အခန်း (၁၃၂၉-၁၃၃၀)
Vol. 76 Ch. 1329-1330
အပိုင်း (၁၃၂၉)
မကြာမီတွင် သူတို့သုံးဦးသည် နန်းတော်သို့ ဆင်းသက်ရောက်ရှိလာခဲ့ကြ၏။ ကောင်းကင်ပင်လယ်နန်းဆောင် အနေဖြင့် ဤမျှတိုတောင်းသော အချိန်ကာလအတွင်း တော်ဝင်ချန်နန်းတော်ကြီးကို တစ်ပုံစံတည်းတူအောင် ပုံတူကူးချရန် လူအင်အားနှင့် အရင်းအမြစ် မည်မျှ သုံးစွဲခဲ့ရမည်ကို ရှမ့်လန် တွေးကြည့်၍ မရနိုင်အောင် ဖြစ်နေမိသည်။
သို့သော်ငြား ဤလုပ်ရပ်ကို သူ ကောင်းစွာ နားလည်သည်။ ၎င်းမှာ အခမ်းအနား အပြင်အဆင်ဟူသော သဘောတရားကြောင့်ပင် ဖြစ်၏။ နုရှောင့်မြို့၌ ရှမ့်လန် အင်ပါယာဘုရင် ဖြစ်လာစဉ်က နန်းတော်လည်း မရှိ၊ ညီလာခံလည်း မရှိသကဲ့သို့ သူသည် ညီလာခံ တက်ရောက်ရန်လည်း မလိုအပ်ခဲ့ပေ။
သို့သော်ငြား မည်သူကမှ သူ့ရာထူးကို သံသယ မဝင်ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူ့၌ မေးခွန်း ထုတ်စရာမလိုသော တရားဝင်မှု ရှိနေပြီး မိမိကိုယ်မိမိ သက်သေပြရန် နန်းတော်ကို အသုံးပြုစရာ မလိုသောကြောင့်ပင်။
ထိပ်တန်း သူဌေးကြီးများသည် တန်ဖိုးကြီး နာရီများ၊ အမှတ်တံဆိပ်ပါ အဝတ်အစားများ ဝတ်ဆင်ရန် မလိုအပ်သကဲ့သို့ ဖြစ်၏။ သူတို့ စိတ်ကြိုက် နေထိုင်နိုင်ကြသည်။ သာမန် သူဌေးများကသာ ထိုသို့သော အဆောင်အယောင်များကို လိုအပ်သည်။
လူတိုင်း၏ ယုံကြည်မှုကို ထိန်းသိမ်းရန် ကျိုးရှီသည် ဤအခမ်းအနား သဘောတရားကို မဖြစ်မနေ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် တော်ဝင်ချန်နန်းတော်ကို တစ် အချိုး တစ် အချိုးအစားဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။
ရှမ့်လန် တစ်နေ့နေ့တွင် ပြန်လာလိမ့်မည်ဟု လူတိုင်း ယုံကြည်စေရန် ဤမျှကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူသည် တဲတစ်လုံးထိုးပြီး ဤနေရာသည် တော်ဝင်ချန် နန်းတော်ဖြစ်ကြောင်း၊ ရှမ့်လန် ပြန်လာမည်ဖြစ်ကြောင်း ပြောဆိုပါက မည်သူကမှ ယုံကြည်ကြမည် မဟုတ်ပေ။
နေ့ဘက်တွင် တော်ဝင်ချန်နန်းတော်၌ ရာချီသော အရာရှိကြီးများနှင့် ထောင်ချီသော ရွှေရောင်ချပ်ဝတ် တန်ဆာ ဝတ်ဆင်ထားသည့် စစ်သည်တော်များဖြင့် ပြည့်နှက်နေတတ်သည်။ ယခုမူ ညဉ့်နက်ချိန် ဖြစ်သဖြင့် နန်းတော်ကြီးတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။
ရှမ့်လန်နှင့် အခြားနှစ်ဦးတို့သည် ပင်မနန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့ ခြေချ လိုက်သည်နှင့် တံခါးကြီးမှာ ပိတ်သွားခဲ့၏။ ခန်းမကြီးထဲတွင် မီးများပင် မထွန်းထားဘဲ မှောင်မိုက်နေဆဲ ဖြစ်၏။
နန်းဆောင်သခင် ကျိုးရှီက တစ်ကီလိုမီတာ ပတ်လည်အတွင်း မည်သူမှ မလာရောက်စေရန် အမိန့်ထုတ် ထားပြီး ဖြစ်သည်။ အတွင်း၌ ဖြစ်ပျက်သမျှကို မည်သူမှ မသိစေရပေ။
အထူးသဖြင့် ရှမ့်လန် နှစ်ယောက် ရှိနေသည်ဆိုသောအချက်ကို မိုကျင်းမြို့သူမြို့သားများ သိရှိသွားပါက ရင်ထုမနာ ဖြစ်ကြရပေလိမ့်မည်။ အရာအားလုံးကို လျှို့ဝှက်စွာ လုပ်ဆောင်ရမည်။
.........
ရှမ့်လန်နှင့် အခြားသူများ ဝင်ရောက်လာပြီးနောက် နန်းဆောင်သခင် ကျိုးရှီက ပြောလိုက်သည်။ “မနက်ဖြန် မနက်ပိုင်း ညီလာခံ ဆက်လုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ အရှင် ပြန်ရောက်လာပြီ မို့လို့ပါ။၊ ဒီမနက်ပိုင်း ညီလာခံကို အချိန်တိကျစွာ ကျင်းပရမှာဖြစ်ပြီး တစ်စက္ကန့်လေးတောင် နောက်ကျခံလို့ မရပါဘူး။၊ ဒါကြောင့် ကျုပ်တို့မှာ ခြောက်နာရီပဲ အချိန်ရပါတယ်။
အရှင်တို့... ဘယ်သူက အစစ်လဲဆိုတာ အဖြေရှာပေးကြပါ။၊ မနက်ဖြန်ကျရင် ဘာပြဿနာမှ မဖြစ်ရပါဘူး။ ဒီည ဖြစ်ပျက်ခဲ့သမျှအရာအားလုံး ပေါက်ကြားလို့ မဖြစ်ပါဘူး။၊ မဟုတ်ရင် တွေးဝံ့စရာတောင် မရှိတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
လောကကြီးမှာ အင်ပါယာဘုရင် တစ်ပါးတည်းပဲ ရှိရပါမယ်။ အဲဒီ အင်ပါယာက အရှင်ရှမ့်လန် ဖြစ်ရပါမယ်။၊ မှတ်ထားပါ။ ကျန်းလန် မဟုတ်ဘူး။ ရှမ့်လန် ဖြစ်ရပါမယ်။ အားလုံး ရှင်းရဲ့လား။”
နန်းဆောင်သခင်ကျိုးရှီ၏ အသံမှာ စိတ်လှုပ်ရှားမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ ရောယှက်နေခဲ့၏။
အားလုံးက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်ကြသည်။ “ကောင်းပါပြီ ... ရှင်းပါပြီ။”
ကျိုးရှီက အက်ကွဲသောအသံဖြင့် အမိန့်ပေးလိုက်၏။ “ဒါဆို မီးထွန်းလိုက်တော့။”
ခန်းမကြီးထဲရှိ ဖယောင်းတိုင်များကို မီးထွန်းလိုက်ချိန်မှာတော့ အမှောင်ထု ပျောက်ကွယ်သွားခဲ့သည်။ ခန်းမကြီးထဲတွင် လူအနည်းငယ်သာ ရှိနေသည်။ ကျိုးရှီ၊ ကျူးဟုန်ရွှဲ့၊ နင်ဟန်၊ ကျူးကျွင်း၊ ကျူးဟုန်ပင်း၊ ကျူးနင်၊ ကျန်ကျောင်း၊ ရှမ့်လန် နှင့် အခြားသော ရှမ့်လန်တစ်ယောက်။
ဤအဆုံးအဖြတ်ပွဲသို့ ရာထူးကြီးမားရုံဖြင့် လာရောက်ခွင့် မရနိုင်ပေ။ အနည်းဆုံးတော့ အတွင်းရေးမှူးရုံး၏ ဒုတိယဝန်ကြီးများ အဖြစ် တာဝန်ထမ်းဆောင်နေသော ကောင်းကင်ပင်လယ်နန်းဆောင်မှ မဟာပညာရှင် နှစ်ဦးဆိုလျှင် ရှမ့်လန်နှင့် ထိတွေ့ဖူးခြင်း မရှိသောကြောင့် ရောက်ရှိမလာခဲ့ပေ။
ကျိုးရှီက ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်တို့... ဖယောင်းတိုင်မီးရောင်အောက်မှာ ရပ်ပေးကြပါ။”
ရှမ့်လန်နှင့် အခြားသော ရှမ့်လန်တို့သည် မီးရောင်အောက်တွင် ယှဉ်တွဲရပ်လိုက်ကြ၏။ ဒိုင်လူကြီး ခုနစ်ဦး၏ အကြည့်များက သူတို့နှစ်ဦးထံသို့ ကျရောက်လာခဲ့သည်။ ရုပ်ရည်နှင့် ခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် ခွဲခြားရန် အလွန်လွယ်ကူနေ၏။
ရှမ့်လန်၏ရုပ်ရည်နှင့် ခန္ဓာကိုယ်မှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ အခြားသော ရှမ့်လန်အတုမှာမူ ယခင် ရှမ့်လန်နှင့် တစ်ပုံစံတည်း တူညီနေသည်။ ပြာဖြစ်သွားလျှင်ပင် မှတ်မိနိုင်သည့် အနေအထားမျိုး ဖြစ်၏။ ရုပ်ရည်နှင့် ခန္ဓာကိုယ်တစ်ခုတည်းကိုသာ ကြည့်မည်ဆိုပါက ရှမ့်လန်သည် ချက်ချင်း ထွက်ခွာသွားရမည့် အခြေအနေ ဖြစ်သည်။
နန်းဆောင်သခင်ကျိုးရှီက ပြောလိုက်၏။ “အရှင်ရှမ့်လန် နှစ်ပါးထဲက တစ်ပါးကတော့ အတုဖြစ်နေပါတယ်။၊ ဘယ်ဘက်က တစ်ယောက်ကို ကျူးဟုန်ရွှဲ့ ခေါ်လာတာဖြစ်ပြီး ညာဘက်က တစ်ယောက်ကိုတော့ ကျုပ် ခေါ်လာတာပါ။၊ ကျူးဟုန်ရွှဲ့က အရှင်ရှမ့်လန်ကို ယခင်ရွှဲ့ပြည်နယ် ရွှမ်ဝူမြို့မှာ တွေ့ခဲ့တာဖြစ်ပြီး ကျုပ်ကတော့ မိုင်တစ်သောင်း သဲကန္တာရကြီးရဲ့ အနောက်ဘက်မှာ တွေ့ခဲ့တာပါ။
အခု ရုပ်ရည်၊ ခန္ဓာကိုယ်၊ စိတ်နေသဘောထား၊ စိတ်ဝိညာဉ်နဲ့ အကြည့်တွေကို ကြည့်ပြီး အားလုံးပဲ ကနဦး ခံစားချက်နဲ့ ဖော်ပြပေးကြပါ။”
နန်းဆောင်သခင် ကျိုးရှီ၏ စကားလုံးများမှာ အလွန်တိကျသည်။ သူသည် ဆုံးဖြတ်ချက်ဟု မသုံးနှုန်းဘဲ ခံစားချက်ဖြင့် ဖော်ပြခြင်းဟု သုံးနှုန်းခဲ့သည်။
ကျူးဟုန်ရွှဲ့က ချက်ချင်း ပြောလိုက်၏။ “မေးနေစရာ မလိုပါဘူး။ ဘယ်ဘက်က တစ်ယောက်က အရှင်ရှမ့်လန် အစစ်ပါ။ ရုပ်ရည်ပြောင်းလဲသွားပေမဲ့ သူနဲ့ အမှောင်အင်ပါယာတို့ စကားပြောတာကို ကျုပ် ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ ရှေးဟောင်းလူသား ကျန်းချင်ကို သတ်ဖြတ်လိုက်တာကိုလည်း ကျုပ် ကိုယ်တိုင် မြင်ခဲ့ရတာပါ။”
နန်းဆောင်သခင် ကျိုးရှီက ပြောလိုက်သည်။ “သခင်ကြီး ကျူးကျွင်း... ခင်ဗျားက အရှင်ရှမ့်လန်နဲ့ ထိတွေ့မှု အများဆုံးပါ။ ခင်ဗျားရဲ့ အမြင်ကို ပြောပြပေးပါ။”
ကျူးကျွင်းကို မတွေ့ရသည်မှာ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရှမ့်လန်သည် သူ့ကို မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ တျန်းရွဲ့မြို့တိုက်ပွဲ ပြီးဆုံးပြီးနောက် ကျူးကျွင်း အကျဉ်းချခံရစဉ်တည်းက မေ့သွားခဲ့ဖြင်းဖြစ်၏။
နှစ်ပေါင်း ၃၀ ကြာပြီးနောက် သူသည် အိုမင်းသွားခဲ့သည်။ သားအဖနှစ်ယောက် ရုပ်ချင်း မတူကြသော်လည်း ရှမ့်လန်သည် အခြားသော ကျူးဟုန်ကျူးတစ်ယောက်ကို မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ကျူးကျွင်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး သူတို့နှစ်ဦးကို ဦးညွှတ်လိုက်သည်။
ထို့နောက် ရိုသေမှု မလုံလောက်သေးဟု ခံစားရသဖြင့် ဒူးထောက်လိုက်သည်။ သို့သော်ငြား သူသည် တစ်ဦးတစ်ယောက်ချင်းစီကို ဒူးထောက်ခြင်း မဟုတ်ဘဲ နှစ်ယောက်ကြား အလယ်တွင် ဒူးထောက်လိုက်ခြင်း ဖြစ်၏။
“ပထမဦးဆုံး... အပြစ်သားကျူးကျွင်းက အရှင်ရဲ့ ကောင်းကင်ဘုံလို ကြီးမားတဲ့ ကျေးဇူးတော်ကို ဦးတိုက်ပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
ကျူးကျွင်း၏ စကားများမှာ ရင်ထဲမှ လာခြင်း ဖြစ်သည်။ ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီးနောက် ကျူးမျိုးနွယ်စု တစ်ခုလုံးကို သတ်ဖြတ်ခြင်း မပြုခဲ့ပေ။ သူတို့၏ ရာထူးဂုဏ်သိမ်များကိုပင် မရုပ်သိမ်းခဲ့ချေ။ ဆိုလိုသည်မှာ အရှေ့ဘက်လောက မင်းဆက်သည် ကျူးမျိုးနွယ်စု ပညာရှိအမတ်များ၏ အဆင့်အတန်းကို အသိအမှတ်ပြုထားဆဲ ဖြစ်ပြီး အရှေ့တိုင်း ယဉ်ကျေးမှုအသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်း မပြုခဲ့ပေ။
“နောက်ပြီးတော့... အပြစ်သားက သေချာခွဲခြား ကြည့်ပါ့မယ်။ အကယ်၍ မှားယွင်းခဲ့ရင် ခွင့်လွှတ် ပေးတော်မူပါ။” ကျူးကျွင်း ထပ်မံဦးတိုက်ပြီး တုန်ယင်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။
သူသည် ရှမ့်လန်ထံသို့ ဦးစွာ သွားရောက်ပြီး မျက်လုံးများကို သေချာကြည့်ကာ အရှိန်အဝါကို အာရုံခံလိုက်၏။ ထိုဖြစ်စဉ်မှာ မိနစ်အနည်းငယ် ကြာမြင့်ခဲ့သည်။ ထို့နောက် အခြားတစ်ယောက်ထံသို့ သွားရောက်ကာ ထပ်မံ စစ်ဆေးလိုက်၏။ စစ်ဆေးချိန်မှာ အနည်းငယ် ပို၍ တိုတောင်း၏။
ထို့နောက် ကျူးကျွင်းသည် စစ်ဆေးမှု ပြီးဆုံးသွားသော်လည်း ပို၍ပင် နာကျင်ခံစားနေရပုံပေါ်သည်။ “မဟာအတိုင်ပင်ခံမင်း... ကျုပ်... ကျုပ်... ကျုပ် မခွဲခြားနိုင်ပါဘူး။”
ကျူးကျွင်းက မခွဲခြားနိုင်ပါဟု ပြောရခြင်းမှာ ရှမ့်လန်ကို များစွာ ယုံကြည်သောကြောင့် ဖြစ်သည်။ ရှမ့်လန်၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်မှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း သူ ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်၏။
ထို့နောက် ကျန်ကျောင်း ထွက်လာခဲ့သည်။ ကျန်ကျောင်းက ပြောလိုက်သည်။ “မဟာအတိုင်ပင်ခံမင်း... ကျုပ် ဘာပြောရမလဲ မသိဘူး ဖြစ်နေတယ်။”
ကျိုးရှီက ဆိုလိုက်၏။ “စိတ်ထဲရှိတာကို ပြောပါ။ လွတ်လွတ်လပ်လပ် ပြောပါ။”
ကျန်ကျောင်းက ပြောသည်။ “တကယ်တော့ ကျုပ်က အရှင်ရှမ့်လန်နဲ့ သိပ်ပြီး မရင်းနှီးခဲ့ပါဘူး။ အဝေးကနေပဲ ဖူးမြော်ဖူးတာပါ။၊ ဒါကြောင့် ကျုပ်အမြင်မှာတော့ ညာဘက်က လူက ကျုပ်မှတ်ဉာဏ်ထဲက အရှင်ရှမ့်လန်နဲ့ တစ်ပုံစံတည်းပါပဲ။၊ ဘယ်ဘက်ကလူကတော့ တူညီမှု လုံးဝမရှိပါဘူး။ တကယ်ပါ။ သူ့ဆီမှာ အဲဒီ အရှိန်အဝါမျိုး မရှိပါဘူး။”
ရှမ့်လန်တွင် မည်သို့သော အရှိန်အဝါမျိုး ရှိသနည်း။ လောကကြီးတစ်ခုလုံးကို အရူးတွေဟု သဘောထားသည့် ပျင်းရိငြီးငွေ့သော အရှိန်အဝါမျိုး ဖြစ်၏။
ကျိုးရှီက မေးလိုက်သည်။ “ဒါဆို ခင်ဗျားပြောချင်တာက ဘယ်ဘက်ကလူက အတု၊ ညာဘက်ကလူက အစစ်လို့ ပြောချင်တာလား။”
ကျန်ကျောင်းက ပြန်ဖြေသည်။ “အဲဒီလိုတော့ မဟုတ်ပါဘူး။ အပြောင်းအလဲတွေ အများကြီး ကြုံတွေ့ပြီး တဲ့နောက် အရှင်ရှမ့်လန်ရဲ့ အရှိန်အဝါက ပြောင်းလဲသွားမယ်လို့ ကျုပ် ခံစားမိလို့ပါ။”
ကျိုးရှီက မေးလိုက်၏။ “ဒါဆို ခင်ဗျားက ဘယ်ဘက်က အရှင်ရှမ့်လန်ကို ထောက်ခံတာပေါ့။”
ကျန်ကျောင်းက ရှင်းပြသည်။ “ဒါပေမဲ့ အရှင်ရှမ့်လန် ဆိုတာ ဘုရားသခင် တစ်ပါးလိုပါပဲ။ သူက ပြောင်းလဲမှာ မဟုတ်ဘဲ အဲဒီအရှိန်အဝါကို အမြဲတမ်း ပိုင်ဆိုင်ထားနိုင်ပါတယ်။ လောကကြီး ပြောင်းပြန်လန် သွားရင်တောင် သူက တုန်လှုပ်မှာ မဟုတ်ပါဘူး။၊ ဘာလို့လဲဆိုတော့ အရှင်ရှမ့်လန်က အရှင်ရှမ့်လန် ဖြစ်နေလို့ပါပဲ။”
ထို့နောက် ကျန်ကျောင်းက ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “ကျုပ်ရဲ့ ညံ့ဖျင်းမှုကို ခွင့်လွှတ်ပေးပါ။ အရှင်ရှမ့်လန် အစစ်ကို ကျုပ် မခွဲခြားနိုင်ပါဘူး။”
ထို့နောက် ကျူးဟုန်ပင်း ထွက်လာသော်လည်း သူလည်း မအောင်မြင်ခဲ့ပေ။ ကျူးနင် ထွက်လာသော်လည်း သူမလည်း မအောင်မြင်ခဲ့ပေ။
သို့သော်ငြား ရှမ့်လန်သည် ကျူးနင်ကို တစ်ချက် ကြည့်လိုက်မိ၏။ သူမသည် လုံးဝ မအိုမင်းသေးဘဲ နုပျိုနေဆဲဟု ရှမ့်လန် ထင်မြင်ခဲ့၏။ သို့သော်ငြား တကယ်တမ်းတွင် သူမသည် များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မူလက မောက်မာသော မိန်းမပျိုလေးအဖြစ်မှ ရင့်ကျက်တည်ငြိမ်သော အမျိုးသမီး တစ်ဦး ဖြစ်လာခဲ့သည်။
သူမ၏ အရှိန်အဝါများ ပြောင်းလဲသွားခဲ့၏။ ယခင်က စာပေကျမ်းဂန်များကို ဖတ်ရှုလေ့လာထားသဖြင့် မောက်မာခဲ့သော ကျူးနင်သည် အမြဲတမ်း တည်ငြိမ်ချင်ယောင် ဆောင်နေသော်လည်း ဖုံးဖိမရသော သာလွန်လိုစိတ်များ ပြည့်နှက်နေခဲ့သူ ဖြစ်သည်။ ယခုအခါ ကျူးနင်သည် ကျောက်စိမ်းကဲ့သို့ နူးညံ့ သိမ်မွေ့နေလေ၏။
ကျူးနင်သည် ရှမ့်လန် နှစ်ယောက်ကို အလေးအနက် ကြည့်ရှုလိုက်သည်။ “ကျွန်မလည်း မခွဲခြားနိုင်ပါဘူး။”
ကျိုးရှီက မေးလိုက်၏။ “နင်ဟန်... မင်းကရော ဘယ်လိုထင်လဲ။”
မင်းသမီးနင်ဟန်သည် ရှမ့်လန်ကို အချိန်ကြာမြင့်စွာ ကြည့်ရှုပြီးနောက် အခြားတစ်ယောက်ကို ကြည့်လိုက်ပြန်သည်။ သူမက ပြောလိုက်၏။ “ညာဘက်က တစ်ယောက်က အရှင်ရှမ့်လန်နဲ့ တစ်ပုံစံတည်း တူပါတယ်။၊ အချိန်ကာလကြောင့် ကျန်ရစ်ခဲ့တဲ့ အံ့ဖွယ်လက္ခဏာရပ်တွေလည်း ရှိနေပါတယ်။၊ မျက်နှာပေါ်က အရာတွေရော... ဝိညာဉ်ပေါ်က အရာတွေရော... အားလုံးက အရမ်းကို စစ်မှန်နေပါတယ်။”
ကျိုးရှီက မေးလိုက်သည်။ “ဒါဆို မင်း ညာဘက်က လူကို အစစ်လို့ ထင်တာလား။”
မင်းသမီး နင်ဟန်က ပြန်ဖြေလိုက်၏။ “ကျွန်မ ဆုံးဖြတ်ချက် မချပါဘူး။”
ပထမအဆင့် စိစစ်ခြင်း ပြီးဆုံးသွားခဲ့သည်။
.......
ကျိုးရှီက ဦးညွှတ်ကာ ပြောလိုက်၏။ “နောက်တစ်ဆင့် အနေနဲ့။ ရဲတင်းတယ်လို့ မဆိုဘူးဆိုရင် အရှင်တို့ နှစ်ယောက် အချင်းချင်း ကြည့်ရှုပေးကြပါ။”
ဤအဆင့်မှာ အလွန် အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်အစစ်တွင် ကြီးမားသော ယုံကြည်မှု ရှိသောကြောင့် ဖြစ်သည်။ သူသည် အရှေ့တိုင်း လူသားအင်ပါယာ ဖြစ်သဖြင့် အတုအယောင် ရှမ့်လန်ကို အရှိန်အဝါဖြင့် ဖိနှိပ်နိုင်စွမ်း ရှိရပေမည်။
ရှမ့်လန် လှည့်လိုက်သည်။ ရှမ့်လန်အတုလည်း လှည့်လိုက်သည်။ သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ကြည့်လိုက်ကြ၏။ ရှမ့်လန်သည် ထိုလူကို X-ray အမြင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ ပထမဆုံး အနေဖြင့် ထိုသူ၏ အရိုးတည်ဆောက်ပုံမှအစ ရှမ့်လန်နှင့်တစ်ပုံစံတည်း တူညီနေသည်။ အမူအရာ၊ စိတ်နေသဘောထား၊ အကြည့်၊ အရှိန်အဝါ... ရာခိုင်နှုန်းပြည့် ရှမ့်လန်နှင့် တူညီနေ၏။
ထို့အပြင် သူသည် ရှေးဟောင်းလူသား မဟုတ်ဘဲ စစ်မှန်သော လူသားအသွေးအသား ရှိသူဖြစ်သည်။ အရေးအကြီးဆုံးမှာ သူသည် ပူးကပ်ခံထားရသူ မဟုတ်ပေ။ သူ့ဦးနှောက်ထဲတွင် ငရဲသလင်းကျောက် စွမ်းအင်ကို ရှမ့်လန် ရှာမတွေ့ခဲ့ချေ။ ဤအရာက ထူးဆန်းပြီး စိတ်ဝင်စားစရာ ကောင်းနေ၏။ ရှေ့မှောက်တွင် ရှိနေသော ဤရှမ့်လန်အတုက မည်သူနည်း။
ရှမ့်လန်သည် မှန် ကို တွေးမိလိုက်၏။ မှန်သည် ရှမ့်လန်အဖြစ် သရုပ်ဆောင်ရန် သူ့အသက်နှင့် ဝိညာဉ်ကို အသုံးပြုခဲ့ရသည်။ လူထုရှေ့သို့ ပထမဆုံးအကြိမ် ထွက်ပေါ်လာစဉ်က တစ်ပုံစံတည်း တူညီသော်လည်း လွန်ကဲသော အပြုအမူအချို့ ရှိခဲ့သည်။ သို့သော်ငြား ဒုတိယအကြိမ် ပေကျင်းမြို့တွင် ထွက်ပေါ်လာချိန်၌မူ သူသည် လုံးဝ သက်တောင့်သက်သာ ရှိနေပြီး ဂိုဏ်းချုပ်ရန်နှင့် ရင်ကွမ်းတို့ကို လှည့်စားနိုင်ခဲ့သည်။ သူ့တိုးတက်မှုမှာ အံ့သြစရာ ကောင်းလှသည်။
‘ဒါက စိတ်ဝင်စားစရာ မကောင်းပေဘူးလား။ သူ ဘယ်သူလဲ။ မှန်လား။’
ထိုစဉ်က ရှမ့်လန်သည် မှန်ကို ခေါ်ဆောင်သွားရန် မီးနတ်ဘုရားဂိုဏ်းကို အမိန့်ပေးခဲ့ပြီး ဖြစ်သည်။ မြောက်ဝင်ရိုးစွန်း အရေးအခင်းပြီးနောက် မှန်သည် ရှမ့်လန်နှင့် အလွန်တူညီလွန်းသဖြင့် အရှေ့တိုင်း လောကတွင် ဆက်လက်နေထိုင်၍ မရတော့သောကြောင့်ပင်။
အပိုင်း (၁၃၃၀)
ရှမ့်လန် သူ့ကို ကြည့်လိုက်ချိန်မှာတော့ သူ့အကြည့်နှင့် ဝိညာဉ်၌ အပြစ်ဆိုဖွယ်ရာ တစ်ခုမှ မတွေ့ရပေ။ အရှိန်အဝါချင်း ယှဉ်ပြိုင်ရာတွင်လည်း သူက အသာစီး မရနိုင်အောင် ဖြစ်နေ၏။ သူသည် ရှမ့်လန်ထက်ပင် ပို၍ ရှမ့်လန် ဆန်နေသည်။
ထိုသူသည် ရှမ့်လန်ကိုကြည့်ရင်း မျက်လုံးဖြင့် စကားလှမ်းပြောနေသကဲ့သို့ ရှိ၏။ “ကျုပ်က ခင်ဗျားရဲ့ ခြေလှမ်းတွေကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး။”
သူသည် ပါးစပ်ဖြင့် မပြောဘဲ မျက်လုံးဖြင့် ပြောနေခြင်းဖြစ်သည်။ ထို့အပြင် အခြားသူများ မသိစေဘဲ ရှမ့်လန်တစ်ယောက်တည်း သိစေရန် ပြောလိုက်ခြင်း ဖြစ်သည်။
ထိုခံစားချက်မှာ ထူးဆန်းလွန်းလှသည်။ သူသည် တိုက်ပွဲတွင် ရှမ့်လန်၏ ပရိယာယ်ကို ဖော်ထုတ်တော့မည့် ပုံစံမျိုး ဖြစ်နေသည်။ သူက ရှမ့်လန်အစစ် ဖြစ်နေပြီး ရှမ့်လန်ကသာ အတုဖြစ်နေသည့်နှယ် သူ၏ ဝိညာဉ်အာရုံ ခံစားမှုက ပြသနေသည်။ ထိုဝိညာဉ်အာရုံခံစားမှုကြောင့်ပင် သူ၏အရှိန်အဝါမှာ လုံးဝ ပြိုင်ဘက်ကင်းနေခြင်း ဖြစ်၏။
........
ကျူးဟုန်ရွှဲ့က ပြောလိုက်သည်။ “အရှင်ရှမ့်လန်အစစ်က အရမ်းနက်နဲတဲ့ စွမ်းအင်တစ်ခုကို သိရှိ နားလည်ထားပါတယ်။ သူက ကြက်ကလေးတစ်ကောင်ကိုတောင် ဖမ်းနိုင်တဲ့ အားမရှိဘဲနဲ့ ရင်ဝူမင်ကို သတ်ဖြတ်ပြီး စွမ်းအင်ဝဲကတော့ကို ထုတ်လွှတ်ပြခဲ့ဖူးပါတယ်။”
သို့သော်ငြား ကျူးဟုန်ရွှဲ့ စကားမဆုံးမီမှာပဲ ရှမ့်လန်အတုက ခေါင်းမော့ကာ နဂါးဓားကို ဝှေ့ယမ်းပြီး စွမ်းအင်ဝဲကတော့ ကို ထုတ်လွှတ်ပြလိုက်သည်။ ထိုမြင်ကွင်းမှာ ရှမ့်လန်က ရင်ဝူမင်ကို တစ်စက္ကန့်အတွင်း သတ်ဖြတ်ခဲ့သည့် မြင်ကွင်းနှင့် တစ်ပုံစံတည်း တူညီနေ၏။
သူ့တွင် ရှေးဟောင်းဘုရင်လက်စွပ်၊ နဂါးနှလုံးသား၊ နဂါးဓား အစုံအလင် ရှိနေသည်။ လူတိုင်း သိထားကြသည့်အတိုင်း ဤရှေးဟောင်းပစ္စည်းများသည် ရှမ့်လန်၏ အမှတ်အသားများ ဖြစ်ကြသည်။ ရှမ့်လန်အစစ်မှာမူ ဗလာနတ္ထိ ဖြစ်နေပြီး မည်သည့်ပစ္စည်းမှ မရှိချေ။
သေချာသည်မှာ သူသည် လေထဲမှ စွမ်းအင်ဝဲကတော့ကို ထုတ်လွှတ်ပြနိုင်သော်လည်း ထိုသို့ပြုလုပ်ပါက လူများ ပို၍ သံသယ ဝင်သွားစေလိမ့်မည်။ ‘ခင်ဗျားက အရမ်းစွမ်းအားကြီးနေတာပဲ။ ကျန်းလီ လွှတ်လိုက်တဲ့ ကိုယ်ပွားများလား’ ဟူ၍ တွေးတောသွားကြပေလိမ့်မည်။
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “အရှင်ရှမ့်လန်ရဲ့ သားရဲကြီး တချောင်က မြောက်ဝင်ရိုးစွန်း အရေးအခင်း မတိုင်ခင်တည်းက အရှင်ရှမ့်လန်နားကနေ ထွက်ခွာသွားခဲ့တာပါ။၊ သူက အရင်ဆုံး နုရှောင့်မြို့ကို ပြန်ရောက်လာပြီး အဲဒီကနေမှ ကျုပ်တို့ မိုကျင်းကို ခေါ်လာခဲ့တာပါ။၊ တချောင်က ပျံသန်းတဲ့သားရဲဆိုတော့ လူတွေထက် ပိုပြီး အာရုံခံစားမှု ကောင်းမွန်ပါလိမ့်မယ်။”
ကျိုးရှီ ခေါင်းညိတ်လိုက်သည်။ ခဏအကြာတွင် တချောင် ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ရှမ့်လန်အစစ်ကို တစ်ချက်ကြည့်ပြီးနောက် ညာဘက်ရှိ ရှမ့်လန်အတုထံသို့ ကြည့်လိုက်သည်။
ထို့နောက် တချောင်သည် ညာဘက်ရှိ ရှမ့်လန်အတုထံသို့ တန်းတန်းမတ်မတ် သွားရောက်ကာ ခေါင်းဖြင့် ပွတ်သပ်ရင်း ဝမ်းနည်းပက်လက် အော်မြည်နေသည်။ သို့သော်ငြား ၎င်း၏ မျက်လုံးကြီးများက ဘယ်ဘက်ရှိ ရှမ့်လန်အတုကို ကြည့်နေဆဲ ဖြစ်၏။
ညာဘက်ရှိ ရှမ့်လန်အတုက တချောင်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ “မိတ်ဆွေဟောင်းကြီး... မတွေ့တာ ကြာပြီပဲ။ မင်းလည်း ပြောင်းလဲသွားပြီနော်။”
ရှမ့်လန်အတု သက်ပြင်းချလိုက်ရာ သူ့အသံတွင် ခံစားချက်များ ပြည့်နှက်နေသည်။ တချောင်ပင်လျှင် ညာဘက်ရှိ ရှမ့်လန်ကို အစစ်ဟု ထင်မှတ်နေ၏။ ရှမ့်လန်အတုသည် ရှမ့်လန်ကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ “ကျုပ် ပြောခဲ့သားပဲ။ ကျုပ်က မင်းရဲ့ ခြေလှမ်းတွေကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူးလို့။ လူလိမ်ကောင်...”
ရှမ့်လန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ ကစားပွဲက ပျော်စရာ ကောင်းလာပြီဟု သူ ခံစားလိုက်ရသည်။ ဤကစားပွဲက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလွန်းလှသည်။ ရှမ့်လန်အတုသည် သူ့ထက်ပင် ပို၍ စစ်မှန်နေသည်။ သူ့ရုပ်ရည်နှင့် ခန္ဓာကိုယ်က ရှမ့်လန်နှင့် တူညီရုံသာမက နဂါးနှလုံးသား၊ နဂါးဓား၊ ရှေးဟောင်းဘုရင်လက်စွပ်တို့ကို ပိုင်ဆိုင်ထားပြီး တချောင်ကပါ သူ့ကို အသိအမှတ်ပြုထားသည်။ ထို့ကြောင့် ရှမ့်လန်သည် လုံးဝ ရှုံးနိမ့်သွားတော့မည့်ပုံ ပေါက်နေ၏။
ရှမ့်လန်သည် ရှမ့်လန်အတု၏ မျက်နှာမှ အကြည့်ကို လွှဲလိုက်ပြီး နန်းဆောင်သခင် ကျိုးရှီကို ပြောလိုက်သည်။
“လူတိုင်းပဲ.. အစစ်ဘယ်သူလဲ ၊ အတုဘယ်သူလဲ ဆိုတာကို တိုက်ရိုက်ဆုံးဖြတ်ပေးနိုင်မယ့် နည်းလမ်းတစ်ခု ကျုပ်ဆီမှာ ရှိပါတယ်။”
ထိုစကားကြားသည်နှင့် လူတိုင်း သူ့ကို ကြည့်လိုက်ကြ၏။
ရှမ့်လန်က ပြုံးလိုက်ပြီး ပြောသည်။ “လူတိုင်းပဲ.. တခြားအရာတွေအားလုံးက အတုလုပ်လို့ ရပါတယ်။၊ ပြီးတော့ မြောက်ဝင်ရိုးစွန်း အရေးအခင်းတုန်းက ကျုပ် နဂါးနှလုံးသား၊ နဂါးဓားနဲ့ ရှေးဟောင်းဘုရင် လက်စွပ်တို့ကို ဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမဲ့ အတုလုပ်လို့မရတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဉာဏ်ပညာပါပဲ။၊ အရှင်ရှမ့်လန် အစစ်မှာ ပြိုင်ဘက်ကင်းတဲ့ ဉာဏ်ပညာ ရှိပါတယ်။၊ မဟာပညာရှင် ရာပေါင်းများစွာ နှစ်ချီပြီး မဖြေရှင်းနိုင်ခဲ့တဲ့ သင်္ချာပုစ္ဆာတွေကို ရှမ့်လန်က မျက်တောင်တစ်ခတ် အတွင်းမှာ ဖြေရှင်းနိုင်ပါတယ်။”
ထိုစကားကို ကြားချိန်မှာတော့ အားလုံးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။ မှန်ပေသည်။ အခြား အရာများကို တုပနိုင်သော်လည်း ဉာဏ်ပညာကို တုပ၍ မရနိုင်ပေ။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “နန်းဆောင်သခင် ကျိုးရှီ... ကျုပ်တို့ စကားပြောခဲ့တာကို ခင်ဗျား မှတ်မိအုံးမှာပါ။၊ ကျုပ်တို့ လမ်းမခွဲခင်တုန်းက ခင်ဗျားကို ကျုပ် သင်္ချာပုစ္ဆာတစ်ပုဒ် ပေးခဲ့တာ မှတ်မိအုံးမှာပါ။ ဒါပေမဲ့ အဖြေကိုတော့ မပေးခဲ့ပါဘူး။၊
ပုစ္ဆာက ရိုးရှင်းပါတယ်။ 1 + 1 = 2 ဖြစ်ကြောင်း ဘယ်လို သက်သေပြမလဲ ဆိုတာပါပဲ။၊ တကယ်တော့ အဲဒါက 2 ထက်ကြီးတဲ့ စုံကိန်းတိုင်းကို သုဒ္ဓကိန်းနှစ်လုံး ပေါင်းလဒ်အဖြစ် ရေးသားနိုင်တယ် ဆိုတဲ့ ဂယ်ဘတ် သီအိုရီရဲ့ အခြေခံပါပဲ။၊ ဒါက နှစ်ထောင်ချီပြီး မဖြေရှင်းနိုင်ခဲ့တဲ့ ပုစ္ဆာပါ။၊ လူစားထိုးထားတဲ့သူအနေနဲ့ ဒါကို သိနိုင်စရာ အကြောင်းမရှိပါဘူး။ သူက သက်သေပြရုံပါပဲ။ ဒီတော့ ဒီပုစ္ဆာကို အကောင်းဆုံး ဖြေရှင်းနိုင်တဲ့ သူက ရှမ့်လန်အစစ်ပဲ ဖြစ်ရပါမယ်။ မဟုတ်ဘူးလား။”
နန်းဆောင်သခင် ကျိုးရှီ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “အရှင်ရှမ့်လန်က အဲဒီတုန်းက ဒီအကြောင်း ပြောခဲ့တာ မှန်ပါတယ်။ သူက ဒီနေ့လို အခြေအနေမျိုး ကြုံလာရမယ်ဆိုတာကို ကြိုသိနေခဲ့တာလား။ အရှင်ရှမ့်လန်က တကယ့် နတ်ဘုရားပါပဲ။”
ကျိုးရှီက ကျူးနင်နှင့် မင်းသမီး နင်ဟန်တို့ဘက် လှည့်မေးသည်။ “အရှင်ရှမ့်လန် ပေးတဲ့ ပုစ္ဆာကို မင်းတို့ နားလည်နိုင်ရဲ့လား။ နားလည်လား။”
ဂိုးဘတ်ချ်၏ ယူဆချက်မှာ သူ့အတွက် ရင်းနှီးနေပြီးသား ဖြစ်လေရာ လူအများကြားမှာတော့ ၁ + ၁ အဖြစ် ပျံ့နှံ့သွားသည်။ အမှန်တကယ်တော့ ထိုအရာက မည်သည့် ၂ ထက်ကြီးသော စုံကိန်းကိုမဆို သုဒ္ဓကိန်းနှစ်ခု၏ ပေါင်းလဒ်အဖြစ် ရေးပြနိုင်ခြင်းပဲ ဖြစ်၏။
လက်ရှိ ကမ္ဘာမြေပေါ်မှာတော့ ဤပုစ္ဆာမှာ အဖြေမရှိသေးဘဲ လူအများကတော့ ယင်းကို သင်္ချာသရဖူပေါ်မှ ရတနာတစ်ပါး၊ ကမ္ဘာ့ခေတ်သစ် သင်္ချာလောက၏ အကြီးမားဆုံး ခက်ခဲသော ပုစ္ဆာကြီးသုံးခုထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သည်။
နှစ်ပေါင်း ၂၀၀ လုံးလုံး အစိတ်အပိုင်း သေးသေးလေး တစ်ခုကိုသာ သက်သေပြနိုင်ခဲ့ပြီး ယခုတိုင် အဖြေရှာ မရသေးပေ။
တရုတ်နိုင်ငံမှ သင်္ချာပညာရှင် မစ္စတာဟွာလော်ဂန်း နေရပ်သို့ ပြန်လာပြီးနောက် ဤယူဆချက်ကို စတင် လေ့လာခဲ့ရာ နောက်ပိုင်းတွင် အောင်မြင်မှုကြီးများ ရရှိခဲ့သည်။ ဝမ်ယွမ်၊ ဖန်ချန်တုန်းနှင့် ချန်ကျင်းရွမ်တို့သည် တိကျသော တိုးတက်မှုများ ရရှိခဲ့ပြီး ၃ + ၄၊ ၂ + ၅၊ ၁ + ၅ နှင့် ၁ + ၂ တို့ကို အသီးသီး သက်သေပြနိုင်ခဲ့ကြ၏။
မှန်သည်။ ယခုအချိန်အထိ ဂိုးဘတ်ချ်၏ယူဆချက်နှင့် ပတ်သက်ပြီး အနည်းငယ်သာ တိုးတက်မှု ရှိသေး၏။ ထို့အပြင် ပြီးခဲ့သော ဆယ်စုနှစ်များစွာ အတွင်း၌လည်း ယင်းကို အပြည့်အဝ ဖြေရှင်းနိုင်မည့် မျှော်လင့်ချက် မတွေ့ရသေးချေ။
နှစ်ပေါင်း ၂၀၀ လုံးလုံး မရေမတွက်နိုင်သော သင်္ချာပညာရှင်များ အဆက်ဆက် ကြိုးစားခဲ့ကြသော်လည်း ရလဒ်မှာ အောင်မြင်ဖို့ ရာခိုင်နှုန်း အလွန်နည်းပါးလွန်းလှသည်။ ထို့ကြောင့် အမှန်တကယ်ပဲ ကမ္ဘာ့အဆင့် အခက်ခဲဆုံး သင်္ချာပုစ္ဆာကြီး ဖြစ်နေသည်။
အတိတ်က ရှမ့်လန်သည် မြောက်ပိုင်းစစ်ဆင်ရေးအဖြစ် ရန်မြို့တော်သို့ မသွားမီက ဂိုဏ်းချုပ်ကျိုးရှီနှင့် နက်နက်နဲနဲ ဆွေးနွေးခဲ့ဖူးသည်။ ထိုအချိန်က ကျိုးရှီပဲဖြစ်ဖြစ်၊ ကန်ဝမ် ပဲဖြစ်ဖြစ်၊ ရှမ့်လန် ကိုယ်တိုင်ပဲဖြစ်ဖြစ် အနာဂတ်နှင့် ပတ်သက်ပြီး အဆိုးမြင်နေခဲ့ကြ၏။
သို့ပေမည့် ကျိုးရှီ၏ ကောင်းကင်ပင်လယ်နန်းဆောင် မှ တည်ဆောက်ထားသော မိုင်တစ်သောင်း သဲကန္တာရထဲမှာတော့ ကမ္ဘာကြီး ကြီးမားစွာ ပြောင်းလဲသွားပြီးနောက် လူသားများ ကံကောင်းထောက်မစွာ ရှင်သန်နိုင်မည့် တစ်ခုတည်းသော အခြေစိုက်စခန်း ဖြစ်လာဖွယ် ရှိသည်။
ဤသို့ဆိုလျှင် အနာဂတ်တွင် ရန်သူများက ရှမ့်လန်အတုတစ်ယောက်ကို စေလွှတ်ကာ ထိုနယ်မြေ၏ အမြင့်ဆုံး ခေါင်းဆောင်နေရာကို တိုက်ရိုက် လုယူသွားနိုင်မည် မဟုတ်လား။
ထို့ကြောင့် အတိတ်က ရှမ့်လန်သည် အလွန် ပြောင်မြောက်သော လျှို့ဝှက်သင်္ကေတ တစ်ခုကို ချမှတ်ထားခဲ့သည်။ ထိုအရာက ဂိုးဘတ်ချ်၏ ယူဆချက်ပဲ ဖြစ်သည်။ ဤယူဆချက်နှင့် ပတ်သက်ပြီး သိရှိထားသော သက်သေပြချက်များမှာ အလွန်နည်းပါးပြီး ဆယ်ခုကျော်ခန့်သာ ရှိသည်။ ထို့အပြင် သက်သေပြချက် တစ်ခုစီတိုင်းမှာလည်း ကွဲပြားခြားနားနေ၏။
ထို့ကြောင့် ထိုအချိန်က ရှမ့်လန်သည် ကျိုးရှီကို ၁ + ၃၊ ၁ + ၄၊ ၁ + ၅ စသည့် အကြောင်းအရာများကိုသာ ပေးခဲ့ပြီး ၁ + ၂ တစ်ခုတည်းကိုသာ ချန်ထားခဲ့သည်။
ဤအရာက ကျိုးရှီအနေဖြင့် ဤပုစ္ဆာကို ရှင်းလင်းစွာ သဘောပေါက်နိုင်စေရန် သေချာစေရုံသာမက ဤသက်သေပြမှု လုပ်ငန်းစဉ်ကိုလည်း နားလည်နိုင်စေရန် ဖြစ်၏။
ထို့အပြင် ထိုနောက်တွင် ရှမ့်လန်က ဉာဏ်ရည်တုဦးနှောက်ထဲမှ ၁ + ၂ သက်သေပြမှု လုပ်ငန်းစဉ်များကို အပြီးတိုင် ဖျက်ဆီးပစ်ခဲ့သည်။ ဤအရာက ချန်ကျင်းရွမ်၏ ဆယ်စုနှစ်များစွာ ကြိုးစားအားထုတ်ခဲ့ရသော အောင်မြင်မှု ဖြစ်သလို လက်ရှိ ဂိုးဘတ်ချ် ယူဆချက်၏ အကြီးမားဆုံးသော အောင်မြင်မှုလည်း ဖြစ်သည်။
သဘာဝကျစွာပဲ ပါရီ အဆင့်မြင့်ဆရာအတတ်သင်ကောလိပ်မှ သုတေသီ ဟာရယ်ဒ်ဟက်ဖ်ဂေါ့ က ၂၀၁၃ ခုနှစ်တွင် စာတမ်းနှစ်စောင် ထုတ်ဝေခဲ့ပြီး အားနည်းသော ဂိုးဘတ်ချ် ယူဆချက်ကို အပြည့်အဝ သက်သေပြနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့၏။
အားနည်းသော ဂိုးဘတ်ချ် ယူဆချက်ဆိုသည်မှာ မည်သည့် ၇ ထက်ကြီးသော မကိန်းကိုမဆို အံ့ဖွယ်သုဒ္ဓကိန်း သုံးခု၏ ပေါင်းလဒ်အဖြစ် ဖော်ပြနိုင်ခြင်း ဖြစ်သည်။
ယင်းက ဂိုးဘတ်ချ် ယူဆချက်မှ ဆင်းသက်လာသော ပုစ္ဆာတစ်ပုဒ်သာ ဖြစ်လေရာ ယူဆချက်တစ်ခုလုံးကို သက်သေပြနိုင်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ၁ + ၂ ကို မည်သို့ သက်သေပြရမည်ဆိုသည်မှာ လွန်ခဲ့သော နှစ် ၃၀ က ရှမ့်လန် ချန်ရစ်ခဲ့သော သော့ချက်တစ်ခုသာ ရှိ၏။
ဤသော့ချက်က ရှမ့်လန်၏မည်သူမည်ဝါဖြစ်ကြောင်းကို သက်သေပြနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် ဤသက်သေပြချက် အကြောင်းအရာများကို ရှမ့်လန်က ဉာဏ်ရည်တုဦးနှောက်ထဲမှ ဖျက်ဆီးပစ်ခဲ့ပြီး တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ စွမ်းအင်မှတ်ဉာဏ်အချို့ထဲတွင် သိမ်းဆည်း ထားခဲ့သောကြောင့် ဖြစ်၏။
ထို့ကြောင့် လက်ရှိအချိန်တွင် ရှမ့်လန်မှလွဲ၍ မည်သူမှ ၁ + ၂ သက်သေပြမှု လုပ်ငန်းစဉ်များကို မသိနိုင်ပေ။
ဂိုဏ်းချုပ်ကျိုးရှီက ပြောသည်။ “အတိတ်က အရှင်ရှမ့်လန်က ကျုပ်ကို ဒီစကားတွေ တကယ် ပြောခဲ့ဖူးတယ်။ ၁ + ၃၊ ၁ + ၄၊ ၁ + ၅ ကို ဘယ်လို သက်သေပြရမလဲဆိုတာ ကျုပ်ကို ပြောပြခဲ့ပေမဲ့ ၁ + ၂ ကိုကျတော့ ချန်ထားခဲ့တယ်။ ဒါက အရှင်ရှမ့်လန်ရဲ့ အစစ်အမှန်ဖြစ်တည်မှုကို တကယ် သက်သေပြနိုင်တယ်။
တခြားအရာတွေကို အတုခိုးလို့ ရပေမဲ့ ဉာဏ်ပညာကိုတော့ အတုခိုးလို့ မရပါဘူး။ အရှင်နှစ်ပါးလုံး ဒီယူဆချက်ကို စတင် သက်သေပြပေးပါ။ အစစ်အမှန် အရှင်ရှမ့်လန်ရဲ့ ဉာဏ်ပညာက ပြိုင်ဘက်ကင်းတာမို့ ဘယ်သူက ပို သက်သေပြနိုင်လဲ၊ အဲဒီလူက အရှင်ရှမ့်လန် အစစ်ပဲ။”
ကျိုးရှီက ထိုသို့ပြောပြီးနောက် လူအများကို ကြည့်ကာ မေး၏။ “ဒီနည်းလမ်းကို အားလုံး သဘောတ ကြရဲ့လား။”
“သဘောတူပါတယ်။”
“သဘောတူပါတယ်။”
ရှမ့်လန်နှင့် ရှမ့်လန် အတုတို့ နှစ်ယောက်လုံးကလည်း အသီးသီး သဘောတူလိုက်ကြသည်။
ထိုနောက် ရှမ့်လန် နှစ်ယောက်လုံး ထိုင်ချလိုက်ကာ မှတ်တမ်းစာအုပ်များကို ယူပြီး ဂိုးဘတ်ချ် ယူဆချက်ကို စတင် သက်သေပြကြတော့၏။
ရှမ့်လန်က တက်ကြွစွာ ရေးသားနေသည်။
အတိတ်က ဤလျှို့ဝှက်ချက်များကို တော်ဝင်ကပ်ဘေးဉာဏ်ပညာဘုရင်၏ စွမ်းအင်မှတ်ဉာဏ်ထဲတွင် ဖုံးကွယ် ထားခဲ့ရာ ကျန်းလီအနေဖြင့် လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်ထားသောကြောင့်ပင်။
တော်ဝင်ကပ်ဘေးဉာဏ်ပညာဘုရင်မှာ ကျန်းလီ၏ ဝိညာဉ်ဆရာသခင် ဖြစ်သည်။ သူ၏ တည်ရှိမှုကြောင့်သာ ကျန်းလီ၏ဝိညာဉ်က အချိန်အကြာကြီး သတိမရဲဘဲ ဖြစ်နေခဲ့ရသည်။ မြောက်ဝန်ရိုးစွန်းကိစ္စအပြီးတွင် သူ၏ နယ်မြေထဲသို့ ဝင်ရောက်လာကာ မကုန်ခမ်းနိုင်သော ငရဲပုံဆောင်ခဲ စွမ်းအင်များကို ရရှိပြီးမှသာ ကျန်းလီ၏ ဝိညာဉ်က တရားဝင် နိုးထလာခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်က အလွန် မြန်ဆန်စွာ ရေးသားနေ၏။
နာရီဝက်ခန့် အကြာတွင် သူက စာမျက်နှာ ဒါဇင်ပေါင်းများစွာ ရေးသားပြီးသွားခဲ့သည်။
သူက ၁ + ၃၊ ၁ + ၄၊ ၁ + ၅၊ ၁ + ၂ နှင့် အခြားသော သက်သေပြမှု လုပ်ငန်းစဉ်များကို ရေးသားရုံသာမက ၁ + ၇၊ ၅ + ၅၊ ၃ + ၁၅ စသည့် အီတလီ သင်္ချာပညာရှင်များ၊ ဆိုဗီယက် သင်္ချာပညာရှင်များနှင့် အခြားသော အောင်မြင်မှုများ ကိုပါ အပြည့်အစုံ ရေးသားဖော်ပြလိုက်၏။
နားမလည်နိုင်မည်ကို စိုးရိမ်စရာ မလိုပေ။ ကျိုးရှီ၊ နင်ဟန်နှင့် ကျူးနင် သုံးယောက်မှာ ဤပုစ္ဆာကို မဖြေရှင်းနိုင်သော်လည်း နားလည်နိုင်စွမ်း ရှိဖို့ကတော့ ပြဿနာ မဟုတ်ချေ။
ထိုဘက်မှ ရှမ့်လန် အတုကလည်း အလွန် မြန်ဆန်စွာ ရေးသားနေပြီး များစွာ ရေးသားထားသည်။
သဘာဝကျစွာပဲ အရေးကြီးဆုံးအရာမှာ ၁ + ၂ ပဲ ဖြစ်သည်။ ဤအရာက ထိုအချိန်က ရှမ့်လန် ဉာဏ်ရည်တု ဦးနှောက်ထဲမှ အပြီးတိုင် ဖျက်ဆီးပစ်ခဲ့သော အကြောင်းအရာ ဖြစ်သည်။
ယင်းကပဲ မလုံလောက်သေးဟု ထင်မှတ်ကာ ရှမ့်လန်က အားနည်းသော ဂိုးဘတ်ချ် ယူဆချက်၏ သက်သေပြမှု လုပ်ငန်းစဉ်ကိုပါ အပြည့်အစုံ ရေးသားလိုက်သည်။ နောက်ဆုံးတွင်တော့ အလွန် ထူထဲသော စာအုပ်တစ်အုပ်စာ ဖြစ်သွားလေတော့၏။
သို့ပေမည့် သူက အလွန်မြန်ဆန်စွာ ရေးသားပြီး ရှမ့်လန်အတုက အနည်းငယ် နှေးကွေးစွာ ရေးသားနေသောကြောင့် လူနှစ်ယောက်လုံး တစ်ချိန်တည်း နီးပါး ပြီးစီးသွားကြသည်။