← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၄၁)

" တပ်မှူးကျန်း မြို့ထဲမှာ အခြေအနေ ဘယ်လိုရှိလဲ။ " ချန်တောက်က ထိတ်လန့်နေသော်လည်း တည်ငြိမ်ဟန်ဆောင်ပြီး မေးလိုက်သည်။

" စစ်သူကြီးက ဝေစစ်တပ်ကို ချေမှုန်းလိုက်ပြီ။ အခုဝေမြို့က လုံခြုံသွားပြီး သူတို့တပ်ဖွဲ့တွေလည်း ထွက်ပြေးသွားကြပြီ။ " ကျန်းမင်က အေးစက်စွာ ပြောလိုက်သည်။

" စစ်သူကြီးရဲ့ အမိန့်အရ ချန်တောက်နဲ့ ကျောက်ထို့ ဝေမြို့ကို ချက်ချင်း ပြန်လာရမယ်။ "

ချန်တောက်နှင့် ကျောက်ထို့တို့က တစ်​ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်မရပေ။ ၎င်းက သူတို့ လုံးဝမမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ သူတို့က ဝေမြို့ကျဆုံးမည်ဟုသာ တွေးခဲ့ကြသည်။

" ဝေဝူကျိက ရှုံးနိမ့်သွားတာလား။ " ချန်တောက်က မယုံကြာ်နိုင်စွာဖြင့် မေးလိုက်သည်။

" ဒါမဖြစ်နိုင်တာ။ သူ့မှာ ဝေဝူတပ်ဖွဲ့အပြင် လူနှစ်သိန်းနီးပါးရှိတဲ့ စစ်တပ်ကြီးလည်း ရှိနေတာပဲ။ သူဘယ်လိုလုပ်ရှုံးနိုင်မှာလဲ။ "

" မှန်တယ်။ " ကျောက်ထို့က ဝင်ပြောလိုက်သည်။ " ဝေဝူကျိကိုယ်တိုင်ကွပ်ကဲတဲ့ စစ့သည်နှစ်သိန်းက ဘယ်လိုလုပ်ရှုံးနိမ့်နိုင်မှာလဲ။ "

" ငါနောက်ဆုံးတစ်ခါ ထပ်ပြောမယ်။ " ကျန်းမင်က အေးစက်စွာ ပြောလိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ အမိန့်အရ ချန်တောက်နဲ့ ကျောက်ထို့ ဝေမြို့ကို ချက်ချင်း ပြန်လာရမယ်။ "

ကျန်းမင်၏ အေးစက်သော အမူအရာကို မြင်သောအခါ ချန်တောက်နှင့် ကျောက်ထို့တို့၏ စိတ်ထဲတွင် ပို၍ ထိတ်လန့်လာကြသည်။

" ဝေမြို့ရဲ့ အခြေအနေကို ထည့်တွက်ရင် ငါတို့က မင်းကို ဘယ်လိုယုံရမှာလဲ။ " ကျောက်ထို့က ဟန်ဆောင်ပြီး ပြောလိုက်သည်။

" ချန်တောက်၊ ကျောက်ထို့..." ကျန်းမင်က အေးစက်စွာ ရယ်လိုက်သည်။ " အချိန်ဆွဲနေလို့ အပိုပဲ။ မင်းတို့ သွားဖို့ ငြင်းမယ်ဆိုရင် ငါ စစ်သူကြီးကျောက်ဆီ အစီရင်ခံပြီး မင်းတို့ရဲ့ နာမည်တွေထဲမှာ ပြစ်မှုတစ်ခု တိုးသွားလိမ့်မယ်။ ဒါမှမဟုတ် ဒီသက်သေတွေအားလုံးရဲ့ ရှေ့မှာ မင်းတို့ ငါ့ကို သတ်လိုက်လို့ရတယ်။ "

ကျန်းမင်၏ စကားများကို ကြားသောအခါ ချန်တောက်နှင့် ကျောက်ထို့တို့က လုံးဝ ထိတ်လန့်သွားကြသည်။ သူတို့က သူတို့၏ ကိုယ်ကျိုးအတွက် ကျောက်ဖုန်းကို စွန့်ပစ်ရန် ရွေးချယ်ခဲ့ကြသည်။ သူက ဝေစစ်တပ်ကို အမှန်တကယ် အနိုင်ယူနိုင်လိမ့်မည်ဟု တသ်ခါမှမတွေးမိခဲ့ကြပေ။

ကျောက်ဖုန်းက ရန်သူကို ချေမှုန်းလိုက်ပြီဖြစ်သောကြောင့် သူက တာဝန်ကို စွန့်ခွာသွားခြင်းမဟုတ်တော့ပေ။ ထိုအစား သူတို့ကသာ အမိန့်မနာခံဘဲ မြို့ကို စွန့်ခွာသွားကြသူများဖြစ်သည်။

ကျန်းမင်က သူတို့ကို ကြောက်ရွံ့ခြင်းမရှိပေ။ သူက မြင်းကို ရှေ့သို့ မောင်းလိုက်ပြီး လူနှစ်သောင်းတပ်ဖွဲ့ကို အော်ပြောလိုက်သည်။

" ချင်စစ်သည်တို့ ငါက စစ်သူကြီးကျောက်ရဲ့ ကိုယ်ရံတော်တပ်မှူးပဲ။ ငါ မင်းတို့ဆီကို သတင်းကောင်းတစ်ခု သယ်လာတယ်။ ဝေမြို့က လုံခြုံသွားပြီ။ စစ်သူကြီးကျောက်က ဝေစစ်တပ်ကို ချေမှုန်းလိုက်ပြီ။ အခု သူတို့က လုံးဝ ဆုတ်ခွာသွားပြီ။ "

" စစ်သည်အားလုံး နိုင်ငံအတွက် တာဝန်ထမ်းဆောင်ဖို့ ဝေမြို့ကို ပြန်လာနိုင်ပြီ။ အထူးစစ်သည်တွေက ရာထူးတိုးနိုင်သလို အပြစ်သားစစ်သည်တွေကလည်း ရန်သူတွေကို သတ်ပြီး ကျွန်ဘဝက လွတ်မြောက်နိုင်တယ်။ "

ကျန်းမင်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး စစ်သည်များအားလုံးက အံ့ဩသွားကြသည်။

" စစ်သူကြီးကျောက်က ဝေစစ်တပ်ကို ချေမှုန်းလိုက်တာလား။ သူတို့ ဆုတ်ခွာသွားပြီလား။ "

" ဒဏ္ဍာရီလာ ဝေဝူကျိကိုယ်တိုင် ဦးဆောင်တဲ့ ဝေစစ်တပ်က ရှုံးနိမ့်သွားတာလား။ "

" ဝေဝူကျိက စစ်သူကြီးကျောက်ကို ရှုံးနိမ့်သွားတယ်ပေါ့။ "

စစ်သည်များကြားတွင် ဆွေးနွေးသံများနှင့် ဆူညံသွားသည်။ ဝေဝူကျိဟူသော နာမည်က ချင်စစ်သည်များအတွက် ရင်းနှီးရုံသာ ဖြစ်ပြီး ဟန်လက်နက်ချစစ်သည်များကတော့ ပိုပြီး သက်ရောက်မှုရှိလေသည်။

" တပ်မှူးတို့ " ကျန်းမင်က ချန်တောက်နှင့် ကျောက်ထို့တို့ကို နောက်တစ်ကြိမ် ပြောလိုက်သည်။ " ဘာတွေတွန့်ဆုတ်နေကြသေးတာလဲ။ အခု ဘာပြောပြော ထူးမှာမဟုတ်ဘူး။ ငါနဲ့အတူ စစ်သူကြီးကို သွားတွေ့ကြမယ်။ "

စစ်သည်များ၏ အကြည့်အောက်တွင် ချန်တောက်နှင့် ကျောက်ထို့တို့က ကျန်းမင်ကို ဘာမှလုပ်မရပေ။

" ဟူး.... သွားကြစို့။ " ချန်တောက်က သက်ပြင်းချပြီး ပြောလိုက်သည်။

ကျောက်ထို့၏ မျက်လုံးများထဲတွင် မကျေနပ်မှုများ ရှိနေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ နာခံရန် ဆုံးဖြတ်လိုက်သည်။

ဝေမြို့အတွင်း ကျောက်ဖုန်းက လမ်းမအပေါ်တွင် မြင်းစီးသွားနေသည်။ မရေတွက်နိုင်သော အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေပြီး မြို့တံခါးအနီးတွင် တောင်လိုပုံနေသည်။

" ဝေစစ်သည်တွေကို ကျင်းတူးပြီး မြှုပ်လိုက်ကြ။ ငါတို့ စစ်သည်တွေကိုတော့ သေချာမြှုပ်နှံပေးလိုက်ပါ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ စစ်သူကြီး။ " တပ်မှူးများက ပြန်ပြောလိုက်ကြသည်။

ကျောက်ဖုန်းက အလောင်းများကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ စစ်သူကြီးတစ်ယောက်၏ အောင်မြင်မှုက အရိုးစုသောင်းချီပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်ဟူသော စကားက မှန်ကန်ပေသည်။ သို့သော် သူက နှလုံးသားမရှိသူတော့ မဟုတ်ပေ။

" တကယ်လို့ ငါက အနာဂတ်က လာတာမဟုတ်ဘဲ ချင်နိုင်ငံသားတစ်ယောက်သက်သက်သာဆိုရင် ပေါင်းစည်းထားတဲ့ ဟွာရှအကြောင်းကို တွေးမိမှာမဟုတ်ဘူး။ ငါ ချင်နိုင်ငံအတွက်ပဲ တိုက်ခိုက်နေမှာပဲ။ ဒါပေမယ့် အခုအခြေအနေအရတော့ ဒီသေဆုံးသွားတဲ့ လူအားလုံးကလည်း လူသားမျိုးနွယ်ကပဲ။ "

" နိုင်ငံကွဲပြားမှုတွေကြောင့် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြတယ်။ ဒါက တကယ် ရက်စက်လွန်းတယ်။ ဒါပေမယ့် ဒါက သမိုင်းရဲ့ ရှောင်လွှဲလို့မရတဲ့ လမ်းကြောင်းတစ်ခုဖြစ်သလို ဟွာရှကို ပေါင်းစည်းဖို့လည်း လိုအပ်တဲ့ အဆင့်တစ်ခုပဲ။ လူသားမျိုးနွယ်ကို ပေါင်းစည်းဖို့ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုတွေ လိုအပ်တယ်။ "

စစ်ရေးခန်းမတွင် ကျောက်ဖုန်းက အဓိကနေရာတွင် ထိုင်ပြီး အခြားတပ်မှူးများကလည်း နေရာအသီးသီးတွင် ထိုင်လိုက်ကြသည်။

" ဒီတိုက်ပွဲမှာ မင်းတို့အားလုံး ပင်ပန်းခဲ့ကြတယ်။ "

" စစ်သူကြီးနဲ့ယှဉ်ရင် ကျွန်တော်တို့ ပင်ပန်းမှုက ဘာမှမဟုတ်ပါဘူး။ " တပ်မှူးများက ပြန်ဖြေလိုက်ကြသည်။

" ဝေဝူကျိကို မဖမ်းမိခဲ့တာ နှမြောစရာပဲ။ " ကျောက်ဖုန်းက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ " ဝေဝူကျိကိုသာ ဖမ်းမိရင် ဝေနိုင်ငံက ချင်နိုင်ငံကို ယှဉ်ပြိုင်နိုင်စွမ်းရှိတော့မှာမဟုတ်ဘူး။ "

" ဝေစစ်တပ်က ရှုံးနိမ့်ခဲ့ပေမယ့် ဝေစစ်သည်သောင်းချီက ဝေဝူကျိကို ကာကွယ်ပေးထားခဲ့တယ်။ သူ့ကို သတ်ဖို့က မဖြစ်နိုင်တဲ့ ကိစ္စပဲ။ " တုဆွေက ပြောလိုက်သည်။

" ဝေစစ်တပ်ကို ချေမှုန်းနိုင်တာနဲ့တင် ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ ဒီတိုက်ပွဲပြီးရင် စစ်သူကြီးရဲ့ နာမည်က တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားလိမ့်မယ်။ စစ်သူကြီးက ဝေဝူကျိကို ထိပ်တိုက်ရင်ဆိုင်ပြီး ချေမှုန်းခဲ့တယ်ဆိုတာ လူတိုင်းသိသွားလိမ့်မယ်။ " တိုက်ပွဲပြီးနောက် တုဆွေက ကျောက်ဖုန်းကို ပို၍ လေးစားပြီး ပို၍ သစ္စာရှိလာသည့်အပြင် သူ၏ ဆုံးဖြတ်ချက်က မှန်ကန်သည်ဟု သေချာသွားခဲ့သည်။

" မှန်တယ်။ " ချီရှန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " စစ်သူကြီးရဲ့ အောင်မြင်မှုက လူတိုင်းမျှော်လင့်တာထက် ကျော်လွန်သွားပြီ။ "

" ဒီတိုက်ပွဲပြီးတဲ့နောက် ငါတို့က ဝေနိုင်ငံရဲ့ ကျူးကျော်မှုကို ကြောက်စရာမလိုတေည့ဘူး။ " ဝူယွဲ့က ပြောလိုက်သည်။

" ပြီးတော့ စစ်သူကြီးက ပင်မစစ်သူကြီးဖြစ်လာလိမ့်မယ်။ " ဝေချွမ်က ဝမ်းသာစွာဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်း၏ ယုံကြည်ရသော တပ်မှူးများအနေဖြင့် တိုက်ပွဲ့ပြီးတော့ သူတို့က စစ်မှန်သော တပ်မှူးများ ဖြစ်လာကြပေလိမ့်မည်။

သူတို့၏ ချီးကျူးမှုများကို ကြားသောအခါ ကျောက်ဖုန်းက ပြုံးလိုက်သည်။ ဝေစစ်တပ်ကို အနိုင်ယူခြင်းက သူ၏ ပထမအဆင့်သာရှိသေးသည်။ သူလိုချင်သည်မှာ ကျောက်နိုင်ငံကို သိမ်းပိုက်ရာတွင် ပါဝင်ရန် ဖြစ်သည်။ ၎င်းကသာ အမှန်တကယ် ကြီးမားသော အောင်မြင်မှုဖြစ်သည်။

ထိုအချိန်တွင် ကျန်းမင်က ခန်းမထဲသို့ ဝင်လာပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။

" စစ်သူကြီး ချန်တောက်နဲ့ ကျောက်ထို့တို့ ရောက်ပါပြီ။ "

သူ၏ စကားအဆုံးတွင် တပ်မှူးများ၏ မျက်နှာပေါ်မှ အပြုံးများက ပျောက်ကွယ်သွားသည်။ ကျန်းမင်၏ နောက်မှ ချန်တောက်နှင့် ကျောက်ထို့တို့က ဝင်လာကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်သော အမူအရာများ ရှိနေသည်။

" ကျွန်တော်တို့ စစ်သူကြီးကို ဂါရဝပြုပါတယ်။ " သူတို့နှစ်ယောက်က ခန်းမထဲသို့ ဝင်လာပြီးနောက် ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

ကျောက်ဖုန်းက ခံစားချက်မရှိသော အမူအရာနှင့် သူတို့ကို ကြည့်နေသည်။ သူက လက်ဟန်ပြလိုက်သည်နှင့် သူ၏ ကိုယ်ရံတော်အချို့က ရှေ့တိုးလာပြီး ချန်တောက်နှင့် ကျောက်ထို့တို့၏ ခြေထောက်များကို ကန်ထုတ်လိုက်သည်။

ဒုန်း ဒုန်း...

သူတို့နှစ်ယောက်က ဒူးထောက်ကျသွားသည်။

" စစ်သူကြီးကျောက် ဒါဘာသဘောလဲ။ " ကျောက်ထောက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" သူတို့ရဲ့ ချပ်ဝတ်တွေချွတ်ပြီး ဓားတွေကို သိမ်းလိုက်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ စစ်သူကြီး။ " ကိုယ်ရံတော်များက တွန့်ဆုတ်ခြင်းမရှိဘဲ သူတို့နှစ်ယောက်၏ ချပ်ဝတ်နှင့် ဓားများကို သိမ်းဆည်းလိုက်ကြသည်။

ထိုအချိန်ကျမှ ချန်တောက်နှင့် ကျောက်ထို့တို့က သူတို့၏ အခြေအနေ ဘယ်လောက်ထိ ဆိုးရွားသည်ကို နားလည်သွားကြသည်။

သူတို့၏ ချပ်ဝတ်နှင့် ဓားများကို သိမ်းဆည်းပြီးနောက် ကျောက်ဖုန်းက စကားစပြောလိုက်သည်။ " ချန်တောက်၊ ကျောက်ထို့ မင်းတို့ ကိုယ့်အပြစ်ကို သိလား။ "

" ကျုပ်တို့ ဘာပြစ်မှုကျူးလွန်လို့လဲ။ ကျုပ်တို့တပ်ဖွဲ့တွေကို မြို့ပြင်ခေါ်ထုတ်သွားတာက ချင်ရဲ့ နယ်မြေကို ထိန်းသိမ်းဖို့နဲ့ ယင်ချွမ်းကို ကာကွယ်ဖို့ပဲ။ " ကျောက်ထို့က ချက်ချင်း ပြန်ပြောလိုက်သည်။

အကယ်၍ သူက ထိုပြစ်မှုကို ဝန်ခံရလျှင် ပြင်းထန်စွာ အပြစ်ပေးခံရမည်ကို သူသိနေသည်။ သို့သော် သူ၏ ခုခံပြောဆိုမှုက အရှက်မရှိသော ဆင်ခြေတစ်ခုထက် မပိုပေ။

All Chapters