← Chapters

အခန်း (၂၀၂၇-၂၀၂၉)

Vol. 125 Ch. 2027-2029

အခန်း (၂၀၂၇-၂၀၂၉)

Vol. 125 Ch. 2027-2029

အခန်း (၂၀၂၇) ကြိုတင်ပြင်ဆင်ခြင်း

မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်း၌ စာပို့ချိုးငှက်များမှာ အတောင်ပံများကို တဖြတ်ဖြတ် ခတ်လျက် အရပ်မျက်နှာ အနှံ့အပြားသို့ ပျံသန်းနေကြသလို၊ တစ်ချိန်တည်းမှာပင် အခြားသော အရပ်ဒေသ အသီးသီးမှ ပြန်လည် ရောက်ရှိလာကြသည့် စာပို့ချိုးငှက် အမြောက်အမြားမှာလည်း အိမ်တော်အတွင်းသို့ တဖွဲဖွဲ ဆင်းသက်နေကြပေသည်။ ခန့်ညားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်း၌ ဝမ်ချောင်သည် တည်ငြိမ်စွာ ထိုင်နေပြီး၊ သူ၏ရှေ့မှောက်ရှိ စားပွဲပေါ်တွင်မူ တောင်ပုံရာပုံ ဖြစ်နေသော သတင်းပေးစာလွှာများမှာ စုပုံနေတော့သည်။ နိုင်ငံအသီးသီးနှင့် ဒေသအနှံ့အပြားမှ စုစည်းလာသော သတင်းအချက်အလက် အားလုံးမှာ ဝမ်ချောင်၏ စားပွဲတင်ခုံပေါ်သို့ နောက်ဆုံးတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ဝမ်ချောင်၏ အိမ်တော်မှာ နန်းတွင်း ညီလာခံသဘောမျိုး မဟုတ်စေကာမူ၊ သူ၏ မျိုးနွယ်ခြားဘုရင် အိမ်တော်မှာမူ မထင်မရှားသော နည်းလမ်းများဖြင့်ပင် အင်ပါယာ၏ စစ်မှန်သော ဗဟိုချက်မအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဝမ်ချောင်အနေဖြင့် ကိစ္စရပ်တိုင်းကို ကိုယ်တိုင်ကိုင်တွယ်နေခြင်း မဟုတ်ဘဲ၊ သူ၏စနစ်တကျ စီစဉ်မှုများအောက်၌ ကုန်းပြင်မြင့် တစ်ခုလုံးကို နယ်မြေ အစိတ်အပိုင်း အသီးသီး ခွဲခြားထားခြင်း ဖြစ်သည်။ ကော်ကျစ်ရီသည် အရှေ့မြောက်ဘက်ဒေသတွင် အခြေစိုက်လျက် ဖုန်း၊လင်၊ဟော်၊ရှန်း တပ်ဖွဲ့ကို ဦးဆောင်ကာ အန်းယာလုရှန်း၏ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့် စုဆောင်းနေသလို၊ အထူးသဖြင့် အန်းယာလုရှန်း ပုန်ကန်တော့မည့် သက်သေအထောက်အထားများကို အစွမ်းကုန် ရှာဖွေနေပေသည်။

ဤကိစ္စတွင် အန်းယာလုရှန်းမှာ အလွန်ပင် ဂရုစိုက်လွန်းလှသဖြင့်၊ ယခု အချိန်အထိ ဝမ်ချောင်၏လက်ထဲတွင် သူ ပုန်ကန်တော့မည် ဆိုသည့် ခိုင်လုံသော သက်သေ အထောက်အထားကြီးများ မရှိသေးပေ။ စစ်လက်နက်များကို လျှို့ဝှက် ထုတ်လုပ်ခြင်း သို့မဟုတ် စစ်သည်တော်များကို လျှို့ဝှက် မွေးမြူခြင်း ကဲ့သို့သော "သက်သေ အသေးစားလေးများ" ရှိနေစေကာမူ၊ ဤအရာအားလုံးမှာ ယခင်က ကျန်းရှို့ကွေး လက်ထက် ကတည်းက ဖြစ်ပျက်ခဲ့ဖူးသော ကိစ္စများသာ ဖြစ်နေပေသည်။ ထိုစဉ်က သူတော်စင်ဧကရာဇ်သည် မျက်စိတစ်ဖက် ပိတ်ထားခဲ့ပြီး များစွာ စစ်ဆေးမေးမြန်းခြင်း မရှိခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် အရှေ့မြောက်ဘက် အခြေအနေမှာ ရှုပ်ထွေးလွန်းသဖြင့် ဒေသအခြေအနေအရ အခွင့်သာသလို လုပ်ဆောင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

ထိုစဉ်က ကျန်းရှို့ကွေးကိုပင် အပြစ်ပေးခြင်း မရှိခဲ့ရာ၊ ယခုအခါတွင်လည်း ယခုကဲ့သို့သော အချက်အလက်လေးများကို အခြေခံ၍ အန်းယာလုရှန်းကို ရာထူးမှ ဖြုတ်ချရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ အလွန်ဆုံးရှိလျှင် သူ့အတွက် ယားယံရုံမျှသာ ရှိပေလိမ့်မည်။ သေစေနိုင်လောက်သော သက်သေ အထောက်အထားများကို မရရှိသေးမီ အချိန်အထိ ဝမ်ချောင်အနေဖြင့်လည်း အချိန်ကို စောင့်ဆိုင်းရင်း ပုန်းအောင်းနေရုံသာ ရှိတော့သည်။ ထို့အပြင် အချို့သော ကိစ္စရပ်များမှာလည်း တဖြည်းဖြည်း ပေါ်ထွက်လာနေပြီ ဖြစ်ရာ၊ ၎င်းတို့ထဲတွင် ကောင်းရှန်းနှင့် ပတ်သက်သော ကိစ္စမှာလည်း ပါဝင်ပေသည်။ "နှမြောစရာပဲ၊ နောက်ဆုံးတော့ သူ့ကို လွတ်အောင် ထွက်ပြေးခွင့် ပေးလိုက်ရတာပဲ။ ဒီလူက အရမ်းကို ကောက်ကျစ်လွန်းတာကြောင့်၊ နောင်တစ်ချိန်မှာတော့ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်" ဝမ်ချောင်က ခေါင်းကို မော့လျက် စိတ်ထဲမှ ရေရွတ်လိုက်သည်။

တိုင်းနိုင်ငံပေါင်းစုံ ပွဲတော်တွင် ဝမ်ချောင်သည် အန်းယာလုရှန်း၏ အနီးကပ်ဆုံး အကြံပေးပုဂ္ဂိုလ် ကောင်းရှန်းကို သတ်ဖြတ်နိုင်ခဲ့ပြီဟု ယူဆထားသော်လည်း၊ နောက်ပိုင်း အခြေအနေများအရ ကောင်းရှန်းသည် ဝမ်ချောင်မိမိကို ပစ်မှတ်ထားမည်ကို ကြိုတင် သိမြင်နေပုံရပြီး၊ ယန်ကျွမ်းနှင့် အဆင့်အတန်းများကို လဲလှယ်ခြင်းဖြင့် ဘေးဒုက္ခမှ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယိုကျိုးသို့ ပြန်ရောက်သွားပြီးနောက်တွင်လည်း၊ ဝမ်ချောင်သည် ကော်ကျစ်ရီကို စေလွှတ်၍ ကောင်းရှန်းကို လုပ်ကြံရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း၊ ထိုသူမှာ အလွန်ပင် ကောက်ကျစ်လှသဖြင့် အန်းတုံနယ်စားကြီး အိမ်တော်အတွင်းမှ အပြင်သို့ လုံးဝ ထွက်ခွာခြင်း မရှိဘဲ၊ သူ၏ ဘေးနားတွင်လည်း ထျန်းချန်းစီ ကဲ့သို့သော သူများက အမြဲတစေ စောင့်ကြပ်နေသဖြင့် ဝမ်ချောင်တွင် နည်းလမ်းပေါင်းစုံ ရှိနေစေကာမူ လက်လှမ်းမမီနိုင်ဘဲ ဖြစ်နေရသည်။

အရှေ့မြောက်ဘက်မှ သတင်းအချက်အလက်များကို ဘေးသို့ ဖယ်ထားလိုက်ပြီးနောက် ဝမ်ချောင်သည် အခြားသော သတင်းအချက်အလက် အစုအပုံကြီး တစ်ခုကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။ ၎င်းမှာ ရွှယ်ချန်ကျွင်းက မြောက်ဘက် တာ့ခ် မြက်ခင်းပြင်ကြီးပေါ်မှ ပေးပို့လာခြင်း ဖြစ်သည်။ အရှေ့မြောက်ဘက် ယိုကျိုးနယ်မြေကို ကော်ကျစ်ရီထံ တာဝန်ပေးထားသလို၊ မြောက်ဘက်ဒေသကိုမူ ရွှယ်ချန်ကျွင်းထံ တာဝန်ပေးထားပြီး၊ မြောက်ဘက်ပိုင်းမှ မဟာအအေးလှိုင်းကြီး၏ လှုပ်ရှားမှုများကို အချိန်ပြည့် စောင့်ကြည့်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။ စာအိတ်ကို ဖောက်လိုက်ပြီးနောက် ဝမ်ချောင်သည် အသေးစိတ် ဖတ်ရှုလိုက်တော့သည်။

ရွှယ်ချန်ကျွင်း၏ပေးစာအရ၊ မြောက်ဘက်ပိုင်းမှ မဟာအအေးလှိုင်းကြီးမှာ ပိုမို၍ ပြင်းထန်လာသလို ပိုမို၍လည်း အန္တရာယ်ကြီးမားလာခဲ့ပြီ ဖြစ်သည်။ ထိုနေရာမှာ ကုန်းပြင်မြင့် တစ်ခုလုံး၏ နောင်အနာဂတ်အတွက် ပုန်းအောင်းနေသော ဘေးဒုက္ခကြီးတစ်ခု ဖြစ်လာနေပေသည်။ ရွှယ်ချန်ကျွင်းသည် အစပိုင်းတွင် ဝမ်ချောင်ပေးအပ်သော ဤတာဝန်အပေါ် အနည်းငယ်မျှ မကျေမနပ် ဖြစ်ခဲ့သလို အလေးမထားဘဲ ရှိခဲ့သော်လည်း၊ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသည့် အလွန်အမင်း အေးစက်လှသော အငွေ့အသက်များနှင့် နှင်းမုန်တိုင်းကြီးများကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါတွင်မူ၊ သူ၏စိတ်ထဲမှ အထင်အမြင်သေးမှုများ အားလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လူသားတို့၏ အင်ပါယာများအကြား ဖြစ်ပွားသော စစ်ပွဲများနှင့် နှိုင်းယှဉ်လိုက်ပါက၊ မကျရောက်သေးသော ထိုမကြုံစဖူးသော မဟာအအေးလှိုင်းကြီး မှာသာလျှင် စစ်မှန်သော ခြိမ်းခြောက်မှုကြီးပင် ဖြစ်တော့သည်။ ကိုယ်တိုင် မျက်မြင် မတွေ့ဖူးသူ တစ်ဦးအတွက်မူ ထိုအေးစက်မှုနှင့် ကြောက်မက်ဖွယ်ကောင်းပုံကို မည်သို့မျှ စိတ်ကူးကြည့်နိုင်မည် မဟုတ်ပေ။ ရွှယ်ချန်ကျွင်း၏စိတ်ထဲတွင် ကောင်းစွာသိရှိထားသည်မှာ ထို ကြောက်မက်ဖွယ်ကောင်းလှသော အအေးလှိုင်းကြီးသာ တောင်ဘက်သို့ ဆင်းသက်လာမည် ဆိုပါက၊ လူသားကမ္ဘာ တစ်ခုလုံးမှာ ရေခဲတောင်ကြီးအဖြစ် ပြောင်းလဲသွားမည် ဖြစ်သလို လူသူကင်းမဲ့သော နေရာအဖြစ်သို့လည်း ရောက်ရှိသွားပေလိမ့်မည်၊ ဤမျှလောက်သော သဘာဝတရား၏ ခြိမ်းခြောက်မှုကြီး ရှေ့မှောက်တွင် စစ်သည်တော် သန်းချီသော စစ်တပ်ကြီးမှာလည်း ပုရွက်ဆိတ်များအလား အလွန်ပင် သေးငယ်သိမ်ဖျင်းသွားပေလိမ့်မည်။

ရွှယ်ချန်ကျွင်းသည် ထိုမဟာအအေးလှိုင်းကြီး၏ အစစ်အမှန်တရားနှင့် စွမ်းအား မြစ်ဖျားခံရာ နေရာကို စုံစမ်းရန်အတွက်၊ အအေးလှိုင်းများကို ဖြတ်ကျော်၍ ပိုမိုမြောက်ဘက်ကျသော နေရာများသို့ ကိုယ်တိုင် သွားရောက်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ် ကျရှုံးခဲ့ရသည်။ သူ၏လက်အောက်မှ ထိပ်သီး စစ်သည်ပေါင်း များစွာကိုလည်း ဆုံးရှုံးခဲ့ရသလို၊ ရွှယ်ချန်ကျွင်း ကိုယ်တိုင်ပင်လျှင် ထို အအေးလှိုင်းများကြား၌ အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။ ယခုအခါတွင်မူ ရွှယ်ချန်ကျွင်းသည် မြောက်ဘက်ပိုင်းမှာပင် ဆက်လက် နေထိုင်ပြီး တာဝန်ထမ်းဆောင်ရန် မိမိဘာသာ ဆန္ဒပြုထားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ရွှယ်ချန်ကျွင်းဘက်မှ တင်ပြလာသော အခက်အခဲ တစ်ခုမှာ ထိုနေရာ၌ ကြာရှည်စွာ နေထိုင်နေသဖြင့် အရှေ့တာခ့်နှင့် အနောက်တာခ့် ခါဂန်နိတ်တို့၏ သံသယနှင့် အာရုံစိုက်မှုကို ခံနေရခြင်းပင် ဖြစ်သည်။ ထိုသူများက ရွှယ်ချန်ကျွင်းတို့ကို မဟာထန်၏ သူလျှိုများဟု ယူဆနေကြသဖြင့် လူအများအပြားက သူတို့နောက်သို့ ခြေရာခံ လိုက်နေကြသလို၊ ဘိုင်ကယ်ကန်တစ်ဝိုက်အထိပင် နက်ရှိုင်းစွာ ဝင်ရောက် နှောင့်ယှက်နေကြပေသည်။

ဝမ်ချောင်သည် ရွှယ်ချန်ကျွင်းထံသို့ စာတစ်စောင် ပြန်လည် ရေးသားလိုက်ပြီး၊ လိုအပ်ပါက မိမိ၏ဘွဲ့အမည်ကို အသုံးပြု၍ ကိုယ်တိုင် ဆုံးဖြတ်ချက်များ ချမှတ်ရန် ညွှန်ကြားလိုက်သည်။ ယခု အချိန်အထိ ဝမ်ချောင်၏ အမည်မှာ ကုန်းပြင်မြင့် တစ်ခုလုံးတွင် နေမင်းကြီးအလား တောက်ပနေဆဲ ဖြစ်ရာ၊ အရှေ့တာ့ခ် ဖြစ်စေ၊ အနောက်တာ့ခ် ဖြစ်စေ မဟာထန်နှင့် လုံးဝ ဥဿုံ စစ်မဖြစ်သေးမီ အချိန်အထိ ဝမ်ချောင်ကို လွယ်လွယ်နှင့် စော်ကားရဲမည် မဟုတ်ပေ။ ကျန်ရှိနေသည်မှာ အာရပ်အင်ပါယာ၊ ရှန်တု နှင့် ကတိသစ္စာနယ်မြေတို့ပင် ဖြစ်သည်။ လက်ရှိတွင် အာရပ် နယ်မြေမှာ ငြိမ်းချမ်းနေဆဲ ဖြစ်ပြီး၊ ကောင်းရှန်းကျစ်နှင့် အန်းစီရွှမ်း ဗိုလ်ချုပ်ကြီး နှစ်ဦးက အခြေစိုက် စောင့်ကြပ်နေသလို၊ ကွယ်ကွယ်ဝှက်ဝှက်ဖြင့်လည်း ကူညီပေးနေသော ကွန်ဖြူးရှပ်ကျောင်းတော် ရှိနေပေသည်။ တစ်ချိန်တည်းမှာပင် ပါဟရာမ်နှင့် ဆမ်ဆာနစ်မင်းဆက်တို့၏ စစ်အင်အားများကလည်း ဝိုင်းဝန်းကူညီနေကြရာ၊ လက်ရှိ အာရပ် ဒေသမှာ တောင်ကြီးတစ်လုံးအလား တည်ငြိမ်နေပြီး မဟာထန်၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း အာရပ်အင်ပါယာ တစ်ခုလုံးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာမူ၊ ဝမ်ချောင်က ဘဂ္ဂဒက် နန်းတော်၌ စိုက်ထူခဲ့သော မီတာ တစ်ရာခန့် မြင့်မားသည့်၊ သူ၏မျိုးနွယ်ခြားဘုရင် အဆင့်အတန်းကို ကိုယ်စားပြုသော အလံတော်ကြီးပင် ဖြစ်တော့သည်။ အာရပ်လူမျိုးများ၏ စိတ်ထဲတွင် ထိုအလံတော်ကြီးအပေါ် ကြောက်ရွံ့မှုမှာ ထိုနေရာ၌ တပ်စွဲထားသော မဟာထန်၏ စစ်သည်တော် သိန်းချီနှင့် ဘာဟီရမ်တို့၏ စစ်တပ်ကြီးအပေါ် ကြောက်ရွံ့မှုထက်ပင် များစွာသာလွန်နေပေသည်။ ကောင်းရှန်းကျစ်၏ ပြောကြားချက်အရ၊ လက်ရှိ အာရပ် လူမျိုးများမှာ နေ့စဉ်နှင့်အမျှ ဝေဟင်ထက်၌ လွင့်ပျံနေသော ထိုအလံတော်ကြီးကို မြင်တွေ့လိုက်ရသည့် အခါတိုင်း၊ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားကြပြီး ခေါင်းငုံ့၍သာ သွားလာနေကြရသည်ဟု ဆိုသည်။

ကောင်းရှန်းကျစ်သည်ပင်လျှင် ဤအခြေအနေကို အခွင့်ကောင်းယူ၍၊ အကယ်၍ အာရပ် လူမျိုးများသာ ပုန်ကန်ရန် ကြိုးစားမည် ဆိုပါက ဝမ်ချောင်တစ်ဖန် ပြန်လည် ရောက်ရှိလာလိမ့်မည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် အရှေ့ဘက်မှ ရောက်ရှိလာမည့် ဤ မိစ္ဆာဘုရင်ကြီးမှာ မည်သည့် ကရုဏာတရားမျှ ရှိမည် မဟုတ်ဘဲ၊ ဘဂ္ဂဒက်နှင့် အာရပ် အင်ပါယာ တစ်ခုလုံးကို မီးဟုန်းဟုန်း တောက်လောင်စေကာ အာရပ် လူမျိုး အားလုံးကို အသေသတ်လိမ့်မည် ဖြစ်ကြောင်း အစရှိသဖြင့် ခြိမ်းခြောက် စကားများ ဆိုထားခဲ့သည်။ အာရပ် လူမျိုး အားလုံးမှာလည်း ထိုစကားများကို ကြားရသည့်အခါ အလွန်ပင် ကြောက်ရွံ့သွားကြပြီး လုံးဝကို ယုံကြည်နေကြတော့သည်။ ယခုအခါ အာရပ် ဒေသတွင် ပုန်ကန်လိုသူ မရှိသလောက် ဖြစ်သွားခဲ့ရုံတင်မကဘဲ၊ ကောင်းရှန်းကျစ်သည် အာရပ် လူမျိုးများဖြင့်ပင် စစ်တပ်တစ်ခုကို ဖွဲ့စည်းထားနိုင်ခဲ့ပြီး၊ ထိုစစ်တပ်ကို အသုံးပြု၍ အရပ်မျက်နှာ အသီးသီးမှ ပုန်ကန်မှု အသေးစားများကို နှိမ်နှင်းစေကာ စနစ်တကျ ထိန်းသိမ်းနေပေသည်။

ထိုအာရပ်စစ်တပ်မှာ မိမိတို့၏ လူမျိုးစုများအပေါ် လုပ်ဆောင်ရာတွင် မဟာထန် လူမျိုးများထက်ပင် ပိုမို၍ရက်စက်ကြပေသေးသည်။ တိတ်တဆိတ်အားဖြင့်လည်း အာရပ် လူမျိုးများမှာ တစ်ဦးကိုတစ်ဦး သတိပေးနေကြသည်မှာ မဟာထန် လူမျိုးများကို မဆန့်ကျင်ကြရန်နှင့် ဝမ်ချောင်ဆိုသည့် ထိုမိစ္ဆာကြီးကို ရောက်မလာစေရန်ပင် ဖြစ်သည်။ ဤကိစ္စရပ်များကြောင့် ကောင်းရှန်းကျစ်၊ ဖုန်းချန်းချင်နှင့် အန်းစီရွှမ်းတို့မှာ အချိန်အတော်ကြာအောင် ရယ်မောခဲ့ကြရသည်။ ဝမ်ချောင်သည် ကောင်းရှန်းကျစ်၏ ပေးစာအတွင်းမှ အကြောင်းအရာများကို ဖတ်ရှုရင်း မိမိဘာသာလည်း ရယ်ရခက် ငိုရခက် ဖြစ်နေတော့သည်။ ၎င်းနောက်တွင်မူ ရှန်တုနှင့် ကတိသစ္စာနယ်မြေတို့မှ သတင်းများ ရောက်ရှိလာပြန်သည်။ လက်ရှိတွင် ရှန်တုပြည်သူများမှာ ကတိသစ္စာနယ်မြေ အတွက် အလွန် အရေးပါသော လုပ်သားအင်အားစုများ ဖြစ်နေကြပြီး၊ တစ်စင်းပြီးတစ်စင်းသော သင်္ဘောကြီးများမှာ ထိုရှန်တုလူမျိုးများကို ကတိသစ္စာနယ်မြေဆီသို့ အဆက်မပြတ် သယ်ဆောင်ပေးနေပေသည်။

ရှန်တုမြေပြင်မှာ အလွန်ပင် ဆင်းရဲမွဲတေလှသလို ရောဂါဘယများလည်း ထူပြောလှသည်ဖြစ်ရာ၊ နှစ်စဉ်နှင့်အမျှ ရှန်တုလူမျိုး အမြောက်အမြားမှာ ရောဂါများ သို့မဟုတ် ငတ်မွတ်မှုများကြောင့် သေဆုံးနေကြရသည်၊ သို့သော် ယခုအခါတွင်မူ ကတိသစ္စာနယ်မြေမှာ ရှန်တုလူမျိုးများအတွက် မျှော်လင့်ချက် မြေပြင်ကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ မဟာထန် စစ်တပ်က လူအင်အား စုဆောင်းရန် ရောက်ရှိလာသည့် အခါတိုင်း၊ မရေမတွက်နိုင်သော ရှန်တုလူမျိုးများမှာ အရှိန်အဟုန်ဖြင့် စုပြုံရောက်ရှိလာကြပြီး၊ ထို သင်္ဘောကြီးများပေါ်သို့ တက်ရောက်၍ မိမိတို့၏ မြေပြင်မှ ထွက်ခွာနိုင်ရန် မျှော်လင့်နေကြတော့သည်။ ဤကိစ္စရပ်များတွင် ဘုတ်းတော်ကြီးကလည်း များစွာ ကူညီပေးနေပေသည်။ ယခုအချိန်အထိ၊ တစ်သုတ်ပြီးတစ်သုတ်သော စုဆောင်းမှုများကြောင့် ကတိသစ္စာနယ်မြေ ၌ လူဦးရေ ခုနစ်သိန်း၊ ရှစ်သိန်းခန့် စုဝေးနေပြီ ဖြစ်ရာ၊ အရာအားလုံးမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေပေသည်။

ဤကိစ္စများကိုမူ ရွှီခဲ့ယွီနှင့် ယွမ်ရှုရုံတို့က ပူးပေါင်း ကိုင်တွယ်နေကြခြင်း ဖြစ်သည်။ ယွမ်ရှုရုံမှာ ပညာဗဟုသုတ ကြွယ်ဝလှသူ ဖြစ်သလို အာရပ် ဘာသာစကား အပါအဝင် နိုင်ငံစုံ ဘာသာစကားများကို တတ်မြောက်ထားသူ ဖြစ်သည်။ ထို့အပြင် သူသည် စာပေပညာရှင်တစ်ဦး ဖြစ်သဖြင့် သာမန်လူများတွင် မရှိသော စိတ်ရှည်မှုနှင့် ရင်းနှီးဖော်ရွေသော အမူအရာများ ရှိနေပေရာ၊ ဤကိစ္စကို ကိုင်တွယ်ရန်အတွက် အခြားသူများထက် ပိုမိုသင့်တော်သူ ဖြစ်သည်။ ကတိသစ္စာနယ်မြေ ဘက်ကိုမူ ဝမ်ချောင်၏ ဝမ်းကွဲအစ်ကို ဝမ်လျန်နှင့် ကျန်းမူနျန်တို့က တာဝန်ယူထားကြသည်။ အရာအားလုံးမှာ မိမိတို့၏ လမ်းစဉ်အလိုက် စနစ်တကျ လည်ပတ်နေကြပေသည်။ ဝမ်ချောင်သည် သတင်းများ အားလုံးကို ဖတ်ရှုပြီးနောက် တစ်စောင်ချင်းစီ ပြန်လည်၍ စာရေးသားလိုက်သည်။ ယခု အခိုက်အတန့်တွင်၊ ဝမ်ချောင်ရေးသားနေသော ဤစာလွှာ တစ်စောင်ချင်းစီနှင့် အိမ်တော်အတွင်းမှ ပျံထွက်သွားသော စာပို့ချိုးငှက် တစ်ကောင်ချင်းစီမှာ ကုန်းပြင်မြင့်ကြီး တစ်ခုလုံးကို တည်ငြိမ်စေရန် လုပ်ဆောင်ပေးနေသလို ကမ္ဘာလောက၏ နောင်အနာဂတ်ကိုပါ ဆုံးဖြတ်ပေးနေကြောင်း မည်သူမျှ သိရှိနိုင်မည် မဟုတ်ပေ။

ကိစ္စရပ် အားလုံးကို ကိုင်တွယ် ဖြေရှင်းပြီးနောက်တွင်မူ ဝမ်ချောင်သည် နောက်ဆုံး၌ သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း လက်ထဲမှ စုတ်တံကို စုတ်တံတင်ခုံပေါ်သို့ ပြန်လည်တင်လိုက်သည်။ "ကျန်းချွယ်" ဝမ်ချောင်က ရုတ်တရက် ခေါ်လိုက်သည်။

"ကျွန်တော်မျိုး ရှိပါတယ်" ခဏချင်းအတွင်းမှာပင် ကျန်းချွယ်သည် ခန်းမအတွင်း၌ ပေါ်ထွက်လာသည်။ "ဒါတွေကို ယူသွားပြီး ကျန်းရှို့ကျီ လူကြီးမင်းကို ပေးလိုက်ပါ။ သူ့ကို ပြောလိုက်ပါ၊ ပုံစံထုတ်ထားတဲ့ မြေပုံအတိုင်း လက်မှုပညာရှင် အဖွဲ့တွေကို ပြန်လည် ဖွဲ့စည်းပြီး၊ အဲဒီမြေပုံထဲက အရာတွေကို အစွမ်းကုန် ထုတ်လုပ်ခိုင်းလိုက်ပါ၊ ဒီကိစ္စမှာတော့ ပြည်နယ် အသီးသီးက မိသားစုကြီးတွေ အားလုံးကို အစွမ်းကုန် ကူညီပေးဖို့ ငါ ညွှန်ကြားထားပါ့မယ်" ဝမ်ချောင်က ပြောဆိုလိုက်ရင်း သူ၏ ရှေ့မှောက်ရှိ ပုံစံထုတ် မြေပုံ အထပ်လိုက်ကြီးကို ရှေ့သို့ တွန်းပေးလိုက်သည်။

ကျန်းချွယ်သည်လည်း လျင်မြန်စွာ ရှေ့သို့ တိုးလာကာ စားပွဲပေါ်မှ ထို မြေပုံများကို လှမ်းယူလိုက်သည်။ အစပိုင်းတွင် ကျန်းချွယ်အနေဖြင့် များစွာအလေးမထားခဲ့သော်လည်း၊ အပေါ်ဆုံးမှ မြေပုံတစ်ခုကို မြင်တွေ့လိုက်ရသည့် ခဏ၌ သူ၏မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ "ဒါက... မြားပစ်လှည်းတွေ ထုတ်လုပ်မယ့် မြေပုံပါလား" ကျန်းချွယ်၏ စိတ်ထဲ၌ အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ မြားပစ်လှည်း ဆိုသည်မှာ မဟာထန်၏ အရေးပါသော လက်နက်ကြီးဖြစ်သလို၊ အင်ပါယာ တစ်ခုလုံးတွင်လည်း အလွန်အဆင့်မြင့်လှသော နေရာ၌ ရှိနေပေသည်။ ထို့အပြင် ၎င်း၏ အခန်းကဏ္ဍမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးမားလာခဲ့ရာ၊ အထူးသဖြင့် ဝမ်ချောင်၏လက်ထဲတွင်မူ ၎င်းမှာ "စစ်မြေပြင်မှ သေမင်း" ဟုပင် တင်စားခြင်း ခံထားရပြီး နိုင်ငံပေါင်းစုံကို ထိတ်လန့်တုန်လှုပ်စေခဲ့သော အရာပင် ဖြစ်သည်။

ကျန်းချွယ်သည် ဤမြားပစ်လှည်းများ စစ်မြေပြင်၌ မည်သို့ အစွမ်းပြခဲ့သည်ကို အကြိမ်ကြိမ် မြင်တွေ့ဖူးသဖြင့် ၎င်းတို့၏ ပုံစံထုတ် မြေပုံများကို အလွန်ပင် ရင်းနှီးနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်ချောင်ပေးအပ်လိုက်သော မြေပုံမှာမူ ယခင်နှင့် အနည်းငယ် ကွာခြားနေသည်။ ၎င်းအတွင်း၌ မြားပစ်လှည်း၏ အစိတ်အပိုင်းများကို တစ်ခုချင်းစီ ခွဲခြားထားသလို နံပါတ်များကိုလည်း တပ်ဆင်ထားသည်။ ၎င်းမှာ ဝမ်ချောင်တည်ဆောက်ခဲ့သော သံမဏိမြို့တော်၏ အစိတ်အပိုင်းများနှင့် ဆင်တူနေပေသည်။

"အရှင် ဒါက..." ကျန်းချွယ်သည် မျက်ဝန်းများကို ပြူးကြည့်ရင်း ဝမ်ချောင်ကို လှမ်းကြည့်လိုက်ကာ စကားပြောရန် တွန့်ဆုတ်နေမိသည်။

"ဒါဟာ မြားပစ်လှည်းတွေကို အစိတ်အပိုင်းအလိုက် ထုတ်လုပ်မယ့် ပုံစံထုတ် မြေပုံပဲ၊ မြားပစ်လှည်းတွေကို အစိတ်အပိုင်းတွေ ခွဲခြားပြီး အဆင့်ဆင့် ထုတ်လုပ်သွားမယ်ဆိုရင်၊ အမြောက်အမြား ထုတ်လုပ်နိုင်မှာ ဖြစ်လို့ ယခင်ကထက် ငါးဆကနေ ရှစ်ဆအထိ ပိုပြီး မြန်ဆန်လာလိမ့်မယ်"

"မဟာထန်မှာ အချိန်တွေ အများကြီး မကျန်တော့ဘူး၊ အန်းယာလုရှန်းမှာ ပုန်ကန်လိုတဲ့ စိတ်တွေ ရှိနေပြီ၊ နောင်အနာဂတ်မှာ ငါတို့ ရင်ဆိုင်ရမယ့် ဘေးဒုက္ခကြီးဟာ အတိတ်က စစ်ပွဲတွေ အားလုံးထက် များစွာပိုမိုကြီးမားလိမ့်မယ်။ ဒီမြားပစ်လှည်းတွေဟာ ငါတို့ ဒီအကျပ်အတည်းကို ရင်ဆိုင်ဖို့အတွက် အကြီးမားဆုံးသော အားကိုးရာ ဖြစ်လာလိမ့်မယ်!" ကျန်းချွယ်ဘာကို မေးချင်သလဲ ဆိုသည်ကို ဝမ်ချောင်သိမြင်နေသကဲ့သို့ ခေါင်းကို မော့လျက်တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဒါပေမဲ့ နန်းတွင်းဘက်ကတော့..." ကျန်းချွယ်က ဝေခွဲမရ ဖြစ်နေဆဲပင်။ နန်းတွင်း ဘက်မှနေ၍ လေးလံလှသော မြားပစ်လှည်း များကို မိမိဘာသာ လျှို့ဝှက် ထုတ်လုပ်ခြင်း မပြုရန် အမြဲတမ်း တားမြစ်ထားသလို တင်းကြပ်စွာလည်း ထိန်းချုပ်ထားခြင်းဖြစ်ရာ၊ ဝမ်ချောင်အနေဖြင့် ယခုကဲ့သို့ လျှို့ဝှက်ထုတ်လုပ်ခြင်းမှာ နန်းတွင်း၏စည်းကမ်းကို ထိပါးရာရောက်နေသဖြင့် ကြီးမားလှသော ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။

"ဒါကိုတော့ မင်း စိတ်ပူနေဖို့ မလိုပါဘူး၊ ကန့်သတ်ချက်တွေကို ဖယ်ရှားပြီး လေးလံလှတဲ့ မြားပစ်လှည်းတွေကို အစွမ်းကုန် ထုတ်လုပ်ခိုင်းလိုက်ပါ၊ ဒါဟာ ငါ၊ စုန့်ဘုရင်နဲ့ ကျန်းချိုးကျန့်ချုံးတို့ တိုင်ပင်ပြီးမှ ဆုံးဖြတ်လိုက်တဲ့ ကိစ္စပဲ၊ အရေးကြီးတဲ့ အချိန်မှာတော့ အရေးကြီးတဲ့ နည်းလမ်းတွေကို အသုံးပြုရမှာပဲ၊ နောက်ကျသွားရင်တော့ အချိန်မီမှာ မဟုတ်တော့ဘူး"

ဝမ်ချောင်က အေးဆေးစွာ တုန့်ပြန်လိုက်သည်။ အကယ်၍သာ သူတော်စင်ဧကရာဇ်ရှိနေသေးမည်ဆိုပါက ဝမ်ချောင်အနေဖြင့် ယခုကဲ့သို့ အလျင်စလို လုပ်ဆောင်လိမ့်မည် မဟုတ်သော်လည်း၊ ယခုအခါတွင်မူ နန်းတွင်းကို စိုးမိုးထားသူမှာ သူတော်စင်ဧကရာဇ် မဟုတ်ဘဲ အသိတရား ကင်းမဲ့လှသော တတိယမင်းသား တတိယသားတော်ရွှမ်းသာ ဖြစ်နေပေသည်။ အန်းယာလုရှန်းသည် ပုန်ကန်မည့် အရိပ်အယောင်များကို ပြသနေသလို၊ သူသည် လျှို့ဝှက်စွာဖြင့် စစ်သည်တော် အမြောက်အမြားနှင့် ရွဲလော့ဟယ်များကိုလည်း စုဆောင်းနေပေသည်၊ အရေးကြီးဆုံး အချက်မှာ နောင်အနာဂတ်၌ ကျရောက်လာမည့် ထို ဘေးဒုက္ခကြီးမှာ ယိုကျိုး စစ်တပ်တစ်ခုတည်းသာ ပါဝင်လိမ့်မည် မဟုတ်ကြောင်း ဝမ်ချောင်၏ စိတ်ထဲ၌ ကောင်းစွာ သိရှိထားခြင်းပင် ဖြစ်တော့သည်။

******

အခန်း (၂၀၂၈) ရှန်ကျိုး၏ ကိုးပြည်ထောင်အိုးကြီးများ

"ဒါ့အပြင် အကယ်၍ တစ်စုံတစ်ရာ ပြဿနာ ဖြစ်လာခဲ့မယ်ဆိုရင်၊ ငါ၊ ကျန်းချိုးလူကြီးမင်းနဲ့ စစ်တပ်ထဲက ဗိုလ်ချုပ်တွေ အားလုံးက ပူးပေါင်းပြီး တာဝန်ယူသွားမှာ ဖြစ်လို့ မင်း အများကြီး တွေးပူမနေပါနဲ့တော့"

ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။ သူ၏အသံမှာ တည်ငြိမ်သော်လည်း လျစ်လျူရှု၍ မရသော ပြတ်သားမှုများ ကိန်းအောင်းနေပေသည်။

"ဒါ... ဒါဆိုရင်လည်း... ဟုတ်ကဲ့ပါ"

ကျန်းချွယ်သည် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသော်လည်း၊ များမကြာမီမှာပင် သူ၏ အကြည့်များမှာ ခိုင်မာလာခဲ့ပြီး အံကို ကြိတ်လျက် ပြန်လည်ဖြေကြားလိုက်သည်။ အကြိမ်ကြိမ်သော အဖြစ်အပျက်များက ဝမ်ချောင်၏ ဉာဏ်ပညာ ထက်မြက်ပုံနှင့် အမြော်အမြင် ကြီးမားပုံတို့ကို သက်သေပြခဲ့ပြီး ဖြစ်သည်။ အကယ်၍ ဝမ်ချောင်အနေဖြင့် မြားပစ်လှည်းများကို အကြီးအကျယ် ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည် ဆိုပါက၊ ၎င်းအတွက် ခိုင်လုံသော အကြောင်းပြချက်နှင့် လိုအပ်ချက် သေချာပေါက် ရှိနေမည် ဖြစ်သလို၊ အရှင်ကိုယ်တိုင် ယခုကဲ့သို့ လုပ်ဆောင်ရလောက်အောင် ကြီးမားလှသော ဘေးအန္တရာယ် တစ်ခုခုလည်း ရှိနေမည်မှာ သေချာလှပေသည်။

ကျန်းချွယ်အနေဖြင့် လုပ်ဆောင်နိုင်သည်မှာ ဝမ်ချောင်၏နောက်သို့ အစွမ်းကုန် လိုက်ပါရန်သာ ရှိတော့သည်။

"အရှင် ကျွန်တော်မျိုး ဖုန်း၊လင်၊ဟော်၊ရှန်း တပ်ဖွဲ့တွေကို စုစည်းပြီး၊ ဒီသတင်းကို လုံးဝ ပေါက်ကြားမှု မရှိအောင် အစွမ်းကုန် ပိတ်ဆို့ထားလိုက်ပါ့မယ်"

ကျန်းချွယ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ဖြည့်စွက်ပြောဆိုလိုက်သည်။

"အင်း"

ဝမ်ချောင်က ခေါင်းကို တစ်ချက် ညိတ်လိုက်သည်။ ကျန်းချွယ်သည် လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီဖြစ်ရာ၊ ခန့်ညားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်း၌ ဝမ်ချောင်တစ်ဦးတည်း မလှုပ်မယှက် ကျန်ရှိနေခဲ့ပြီး၊ သူ၏မျက်ဝန်းအတွင်း၌လည်း အတွေးများ နက်ရှိုင်းနေသော အရိပ်အယောင်များ ပေါ်ထွက်နေပေသည်။ ကြီးမားသော ကိစ္စရပ်များကို လုပ်ဆောင်သူသည် အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်သင့်ပေ။ နန်းတွင်း၌ ကိစ္စရပ်များစွာကြောင့် အချိန်နှောင့်နှေးခဲ့ရပြီဖြစ်ရာ၊ ဝမ်ချောင်ကို လက်မနှေးဘဲ အစွမ်းကုန် လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချစေခဲ့သည်မှာ ဟွာအယ်ရှန်းဟွေးနန်းဆောင် ရှိ သူတော်စင်ဧကရာဇ်၏ စကားများ၊ အန်းယာလုရှန်း ဆက်သခဲ့သော ထိုနဂါးပုလဲနှင့် ထိုက်ရှီ၏ ပေါ်ထွက်လာမှုတို့ကြောင့်ပင် ဖြစ်သည်။

တိုင်းပြည် ပျက်သုဉ်းတော့မည့် အရိပ်အယောင်များနှင့် ဘေးဒုက္ခများမှာ ထွက်ပေါ်လာနေပြီဖြစ်ရာ၊ ဤမြေပြင်နှင့် တိုင်းသူပြည်သူများကို ကာကွယ်လိုပါက၊ ထူးကဲသော သတ္တိနှင့် လက်ရုံးရည် မရှိဘဲ မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ၊ ကြောက်ရွံ့တွန့်ဆုတ်နေမည်ဆိုပါက နောက်ဆုံးတွင် မည်သည့်အရာမျှ အောင်မြင်လိမ့်မည် မဟုတ်ပေ။ မဟာဘေးဒုက္ခကြီး ကျရောက်တော့မည်ဖြစ်ရာ၊ ဝမ်ချောင်အနေဖြင့် မဟာထန်ပြည်သူများအတွက် တည်ငြိမ်မှုနှင့် အကာအကွယ်တစ်ခုကို ပေးအပ်ရန် လိုအပ်နေပေသည်။ ထို့ကြောင့် အဆင့်ဆင့် ထုတ်လုပ်မည့် ဤ မြားပစ်လှည်းများမှာ ထိုအကာအကွယ်၏ အရေးပါဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

"အခုတော့ နောက်ထပ် ကိစ္စတစ်ခုပဲ ကျန်တော့တယ်!"

ဝမ်ချောင်သည် စိတ်ထဲမှ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"ဝုန်း!"

နောက်တစ်ခဏတွင် ဝမ်ချောင်၏ မျက်ဝန်းအစုံမှာ မှိတ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ ကျောက်ရုပ်တစ်ရုပ်အလား ငြိမ်သက်သွားတော့သည်။ သို့သော်လည်း မိုင်ပေါင်း ထောင်ချီ၍ ဝေးကွာသော နေရာ၌မူ ဝမ်ချောင်၏အခြားသော စိတ်ဝိညာဉ် အသိစိတ် တစ်ခုမှာ ချက်ချင်း နိုးထလာခဲ့ပြီ ဖြစ်သည်။

"ဟိန်း..."

မြေကမ္ဘာ တစ်ခုလုံးကို တုန်ခါသွားစေသည့် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ မဟာထန်၏ အနောက်မြောက်ဘက်၊ ဝူရှန်းရွာ၏ မြောက်ဘက် မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာသော တောနက်ကြီး တစ်ခုအတွင်း၌ မြေပြင်မှာ တုန်ခါသွားခဲ့ပြီး၊ တောင်ကြီးတစ်လုံးအလား ကြီးမားလှသော အမည်းရောင် ပုံရိပ်ကြီး တစ်ခုမှာ မြေပြင်မှ ဝုန်းခနဲ ထွက်ပေါ်လာခဲ့သည်။ ထူထဲလှသော အမွှေးအမျှင်များ၊ သံမဏိအလား မာကျောလှသော ခန္ဓာကိုယ်နှင့် စူးရှဖြူဖွေးနေသော အစွယ်ကြီးများမှာ ဤ သတ္တဝါကြီး၏ အဆင့်အတန်းကို ဖော်ပြနေပေသည်။

၎င်းမှာ ရွှေရောင်ဧရာမမျောက်ဝံကြီးပင် ဖြစ်တော့သည်။

အနောက်မြောက် တိုက်ပွဲတွင် ဝမ်ချောင်သည် ကုထိုက်ပိုင်ကို အနိုင်ယူခဲ့ပြီး၊ မဟာဘုန်းတော်ကြီးကို သတ်ဖြတ်နိုင်ခဲ့ရာမှ၊ ဤ ရွှေရောင်ဧရာမမျောက်ဝံကြီးကို ရရှိခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ တာ့လာစ်တိုက်ပွဲနှင့် မတူညီဘဲ ဤမျောက်ဝံကြီးမှာ များစွာပိုမိုအစွမ်းထက်လှသလို၊ ဝမ်ချောင်၏စိတ်ဝိညာဉ် ထိန်းချုပ်မှု နည်းစနစ်မှာလည်း များစွာတိုးတက်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် စစ်ပွဲ ပြီးဆုံးပြီးနောက်တွင်မူ၊ အင်ပါယာ ဗိုလ်ချုပ်ကြီး၏ အထွတ်အထိပ် အဆင့်တွင် ရှိနေသလို၊ ခုခံနိုင်စွမ်းမှာလည်း အလွန် မြင့်မားကာ အင်အားမှာ သိမ်မွေ့နက်နဲမှု နယ်ပယ်၏ အစောပိုင်းအဆင့်သို့ ချဉ်းကပ်နေသော ဤမျောက်ဝံကြီးမှာ သေဆုံးခြင်း မရှိဘဲ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့သော ကြီးမားလှသည့် သားရဲကြီးအား လူနေထူထပ်သော မြို့ပြဒေသများတွင် ပေါ်ထွက်စေပါက ပြည်သူများကို ထိတ်လန့်သွားစေနိုင်သဖြင့်၊ စစ်ပွဲပြီးနောက် ဝမ်ချောင်သည် ၎င်းအား လူသူကင်းမဲ့သော တောင်တန်းကြီးများကြားတွင် ဝှက်ထားခဲ့ပြီး အရေးကြီးသော အချိန်မှသာ အသုံးပြုရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ရွှေရောင်ဧရာမမျောက်ဝံကြီး၏အင်အားမှာ အလွန်ပင် ကြီးမားလှဆဲ ဖြစ်ရာ စစ်ပွဲများတွင် ကြီးမားသော အထောက်အပံ့ ဖြစ်စေသလို၊ တစ်နည်းအားဖြင့် ဆိုရသော် ဝမ်ချောင်သည် ၎င်းအား မိမိ၏ကိုယ်ပွားပုံရိပ်တစ်ခုအဖြစ် ဖန်တီးထားခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် ဝမ်ချောင်အနေဖြင့် ယခုအချိန်တွင် ဤ မျောက်ဝံကြီးကို ပြန်လည် ဆင့်ခေါ်လိုက်ခြင်းမှာ အခြားသော အရေးကြီးသည့် ကိစ္စတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

"ဟိန်း...!"

မျောက်ဝံကြီးမှာ ဟိန်းဟောက်လိုက်သဖြင့် မြေပြင်မှာ တုန်ခါသွားခဲ့သည်။ ၎င်းသည် ကိုယ်ဟန်ကို ပြင်လိုက်ပြီးနောက် ရုတ်တရက် ခုန်တက်လိုက်ရာ၊ ကျည်ဆန်တစ်ခုအလား မြင့်မားလှသော တောင်တန်းများကို ဖြတ်ကျော်၍ ဝေးကွာလှသော နေရာဆီသို့ ဦးတည်သွားတော့သည်။ ဝုန်း... ဝုန်း... ဝုန်း... မျောက်ဝံကြီးမှာ တောင်စဉ်တောင်တန်းများကြားတွင် အရှိန်အဟုန်ဖြင့် ခုန်ပျံ သွားလာနေပေသည်။ ဤ မျောက်ဝံကြီး၏ ရှေ့မှောက်တွင်မူ တောင်တန်းကြီးများပင်လျှင် များစွာ သေးငယ်သွားသကဲ့သို့ ခံစားရစေသည်။ ခဏချင်းအတွင်းမှာပင်

"ဝုန်း"

မျောက်ဝံကြီးမှာ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်သည့်အခါ လေပြင်းများ တိုးထွက်လာခဲ့ပြီး၊ သူ၏ရှေ့မှောက်၌ ကြီးမားလှသော သံမဏိ သွန်းလုပ်ရေး စက်ရုံကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုသွန်းလုပ်ရေး စက်ရုံကြီးမှာ မြို့ငယ်လေး တစ်မြို့ခန့် ပမာဏရှိပြီး၊ ကျယ်ပြောလှသော မြေပြင်ပေါ်၌ ရေမြောင်းများ ယှက်နွယ်နေသလို မီးခိုးများမှာလည်း လိပ်တက်နေပေသည်။ သံများ ထုရိုက်သံနှင့် သံရည်ကျိုသံများမှာ နားမခံနိုင်လောက်အောင် ဆူညံနေသလို၊ စက်ရုံ၏ ပတ်ဝန်းကျင်၌လည်း လေးလံသော သံချပ်ကာများကို ဆင်ယင်ထားပြီး ခန္ဓာကိုယ်ကို မတ်မတ်ထားကာ စောင့်ကြပ်နေကြသော စစ်သည်တော်များကို မြင်တွေ့ရပေသည်။

လူတိုင်းမှာ မိမိတို့၏ တာဝန်ကျရာ နေရာများတွင် စနစ်တကျ ရှိနေကြပေသည်။ အကယ်၍ တစ်စုံတစ်ယောက်သော လက်မှုပညာရှင် မိသားစုမှ လူများသာ ဤနေရာသို့ ရောက်ရှိလာမည်ဆိုပါက အကြီးအကျယ် အံ့သြသွားကြမည်မှာ သေချာလှပေသည်၊ အဘယ်ကြောင့်ဆိုသော် ဤသွန်းလုပ်ရေး စက်ရုံကြီးမှာ အလွန်ပင် လျှို့ဝှက်လှသလို မည်သည့်မြေပုံပေါ်တွင်မျှ မှတ်တမ်းတင်ထားခြင်း မရှိသောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော်၊ ပြင်ပလောကရှိ လူသားများအတွက်မူ ဤနေရာမှာ လုံးဝတည်ရှိနေခြင်း မရှိပေ။ မျောက်ဝံကြီးမှာ ကောင်းကင်မှ ဆင်းသက်လာခဲ့သော်လည်း၊ စက်ရုံအတွင်းရှိ လူတိုင်းမှာ တည်ငြိမ်နေကြပြီး မည်သည့် လှုပ်ခတ်မှုမျှ မရှိကြပေ။ သူတို့မှာ မျောက်ဝံကြီးကို မြင်တွေ့ခြင်း မရှိကြသကဲ့သို့ပင်။

ကင်းလှည့်နေသော စစ်သည်တော်အချို့မှာမူ လက်ထဲတွင် လှံရှည်များကို ကိုင်ဆောင်ထားရင်း မျောက်ဝံကြီးကို မြင်တွေ့လိုက်ရသည့်အခါ ခေါင်းကို ငုံ့၍ အသာအယာ ဂါရဝပြုလိုက်ကြပြီးနောက် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားကြတော့သည်။

"ဟိန်း..."

မျောက်ဝံကြီးမှာ ဟိန်းဟောက်လိုက်သလို၊ တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ် အသိစိတ် တစ်ခုမှာ ဟင်းလင်းပြင်အတွင်းသို့ လှိုင်းဂယက်များအလား ပြန့်လွင့်သွားခဲ့သည်။

"အရာအားလုံး အဆင်သင့် ဖြစ်ပြီလား"

၎င်းမှာ ဝမ်ချောင်၏ အသံပင် ဖြစ်တော့သည်။

"အရှင် ရှေးဟောင်း စာသားတွေ အားလုံးကို သွန်းလုပ်လို့ ပြီးပါပြီ"

"အစီအရင်တွေကိုလည်း အောင်မြင်စွာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ စုစုပေါင်း အကြီးအသေး အစီအရင် တစ်သိန်း နှစ်သောင်း ကိုးထောင် ရှစ်ရာ ရှိပြီး၊ အလွန် ခိုင်မာတာကြောင့် အရှင်အနေနဲ့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်"

"မျိုးနွယ်ခြားဘုရင်ရဲ့ညွှန်ကြားချက်အတိုင်း အရာအားလုံးကို အခုအခါမှာ အပြီးသတ် လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်"

သွန်းလုပ်ရေး စက်ရုံ၏ အလယ်ဗဟို နေရာတွင်၊ အရှိန်အဝါ ပြင်းထန်ပြီး ကြံ့ခိုင်ပုံရသော စစ်ဗိုလ်ချုပ်တစ်ဦးမှာ လှံရှည်ကို ကိုင်ဆောင်လျက် ခါးကို ညွှတ်၍ သတင်းပို့လိုက်သည်။ သူသည် ဤနေရာသို့ ယာယီ တာဝန်ဖြင့် စေလွှတ်ခြင်း ခံထားရသူ ဖြစ်သည်။ များစွာမမေးမြန်းသလို၊ များစွာလည်း မစဉ်းစားပေ။ မျိုးနွယ်ခြားဘုရင်အတွက် အလုပ်အကျွေး ပြုရခြင်းမှာ စစ်တပ်အတွင်းရှိ ဗိုလ်ချုပ်တိုင်းအတွက် အကြီးမားဆုံးသော ဂုဏ်ယူမှုပင် ဖြစ်တော့သည်။

"ဝုန်း"

ထိုစစ်ဗိုလ်ချုပ်က အမိန့်ပေးလိုက်သည့်ခဏ၌၊ လူတိုင်းမှာ နောက်သို့ ဆုတ်ခွာသွားကြတော့သည်။ သွန်းလုပ်ရာနေရာ၏ အလယ်ဗဟိုတွင် မီးခိုးအမည်းများ လိပ်တက်နေပြီး၊ မြေပြင်ပေါ်၌ ပေတစ်ထောင်ခန့် ရှည်လျားသော အက်ကြောင်းကြီး တစ်ခုကို မထင်မရှား မြင်တွေ့ရပေသည်။ ၎င်း၏ အတွင်း၌မူ မှောင်အတိ ကျနေပြီး တစ်စုံတစ်ခု ရှိနေပုံရသော်လည်း မြေကြီးများဖြင့် ဖုံးအုပ်ထားသဖြင့် သေချာစွာ မမြင်တွေ့နိုင်ပေ။

နောက်တစ်ခဏတွင် မျောက်ဝံကြီးမှာ ဟိန်းဟောက်လိုက်ပြီးနောက် ရှေ့သို့ တစ်ဟုန်ထိုး ခုန်တက်ကာ ထိုအက်ကြောင်းကြီး၏ဘေးနားသို့ ဆင်းသက်လိုက်သည်။ ၎င်းနောက်တွင် ကြီးမားလှသော သူ၏လက်ချောင်းငါးဖက်ကို ချွန်ထက်သော ပုဆိန်များအလား မြေအောက်သို့ ထိုးစိုက်လိုက်ပြီးနောက် အားဖြင့် ဆွဲတင်လိုက်တော့သည်။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ မြေကြီးများမှာ အရပ်မျက်နှာ အနှံ့သို့ လွင့်စဉ်သွားခဲ့ပြီး၊ နောက်တစ်ခဏတွင်မူ ပေတစ်ထောင်ခန့် ရှည်လျားသော ကြီးမားလှသည့် သံတုတ်ကြီးတစ်ချောင်းမှာ မြေအောက်မှ ပွင့်ထွက်လာခဲ့ပြီး မျောက်ဝံကြီး၏ လက်ထဲသို့ ကျရောက်သွားတော့သည်။

"ဝုန်း... ဝုန်း... ဝုန်း..."

ရွှေရောင်ဧရာမမျောက်ဝံကြီးသည် သူ၏လက်ကို ခါယမ်း၍ ထိုသံတုတ်ကြီးကို အသာအယာ ဝှေ့ယမ်းလိုက်ရာ၊ ခဏချင်းအတွင်းမှာပင် ပတ်ဝန်းကျင် မိုင်ပေါင်း များစွာအတွင်းရှိ လေထုမှာ ပင်လယ်လှိုင်းလုံးကြီးများအလား လှုပ်ခတ်သွားခဲ့ပြီး၊ စူးရှလှသော အသံများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများမှာလည်း ပေါ်ထွက်လာတော့သည်။

ဝမ်ချောင် ထိန်းချုပ်ထားသော ဤမျောက်ဝံကြီး၏ခန္ဓာကိုယ်မှာ လူသားနှင့် ဆင်တူသော်လည်း၊ ယခင်ကမူ ခွန်အားသာရှိပြီး သင့်တော်သောလက်နက် မရှိသဖြင့် အစစ်အမှန် စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ အကယ်၍ သင့်တော်သော လက်နက်သာ ရှိမည်ဆိုပါက ရွှေရောင်ဧရာမမျောက်ဝံကြီး၏ ထူးခြားသော အစွမ်းများနှင့် ပေါင်းစပ်လိုက်လျှင် သူ၏အင်အားမှာ များစွာတိုးတက်လာမည်ဖြစ်သလို သိမ်မွေ့နက်နဲမှု နယ်ပယ်၏ အင်အားကြီး ပုဂ္ဂိုလ်များကိုပင် တိုက်ရိုက်ဖိနှိပ်ထားနိုင်မည် ဖြစ်သည်။ ယခု ဤလက်နက်မှာ ဝမ်ချောင်က မျောက်ဝံကြီးအတွက် သီးသန့်ပုံစံထုတ် ထုတ်လုပ်ခိုင်းထားခြင်း ဖြစ်သည်။ ဤသံတုတ်ကြီးအား ပင်လယ်နက်မှ ရရှိသော ထူးခြားသည့် သံမဏိများဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သလို ၎င်း၏ အတွင်း၌ အစီအရင်ပေါင်း တစ်သိန်း နှစ်သောင်းကျော် ကိန်းအောင်းနေသဖြင့် အလွန်ပင် ခိုင်မာလှပေသည်။

"အတော်လေး အဆင်ပြေသွားပြီ"

ဝမ်ချောင်သည် လက်နက်ကို ဝှေ့ယမ်းရင်း မိမိ၏လက်ရုံးကဲ့သို့ အသုံးပြုရ လွယ်ကူနေသည်ကို ခံစားလိုက်ရသဖြင့် ခေါင်းကို တစ်ချက် ညိတ်လိုက်ပြီးနောက် စစ်ဗိုလ်ချုပ်များကို လက်ဟန်ပြ၍ နောက်သို့ ဆုတ်ခိုင်းလိုက်သည်။

"ဝုန်း"

နောက်တစ်ခဏတွင် မျောက်ဝံကြီးမှာ ခုန်တက်လိုက်ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ကာ ကြီးမားလှသော သံမဏိစက်ရုံကြီးကို သူ၏ နေက်ကွယ်တွင် ချန်ထားခဲ့တော့သည်။ စိမ်းလန်းနေသော တောင်ကုန်းများကို ဖြတ်ကျော်၍ မျောက်ဝံကြီး၏အရှိန်မှာ အလွန်မြန်ဆန်လှပေသည်။ နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင်မူ အခြားသော ကျယ်ပြောလှသော တောင်တန်းကြီးများကြား၌ မျောက်ဝံကြီးမှာ ရုတ်တရက် ရပ်တန့်လိုက်တော့သည်။ ဤနေရာမှာ ဝူရှန်းရွာထက်ပင် ပို၍အန္တရာယ်များလှသဖြင့် သာမန်သိုင်းသမားများပင်လျှင် ဝင်ရောက်ရန် ခက်ခဲလှပေသည်။

မျောက်ဝံကြီး၏ အကြည့်များမှာ လျှပ်စီးအလား ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် များမကြာမီမှာပင် စိမ်းလန်းနေသော တောင်ထိပ်တစ်ခုပေါ်သို့ ကျရောက်သွားတော့သည်။

"ဒီနေရာပဲ ဖြစ်ရမယ်"

ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌ အတွေးများ နက်ရှိုင်းနေသလို၊ သူ၏စိတ်ထဲမှလည်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။ ဝမ်ချောင် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ မျောက်ဝံကြီးနှင့် မသက်ဆိုင်ဘဲ၊ သူ၏မှတ်ဉာဏ်အတွင်းမှ ရတနာတစ်ခုကြောင့်သာ ဖြစ်သည်။ ကမ္ဘာပျက်သုဉ်းချိန် ရောက်ရှိလာစဉ်က၊ ဝမ်ချောင်သည် သာမန်လူတစ်ဦး ဘဝမှနေ၍ တစ်လောကလုံးဆိုင်ရာ စစ်ဗျူဟာမှူးချုပ်ရာထူးကို လက်ခံခဲ့ရသည်။ တိုင်းတစ်ပါး ကျူးကျော်သူများကို တိုက်ခိုက်စဉ်အတွင်း အစောပိုင်း ကာလများ၌ လူသားတို့မှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသော်လည်း၊ နောက်ပိုင်းတွင် မြေပြင်ကြီး ပြိုကွဲသွားရာမှ ရှန်ကျိုးမြေအောက်၌ မြှုပ်နှံထားသော ရတနာ တစ်ခုမှာ မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့ရာ ၎င်းက တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲစေခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ ရှန်ကျိုး၏ ကိုးပြည်ထောင်အိုးကြီးများပင် ဖြစ်တော့သည်။ ထိုစဉ်က လူသားတို့မှာ ဤအိုးကြီးများ ပေါ်ထွက်လာကြောင်း သိရှိသွားသည့်အခါ၊ စစ်သည်တော် အမြောက်အမြား စတေးခံကာ အစွမ်းကုန် တိုက်ခိုက်ပြီးနောက်တွင်မှ ထိုကြေးညိုရောင် အိုးကြီးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်ဗျူဟာမှူးချုပ် တစ်ဦးအနေဖြင့် ထို ကြေးညိုရောင်အိုးကြီးမှာ သဘာဝအတိုင်းပင် ဝမ်ချောင်၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက် ဝမ်ချောင်သည် ထို အိုးကြီးအတွင်း၌ ထူးခြားသော စွမ်းအားတစ်ခု ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်၊ ထိုစွမ်းအားကို အချို့သော အစီအရင်များမှတစ်ဆင့် စစ်သည်တော်များ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးနိုင်ခြင်းပင် ဖြစ်သည်။

ထိုစွမ်းအားမှာ တိုင်းတစ်ပါး ကျူးကျော်သူများကို နှိမ်နှင်းရာတွင် အလွန်ပင် အရေးပါလှပေသည်။ ဝမ်ချောင်သည် အချိန်အတော်ကြာ အားထုတ်ခဲ့ပြီးမှသာ ထိုစွမ်းအားကို အသုံးပြုနည်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ထိုသူများကို တိုက်ခိုက်ရန်အတွက် သီးသန့်တပ်ဖွဲ့တစ်ခုကိုပင် ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော်လည်း နှမြောစရာ ကောင်းသည်မှာ ထိုစဉ်က အချိန်မှာ အလွန်ပင် နည်းပါးလှသဖြင့်၊ ဝမ်ချောင်အနေဖြင့် ထိုအိုးကြီး၏ အစွမ်းအားလုံးကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသေးမီမှာပင် ရိက္ခာနှင့် အင်အားများ ပြတ်တောက်သွားခဲ့ရပြီး နောက်ဆုံးတွင် တိုင်းတစ်ပါး ကျူးကျော်သူများ၏ ဝါးမျိုမှုကို ခံလိုက်ရကာ တစ်လောကလုံး ပျက်သုဉ်းသွားခဲ့ရခြင်း ဖြစ်သည်။ ရှေးဟောင်း ဒဏ္ဍာရီများအရ ရှေးခေတ် ဧကရာဇ်ကြီးယွီသည် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြု၍ အိုးကြီး ကိုးလုံးကို သွန်းလုပ်ကာ နေရာအသီးသီးတွင် မြှုပ်နှံခဲ့သည်ဟု ဆိုသည်။ အချို့မှာ ပင်လယ်အတွင်း အချို့မှာ တောင်တန်းများကြားနှင့် အချို့မှာ မြေအောက်အနက်ပိုင်းတွင် ရှိနေကြပြီး အလယ်ပိုင်းဒေသ၏ တိချီ(မြေအောက် အငွေ့အသက်)များကို ထိန်းသိမ်းရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဝမ်ချောင်ပြန်လည် ရှင်သန်လာပြီးနောက်တွင်မူ ဤအရာများ၏တည်နေရာကို သိရှိထားစေကာမူ တူးဖော်ခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤ အိုးကြီး ကိုးလုံးမှာ တည်နေရာ အလွန်ထူးခြားလှသဖြင့် ၎င်းတို့ကို တူးဖော်လိုက်ပါက ကိုးပြည်ထောင်၏ မြေထုနှင့် မြေအောက် အငွေ့အသက်များကို အပြောင်းအလဲ ဖြစ်စေနိုင်ကာ ကြီးမားလှသော တုန်လှုပ်မှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။ အလွန်အမင်း အရေးကြီးသော အခြေအနေသို့ မရောက်မချင်း၊ ဤအရာများကို လုံးဝအသုံးမပြုရန် သူ ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်တော့သည်။

******

အခန်း (၂၀၂၉) ခွန်လွန်တောင် လောကီပညာရှင်၊ ရွှမ်မင်ဇီ

သို့သော်လည်း ယခုအခါတွင်မူ အန်းယာလုရှန်း၏ ပုန်ကန်လိုသော ရည်ရွယ်ချက်မှာ နေ့ခင်းကြောင်တောင်အလား လုံးဝထင်ရှားပေါ်လွင်နေပြီ ဖြစ်သလို သူ၏ လက်အောက်ရှိ ရွဲလော့ဟယ်စစ်သည်များသည်လည်း တိုင်းတစ်ပါး ကျူးကျော်သူများ၏ အချို့သော ထူးခြားသည့် ဝိသေသ လက္ခဏာများကို ပိုင်ဆိုင်ထားကြလေသည်။

ပုံမှန်အခြေအနေများအောက်၌မူ၊ ဧကရာဇ် သိုင်းအဆင့်အထက် အဆင့်ရှိသော အင်အားကြီး ပုဂ္ဂိုလ်များမှလွဲ၍ သာမန်စစ်သည်တော်များ အနေဖြင့် ရွဲလော့ဟယ် တို့ကို အလွယ်တကူ သတ်ဖြတ်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ကြောင်း ဝမ်ချောင်ထက် ပိုသိရှိနားလည်သူ မရှိပေ။ စစ်သည်တော် သိန်းချီရှိသော စစ်တပ်ကြီး ဖြစ်စေကာမူ ထိုရွဲလော့ဟယ်တို့၏ ပြင်းထန်လှသော တိုက်ခိုက်မှုများအောက်တွင် ဖရိုဖရဲ ပြိုကွဲပျက်စီးသွားပြီး နောက်ဆုံး၌ ရန်သူ၏ ရက်စက်လှသော ဓားသွားများအောက်တွင် အသက်ပျောက်ကြရမည်သာ ဖြစ်သည်။

ထိုမျှသာမကဘဲ မဟာဘေးဒုက္ခကြီး၏ နိမိတ်လက္ခဏာများမှာလည်း ပေါ်ထွက်နေပြီ ဖြစ်ရာ၊ ဝမ်ချောင်အနေဖြင့် စောစီးစွာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် အလွန်ပင် လိုအပ်နေပေသည်။ သို့မဟုတ်ပါက ထိုအချိန် ရောက်ရှိလာသည့်အခါ အရာရာမှာ နောက်ကျသွားခဲ့လိမ့်မည်။

ဝုန်း…

ဤအတွေးများမှာ ဝမ်ချောင်၏ဦးနှောက်အတွင်း၌ လျှပ်စီးအလား ဖြတ်ပြေးသွားခဲ့ပြီးနောက် နောက်တစ်ခဏတွင်မူ ထိုသားရဲကြီးမှာ ပြင်းထန်စွာ ဟိန်းဟောက်လိုက်တော့သည်။ ရွှေရောင်ဧရာမမျောက်ဝံကြီးသည် သူ၏ ကြီးမားလှသော သံတုတ်ကြီးကို ဝှေ့ယမ်းလိုက်ရာ၊ တစ်ချက်တည်းနှင့်တင် ထိုတောင်ထိပ်ကြီးမှာ ပြိုကျပျက်စီးသွားခဲ့ပြီး တောင်ခေါင်းတစ်ခုလုံးမှာလည်း အဝေးသို့ လွင့်စဉ်သွားခဲ့ရသည်။ ၎င်းနောက်တွင်မူ နောက်ထပ် ပြင်းထန်လှသော ရိုက်ချက်တစ်ချက်ကို အားကုန် နှက်ချလိုက်ပြန်ရာ၊ ပေါင်ချိန် သောင်းချီ၍ လေးလံလှသော သံတုတ်ကြီးမှာ တောင်ကိုယ်ထည်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး၊ ဂျောက်ဂျောက် ဆိုသည့် မြည်ဟီးသံများနှင့်အတူ ထုထည်ကြီးမားပြီး မာကျောလှသော တောင်တန်းကြီးပေါ်၌ အက်ကြောင်းများကို တစ်ခုပြီးတစ်ခု ပေါ်ထွက်လာစေခဲ့သည်။

ထိုသားရဲကြီးမှာ သူ၏ ဖြူဖွေးလှသော အစွယ်များကို ဖြဲပြလျက်၊ ကြီးမားလှသော လက်ဖဝါးနှစ်ဖက်ကို အက်ကြောင်းများအတွင်းသို့ ထိုးသွင်းကာ အားအင်ကုန်သုံး၍ ဆွဲဖြဲလိုက်ရာ၊ တောင်တန်းကြီး တစ်ခုလုံးကို အတင်းအဓမ္မ ပွင့်ထွက်သွားစေခဲ့သည်။ ၎င်းနောက်တွင်မူ မျောက်ဝံကြီးသည် သူ၏သံတုတ် ချွန်ထက်သော အဖျားပိုင်းကို အက်ကြောင်းအတွင်းသို့ နက်ရှိုင်းစွာ ထိုးစိုက်လိုက်ပြီး မြေအောက်သို့ အဆက်မပြတ် တူးဖော်ခြင်း လုပ်ငန်းကို စတင်တော့သည်။

ဝမ်ချောင်၏ မှတ်ဉာဏ်များအရမူ ထိုရတနာကို မြှုပ်နှံထားသည့်နေရာမှာ အလွန်ပင် နက်ရှိုင်းလှသလို ပတ်ဝန်းကျင် တစ်ဝိုက်တွင်လည်း သံမဏိအလား မာကျောလှသည့် ကျောက်သားများဖြင့် ပြည့်နှက်နေသဖြင့် တူးဖော်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ ပုံမှန်အခြေအနေအရ လူအင်အားကိုသာ အသုံးပြု၍ တူးဖော်မည်ဆိုပါက လုပ်ငန်း ပြီးမြောက်နိုင်စွမ်းမှာ အလွန်ပင် နိမ့်ပါးနေမည်သာ ဖြစ်သည်။

မျောက်ဝံကြီးကို အသုံးပြု၍ တူးဖော်ခြင်းမှာလည်း အနည်းဆုံးအားဖြင့် လအနည်းငယ်ခန့် ကြာမြင့်မည် ဖြစ်သော်လည်း၊ လူအင်အားနှင့် နှိုင်းယှဉ်ပါကမူ အဆပေါင်းများစွာ ပိုမိုလျင်မြန်လှပေသည်။ အချိန်များမှာ တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့ပြီး ထိုတောနက်ကြီး တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်နေတော့သည်၊ သားရဲကြီး၏ တူးဖော်သံနှင့် ပြင်းထန်လှသော အသက်ရှူသံများမှလွဲ၍ ဤအံ့သြဖွယ် မြင်ကွင်းကို မည်သူမျှ သတိပြုမိခြင်း မရှိကြပေ။

တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် မျောက်ဝံကြီးကို ထိန်းချုပ်ကာ ကျယ်ပြောလှသော တောင်တန်းကြီးများကြား၌ ကိုးပြည်ထောင်အိုးကြီးကို တူးဖော်နေစဉ်၊ အခြားတစ်ဖက်ရှိ မြို့တော်အတွင်း၌မူ၊ ပိန်လှီလှသော ပုံရိပ်တစ်ခုမှာ တာအိုဝတ်ရုံကို ဆင်ယင်လျက်၊ ဝတ်ရုံစများမှာ လေလှိုင်းများကြား၌ လွင့်ပျံနေရင်း မြို့တော်၏ အနောက်ဘက် တံခါးဝ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်ကို လူအနည်းငယ်မျှသာ သတိထားမိလိုက်ကြသည်။

"နောက်ဆုံးတော့ ရောက်ပြီ"

ထိုသူက တိုးတိတ်စွာ ရေရွတ်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း၌လည်း ဝမ်းမြောက်မှု အရိပ်အယောင်လေးများ ထင်ဟပ်နေပေသည်။ ကျယ်ပြောလှသော မြို့တော်အတွင်း၌ ရထားလုံးများနှင့် လူအမြောက်အမြားမှာ စည်ကားသိုက်မြိုက်စွာ သွားလာနေကြသော်လည်း ထိုပိန်လှီလှသော တာအိုဝတ်ရုံနှင့် ပုံရိပ်မှာမူ ထိုသူများကို လုံးဝဂရုမစိုက်ဘဲ ရှိနေပေသည်။ သူ၏အကြည့်များမှာ ဟင်းလင်းပြင် အထပ်ထပ်ကို ဖြတ်ကျော်ကာ မဟာထန်၏အာဏာဗဟိုချက်ကို ကိုယ်စားပြုသော၊ ရွှေရောင်များ ဝင်းပလျက် ခန့်ညားထည်ဝါပြီး မြင့်မြတ်လှသော နန်းတော်ဆီသို့သာ သေချာစွာ စူးစိုက်ကြည့်နေတော့သည်။

"နဂါးစစ်စစ်က မျက်လုံးဖွင့်လိုက်ပြီ၊ ကြယ်တာရာတွေ စုံစည်းကြပြီ၊ ဒါဟာ ငါတို့ လောကီပညာရှင်တွေ နိုးထလာဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ"

ထိုသူမှာ လူအုပ်ကြီးကြားတွင် ရပ်နေရင်း မိမိဘာသာ တီးတိုး ရေရွတ်လိုက်သည်။ အကယ်၍ သေချာစွာ စူးစိုက်ကြည့်ရှုမည် ဆိုပါက၊ ဤလူမှာ တတိယသားတော်ရွှမ်းသည် နဂါးပုလဲအတွင်းမှတစ်ဆင့် မြင်တွေ့ခဲ့ရသော ထိုခွန်လွန်တောင် လောကီပညာရှင်ပင် ဖြစ်နေသည်ကို တွေ့ရှိရလိမ့်မည်။

ရှပ်..

ထိုခွန်လွန်တောင် လောကီပညာရှင်သည် သူ၏သားမြီးယပ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီးနောက် လူအုပ်ကြီးကြားမှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ကာ ဝေးကွာလှသော နန်းတော်မြို့ရိုးရှိရာဘက်သို့ ဦးတည်သွားတော့သည်။ ခဏအကြာတွင်မူ၊ ထိုသူသည် နန်းတော်တံခါးကြီးကို ခေါက်ကာ အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

"မင်းက ခွန်လွန်တောင် လောကီပညာရှင်ရွှမ်မင်ဇီလား"

မြင့်မားလှသော နန်းဆောင်အတွင်းရှိ ပလ္လင်တော်ပေါ်၌ တတိယသားတော်ရွှမ်းသည် တည်ငြိမ်စွာ ထိုင်နေပြီး၊ သူ၏ ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းညွှတ်လျက် သူ၏ရှေ့မှောက်ရှိ လောကီပညာရှင်ကို အံ့သြစွာ စူးစိုက်ကြည့်နေသည်။ သူ၏ဝဲယာနှစ်ဖက်တွင်မူ အယုံကြည်ရဆုံးသော မိန်းမစိုး အိုကြီးများ၊ နန်းတွင်းကုန်းဖုများနှင့် ကျောက်ချန်ဖုတို့မှာ ခစားနေကြလေသည်။ လူတိုင်းသည် ထိုနတ်ဘုရားတစ်ပါးအလား အငွေ့အသက်များ ရှိနေသော လောကီပညာရှင်ကို ကြည့်ရင်း အံ့သြလွန်းသဖြင့် မျက်ဝန်းများကို ပြူးကြည့်နေကြတော့သည်။

"ကျွန်တော်မျိုး ဟုတ်ပါတယ်”

ရွှမ်မင်ဇီသည် လက်အုပ်မိုး၍ ဂါရဝပြုလိုက်ရင်း ခါးကို ညွှတ်ကာ ပြန်လည်ဖြေကြားလိုက်သည်။ ထိုအခိုက်အတန့်တွင် နန်းဆောင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူတော်စင်ဧကရာဇ်အနေဖြင့် နဂါးပုလဲအတွင်း၌ လောကီပညာရှင် ရွှမ်မင်ဇီကို မြင်တွေ့ခဲ့ရသည့် အကြောင်းကို လူတိုင်းမှာ ကြားဖူးထားကြသော်လည်း၊ ဤခွန်လွန်တောင် လောကီပညာရှင်မှာ နန်းတော်အတွင်းသို့ အမှန်တကယ်ပင် ထူးဆန်းစွာ ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

"မင်း ဘာကိစ္စနဲ့ ငါ့ကို လာတွေ့တာလဲ။ မင်းမှာရော ဘာအရည်အချင်းတွေ ရှိလို့လဲ?"

နန်းဆောင်အတွင်း၌ တတိယသားတော်ရွှမ်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် လေးနက်လှသော အသံဖြင့် မေးမြန်းလိုက်သည်။ ဤလောကီပညာရှင်မှာ အလွန်ပင် လျှို့ဝှက်ဆန်းပြားစွာဖြင့် ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ရာ၊ သူ၏အရင်းအမြစ်နှင့် အတိတ်ကြောင်းကို သေချာစွာ မသိရှိရသေးမီ အချိန်အထိ တတိယသားတော်ရွှမ်း အနေဖြင့်လည်း လွယ်လွယ်နှင့် အသုံးချလိမ့်မည် မဟုတ်ပေ။

"အရှင်မင်းကြီး ကျွန်တော်မျိုး ဒီနေရာကို ရောက်ရှိလာရတာကတော့ မြေကမ္ဘာရဲ့ နဂါးစွမ်းအားတွေကို အာရုံခံမိလို့ ဖြစ်သလို၊ အခု အရှင်မင်းကြီးရဲ့ ကံကြမ္မာမှာ ကြီးမားတဲ့ ဘေးဒုက္ခ တစ်ခု ရှိနေတာကိုလည်း တွက်ချက်မိလို့ပါ"

ရွှမ်မင်ဇီသည် ခါးကို ညွှတ်၍ ဂါရဝပြုလိုက်ရင်း သူ၏ အသံကို ဟိန်းထွက်နေအောင် ထုတ်ဖော်ကာ တည်ငြိမ်စွာ လျှောက်တင်လိုက်သည်။

"ဘေးဒုက္ခ…ဘာဘေးဒုက္ခလဲ"

တတိယသားတော်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ရင်း မေးမြန်းလိုက်သည်။

"ကျွန်တော်မျိုး ခွန်လွန်မှာ ရှိနေစဉ်ကတည်းက၊ နဂါးစစ်စစ် ဧကရာဇ်ရဲ့ ကံကြမ္မာဟာ ပိတ်လှောင်ခံနေရပြီး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကို အာရုံခံမိပါတယ်။ ကျွန်တော်မျိုးရဲ့ တွက်ချက်မှုသာ မှန်ကန်ခဲ့မယ်ဆိုရင်၊ အရှင်မင်းကြီးရဲ့ အခု ဘေးဒုက္ခဟာ မိစ္ဆာတစ်ခုက အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်ကို ပူးကပ်ပြီး ဒုက္ခပေးနေတဲ့ ဘေးဒုက္ခပဲ ဖြစ်ပါတယ်"

ရွှမ်မင်ဇီက ရိုသေလေးစားစွာဖြင့် ပြန်လည် လျှောက်တင်လိုက်သည်။

နန်းဆောင်အတွင်းရှိ မိန်းမစိုး အိုကြီးများနှင့် ကျောက်ချန်ဖု အပါအဝင် လူတိုင်းမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ဘာတွေပြောနေမှန်း မသိဘဲ မှင်သက်ကုန်ကြတော့သည်။ ဤလောကီပညာရှင်က ဘာတွေ လျှောက်ပြောနေသနည်း၊ မည်သည့် မိစ္ဆာ၊ မည်သည့် ဘေးဒုက္ခကို ဆိုလိုသနည်း။ အရှင်မင်းကြီးမှာ နဂါးစစ်စစ် ဧကရာဇ် ဖြစ်သလို၊ တစ်လောကလုံး၏ အရှင်သခင်ဖြစ်ရာ၊ မည်သည့် မိစ္ဆာကများ ဧကရာဇ်မင်းမြတ်၏ ကိုယ်ပေါ်သို့ ပူးကပ်နိုင်ပါ့မည်နည်း၊ ၎င်းမှာ အမှန်တကယ်ပင် အဓိပ္ပာယ် မရှိလှသော စကားများသာ ဖြစ်ပေလိမ့်မည်။ ကျောက်ချန်ဖုမှာမူ မိမိကိုယ်တိုင်လည်း စကားပြော ကောင်းသူတစ်ဦး ဖြစ်ရာ၊ ဤလောကီပညာရှင်၏ စကားများကို လုံးဝမယုံကြည်ပေ။

"သူတော်စင်ဧကရာဇ်ရဲ့ ရှေ့မှောက်မှာ မင်း ဘာတွေ ရူးရူးနှမ်းနှမ်း လျှောက်ပြောနေတာလဲ၊ ဘယ်က ရောက်လာတဲ့ တောဘုန်းတော်ကြီးအစုတ်လဲ..."

ကျောက်ချန်ဖုက ဒေါသတကြီး ဟောက်လိုက်ပြီး ထိုလာလမ်းမသိသော လောကီပညာရှင်ကို အပြင်သို့ နှင်ထုတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏နားထဲ၌ မိုးကြိုးပစ်လိုက်သကဲ့သို့သော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

"ရပ်စမ်း!"

ဤပြင်းထန်လှသော ဟိန်းဟောက်သံကြောင့် ကျောက်ချန်ဖု၏ နားထဲတွင် အုန်းအုန်းမြည်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ခါသွားကာ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။ သူ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ၊ မိမိကို ဟန့်တားလိုက်သူမှာ အခြားသူ မဟုတ်ဘဲ သူ အမြဲတမ်း ယုံကြည်အားကိုးရသော တတိယသားတော်ရွှမ်းပင် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသဖြင့် သူ၏မျက်နှာမှာ ဖြူလျော်သွားတော့သည်။

"အရှင်မင်းကြီး"

ယခု အခိုက်အတန့်တွင် တတိယသားတော်ရွှမ်း၏ မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်နေပြီး သူ၏အကြည့်များမှာလည်း ဟိုဒီ ရွေ့လျားနေကာ သူ ဘာတွေ တွေးနေသနည်း ဆိုသည်မှာ မည်သူမျှ မသိနိုင်ပေ။

"အားလုံး အပြင်ထွက်သွားကြစမ်း"

တတိယသားတော်ရွှမ်းက သူ၏ ဝတ်ရုံစကို တစ်ချက် ခါယမ်းလိုက်ပြီး၊ အေးစက်လှသော အသံဖြင့် အမိန့်ပေးလိုက်သည်။

"အရှင်မင်းကြီး"

နန်းဆောင်အတွင်းရှိ မိန်းမစိုး အိုကြီးများ အပါအဝင် လူတိုင်းမှာ မှင်သက်သွားကြရသည်။ သို့သော်လည်း၊ ဧကရာဇ်၏အမိန့်မှာ တောင်ကြီးတစ်လုံးအလား လေးလံလှသဖြင့်၊ သူတော်စင်ဧကရာဇ်၏ ရှေ့မှောက်တွင် ကျောက်ချန်ဖု အပါအဝင် မည်သူမျှ မလွန်ဆန်ရဲကြပေ။

"ဟုတ်ကဲ့ပါ ကျွန်တော်မျိုးတို့ ထွက်ခွာသွားပါ့မယ်"

လူအုပ်ကြီးမှာ နောက်ထပ် စကားမဆိုရဲကြတော့ဘဲ နန်းဆောင်အတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။ သူတို့၏ နောက်ကွယ်မှ ထိုက်ကျိနန်းဆောင်၏ တံခါးကြီးမှာ ပြင်းထန်စွာ ပိတ်သွားခဲ့ပြီးနောက် တစ်ခုလုံးသော နန်းဆောင်ကြီးအတွင်း၌ သူတော်စင်ဧကရာဇ် နှင့် အဝေးမှ ရောက်ရှိလာသော ခွန်လွန်တောင် လောကီပညာရှင် တို့နှစ်ဦးတည်းသာ ကျန်ရှိနေတော့သည်။

"ငါ့မှာ မိစ္ဆာဘေးဒုက္ခ ရှိနေတယ်လို့ မင်း ပြောလိုက်တာလား။ ပြောစမ်း ဘယ်လိုမျိုး မိစ္ဆာလဲ။ အကယ်၍သာ မင်း ပြောတာတွေက အဓိပ္ပာယ် မရှိဘဲ လိမ်ညာနေတာဆိုရင်တော့ ငါ မင်းကို အခုချက်ချင်း မြင်းငါးကောင်နဲ့ ဆွဲဖြဲပြီး အသက်ပျောက်အောင် လုပ်ပစ်မယ်"

တတိယသားတော်ရွှမ်းသည် သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး၊ အေးစက်လှသော မျက်နှာထားဖြင့် ပြောဆိုလိုက်ရာ နန်းဆောင်အတွင်းရှိ လေထုမှာလည်း ရုတ်တရက် အေးစက်သွားပြီး အလွန် အန္တရာယ်ကြီးမားလှသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။

သို့သော်လည်း တတိယသားတော်ရွှမ်း၏ ရှေ့မှောက်၌ ထိုခွန်လွန်တောင် လောကီပညာရှင်မှာမူ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ၊ သူ၏လက်ချောင်းများကို ကွေးလိုက်ကာ သူ၏ဝတ်ရုံစအောက်၌ အရှိန်အဟုန်ဖြင့် တစ်စုံတစ်ခုကို တွက်ချက်နေပုံရပေသည်။

"အကယ်၍ ကျွန်တော်မျိုးရဲ့ တွက်ချက်မှုသာ မမှားယွင်းဘူးဆိုရင်၊ အရှင်မင်းကြီးရဲ့ ကိုယ်ပေါ်ကို မိစ္ဆာ ပူးကပ်ခံရတာဟာ အသက်နှစ်ဆယ် ဝန်းကျင်လောက်မှာ ဖြစ်ပြီးတော့၊ အအေးမိဖျားနာတဲ့ ဝေဒနာနဲ့အတူ တွဲပြီး ဖြစ်ခဲ့တာပါ၊ ဒါပေမဲ့ နှမြောစရာ ကောင်းတာကတော့ အရှင်မင်းကြီးရဲ့ခမည်းတော် ဧကရာဇ်မင်းမြတ်နဲ့ မယ်တော် မိဖုရားကြီးတို့ကတော့ ဒါကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒီအချိန်ကစလို့ နှစ်ပေါင်း သုံးဆယ်ကျော်တိုင်အောင် အရှင်မင်းကြီးဟာ မိစ္ဆာရဲ့ ခန္ဓာကိုယ် သိမ်းပိုက်မှုကို ခံခဲ့ရတာပါ၊ ပြီးတော့ အဲဒီမိစ္ဆာဟာ ဟင်းလင်းပြင်တွေကို ဖြတ်ကျော်ပြီး ရောက်လာတာ ဖြစ်သလို၊ စိတ်ဝိညာဉ် စွမ်းအားလည်း အလွန်ကြီးမားကာ နည်းစနစ်တွေကလည်း ထူးကဲလွန်းတာကြောင့်၊ အရှင်မင်းကြီး ယှဉ်နိုင်မယ့်သူ မဟုတ်ခဲ့သလို၊ နန်းတွင်းအပြင်အပမှာ ရှိတဲ့ လူအားလုံးလည်း လုံးဝ အလှည့်ဖျား ခံခဲ့ရတာပါ"

"အခု အချိန်ကျမှသာ အဲဒီ မိစ္ဆာ ကိုယ်တိုင် အမှားအယွင်း တစ်ခု လုပ်မိသွားလို့၊ အရှင်မင်းကြီး က ဆုံးရှုံးသွားတဲ့ နဂါးခန္ဓာကိုယ်ကို ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်မျိုး အဝေးက ခွန်လွန်တောင်တန်းမှာ ရှိနေရင်းနဲ့ အရှင်မင်းကြီးရဲ့ နဂါးအငွေ့အသက်ကို အာရုံခံမိလို့၊ ဒီအချိန်မှာ တောင်ပေါ်ကဆင်းပြီး ပြန်လည် ထွက်ပေါ်လာဖို့ ရွေးချယ်လိုက်ရတဲ့ အကြောင်းရင်းပါပဲ"

ရွှမ်မင်ဇီသည် သူ၏မြင့်မားလှသော ခန္ဓာကိုယ်ကို မတ်မတ်ထားလျက်၊ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

"ဝုန်း"

ရွှမ်မင်ဇီ၏ တိုတောင်းလှသော စကားအနည်းငယ်ကို ကြားလိုက်ရသည့်အခါ၊ တတိယသားတော်ရွှမ်း၏ မျက်ခွံများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ပြီး၊ စိတ်နှလုံးအတွင်း၌လည်း တစ်ခဏချင်းအတွင်းမှာပင် အတိုင်းအဆမရှိသော လှိုင်းလုံးကြီးများ ပွင့်ထွက်သွားတော့သည်။

ယခု အခိုက်အတန့်တွင် တတိယသားတော်ရွှမ်းသည် မိမိ၏ရှေ့မှောက်ရှိ ရွှမ်မင်ဇီကို ကြည့်နေသော အကြည့်များမှာ များစွာပြောင်းလဲသွားခဲ့ပြီး၊ ရုတ်တရက်ဆိုသလို များစွာရင်းနှီးသွားသကဲ့သို့ ခံစားလိုက်ရသည်။

နှစ်ပေါင်း သုံးဆယ်ကျော်ခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ တစ်စုံတစ်ယောက်က မိမိ၏ ရှေ့မှောက်၌ မိမိ၏ လျှို့ဝှက်ချက်ကို ဗြောင်ကျကျ ထုတ်ဖော်ပြောဆိုကာ မိမိ၏ကိုယ်ပေါ်ရှိ မိစ္ဆာကို မြင်တွေ့သွားခြင်းမှာ ပထမဦးဆုံးအကြိမ်ပင် ဖြစ်တော့သည်။

မှန်ပေသည်၊ သူသာလျှင် စစ်မှန်သော သူတော်စင်ဧကရာဇ် ဖြစ်ပေသည်။

ဤမျှလောက်သော နှစ်များစွာအတွင်း၌၊ တစ်လောကလုံးရှိ လူသားများမှာ အပေါ်ယံ အသွင်သဏ္ဌာန်များကြောင့် လှည့်စားခြင်း ခံခဲ့ရကာ အခြားကမ္ဘာမှ ရောက်လာသော ထိုမိစ္ဆာကို မိမိဟု အထင်မှားခဲ့ကြပြီး၊ ထိုသူကို သူတော်စင်ဧကရာဇ်ဟု ခေါ်ဆို၍ လူတိုင်းက ကြည်ညိုလေးစားခဲ့ကြခြင်း ဖြစ်သည်။

မှန်ပေသည်။

ထိုသူမှာ မည်သည့် မင်းကောင်းမင်းမြတ်မှ မဟုတ်သလို ဧကရာဇ် တစ်ဦးလည်း လုံးဝမဟုတ်ပေ၊ သူသည် မိစ္ဆာတစ်ကောင် ဖြစ်သလို၊ ယုတ်မာ အရှက်ကင်းမဲ့လှသော လူယုတ်မာ တစ်ဦးသာ ဖြစ်ပေသည်။

ဤ လာလမ်းမသိသော ခွန်လွန်တောင် လောကီပညာရှင်ဆီ၌ မိမိ၏စိတ်ထဲမှ ပြောလိုသော စကားများကို ပထမဦးဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်က ထုတ်ဖော် ပြောဆိုပေးလိုက်သလို ဆယ်စုနှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော အမှန်တရားကိုလည်း မြင်တွေ့သွားခဲ့ပြီ ဖြစ်သည်။

၎င်းက တတိယသားတော်ရွှမ်း၏ စိတ်နှလုံးကို အတိုင်းအဆမရှိ စိတ်လှုပ်ရှားသွားစေခဲ့ပြီး မိမိ၏ စိတ်ကို နားလည်ပေးမည့် ရင်ဖွင့်ဖော်တစ်ဦးကို တွေ့ရှိလိုက်ရသကဲ့သို့သော ခံစားချက်မျိုးပင် ဖြစ်ပေါ်စေတော့သည်။

"ကောင်းတယ်။ တကယ်ကို ကောင်းကောင်း ပြောနိုင်တာပဲ"

သူတော်စင်ဧကရာဇ်က ရုတ်တရက် စကားဆိုလိုက်ရာ၊ သူ၏ အသံမှာလည်း သိသိသာသာ မြင့်တက်လာတော့သည်။

"ငါ မင်းကို မေးမယ်။ မင်း မှာ ဘာအရည်အချင်းတွေ ရှိသလဲ၊ ပြီးတော့ ငါ့ကို ဘယ်လိုမျိုး ကူညီပေးနိုင်မှာလဲ"

"ကျွန်တော်မျိုး သင်ယူထားတဲ့ ပညာရပ်တွေကတော့ အမျိုးစုံလှပါတယ်၊ ကြယ်တာရာ ကြည့်တာ၊ နိမိတ်ဖတ်တာ၊ ဆေးဖော်စပ်တာနဲ့ ဆေးပညာရပ်တွေအပြင်၊ ကျွန်တော်မျိုးဟာ ထာဝရ မသေနိုင်တဲ့ အတတ်နဲ့ ခြောက်သွေ့နေတဲ့ သစ်သားကို နွေဦး ပြန်ရောက်စေတဲ့ အတတ် တွေမှာလည်း ကျွမ်းကျင်ပါတယ်"

ရွှမ်မင်ဇီက ပြောဆိုလိုက်ရင်း သူ၏သားမြီးယပ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ သူ၏ညာဘက် လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး နန်းဆောင်အတွင်းရှိ တတိယသားတော်ရွှမ်းနှင့် အနီးကပ်ဆုံးသော နေရာ၌ ရှိနေသည့် လူသုံးယောက် ဖက်စာရှိသော နဂါးရုပ်ပါသည့် တိုင်ကြီးဆီသို့ ညွှန်ပြလိုက်သည်။

"ဝုန်း"

နောက်တစ်ခဏတွင် တတိယသားတော်ရွှမ်း၏ အကြည့်များအောက်၌ မဟာထန် အင်ပါယာ တည်ထောင်သူ ဧကရာဇ် လက်ထက်ကတည်းက တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ရာနှင့်ချီသော သမိုင်းကြောင်း ရှိနေသည့် ထိုနဂါးရုပ်ပါသည့် တိုင်ကြီး မှနေ၍ အလင်းတန်း တစ်ခု ဝင်းခနဲ ပေါ်လာပြီးနောက် စိမ်းလန်းသော အသက်ဓာတ်များ လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။ ၎င်းနောက်တွင်မူ ရှပ်ရှပ် ဆိုသည့် အသံများနှင့်အတူ၊ ကြီးမားလှသော တိုင်ကြီး၏ အထက်အောက် နေရာအနှံ့အပြားမှနေ၍ အညှောင့်များ လျင်မြန်စွာ ထွက်ပေါ်လာပြီး၊ သစ်ကိုင်းသစ်ခက်များမှာလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ တစ်ခုလုံးသော နန်းဆောင်ကြီးအတွင်းသို့ ပျံ့နှံ့သွားတော့သည်။

ထိုသစ်ကိုင်းများပေါ်တွင်မူ၊ ပန်းများမှာ လျင်မြန်စွာ ပွင့်ဝေလာခဲ့ပြီး အလွန်ပင် ဝေဝေဆာဆာ ရှိနေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနဂါးရုပ်ပါသည့် တိုင်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီး၊ ၎င်း၏နေရာတွင် စိမ်းလန်းစိုပြေလျက် အသက်ဓာတ်များ ပြည့်ဝနေသော သစ်ပင်ကြီး တစ်ပင်အဖြစ် အစားထိုးခံလိုက်ရသလို ပန်းများ ပွင့်ဝေလာမှုကြောင့်လည်း နန်းဆောင် တစ်ခုလုံးမှာ ပန်းရနံ့များဖြင့် ပြည့်နှက်သွားတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ တတိယသားတော်ရွှမ်း ပင်လျှင် မျက်ဝန်းများကို အသာအယာ မှိတ်လိုက်မိသည်။

သိုင်းလောကအတွင်းရှိ ဂိုဏ်းများထဲတွင် အပင်များ၏ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်သော သို့မဟုတ် သွေးလည်ပတ်မှုကို မြန်ဆန်စေကာ ဆဲလ်များကို ကွဲပွားစေပြီး သိုင်းသမားများ၏ ဒဏ်ရာများကို ကုသပေးနိုင်သည့် ပြင်းထန်သော အသက်ဓာတ်များ ကိမ်းအောင်းနေသော ထူးခြားသည့် ကျင့်စဉ်အချို့ ရှိနေပေသည်။ ဥပမာအားဖြင့် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်ခေါင်းဆောင် စုန့်ယွမ်ယီ၏ ကမ္ဘာနှင့်မြေကြီး မပျက်စီးနိုင်သော သက်ရှိပေါင်းစုံ နွေဦးထာဝရ ကျင့်စဉ်ကဲ့သို့သော အရာမျိုးပင်။

သို့သော်လည်း ရွှမ်မင်ဇီမှာမူ လုံးဝ ခြားနားနေပေသည်။ တတိယသားတော်ရွှမ်းသည် သူ၏ဂန်ချီအတွင်းမှ ထိုကဲ့သို့သော ပြင်းထန်လှသည့် အသက်ဓာတ် အငွေ့အသက်မျိုးကို မခံစားမိပေ၊ နှစ်ဖက်စလုံး၏ ဂန်ချီ သဘောသဘာဝမှာ လုံးဝကို ခြားနားနေပြီး၊ သူ အသုံးပြုနေသည်မှာ "ဂမ္ဘီရအတတ်" သို့မဟုတ် မှော်အတတ်နှင့် ပိုမို တူညီနေပေသည်။

ထို့အပြင် ကမ္ဘာနှင့်မြေကြီး မပျက်စီးနိုင်သော သက်ရှိပေါင်းစုံ နွေဦးထာဝရ ကျင့်စဉ်သည် သက်ရှိများကိုသာ လှုံ့ဆော်နိုင်သော်လည်း၊ သက်မဲ့များအပေါ်တွင်မူ သူ၏အစွမ်းမှာ များစွာလျော့ပါးလှပေသည်။ ဤအချက်အရ ကြည့်မည်ဆိုပါက ရွှမ်မင်ဇီ ထုတ်ဖော်လိုက်သော စွမ်းအားမှာ တစ်စုံတစ်ရာသော အဆင့်အထိ ပိုမို၍ပင် အစွမ်းထက်လှပေသည်။

"ဒါတွေကတော့ သေးငယ်လှတဲ့ အတတ်ပညာလေးတွေပါပဲ၊ အရေးအကြီးဆုံး အချက်ကတော့၊ ကျွန်တော်မျိုးဟာ မိစ္ဆာ နှင်တဲ့ အတတ်မှာလည်း ကျွမ်းကျင်ပါတယ်"

ရွှမ်မင်ဇီက ပြောဆိုလိုက်ရင်း သူ၏သားမြီးယပ်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ၊ နောက်တစ်ခဏတွင်မူ မှိန်ဖျော့လှသော မီးခိုးငွေ့ တစ်မျှင်မှာ သားမြီးယပ်၏ အစွန်းမှနေ၍ ထွက်ပေါ်လာခဲ့ပြီး၊ နန်းဆောင်အထက်ရှိ တတိယသားတော်ရွှမ်းဆီသို့ ပစ်လွှတ်လိုက်တော့သည်။

တတိယသားတော်ရွှမ်းသည် ဤမြင်ကွင်းကို မြင်ရသည့်အခါ ရှေးဦးစွာ မျက်မှောင်ကြုတ်လိုက်မိပြီး မသိစိတ်အရပင် တားဆီးရန် ပြင်လိုက်သော်လည်း ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက်တွင်မူ သူ၏တားမြစ်ချက်များကို လျင်မြန်စွာ လျှော့ချပေးလိုက်ပြီး၊ ထို မီးခိုးငွေ့မျှင်ကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ခွင့် ပြုလိုက်တော့သည်။

"ဝုန်း"

အပြင်ပန်းတွင်မူ အရေးမပါလှသော ထိုမီးခိုးငွေ့မျှင်လေးမှာ တတိယသားတော်ရွှမ်း၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည့် ခဏ၌ ရုတ်တရက်ဆိုသလို ကြီးမားလှသော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ဟင်းလင်းပြင်အတွင်း၌ ဆန်းကြယ်လှသော မဟာဗျူဟာ ရှေးဟောင်းစာလုံးများအဖြစ် ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တတိယသားတော်ရွှမ်း၏ ကိုယ်အတွင်းသို့ ပြင်းထန်စွာ စီးဝင်သွားတော့သည်။

၎င်းမှာ တစ်စုံတစ်ခုသော ပိတ်လှောင်မှုမျိုး ခန္ဓာကိုယ်အတွင်းသို့ နက်ရှိုင်းစွာ စီးဝင်သွားသကဲ့သို့ပင် ခဏချင်းအတွင်းမှာပင် တတိယသားတော်ရွှမ်းသည် သူ၏တစ်ကိုယ်လုံး ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသလို၊ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း ပိုမိုအားကောင်းလာခဲ့ကာ ကိုယ်တွင်းဂန်ချီများနှင့် ခန္ဓာကိုယ်ကို ထိန်းချုပ်ရာတွင်လည်း များစွာ ပိုမို လျင်မြန် လွယ်ကူသွားတော့သည်။

******

All Chapters