← Chapters

အခန်း (၁၃၃၅-၁၃၃၆)

Vol. 76 Ch. 1335-1336

အခန်း (၁၃၃၅-၁၃၃၆)

Vol. 76 Ch. 1335-1336

အပိုင်း (၁၃၃၅)

ရှမ့်လန်အတုက ဘယ်သူလဲ။ ကျန်းလီက အယောင်ဆောင်သူ တစ်ယောက်တည်း လွှတ်လိုက်သည်ဟု ပြောခဲ့သဖြင့် နှစ်ယောက်မဟုတ်ဘဲ တစ်ယောက်တည်း ဖြစ်ရပေမည်။ ရှမ့်လန်အတုလား၊ လူလိမ်ကောင်လား။

ကျန်းလီက လူလိမ်ကောင်ကို သုံးရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိပါက မိုကျင်းတစ်ခုလုံး ပျက်စီးသွားမည်ဟု ပြောခဲ့သည်။ သို့သော်ငြား အရာအားလုံး အဆင်ပြေနေသည့်ပုံ ပေါက်နေသည်။ ရှမ့်လန်သည် ကောင်းကင်မျှော်ရုပ်တုကြီး၏ အာဏာကို ရရှိထားပြီး သဲကန္တာရကြီး တစ်ခုလုံးကို အချိန်မရွေး စောင့်ကြည့်နိုင်သည်။

ထို့အပြင် အမြင့်ဆုံး အာဏာကို မရရှိသေးသော်လည်း စွမ်းအင် နဂါးအမြောက်များကို ပစ်လွှတ်နိုင်စွမ်း ရှိသည်။ မည်သို့ပင်ဖြစ်စေ ရှမ့်လန်၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတော့ လောလောဆယ်တွင် မိုကျင်း ပျက်စီးမည့် အန္တရာယ်ကို သူ မတွေ့မြင်ရသေးပေ။

ကျန်းလီ၏ ငရဲသလင်းကျောက်သည် တောင်ဘက်သို့ ပျံ့နှံ့နေသည်။ ဧရာမ ကျောက်တိုင်ကြီးများသည် သဲကန္တာရကြီးထဲသို့ ဆက်တိုက် ထိုးစိုက်ဝင်ရောက်နေသည်။ မိုကျင်း အနီးသို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ထိုနေရာသည် ကျန်းလီ၏ နယ်မြေ ဖြစ်လာတော့မည်။ သူသည် ဘုရားသခင်၏ စွမ်းအားကို ပိုင်ဆိုင်သွားမည်။ သို့သော်ငြား ထိုအရာသည် လအနည်းငယ် ကြာပြီးမှ ဖြစ်ပျက်လာမည့် ကိစ္စဖြစ်၏။

ထို့အပြင် ဤရှမ့်လန်အတုသည် အလွန် ထူးဆန်းနေသည်။ သူ့တွင် မည်သည့် အပြစ်အနာအဆာမှ မရှိပေ။ ဝိညာဉ်ကမ္ဘာထဲတွင်ပင် သူသည် ပြင်းပြသော တိုက်ခိုက်လိုစိတ်၊ တရားမျှတမှု စိတ်ဓာတ်တို့ဖြင့် ပြည့်နှက်နေသည်။ သူသည် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသူ၊ ရှမ့်လန်ကို အနိုင်ယူပြီး ရှမ့်လန်ကို လူလိမ်ကောင်အဖြစ် ပြောင်းလဲပစ်ချင်သူ တစ်ယောက်နှင့် တူနေသည်။

မင်းသမီး နင်ဟန်က မေးလိုက်၏။ “အရှင်... အရှင်က မိုကျင်း ပိရမစ်ကြီးကို ထိန်းချုပ်ခွင့် အာဏာ ရရှိထားပေမဲ့ အရှင်က ပြင်ပလူ ဖြစ်နေတုန်းပါပဲ။”

ရှမ့်လန်က ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ ကျုပ်က လူသားဖြစ်တဲ့အတွက် ပြင်ပလူပဲ။၊ ခင်ဗျားကတော့ အထဲကလူ ဖြစ်နေတယ်။၊ မဟုတ်ရင် ဘုရင်မ မီဒူဆာက ခင်ဗျားကို ရှေးဟောင်းအမွေအနှစ် ဝင်ပေါက် ပြသမှာ မဟုတ်သလို ခင်ဗျားလည်း ခန္ဓာကိုယ် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။”

ယခုအချိန်ထိ နင်ဟန် တစ်ယောက်တည်းသာ မိုကျင်း ဝင်ပေါက်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ကျိုးရှီနှင့် ရှမ့်လန်အပါအဝင် လူတိုင်းသည် သူမ ဦးဆောင်မှသာ ဝင်ရောက်နိုင်ခဲ့ကြသည်။ ထို့ကြောင့် ဤမြို့တော် အတွက် နင်ဟန်သည် သူတို့လူ ဖြစ်နေ၏။

အဘယ်ကြောင့်ဆိုသော် ပျောက်ဆုံးအင်ပါယာ၏ မီဒူဆာ တော်ဝင်မျိုးနွယ်နှင့် ရှေးဟောင်း အင်ပါယာ၏ ကောင်းကင်မျှော်ရုပ်တုကြီး နှစ်ခုစလုံးသည် လူခေါင်းမြွေကိုယ် ပုံစံများ ဖြစ်ကြသည်။ အတိုင်းအတာ တစ်ခုအထိ သူတို့သည် မျိုးနွယ်တူများ ဖြစ်ကြသည်။

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ဘုရင်မ မီဒူဆာနဲ့ မျက်လုံးချင်း ဆုံမိတုန်းက ကျွန်မ ဦးနှောက် ပေါက်ကွဲထွက်သွားမလို ခံစားခဲ့ရပါတယ်။ ဘာမှ မသိတော့ဘူး။”

တကယ်တော့ ရှမ့်လန်လည်း အလားတူပင်။ သူသည် သတင်းအချက်အလက် အနည်းငယ်ကိုသာ လက်ခံနိုင်ပြီး ကျန်သည်များကို နားမလည်ခဲ့ပေ။

မင်းသမီးနင်ဟန်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ခန္ဓာကိုယ်ပြောင်းလဲပြီးတဲ့နောက် မသိရတဲ့ သတင်း အချက်အလက်တွေ အကုန်လုံး ရှင်းလင်းသွားခဲ့ပါတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ဒီခန္ဓာကိုယ်က ပျောက်ဆုံးအင်ပါယာနဲ့ မျိုးနွယ်တူ၊ မီဒူဆာနဲ့ မျိုးနွယ်တူ ဖြစ်နေလို့လေ။”

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ပြီးတော့ မီဒူဆာမျိုးနွယ်စုက ဒီဝိညာဉ်ဗဟုသုတတွေကို လူသားတွေနဲ့ မျှဝေနိုင်တဲ့ အထူးနည်းလမ်းတစ်ခု ရှိပုံရတယ်။”

ရှမ့်လန် ချက်ချင်း သဘောပေါက်သွားသည်။ ထိုစဉ်က ကျန်းရှဲ့သည် ဘုရင် မီဒူဆာ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီး နတ်ဘုရားအကြည့်အပါအဝင် သူမ၏ စွမ်းရည်အားလုံးကို ရရှိခဲ့ခြင်း ဖြစ်သည်။

မင်းသမီးနင်ဟန်က ရှင်းပြ၏။ “ကျွန်မတို့ကြား လက်ထပ်ထိမ်းမြားခြင်း မဟာမိတ်ပြုမှုတစ်မျိုး ဖြစ်သင့်ပါတယ်။၊ အရှင်နဲ့ ကျွန်မကို ခမည်းတော် နင်ယွမ်ရှန်းနဲ့ ကျန်းလီတို့က စေ့စပ်ပေးခဲ့ဖူးပါတယ်။ ဒီစေ့စပ်မှုကို ဖျက်သိမ်းလို့ ရပါတယ်။၊ ဒါပေမဲ့ အရှင် မိုကျင်းကို ပိုမိုကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့၊ ဒီမြို့တော်ရဲ့ စွမ်းအားနဲ့ အာဏာကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ဖို့၊ ကျွန်မတို့ လက်ထပ်ပေါင်းစည်းရမယ်လို့ ထင်ပါတယ်။၊ ပြီးရင် ကျွန်မရဲ့ ဝိညာဉ်စွမ်းအားကို မွန်မြတ်ပြီး ရင်းနှီးတဲ့နည်းလမ်းနဲ့ မျှဝေပေးလို့ ရပါတယ်။၊ သေချာတာပေါ့။ ဒါက တစ်ဖက်သတ် မျှဝေခြင်းပါ။၊ ကျွန်မက အရှင့်ကို အကုန်ပေးမှာဖြစ်ပြီး အရှင်က ကျွန်မကို ဘာမှ မျှဝေပေးစရာ မလိုပါဘူး။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါက စိတ်ချင်း ပေါင်းစည်းခြင်းပဲမလား။”

“ဟုတ်ပါတယ်...”

မင်းသမီး နင်ဟန်က ပြောလိုက်၏။ “အနည်းဆုံးတော့ အရှင် ဒီမြို့တော်ရဲ့ ဝင်ပေါက်ကို သိထားဖို့ လိုပါတယ်။ ကျွန်မက ဒီလျှို့ဝှက်ချက်ကို တစ်ယောက်တည်း သိမ်းထားလို့ မဖြစ်ပါဘူး။”

ထို့အပြင် ဤမျှသာ မကသေးပေ။ ရှမ့်လန်သည် ကောင်းကင်မျှော်ရုပ်တုကြီး၏ မျက်လုံးကို ကြည့်ပြီး အဆင့်မြင့် နဂါးဉာဏ်အလင်းကို သင်ယူနိုင်မလားဟု မေးမြန်းခဲ့ဖူးသည်။ သို့သော်ငြား ပိရမစ်ကြီး၏ စွမ်းအင်သက်ရှိက ရှမ့်လန်တွင် လုံလောက်သော အာဏာမရှိသဖြင့် မပြောပြနိုင်ကြောင်း ငြင်းဆိုခဲ့သည်။ သူသည် စစ်မှန်သော လူသား၊ ပြင်ပလူ ဖြစ်သော်လည်း နဂါးဉာဏ်အလင်းကို ပိုင်ဆိုင်ထားသည်။

မင်းသမီးနင်ဟန်သည် ခန္ဓာကိုယ် ပြောင်းလဲပြီးနောက် ဘုရင်မ မီဒူဆာနှင့် ရေစက်တစ်ခုခု ရှိလာခဲ့သည်။ ထို့ကြောင့် ဤမြို့တော်အတွက် သူမသည် ကိုယ့်လူ ဖြစ်နေသော်လည်း နဂါးဉာဏ်အလင်းကို မသိရှိပေ။ ထို့ကြောင့် ရှမ့်လန်နှင့် မင်းသမီးနင်ဟန်သာ လက်ထပ်လိုက်ပါက သဘောတရားအရ မျိုးနွယ်စု နှစ်ခု လက်ထပ်ထိမ်းမြားခြင်း မဟာမိတ်ပြုမှု ဖြစ်လာပေလိမ့်မည်။

ထိုနည်းလမ်းဖြင့် ရှမ့်လန်သည် မင်းသမီးနင်ဟန်ထံမှ မီဒူဆာ မျိုးနွယ်စုနှင့် ပတ်သက်သော ဝိညာဉ် စွမ်းအားကို ရရှိပြီး သူ့အာဏာ တိုးတက်လာနိုင်သည်။ အဆင့်မြင့် နဂါးဉာဏ်အလင်းကို ရရှိရန် အထောက်အကူ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အနည်းဆုံးတော့ အိမ်ရှေ့စံကျန်းရှဲ့သည် ဘုရင်မ မီဒူဆာ၏ ဗဟုသုတနှင့် စွမ်းရည်များ အားလုံးကို ထိုနည်းလမ်းဖြင့် ရရှိခဲ့ခြင်း ဖြစ်၏။

ရှမ့်လန်က မေးလိုက်သည်။ “ဝိညာဉ် ပေါင်းစည်းခြင်း သတ်သတ်ပဲလား။ ဒါမှမဟုတ်...”

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “အရှင်သာ စိတ်မရှိဘူးဆိုရင် ကျွန်မ ကလေးယူဖို့ ဆန္ဒရှိပါတယ်။”

သူတို့သည် ယခင်က ရန်ငြိုးများရှိခဲ့ဖူးသည်။ ရှမ့်လန်က သဘောထားကြီးသူ တစ်ယောက်မဟုတ်ပေ။ ယခင်က ဖြစ်ခဲ့သော ကိစ္စများကို ခွင့်လွှတ်ရန်မှာ မည်သို့မှ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ယခု သူမကို မသတ်နိုင်မှတော့ ဗိုက်ကြီးအောင်သာ လုပ်ရတော့မည်လား။

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီလေ... ခင်ဗျား စိတ်မရှိဘူးဆိုရင် မင်္ဂလာပွဲကို အချိန်မရွေး ကျင်းပလို့ ရပါတယ်။”

မင်းသမီး နင်ဟန်က ပြောလိုက်၏။ “ကောင်းပါပြီ ... အရှင်... ကျွန်မ အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်။”

ထိုည၌ ရှမ့်လန်သည် မင်းသမီး နင်ဟန်နှင့် တရားဝင် လက်ထပ်လိုက်ပြီး သူမကို တော်ဝင်ချန်အင်ပါယာ၏ အဓိက ကြင်ယာတော်အဖြစ် တင်မြှောက်လိုက်သည်။

.............

မင်းသမီးနင်ဟန်သည် မှန်ရှေ့တွင် ထိုင်နေပြီး ကျူးနင်က သူမကို မိတ်ကပ်လိမ်းပေးနေသည်။

“အစ်မနင်ဟန်... ကျွန်မက အစ်မထက် အသက်နည်းနည်း ငယ်ပေမဲ့ အခုတော့ ကျွန်မက အမေအိုကြီးလို ဖြစ်နေပြီ။”

ကျူးနင်က ပြုံးရင်း ပြောလိုက်၏။ “အစ်မကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကလို နုပျိုနေတုန်းပဲ။၊ ရုပ်ရည်တောင် လုံးဝ ပြောင်းလဲသွားသေးတယ်။ တကယ် အားကျစရာပါပဲ။”

မင်းသမီးနင်ဟန် ပြန်မဖြေခဲ့ပေ။ နှစ်သိမ့်စကားလည်း မဆိုခဲ့ချေ။ ကျူးနင်သည် ယခင်က ဟန်ဆောင်သန်မာသူ၊ အားနည်းသူ ဖြစ်ပြီး သူတစ်ပါး၏ နှစ်သိမ့်မှုကို လိုအပ်ခဲ့သော်လည်း ယခုအခါ သူမ လုံးဝ မလိုအပ်တော့ပေ။

နင်ဟန်က မေးလိုက်သည်။ “ကျူးနင်... မင်း ဘဝရဲ့တစ်ဝက်ကို ရောက်နေပြီနော်။ နောင်တရတာမျိုး ရှိလား။”

“နောင်တ..”

ကျူးနင် ခဏမျှ တွေဝေသွားသည်။ အပေါ်ယံကြည့်လျှင် ပို၍ သန်မာလာသူများသည် နောင်တရကြောင်း ထုတ်ဖော် ပြောဆိုလေ့ မရှိပေ။ သို့သော်ငြား နောင်တမရဘဲ မည်သို့ အသက်ရှင်နိုင်မည်နည်း။ နောင်တနှင့် ဝမ်းနည်းခြင်းသည်လည်း ဘဝ၏ အရေးပါသော အစိတ်အပိုင်းပင် ဖြစ်၏။

“နည်းနည်းတော့ နောင်တရမိတယ်။”

ကျူးနင်က ပြောလိုက်သည်။ “တစ်ချိန်တုန်းက ကျွန်မရှေ့မှာ လှပတဲ့အိမ်ထောင်ရေးတစ်ခု ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မရဲ့မောက်မာမှုနဲ့ အစွဲတွေကြောင့် လက်လွတ်ခဲ့ရတယ်။၊ အခု ပြန်စဉ်းစားကြည့်တော့ ကျင်းမူကုန်း က ကျွန်မ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ယောကျ်ား ဖြစ်လောက်တယ်။၊ သူက ကြင်နာတတ် သလို စိတ်ဝင်စားစရာလည်း ကောင်းတယ်။၊ လောကကြီးမှာ ဒီအချက်နှစ်ချက်နဲ့ ပြည့်စုံတဲ့ ယောကျ်ားဆိုတာ ရှားပါတယ်။”

မင်းသမီး နင်ဟန်က ပြော၏။ “သူက သိပ်မချောဘူးလို့ မင်း ပြောခဲ့ဖူးတယ်လေ။”

“ဟုတ်တယ်။”

ကျူးနင်က ဆိုသည်။ “ဘယ်မိန်းကလေးက ရုပ်ရည်အတားအဆီးကို ကျော်လွှား နိုင်မှာလဲ။၊ ဒါပေမဲ့ ကျင်းမူကုန်းက နောက်ပိုင်းကျ ပိုချောလာပါလိမ့်မယ်။၊ ကျွန်မက မျက်စိပါလျက်နဲ့ ကန်းနေခဲ့တာပါ။၊ ကြည့်ရတာ ဝတဲ့လူတိုင်းမှာ အလားအလာ ရှိပုံရတယ်။”

…..

ထို့နောက် ကျူးနင်က ပြုံးလိုက်၏။ သူမ၏ စိတ်နှလုံးသားသည် တကယ်ပင် သန်မာကြောင်း တွေ့မြင်ရ၏။

မင်းသမီး နင်ဟန်က မေးလိုက်သည်။ “အဲဒီတုန်းက မင်း ကျင်းမူကုန်းကို ကြိုက်ခဲ့တာလား။”

ကျူးနင်က ဖြေလိုက်၏။ “အဲဒီတုန်းက သူ့ရဲ့ရုပ်ခန္ဓာကို မဟုတ်ဘဲ စိတ်ဝိညာဉ်ကို ကြိုက်ခဲ့တာပါ။ သူက တကယ် စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပါ။ မူလကတည်းက စိတ်ဝင်စားစရာ ကောင်းပြီးသားပါ။ ရှမ့်လန်ရဲ့ လေ့ကျင့်ပေးမှု ခံယူပြီးတဲ့နောက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့တယ်။

အရေးအကြီးဆုံးအချက်က သူ ကျွန်မကို လုံလောက်အောင် ချစ်တယ်။ ဒါက အရမ်း အရေးကြီးပါတယ်။ ဒါပေမဲ့ အခုတော့ ဘာမှပြောလို့ မရတော့ပါဘူး။ သူ့ကလေးတောင် အရွယ်ရောက်နေပြီလေ။”

မင်းသမီး နင်ဟန်က မေးလိုက်သည်။ “ဒါဆို အခု ရှမ့်လန်ကို မုန်းလား။”

ကျူးနင်က ဖြေလိုက်၏။ “လုံးဝ မမုန်းပါဘူး။ တကယ်တော့ သူ ကျွန်မနဲ့ ကျင်းမူကုန်းကို အောင်သွယ် ပေးတုန်းက နိုင်ငံရေးနဲ့ သက်ဆိုင်နေပေမဲ့ သူ့ယောက်ဖ ကျင်းမူကုန်းကို ချစ်ပြီး မိန်းမကောင်းတစ်ယောက် ရှာပေးချင်ခဲ့တာပါ။ ကျွန်မက စိတ်ဝင်စားစရာကောင်းမယ်လို့ သူ ထင်ခဲ့ပုံရတယ်။ ဒါပေမဲ့ သူ မှားသွားခဲ့တယ်။ အဲဒီတုန်းက ကျွန်မက ကျက်သရေရှိချင်ယောင် ဆောင်နေခဲ့တာပါ။”

ထို့နောက် ကျူးနင်က ပြန်မေးလိုက်သည်။ “အစ်မက ရှမ့်လန်ကို အရိုးထဲထိ မုန်းခဲ့ဖူးတယ်မလား။ အခုရော ဘယ်လိုလဲ။”

စိတ်ဝင်စားစရာကောင်းသည်မှာ အမျိုးသမီးနှစ်ဦး သီးသန့်ရှိနေချိန်တွင် ရှမ့်လန်၏အမည်ကို ဂုဏ်ပုဒ်များ မပါဘဲ တိုက်ရိုက် ခေါ်ဝေါ်ကြခြင်းပင်။ ၎င်းမှာ သူတို့၏ စိတ်နှလုံးသားအတွင်းပိုင်းတွင် ရှမ့်လန်အပေါ် သစ္စာမရှိ၍ မဟုတ်ပေ။ အများပိုင်ကိစ္စနှင့် ပုဂ္ဂိုလ်ရေး ကိစ္စကို ခွဲခြားထားခြင်းသာ ဖြစ်၏။

အများရှေ့တွင်မူ မင်းသမီးနင်ဟန်နှင့် ကျူးနင်တို့သည် ရှမ့်လန်အပေါ် လုံးဝ သစ္စာရှိကြပြီး လူ့လောက၏ အမြင့်ဆုံး အုပ်ချုပ်သူအဖြစ် ဆက်ဆံကြသည်။ သို့သော်ငြား သီးသန့် အနေအထားတွင်မူ သူတို့ နှစ်ဦးသည် ရှမ့်လန်အပေါ်ထားရှိသော ပြင်းထန်ပြီး ရှုပ်ထွေးသည့် ခံစားချက်များကို မဖျောက်ဖျက်နိုင်ကြပေ။

မင်းသမီးနင်ဟန်သည် ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ “မုန်းတုန်းပဲ ဖြစ်လောက်တယ်။ သူက အရမ်း ဆိုးသွမ်းတယ်။ အရမ်း မောက်မာတယ်။ သူမှန်တယ်လို့ပဲ အမြဲတမ်း စွဲကိုင်ထားတယ်။ သူ့ကိုယ်သူပဲ ကြည့်တယ်။ ဘယ်တော့မှ လေသံမပြောင်းဘူး။”

တကယ်တော့ မင်းသမီး နင်ဟန်သည် ရှမ့်လန်နှင့် ရင်ဖွင့်စကားပြောရန် ကြိုးစားခဲ့ဖူးသည်။ ထိုစဉ်က သူမ မေးခဲ့ဖူး၏။ “အရှင် စွဲကိုင်ထားတဲ့ အကြောင်းပြချက်က တရားမျှတတယ်လို့ သေချာလား။ အရှင် ကျန်းလီက ဒဏ္ဍာရီတွေထဲကလို တကယ်ပဲ ဘုန်းကြီးပြီး ဖြောင့်မတ်သလား။”

ထိုစဉ်က မင်းသမီးနင်ဟန်သည် ရှမ့်လန်နှင့် နက်နက်ရှိုင်းရှိုင်း စကားပြောရန် တကယ် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် ရှမ့်လန်က ဂရုမစိုက်ကြောင်းသာ ပြောခဲ့သည်။ သူ့တွင် ရည်မှန်းချက်တစ်ခုသာ ရှိသည်။ ၎င်းမှာ လက်စားချေခြင်း ဖြစ်သည်။

ပို၍ တည့်တိုးပြောရလျှင် တရားမျှတသည်၊ မမျှတသည်ကို သူ ဂရုမစိုက်ပေ။ သူ့ကို အရင် လက်စားချေခွင့် ပေးရမည်။ ရန်သူစာရင်းကို အရင်ရှင်းခွင့်ပေးရမည်။ သူ ကျေနပ်သွားမှသာ တရားမျှတမှုနှင့် အမှန်တရား အကြောင်း လာပြောရန် ခွင့်ပြုပေလိမ့်မည်။

ကျူးနင်က ပြောလိုက်၏။ “ဒါပေမဲ့ လောကလူသားတွေအပေါ်ထားတဲ့ သူ့ရဲ့ မေတ္တာတရားကတော့ အစစ်မှန်ဆုံးပါပဲ။ ဘာအကျိုးလိုလားချက်မှ မရှိသလို အညစ်အကြေးလည်း ကင်းစင်ပါတယ်။”

မင်းသမီးနင်ဟန်က ဆိုသည်။ “ဒါကြောင့် စကားပုံတစ်ခု ရှိတာပေါ့။ ကိုယ့်ဘုရင်ကို ကိုယ်ရွေးချယ်ခွင့် မရှိဘူးတဲ့။ ကောင်းကင်ဘုံက ပေးသနားထားတဲ့ ဘုရင်က အကောင်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

ကျူးနင်က မေးလိုက်၏။ “ဒါနဲ့ ရှမ့်လန်ကို လက်ထပ်ရတာ ပျော်ရဲ့လား။”

မင်းသမီးနင်ဟန်က ဖြေသည်။ “ခံစားချက်ပေါင်းစုံပါပဲ။ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ထောင်ချီနေတာပေါ့။”

ကျူးနင်က ထပ်မေးလိုက်၏။ “ဒါဆို သူ့ကို ကြိုက်လား။ ချစ်ရော ချစ်လား။”

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “အရင်တုန်းက သူ့ကို အရိုးထဲထိ မုန်းခဲ့ဖူးတယ်။ အဲဒါနဲ့တင် လုံလောက် နေပါပြီ။ ဒီအချက်တစ်ခုတည်းနဲ့တင် သူက ကျွန်မရင်ထဲက တစ်ဦးတည်းသော ယောကျ်ား ဖြစ်နေခဲ့တာပါ။ သူ မွေးဖွားလာကာစတည်းက ကျွန်မ သူ့လက်ချက်နဲ့ ပျက်စီးခဲ့ရတာလေ။ အခု ရလဒ်တစ်ခု ထွက်လာတော့လည်း ကျွန်မ ပျော်ပါတယ်။ ဒါကြောင့် သူ့ကို အရိုးထဲထိ မုန်းတယ်။ ဒါပေမဲ့ အချစ်နဲ့ အမုန်းကြားမှာ ပါးလွှာတဲ့ မျဉ်းတစ်ကြောင်းပဲ ရှိတော့ ကျွန်မ မဝေခွဲတတ်တော့ဘူး။”

မင်းသမီးနင်ဟန်သည် အဝတ်အစား လဲလှယ်ပြီးနောက် နင်ယွမ်ရှန်း၏ မိဖုရားဟောင်း ဖြစ်သူ၊ ကျူးကျွင်း၏ ညီမ ဝင်ရောက်လာပြီး သတို့သမီးကို ခေါ်ဆောင်သွားသည်။ သူမလည်း အိုမင်းနေပြီဖြစ်ပြီး ဆံပင်များ ဖြူဖွေးနေသည်။ သို့သော်လည်း မျက်နှာမှာ ချောမွတ်ပြေပြစ်နေဆဲ ဖြစ်၏။

နင်ယွမ်ရှန်းနှင့် လက်ထပ်စဉ်က သူမသည် မောက်မာဝင့်ကြွားခဲ့သည်။ ဒူးထောက်အညံ့ခံသော နင်ယွမ်ရှန်းကို ရင်ထဲမှ အထင်သေးခဲ့သည်။ သို့သော်ငြား အဆုံးတွင် နင်ယွမ်ရှန်း မတ်တတ်ရပ်နိုင်ခဲ့သည်။ ကျိုးပဲ့နေသော ခါးကို ပြန်လည်ဆန့်တန်းလိုက်ပြီး မိဖုရားကျူးနှင့် အိမ်ထောင်ရေးကို အဆုံးသတ်လိုက်သည်။

မိဖုရားကျူး မဟုတ်သေးပေ။ မိဖုရားဟောင်းကျူးဟု ခေါ်ရပေမည်။ သူမသည် တစ်သက်လုံး မပျော်ရွှင်ခဲ့ရပေ။ နေအိမ်သို့ ပြန်လွှတ်ခံရပြီးနောက် သူမ၏ စိတ်ပိုင်းဆိုင်ရာ မှီခိုအားထားရာ အားလုံး ပျောက်ဆုံးသွား ခဲ့ရ၏။

ရုတ်တရက် သူမသည် မိသားစုထံ ပြန်ရောက်ချိန်မှာတော့ ဘာမှမပိုင်ဆိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ သူမ ဂုဏ်သိက္ခာကို နင်းချေခဲ့သော ခင်ပွန်းသည်နင်ယွမ်ရှန်းကသာ သူမ၏ တစ်ဦးတည်းသော ပိုင်ဆိုင်မှု ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် သားသမီး တစ်ယောက်မှ မရှိသောကြောင့် ဖြစ်သည်။

သို့သော်ငြား မြောက်ဝင်ရိုးစွန်း အရေးအခင်းပြီးနောက် မိဖုရားဟောင်းကျူးသည် အသက်ရှင်သန်ရန် မျှော်လင့်ချက် တိုင်တစ်တိုင်ကို ရှာတွေ့ခဲ့သည်။ ၎င်းမှာ ဆက်လက်ရှင်သန်ရန် ဖြစ်သည်။ လောကကြီးကို ကယ်တင်ပြီးချိန်တွင် သူမ၏ ခင်ပွန်း နင်ယွမ်ရှန်းကို ပြန်တွေ့ချင်သည်။ တောင်းပန်စကား ဆိုရန်မဟုတ်ပေ။ ယခင် ရေစက်ကို ပြန်ဆက်ရန် မဟုတ်ပေ။ တွေ့ဆုံချင်ရုံ သတ်သတ်သာ ဖြစ်၏။

မိဖုရားဟောင်းကျူးက ပြောလိုက်သည်။ “သမီးလေး... မင်းက အရမ်းကံကောင်းပါတယ်။ အိမ်ထောင်ပြု တော့မယ်ဆိုတော့ အနည်းဆုံးတော့ သတိရှိပါ။ မင်းရဲ့ယောကျ်ားက တကယ်ကို သန်မာလာပြီ။ မင်း သူ့ကို လုံးဝ အားကိုးလို့ ရပါတယ်။”

ထို့နောက် မိဖုရားဟောင်းကျူးသည် မင်းသမီး နင်ဟန်၏ လက်ကို ဆွဲကာ အရှေ့ခန်းမဆောင်သို့ ထွက်ခွာလာခဲ့၏။

.............

ရှမ့်လန်နှင့် မင်းသမီးနင်ဟန်တို့၏ မင်္ဂလာပွဲသည် အလွန် တရားဝင်သည်။ တိတိကျကျ ပြောရလျှင် ကြင်ယာတော် မြှောက်သည့် အခမ်းအနား ဖြစ်သည်။ အရာအားလုံးကို စာအုပ်ထဲမှ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခဲ့ပြီး အလွန် စေ့စပ်သေချာသည်။ သို့သော်ငြား အခမ်းအနားသို့ တက်ရောက်သူ ရာဂဏန်း အနည်းငယ်သာ ရှိသည်။

နာရီအနည်းငယ်အကြာတွင် ရှမ့်လန်က မင်းသမီးနင်ဟန်ကို ကြင်ယာတော်အဖြစ် တင်မြှောက်သည့် အခမ်းအနား တရားဝင် ပြီးဆုံးသွားခဲ့သည်။ သူမကို မင်္ဂလာဦးခန်းဆောင်သို့ ပို့ဆောင်လိုက်၏။

..........

အပိုင်း (၁၃၃၆)

မင်္ဂလာဦးခန်းဆောင်အတွင်း၌ ......

ဤနေရာကို လုံးဝ ပြန်လည်မွမ်းမံထားသည်။ သရဲမြို့တော် မဟုတ်သော်လည်း အတော်လေး ဆင်တူနေသည်။ ၎င်းသည် ဝိညာဉ်ရေးရာ ဆက်နွယ်နေသော နေရာတစ်ခု ဖြစ်ပြီး ရှေးဟောင်း အင်ပါယာခေတ်က မင်္ဂလာဆောင်ပြီးစ စုံတွဲများအတွက် မင်္ဂလာဦးခန်းဆောင် ဖြစ်ခဲ့သည်။

ဤရှေးဟောင်းအင်ပါယာသည် ပျောက်ဆုံးအင်ပါယာနှင့် တူညီပြီး ဝိညာဉ်ချင်းပေါင်းစည်းမှုကို အလွန် အလေးထားကြသည်။ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုထက် များစွာပို၍ အရေးကြီးသည်။ ဤကဲ့သို့သော ဝိညာဉ်ချင်း ပေါင်းစည်းမှုသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် ကြီးမားသော တိုးတက်မှု ဖြစ်စေ၏။

ဤအချက်က ရှမ့်လန်ကို တစ်စုံတစ်ခု တွေးမိစေသည်။ ပျောက်ဆုံးအင်ပါယာသည် ကြီးမားသော နိဗ္ဗာန စစ်ပွဲကြီးပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့သော ရှေးဟောင်းအင်ပါယာ၏ အစိတ်အပိုင်း ဖြစ်နေသည်လား။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယဉ်ကျေးမှုကို ပြန်လည် ဖွံ့ဖြိုးတိုးတက်စေရန် ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့ကြသောကြောင့် ဖြစ်သည်။

သို့မဟုတ် ပျောက်ဆုံးအင်ပါယာသည် သဲကန္တာရကြီးရှိ ရှေးဟောင်းအင်ပါယာနှင့် ယဉ်ကျေးမှု တူညီ နေသည်လား။ တစ်စုက ကုန်းမြေပေါ်တွင် နေထိုင်ရန် ရွေးချယ်ခဲ့ပြီး အခြားတစ်စုက တခြားနေရာတွင် နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်လား။

“ကြွပါ။”

“ကြွပါ။”

ဤမင်္ဂလာဦးခန်းဆောင်သည် တကယ်တော့ ဧရာမ ခေါင်းတလားကြီး ဖြစ်နေပါသည်။ အတွင်း၌ သင်္ကေတ အမျိုးမျိုး ထွင်းထုထားပြီး ရေတွက်၍မရသော သလင်းကျောက်များ မြှုပ်နှံထားသည်။ ဤခေါင်းတလားသည် ကန်ဝမ် စေတီတောင်သို့ ယူဆောင်သွားခဲ့သော သရဲခေါင်းတလားနှင့် ဆင်တူနေသော်လည်း ပို၍ ကြီးမားပြီး ပို၍ နက်နဲဆန်းကြယ်သည်။ ကန်ဝမ်၏ သရဲခေါင်းတလားမှာ အတုအပ ဖြစ်ကောင်း ဖြစ်နိုင်သည်။

ရှမ့်လန်နှင့် မင်းသမီးနင်ဟန်တို့သည် ဤဧရာမ စွမ်းအင်ခေါင်းတလားကြီးထဲသို့ ဝင်ရောက်လိုက်ကြသည်။ တကယ်ပင် သရဲမြို့တော်နှင့် တူညီနေသည်။ ဝင်ရောက်လိုက်သည်နှင့် အမှောင်ထု လွင်ပြင်ကြီးတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ အာကာသ၊ အာရုံခံစားမှု၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် မရှိတော့ပေ။ မိမိတို့၏ ခန္ဓာကိုယ်ကိုပင် မခံစားရတော့ဘဲ ဝိညာဉ်ကိုသာ ခံစားရတော့၏။

သို့သော်ငြား သရဲမြို့တော်နှင့် ကွာခြားပြီး ထိုမျှလောက် သုန်မှုန်၍ ကြောက်မက်ဖွယ် မကောင်းပေ။ သူ မမှားဘူးဆိုလျှင် သရဲမြို့တော်ဟုခေါ်ဆိုသော နေရာ၏ မူလပုံသဏ္ဍာန်မှာ ရှေးဟောင်းအင်ပါယာ၏ ဤဧရာမ ခေါင်းတလားကြီး ဖြစ်ပြီး အပြောင်းအလဲ အချို့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဝိညာဉ် မျှဝေခြင်းနှင့် ပေါင်းစည်းခြင်း အားလုံးကို ဤဧရာမ သရဲခေါင်းတလားကြီးထဲတွင် ပြုလုပ်ကြသည်။ လင်မယား နှစ်ယောက်အတွက် ထာဝရ အမြဲတမ်း တည်တံ့ပြီး အမွန်မြတ်ဆုံးအရာမှာ ခေါင်းတလား တစ်လုံးတည်း၌ အတူတူ သေဆုံးခြင်း ဖြစ်ပေလိမ့်မည်။

မင်းသမီးနင်ဟန်သည် သူမ၏ ဝိညာဉ်ကာကွယ်ရေး အားလုံးကို ဖယ်ရှားလိုက်ပြီး အတွေးများ၊ မှတ်ဉာဏ်များ၊ ဗဟုသုတများ၊ ဆန္ဒများ၊ အာရုံခံစားမှုများ စသည်တို့ကို ဖွင့်ချလိုက်သည်။ အတိုင်းအတာ တစ်ခုအထိ ဤအရာသည် တရားမျှတမှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်သတ် ဖွင့်ချခြင်း ဖြစ်သောကြောင့်ပင်။ ဆိုလိုသည်မှာ ရှမ့်လန်အတွက် သူမ၌ လျှို့ဝှက်ချက် မရှိတော့ပေ။

သူမသည် ကိရိယာတစ်ခုကဲ့သို့ပင် ခံစားလိုက်ရသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက မိစ္ဆာတြိဂံ နယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ယနေ့အတွက် ဖြစ်နေသည်လား။ သူမ … နင်ဟန်သည် ရှမ့်လန်ထံသို့ သတင်းအချက်အလက် ပေးပို့ရန် ကိရိယာတစ်ခု သတ်သတ် ဖြစ်နေသည်လား။

နင်ဟန်က မေးလိုက်သည်။ “အရှင်ရှမ့်လန်... နုရှောင့်မြို့တော်နားမှာ ကျွန်မတို့ တွေ့တုန်းက အရှင့်ကို မေးခွန်းတချို့ မေးခဲ့ဖူးပါတယ်။ အရှင် လျှောက်လှမ်းနေတဲ့လမ်းကြောင်းက လုံးဝ မှန်ကန်တယ်လို့ အာမခံ နိုင်မလား။ အရှင် လုပ်ဆောင်နေတဲ့ ကိစ္စက လုံးဝ တရားမျှတမှု ရှိရဲ့လား။ အဲလို ကြားရတော့ ဘယ်လို ခံစားရလဲ။”

ရှမ့်လန် ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ရင်ထဲမှာတော့ နက်နက်ရှိုင်းရှိုင်း တွေးတောမိတယ်။ ဒါပေမဲ့ အပေါ်ယံမှာတော့ ဂရုမစိုက်သလို နေခဲ့ပါတယ်။ ပြီးတော့ မင်းပြောတာ တကယ် မှန်နေတာကိုး။”

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “အဲဒီတုန်းက တော်ဝင်ရန်အင်ပါယာနဲ့ သဘာဝလွန် အင်အားစု အချို့ ပေါင်းပြီး ကျန်းလီကို တိုက်ခိုက်ခဲ့ကြတယ်။ သူတို့မှာ ကိုယ်ပိုင်အာဏာ ရည်မှန်းချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။

ဒါပေမဲ့ နောက်ဆုံးကျတော့ ရှေးဟောင်းယဉ်ကျေးမှုကို လွတ်မြောက်စေမဲ့ သူ့လမ်းကြောင်းကို နှိပ်ကွပ်ချင် ခဲ့ကြတာပါ။ ဘာလို့လဲဆိုတော့ ကျွန်မဆရာ ကျိုးရှီနဲ့ တော်ဝင်ရန်အင်ပါယာတို့က ကြီးမားတဲ့ အန္တရာယ်တွေ ကို မြင်တွေ့ခဲ့လို့ပဲ။

ဒါပေမဲ့ နှုတ်ဖြင့် ဆွေးနွေးငြင်းခုံရာမှာတော့ ကျန်းလီရဲ့ စကားတွေက တကယ်ပဲ တရားမျှတမှု ရှိနေခဲ့ပါတယ်။ ဒါကြောင့် ကျွန်မ အရှင့်ကို ပြောရပါမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ကျွန်မတို့ ပူးပေါင်းပြီး ကျန်းလီကို ဖျက်ဆီးခဲ့တာဟာ တစ်ကိုယ်ကောင်းဆန်ခဲ့ကြပေမဲ့ မှန်ကန်ပြီး တရားမျှတတယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “အခု မင်းက ငါ့ကို တောင်းပန်စေချင်တာလား။”

“မလိုပါဘူး။”

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “အရှင့်စကားတွေက ကျွန်မကို လှုပ်ခတ်သွားစေခဲ့ပါပြီ။ စလိုက်ကြစို့။”

ထို့နောက် သတိစိတ်မျှဝေခြင်း အခမ်းအနား တရားဝင် စတင်သည်။ နင်ဟန်သည် သူမ၏ မှတ်ဉာဏ် အားလုံးကို ခြွင်းချက်မရှိ ရှမ့်လန်ထံသို့ လွှတ်ထုတ်လိုက်သည်။ ရှမ့်လန်၏ ဝိညာဉ်လက်တံများသည် နင်ဟန်၏ စိတ်ထဲသို့ အတားအဆီးမရှိ ဝင်ရောက်သွားခဲ့သည်။ ချက်ချင်းဆိုသလို ရေတွက်၍မရသော သတင်းအချက်အလက်များ သူ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ပထမဦးဆုံးနှင့် အရေးအကြီးဆုံးမှာ မိုကျင်း၏ ဝင်ပေါက် ဖြစ်သည်။ ဝိညာဉ်အချက်အလက်များမှာ ကြီးမားလှသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကို အဆက်မပြတ် ပြောင်းလဲနေသော ရေတွက်၍မရသည့် လေဟာနယ် လှိုဏ်ခေါင်းများဖြင့် ပြုလုပ်ထားသောကြောင့် ဖြစ်၏။

ဤအရာသည် မိစ္ဆာတြိဂံနယ်မြေသို့ ဝင်ရောက်သည့် နည်းလမ်းနှင့် ဆင်တူနေသည်။ သို့သော်ငြား မိုကျင်းက ပို၍ နက်နဲဆန်းကြယ်ပြီး ပို၍ စွမ်းအားကြီးမားသည်။ မိစ္ဆာတြိဂံနယ်မြေ၏ ကာကွယ်ရေးသည် လုံလောက်အောင် မသန်မာပေ။ အမှောင်မြူများကို အတင်းဖြတ်ကျော်ကာ ဝဲကတော့များ၊ လေဆင် နှာမောင်းများ နှင့် လျှပ်စီးများကို ရှောင်တိမ်းပြီး ဝင်ရောက်နိုင်သူများ ရှိခဲ့သည်။

မိုကျင်းသို့မူ နက်နဲဆန်းကြယ်ပြီး အမြဲပြောင်းလဲနေသော လေဟာနယ် လှိုဏ်ခေါင်းများမှတစ်ဆင့်သာ ဝင်ရောက်နိုင်သည်။ သို့မဟုတ်ပါက လောကအဆုံးထိ ပျံသန်းသွားလျှင်ပင် သဲကန္တာရကြီး အပေါ်၌သာ ပတ်ချာလည် ပျံသန်းနေမိပေလိမ့်မည်။

ထို့နောက် မင်းသမီးနင်ဟန် လွှတ်ထုတ်လိုက်သော ဝိညာဉ်မှတ်ဉာဏ်များမှာ လူသားပြုပြင်ပြောင်းလဲခြင်း၊ သက်ရှိပြုပြင်ပြောင်းလဲခြင်း၊ သွေးမျိုးဆက်ပြုပြင်ပြောင်းလဲခြင်း စသည်တို့ ဖြစ်သည်။ ဤအပိုင်းရှိ ဝိညာဉ် သတင်းအချက်အလက်များမှာလည်း ကြီးမားလှပြီး နင်ဟန်၏စိတ်အာရုံ သုံးပုံတစ်ပုံခန့်ကို နေရာယူ ထားသည်။

သက်ရှိပြုပြင်ပြောင်းလဲခြင်း ကဏ္ဍတွင် သက်ရှိထောင်ပေါင်းများစွာကို စွမ်းအားကြီး တိုက်ခိုက်ရေး သားရဲများ အဖြစ် ပြောင်းလဲနိုင်ကြောင်း ပါရှိသည်။ လေကြောင်းတပ်တော် တစ်ခုတည်းတွင်ပင် ရာချီသော သားရဲများ ရှိနေ၏။

ဤဝိညာဉ်သတင်းအချက်အလက်များ အရ အသံလွန်သားရဲများနှင့် လျှပ်စီးမြွေပျံများသည် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးသားရဲများသာ ဖြစ်ကြသည်။ ထိုမျှမကသေးဘဲ ဧရာမနဂါး မွေးမြူခြင်း နှင့် သက်ဆိုင်သော စီမံကိန်းများလည်း ပါရှိသည်။ သေချာသည်မှာ နဂါးဉာဏ်အလင်းတွင် ရှမ့်လန်သည် ဧရာမနဂါးများ၏ မွေးဖွားခြင်းနှင့် သမိုင်းကြောင်းကို မြင်တွေ့ခဲ့ပြီး ဖြစ်သော်လည်း ၎င်းသည် စွမ်းအင် ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်သည်။

ဤဝိညာဉ်သတင်းအချက်အလက်များတွင်မူ တည်တိုးဆန်ပြီး ရိုးရှင်းလှသည်။ ရှေးဟောင်းအင်ပါယာ၏ အဆင့်အတန်း တွင် ရပ်တည်ပြီး သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး စစ်ပွဲသားရဲဖြစ်သည့် ဧရာမ နဂါးများကို ဖန်တီးနိုင်၊ မဖန်တီးနိုင် ဖော်ပြထားသည်။ ရှေးဟောင်းအင်ပါယာတွင် လုံးဝ တားမြစ်ချက် တစ်ခုဖြစ်သော နဂါးနတ်ဘုရား အကြောင်းကိုလည်း ဖော်ပြထား၏။

နင်ဟန်၏ ဝိညာဉ်မှတ်ဉာဏ်ထဲရှိ စာသားအချက်အလက်များသည် အလွန် ရှုပ်ထွေးနေကြောင်း ရှမ့်လန် သတိထားမိလိုက်သည်။ ပျောက်ဆုံးအင်ပါယာ၏ ဘာသာစကားများ ပါဝင်သကဲ့သို့ ရှေးဟောင်း အင်ပါယာ၏ ဘာသာစကားများလည်း ပါဝင်နေသည်။ ဤအရာများသည် နဂါးဉာဏ်အလင်း၏ အထူးအက္ခရာများ မဟုတ်ပေ။ သို့သော်ငြား အဓိက သတင်းအချက်အလက် အချို့မှာ နဂါးဉာဏ်အလင်း၏ အထူးအက္ခရာများ ဖြစ်နေပြန်သည်။

မင်းသမီးနင်ဟန် သည် နဂါးဉာဏ်အလင်းကို နားမလည်သဖြင့် ဤလျှို့ဝှက် သတင်းအချက်အလက်များသည် သူမအတွက် ကောင်းကင်ကျမ်း တစ်စောင်ကဲ့သို့ ဖြစ်နေဆဲပင်။ ဘာမှနာမလည်ပေ။ ဆိုလိုသည်မှာ သူမသည် သတင်းအချက် အလက် ပေးပို့သူ တစ်ဦးသာ ဖြစ်၏။

ရှမ့်လန်သည် လူကြီးလူကောင်းဆန်သည်ဟု ဆိုနိုင်သည်။ သူသည် အဓိက သတင်းအချက်အလက်များ ကိုသာ ရှာဖွေနားလည်ခဲ့သည်။ နင်ဟန်၏ မှတ်ဉာဏ်များ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက်၍မူ သူ မည်သည့်အရာကိုမှ မထိတွေ့ခဲ့ပေ။ ထို့နောက် သူ အခန်းထဲမှ ထွက်ခွာလာခဲ့သည်။

“နောက်ဆုံးတော့ လွှဲပြောင်းပေးလိုက်ပါပြီ။”

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ဒီသတင်း အချက်အလက်တွေက အရမ်း အရေးကြီးပါတယ်။ ကျွန်မစိတ်ထဲမှာတော့ လည်ချောင်းထဲ ငါးရိုးစူး နေသလို ခံစားခဲ့ရပါတယ်။ အခုတော့ ကျွန်မအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မရှိတော့ပါဘူး။ စိတ်အေးချမ်းသာစွာနဲ့ ကိုယ့်ဘာသာကိုယ် နေထိုင်ပြီး တိုက်ပွဲဝင်လို့ ရပါပြီ။ ဒီတာဝန်တွေကို အရှင့်ဆီ လွှဲပြောင်းပေးလိုက်ပါပြီ။”

ရှမ့်လန်က ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်။”

မင်းသမီးနင်ဟန်က မေးသည် “အသုံးဝင်ရဲ့လား။”

ရှမ့်လန်က ဖြေလိုက်သည်။ “သတင်းအချက်အလက် တချို့က အရမ်း အရေးကြီးတယ်။ အထူးသဖြင့် ဒီမှတ်ဉာဏ်ထဲမှာ ရှေးဟောင်းအင်ပါယာ ဘာသာစကား အစုံအလင် ပါဝင်နေပါတယ်။ ဒါက အရမ်း အသုံးဝင်တယ်။ နဂါးဉာဏ်အလင်းဆိုတာက အရမ်းအဆင့်မြင့်တဲ့ စွမ်းအင်ဖလှယ်နည်း ဖြစ်ပြီး နေ့စဉ် ပြောဆို ဆက်ဆံရာမှာ ရှေးဟောင်းအင်ပါယာ ဘာသာစကားကို အသုံးပြုဖို့ လိုအပ်နေတုန်းပဲ။ မင်းက တစ်ဦးတည်းသော အရန်လူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

ဤသတင်းအချက်အလက်များမှတစ်ဆင့် ရှမ့်လန်သည် ကောက်ချက်တစ်ခု ချနိုင်ခဲ့သည်။ ရှေးဟောင်း အင်ပါယာတွင် နဂါးနတ်ဘုရား၏ အစိတ်အပိုင်းကို ခိုးယူပြီး နဂါးစစ်ဘုရား ဖန်တီးရန် စီမံကိန်းတစ်ခု ရှိခဲ့သည်။ သို့သော်ငြား ဤမှတ်တမ်းများထဲတွင် အောင်မြင်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

သို့သော်ငြား ရှေးဟောင်းအင်ပါယာတွင် ကျန်းရှဲ့က တကယ် အောင်မြင်ခဲ့သလား။ ပြောရလျှင် သူသည် တကယ်ပင် အံ့သြစရာ ကောင်းလှသည်။ လောကတွင် အတော်ဆုံ လူများကို သူ့အတွက် အလုပ်လုပ်ပေးရန် စုစည်းနိုင်ခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းအင်ပါယာတွင် ဖြစ်စေ၊ ယခုအချိန်တွင် ဖြစ်စေ နဂါးနတ်ဘုရားသည် အမြင့်ဆုံး မဟာဗျူဟာမြောက် အင်အားစု ဖြစ်နေဆဲပင်။

မင်းသမီးနင်ဟန်က မေးလိုက်၏။ “အရှင်... ကျွန်မ အပြင်ထွက်ရမလား။ ဒါမှမဟုတ် နေရမလား။”

ရှမ့်လန်က ပြန်မေးလိုက်သည်။ “အသင့်ဖြစ်ပြီလား။”

မင်းသမီးနင်ဟန်က ဖြေ၏။ “ဘာများ ပြင်ဆင်စရာ ရှိလို့လဲ။ မျက်လုံးမှိတ်... လက်သီးဆုပ်လိုက်... ခဏလေးနဲ့ ပြီးသွားမှာပါ။”

................

ည အချိန်သို့ ရောက်ရှိလာခဲ့သည်။

“အရှင်... နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပါပြီ။” နင်ဟန်က ပြောလိုက်၏။

သူမသည် ရှမ့်လန်အား သုံးရက်တွင် နှစ်ရက် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း သတိပေးနေခြင်း ဖြစ်သည်။ ရှမ့်လန် ပြောစကားအရ သူနှင့် ကျန်းလီတို့၏ ကစားပွဲ မပြီးဆုံးသေးသဖြင့် အလျင်လိုရပေမည်။

နင်ဟန်က မေးလိုက်သည်။ “အရှင်... အသေးစိတ် ပြောပြလို့ ရမလား။”

ရှမ့်လန်က ရှင်းပြလိုက်၏။ “အမှောင်ဧကရာဇ်ကြီး ကျန်းလီက မိုကျင်းမှာ ပုန်းအောင်းနေတဲ့ အယောင်ဆောင် တစ်ယောက် ရှိနေတယ်။ သူ့ကို ဖော်ထုတ်ဖို့ စုစုပေါင်း သုံးရက်အချိန် ပေးထားတယ်။ မဟုတ်ရင် မိုကျင်း ပျက်စီးသွားလိမ့်မယ်။ ဒါက သူနဲ့ ငါ့ရဲ့ကြား ပထမဆုံး ကစားပွဲပဲ။ ကြေးကတော့ မိုကျင်းတစ်ခုလုံးပဲ။ လူသားတွေရဲ့ နောက်ဆုံး မျှော်လင့်ချက် မြို့တော်၊ တော်ဝင်ချန်အင်ပါယာရဲ့ နောက်ဆုံး နယ်မြေ...”

မင်းသမီးနင်ဟန်က မေးလိုက်သည်။ “လူသားတွေရဲ့ မျှော်လင့်ချက် မြို့တော် ဖြစ်နိုင်မလား။”

ရှမ့်လန်က ပြောလိုက်၏။ “အင်ပါယာ ကျန်းလီလောက် မသန်မာပေမဲ့ ယှဉ်ပြိုင်နိုင်တဲ့ တစ်ခုတည်းသော နေရာပါ။ စွမ်းအင်လုံလောက်ပြီး အာဏာလုံလောက်သမျှ ကာလပတ်လုံး ဒီကောင်းကင်မျှော် ရုပ်တုကြီးရဲ့ စွမ်းအားက အဆုံးအစ မရှိပါဘူး။ ကျန်းလီကိုတောင် ပြန်တိုက်နိုင်တယ်။ အနည်းဆုံးတော့ ကျန်းလီရဲ့ တပ်တော် ကျူးကျော်လာတာကို လုံးဝ တားဆီးနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျန်းလီ ကိုယ်တိုင်က မြောက်ဝင်ရိုးစွန်းကနေ ထွက်ခွာလို့ မရလို့ပဲ။”

“အယောင်ဆောင်သူ”

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ဒီရုပ်ဖျက်ထားတဲ့ လူက ကျန်းလီ လွှတ်လိုက်တဲ့ သူလျှိုပဲ။ ကျွန်မ မမှားဘူးဆိုရင် ဒီလူက ရှေးဟောင်းလူသား ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဘယ်သူ့ပုံစံမဆို ပြောင်းလဲနိုင်လို့ပါ။ ပြီးတော့ ဝိညာဉ် အနုတ်ခံထားရတဲ့ လူလည်း ရှိသေးတယ်။ ဒီလူက အသွေးအသားနဲ့ တည်ဆောက်ထားပြီး ပိုပြီး အပြစ်အနာအဆာ ကင်းစင်တယ်။”

“ဟုတ်တယ်။”

နင်ဟန်က ဆက်ပြောလိုက်၏။ “သာမန် တွေးခေါ်မှုအရဆိုရင်တော့ ရှမ့်လန်အတုက လူယောင်ဆောင်သူ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ သူ့မှာ တကယ်ပဲ အပြစ်အနာအဆာ မရှိလို့ပဲ။ အဲဒီတုန်းက ကျွန်မရဲ့ ဆင်ခြင်တုံတရား ၉၉ ရာခိုင်နှုန်းက သူက အစစ်၊ အရှင်က အတုလို့ ပြောနေခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်ခံစားမှု ၁ ရာခိုင်နှုန်းကသာ အရှင်က အစစ်၊ သူက အတုလို့ ပြောနေခဲ့တာပါ။”

ရှမ့်လန်က ပြောလိုက်သည်။ “အဲဒီလောက် မရိုးရှင်းနိုင်ဘူး။ မဟုတ်ရင် ကျန်းလီ ဘယ်ဟုတ်ပါမလဲ။”

မင်းသမီးနင်ဟန်က မေးလိုက်၏။ “ဝိညာဉ် အနုတ်ခံထားရတဲ့ လူကို လုံးဝ စစ်ဆေးလို့ မရဘူးလား။”

ရှမ့်လန်က ပြောလိုက်သည်။ “ဝိညာဉ်အပေါ် မူတည်ပါတယ်။ အဲဒီလူရဲ့ဝိညာဉ်ကို ငရဲသလင်းကျောက်နဲ့ ထုပ်ပိုးထားမယ်ဆိုရင် ငါ နဂါးအာရုံခံစားမှု နယ်ပယ်ထဲဝင်ပြီး စစ်ဆေးနိုင်လောက်ပါတယ်။ သရဲမြို့တော်ထဲ ဝင်သွားတာနဲ့ သေချာပေါ့ စစ်ဆေးနိုင်မှာပါ။”

မင်းသမီးနင်ဟန် ခဏမျှ တိတ်ဆိတ်နေပြီးနောက် မေးလိုက်၏။ “ဒါဆို ကျွန်မတို့ထဲမှာ ငရဲသလင်းကျောက် စွမ်းအင် ရှိတဲ့လူ ရှိလား။”

ရှမ့်လန် ခေါင်းခါလိုက်သည်။ “တိုက်ဆိုင်လိုက်တာ။ တစ်ယောက်မှ မရှိပါဘူး။”

မင်းသမီးနင်ဟန်က ပြော၏။ “ဒါဆို ဒီအယောင်ဆောင်သူကို ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပဲပေါ့။ အကယ်၍ သူသာ ရှမ့်လန်အတု မဟုတ်ခဲ့ရင်...”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ပုံမှန်အတိုင်းဖြစ်လာမယ်ဆိုရင် သူ့ကို လုံးဝ ရှာတွေ့မှာ မဟုတ်ဘူး။”

နင်ဟန်က မေး၏။ “အနည်းဆုံးတော့ ကျွန်မ မဟုတ်ဘူးမလား။”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ မင်း မဟုတ်ဘူး။”

“အမိန့်ပေးစရာရှိရင် ပြောပါ။ ကျန်တာ ကျွန်မ မမေးတော့ပါဘူး။”

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “အရာအားလုံးကို အရှင့်ဆန္ဒအတိုင်း လျှို့ဝှက်စွာ လုပ်ဆောင်ပါ့မယ်။ ဒါပေမဲ့ အယောင်ဆောင်သူကို မဖြစ်မနေ ရှာတွေ့မှ ဖြစ်ပါမယ်။ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက် တွေက တွေးဝံ့စရာ မရှိပါဘူး။”

ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ တကယ်ပင် ထိုသို့ ဖြစ်သည်။ အယောင်ဆောင်သူကို ဖော်ထုတ်ရမည်။ သို့မဟုတ်ပါက သူသည် ကျန်းလီနှင့် ပထမဆုံး ကစားပွဲတွင် ရှုံးနိမ့်သွားရပေလိမ့်မည်။ ထို့အပြင် ကျန်းလီ၏ သူလျှိုသည် သဲကန္တာရမြို့တော်တွင် တောက်လျှောက် ရှိနေခဲ့သည်။ ရှမ့်လန်၏ ဘေးနားတွင်ပင် ရှိနေခဲ့သည်။ ဤအရာသည် သည်းခံနိုင်စရာ မဟုတ်ပေ။

All Chapters