← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) ဘဝသစ်

ချင်မင်သည် ဘဝသစ် အတွက် မည်သို့ပြင်ဆင်ရမည်ကို အလေးအနက် စဉ်းစားနေ၏။

ယင်းမှာ တစ်သက်တာလုံးနှင့် သက်ဆိုင်ပြီး အနာဂတ် ကံကြမ္မာကို ပြောင်းလဲစေနိုင်သည့် အရေးကြီးသော ကိစ္စရပ်ပင် ဖြစ်ပေသည်။

အသက် တစ်ဆယ့်ငါး တစ်ဆယ့်ခြောက်နှစ်ဆိုသည်မှာ ရွှေရောင်အချိန်ကာလ ဖြစ်၏။ ထိုအချိန်တွင် ဘဝသစ် ရရှိပါက အကျိုးကျေးဇူး အများဆုံး ရရှိနိုင်မည် ဖြစ်ပြီး ထိုအချိန်ကို လွဲချော်သွားပါက အလွန် နှမြောဖို့ ကောင်းလှပေသည်။

သို့သော် ယင်းမှာ အလွန် ခက်ခဲလှပေသည်။ သစ်နှစ်ပင်ရွာရှိ ထူးချွန်သူများမှာ အသက် နှစ်ဆယ်ကျော်မှသာ ဘဝသစ် ရရှိခဲ့ကြပြီး အချို့မှာ အသက် သုံးဆယ်ကျော်မှ အောင်မြင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ဖြစ်နေသော်လည်း ရွာတစ်ခုလုံးရှိ အိမ်ခြေ လေးဆယ်ကျော်တွင် လူဦးရေ နှစ်ရာကျော် ရှိနေသော်လည်း ဘဝသစ်ရရှိသူ စုစုပေါင်းမှာ ဆယ်ယောက်ပင် မပြည့်ချေ။

"ဘေးရွာက အဲဒီ ဒုတိယရောဂါသည်လေးတောင် အောင်မြင်သွားပြီ အခုက သူ့အတွက် ရွှေရောင်အချိန်ကာလပဲလေ"

လုဇဲ့က စကားပြောလာ၏။

ချင်မင်သည် ထိုကောင်လေးကို မှတ်မိပေသည်။ ခန္ဓာကိုယ် ပိန်လှီပြီး မျက်နှာမှာ ဝါဖျော့ကာ ဖျားနာသည့် ရုပ်သွင် ရှိလေသည်။ ဆံပင်များမှာလည်း ကျဲပါးနေပြီး မြက်ခြောက်ရောင် ဖြစ်နေတတ်၏။

ထိုကဲ့သို့ သန်မာပုံမရသော လူငယ်လေးတစ်ဦးက ရွှေရောင်အချိန်ကာလတွင် ဘဝသစ် ရရှိသွားသည်ကို သူ အံ့သြသွားမိသည်။

"ဘယ်တုန်းကလဲ"

ချင်မင်က မေးလိုက်၏။

"တစ်လနီးပါး ရှိတော့မယ်"

လုဇဲ့က ပြန်ဖြေလေသည်။ ထိုကောင်လေးမှာ ဘဝသစ် ရရှိပြီးနောက်တွင် သူတို့ခြံထဲရှိ ပေါင် ၄၀၀ ခန့်လေးသော မြည်းမည်းကြီးကို တိုက်ရိုက် မနိုင်ခဲ့ပြီး ယခင်က အားနည်းသော ပုံစံမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"တကယ် ထူးဆန်းတာပဲ"

သန်မာလှသော လူငယ်များစွာ အကြိမ်ကြိမ် ရှုံးနိမ့်နေချိန်တွင် ထိုကောင်လေးက တစ်ကြိမ်တည်းနှင့် အောင်မြင်သွားသည်ကို ချင်မင် မထင်ထားခဲ့ချေ။

လုဇဲ့လည်း စိတ်မကောင်း ဖြစ်မိ၏။ သူသည် သန်မာထွားကြိုင်ပြီး လူငယ်များကြားတွင် တော်သူတစ်ဦး ဖြစ်သော်လည်း အသက် နှစ်ဆယ့်သုံးနှစ် ရှိသည်အထိ ဘဝသစ် မရရှိသေးပေ။

"သူ့ရဲ့ ဆွေမျိုးတစ်ယောက်နဲ့ ပတ်သက်တယ်လို့ ကြားတယ်"

လုဇဲ့က အတွင်းသတင်း အချို့ကို သိထားလေသည်။

ထိုကောင်လေး၏ ဆွေမျိုးတစ်ဦးမှာ အပြင်လောကတွင် လှည့်လည်သွားလာနေသူ ဖြစ်ပြီး ယခုတစ်ခေါက် ပြန်လာချိန်တွင် ထိုကောင်လေးကို မျိုးစေ့ကောင်းတစ်ခုဟု သတ်မှတ်ခဲ့ခြင်း ဖြစ်၏။

ထိုသူက ပြောသည်မှာ ယခင်က ထိုကောင်လေး၏ ခန္ဓာကိုယ်တွင် ပြဿနာအနည်းငယ် ရှိနေသောကြောင့် စိတ်ဝိညာဉ်များ မတည်ငြိမ်ဘဲ ဖျားနာနေခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်မူ ပါရမီ အလွန် ပါသူ ဖြစ်သည်ဟု ဆိုလေသည်။

အရေးကြီးဆုံးအချက်မှာ ထိုသူသည် အဆင့်မြင့် အသက်ရှူကျင့်စဉ် တစ်ခုကို ယူဆောင်လာခဲ့ပြီး ထိုကောင်လေးကို လေ့ကျင့်စေခဲ့ခြင်း ဖြစ်သည်။ ရလဒ်မှာ သိသာလှပြီး နောက်ဆုံးတွင် ဘဝသစ် ရရှိသွားတော့သည်။

ချင်မင် ငေးမှိုင်သွားမိ၏။ လူတို့၏ ကံကြမ္မာမှာ တကယ်ပင် ခန့်မှန်းရ ခက်လှပေသည်။

"နောက်ပိုင်းမှာ အဲဒီလူက ပြောတယ် အဲဒီကောင်လေးရဲ့ ပါရမီက သူ အစောပိုင်းက ထင်ထားတာထက်တောင် ပိုပြီး နက်ရှိုင်းတယ်တဲ့ နောင်မှာ အများကြီး ပိုပြီး တိုးတက်လာနိုင်တယ်လို့လည်း ဆိုတယ်"

လုဇဲ့မှာ အမြဲတမ်း ဖျားနာနေသူတစ်ဦးက ဤမျှအထိ တော်လာနိုင်သည်ကို မယုံကြည်နိုင်ဘဲ ဖြစ်နေ၏။

"ငါတို့ဆီမှာ အဆင့်မြင့် ကျင့်စဉ်တွေ မရှိပေမဲ့ ငါတို့ သွားလို့ရတဲ့ လမ်းတွေ ရှိပါသေးတယ် ချင်လေး မင်းရဲ့ အဲဒီ ထူးဆန်းတဲ့ လေ့ကျင့်ခန်းတွေကို ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ငါ ထင်တယ်"

လုဇဲ့က အကြံပေးလေသည်။

သူ၏ အမြင်တွင် ချင်မင်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သူ့ထက်ပင် သာလွန်နေပြီး သာမန်လူများထက် အများကြီး ပိုတော်ပေသည်။

သို့သော် ထိုမျှ ကောင်းမွန်သော အခြေအနေ ရှိပါလျက် ချင်မင်မှာ ဘဝသစ် မရရှိသေးခြင်းမှာ သူ၏ လေ့ကျင့်ပုံ လေ့ကျင့်နည်းကြောင့် ဖြစ်ရမည်ဟု လုဇဲ့က ယူဆထား၏။ အင်အားအသစ်များကို မမွေးဖွားပေးနိုင်သောကြောင့် ရှေ့ဆက်ရန် ခက်ခဲနေခြင်း ဖြစ်သည်ဟု သူ ထင်ပေသည်။

ချင်မင်မှာ အခုဆိုလျှင် အသက် တစ်ဆယ့်ခြောက်နှစ်ကျော်နေပြီ ဖြစ်သဖြင့် ယခုအတိုင်း ဆက်သွားပါက ရွှေရောင်အချိန်ကာလကို လွဲချော်သွားပေလိမ့်မည်။

လျန်ဝမ်ချင်းကလည်း အကြံပေးပြန်သည်။

"ချင်လေး မင်းရဲ့ အစ်ကိုလု လေ့ကျင့်တဲ့ ညအမှောင် တရားရှုမှတ်ခြင်းအတတ် ကို ပြောင်းပြီး လေ့ကျင့်ကြည့်ပါလား"

ထာဝရ အမှောင်ယံက ကမ္ဘာကြီးကို လွှမ်းမိုးထားပြီး တောရိုင်းထဲတွင် အလွန် အန္တရာယ်များလှပေသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် လူတိုင်း မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်အတွက် အခြေခံ ကျင့်စဉ်စာအုပ်များကို နေရာတိုင်းတွင် ဖြန့်ဝေထားကြ၏။

ထိုစာအုပ်များမှာ အဆင့်မြင့်သည်ဟု မဆိုနိုင်သော်လည်း သာမန်လူများအတွက်မူ အားကိုးစရာ ဖြစ်ပေသည်။

ချင်မင်မှာ ခေါင်းမာသူတစ်ဦး မဟုတ်ပေ။ ၎င်းတို့၏ စေတနာကို သိရှိသဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ကျုပ် အလေးအနက် စမ်းသပ်ကြည့်ပါ့မယ်"

လုဇဲ့က သက်ပြင်းတစ်ချက် ချလိုက်သည်။ ချင်မင်မှာ သူ လေ့ကျင့်နေသော လမ်းမှားများကြောင့် အချိန်ကုန်နေရသည်ဟု သူ ယူဆထား၏။ သူ လေ့ကျင့်နေသော အဆင့်နိမ့် ညအမှောင် တရားရှုမှတ်ခြင်းအတတ် လောက်ပင် မထိရောက်ဟု သူ ထင်ပေသည်။ သို့သော် ယခုမှ ပြောင်းလဲမည်ဆိုပါက အချိန်မှာ အလွန် နည်းပါးနေပြီ ဖြစ်၏။

အကယ်၍ အဆင့်လတ် ကျင့်စဉ်စာအုပ် တစ်အုပ်လောက်သာ ရှိလျှင် ချင်မင်၏ အခြေအနေကို အချိန်တိုအတွင်း ပြောင်းလဲပေးနိုင်မည်ဟု သူ တွေးနေမိသည်။

"အလယ်အလတ်အဆင့် စာအုပ် တစ်အုပ်လောက်ပဲ ရှိရင်တောင် ကောင်းမှာပဲ မင်းလို အရည်အချင်းရှိတဲ့သူက အဖိုးတန်တဲ့ ရွှေရောင်အချိန်ကာလကို လွဲချော်သွားမယ်ဆိုရင်တော့ တကယ်ကို နှမြောဖို့ ကောင်းမှာပဲ"

သို့သော် ထိုနယ်မြေတွင် ပြန့်နှံ့နေသော ဘဝသစ် ရရှိစေမည့် စာအုပ်များမှာ အဆင့်တူ ကျင့်စဉ်များသာ ဖြစ်ကြ၏။

ချင်မင်မှာ စိတ်ပူပန်ခြင်း မရှိချေ။ အဓိကအားဖြင့် သူ လေ့ကျင့်လာသော လှုပ်ရှားမှုများမှာ ယခုအခါ ထူးခြားမှု ရှိလာသောကြောင့် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ငွေရောင်လှိုင်းလေးများမှာ ယခင်ကနှင့် မတူတော့ဘဲ တကယ်ပင် ထွက်ပေါ်လာနေပြီ ဖြစ်၏။

သူ၏ မျက်နှာပေါ်တွင် ကျန်းမာသော သွေးရောင်များ လွှမ်းနေပြီး မျက်ဝန်းများက တောက်ပနေလေသည်။

"အစ်ကိုလု မရီး ကျုပ်ကို ခဏလောက် ထပ်စောင့်ကြည့်ပေးပါ ကျုပ် အောင်မြင်လာမှာပါ"

ဘဝသစ် ဆိုသည်မှာ ရှိရင်းစွဲ ခန္ဓာကိုယ် အခြေခံပေါ်တွင် ရှင်သန်မှု အငွေ့အသက်များ တိုးပွားလာကာ မိခင်ဝမ်းဗိုက်ထဲ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးခြင်း ဖြစ်ပေသည်။

လူသားတို့၏ ခန္ဓာကိုယ်မှာ ကြီးထွားမှု ရပ်တန့်သွားသော်လည်း အခြေခံ ပါရမီကို အသုံးပြု၍ နောက်တစ်ကြိမ် ပြန်လည် ဖွံ့ဖြိုးလာစေခြင်း ဖြစ်၏။

ထိုကဲ့သို့သော အခွင့်အရေးကို မည်သူက မလိုချင်ဘဲ ရှိပါမည်နည်း။

ဥပမာအားဖြင့် ထိုဒုတိယရောဂါသည်လေးမှာ ယခင်က အားနည်းနေသော်လည်း ဘဝသစ် ရရှိပြီးနောက်တွင် ပေါင်ရာချီလေးသော သတ္တဝါများကို ခေါင်းပေါ်သို့ မြှောက်နိုင်သည့် ခွန်အားကို ရရှိသွားခဲ့သည်။

ထိုအပြောင်းအလဲမှာ အံ့မခန်းလှပြီး ကံကြမ္မာကို ပြောင်းလဲလိုက်သကဲ့သို့ပင် ဖြစ်၏။

လုဇဲ့မှာ ယခုပင် အုတ်ခဲများကို လက်ဖြင့် ရိုးရိုးလေး ချိုးနိုင်နေပြီ ဖြစ်သဖြင့် သူသာ ဘဝသစ် ရရှိသွားပါက သူ၏ ခွန်အားမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလာမည်ကို မည်သူက ခန့်မှန်းနိုင်ပါမည်နည်း။

"ကျုပ်ရဲ့ ရောဂါတွေ ကုန်သွားပြီးတဲ့နောက် ခံစားချက်က မတူတော့ဘူး ခန္ဓာကိုယ် အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းနေတယ်"

ချင်မင် ယခုအခါ ယုံကြည်ချက် အပြည့် ရှိနေပေသည်။

လုဇဲ့နှင့် လျန်ဝမ်ချင်းတို့ ဘာမှ မပြောရသေးခင်မှာပင် ငါးနှစ်အရွယ် ဝမ်ရွေ့လေးက ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ဦးလေးချင်က အတော်ဆုံးပဲ ဦးလေးအောင်မြင်သွားရင် တောရိုင်းသားရဲတွေ ဖမ်းလာပြီး အသားဟင်း ချက်ကျွေးနော် ... စားချင်နေပြီ"

နှစ်နှစ်အရွယ် ဝမ်ဟွေလေးကလည်း အနားသို့ တိုးလာပြီး အသံမပီမသဖြင့် ပြောလိုက်ပြန်၏။

"ဦးလေး... တော်တယ် အသားစားမယ်"

ချင်မင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"နောင်မှ မဟုတ်ဘူး ဒီနေ့ပဲ မင်းတို့ကို ကျွေးမယ်"

သူသည် ခက်ရင်းတွင် ချိတ်ထားသော တောရှဉ့်နီလေးကို ဖြုတ်ယူလိုက်၏။

မျိုးဗီဇပြောင်း ရှဉ့်လေးမှာ မျက်လုံးဝိုင်းလေးများဖြင့် ကြည့်နေပြီးနောက် ထိတ်လန့်သွားပုံ ရလေသည်။

"ဟော သူ ပြန်နိုးလာပြီပဲ ဒါဆို ပိုကောင်းတာပေါ့ အသားက အေးခဲထားတာထက် ပိုပြီး လတ်ဆတ်နေမှာ"

ချင်မင်က ၎င်းကို ကိုင်ကာ ကြည့်နေလေသည်။

"ဒီရှဉ့်လေးက အရမ်းလှတာပဲ ချစ်ဖို့လည်း ကောင်းတယ်"

ဝမ်ရွေ့လေးက ထိုအမွေးပွပွ သတ္တဝါလေးကို ကြည့်ကာ စိတ်ရင်းဖြင့် ပြောလိုက်၏။

"ခဏနေ ချက်ပြီးရင် ပိုတောင် ချစ်ဖို့ကောင်းဦးမယ် စားလို့လည်း အရမ်းကောင်းမှာ"

ချင်မင်က ပြုံးလျက် ပြောလိုက်သည်။

ဝမ်ရွေ့လေးမှာ စိတ်နှစ်ခွ ဖြစ်သွား၏။ သူ အသားစားချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုတောက်ပြောင်နေသော သတ္တဝါလေးကို မြင်ရသောအခါ သနားသွားပြီး မွေးထားချင်စိတ် ပေါ်လာလေသည်။

ဝမ်ဟွေလေးကလည်း သူ၏ အစ်ကိုနောက်မှနေ၍ ကြည့်ကာ ပြောလိုက်ပြန်၏။

"ရှဉ့်လေး... ချစ်ဖို့ကောင်းတယ်"

လုဇဲ့နှင့် လျန်ဝမ်ချင်းတို့မှာ ကလေးနှစ်ယောက်ကို ကြည့်ကာ ရယ်မောနေကြလေသည်။

ချင်မင်ကလည်း သဘောတူလိုက်၏။

"တကယ်ကို ချစ်ဖို့ကောင်းပြီး အလုပ်လည်း ကြိုးစားတာပဲ ကြည့်ကြဦး သူ စုဆောင်းထားတဲ့ ရိက္ခာတွေက အများကြီးပဲ သစ်စေ့တွေ ဆီးသီးခြောက်တွေ အစုံပဲ မှိုတွေတောင် ပါသေးတယ် ဒါဆိုရင်တော့ ရှဉ့်သားနဲ့ မှိုဟင်းချို ချက်လိုက်ရင် အားလည်းရှိပြီး စားလို့လည်း ကောင်းမှာပဲ"

"တကယ်... တကယ်လား ဒါပေမဲ့ ကျွန်တော်က သူ့ကို မသေစေချင်ဘူး"

ဝမ်ရွေ့လေးက အင်္ကျီစကို ဆွဲကာ အားနာနာဖြင့် ပြောလိုက်၏။ သို့သော် တံတွေး တစ်ချက် မြိုချလိုက်သည်ကိုတော့ သူ မမေ့ချေ။

"ဒါက အကောင်းဆုံး အစားအစာပဲလေ မျိုးဗီဇပြောင်း သတ္တဝါတွေရဲ့ အသားက အရသာ အရှိဆုံးပဲ"

ချင်မင်က ဆက်လက် မြူစွယ်နေလေသည်။

"ဒီတစ်ခါတော့ မစားတော့ပါဘူး ဦးလေးချင် ဘဝသစ် ရပြီးသွားရင်တော့ ပိုပြီး ကြီးမားတဲ့ သတ္တဝါတွေကို အမဲလိုက်နိုင်မှာပဲလေ ကျွန်တော် ဦးလေး အောင်မြင်မယ့်နေ့ကို စောင့်ပါ့မယ်"

ဝမ်ရွေ့လေးမှာ သနားစိတ်ကြောင့် အစားအစာ၏ မြူစွယ်မှုကို အနိုင်ယူလိုက်လေသည်။

မျိုးဗီဇပြောင်း ရှဉ့်လေးမှာ ထိတ်လန့်တကြားဖြင့် တစ်ခါ ချင်မင့်လက်ထဲရှိ ဓားကို ကြည့်လိုက် တစ်ခါ ဝမ်ရွေ့ကို အော်ဟစ်ကာ အကူအညီ တောင်းလိုက် လုပ်နေ၏။

လျန်ဝမ်ချင်းက အံ့သြသွားသည်။

"ဒီသတ္တဝါလေးက တကယ် ဉာဏ်ကောင်းတာပဲ မင်းတို့ ပြောတာတွေကို နားလည်နေပုံ ရတယ် ကြည့်စမ်း သူ့မျက်နှာလေးတောင် ကြောက်လွန်းလို့ ရှုံ့နေပြီ"

ချင်မင်က ဓားကို ပြန်သိမ်းလိုက်၏။ ထိုသတ္တဝါလေးမှာ အသား သိပ်မရှိလှသဖြင့် ကလေးများကို ကျွေးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၎င်းတို့က ချစ်မြတ်နိုးနေကြသဖြင့် မွေးထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။

လုဇဲ့က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလေသည်။

"ဒီဆောင်းရာသီက အရင်ကနဲ့ မတူဘူး သူ့ကို ကျွေးဖို့ ရိက္ခာ အပိုတွေ ဘယ်မှာ ရှိမှာလဲ"

ရှဉ့်လေးမှာ ချင်မင် ပိုးထားသော သားရေအိတ်ကြီးကို မျက်တောင်မခတ်ဘဲ ကြည့်နေ၏။ အတွင်း၌ ၎င်း၏ ရိက္ခာများ အားလုံး ပါဝင်နေသောကြောင့် ဖြစ်ပေသည်။

ချင်မင်လည်း ထိုသတ္တဝါလေးမှာ တကယ်ပင် ဉာဏ်ကောင်းလွန်းကြောင်း သတိပြုမိလိုက်သည်။

သူသည် ရိက္ခာများထဲမှ သစ်စေ့အချို့ကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။

"ဒီအစေ့တွေက အဆိပ်အနည်းငယ် ပါပြီး ခါးတဲ့အတွက် ကျုပ်တို့ စားလို့ မရဘူး အဲဒါတွေကိုပဲ ဒီရှဉ့်လေးကို ကျွေးဖို့ ချန်ထားလိုက်ကြတာပေါ့"

ရှဉ့်နီလေးမှာ ဘာမှ မပြောတော့ဘဲ သူ့ကိုသာ စိုက်ကြည့်နေလေသည်။

"အသက်ရှင်ခွင့် ရတာကို မကျေနပ်သေးဘူးလား နောက်ပြီးတော့ လူကို ကိုက်ဖို့ ကြိုးစားရင်တော့ မင်းကို ကျိန်းသေပေါက် ချက်စားမှာနော်"

ချင်မင်က သတိပေးလိုက်ပြီးနောက် ၎င်းကို ငှက်လှောင်အိမ်ထဲသို့ ထည့်လိုက်လေသည်။

လုဇဲ့ကတော့ ထိုသတ္တဝါကို ရောင်းလိုက်လျှင် တန်ဖိုးရှိသော အမွေးများကြောင့် ငွေအများကြီး ရနိုင်မည်ဟု တွေးမိသော်လည်း ကလေးနှစ်ယောက် ပျော်ရွှင်နေသည်ကို မြင်ရသောအခါ ဘာမှ မပြောတော့ချေ။

ပြန်ခါနီးတွင် လုဇဲ့သည် လှောင်အိမ်နှင့် အစေ့အချို့ကိုသာ ယူသွားပြီး အခြား ရိက္ခာများကို မယူခဲ့ချေ။

ချင်မင်ကတော့ ဘာမှ မပြောတော့ဘဲ သစ်စေ့များနှင့် ဆီးသီးခြောက်များကို လျန်ဝမ်ချင်း၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်ကာ ကလေးများအတွက် မုန့်အဖြစ် ထားရန် ပြောလိုက်လေသည်။

ရိက္ခာ ပြဿနာကို ခေတ္တ ဖြေရှင်းပြီးနောက် ချင်မင်သည် ဘဝသစ် အတွက် အလေးအနက် စဉ်းစားနေ၏။

လုဇဲ့ ပြောသည့်အတိုင်း သူ လေ့ကျင့်နေသော နည်းလမ်းမှာ အမှားများ ဖြစ်နေမလားဟု သူ တွေးမိလေသည်။

သူ ငယ်စဉ်က ဝိုးတဝါး မှတ်မိနေသော အချက်အချို့ ရှိနေပေသည်။ တစ်စုံတစ်ယောက်က ထိုလှုပ်ရှားမှုများမှာ အရေးပါသော်လည်း လေ့ကျင့်ရန် ခက်ခဲလိမ့်မည်ဟု သူ့ကို ပြောခဲ့ဖူးလေသည်။

ခဏအကြာတွင် သူသည် ခြံဝင်းထဲသို့ ထွက်လာခဲ့၏။ သူသည် သူ၏ ကိုယ်ပိုင် နည်းလမ်းအတိုင်းပင် ဆက်လက် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သော ထိုလှုပ်ရှားမှုများမှာ ယခုအခါ ထူးခြားမှု ရှိလာသဖြင့် သူ လက်လျှော့ရန် အကြောင်းမရှိချေ။

ချင်မင်သည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လှည့်ခြင်း၊ လွှဲခြင်း နှင့် ကန်ခြင်းများကို ကျွမ်းကျင်စွာ လုပ်ဆောင်နေလေသည်။

သူသည် မြေပြင်ပေါ်မှ ရုတ်တရက် ခုန်တက်လိုက်ရာ မြှားတစ်စင်း လွင့်ထွက်သွားသကဲ့သို့ လျင်မြန်လှပြီး ပြန်ကျလာသောအခါတွင်မူ ငှက်တစ်ကောင်ကဲ့သို့ ညင်သာလှပေသည်။

သူသည် တည်ငြိမ်မှုနှင့် လှုပ်ရှားမှုကို ပေါင်းစပ်ကာ လေ့ကျင့်နေပြီး လှုပ်ရှားမှုတိုင်းမှာ သဘာဝကျလှပေသည်။

ထို့နောက်တွင် သူသည် လျှပ်စီးကဲ့သို့ လျင်မြန်သော ကန်ချက်များကို ဖော်ထုတ်လိုက်ရာ လေထဲတွင် တဝေါဝေါ အသံများ ထွက်ပေါ်လာလေသည်။

အခြေခံ လေ့ကျင့်ခန်းများ ပြီးနောက်တွင် သူသည် ခက်ခဲသော လှုပ်ရှားမှုများကို စတင် လုပ်ဆောင်တော့သည်။

သူ၏ ကိုယ်ဟန်မှာ သန်မာထွားကြိုင်လှပြီး လှုပ်ရှားမှုတိုင်းတွင် ပြင်းထန်သော လေပြင်းများ ထွက်ပေါ်လာကာ မြေပြင်ပေါ်ရှိ နှင်းများကို လွင့်စင်သွားစေလေသည်။

မကြာမီမှာပင် ရင်းနှီးသော ခံစားချက် ရောက်ရှိလာခဲ့၏။ ချင်မင်၏ ချွေးပေါက်များမှ ငွေရောင်လှိုင်းလေးများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

သူ၏ ပတ်ဝန်းကျင်တွင် အဖြူရောင် မြူခိုးများ ထွက်ပေါ်နေ၏။

နွေးထွေးသော အရှိန်အဟုန်တစ်ခုသည် သူ၏ သွေးသားထဲတွင် စီးဆင်းနေပြီး ခြောက်သွေ့နေသော မြေပြင်သို့ မိုးရွာချလိုက်သကဲ့သို့ သူ၏ ခန္ဓာကိုယ်က ထိုစွမ်းအင်များကို အငမ်းမရ စုပ်ယူနေလေသည်။

ချင်မင်၏ လှုပ်ရှားမှုများမှာ အားအင် အများကြီး ကုန်သော်လည်း သူသည် မောပန်းခြင်း မရှိဘဲ ပိုမို လန်းဆန်းလာခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှာ ပျော်ရွှင်နေပုံရပြီး ထိုငွေရောင်လှိုင်းများကို စုပ်ယူကာ ခွန်အားများ တိုးပွားလာနေလေသည်။

တစ်ကိုယ်လုံးတွင် ယားယံသော ခံစားချက်မျိုး ပေါ်ပေါက်လာပြီး ခွန်အားများ တိုးလာနေသဖြင့် ယင်းမှာ ဘဝသစ် ရရှိတော့မည်လောဟု သူ တွေးမိလေသည်။

ချင်မင်၏ ခန္ဓာကိုယ်မှာ ပူနွေးလာပြီး အရှိန်အဟုန်ဖြင့် ပြေးလွှားချင်စိတ် ပေါ်လာသဖြင့် သူသည် တောအုပ်ဘက်သို့ အမြန် ပြေးထွက်လိုက်လေသည်။

သူသည် အမှောင်ယံထဲတွင် လွင့်ပျံနေသော ကြယ်တံခွန်တစ်ခုကဲ့သို့ လျင်မြန်လှပြီး တောအုပ်အနီးသို့ ရောက်ရှိသွားတော့သည်။

ဝေးကွာသော နှင်းပြင်ပေါ်တွင် အရပ်ရှည်ရှည်နှင့် ပိန်သွယ်သော အမျိုးသမီးတစ်ဦး ရပ်နေ၏။ သူမ၏ အမည်းရောင် ဝတ်စုံမှာ အလင်းဖျော့ဖျော့ ထွက်ပေါ်နေပြီး သူမ၏ မျက်နှာလေးမှာလည်း အလွန် လှပလှသော်လည်း အေးစက်သော အငွေ့အသက်မျိုး ရှိနေလေသည်။

သူမ၏ ဘေးရှိ ချုံပုတ်ပေါ်တွင် ကျီးကန်းတစ်ကောင် ရှိနေပြီး လူစကား ပြောလိုက်၏။

"ဟယ် ခန္ဓာကိုယ်က သူ့အလိုလို ဘဝသစ် ရနေတာလား အစောပိုင်းမှာတင် ထူးခြားတဲ့ မြင်ကွင်းတွေ ရှိနေပြီပဲ ကိုယ်ပေါ်မှာ လရောင်တွေ ကျဆင်းနေသလိုမျိုး ရွှေရောင်လှိုင်းလေးတွေ ထွက်နေတာ"

"ဒါက တကယ်ကို မျိုးစေ့ကောင်း တစ်ခုပဲ ဒီလို ဝေးလံတဲ့ နေရာမှာ ဒီလိုလူမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"

ကျီးကန်းမှာ ခရမ်းရောင် မျက်လုံးများ ရှိပြီး ရှေ့သို့ စိုက်ကြည့်ကာ ပြောလိုက်ပြန်၏။

"မင်းရဲ့ ဆရာက တပည့်ရှာနေတာ မဟုတ်လား ဒီကောင်လေးက သင့်တော်မယ် ထင်တယ်"

အမျိုးသမီးမှာ ကျောက်ဆောင်ပေါ်တွင် ရပ်နေ၏။ လေပြင်းများ တိုက်ခတ်လာသောအခါ သူမ၏ ဝတ်စုံမှာ ခန္ဓာကိုယ်နှင့် ကပ်သွားပြီး သူမ၏ လှပသော ကိုယ်ဟန်ကို ပေါ်လွင်စေသော်လည်း သူမ၏ အသံမှာမူ အေးစက်လှပေသည်။

"သူ့ထက် ပိုပြီး သင့်တော်တဲ့သူ ရှိတယ်"

ချင်မင် တစ်ခုခုကို အာရုံခံမိသကဲ့သို့ နောက်သို့ လှည့်ကြည့်လိုက်ပြီး လေးကို အသင့်ပြင်လိုက်၏။

"အာရုံခံစားမှုကတော့ တကယ် မြန်တာပဲ"

ကျီးကန်းက မှတ်ချက်ပေးလိုက်သည်။

"မင်းဆရာရဲ့ လမ်းစဉ်က အလွန် ထူးခြားတယ်နော် ဒီလို ပါရမီရှင်တစ်ယောက်ကို လက်လွှတ်လိုက်ရရင်တော့ နှမြောဖို့ ကောင်းလိမ့်မယ်"

"ဒါက သူ့အတွက် ဆုံးရှုံးမှုပဲ ငါ့အတွက် မဟုတ်ဘူး ငါ့မှာ အကောင်းဆုံး လူရွေးချယ်ပြီးသား ရှိတယ်"

အမျိုးသမီး၏ ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး သူမသည် တောအုပ်ထဲသို့ ဆက်လက် လျှောက်လှမ်းသွားလေတော့သည်။

အခန်း (၆) ရွှေရောင်အချိန်ကာလ

ချင်မင်၏ ရင်ထဲတွင် လှိုင်းထန်နေ၏။ ယခင်က လေ့ကျင့်၍ မရနိုင်ဟု ပြောခဲ့ကြသော နည်းလမ်းများသည် ယခုအခါ ပြေပြစ်ချောမွေ့ကာ အောင်မြင်နေပြီလော။

သူသည် တောရိုင်းထဲမှ ပြန်ရောက်လာခဲ့ပြီ ဖြစ်၏။ ခန္ဓာကိုယ်ထဲတွင် မီးလျှံတစ်ခု ရှိနေသကဲ့သို့ ခံစားရပြီး အေးစက်လှသော ဆောင်းရာသီမှာပင် နွေးထွေးနေလေသည်။ တစ်ကိုယ်လုံး ခွန်အားများ တိုးပွားလာခြင်းမှာ ဝေခွဲမရသော ခံစားချက် မဟုတ်ချေ။ သူသည် ခြေဖျားဖြင့် တစ်ချက် ကော်လိုက်ရုံဖြင့် ခြံထဲရှိ ကျောက်ကြိတ်ဆုံကြီးမှာ မြေပြင်မှ ကြွတက်သွားလေသည်။

သူသည် အထက်သို့ တစ်ချက် ခုန်တက်လိုက်ရာ လေထဲတွင် ဝဲပျံနေသကဲ့သို့ ခံစားရပြီး အိမ်ခေါင်မိုးပေါ်မှ နှင်းများကို တစ်ဆုပ် ဆွဲယူလိုက်၏။

သူ လေကို မှုတ်ထုတ်လိုက်သောအခါ အဖြူရောင် လေစီးကြောင်းမှာ မြူခိုးများဖြင့် ပြည့်နှက်နေသော လှံတစ်စင်း လွင့်ထွက်သွားသကဲ့သို့ ရှိနေပြီး လေခွဲသံမှာလည်း ကျယ်လောင်လှပေသည်။

ချင်မင်သည် ဗိုက်ဖြင့် အသက်ရှူကာ ပြင်းထန်သော လှုပ်ရှားမှုများကို လုပ်ဆောင်နေလေသည်။ သူ၏ ပုံရိပ်မှာ လျင်မြန်လှသဖြင့် မြေပြင်ပေါ်ရှိ နှင်းများကို လေထဲသို့ လွင့်ပျံသွားစေကာ ခြံဝင်းထဲတွင် နှင်းပွင့်ကြီးများ ပြန်လည် ကျဆင်းနေသကဲ့သို့ ရှိနေပေသည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ လိုက်ဖက်ညီစွာ လှုပ်ရှားနေပြီး လက်မောင်းဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ရှေ့တွင် လွင့်ပျံနေသော နှင်းပွင့်များမှာ လွင့်စင်သွားလေသည်။

သူ၏ သွေးသားများမှာ အရှိန်အဟုန်ဖြင့် လှုပ်ရှားနေပြီး တစ်ကိုယ်လုံးမှာ ပူနွေးနေ၏။ ငွေရောင် အလင်းတန်းလေးများမှာ ချွေးပေါက်များမှတစ်ဆင့် ထွက်ပေါ်လာကာ ခန္ဓာကိုယ်ကို သန့်စင်ပေးနေသကဲ့သို့ ရှိနေပေသည်။

ချင်မင်သည် တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိသွားပြီး ငွေရောင်အလင်းဖျော့ဖျော့လေးက သူ့ကို ဖုံးလွှမ်းထားလေသည်။

ဘဝသစ် ရရှိချိန်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုး ရှိခြင်းမှာ အလွန် ရှားပါးလှပေသည်။

သူသည် အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့ပြီး အားအင် အများကြီး ကုန်ဆုံးသွား၏။ အမှန်တကယ် မောပန်းသွားမှသာ လေ့ကျင့်ခန်းကို ရပ်လိုက်တော့သည်။

ဘဝသစ် ဆိုသည်မှာ လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ ချင်မင်သည် မိမိကိုယ်မိမိ ပြောင်းလဲနေပြီဟု ယူဆထားပြီး မကြာမီတွင် သူ၏ ဆန္ဒများ ပြည့်ဝတော့မည် ဖြစ်ပေသည်။

သူသည် အခန်းထဲသို့ မဝင်ဘဲ ခြံဝင်းထဲတွင် ငြိမ်သက်စွာ ထိုင်နေလိုက်၏။ လွင့်ပျံနေသော နှင်းပွင့်များကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျဆင်းစေသော်လည်း အအေးဒဏ်ကို မခံစားရဘဲ တစ်ကိုယ်လုံး နွေးထွေးနေလေသည်။

ယင်းမှာ ယခင်ကနှင့် လုံးဝ မတူတော့ချေ။ ဖျားနာရာမှ ပြန်လည် သက်သာကာစ အချိန်က သူသည် မီးဖိုပေါ်တွင် ဂွမ်းစောင်အထူကြီး ခြုံထားလျှင်ပင် တစ်ကိုယ်လုံး အေးစက်နေခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။

ချင်မင် မျက်လုံးမှိတ်လိုက်ပြီး စိတ်ထဲတွင် မိမိကိုယ်ကို ဖော်ဆောင်ကာ ခက်ခဲသော လှုပ်ရှားမှုများကို ပြန်လည် လေ့ကျင့်နေ၏။

ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ငွေရောင်လှိုင်းလေးများမှာ ပြန်လည် ပေါ်ပေါက်လာပြန်သည်။ သူ၏ အသက်ရှူသံမှာ စိတ်အာရုံနောက်သို့ လိုက်ပါနေပြီး အဆက်မပြတ် ပြောင်းလဲနေကာ ပုံသေ သတ်မှတ်၍ မရနိုင်တော့ချေ။

စိတ်အာရုံကြောင့် အသက်ရှူသံမှာ လှုပ်ရှားလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်များမှာလည်း ပိုမို တောက်ပလာခဲ့သည်။

ခြံဝင်းထဲတွင် တိတ်ဆိတ်သွားပြီး ချင်မင်မှာ နှင်းများဖြင့် ဖုံးလွှမ်းသွားလေသည်။

အချိန်အတော်ကြာသွားပြီးနောက် သူသည် ဘာကိုမျှ မတွေးတောတော့ဘဲ စိတ်ကို လုံးဝ လွှတ်ချထားလိုက်၏။

ခန္ဓာကိုယ်ပေါ်မှ ငွေရောင်အလင်းများ လုံးဝ ပျောက်ကွယ်သွားမှသာ သူသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။ ခန္ဓာကိုယ်၏ အပြောင်းအလဲကို ခံစားရင်း ဘဝသစ် အတွက် လိုအပ်သော ခွန်အားများမှာ ခန္ဓာကိုယ်ထဲတွင် စုစည်းနေပြီ ဖြစ်ကြောင်း သူ သိလိုက်ပေသည်။

ချင်မင်သည် ခြံထဲရှိ ပေါင်နှစ်ရာကျော်လေးသော ကြိတ်ဆုံကြီးကို အေးအေးလူလူပင် မလိုက်ပြီးနောက် ပြန်ချထားလိုက်၏။

"ဘဝသစ် အောင်မြင်ဖို့ကတော့ နှစ်ရက်လောက်ပဲ လိုတော့တယ်"

သူ၏ စိတ်ထဲတွင် ယုံကြည်ချက် ရှိနေပြီ ဖြစ်၏။

ထိုအချိန်တွင် သူသည် ထုံးစံအတိုင်း ပြင်းထန်သော ဆာလောင်မှုကို ခံစားလိုက်ရသည်။

ချင်မင်သည် မှိုဟင်းချို တစ်အိုးကို ချက်လိုက်ပြီး တောဝါးသီးများ သစ်အယ်သီးများကို အဓိက အစားအစာအဖြစ် စားကာ ဆီးသီးခြောက်များကိုတော့ အမြည်းအဖြစ် စားသောက်လိုက်လေသည်။

သူ အနည်းငယ် အနားယူပြီးနောက် ဘဝသစ် အောင်မြင်မည့် အရှိန်ကို မြှင့်ရန်အတွက် နောက်ထပ် လေ့ကျင့်ခန်း တစ်ခုကို ထပ်မံ စတင်ပြန်သည်။

ချင်မင်၏ လှုပ်ရှားမှုများမှာ ပြင်းထန်လှပြီး ခြံထဲရှိ နှင်းများကို လွင့်စင်သွားစေကာ ရှင်သန်မှု အငွေ့အသက်များမှာလည်း ပိုမို အားကောင်းလာခဲ့သည်။

ဤသို့ဖြင့် သူ မောပန်းလျှင် အနားယူ၏ ဗိုက်ဆာလျှင် သစ်သီးခြောက်များကို စား၏ အားအင် ပြည့်ဖြိုးလာလျှင် ပြန်လည် လေ့ကျင့်၏။ မှောင်ရီဝိုးတဝါးအချိန် မှသည် သန်းခေါင်ယံ အထိ သူ၏ ရှင်သန်မှု အငွေ့အသက်များမှာ ပြည့်နှက်နေလေသည်။

မအိပ်မီတွင် သူသည် ရေခဲစများ ပါဝင်သော ရေအေးဖြင့် ကိုယ်လက် သန့်စင်သော်လည်း အအေးဒဏ်ကို မခံစားရချေ။ သူ၏ ကိုယ်ဟန်မှာ ကျစ်လျစ်ပြီး သန်မာလှပေသည်။ ဆံပင်မည်းများပေါ်မှ ရေစက်များမှာ နေမင်းကျောက်တုံး၏ အလင်းရောင်အောက်တွင် တောက်ပြောင်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ခွန်အားများ ပြည့်နှက်နေသည်ကို မြင်တွေ့နိုင်ပေသည်။

ညဘက်တွင် သူသည် ဘာအိပ်မက်မျှ မမက်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွား၏။ သူ၏ ခန္ဓာကိုယ်မှာ ဘဝသစ် အတွက် အရှိန်မြှင့် ပြောင်းလဲနေသောကြောင့် လတ်ဆတ်သော အားအင်များဖြင့် အမြဲတမ်း ပြည့်ဝနေလေသည်။

နောက်တစ်နေ့တွင် ချင်မင်မှာ အစားအသောက် အလွန် သောင်းကျန်းလာပြီး တစ်နေ့လျှင် ခုနစ်နပ်အထိ စားနေရလေသည်။

အဓိက အကြောင်းရင်းမှာ ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးရန်အတွက် အားအင် အများကြီး လိုအပ်သောကြောင့် ဖြစ်၏။

မည်မျှ အရသာရှိသော အစားအစာဖြစ်ပါစေ ဆက်တိုက် စားရဖန်များသော် ငြီးငွေ့လာတတ်ပေသည်။ ထို့ပြင် ယင်းတို့မှာ သစ်သီးခြောက်များသာ ဖြစ်သောကြောင့် ရေနွေးနှင့်အတူ စားသောက်ရလေသည်။

"နှမြောစရာပဲ မှိုတွေ အများကြီး မကျန်တော့ဘူး ဟင်းချိုချက်ဖို့တောင် မလောက်တော့ဘူး"

ချင်မင် စိတ်ပျက်သွားမိသည်။

သူ့ကို ပို၍ စိတ်ညစ်စေသည်မှာ ရိက္ခာများ သိပ်မကျန်တော့ခြင်း ပင်ဖြစ်၏။ ယခုအတိုင်း ဆက်စားပါက နောက်ထပ် တစ်ရက်သာ ခံပေလိမ့်မည်။

"ငါက ဒီလောက်တောင် စားနိုင်တာလား ရိက္ခာအိတ်ကြီး တစ်ဝက်လောက်က သုံးရက်ပဲ ခံတယ်ဆိုတော့"

ချင်မင် တစ်ကိုယ်တည်း ပြောလိုက်လေသည်။

ဘဝသစ် အတွက် လေ့ကျင့်ခန်းများကို သူ မရပ်နားရဲချေ။ သူသည် ငြိမ်သက်နေချိန်တွင် တောင်ကြီးတစ်လုံးကဲ့သို့ ရှိနေပြီး လှုပ်ရှားချိန်တွင်မူ သိန်းငှက်တစ်ကောင်ကဲ့သို့ လျင်မြန်လှပေသည်။ သူ၏ ချွေးပေါက်များမှ ထွက်ပေါ်လာသော ငွေရောင်အလင်းများမှာလည်း တဖြည်းဖြည်း ပိုမို တောက်ပလာခဲ့၏။

သူ၏ ခန္ဓာကိုယ် အခြေခံမှာ တဖြည်းဖြည်း ပိုမို သန်မာလာကြောင်း သူ အသေအချာ ခံစားလိုက်ရသည်။

ချင်မင်သည် ခြံဝင်း၏ ဘေးဘက်သို့ သွားကာ ကျောက်ကြိတ်ဆုံ နှစ်ခုလုံးကို အတူတူ မကြည့်ရန် ကြိုးစားလိုက်၏။ သူသည် အရှိန်အဟုန်ဖြင့် အားစိုက်လိုက်ရာ ထိုကြိတ်ဆုံကြီးများကို မြေပြင်မှ ကြွတက်သွားစေလေသည်။

လုဇဲ့သည် ခြံတံခါးကို ဖွင့်ကာ ဝင်လာချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အလွန် အံ့သြသွားလေတော့သည်။

"ချင်လေး မင်း ဒါက..."

သူသည် အံ့အားသင့်သော မျက်နှာဖြင့် ပြောလိုက်၏။ မနေ့ကအထိ ချင်မင်တစ်ယောက် ရွှေရောင်အချိန်ကာလကို လွဲချော်သွားမည်ဟု သူ စိုးရိမ်နေခဲ့သော်လည်း ယနေ့တွင်မူ ဤကဲ့သို့ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

အိမ်နီးချင်း ဖြစ်သူ လျန်ဝမ်ချင်းလည်း အသံကြားသဖြင့် ရောက်ရှိလာပြီး အခြေအနေကို သိလိုက်ရသောအခါ ငေးမှိုင်သွားမိ၏။

"ဘေးရွာက ဒုတိယရောဂါသည်လေးလိုပဲ ဘဝသစ် ရရချင်းမှာတင် ပေါင်လေးရာကျော်လေးတဲ့ အရာတွေကို မနိုင်နေပြီ"

လုဇဲ့က ချင်မင်အတွက် စိတ်ရင်းဖြင့် ဝမ်းသာပေးလေသည်။

"ရွှေရောင်အချိန်ကာလမှာ ဘဝသစ် ရဖို့ ချင်လေး တကယ် လုပ်နိုင်ခဲ့တာပဲ"

လျန်ဝမ်ချင်းကလည်း နှစ်ပေါင်းများစွာအတွင်း သစ်ပင်နှစ်ပင်ရွာ၌ ချင်မင်မှာ ပထမဆုံးပင် ဖြစ်ကြောင်း ပြောလိုက်လေသည်။

"ဦးလေးချင်က အတော်ဆုံးပဲ"

ဝမ်ရွေ့လေးလည်း အပြေးအလွှား ရောက်လာပြီး မျက်လုံးဝိုင်းလေးများဖြင့် သူ့ကို အားကျစွာ ကြည့်နေလေသည်။

"ကျုပ်ရဲ့ အပြောင်းအလဲတွေက ဆက်ပြီး ဖြစ်နေတုန်းပဲလို့ ခံစားရတယ်"

ချင်မင်က ပြောလိုက်၏။

သူသည် သူ၏ အပြောင်းအလဲများမှာ သူ အစောပိုင်းက ထင်ထားသည်ထက် ပိုမို ကြာမြင့်နိုင်ပြီး လုံးဝ မပြီးဆုံးသေးကြောင်း သတိပြုမိလိုက်သည်။

လျန်ဝမ်ချင်းက အံ့သြစွာဖြင့် ပြောလိုက်၏။

"ဒီနယ်မြေမှာဆိုရင် ရွှေရောင်အချိန်ကာလမှာ ဘဝသစ် ရရင်တောင် ပေါင်ငါးရာလောက် မနိုင်ရင် အမြင့်ဆုံးပဲလေ ချင်လေးက အဲဒီထက် ပိုသွားဦးမှာလား"

"ကြားဖူးတာတော့ အဝေးက လင်းထိန်နေတဲ့ မြို့ကြီးမှာဆိုရင် ပေါင်ခြောက်ရာလောက်အထိ မနိုင်တဲ့ လူငယ်တွေ ရှိတယ်တဲ့"

လုဇဲ့က ပြောလိုက်၏။ ချင်မင်၏ အပြောင်းအလဲများ ပြီးဆုံးသွားလျှင် မည်သည့် အဆင့်အထိ ရောက်ရှိသွားမည်ကို သူ သိလိုလှပေသည်။

လမ်းမပေါ်မှ ဆူညံသံအချို့ ထွက်ပေါ်လာလေသည်။

လျန်ဝမ်ချင်း အပြင်သို့ ထွက်သွားပြီးနောက် ခဏအကြာတွင် ပြန်ရောက်လာကာ ပြောလိုက်၏။

"ကျိုးမိသားစုက အဘွား ခန္ဓာကိုယ်က မရတော့ဘူး"

ချင်မင်သည် မနေ့ကပင် ထိုအဘွားကို လမ်းမှာ တွေ့ခဲ့သေး၏။ သူမ၏ ဖြူရော်နေသော မျက်နှာနှင့် ပိန်လှီသော ကိုယ်ဟန်ကို ပြန်လည် သတိရမိလိုက်ရာ အခြေအနေမှာ တကယ်ပင် မကောင်းခဲ့ချေ။

"ဘာဖြစ်လို့လဲ"

လုဇဲ့က မေးလိုက်၏။

"ကြားတာတော့ အခုတလော သူ စားရတာ အလွန် နည်းသွားလို့တဲ့ နောက်ပြီး သူ့ရဲ့ ကျန်းမာရေးကလည်း မကောင်းဘူးလေ အဲဒါကြောင့်ပဲ ဖြစ်ရမယ်"

လျန်ဝမ်ချင်းက သက်ပြင်းချရင်း ပြန်ဖြေလေသည်။

ချင်မင်နှင့် လုဇဲ့တို့သည် လမ်းပေါ်သို့ ထွက်လာခဲ့ကြပြီး အခြေအနေကို စုံစမ်းလိုက်ကြ၏။

ကျိုးအဘွား၏ သားဖြစ်သူမှာ လွန်ခဲ့သော ရက်အနည်းငယ်က အပြင်ထွက်ခဲ့သော်လည်း ရိက္ခာများ မရခဲ့ဘဲ ဒဏ်ရာများသာ ရလာခဲ့သည်။ သူ၏ ညာဘက် လက်မောင်းမှာ ကျိုးသွားခဲ့ခြင်း ဖြစ်၏။

ယခုလို ဆောင်းရာသီတွင် အိမ်တိုင်းမှာ ရိက္ခာ ပြတ်လပ်နေကြရာ အိမ်၏ အဓိက အားကိုးရသူမှာ ဒဏ်ရာရသွားသဖြင့် အဘွားကျိုးမှာ အလွန် စိုးရိမ်ပူပန်ခဲ့ရပေသည်။ သူမသည် နေ့တိုင်း သူမ စားရမည့် ရိက္ခာများကို ခိုးဝှက်၍ ချန်ထားခဲ့ပြီး ဗိုက်ဝရုံသာ အနည်းငယ် စားခဲ့ခြင်း ဖြစ်၏။

ကျိုးမိသားစု၏ ခြံဝင်းထဲတွင် လူများစွာ ရောက်ရှိနေကြပြီး ချင်မင်နှင့် လုဇဲ့တို့ အိမ်ထဲသို့ ဝင်သွားသောအခါ မလှုပ်မယှက် ရှိနေသော အဘွားကျိုးကို တွေ့လိုက်ရလေသည်။ သူမ၏ မျက်နှာမှာ ဝါဖျော့နေပြီး အသက်ရှူသံလည်း မရှိတော့ချေ။

ကလေးနှစ်ယောက်မှာမူ ငိုယိုနေကြပြီး အဘွားကို အော်ဟစ်ကာ ခေါ်နေကြလေသည်။

အဘွားအို မကွယ်လွန်မီတွင် သူတို့အား စားစရာ ဘယ်မှာ ရှိသည်ကို ပြောပြခဲ့လေသည်။ နှင်းအောက်ရှိ ခြင်းတောင်းထဲတွင် ဝှက်ထားသော ကန်စွန်းဥများနှင့် မာကျောနေသော ပေါင်မုန့်အချို့ပင် ဖြစ်၏။

ချင်မင် ပေးခဲ့သော သစ်သီးခြောက်များကိုလည်း သူမသည် တစ်လုံးမျှပင် မစားရက်ခဲ့ချေ။

ယနေ့မှသာ မိသားစုဝင်များက သိလိုက်ရသည်မှာ သူမသည် ချွေတာပြီး သူမ၏ ရိက္ခာများကို ချန်ထားခဲ့ခြင်း ဖြစ်ပေသည်။ သူမသည် ဒဏ်ရာရထားသော သားဖြစ်သူက ရိက္ခာများ ထပ်မံ ရှာမလာနိုင်မည်ကို စိုးရိမ်ခဲ့ပြီး မြေးလေးများ ငတ်မွတ်မည်ကို ကြောက်လန့်ခဲ့သောကြောင့် ဖြစ်၏။ သူမ ကိုယ်တိုင် ငတ်မွတ်မှုကို ခံယူခဲ့ခြင်း ပင်ဖြစ်လေသည်။

အဖြစ်မှန်ကို သိလိုက်ရသော သားဖြစ်သူ ကျိုးချန်ယွဲ့မှာ ရင်ကျိုးမတတ် ခံစားလိုက်ရ၏။ သူသည် အသက် သုံးဆယ်နီးပါး ရှိပြီဖြစ်သော်လည်း မျက်ရည်များ ကျလာကာ မိမိကိုယ်မိမိ ပြန်လည် ထိုးနှက်နေမိသည်။ သူသည် အသုံးမကျသူဖြစ်ကြောင်းနှင့် ထိုအချက်များကို ကြိုတင် မသိရှိခဲ့ကြောင်း ပြောကာ ငိုကြွေးနေလေသည်။

သူ၏ ဇနီးသည်လည်း ဘေးနားတွင် ဒူးထောက်ကာ ငိုကြွေးနေလေသည်။

ခြံဝင်းထဲရှိ လူများစွာမှာလည်း သက်ပြင်းချနေကြ၏။ ယခုလို အခြေအနေမျိုးတွင် နယ်မြေတစ်ခုလုံးမှာ ဘေးဒုက္ခ ကြုံတွေ့နေရပြီး အားလုံးမှာ ငတ်မွတ်နေကြရသောကြောင့် ဖြစ်ပေသည်။

ချင်မင်၏ ရင်ထဲတွင်လည်း လေးလံနေမိ၏။ လွန်ခဲ့သော နှစ်ရက်က ဖြူရော်နေသော အဘွားကျိုးကို တွေ့လိုက်ရစဉ်က သူမသည် ကန်စွန်းဥခြောက် အချို့ကို သူ့လက်ထဲသို့ အတင်း ထည့်ပေးခဲ့ဖူးသေးသည်။

ယခု စဉ်းစားကြည့်မှ သိလိုက်ရသည်မှာ ယင်းမှာ သူမ နေ့တိုင်း ခိုးဝှက်၍ ချန်ထားသော ရိက္ခာများ ပင်ဖြစ်လေသည်။

ဤမျှ သဘောကောင်းသော အဘွားအိုမှာ ယခုကဲ့သို့ ကွယ်လွန်သွားရသည်မှာ နှမြောဖို့ ကောင်းလှပေသည်။ ချင်မင်သည် တိတ်ဆိတ်စွာ အချိန်အတော်ကြာ ရပ်နေမိ၏။

မှောင်ရီဝိုးတဝါးအချိန် ကုန်ဆုံးသွားပြီးနောက် လူများမှာ တဖြည်းဖြည်း ပြန်သွားကြသော်လည်း ချင်မင်မှာ ပြန်ရောက်လာပြန်သည်။ သူသည် ရိက္ခာ ငါးပေါင်ခန့် ပါဝင်သော အိတ်ကို ကျိုးချန်ယွဲ့၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး စိတ်အေးအေးထားရန် ပြောလိုက်လေသည်။

"ချင်ညီလေး"

ကျိုးချန်ယွဲ့က မျက်လုံးအစုံ နီရဲလျက် ငြင်းဆန်ရန် ကြိုးစားသော်လည်း ယခုလို အချိန်မျိုးတွင် အပြင်၌ ရိက္ခာရှာရန် မည်မျှ ခက်ခဲကြောင်း သူ သိပေသည်။

ချင်မင်ကတော့ ၎င်းကို လက်ထဲသို့ အတင်း ထည့်ပေးလိုက်ပြီး လှည့်ထွက်လာခဲ့၏။

ညဉ့်နက်နေပြီ ဖြစ်သော်လည်း ကျိုးမိသားစုဆီမှ ငိုသံများကို ကြားနေရဆဲပင် ဖြစ်သည်။

ချင်မင်သည် မှောင်မိုက်နေသော ခြံဝင်းထဲတွင် ထိုင်နေ၏။ အခြားသူများတွင် ငိုပေးမည့် ဆွေမျိုးသားချင်းများ ရှိကြသော်လည်း သူ၏ စိတ်ထဲတွင် ဝိုးတဝါး ပေါ်နေသော မျက်နှာအချို့မှာမူ တဖြည်းဖြည်း ပိုမို ပျောက်ကွယ်လာနေပြီ ဖြစ်၏။ တစ်နေ့တွင် လုံးဝ မမှတ်မိတော့မည်ကို သူ စိုးရိမ်နေမိပေသည်။

အေးစက်သော ထိုညတွင် သူသည် ဘာမှ မမြင်ရသော ကောင်းကင်ယံကို လှမ်းကြည့်ရင်း အချိန်အတော်ကြာ ငေးမှိုင်နေမိသည်။ သူ၏ ရင်ထဲတွင် အထီးကျန်သော ခံစားချက်မျိုး ဖြစ်ပေါ်နေ၏။

သူ၏ စိတ်ထဲတွင် ဝိုးတဝါး မီးရောင်အချို့နှင့် ပုံရိပ်အချို့ ရှိနေသော်လည်း ငယ်စဉ်က မှတ်ဉာဏ်များကို သူ လုံးဝ ပြန်လည် မဖော်ဆောင်နိုင်တော့ချေ။

ရုတ်တရက် အသက်ရှူကြပ်လောက်သော အငွေ့အသက်တစ်ခု ရောက်ရှိလာပြီး ဖိအားတစ်ခုကို ပေးစွမ်းနေလေသည်။ ချင်မင်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တင်းမာသွား၏။ လက်ညှိုးကိုပင် မမြင်ရသော ထိုမှောင်မိုက်နေသည့် ကောင်းကင်ယံတွင် ရွှေရောင် မီးအိမ်ကြီး နှစ်လုံး ပေါ်လာ၏။ ထူးဆန်းပြီး ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

ထို့နောက်တွင် တိတ်ဆိတ်နေသော ညမှာ လေပြင်းများ တိုက်ခတ်လာပြီး မြေပြင်ပေါ်ရှိ နှင်းများကို လွင့်စင်သွားစေလေသည်။ အိမ်ခေါင်မိုးများမှာလည်း ပြိုကျတော့မည့်အလား လှုပ်ခါနေပေသည်။

နက်ရှိုင်းလှသော ကောင်းကင်ယံတွင် ထိုရွှေရောင် မီးအိမ်ကြီး နှစ်လုံးမှာ လွင့်ပျံသွားပြီး ပြင်းထန်သော လေပြင်းများနှင့်အတူ ဖိအားကြီးတစ်ခုကို ပေးစွမ်းနေသဖြင့် အသက်ရှူရန်ပင် ခက်ခဲလှပေသည်။

ချင်မင်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွား၏။ ယင်းမှာ အဆင့်မြင့် သတ္တဝါ တစ်ကောင် ဖြစ်ရမည်ဟု သူ ယူဆလိုက်သည်။ အတောင်ပံနှစ်ဖက်ကို ဖြန့်လိုက်ပါက မိုးတိမ်များကဲ့သို့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်ပြီး သစ်နှစ်ပင်ရွာ၏ အထက်မှ ဖြတ်ကျော်သွားခြင်း ဖြစ်ပေသည်။

ထိုရွှေရောင် မီးအိမ်ကြီးများမှာ ၎င်း၏ မျက်လုံးများ ပင်ဖြစ်လေသည်။ ၎င်း ဝေးကွာသွားသည်နှင့်အမျှ လေပြင်းများမှာလည်း တဖြည်းဖြည်း လျော့နည်းသွားပြီး ပျောက်ကွယ်သွားတော့သည်။

ရွာထဲတွင် ဆူညံသံများ ထွက်ပေါ်လာပြီး လူများစွာ အပြင်သို့ ထွက်လာကာ စကားပြောနေကြ၏။

အသက်ကြီးသော ရွာသားများမှာ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကြုံဖူးကြသဖြင့် စိုးရိမ်ခြင်း မရှိကြဘဲ အဆင့်မြင့် သတ္တဝါ တစ်ကောင် လမ်းကြုံ ဖြတ်သန်းသွားခြင်းသာ ဖြစ်ကြောင်း နောက်လူများကို ပြောပြကြလေသည်။

ချင်မင် လမ်းပေါ်မှ ပြန်လာပြီးနောက် ခြံဝင်းထဲတွင် အချိန်အတော်ကြာ ထိုင်နေမိ၏။

အမှောင်ယံက ကမ္ဘာကြီးကို လွှမ်းမိုးထားပြီး အဝေးသို့ သွားရာလမ်းကို ပိတ်ဆို့ထားသဖြင့် ကမ္ဘာကြီးမှာ ပိုမို ထူးဆန်းနေပေသည်။ သူ၏ ရင်ထဲတွင် လှိုင်းထန်နေပြီး အပြင်သို့ ထွက်ကာ ကျယ်ပြောလှသော ကမ္ဘာကြီးကို လှည့်လည် ကြည့်ရှုချင်စိတ်များ ဖြစ်ပေါ်နေလေသည်။

နောက်ဆုံးတွင် သူသည် ခိုင်မာစွာ ထလိုက်ပြီး ငယ်စဉ်က အမှတ်ရဆုံးသော လှုပ်ရှားမှုများကို ပြန်လည် လေ့ကျင့်တော့သည်။

ဘာကိုပဲ လိုချင်သည်ဖြစ်စေ ခွန်အား ရှိရန် လိုအပ်သည် မဟုတ်ပါလား။

တဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှင်သန်မှု အငွေ့အသက်များ ပြည့်နှက်လာပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း အလင်းမြူခိုးများ ထွက်ပေါ်လာလေသည်။

အချိန်အတော်ကြာပြီးနောက် သူသည် ပြင်းထန်သော ဆာလောင်မှုကို ခံစားလိုက်ရပြန်၏။ ဘဝသစ် အတွက် အပြောင်းအလဲများမှာ မပြီးဆုံးသေးဘဲ ပို၍ပင် ပြင်းထန်လာပုံ ရပေသည်။

ချင်မင်သည် ရေနွေးနှင့်အတူ ရိက္ခာများကို အများကြီး စားသော်လည်း ဗိုက်မဝချေ။

သူသည် တောရှဉ့်နီတွေ ရွာထိပ်က ဦးလေးယန်အိမ်က တောင်ဆိတ်မည်းကြီးတွေကို တွေးမိလိုက်တဲ့အခါ တံတွေး တစ်ချက် မြိုချလိုက်မိပြန်တယ်

သူသည် အသားကို တကယ်ပင် စားချင်နေမိ၏။ အသားဟင်း၏ အနံ့ကိုပင် ရနေသကဲ့သို့ ခံစားရပြီး ခန္ဓာကိုယ်က အားရှိသော အစားအစာများကို လိုအပ်နေကြောင်း သူ သိလိုက်ပေသည်။

ချင်မင်သည် သစ်သီးခြောက်များကို ထပ်မံ စားသောက်ပြီးမှသာ ထိုတောင့်တမှုများမှာ တဖြည်းဖြည်း လျော့ပါးသွားတော့သည်။

"မှောင်ရီဝိုးတဝါးအချိန် ရောက်တာနဲ့ တောထဲကို တစ်ခေါက် ထပ်သွားရတော့မယ်"

သူသည် ခန္ဓာကိုယ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် ဘဝသစ် အတွက် ပြဿနာ မရှိစေရန် ဆုံးဖြတ်လိုက်၏။

အမှန်စင်စစ် သူသည် ကျိုးမိသားစုကို ရိက္ခာ ငါးပေါင်ခန့် ပေးလိုက်ပြီးနောက် သူ၏ ရိက္ခာမှာလည်း သိပ်မကျန်တော့ချေ။

ချင်မင်သည် စောစောစီးစီး နိုးလာခဲ့၏။ ဗိုက်ဆာနေသော်လည်း သူ၏ စိတ်ဓာတ်မှာ အလွန် တက်ကြွနေပေသည်။ ဘဝသစ် အပြောင်းအလဲများကြောင့် ယခုအခါ ပေါင်ငါးရာကျော်လေးသော အရာများကို မနိုင်တော့မည်ဟု သူ ခံစားနေရ၏။

"အရေးကြီးဆုံးက အပြောင်းအလဲတွေက ဆက်ပြီး ဖြစ်နေတုန်းပဲ"

နောက်ဆုံးတွင် မည်သည့် အဆင့်အထိ ရောက်ရှိသွားမည်ကို သူ ကိုယ်တိုင်ပင် မျှော်လင့်နေမိသည်။

သူသည် ခန္ဓာကိုယ်ကို စတင် လှုပ်ရှားလိုက်၏။

ချင်မင်သည် ခါးကို ကွေးလိုက်ပြီးနောက် နောက်သို့ အရှိန်အဟုန်ဖြင့် လှန်ချလိုက်ရာ သူ၏ ကျောရိုးမှာ လဆန်းပုံသဏ္ဌာန်အတိုင်း ဖြစ်သွားပြီး အရိုးများမှာလည်း တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာလေသည်။

ခါးရိုးမှစတင်၍ အားအင်များမှာ ဦးခေါင်းအထိ စီးဆင်းသွား၏။

ချင်မင် တစ်ကိုယ်လုံး ယားယံသွားပြီး လျှပ်စစ်စီးသွားသကဲ့သို့ ခံစားလိုက်ရကာ ချွေးပေါက်များ အားလုံး ပွင့်သွားပြီး တစ်ကိုယ်လုံး နွေးထွေးသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်မှ ငွေရောင်အလင်းများမှာ ယခင်ကထက် ပိုမို ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့၏။

ယင်းမှာ ဘဝသစ် အောင်မြင်မည့် လမ်းစပင် ဖြစ်ပေသည်။

မှောင်ရီဝိုးတဝါးအချိန် လုံးဝ မရောက်သေးခင်မှာပင် ချင်မင်သည် ရွာပြင်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သစ်သီးခြောက်များမှာ သူ၏ ဆာလောင်မှုကို မဖြည့်ဆည်းပေးနိုင်တော့ချေ။

တောဆိတ်တွေ တောသမင်တွေနဲ့ ငှက်တွေကို မီးပုံပေါ်မှာ ကင်လိုက်တဲ့အခါ ဆီတွေ ကျလာမယ့် မြင်ကွင်းကို တွေးမိလိုက်တာနဲ့ သူ မအောင့်နိုင်တော့ဘဲ တံတွေးများ ကျလာကာ တောအုပ်ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေတော့သည်။

All Chapters