← Chapters

အနောက်ပိုင်း နဂါးနန်းတော်နှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း ၂

Vol. 71 Ch. 710

အနောက်ပိုင်း နဂါးနန်းတော်နှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း ၂

Vol. 71 Ch. 710

ချီသတ္တမ၏ မျက်နှာမှာ နှစ်ကြိမ်တိုင်တိုင် တွန့်လိမ်သွားပြီး၊ သူသည် ဗီဇအရ နောက်သို့ဆုတ်မိကာ နတ်ဆိုးအုပ်စုကြားထဲသို့ ပြန်လည်ရောက်ရှိသွားလေသည်။

ထို့နောက် သူသည် မိမိ၏ ရှေ့မှ ထူးဆန်းသော နဂါးနတ်ဆိုးကို မဝံ့မရဲသောအကြည့်ဖြင့် စိုက်ကြည့်နေမိ၏။

ထိုနဂါးနတ်ဆိုးမှာ အလွန်ပင်ခန့်ညားထည်ဝါပြီး စွမ်းအားကြီးမားလှပေသည်။ သူ၏ သွေးမျိုးဆက်မှာ မွန်းကျပ်လောက်အောင်ပင် မြင့်မြတ်လှသည်မှာ ထင်ရှားလှပေသည်။

ထိုနဂါးနတ်ဆိုး၏ ဘေးတွင် ရပ်နေရသောအခါ၊ ချီသတ္တမသည် မိမိကိုယ်မိမိ နိမ့်ကျနေသည်ဟုပင် ခံစားလိုက်ရ၏။ နဂါးမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည့် သူကိုယ်တိုင်ထက်ပင်၊ ဤနဂါးနတ်ဆိုးမှာ စစ်မှန်သော နဂါးတစ်ကောင်နှင့် ပို၍ တူနေလေသည်။

၎င်းမှာ တောင်ပိုင်းဟုန်တွင် မွေးဖွားကြီးပြင်းလာသည့် သတ္တဝါမျိုး လုံးဝ မဖြစ်နိုင်ချေ။

ဟုန်ကျယ်မှ ထိုမသေမျိုးကြီးသည် အမှန်တကယ်ပင် ပြင်ပမှ ပုဂ္ဂိုလ်တစ်ဦးကို ဝင်ရောက်ခွင့် ပေးခဲ့ခြင်းလော။

နတ်ဆိုး၏ စောစောက စကားများကို ပြန်လည်စဉ်းစားမိသောအခါ၊ ချီသတ္တမသည် တစ်စုံတစ်ခုကို သတိရသွားလေ၏။ သူ၏ လူများကို စေလွှတ်ခဲ့သည့် ရည်ရွယ်ချက်မှာ အမှတ်အသားမရှိသော အင်အားစု၏ တာအိုကလေးငယ်အဖြစ် ဟန်ဆောင်နေသူကို ဖမ်းဆီးရန် မဟုတ်ပါလော။

သို့ဆိုလျှင်... ဤသည်မှာ အမှားအယွင်းတစ်ခု ဖြစ်နေခြင်းလော။

အနန္တတာအိုအင်ပါယာဂိုဏ်းကို ထိပ်တိုက်ရင်ဆိုင်ရဲသည့် အင်အားစုတစ်ခု အမှန်တကယ် ရှိနေပြီး၊ ကောလာဟလများအတိုင်းပင် သွေးအေးရက်စက်ကြသူများ ဖြစ်နေကြခြင်းလော။

သတင်းများပင် မငြိမ်သက်မီမှာပင်၊ သူတို့သည် မျက်စိတမှိတ်အတွင်း၌ အခြားသော မသေမျိုးဂိုဏ်းတစ်ခုကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ကြပြန်ပြီ ဖြစ်သည်။

"မင်းက အရှေ့ခန်းမသခင် ဆိုတာလား။"

ချီသတ္တမသည် ဟုန်ကျယ်တောင်ပိုင်းမှ သူ၏ အစ်ကိုကြီးစေလွှတ်လိုက်သော သတင်းစကားကို ပြန်လည်စဉ်းစားရင်း၊ မိမိရှေ့မှ နဂါးနတ်ဆိုးနှင့် ခပ်ဝါးဝါး ဆက်စပ်ကြည့်လိုက်သည်။

နဂါးနတ်ဆိုး၏ မျက်နှာပေါ်မှ မထေမဲ့မြင်ပြုသော အမူအရာကို မြင်လိုက်ရသောအခါ၊ သူသည် မိမိ၏ ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီး၊ တစ်ဖက်လူ၏ အခြေအနေ အစစ်အမှန်ကို စမ်းသပ်ရန် ကြိုးစားလိုက်၏။

ရေမျိုးနွယ်စုမှ စစ်သူကြီး မြောက်မြားစွာမှာလည်း ချီသတ္တမကို ဝန်းရံထားကြပြီး၊ သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။ အနန္တတာအိုအက်ပါယာဂိုဏ်းကို ဗြောင်ကျကျ စော်ကားရဲရုံတင်မက၊ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုဘဲ ဤမျှဝင့်ဝါသော အမူအရာဖြင့် ဟုန်ကျယ်အနောက်ပိုင်းတွင် ဆက်လက် ရပ်တည်နေနိုင်ခြင်းမှာ

ယင်းမှာ သူတို့၏ စွမ်းအားနှင့် ယုံကြည်မှုကို ပြသလိုက်ခြင်းပင်။

အနည်းဆုံးတော့ အနောက်ပိုင်း နဂါးနန်းတော်သည် ယခုကဲ့သို့သော လုပ်ရပ်မျိုးကို ပြုလုပ်ရဲမည် မဟုတ်ပေ။

"..."

ခယ်ရှစ်စန်းမှာ စကားများရခြင်းကို အမှန်တကယ်ပင် အကျင့်မရှိလှပေ။ သို့သော် ထိုအချိန်တွင် သူသည် မိမိရှေ့မှနဂါးမင်းသားကို ဒေါသတကြီးဖြင့် တစ်စုံတစ်ခု ပြန်လည်လုပ်ဆောင်စေချင်မိသည်။

သို့မှသာ သူ့ကို သတ်ပစ်ရန် အကြောင်းပြချက်တစ်ခု ရရှိမည် မဟုတ်ပါလော။

သို့သော်လည်း၊ နတ်ဆိုးကျောက်တိုင် တစ်ခုအနေဖြင့်၊ အရာရာတိုင်းကို သခင်ဖြစ်သူ၏ အလိုဆန္ဒနှင့်အညီသာ လုပ်ဆောင်ရပေမည်။

"မင်းတို့ မထွက်သွားခင်မှာ၊ ငါ့အတွက် ဒီစင်မြင့်ကို ပြင်ပေးခဲ့။ နောက်တစ်ကြိမ်ဆိုတာမျိုး မရှိစေနဲ့။ မဟုတ်ရင် ငါ ဟုန်ကျယ်မြောက်ပိုင်းကို မသွားခင်မှာ၊ မင်းတို့အားလုံးကို အရင်ရှင်းပစ်ဖို့ ငါ ဝန်မလေးဘူး။"

ခယ်ရှစ်စန်းက ပြောလိုက်ပြီး၊ လခြမ်းသဏ္ဌာန် စစ်လှံရှည်ကြောင့် ပျက်စီးသွားသော နေရာကို သူ၏ ခြေထောက်ဖြင့် ခပ်ဖွဖွနင်းခြေလိုက်လေသည်။

ထို့နောက် အရပ်အနိမ့်အမြင့်ကွာခြားလှသော ပုံရိပ်နှစ်ခုသည် လှည့်ထွက်သွားပြီး မဟာအစီအရင်ဆီသို့ ဦးတည်လျှောက်လှမ်းသွားကြတော့သည်။

"တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ဖို့ လက်တစ်ကမ်းအလိုမှာရှိတဲ့ နတ်ဆိုးကြီး နှစ်ကောင်..."

ချီသတ္တမသည် သူတို့နှစ်ဦး၏ နောက်ကျောကို စိုက်ကြည့်နေမိသည်။ အရပ်ပုသော ပုံရိပ်မှာ အလွန်ပင် နက်နဲလှပြီး၊ အစမှအဆုံးထိ စကားတစ်လုံးမျှ မဆိုခဲ့ချေ။

တာအိုပေါင်းစည်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော နတ်ဆိုးအငွေ့အသက်ကိုသာ ထုတ်ဖော်ပြသခဲ့ပြီး သူ၏ အတိမ်အနက်ကို ခန့်မှန်း၍ မရနိုင်ပေ။

သို့သော် နဂါးနတ်ဆိုးမှာမူ သူနှင့်ယှဉ်လျှင် အင်အားအနည်းငယ် လျော့နည်းနိုင်ဖွယ် ရှိသည်။

မေးစရာရှိသည်မှာ၊ ယင်းမှာ မည်ကဲ့သို့သော နဂါးမျိုးနွယ် ဖြစ်သနည်း။

ဤမျှ မြင့်မြတ်သောသွေးမျိုးဆက်ရှိသူကို လက်အောက်ခံအဖြစ် ထားရှိနိုင်ရန်အတွက်၊ ထိုအင်အားစုမှာမည်မျှအထိ အစွမ်းထက်မည်နည်း။

အရှေ့ခန်းမသခင် တစ်ဦး ရှိနေမှတော့၊ အနောက်ခန်းမသခင်၊ မြောက်ဘက်ခန်းမသခင် စသည်ဖြင့်... အနည်းဆုံးတော့ တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ပုဂ္ဂိုလ် လေးဦးခန့် ရှိပေလိမ့်မည်။

ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် ထွက်မလာခဲ့သော လိပ်နတ်ဆိုးကဲ့သို့ပင်။

ဤခန်းမသခင်များ၏ အထက်တွင် ပို၍ အစွမ်းထက်သော ပုဂ္ဂိုလ်များ ရှိနေနိုင်သေးသည်။

အကောင်းမြင်ဘက်မှ စဉ်းစားကြည့်လျှင်ပင်၊ ဤသည်မှာ တောင်ပိုင်းနဂါးနန်းတော်ထက် မနိမ့်ကျသော အင်အားစုတစ်ခု ဖြစ်ပြီး၊ ဟုန်ကျယ်အနောက်ပိုင်း၏ အခြေအနေကို အပြည့်အဝ လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

သူတို့၏ ဝင့်ကြွားမှုကို ကြည့်ခြင်းအားဖြင့်၊ ဆိုးဆိုးရွားရွားတွေးကြည့်မည်ဆိုပါက အနန္တတာအို အင်ပါယာဂိုဏ်းနှင့်ပင် ရင်ပေါင်တန်းနိုင်သော အင်အားစုမျိုး ဖြစ်နိုင်ပေသည်။

"ဒါက ဟုန်ကျယ်အနောက်ပိုင်းပဲ။ မင်းတို့ရဲ့ အမည်ကိုချန်ထားခဲ့ ငါ့ခမည်းတော်ကို သတင်းပို့လို့ ရမှာ။"

ချီသတ္တမသည် သူ၏ စစ်လှံရှည်ကို ပြန်သိမ်းလိုက်ရင်း၊ သူတို့ထံ၌ အနောက်ပိုင်း နဂါးဘုရင်ကို ကြောက်ရွံ့ခြင်း ရှိမရှိ ဆိုသည့်အချက်ပေါ် မူတည်၍ နောက်ဆုံးအကြိမ် စမ်းသပ်လိုက်လေသည်။

ခယ်ရှစ်စန်းသည် သူ၏ ခြေလှမ်းများကို လျှော့ချလိုက်ပြီး၊ ခပ်အုပ်အုပ် အသံဖြင့် ပြန်လည်ပြောကြားလိုက်၏။

"နတ်ဆိုးတစ်သောင်းခန်းမ "

ထိုသို့ပြောပြီးနောက် သူသည် နောက်သို့ အနည်းငယ်လှည့်ကြည့်ကာ လှောင်ပြောင်သော အပြုံးတစ်ခုဖြင့် ဆိုလိုက်၏။

"ကဲ..အဲဒီ ပိုးဟပ်အိုကြီးဆီကို ပြန်ပြီး တိုင်လို့ ရပြီ ကောင်လေး။ ငါ မင်းကို စောင့်နေမယ်။"

ယင်းမှာ ခယ်ရှစ်စန် ယခုတစ်ကြိမ် ပြောလိုက်သမျှထဲတွင်တစ်ခုတည်းသော စစ်မှန်သောစကား ဖြစ်ပေလိမ့်မည်။ လောဘနှင့် ရိုးသားမှုတို့ အပြည့်အဝ ပါဝင်နေသော စကားပင် ဖြစ်သည်။

သူတို့၏ အသံများ တိုးမှိန်သွားသည်နှင့်အမျှ၊ ပုံရိပ်နှစ်ခုသည် မဟာအစီအရင်အတွင်းသို့ ပျောက်ကွယ်သွားကြ၏။

နဂါးမင်းသား ချီသတ္တမမှာမူ မျက်နှာတစ်ခုလုံး နီမြန်းလျက် ကျန်ရစ်ခဲ့သည်။

ဤရွှေရောင်နဂါးကြီး၏ ရှေ့တွင်၊ သူ အမြတ်တနိုး ထားခဲ့ရသော ကျောက်စိမ်းနဂါးဦးချိုမှာ ယခုအခါ သူ့အတွက် အရှက်ရစရာတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

"ဒီလောက် ယုတ်မာရိုင်းစိုင်းတဲ့ နတ်ဆိုးတွေ ငါ့ခမည်းတော်ကိုတောင် မထေမဲ့မြင် ပြုရဲကြတယ်ပေါ့"

"သခင်လေးခုနစ်" နတ်ဆိုးစစ်သူကြီး မြောက်မြားစွာမှာ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို မသိဘဲ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာကြည့်နေကြသည်။

ဤအစွမ်းထက်သော ပုဂ္ဂိုလ်နှစ်ဦး၏ စွမ်းအားပြသမှုအရ၊ ဤကိစ္စမှာ သခင်လေးခုနစ် တစ်ဦးတည်းနှင့် ဖြေရှင်းနိုင်မည့် ပြဿနာမျိုး မဟုတ်တော့ချေ။

အနောက်ပိုင်း နဂါးနန်းတော်သို့ ပြန်လည် သတင်းပို့ရန် ကိစ္စနှင့် ပတ်သက်၍မူ... ဤ နတ်ဆိုးတစ်သောင်းခန်းမဆိုသူများမှာ နဂါးနန်းတော်ကို အမှန်တကယ် တစ်စုံတစ်ရာပြုမူခဲ့ခြင်း မရှိဘဲ၊ မထေမဲ့မြင် ပြုရုံသာ ရှိပေသည်။

အခြားသော အင်အားစုများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပုံနှင့် နှိုင်းယှဉ်လျှင်၊ ဤသည်မှာ ဘာမျှ မဟုတ်လှချေ။ ထို့အစား သခင်လေးခုနစ်ကသာ သူတို့ကို မတော်တဆ စော်ကားမိခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခြင်းမှာ ရွေးချယ်စရာ တစ်ခု ဖြစ်နိုင်ပါသော်လည်း၊ ယင်းမှာ အနောက်ပိုင်း နဂါးနန်းတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

သို့သော် မတော်တဆ ပြဿနာရှာမိခဲ့သော သခင်လေးခုနစ်အတွက်မူ၊ ရလဒ်မှာ မတွေးဝံ့စရာပင်။

"ဖယ်ကြစမ်း"

ချီသတ္တမသည် သူ၏ရှေ့မှ နတ်ဆိုးစစ်သူကြီးများကို တွန်းဖယ်လိုက်ပြီး၊ ကျောက်စိမ်းဦးချိုငွေရောင်နဂါးအသွင်သို့ ပြန်လည်ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

နတ်ဆိုးတစ်သောင်းခန်းမ... နတ်ဆိုးတစ်သောင်းခန်းမ

"သခင်လေး၊ ဒီနေရာက..." စစ်သူကြီးတစ်ဦးက ဧည့်သည်စင်မြင့်ကို လက်ညှိုးထိုးပြရင်း အားနာစွာဖြင့် မေးလိုက်သည်။

"မင်းတို့ ကြိုက်သလိုသာ လုပ်ကြတော့" ချီသတ္တမ၏ အော်ဟစ်သံနှင့်အတူ၊ ငွေရောင်နဂါးကြီးသည် တိမ်တိုက်များအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

နတ်ဆိုးစစ်သူကြီးများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ အားလုံး၏ မျက်လုံးထဲတွင် အကူအညီမဲ့မှုကိုသာ တွေ့မြင်လိုက်ရ၏။ သခင်လေးခုနစ်၏ တုံ့ပြန်မှုမှာ သဘောတူညီလိုက်ခြင်းပင်။

သို့သော် သူ၏ သိက္ခာကို ထိန်းသိမ်းရန်အတွက် ထုတ်ဖော်ဝန်ခံခြင်းမပြုခဲ့ခြင်းသာ ဖြစ်သည်။

ဤအရှက်ရစရာ ကောင်းသော အလုပ်မှာ သူတို့ကဲ့သို့သော လက်အောက်ငယ်သားများပေါ်သို့ ကျရောက်လာခဲ့လေပြီ။

သက်ပြင်းချသံများ လေထဲတွင် ပျံ့လွင့်သွားပြီးနောက်၊ ရေနတ်ဆိုးအုပ်စုသည် သူတို့၏ လက်နက်များကို ပြန်သိမ်းလိုက်ကြကာ၊ ပျက်စီးသွားသော ကျောက်စင်မြင့်ကို သူတို့၏ နတ်ဆိုးအဆီအနှစ်များဖြင့် ပြန်လည်ပြုပြင်ပေးနေကြရတော့သည်။

ဝမ်ရှန်းစံအိမ်တော် အတွင်း၌

ခယ်ရှစ်စန်းသည် သူ၏ မျက်နှာကို ပွတ်သပ်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်၏။

"မင်းက အနောက်ဘက် ခန်းမသခင် မဟုတ်ဘူစလား၊ အနည်းဆုံးတော့ စကားတစ်ခွန်းလောက် ဖြစ်ဖြစ်မပြောနိုင်ဘူးလား။"

ဤကဲ့သို့သော ကိစ္စရပ်များတွင်မူ ဝူကျွင်းမှာ အမှန်တကယ်ပင် ပို၍တော်လေသည်။

အစောပိုင်း အနီးကပ်ဆုံတွေ့ခဲ့ချိန်တွင်၊ သူသည် ချီသတ္တမ၏ စွမ်းအားကို အမှန်တကယ်ပင် ခံစားမိခဲ့ပြီး၊ အန်းယီက ဘာကြောင့် တိုက်ပွဲမစရန် တားမြစ်ခဲ့သည်ကို နားလည်သွားခဲ့သည်။

နတ်ဆိုးကျားငယ်လေးမှာ ယခင်က စွမ်းအားများစွာအသုံးပြုခဲ့ရပြီးဖြစ်ရာ၊ အပြည့်အဝပြန်လည်နလန်ထူနိုင်ခြင်း မရှိသေးသည်ကိုလည်း မေ့ထား၍ မရပေ။

All Chapters