← Chapters

အခန်း (၁၀၀၃-၁၀၀၄)

Vol. 84 Ch. 1003-1004

အခန်း (၁၀၀၃-၁၀၀၄)

Vol. 84 Ch. 1003-1004

အခန်း ၁၀၀၃ –

အကြံအစည်များ ... ။

ခဏချင်းအတွင်းမှာပင် နယ်ပယ်ဘုရင်အဆင့်ထက် အဆပေါင်းများစွာ သာလွန်တဲ့ ဝိညာဉ်ပျက်သုံးဦးသည် လုံးဝဥဿုံ လွင့်စင် ပျက်စီးသွားကြရချေပြီ။

ထိုမြင်ကွင်းက လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ အထူးသဖြင့် သေလွန်ဝိညာဉ်များသည် နယ်ပယ်ဘုရင်ထက် သန်မာလွန်းသည်ကိုသိနေသော လီပေ့ရှန့် အတွက်ပေပင်။

လင်ဟဲ၊ ဟွာကျင်းနှင့် လျိုယင်တို့သုံးဦး တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားသည့် မြင်ကွင်းသည် ကျောချမ်းစရာပေပင်။

ဝင်စားခြင်းဥပဒေ၏ စွမ်းအားသည် သူတို့ကဲ့သို့သေလွန်ဝိညာဉ်များကို နှိမ်နင်းရာ၌ များစွာထိရောက်ချေပြီ။

“ ဝုန်း ... ။ ”

ထိုစဉ် အဝေးတစ်နေရာရှိ အနက်ရောင် ကြယ်သင်္ဘောသည် ဟိန်းဟောက်သံနှင့်အတူ တံငါသည်ပုံရိပ်ပေါ်လာပြီး ထွက်ပြေးရန် ကြိုးစားတော့သည်။

သူသည် တစ်ချိန်လုံး အခြေအနေများ စောင့်ကြည့်နေခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ရလာဒ် မကောင်းတော့သည့်အချိန်တွင် ရတနာလှေကို နှုတ်ယူကာ ချက်ချင်း ထွက်ပြေးခြင်းပေပင်။

စုရီက ထိုမြေခွေးအိုကြီးကို လွှတ်ပေးရန် အစီအစဉ်မရှိချေ။ ထို့ကြောင့် သေမျိုးနယ်ပယ် ဓားကိုဆွဲလျက် ကျင့်ရွှမ်ဥပဒေဖြင့် လှမ်းခုတ် ချလိုက်တော့သည်။ ဓားအလင်းသည် လျှပ်စီးအလား ပျံသန်းသွား၏။

“ ဝုန်း ... ။ ”

ရတနာလှေသည် တောက်ပသော ဓားအလင်းကြောင့် ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းဖြစ်ပေါ်လာ၏။

တံငါသည်သည် ရှောင်တိမ်းနိုင်ခဲ့ သော်လည်း ရိုက်ခတ်မှုလှိုင်းကြောင့် လှေပေါ်မှ လွင့်ထွက်မတတ် ယိုင်နဲ့သွားရသည်။

ထိုအချိန်တွင် စုရီသည် လိုက်မီသွားပြီး ဓားဖြင့်ခုတ်ချလာ၏။ တံငါသည်မှ ရွှေညိုရောင် ငါးမျှားတံကိုထုတ်ယူပြီး ချက်ချင်းခုခံလေသည်။

“ ဝုန်း ... ။ ”

ခဏချင်းမှာပင် ငါးမျှားတံသည် အပိုင်းပိုင်းပြတ်သွားကာ သူ့ခြေဖဝါးအောက်ရှိ ရတနာလှေသည်လည်း ကြေမွသွားတော့၏။

ဤအချိန်၌ စုရီသည် စစ်မှန်သော အင်မော်တယ်တစ်ပါးအလား အစွမ်းထက်နေပြီး ဓားတစ်လက်ဖြင့် ကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်းချေသည်။

“ ဟမ့် ... ကောင်းကင်က နတ်ဘုရားတွေတောင် ဒီသေမျိုးကမ္ဘာကို မလာဝံ့ကြဘူး ... ငါ့သခင်လေးက ဒီဓားနဲ့ တစ်လောကလုံးကို ဒူးထောက်စေခဲ့တာ။ ”

အဝေးမှ ဝေရှန်းက စိတ်လှုပ်ရှားလာပြီး အော်ဟစ်ကြွေးကြော်လိုက်သည်။ အတိတ်ကို ပြန်ရောက်သွားသည့်အလား နှလုံးသွေးများ ပွက်ပွက်ဆူလာတော့၏။

“ တိုက်ပွဲဝင်တဲ့ပုံစံအရတော့ ... ငါသူ့ကိုမီဖို့ အများကြီး လိုနေသေးတယ်။ ”

ကျွမ်းပေ့ဖန်းမှ အနည်းငယ် ပြေလျော့သွားပြီး သက်ပြင်းချလိုက်သည်။ သည်မတိုင်မီ သူတို့အားလုံးသည်ငှက်များကဲ့သို့ ရန်သူ၏သတ်ဖြတ်ခြင်း ခံရပေတော့မည်။

ယခုမူ စုရီ သတိရလာသည်နှင့် အခြေအနေမှာလုံးဝပြောင်းလဲပြီး သားကောင် မှသည် မုဆိုးဖြစ်သွားချေပြီ။

တစ်ဖက်တွင် တံငါသည်သည် အပြင်းအထန်ဒဏ်ရာရလာပြီး ခန္ဓာကိုယ်တွင် အက်ကွဲမတတ်သွေးများပေါ်လာ၏။

“ အရင်တုန်းက မင်းကို ငါဒီနေရာမှာ ချုပ်နှောင်ထားခဲ့တာ သေတာထက်ဆိုးရွားတဲ့ ဒုက္ခကိုခံစားစေချင်လို့ပဲ ... ဒါပေမယ့်မင်းက အခွင့်ရေးရပြီး နတ်ဝိညာဉ်နယ်ပယ်ကို ခြေတစ်ဖက်နင်းနိုင်ခဲ့တယ် ...

... ဒီနေ့တော့ မင်းရဲ့ခွန်အားကို အပြည့်အဝပြသဖို့ အခွင့်အရေးပဲ မဟုတ်လား ဒါဆိုဘာလို့ ထွက်ပြေးနေရတာလဲ။ ”

စုရီက စကားပြောနေစဉ်မှာပင် ဓားအလင်းများကို လျှပ်စီးအလားချက်ချင်း ခုတ်ပိုင်းချလိုက်သည်။

“ ဟမ့် ... မင်းသေချင်နေတာပဲ။ ”

တံငါသည်က အဆုံးအထိတိုက်ရန် ဆုံးဖြတ်လိုက်ပြီး ပါးစပ်ထဲမှတောက်ပသည့် ဓားပျံတစ်လက်ကို ထွေးထုတ်လိုက်သည်။

ဓားအရိုးပေါ်တွင် မိုးရာသီဟူသော စာလုံးကိုထွင်းထုထားပြီး ထက်ရှလွန်းလှသည့် ရတနာရောင်ဝါများ ပေးစွမ်းနေခဲ့၏။

ဤသည်မှာ တစ္ဆေပညာရှိအဖြစ် တင်စားကြသော တတိယမြောက်အသန်မာဆုံး သေလွန်ဝိညာဉ်၏ ရတနာတစ်ပါးပေပင်။

အနီရောင်တိမ်တိုက်၊ သွေးမီးအိမ်ဘုန်းကြီးနှင့် တစ္ဆေပညာရှိတို့သည် သေလွန်ဝိညာဉ်များအတွက် စစ်မှန်သော အုပ်စိုးရှင်များပေပင်။

“ ဒီဓားက အဲဒီတစ္ဆေကြီးရဲ့ ရတနာ မဟုတ်လား မင်းလက်ထဲကို ဘယ်လိုများ ရောက်နေရတာလဲ။ ”

လီပေ့ရှန်မှ မိုးရာသီဓားကို မြင်ပြီးနောက် မျက်လုံးပြူးသွားသည်။ သို့သော် တံငါသည်မှ ပြန်မဖြေချေ။

“ သွား ... ။ ”

စုရီက ‌တောင်ပိုင်းတောင်ထွတ်တံဆိပ်ကို ထုတ်ယူကာ ချက်ချင်းဟန့်တားလိုက်ရသည်။ တစ်ဖက်လူ၏ဓားသည် စစ်မှန်သော ရတနာ ဖြစ်ချေပြီ။ အဝေးမှပင် သူ့အရေပြားအပေါ် ပြတ်ရှရာများပေးစွမ်းနိုင်၏။

“ ဝုန်း ... ။ ”

တောင်ပိုင်းတောင်ထွတ်ခမျာ အက်ကြောင်းထင်လာပြီး ချက်ချင်းဆုတ်ခွာ သွားလေသည်။ တံငါသည်မှ အံကြိတ်လျက် ဓားပျံကို ထပ်မံစေလွှတ်‌တော့၏။

“ သေလိုက်တော့ ... ။ ”

စုရီက တောင်ပိုင်းတောင်ထွတ်တံဆိပ်ကို ပြန်သိမ်းကာ ညာလက်ကိုလေထဲဖိချလိုက်၏။ သူ့လက်ချောင်းများတွင် ငရဲဘုံကိုးပါးဓား၏ ရောင်ဝါများလိုက်ပါသွားချေပြီ။

“ ဟမ့် ... ။ ”

ဤတစ်ကြိမ်တွင် ပြေးဝင်လာသော မိုးရာသီဓားသည် လေထုအလယ်ရပ်တန့်ပြီး တုန်ရီနေတော့၏။

“ ဘရူး ... ။ ”

အဆုံးတွင် စုရီထံပါးသို့ ငှက်ကလေး တစ်ကောင်အလား ချက်ချင်းပျံသန်းဝင်ရောက် သွားလေသည်။ စုရီက ပြုံး၏။

“ နောက်ထပ် ရှိသေးလား။ ”

“ မင်း ... ဝေါ့ ... ။ ”

တံငါသည်ခမျာ ဒေါသကြောင့် သွေးများအန်လိုက်ပြီး အဝေးသို့မျှော်ကြည့်ကာ၊

“ စီနီယာ... ကယ်ပါဦး။ ”

-ဟု အော်ဟစ်လိုက်တော့၏။

“ ခရစ် ... ။ ”

ချက်ချင်း လေဟာနယ် ကွဲအက်လာပြီး လက်ဖဝါးကြီးတစ်ဖက်ပေါ်လာကာ တံငါသည် အပေါ် ချက်ချင်းဆွဲယူသွားခဲ့သည်။

တစ်ဆက်တည်းမှာပင် ကောင်းကင်၌ အနက်ရောင်ဝတ်စုံနှင့် ခန့်ညားလွန်းလှသည့် အမျိုးသားတစ်ဦး ပေါ်လာ၏။ ဤသည်မှာ တစ္ဆေပညာရှိ ပေပင်။

“ အခုလို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ”

တံငါသည်က ချက်ချင်း ဦးညွှတ်သည်။ ထိုမြင်ကွင်းကြောင့် စုရီမှ မျက်ခုံးပင့်တော့၏။ တံငါသည်အတွက် ထွက်ပေါ်လာသင့်သည်မှာ သွေးမီးအိမ်ဘုန်းကြီးဖြစ်သင့်သည်။

ယခုမူ တစ္ဆေပညာရှိဖြစ်နေ၏။ ထိုစဉ် အဝေးဆီမှ သက်ပြင်းချသံထွက်ပေါ်လာခဲ့ပြီး သွေးမီးအိမ်များ လွင့်မျောလာသည်။

“ ငါသိတယ် ... မင်းဒီအတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူးဆိုတာ ငါသိတယ် တစ္ဆေပညာရှိ ... မင်းရဲ့လက်ကို ငါ့ဆီဆန့်ထုတ် ထားနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ ”

ဤသည်မှာ သွေးမီးအိမ်ဘုန်းကြီး ဖြစ်လေသည်။ အလင်းမိုးများ ရွာသွန်းလျက်ဖြင့် ပိန်ပိန်ပါးပါးဘုန်းကြီးတစ်ပါး ဖြစ်ပေါ်လာ၏။

သူ့မျက်ခုံးမွှေးနှင့် မုတ်ဆိတ်မွှေးများသည် အဖြူရောင်ဖြစ်ပြီး မျက်လုံးများသည် ရွှေရောင် ဖြစ်သည်။ သွေးမီးအိမ်များအောက်တွင် ရောင်ဝါသည် ခမ်းနားနေချေပြီ။

“ လောလောဆယ်တော့ ငါတို့နှစ်ယောက် ဒီကောင်လေးကိုအရင်ဖမ်းကြရအောင် ... ပြီးရင် ဝင်စားခြင်းအပေါ် အတူတူလေ့လာကြမယ်။ ”

တစ္ဆေပညာရှိမှ အကြံပြုသည်။ သွေးမီးအိမ်ဘုန်းကြီးမှ ခေါင်ညိတ်လိုက်၏။ ဤသို့ နှစ်ယောက် ပူးပေါင်းသွားသည့်အပေါ် လီပေ့ရှန်တစ်ယောက် မျှော်လင့်ချက် ကုန်ဆုံးတော့သည်။

စုရီသာလျှင် ထိုမြင်ကွင်းထံကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။ ဤနှစ်ကောင်သည် သူတို့ပူးပေါင်းလိုက်ရုံဖြင့် ဆန္ဒရှိတိုင်းလုပ်နိုင် သည်ဟု တကယ်ထင်နေပုံရသည်။

ထိုအချိန်တွင် ဝေးကွာလှသောအရပ်မှ ထူးခြားလှသည့် ဥပဒေစည်းချက်များနှင့်အတူ ခြေသံသဲ့သဲ့ကြားလိုက်ရတော့၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားပြီးနောက် လေထုတွင်အသက်ရှူကြပ်ဖွယ် ဖိအားများ ပြည့်နှက်လာသည်။

ခြေသံသည် ညင်သာလှသော်လည်း ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည့် အလား ထူးခြားသော စွမ်းအားများပါဝင်နေ၏။

တောင်နှင့် မြစ်များသည် တိတ်ဆိတ် သွားပြီးနောက် လေပြေများငြိမ်သက်သွားသည်။ စောင့်မျှော်နေသူများနားစည်တွင် ခြေသံသည် နတ်စည်ကြီး တီးခတ်လိုက်သည့်အလားပေပင်။

ရင်ဘတ်ထဲ တဒိန်းဒိန်းတုန်ကာ ကြောက်ရွံ့သွားစေ၏။

“ နောက်ထပ် တစ်ယောက် ထပ်ရောက်လာပြန်ပြီလား ... ။ ”

ကျွမ်းပေးဖန်း၊ ဝေရှန်းနှင့် ကျန်သူများမှာ အံ့အားသင့်ကာ စိုးရိမ်စိတ်များ ဝင်လာကြသည်။ လီပေ့ဖန်းသာလျှင် ပြုံးရွှင်သွားပြီး၊

“ မကြောက်ကြနဲ့ ... ငါတို့ကို ကူညီဖို့လာတာပါ ... ။ ”

-ဟု နှစ်သိမ့်လိုက်၏။

“ အဲဒီအမျိုးသမီး ထွက်လာလိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး ... ။ ”

သွေးမီးအိမ်ဘုန်းကြီးက မျက်မှောင်ကြုတ်ကာ လေးနက်တည်ကြည် လာသည်။ ဤနတ်ဆိုးပင်လယ်ပြင်ကြီးတွင် သတ္တဝါတိုင်း၏ နှလုံးသားကို တုန်လှုပ်စေသော အမျိုးသမီးတစ်ဦးသာရှိပေ၏။

သူမသည် ခေတ်အဆက်ဆက် သူမ၏ ကျောက်တုံးခြံဝင်းလေးအတွင်း၌သာ ရှင်သန်ပြီး အပြင်သို့ ထွက်ခဲလှသည်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း၊ ပန်းအလှဆင်ခြင်းနှင့် ဝိုင်ချက်ခြင်း တို့ဖြင့်သာ အချိန်ကုန်လွန်စေ၏။

တစ်ခါတစ်ရံတွင် သူမ၏ ခွေးဝါကြီးတစ်ကောင်နှင့်အတူ ပင်လယ်ပြင်အနှံ့ လမ်းလျှောက်တတ်ချေပြီ။ သို့သော် အလွန်ပင် နှိမ့်ချစွာ နေထိုင်တတ်၏။

မည်သည့် အရှုပ်အထွေးထဲတွင်မှ ပါဝင်ပတ်သက်ခြင်း မရှိဘဲ အေးစက်လွန်းသည်။ သို့သော် ပါးနပ်သော သေလွန်ဝိညာဉ်တိုင်းသည် သူမကိုရန်မစဝံ့ချေ။

“ ကြည့်ရတာ ... သူမလည်း ငါတို့နဲ့ ဝေစုခွဲချင်နေတယ်ထင်တယ် ဒါဆိုရင်လည်း ပေးလိုက်ကြတာပေါ့။ ”

ထိုထဲတွင် သွေးမီးအိမ်ဘုန်းကြီးလည်း ပါဝင်၏။ တစ္ဆေပညာရှိသည် သက်ပြင်းချလျက် နှာခေါင်းကိုပွတ်သပ်ကာ ပြောကြားလိုက်သည်။

တစ်ဖက်လူမှ တောင်းဆိုမှု မဆိုနှင့် လူရိပ်မပေါ်မီကပင် ဆုံးဖြတ်ချက်ကို ချထားပြီး ဖြစ်နေချေပြီ။ ဤအရာက သူတို့သည် ထိုသူကို မည်မျှ အလေးထားကြောင်းမြင်သာချေ၏။

***

အခန်း ၁၀၀၄ –

ဝိုင်ရှိလား ... ။

တံငါသည်မှာမူ နှလုံးသား၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့၏။ ဤသည်မှာ ယနေ့ခေတ်တွင် စစ်မှန်သော အုပ်စိုးရှင်သာပေပင်။

လောကသခင်သည် တစ်ချိန်က ကြယ်ပင်လယ်ကိုစိုးမိုးနိုင်ခဲ့သော်လည်း ယနေ့ မဟုတ်ချေ။ လက်ရှိအချိန်၌ ဤစီနီယာကြီး သုံးယောက်နှင့် ယှဉ်ပါက လူပြက် တစ်ယောက်ပေပင်။

များမကြာမီ ရိုးရှင်းသောဝတ်လုံဖြင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ အသားအရည်မှာ အနည်းငယ် ဝါဖျော့ဖျော့ရှိပြီး ရုပ်ရည်သည်လည်း သာမန်ပေပင်။

သို့သော် သူမ၏ မျက်လုံးများမှာမူ ဆောင်းဦးရေကန်ကဲ့သို့ ကြည်လင်နေကာ ကောင်းကင်ကြီးပင် ထင်ဟပ်နေ၏။

သူမနောက်တွင် ခွေးဝါကြီးတစ်ကောင် ပါလာသည်။ ထိုခွေးကြီးသည် ရင်ဘတ်ကိုကော့၊ ခေါင်းမော့လျက် အမြီးကိုထောင်ကာ ခန့်ညားစွာ လျှောက်လှမ်းလာ၏။

၎င်းအသွင်သည် ဧကရာဇ်တစ်ပါး လှည့်လည်ကြည့်ရှုနေကဲ့သို့ ခပ်တည်တည်ဖြင့် လူအများအပေါ် ဝေ့ဝဲကြည့်နေသည်။

“ စီနီယာ ... ဒီအဖိုးကြီးက အရည်အချင်းနိမ့်ပါးလို့ စီနီယာရဲ့အမိန့်ကို မပြီးမြောက်စေခဲ့ပါဘူး။ ”

လီပေ့ရှန်က ချက်ချင်း ခေါင်းငုံ့၍ တောင်းပန်လိုက်သည်။ အမျိုးသမီးက သူ့ကို တစ်ချက်မျှသာ ကြည့်ပြီးနောက် စုရီထံ အာရုံစိုက်သွား၏။

စုရီတစ်ယောက် ဖော်မပြတတ်သော အန္တရာယ်အရိပ်အယောင်ကို ခံစားလိုက်ရသည်။ သို့သော် အမျိုးသမီးသည် လူတိုင်းအံ့သြစေမည့် မေးခွန်းတစ်ခုဖြင့် စတင်လာ၏။

“ ထမင်းစားပြီးပြီလား။ ”

လူအုပ်ကြီးမှာ မှင်သပ်ကုန်ကြသည်။ စုရီပင်လျှင် ခေတ္တမျှ မှင်တက်သွားသော်လည်း အမှန်အတိုင်း ပြန်ဖြေလိုက်၏။

“ မစားရသေးဘူး။ ”

“ ငါ့မှာ ကြိတ်သွန်မြိတ် ကိတ်မု့န်အချို့ ကျန်သေးတယ် မင်းစိတ်ဝင်စားရင် စားကြည့်လို့ ရပါတယ် ... ကြက်သွန်မြိတ်ကိုတော့ ငါကိုယ်တိုင် စိုက်ထားပြီး ...

... ကြက်ဥအတွက် ငှက်ဥတွေနဲ့ အစားထိုးထားတယ် ဒါပေမယ့်အရသာကတော့ မဆိုးပါဘူး။ ”

“ ဝိုင်ရှိလား။ ”

“ ရှိတယ်၊ ငါကိုယ်တိုင် ချက်ထားတာ မင်းအကြိုက် ဟုတ်မဟုတ်တော့ မသိဘူး။ ”

“ ဝိုင်ရှိရင်ရပြီ ဘာဖြစ်ဖြစ် ငါသောက်တယ်။ ”

“ ကောင်းပြီ ... ။ ”

နှစ်ယောက်သား စကားဝိုင်းအပေါ် နားထောင်ပြီးနောက် လူတိုင်းသည်တိုက်ပွဲကို မေ့လျော့လာ၏။ ခွေးဝါကြီးသာလျှင် ဝိုင်ရှိလား မေးမြန်းဝံ့သော စုရီအပေါ် အနည်းငယ် မကျေမနပ်ဖြစ်လာခဲ့သည်။

“ သွားရအောင်။ ”

အမျိုးသမီးက လှည့်ထွက်ရန် ပြင်လိုက်သည်။ သူမသည် အခြားသူများကို အရေးပင် မလုပ်တော့ချေ။

“ အခုလား ... ။ ”

စုရီမှ အံ့သြသွားသည်။ မည်မျှ ကြီးစိုးလိုက်သနည်း။

“ မင်းမှာ တခြားလုပ်စရာ ရှိသေးလို့လား။ ”

အမျိုးသမီးက ပြန်လှည့်မေးသည်။

“ ဒီမှာရန်ကြွေးအချို့ ရှင်းဖို့ရှိသေးတယ်။ ”

စုရီမှ တုန့်ပြန်သည်။ အမျိုးသမီးက ခဏမျှစဉ်းစားပြီးနောက်၊

“ ဘယ်သူ့ကို သတ်ရမှာလဲ။ ”

-ဟု မေးမြန်းလာ၏။

“ ငါ့ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်။ ”

“ ဟားဟားဟား ကြားတယ်မဟုတ်လား တာအိုအနီရောင်တိမ်တိုက် ... ဒီကောင်လေးက မင်းနဲ့လိုက်ချင်ပုံမရဘူး။ ”

တစ္ဆေပညာရှိက လှောင်ပြောင်လျက် ဝင်ရောက်ပြောကြားသည်။ တစ်ဖက်လူ၏ မောက်မာလွန်းသော အသွင်ကို မကြိုက်ချေ။

“ ဝင်စားခြင်း လျှို့ဝှက်ချက်ဆိုတာ ငါတို့အားလုံးလိုချင်ကြတာပဲ မင်းဝေစုလိုချင်ရင် ငါတို့ပေးနိုင်ပါတယ် မင်းတစ်ယောက်တည်း သိမ်းချင်ရင်တော့ ငါတို့သဘောထားကို မေးသင့်ပြီမဟုတ်လား။ ”

သူ့စကားအဆုံးတွင် အမျိုးသမီးသည် မျက်မှောင်ကြုတ်သွားပြီး ပျောက်ကွယ်သွားကာ တစ္ဆေပညာရှိရှေ့ ရုတ်တရက်ပေါ်လာပြီး လည်ပင်းကို လှမ်းကိုင်လိုက်၏။

“ မလုပ်နဲ့ ... ။”

တစ္ဆေပညာရှိခမျာ ထိတ်လန့် တုန်လှုပ်သွားပြီး ချက်ချင်းနောက်သို့ဆုတ်ကာ ဓားကိုးစင်းဖြင့် ဓားနံရံတစ်ခုဖော်ဆောင်၏။

သို့သော် အမျိုးသမီးလက်သည် မရှောင်တိမ်းခဲ့ဘဲ ထိုဓားနံရံကိုဖြတ်ကျော်ကာ လည်ပင်းထံ ဆုပ်ကိုင်လာသည်။

“ အား ... ။”

“ ဟမ့် ... ။ ”

ဘေးတွင်မှင်သပ်နေခဲ့သော သွေးမီးအိမ်ဘုန်းကြီးသည် တုန်လှုပ်သွားရာမှ သတိဝင်လာကာ အစွမ်းရှိသမျှ ထုတ်သုံးလျက် ချက်ချင်းထွက်ပြေးရန် ပြင်တော့၏။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

သို့သော် အမျိုးသမီးက ခွင့်မပြုချေ။ လက်သည်းဖြင့် ကုပ်ဆွဲလိုက်သည်။ ယင်းက ဝါးရုံတော့ကိုပုဆိန်ဖြင့် ခုတ်လှဲပစ်သည့်အလား ကာကွယ်ရေး ရတနာတိုင်း တစ်စစီ ပေါက်ကွဲ ပျက်စီးသွားတော့၏။

အဆုံးတွင် သွေးမီးအိမ်ဘုန်းကြီးသည် လည်ပင်းကို ချက်ချင်းဖမ်းဆုပ်ခြင်း ခံလိုက်ရ လေသည်။

“ ငါ ရှုံးနိမ့်မှုကို ဝန်ခံပါတယ်။ ”

သွေးမီးအိမ်ဘုန်းကြီးမှ အော်ဟစ် တောင်းပန်တော့သည်။ သူသည် ကောင်းကင်ဘုံ နဘ်ပဘ် ကျင့်ကြံသူဖြစ်သော်လည်း ယခုတွင်မူ ကြက်ကလေးတစ်ကောင်နှင့် မခြားတော့ချေ။

ဘေးမှ ကြည့်နေသူများသည် ဆွံ့အလျက်ဖြင့် တုန်လှုပ်မှုကြီးစွာအသက်ရှူနေ ခဲ့ရသည်။ ဤမျှရိုးရှင်းသော အမျိုးသမီးသည် ကြောက်စရာကောင်းလွန်းချေ၏။

သူမ၏ အစွမ်းသည် ကောလာဟလများထက်ပင် အဆပေါင်းများစွာ သာလွန်နေပြီး ဤပင်လယ်ပြင်ကြီးတွင် နတ်ဘုရားမတစ်ပါးပေပင်။

ထိုအချိန်တွင် အမျိုးသမီးသည် စုရီအနား ပြန်ရောက်လာသည်။ သူမ၏လက်တစ်ဖက်စီ၌ တစ္ဆေပညာရှိနှင့် သွေးမီးအိမ်ဘုန်းကြီးတို့ကို ဆွဲကိုင်ထားပြီး၊

“ ဒီမှာ သူတို့ကို မင်းဖြေရှင်းနိုင်ပြီ။ ”

-ဟု ဆိုလိုက်သည်။

ဤမြင်ကွင်းသည် တစ်စုံတစ်ယောက်မှ တောကြက်နှစ်ကောင်ဖမ်းဆီးလျက် သတ်ရန် ပေးအပ်နေသည့်နှင့် တူသည်။

စုရီက ခေါင်းရမ်းလိုက်၏။

“ ဒါက ... တော်တော်လေး ပျင်းစရာကောင်းတယ်။ ”

ဤမတိုင်မီ ဝင်စားခြင်းဥပဒေဖြင့် ဤအဖိုးကြီးများကိုစမ်းကြည့်ရန် စိတ်ကူးခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူသည် ဤသို့ဖမ်းဆီးကာ တိုက်ရိုက်အပ်လိမ့်မည်ဟု မထင်ထားချေ။

တစ္ဆေပညာရှိနှင့် သွေးမီးအိမ်ဘုန်းကြီး တို့သည် ထိုအရှက်တရားကြောင့် မျက်နှာများ နီမြန်းလာ၏။ ၎င်းတို့သည် မည်သည့်အချိန်မှ စကာ ဤသို့အရှက်ခွဲရ လွယ်နေသနည်း။

“ မှန်တယ် ဒါက ... တကယ်ပဲ ပျင်းစရာ ကောင်းပုံရတယ်။”

အမျိုးသမီးက ရေရွတ်သည်။

“ ဟမ့် ... တာအိုမိတ်ဆွေ ... ငါ့ရဲ့ ကျင့်ကြံခြင်းက မင်းထက်နိမ့်တယ် သတ်ချင်ရင် သတ်ပါ ငါ့ကိုဒီလိုမျိုး အရှက်မခွဲပါနဲ့။ ”

တစ္ဆေပညာရှိက သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်လေသည်။ သို့သော် သူ့အသံများ မဆုံးခင် လည်ပင်းကျိုးကာ နတ်မီးတောက်များ လောင်မြောက်လျက် ပျောက်ကွယ်သွား၏။

“ ငါ ... ငါ ရှုံးနိမ့်မှုကို လက်ခံပါတယ် ငါ့ကိုလွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ”

သွေးမီးအိမ်ဘုန်းကြီးမှ မျက်နှာပေါ် ပေကျံသွားသော အဖြူရောင်အရည်များကြောင့် ရှုံ့တွလျက် အသံများ တုန်ရီနေခဲ့သည်။

“ ဟမ့် ... ငါသူ့ကိုသတ်ပြီး မင်းကို မသတ်လိုက်ရင် ဒါကဘယ်လိုလုပ်ပြီး တရား မျှတပါ့မလဲ။ ”

အမျိုးသမီးက စကားဆုံးသည်နှင့် သွေးမီးအိမ်ဘုန်းကြီးကို တစ်စစီဖြစ်အောင် ပေါက်ကွဲသွားစေခဲ့သည်။

ဤမြင်ကွင်းကို ကြည့်နေကြသော လူတိုင်း တုန်လှုပ်ချောက်ချားသွားကြပြီး ကျောရိုးထိတိုင် စိမ့်တက်သွားကြသည်။

တစ္ဆေပညာရှိနှင့် သွေးမီးအိမ် ဘုန်းကြီးတို့သည် ဤနတ်ဆိုးပင်လယ်ကြီး၌ အထွတ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်ချေ၏။ ယခုမူ ပုရွက်ဆိတ်နှင့်မခြားချေ။

“ ကွမ်ကျူး ... မိန်းမတစ်ယောက်ရဲ့ နောက်မှာပုန်းနေတာ မင်းရဲ့အရည်အချင်းလား ငါနဲ့တိုက်ရဲတဲ့ သတ္တိမရှိဘူးလား။ ”

တံငါသည်သည် အလွန်အမင်း ထိတ်လန့်သွားပြီး အမျိုးသမီးလက်ချက်ဖြင့် သေဆုံးရမည့်အစား စုရီနှင့်သေရှင်တိုက်ရန် ဆုံးဖြတ်လိုက်တော့၏။

စုရီက အမျိုးသမီးထံ လှည့်ကြည့်ကာ၊

“ မင်းရဲ့ခွေးက အစွမ်းထက်လား။ ”

-ဟု မေးမြန်းလိုက်သည်။

ထိုမေးခွန်းကြောင့် ခွေးဝါကြီးသည် ချက်ချင်းမကျေမနပ် ဖြစ်သွားပြီး၊

“ ကောင်လေး ... မင်း ဘယ်လို စကားမျိုးပြောနေတာလဲ ငါ့လက်ဝါးတစ်ချက်နဲ့ မင်းကိုရိုက်သတ်လိုက်လို့ရတယ်။ ”

-ဟု ပြန်ဖြေ၏။

“ ဒါဆိုရင် အဆုံးထိ လုပ်ပေးပါ ... အဲဒီအဖိုးကြီးကိုရှင်းပစ်ဖို့ ငါ စိတ်မပါတော့ဘူး မင်းရဲ့ခွေးကိုပဲ လွှတ်လိုက်တော့။ ”

စုရီက အမျိုးသမီးကို ပြောကြားလိုက်၏။ ခွေးဝါကြီးမှာ မျက်လုံးများ ပြူးကျသွားတော့၏။ ဤကောင်လေးမှ သူ့ကိုခိုင်းစေဝံ့သည်လော။

အဝေးရှိ တံငါသည်မှာမူ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာ၏။ ခွေးတစ်ကောင်ကို သူ့နှင့်ရင်ဆိုင်ရန် စေလွှတ်နေသည်မှာ မည်မျှ ရှက်စရာကောင်းလွန်းသနည်း။

“ ဝှစ် ... ။ ”

ထို့ကြောင့် ချက်ချင်း ထွက်ပြေးတော့၏။ အမျိုးသမီးမှ ခွေးဝါကြီးကို ပိတ်ကန်လိုက်ပြီး၊ ‘သွား’ဟု အမိန့်ပေးလေသည်။

ခွေးဝါကြီးခမျာ စုရီကို မကျေမနပ် တစ်ချက်စောင်းကြည့်လျက် ပျောက်ကွယ်သွား တော့၏။ ထို့နောက် မယုံနိုင်စရာ မြင်ကွင်း တစ်ခု ပေါ်လာခဲ့သည်။

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

မိုင်တစ်ရာအကွာတွင် ကောင်းကင်ကြီး ကွဲအက်လျက် ဧရာမခွေးလက်သည်းကြီးတစ်ခု ကျဆင်းကာ ထွက်ပြေးနေသောတံငါသည်ကို အပိုင်းပိုင်းဖြတ်ပစ်လိုက်၏။ ကျွမ်းပေ့ဖန်နှင့် အဖွဲ့မှာ အံ့အားသင့်ကုန်သည်။

ခွေးတစ်ကောင်သည်ပင် ဤမျှ စွမ်းအားကြီးနေသည်လော။ ခွေဝါကြီးသည် စုရီအနား ပြန်လည်ဆင်းသက်လာကာ၊

“ မြင်ပြီလား ... ငါ့လက်ဝါးအောက်မှာ မင်းလိုကလေးတွေကို စက္ကူလို ကုပ်ဖြဲနိုင်တယ် မင်းကိုယ်မင်း သတိထားပါ။ ”

-ဟု ခြိမ်းခြောက်လိုက်၏။ စုရီက ပြုံးလျက် ခွေးဝါကြီးဦးခေါင်းကို ပွတ်သပ်ကာ၊

“ မဆိုးဘူး ... ။ ”

-ဟု ချီးကျူးလိုက်တော့၏။

***

All Chapters