားလာသည်၊ သို့သော်ငြား ဘိုးဘေးများ၏ ဘုန်းအသရေကို ပြန်ရှာမတွေ့သောကြောင့် ပျောက်ဆုံးအင်ပါယာဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ထို့အပြင် မီဒူဆာမျိုးနွယ်တွင် အဘယ်ကြောင့် အမျိုးသား မရှိသနည်း။ ကျားမ မပေါင်းဖက်ဘဲ မည်သို့ မျိုးပွားကြသနည်း။

ရှမ့်လန်က ပြောလိုက်၏။ “ပျောက်ဆုံးအင်ပါယာရဲ့ မီဒူဆာတော်ဝင်မိသားစုက ရှေးဟောင်း အရှေ့တိုင်း အင်ပါယာရဲ့ လူသားတွေထက် သမိုင်းကြောင်း ပိုရှည်လျားတယ် မဟုတ်လား။”

မင်းသမီး နင်ဟန်က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။”

ရှမ့်လန်က ပြော၏။ “တကယ်တော့ ဒီလောကကြီးမှာ မဟာနိဗ္ဗာနပျက်သုန်းခြင်း တစ်ကြိမ်တည်း ရှိခဲ့တာ မဟုတ်ဘူး။ နှစ်ကြိမ် ရှိခဲ့တာ။”

မင်းသမီး နင်ဟန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။”

ဟုတ်ပေသည်။ ဤသည်မှာ အဓိပ္ပာယ် ရှိသည်။ နေမင်းကြီး သေဆုံးခြင်း အဆင့်ကို ဝင်ရောက်လာ ချိန်မှာတော့ တစ်ကြိမ်ထက်မက တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လိမ့်မည်၊ သို့သော်ငြား ပို၍ပို၍ ပြင်းထန်လာမည်၊ ပို၍ပို၍ ဆိုးရွားလာမည်။ နောက်ထပ် အနှစ် ၉၀ ကြာချိန် မသေမီ နောက်ထပ် တစ်ကြိမ် တန်ပြန် တိုက်ခိုက်ဦးမည်၊ ရလဒ်မှာမူ ဂြိုဟ်ကြီးတစ်ခုလုံး ပျက်စီးသွားခြင်းပင်။

ရှမ့်လန်က ပြောလိုက်၏။ “အရင် ကြီးမားတဲ့ ပျက်သုဉ်းခြင်း နှစ်ကြိမ်တုန်းက လူသားယဉ်ကျေးမှု ပြန်လည် မွေးဖွားခဲ့တယ်။ ပျောက်ဆုံးအင်ပါယာလည်း ပြန်လည် မွေးဖွားခဲ့တယ်။ ဒါပေမဲ့ လူသားအင်ပါယာတွေ ပြောင်းလဲနေခဲ့ပေမဲ့ ပျောက်ဆုံးအင်ပါယာက လုံးဝ မပြောင်းလဲခဲ့ဘူး။ သူ့ရဲ့ အခြေခံအကျဆုံး အခြေအနေကို ထိန်းသိမ်းထားတယ်။ အတိုင်းအတာတစ်ခုအထိ ပြောရရင် လူသား အင်ပါယာတွေက ယိုယွင်း ပျက်စီးလာခဲ့တာ။”

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ လောကသစ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကုန်းမြေပေါ်က လူသားတွေက အမြဲတမ်း ပြောင်းလဲနေခဲ့တယ်။ စွမ်းအားကြီးတဲ့ ရှေးဟောင်းလူသား ပုံစံကနေ ဒီနေ့ခေတ် သာမန်လူသား ပုံစံအထိပေါ့။ ပျောက်ဆုံးအင်ပါယာကတော့ လူမျက်နှာ မြွေခန္ဓာကိုယ် မီဒူဆာ ပုံစံကို အမြဲ ထိန်းသိမ်းထားတယ်။ သူ့ရဲ့စွမ်းအားကြီးတဲ့ အင်အားနဲ့ ဝိညာဉ်ကို အားကိုးပြီးတော့လေ။”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆို ဒီမိုကျင်းက ပိုပြီး ရှေးကျတဲ့အပျက်အစီး တစ်ခုလား။ ရှေးဟောင်း အရှေ့တိုင်း အင်ပါယာထက်တောင် ပိုစောသေးလား။ မဟာနိဗ္ဗာနပျက်သုန်းခြင်း မတိုင်ခင်က မြို့တော်လား။”

မင်းသမီး နင်ဟန်က ဖြေသည်။ “ဖြစ်လောက်ပါတယ် အရှင်...”

ရှမ့်လန် ခမ်းနားထည်ဝါသော မြို့တော်ကြီးကို ကြည့်လိုက်မိသည်။ အလွန် ရိုးရှင်းပုံရသော်လည်း မည်မျှ ရှေးကျမည်ကို စိတ်ကူးမကြည့်နိုင်လောက်အောင်ပင်။ မီးလျှံမြို့တော်တွင် ရှိစဉ်က ရှမ့်လန်သည် ထူးဆန်းသည်ဟု ထင်မှတ်ခဲ့ဖူးသည်။ ထိုအရာသည် သိသာထင်ရှားသော အနောက်လောက၊ ပျောက်ဆုံး အင်ပါယာ၏ ပိုင်နက် ဖြစ်လျက်၊ အဘယ့်ကြောင့် လူသား အင်ပါယာ ဖြစ်သည့် မီးလျှံမြို့တော်က အသက်ရှင် ကျန်ရစ်ခဲ့သနည်း။

ရှမ့်လန်သည် မြို့တော်အလယ်ဗဟိုမှ လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရုပ်တု ရှိသော ပိရမစ်ကြီးကို ဆက်လက် ကြည့်ရှုနေမိသည်။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော စွမ်းအားကို သူ ခံစားလိုက်ရသည်၊ အထူးသဖြင့် ၎င်း၏ မျက်လုံးများ ... ကောင်းကင်ကို မော့ကြည့်နေသော မျက်လုံးများပင်။

ရှမ့်လန်သည် ဘုရင်မမီဒူဆာ၏ ရုပ်တုကို သတိရလိုက်မိသည်။ သူမသည် ထိုမျက်လုံးများကို အားကိုးပြီး အဝေးမှ ဝိညာဉ် သတင်းအချက်အလက်များကို ဆက်တိုက် ပို့လွှတ်ပြီး ဤလောကရှိ ပင်လယ်မွန်းစတားများ ကို ပြန်လည် စုစည်းခဲ့ခြင်း ဖြစ်သည်။ ပင်လယ်မွန်းစတားတချို့ကို ဆင့်ကဲပြောင်းလဲစေပြီး ဉာဏ်ရည် ရှိလာအောင် လုပ်ပေးခဲ့သည်၊ ပျောက်ဆုံးသွားသော အင်ပါယာကို ဆက်လက် တည်တံ့စေခဲ့သည်။

သို့ဆိုလျှင် ဤရုပ်တုမှာလည်း တူညီသော ရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှားသည်။ သို့သော်ငြား သိသာ ထင်ရှားသည်မှာ သိပ်မအောင်မြင်ခဲ့ချေ။ အနည်းဆုံးတော့ မိုင်တစ်သောင်း သဲကန္တာရထဲမှ အင်ပါယာသည် လုံးဝ ပျက်စီးသွားခဲ့၏။

ရုတ်တရက် ရှမ့်လန်၏ခေါင်းထဲတွင် ဆန်းကြယ်မှုများ မရေမတွက်နိုင်အောင် ပေါ်လာခဲ့၏။ ဤလူမျက်နှာ မြွေခန္ဓာကိုယ် နှင့် မီဒူဆာ တော်ဝင်မျိုးနွယ်စုကြားမှ ဆက်စပ်မှုက အဘယ်နည်း။ သူတို့နှင့် ရှေးဟောင်း လူသားများကြားက ဆက်စပ်မှုမှာ အဘယ်နည်း။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီ ကောင်းကင်မျှော်ရုပ်တုက မိုကျင်း တစ်ခုလုံးကို ကာကွယ်ပေးထားတာ မဟုတ်လား။”

မင်းသမီး နင်ဟန်က ဖြေ၏။ “ဟုတ်ပါတယ်။ ဒီ ရုပ်တုရဲ့ ကာကွယ်မှုကြောင့်ပဲ နောက်ဆုံးဒီမြို့တော်က မိုင်တစ်သောင်း သဲကန္တာရထဲမှာ အသက်ရှင် ကျန်ရစ်နိုင်ခဲ့တာပါ။ သဲမုန်တိုင်း တိုက်ခိုက်မှုတွေကို ခုခံနိုင်တဲ့ အိုအေစစ်ရှိရုံတင် မကဘဲ အရေးအကြီးဆုံးက လုံးဝ ဖုံးကွယ်ထားနိုင်ပြီး ဘယ်ရန်သူမှ ဝင်ပေါက်ကို ရှာမတွေ့နိုင်အောင် လုပ်ပေးထားတာပါ။”

မီဒူဆာ တော်ဝင်မျိုးနွယ်စုတွင် အားကောင်းသော ဝိညာဉ်စွမ်းအားရှိပြီး ပုံရိပ်ယောင်အမျိုးမျိုးကို ဖန်တီးနိုင်သည်။ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် ဘုရင်မမီဒူဆာ၏ ဝိညာဉ်စွမ်းအင် အနည်းငယ်မျှကိုသာ ရရှိခဲ့သော်လည်း ဒုတိယ ပျောက်ဆုံးအင်ပါယာကို တည်ထောင်နိုင်ခဲ့သည်။

သူမ သေဆုံးပြီးနောက် ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးကို နှစ်ပေါင်း မရေမတွက်နိုင်အောင် အုပ်စိုးခဲ့သည်။ ပုံရိပ်ယောင်များ ဖန်တီးနိုင်သော သူမ၏စွမ်းရည်ကို ရှမ့်လန် ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်၏။

သူတို့ရှေ့မှ ကြီးမားသောလူမျက်နှာ မြွေခန္ဓာကိုယ် အမျိုးသား ရုပ်တုသည် အားကောင်းသော ဝိညာဉ်စွမ်းအင် ကို ထုတ်လွှတ်ပြီး မိုကျင်းတစ်ခုလုံးကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ စိတ်ကူးကြည့်ရန် မခက်ခဲပေ၊ ကောင်းကင်မျှော်ရုပ်တု၏ စွမ်းအင် ကုန်ခမ်းသွားသည်အချိန်၌ မိုကျင်းတစ်ခုလုံး ပေါ်ထွက်လာပြီး အင်ပါယာ ကျန်းလီ၏ တပ်တော်က အလွယ်တကူ ရှာတွေ့သွားပေလိမ့်မည်။

ထိုမျှမကသေးပေ။ ကောင်းကင်မျှော် ရုပ်တု၏ စွမ်းအင် ကုန်ခမ်းသွားသည်နှင့် ဤနေရာရှိ ဂေဟစနစ် လုံးဝ ပျက်စီးသွားလိမ့်မည်။ မြို့တော်တစ်ခုလုံး နှစ်အနည်းငယ် အတွင်း သဲမုန်တိုင်းများအောက် မြှုပ်နှံခံရပြီး အခြား သဲကန္တာရ နေရာများနှင့် အတူတူ ဖြစ်သွားလိမ့်မည်။

ရှမ့်လန် မျက်လုံးများကို ပြန်မှိတ်လိုက်မိသည်။ ဤသည်မှာ စတုရန်းကီလိုမီတာ သန်း ၁၃၀ ကျယ်ဝန်းသော ဤသဲကန္တာရကြီး သည် ရှေးဟောင်းခေတ်က စွမ်းအားကြီးသော အင်ပါယာတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုလိုသည်လား။

ထို့အပြင် ဤနေရာကို အုပ်စိုးခဲ့သော မျိုးနွယ်သည် လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသည့် မျိုးနွယ်၊ ပျောက်ဆုံးအင်ပါယာနှင့် အလွန် တူညီသည့် မျိုးနွယ်လား။ အမျိုးသား ဖြစ်နေသည်သာ ကွာခြားသည်လား။

...

ရှမ့်လန်သည် ကြီးမားသော ပိရမစ်ကြီး၏ တောင်ဘက်တည့်တည့်ရှိ နန်းတော်ကို မြင်တွေ့လိုက်ရသည်။ ထို့အပြင် ဤနန်းတော်သည် အမှန်တကယ် အသစ်စက်စက် တည်ဆောက်ထားခြင်း ဖြစ်၏။ တော်ဝင်ချန် နန်းတော်နှင့် ပုံစံချင်း အလွန် ဆင်တူသည်။ အလွန် တိကျသော ပုံတူတစ်ခု နီးပါးပင်။

ဤရှေးဟောင်း အပျက်အစီး မြို့ပြနိုင်ငံတော်ကြီးထဲတွင် နန်းတော်က အလွန် ထူးခြားနေသည်။

ဤအချိန်တွင် ညီလာခံ ကျင်းပနေဆဲ ဖြစ်၏။ နန်းတွင်းအရာရှိ၊ အမှုထမ်း အများအပြား တက်ရောက် နေကြသည်။ ရာဇပလ္လင်ပေါ်တွင် ရှမ့်လန်၏ရုပ်တုတစ်ခု အမှန်တကယ် ရှိနေသည်။ တကယ့်ကို တူလွန်းလှသည်။ မျက်နှာ၊ ပုံပန်းသဏ္ဍာန်နှင့် အငွေ့အသက်တို့သည် ယခင် ရှမ့်လန်နှင့် တစ်ထပ်တည်း တူညီနေ၏။

ထို့အပြင် ဤရုပ်တုသည် လုံးဝ ခန့်ညားထည်ဝါခြင်း မရှိပေ။ နဂါးဝတ်ရုံနှင့် သရဖူကို ဝတ်ဆင်ထား သော်လည်း အလွန် ပျင်းရိလေးတွဲ့နေပုံ ပေါက်နေသည်။ ထို့အပြင် လက်ဖြင့် မေးထောက်ထားသေး၏။ နားမထောင်ချင်သည့် ပုံစံမျိုး ပေါက်နေသည်။ သိပ်ကို သဘာဝကျလွန်းလှသည်။ ရုပ်တု ဖြစ်သော်လည်း လူအစစ် ကဲ့သို့ပင်။

All Chapters