← Chapters

အခန်း (၁၀၀၅-၁၀၀၆)

Vol. 84 Ch. 1005-1006

အခန်း (၁၀၀၅-၁၀၀၆)

Vol. 84 Ch. 1005-1006

အခန်း ၁၀၀၅ -

လွန်ခဲ့သောနှစ်များဝိုင် ... ။

ကျောက်တုံးအိမ်ကလေး ရှေ့တွင် ခွေးဝါကြီးသည် အိုးတစ်လုံးအတွင်းရှိ ကိတ်မုန့် များကို ငေးကြည့်နေခဲ့သည်။

“ ငါ မင်းအတွက် ဝိုင်သွားယူဦးမယ်။ ”

အမျိုးသမီးသည် ဥယျာဉ်ထဲမှ သခွားသီးများကိုခူးဆွတ်လျက် စုရီတို့ထံ တည်ခင်းပေးကာ အိမ်ထဲဝင်သွားသည်။

ဤမျှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးသည် တောသူမတစ်ဦးကဲ့သို့ ပြုမူနေသည်မှာ မယုံနိုင်စရာပေပင်။

“ ဒါက တကယ်ပဲ သခွားသီးလား ... စစ်မှန်တဲ့နတ်ဆေးပင်တွေ ထက်တောင်မှ အာနိသင် ထူးခြားရှိနေတယ်။ ”

ငရဲဘုရင်က သခွားသီးတစ်ငုံကို စားကြည့်ပြီးနောက် အံ့သြစွာပြောလိုက်သည်။ လူတိုင်း သူမကဲ့သို့ လိုက်ပါစားကြည့်ရာ အမှန်ပင်ဖြစ်ကြောင်း သိရှိလိုက်၏။

ဤသခွားသီးများသည် ကျင့်ကြံခြင်းကို အထောက်အကူပြုသော ဆေးစွမ်းကောင်းများ ဖြစ်နေချေပြီ။

“ ဟမ့် ... တောသားတွေ ... ဒီသခွားသီးတွေကို ငါ့သခင်က နတ်ရေစင်တွေနဲ့ လောင်းပေးထားတာ ဒါတွေက ဒီလောကရဲ့ အစားအစာတွေ မဟုတ်ဘူး။ ”

ခွေးဝါကြီးက အထင်သေးစွာဖြင့် နှာခေါင်းရှုံ့ကာ ပြောကြားလိုက်သည်။ စုရီသည် သခွားသီးကို စားပြီးနောက် မိမိ၏ကျင့်ကြံမှု အနည်းငယ်တိုးတက်လာသည်ကို ခံစားမိသည်။

တစ်ဖက်တွင် အခြားသူများသည် လူတိုင်းမျက်နှာများဝင်းပလျက် အထူးသဖြင့် ငရဲဘုရင်သည် အဆင့်ချိုးဖြတ်တော့မည့် အရိပ်အယောင်ပြသလာ၏။

“ အခု အဆင့်တက်ဖို့က စောလွန်းပါသေးတယ်။ ”

ထိုစဉ် အမျိုးသမီး လှမ်းထွက်လာပြီး ငရဲဘုရင်နဖူးကိုလက်ညှိုးဖြင့် ထောက်လိုက်၏။ သည့်နောက် စုရီထံ ‘လွန်ခဲ့သောနှစ်များ’ဟု အမည်ရသော ဝိုင်အိုးကို ပေးလာ၏။

“ မင်းရဲ့ အသိစိတ်ပင်လယ်ထဲက ဒီတံဆိပ်ကိုအရင်သန့်စင်နိုင်မှသာ အဆင့် ချိုးဖြတ်ပါ မဟုတ်ရင် မင်းရဲ့အရည်အချင်းတွေ နှမျောစရာကောင်းကုန်လိမ့်မယ်။ ”

အမျိုးသမီးက ငရဲဘုရင်ကို လှည့်ကာ သတိပေးလိုက်သည်။ ငရဲဘုရင်တစ်ယောက် အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်လာသော ရွှေရောင်တံဆိပ်ကို မြင်လိုက်ရ၏။

တစ်ဆက်တည်းမှာပင် သူမ၏ ရောင်ဝါများသည်လည်း ပြန်လည်တည်ငြိမ်သွား တော့သည်။

ထိုအချိန်တွင် စုရီသည်လည်း ဝိုင်ကို တစ်ငုံသောက်ကြည့်လိုက်ရာ သူ့ကျင့်ကြံမှုသည် ကွေ့ယီအလယ်အလတ်အဆင့်သို့ ခုန်ပေါက် ဝင်ရောက်လာကြောင်း ခံစားလိုက်ရ၏။

စုရီတစ်ယောက် အံ့အားသင့်ကာ စိတ်လှုပ်ရှားသွားသည်။ ဝိုင်သုံးခွက်မျှဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်သွားစေနိုင် သည်မှာ အံ့မခန်းပေပင်။

လွန်ခဲ့သောနှစ်များဟု အမည်ပေးထားသည့် ဤဝိုင်သည် တကယ်ပင်ရှားပါးလှသော ရတနာ ဖြစ်လေသည်။

အမှန်စစ်စစ် ကွေ့ယီအဆင့်သို့ ရောက်ရှိပြီးနောက် သူ့ကျင့်ကြံမှု၌ အနည်းငယ် အခက်တွေ့နေခဲ့ရသည်။ အကြောင်းမှာ သာမန် နယ်ပယ်ဘုရင်အဆင့် အရင်းအမြစ်များသည် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ သောကြောင့် ဖြစ်၏။

ထို့ကြောင့် သူ့ကျင့်ကြံခြင်းကို ပိုမိုတိုးတက်စေလိုပါက ပိုမိုမြင့်မားသော နတ်ဝိညာဉ်အဆင့် ဆေးဖက်ဝင်အပင်များကို ရှာဖွေရန် လိုအပ်နေခဲ့သည်။

သို့သော် ယခုမူ ဝိုင်သုံးခွက်နှင့် ကိတ်မုန့်တစ်ပန်းကန်သည် သူ့ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ဤအာနိသင်မှာ ကြောက်ခမန်းလိလိပေပင်။ ထို့ပြင် သူ့အုတ်မြစ် သည်လည်း မယိမ်းမယိုင်ဘဲ ခိုင်မာနေ၏။

“ ကောင်းလိုက်တဲ့ ဝိုင် ... ။ ”

စုရီက ချီးကျူးလိုက်သည်။ အနားရှိ ခွေးဝါကြီးမှာမူ မနာလိုဖြစ်ကာ၊

“ ဟမ့် ... စစ်မှန်တဲ့ နတ်ရေစင်နဲ့ ချက်လုပ်ထားပြီး အင်မော်တယ်အဆင့်မှာရှိတဲ့ ဆေးပင်ပေါင်းတစ်ရာကျော် အသုံးပြုထားတာ မကောင်းဘဲ နေပါ့မလား။ ”

-ဟု ထိုးဟောင်လာလေသည်။ စုရီက သူ့ကို ဂရုမစိုက်ဘဲ အမျိုးသမီးထံကြည့်ကာ၊

“ နောက်ထပ် ရှိသေးသလား။ ”

-ဟု မေးမြန်းလိုက်၏။ ခွေးဝါကြီးခမျာ ချက်ချင်းမျက်နှာ ပျက်သွားသည်။ ဤလူသည် အရှက်မဲ့လွန်းချေပြီ။ မည်မျှရှားပါးကြောင်း သိရှိနေသော်မှ ထပ်မံတောင်းဆိုဝံ့၏။

“ ဒီဝိုင်ရဲ့ ပထမတစ်ခွက်ကအတိတ်၊ ဒုတိယတစ်ခွက်ကပစ္စုပ္ပန်၊ တတိယတစ်ခွက်က အနာဂတ်ကို ကိုယ်စားပြုတယ် ... ဘယ်သူ သောက်သောက် တစ်ကြိမ်ပဲ အာနိသင်ပြတယ် မယုံရင် မင်းထပ်သောက်ကြည့်နိုင်တယ်။ ”

အမျိုးသမီးက နောက်ထပ် ဝိုင်တစ်အိုး ကမ်းပေးလိုက်သည်။ ဤတစ်ကြိမ်တွင် စုရီမှ ခေါင်းရမ်းကာ ငြင်းပယ်၏။ တစ်ဖက်လူ စကားကို သူ ယုံကြည်သည်။

“ ဒါကိုသိမ်းထားလိုက်ပါ နောင်အခါ မင်းရဲ့မိတ်ဆွေတွေကို ... လက်ဆောင်ပေးလို့ ရတယ်။ ”

အမျိုးသမီးက ဝိုင်အိုးကို စုရီရှေ့ ‌ကျောက်စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။

“ ပြောပါဦး ... ဘာကြောင့် ငါ့ကို ဒီလောက်အထိ ဧည့်ခံကျွေးမွေးနေရတာလဲ။ ”

စုရီက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်၏။ အမျိုးသမီးက လက်ဝေ့ယမ်းရာ အလင်းမှုန်များ ကျဆင်းလာပြီး စုရီနှင့်သူမကို ပြင်ပလောကဖြင့် အဆက်အသွယ် ဖြတ်တောက်သွားစေသည်။

“ ငါက အင်မော်တယ်နယ်မြေကနေ လာတဲ့သူပဲ ငါ့မိသားစုအတွင်းမှာ အစဉ်အဆက် လိုက်နာရမယ့် စည်းမျဉ်းတစ်ခုရှိတယ်။ ”

အမျိုးသမီးမှ စကားစပြောလာသည်။ ထိုစကားကြောင့် စုရီမှ မျက်ခုံးပင့်လိုက်မိသည်။ တစ်ဖက်လူသည် စစ်မှန်သော အင်မော်တယ် တစ်ဦးဖြစ်ပုံရ၏။

“ အဲဒီဘိုးဘေးတွေရဲ့ စည်းမျဉ်းက အတော်လေးထူးခြားတယ် ... ငါတို့မျိုးနွယ်မှာ အဓိကအမွေကို ထိပ်တန်းအဖြစ် ...

... တိုက်ရိုက်မျိုးရိုးရဲ့ မျိုးဆက်တွေသာ သင်ကြားပေးတယ် ဒါတောင် အကြီးအကဲတွေ သဘောတူမှသာ သင်ယူနိုင်တယ် ...

... ဒီနေ့အဲဒီအမွေကို ငါမင်းနဲ့ မျှဝေပေးနိုင်တယ် အဲဒါက ဘာလဲဆိုတော့ ငါတို့မျိုးဆက်တစ်ခုပြီးတစ်ခု ကာကွယ်ပြီး လက်ဆင့်ကမ်းလာခဲ့တဲ့ ဝင်စားခြင်းပဲ။ ”

စုရီတစ်ယောက် မျက်ခုံးပင့်လိုက်သည်။ အင်မော်တယ်မျိုးနွယ်စုတစ်ခုသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဝင်စားခြင်းဥပဒေကို လက်ဆင့်ကမ်းနိုင်သည်လော။ မည်မျှ မှော်ဆန်သနည်း။

ဤအမျိုးသမီးသည် သူ့ကို ဧည့်ဝတ်ကျေပွန်စွာကြိုဆိုသည်မှာ အံ့သြစရာ မရှိတော့ချေ။ အဆုံးစွန်အားဖြင့် အရာအားလုံး ပြန်လည်ဝင်စားခြင်းနှင့် ဆက်စပ်နေချေပြီ။

စုရီတစ်ယောက် ခဏမျှ စဉ်းစားကာ၊

“ အင်မော်တယ်ကမ္ဘာအကြောင်း ပြောပြပေးနိုင်မလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါက အဆင်ပြေပါတယ် ... ကောင်းကင်ဘုံဆိုတာ အကန့်အသတ်မရှိ ကျယ်ပြန့်တဲ့ နယ်မြေတစ်ခုပါပဲ ...

... ကောင်းကင်ဘုံနဲ့ သေမျိုးကမ္ဘာက အတူတည်ရှိပြီး ကောင်းကင်ဘုံနယ်ပယ်ကို တံတားအဖြစ် သတ်မှတ်ခဲ့တယ် ...

... လူသားကျင့်ကြံသူတွေက ကောင်းကင်လမ်းကိုဖြတ်ပြီး အင်မော်တယ် ကမ္ဘာကို ဝင်ရောက်ကာ ကျင့်ကြံနိုင်တယ် ...

... အလားတူပဲ အင်မော်တယ်တွေကလည်း သေမျိုးကမ္ဘာကိုဆင်းသက်ပြီး ဖုန်မှုန့်တွေကြား လှည့်လည်သွားလာနိုင်ပါတယ် ...

... ဒါပေမယ့် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကပ်ဘေးကြီးကျရောက်လာတဲ့အခါ နယ်ပယ် နှစ်ခုကြားက တံတားဟာ ဖြတ်တောက် ခံလိုက်ရပါတယ် ...

... အဲဒီအချိန်ကစပြီး ကောင်းကင်ဘုံဟာ အင်မော်တယ်နယ်ပယ်အဖြစ် ကျန်ရစ်ခဲ့တယ် လူသားကျင့်ကြံသူတွေက ကောင်းကင်ဘုံကို မလာနိုင်တော့ဘူး ...

... အဲဒီအချိန်တုန်းက အင်မော်တယ်နယ်မြေရဲ့ အင်အားကြီးဂိုဏ်းတွေ အပေါ် အပြင်းထန်ဆုံး ထိခိုက်ခံခဲ့ရတယ် အမှောင်ထုဟာ အဆုံးမရှိဘဲ ...

... ကောင်းကင်ပြိုကျတဲ့အခါ အမြင့်ဆုံးမှာရပ်နေတဲ့သူတွေက အရင်ဆုံးဒုက္ခ ရောက်တတ်တာသဘာဝပဲမဟုတ်လား။ ”

အမျိုးသမီးက သက်ပြင်းချလျက် အတိတ်ကို လွမ်းဆွတ်သွားလေသည်။

“ အဲဒီကပ်ဘေးကြောင့် ငါ့မျိုးနွယ်ဟာ ဘေးလွတ်ရာကို ရှောင်တိမ်းဖို့ အုပ်စုကြီးသုံးစု ခွဲပစ်လိုက်ရတယ် ... အသန်မာဆုံး အကြီးအကဲတွေက ...

... ဘဝလမ်းကြောင်းကို ရှာဖွေဖို့ အင်မော်တယ်နယ်မြေထဲက တားမြစ်ဇုန်ထံ ရွေးချယ်ခဲ့ကြတယ် အဓိကမျိုးဆက်တစ်စုက ငါ့အဖေရဲ့ ဦးဆောင်မှုအောက်မှာ ...

... သေမျိုးနယ်မြေမှာ ခိုလှုံဖို့ ထွက်ခွာလာခဲ့ကြတယ် နောက်ဆုံးအဖွဲ့ကတော့ အင်အားအများဆုံးနဲ့ ငါတို့ဘိုးဘေးမြေကို ကာကွယ်ဖို့ ကျန်ရစ်ခဲ့တယ် ...

... ဒါပေမဲ့ ငါတို့သေမျိုးနယ်ပယ်ဆီ ရောက်ပြီးမကြာခင်မှာပဲ ဓမ္မအဆုံးခေတ်ကြီး ကျရောက်ပြီး အင်မော်တယ်နယ်မြေနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်း ပြတ်တောက်သွားခဲ့ရတယ် ...

... အဲဒီကပ်ဘေးကြီးက ငါတို့လိုကျင့်ကြံသူတွေကိုပဲ ပစ်မှတ်ထားတာမို့ ငါ့ရဲ့ဆွေမျိုးတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ကြတယ် ...

... ငါလည်းပဲ ဒဏ်ရာအပြင်းအထန်ရပြီး ခန္ဓာကိုယ်ပျက်စီးကာ ဝိညာဉ်ဘဝနဲ့ပဲ ရှင်သန် နေထိုင်နေရတယ်။ ”

စုရီတစ်ယောက် အတွေးနက်သွားသည်။ အင်မော်တယ်မျိုးရိုးတစ်ခုသည်ပင် ကပ်ဘေးမှ မလွတ်မြောက်နိုင်သည်မှာ မည်မျှ တုန်လှုပ်ဖွယ် ကောင်းပေနည်း။

ထိုစဉ် အမျိုးသမီးက ဝင်စားခြင်း ဥပဒေအကြောင်း ဆက်လက် ရှင်းပြလေသည်။

“ အခုခေတ်မှာ ပြန်နိုးထလာကြတဲ့ သေလွန်ဝိညာဉ်များတွေအားလုံး ကျိန်စာတွေ ရှိနေကြတယ် အဲဒီကျိန်စာကို ချေဖျက်နိုင်တာ ဝင်စားခြင်း စွမ်းအားပဲ ရှိတယ် ...

... ဒါကြောင့် မင်းဟာ သူတို့မျက်လုံးထဲမှာတော့ သူတို့ရဲ့အရှင်သခင် ဒါမှမဟုတ် ဘုရင်တစ်ပါးပဲ။ ”

စုရီက သက်ပြင်းချကာ၊

“ ဘုရင်တစ်ပါးလား ... ဒါပေမဲ့ ငါဘာလို့ ဒီအသုံးအနှုန်းအောက်မှာ မပျော်ရတာလဲ။ ”

-ဟု ဆိုသည်။ အမျိုးသမီးက ပြုံးကာ၊

“ မှန်တယ် မင်းမှာ ဝင်စားခြင်းကို နားလည်နေရင် သူတို့သားကောင်ဖြစ်လိမ့်မယ် ဘာလို့လဲဆို ... သူတို့ရဲ့ကျိန်စာကိုဖြေဖို့ မင်းကို အသုံးပြုကြမယ် ...

... ဒါပေမဲ့ မင်းက ကူညီလိုက်လို့ ကျိန်စာပြေသွားရင်တောင် သူတို့က မင်းအပေါ် ရန်မပြုဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး ... ဒီဝင်စားခြင်းဥပဒေက အသက်နဲ့ သေခြင်းကို ကိုယ်စားပြုတဲ့ ...

... ဓားတစ်ချောင်းလိုပဲ၊ ဘယ်သူက ဒီဓားကိုသူ့ခေါင်းပေါ်မှာ ချိတ်ထားချင်ပါ့မလဲ ဒီလိုပဲ ဘယ်သူကရော ဒီဓားကို မပိုင်ဆိုင်ချင်ဘဲ နေနိုင်မလဲ။ ”

“ ဒါဆို ... မင်းရော မလိုချင်ဘူးလား။ ”

စုရီမှ အမျိုးသမီး၏ မျက်လုံးများကို စိုက်ကြည့်ကာမေးမြန်း၏။ ဤအမျိုးသမီးသည် မမြင်နိုင်အောင် နက်နဲလှချေပြီ။ သူမ၏ မူလ ရည်ရွယ်ချက်ကို သူ မသိချေ။ ထို့ကြောင့်ပင် တိုက်ရိုက် မေးခွန်းထုတ်လိုက်ခြင်းဖြစ်၏။

***

အခန်း ၁၀၀၆ -

အပြန်အလှန် ကျေးဇူးပြုခြင်း။

စုရီမေးခွန်းကြောင့် အမျိုးသမီးက ပြုံးကာ၊

“ ဝင်စားခြင်းနိယာမကို မြင်တဲ့အခါ ဘယ်သူကများ စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ ဒါပေမယ့် ငါကတော့ ဘိုးဘေးတွေရဲ့ အဆုံးအမကို ဘယ်တော့မှ ဖောက်ဖျက်မှာ မဟုတ်ဘူး။ ”

-ဟု ပြန်ဖြေသည်။

စုရီမှ မျက်ခုံးပင့်လိုက်၏။ တစ်ဖက်လူပြောနေသော မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာသည့် ထိုစည်းမျဉ်းအပေါ် စိတ်ဝင်စားလာခဲ့သည်။

“ နောင်တစ်ချိန်မှာ ... မင်းသာ အင်မော်တယ်နယ်မြေကို ရောက်လို့ ငါ့မျိုးရိုးရဲ့ အကြီးအကဲတွေရှိနေသေးရင် မင်းသိချင်တာကို သူတို့ပြောပြကြပါလိမ့်မယ်။ ”

ထိုအဖြေကြောင့် စုရီမှ ထပ်မေးရန် ပျင်းရိသွားကာ တိုက်ရိုက်ပင်၊

“ ဒါဆို ငါ့ဆီက အကူအညီလိုသလား။ ”

-ဟု မေးမြန်းလိုက်၏။

ဤအမျိုးသမီးသည် အင်မ်ောတယ် မျိုးရိုးတစ်ယောက် ဖြစ်သော်လည်း ယခုအချိန်၌ သေလွန်ကွယ်လွန်ဘဝသာဖြစ်နေသည်။

သူမ၏ကျိန်စာများကို ချေဖျက်ရန် ဝင်စားခြင်းစွမ်းအားလိုအပ်မည်မှာ သေချာ၏။ သို့သော် အမျိုးသမီးက ခေါင်းခါပြကာ၊

“ လောလောဆယ်တော့ မလိုသေးဘူး။ ”

-ဟု ငြင်းပယ်လိုက်သည်။

ထို့နောက် သူမက ဆက်လက် ရှင်းပြလာသည်မှာ လက်ရှိတွင်ဤလောက၏ နိယာမများပြောင်းလဲနေပြီး ကောင်းကင်ဘုံ လမ်းကြောင်းသည်လည်း မကြာမီ ပြန်ပေါ်လာပေတော့မည်။

ဤကာလအတွင်း သေလွန်ဝိညာဉ်များ အတွက် ကန့်သတ်ချက်များမှာ ရှိနေဆဲဖြစ်၏။ အထူးသဖြင့် သူမကဲ့သို့ စွမ်းအားကြီးသူများမှာ ကျိန်စာချေဖျက်ပြီးသော်လည်း ပင်လယ်မှ ထွက်ခွာ၍မရသေးချေ။

ထွက်ခွာခဲ့လျှင် ဤလောက၏ စည်းမျဉ်းများကြောင့် တုံ့ပြန်မှုကိုခံရကာ သေသည်အထိ ပျက်စီးသွားနိုင်မည်။

“ ငါတို့လို သေလွန်ဝိညာဉ်တွေက ဓမ္မအဆုံးခေတ်မှာတင် သေဆုံးခဲ့သင့်တာပါ အခုလို ပြန်လည်နိုးထလာတာဟာ လောကရဲ့ အခွင့်အရေးကို ခိုးယူလိုက်သလိုပဲ ...

... ငါတို့ဆီက ကျိန်စာတွေမှာ ... သေခြင်းတရားရဲ့ အရိပ်အမြွက်တွေပါရှိတယ် ဒါက သံခြေကျင်းတွေလိုပဲ ...

... သူ့ကို ဖျက်ဆီးလိုက်ရင်တောင် လောကစည်းမျဉ်းက ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး နတ်ဘုရားတစ်ပါးဖြစ်ခဲ့ရင်တောင် ကျော်လွန်ဖို့ ခက်ခဲလှနေပါသေးတယ်။ ”

ထို့နောက် အမျိုးသမီးက သက်ပြင်းချလိုက်သည်။ စုရီက တွေးဆလျက်၊

“ ဆိုလိုတာက ကောင်းကင်ဘုံနယ်ပယ် အမှန်တကယ် ပေါ်လာတဲ့အခါကျမှ မင်းတို့လို သေလွန်ဝိညာဉ်တွေက လောကကြီးထဲ လှည့်လည်နိုင်မယ် ဒီလိုလား။ ”

-ဟု မေးမြန်းလိုက်၏။

“ မှန်တယ် ... ဒါကြောင့် မင်းလည်း ကျင့်ကြံမှုအပေါ် အမြန်မြှင့်တင်ထားဖို့လိုတယ် မင်းမှာဝင်စားခြင်းဥပဒေစွမ်းအား ရှိနေတာက အဲဒီအချိန် သူတို့လိုသေလွန်ဝိညာဉ်တွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်။ ”

အမျိုးသမီးစကားကို စုရီမှ ပြုံးကာ၊

“ အမှန်အတိုင်း ပြောရရင် အဲဒီနေ့ကို ငါမျှော်လင့်နေတာ ငါ့ရဲ့နယ်ပယ်ဘုရင်အဆင့်နဲ့ ကောင်ကင်ဘုံစွမ်းအားကို စမ်းသပ်ချင်တယ်။ ”

-ဟု ဆိုလိုက်သည်။ အမျိုးသမီးခမျာ မျက်ခုံးပင့်လျက် အံ့အားသင့်သွားရတော့၏။ ထို့နောက် ခေါင်းညိတ်ကာ၊

“ မင်းတကယ် သတ္တိရှိတာပဲ ... အက်မော်တယ်နယ်မြေမှာတောင် နယ်ပယ် ဘုရင်လေးတွေက နတ်ဝိညာဉ်ကို အနိုင်ယူ နိုင်တဲ့သူဆိုတာ ရှားတယ် ...

... အဲဒီလို လူမျိုးတွေက တစ်ကမ္ဘာမှာ တစ်ယောက်သာ ပေါ်ထွက်တတ်တဲ့ နတ်ခန္ဓာ ပိုင်ရှင်တွေ ဒါမှမဟုတ် နတ်ဂိုဏ်းကြီးတွေရဲ့ ထိပ်သီးတပည့်တွေပဲရှိတယ်။ ”

-ဟု ပြောကြားလိုက်၏။

“ နောက်တစ်နှစ် ဒါမှဟုတ် နှစ်နှစ်အတွင်း ကောင်းကင်ဘုံလမ်းကြောင်း ပေါ်လာလိမ့်မယ် အဲဒီချိန်ကျရင် ငါမင်းဆီလာပြီး ကျိန်စာကို ချေဖျက်ပေးရန် တောင်းဆိုမယ်။ ”

အမျိုးသမီးက သူမရည်ရွယ်ချက်ကို ရှင်းလင်းစွာပြောကြားလာသည်။ စုရီမှစကား မဆိုတော့ဘဲ တိတ်ဆိတ်နေခဲ့၏။

အမျိုးသမီးက ငရဲဘုရင်ထံ လှမ်းကြည့်လိုက်ကာ၊

“ အဲဒီကောင်မလေးကို ... ငါ့ဆီထားခဲ့နိုင်မလား သူ့အရည်အချင်းက မဆိုးဘူး ငါလမ်းပြပေးနိုင်တယ်။”

-ဟု တောင်းဆိုလိုက်သည်။ စုရီက ခဏမျှစဉ်းစားပြီး၊

“ သူမ ဘာလုပ်ချင်တာလဲဆိုတာ ငါတို့စောင့်ကြည့်ရအောင်။ ”

-ဟု တုန့်ပြန်၏။ အမျိုးသမီးက ‌ခေါင်းညိတ်လိုက်သည်။ ထိုနောက် သူတို့ စကားဝိုင်းပြီးဆုံးသွားကာ အကာအကွယ် ပျက်ပြယ်သွား၏။

စုရီနှင့်အဖွဲ့သည် အမျိုးသမီးဟုန်ယွင် တည်ခင်းသမျှ ဆေးဘက်ဝင်အစားအစာများ စားသုံးပြီးနောက် မျက်စိမှိတ်ကာ ကျင့်ကြံမှု စတင်လိုက်ကြတော့သည်။

ထိုစဉ် လီပေ့ရှန်ရောက်ရှိလာပြီး တိုက်ပွဲအတွင်းမှ ရရှိသော ရတနာများစွာကို အပ်နှံလာသည်။ အမျိုးသမီးက တစ်ချက်ပင် မကြည့်တော့ဘဲ စုရီထံပေးအပ်လိုက်၏။

ဤသည်မှာ တစ္ဆေပညာရှိနှင့် သွေးမီးအိမ်ဘုန်းကြီးနှင့် အခြားသော သေလွန် ဝိညာဉ် သုံးပါးထံမှ သိမ်းဆည်းလာသည့် ရတနာများပေပင်။

မိမိနှင့် မိတ်ကောင်းဆွေကောင်း ဖြစ်လိုကြောင်း တစ်ဖက်လူ၏စိတ်ကူးများကို နားလည်ထားသဖြင့် စုရီမှ ယဉ်ကျေးခြင်းမရှိဘဲ ယူလိုက်သည်။

နောင်တစ်ချိန်တွင် သူမ၏ကျိန်စာကို ချေဖျက်ပေးခြင်းဖြင့် ကျေးဇူးပြန်ဆပ်ရန် သူ ဆုံးဖြတ်ထားလိုက်သည်။

ထို့နောက် ရတနာများကို သိမ်းဆည်းကာ ဝိုင်အာနိသင်ပေါ်ချေဖြတ်ရန် ကြိုးစားတော့၏။ ဤမြင်ကွင်းအပေါ် အမျိုးသမီးဟုန်ယွင်မှ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ၏ အတွေးများသည်လည်း ပျံ့လွင့်နေခဲ့သည်။

“ အဖေ၊ အဖေသာ အသက်ရှင်သေးရင် နတ်ဘုရားပဋိညာဉ်အောက်မှာ တားမြစ်ထားတဲ့ ဒီလိုဝင်စားခြင်းစွမ်းအားက အရှေ့ဘက် ကြယ် ဒိုမိန်းမှာ ပေါ်လာလိမ့်မယ်လို့ ...

... မှန်းဆနိုင်ပါ့မလား ... ဒီလူက တကယ်ကိုထက်မြက်လွန်းတယ် ဘိုးဘွားတွေရဲ့ မိန့်ကြားထားတဲ့အတိုင်းပါပဲ သူ့ရဲ့အသက်နဲ့ ဉာဏ်ပညာဟာ သာမန်အသိဉာဏ်မျိုးနဲ့ အကဲဖြတ်ဖို့မလုံလောက်ဘူး ...

... သမီးအတွက် ဒါဟာတစ်သက်မှာ တစ်ခါသာရတဲ့အခွင့်အရေးပဲ ဘိုးဘေးတွေရဲ့ ဆုံးမစကားအတိုင်း ဆုပ်ကိုင်ရမယ်။ ”

... ဒါပေမယ့် အဖေမရှိတော့ဘူး ... သမီးတို့ရဲ့မျိုးနွယ်စုဝင်တွေရော အင်မော်တယ် နယ်မြေမှာ အသက်ရှင်နေသေးလား ဆိုတာလည်း မသိနိုင်တော့ဘူး ... ။ ”

အမျိုးသမီးဟုန်ယွင်တစ်ယောက် တစ်ကိုယ်တည်းရေရွတ်လျက် ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့၏။ ခဏအကြာတွင် ဆုံးဖြတ်ချက်များ ပြတ်သားလာသည်။

“ ဘာပဲဖြစ်ဖြစ် ... ဘိုးဘွားတွေရဲ့ စည်းမျဉ်းကိုလိုက်နာရမယ် ဒီကိစ္စကိုကောင်းစွာ ကိုင်တွယ်ဖြေရှင်းဖို့ အစွမ်းကုန်ကြိုးစားမယ်။ ”

ဤသို့ဖြင့် အမျိုးသမီးသည် ပြန်လည်တိတ်ဆိတ်သွားတော့၏။ ခွေးဝါကြီးက သူမထံ ငေးကြည့်လျက် လဲလျောင်းနေသည်။ ခြံဝတွင် လီပေ့ရှန်းသည်မလှုပ်ဝံ့ချေ။

သုံးရက်အကြာတွင် ဝေရှန်းနှင့် ကျွမ်းပေ့ဖန်မှ မျက်ဝန်းများဖွင့်လာ၏။ သူတို့၏ နှစ်ပေါင်းများစွာ ပိတ်မိနေသောကျင့်ကြံမှုမှာ များစွာတိုးတက်လာချေပြီ။

ဝေရှန်းသည် တုံ့ယွီအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပြီး ကျွမ်းပေ့ဖန်းသည် တုံ့ယွီ အထွတ်အထိပ်တွင် ပိုမိုစုစည်းမိလာ၏။

မုချန်းယွမ်မှာမူ ထုံရှောက်အဆင့် အထွတ်အထိပ် ရောက်ရှိသွားချေပြီ။ ထို့ကြောင့် ခွေးဝါကြီးက သူ့ကိုကြည့်ကာ၊

“ ကောင်လေး ... မင်းမကြာခင်မှာ မင်းရဲ့ကောင်းကင်ကပ်ဘေးကို ခံယူရတော့မယ် အရည်အချည်းက သာမန်ပဲရှိတယ် ... ဒါပေမယ့် မင်းသာဒီမှာနေနိုင်ရင် ...

... ငါမင်းရဲ့တာအိုကာကွယ်သူအဖြစ် ခိုင်မာတဲ့အုတ်မြစ်ရအောင် လမ်းပြပေးနိုင်တယ် အနာဂါတ်မှာ ကောင်းကင်ပေါ် တက်နိုင်တဲ့ အထိ အာမခံတယ်။ ”

-ဟု ပြောကြားလိုက်သည်။ ဤရက်များအတွင်း မုချန်းယွမ်၏ စွမ်းဆောင်မှု များသည် သူ့ကိုများစွာနှစ်ခြိုက်စေ၏။

တစ်ဖက်လူသည် လူအုပ်အတွင်း၌ နိမ့်ပါးသော အရည်အချင်းသာရှိသော်လည်း ယဉ်ကျေးမှုရှိခြင်းတွင်မူ ပြိုင်ဘက်ကင်းချေပြီ။

“ သခင်ဝါကြီး ... ဒီအဖိုးကြီးက ငါ့သခင်လေးနောက်ကို တသက်လုံးလိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ”

မုချန်းယွမ်မှ ပြုံးရွှင်စွာ ပြန်ဖြေ၏။ ထိုအဖြေသည် ခွေးဝါကြီးကိုပို၍ပင် ထိမိသွား စေသည်။ မည်မျှသစ္စာရှိသော လူပေနည်း။ ခွေတစ်ကောင်နှင့် မခြားချေ။ ‌

( မဟုတ်ဘူး ငါ့လိုသစ္စာရှိတာ။ )

ခွေးဝါကြီးခမျာ စိတ်ထဲမှ တိတ်တဆိတ် လေးစားသွား၏။ သူသည်လည်း မိန်းကလေးကို အသက်ပေးကာ သစ္စာရှိသူဖြစ်လေသည်။

“ ဒါပေမယ့် မင်းဒီမှာ နေခဲ့သင့်တယ်။ ”

စုရီက ဝင်ပြော၏။ ယင်းကြောင့် မုချန်းယွမ်တစ်ယောက် အံ့အားသင့်စွာ စုရီကို ပြန်ကြည့်လေသည်။ သခင်သည် သူ့ကို စွန့်လွှတ်လိုသည်လော။

“ သခင်လေး ... ။ ”

သို့သော် စုရီမှလက်ပြပြီး သူ့ကို စကားပြောခွင့်မပေးချေ။

“ မင်းငါ့နားမှာနေရင် မင်းဘဝအတွက် ကျင့်ကြံမှုမှာ အတားအဆီးဖြစ်လာလိမ့်မယ် ဒီမှာနေခဲ့ပြီး ကျင့်ကြံတာ အကောင်းဆုံးပဲ။ ”

“ ကောင်လေး ... ဒီကလေးပြောတာ မှန်တယ် မင်းဒီမှာနေပြီး မင်းကိုမျက်စိဖွင့်ပေး နိုင်ပါတယ် ... ဒီပင်လယ်ပြင်ကြီးမှာ ငါတို့ လမ်းလျှောက်ထွက်နိုင်တယ်။ ”

ခွေးဝါကြီးမှလည်း ဝမ်းသာအားရ သွေးဆောင်တော့၏။ မုချန်းယွမ်တစ်ယောက် အံကြိတ်လျက် မျက်ရည်များဝဲလာကာ၊

“ သခင်လေး အနာဂါတ်မှာ ငါမင်းကိုလာရှာမယ်။ ”

-ဟု ကတိပေးလိုက်သည်။ စုရီက စကားမဆိုတော့ဘဲ ဝေရှန်းနှင့် ငရဲဘုရင်ထံ လှည့်ကြည့်လိုက်၏။

“ ဝေလေး ... မင်းရဲ့သမီးကို မိတ်ဆွေဟုန်ယွင်နဲ့အတူ ကျင့်ကြံစေချင်လား။ ”

“ ဒါ ... ။ ”

ထိုမေးခွန်းကြောင့် ဝေးရှန်းမှ မျက်ခုံးပင့် လိုက်ကာ သူ့သမီးထံ လှည့်ကြည့်မိလေသည်။ ငရဲဘုရင်မှ အံ့အားသင့်တိတ်ဆိတ်သွား၏။

များမကြာခင် စုရီ၊ ဝေရှန်းနှင့် ကျွမ်းပေ့ဖန်သည် ကျောက်တုံးခြံဝင်းအတွင်းမှ ထွက်ခွာရန်ပြင်သည်။ ငရဲဘုရင်နှင့် မုချန်းယွမ် တို့က ဝမ်းနည်းပူဆွေးစွာကြည့်နေခဲ့၏။ အမျိုးသမီးဟုန်ယွင်မှ တစ်စုံတစ်ခုကို သတိရလာပြီး၊

“ တာအိုစု ... လီပေ့ရှန်းကိုမင်းနဲ့အတူ ခေါ်သွားပြီး အလုပ်အကျွေးပြုစေရင်ဘယ်လိုလဲ သူရှိနေရင် နတ်ဝိညာဉ်အဆင့်က ဝိညာဉ်တွေကို ရင်ဆိုင်ရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ် အပြန်အလှန်အားဖြင့် နောင်တစ်ချိန်မှာ သူ့ရဲ့ ကျိန်စာကို မင်းချေဖျက်ပေးရမယ်။ ”

-ဟု ကမ်းလှမ်းလိုက်သည်။

လီပေ့ရှန်းတစ်ယောက် ထိုစကားကို ကြားလိုက်သောအခါရင်ထဲ လှိုက်ဖိုသွားရသည်။ ဤသည်မှာ ကြီးမားသော အခွင့်အရေးပေပင်။ တစ်ဖက်လူသည်သာ ငြင်းဆန်သော် သေမတတ် စိတ်ပျက်သွားနိုင်၏။

***

All Chapters