← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၄၈)

" ဝန်ကြီးဟွိုက်..." လီစီ၏ အကြည့်က ဟွိုက်ကျွမ်းဆီသို့ ရောက်ရှိသွားသည်။

ဟွိုက်ကျွမ်းက နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်။ သို့သော် ချင်ဘုရင်နှင့် ဝန်ကြီးများ၏ အကြည့်အောက်တွင် သူက အခြားရွေးချယ်စရာမရှိပေ။

" ဘာကိစ္စလဲ။ "

" ဝန်ကြီးဟွိုက်ရဲ့ ဩဇာအာဏာက တကယ်ကို ကျယ်ပြန့်တာပဲ။ " လီစီက လေးနက်စွာ ပြောလိုက်ပြီး စိတ်ထဲတွင်တော့ လှောင်ပြုံးပြုံးလိုက်သည်။

" ဝေမြို့က ရှန်းယန်နဲ့ မိုင်ထောင်ချီဝေးတာ။ ပြီးတော့ စစ်သူကြီးကျောက်ဖုန်းရဲ့ မြစ်ကူးစစ်ဆင်ရေးနဲ့ အလစ်ငိုက်တိုက်ခိုက်မှုအကြောင်းကို ဒီနေ့မှ အောင်ပွဲအစီရင်ခံစာကနေမှ ငါသိခဲ့ရတယ်။ စစ်ဆင်းရေးတစ်ခုလုံးက အရမ်းလျို့ဝှက်ပြီး လုပ်ဆောင်ခဲ့တယ်။ "

" ဒါဆို စစ်သူကြီးကျောက်ဖုန်း ဝေမြို့ကနေ ထွက်သွားတယ်ဆိုတာ ဝန်ကြီးဟွိုက်က ဘယ်လိုလုပ်သိတာလဲ။ "

" ဒါ ဒါက...." ဟွိုက်ကျွမ်း၏ မျက်နှာက ချွေးအေးများ စီကျလာသည်။

ပလ္လင်ပေါ်မှ ရင်ကျန့်၏ စူးရှသော အကြည့်ကြောင့် သူက မီးခဲပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

" ဘာလို့လဲ။ " လီစီက ဖိအားပေးလိုက်သည်။ " ဝန်ကြီးဟွိုက်က အဲ့လောက်တောင် ဖြေရခက်နေတာလား။ စစ်သူကြီးကျောက်ဖုန်းကို တာဝန်ကနေ စွန့်ခွာသွားတယ်လို့ ပြောတုန်းက မင်းက အရမ်းကို သေချာနေခဲ့တယ်။ မင်းကို သတင်းပေးတဲ့သူရဲ့ နာမည်ကို ပြောဖို့ အဲ့လောက်တောင် ခက်ခဲနေတာလား။ "

" အဲ့ဒီနေက ဝန်ကြီးဟွိုက်ရဲ့ အမူအရာကို ကြည့်ရင် သူက ခိုင်မာတဲ့ သတင်းအချက်အလင်တွေကို ရထားတယ်ဆိုတာ သိသာနေတာပဲ။ " ဟန်ဖေးက ကျောက်ဖုန်းအတွက် တရားမျှတမှုကို လိုချင်သော စိတ်ကြောင့် ဝင်ပြောလိုက်သည်။

ဟွိုက်ကျွမ်းက ဘာပြောရမှန်မသိဖြစ်နေသည်။ ထိုအချိန်တွင် ဝမ်ဝမ်က ထရပ်လိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးက ဒီကိစ္စကို ဝန်ကြီးဟွိုက်ဆီက ကြားခဲ့ရပါတယ်။ ကြည့်ရတာ ကျောက်ထို့နဲ့ သူက အရင်က အဆက်အသွယ်နည်းနည်း ရှိခဲ့တဲ့ပုံပါပဲ။ ကျောက်ဖုန်းနဲ့ ပက်သက်ပြီး ဒီသတင်းကို လျို့ဝှက်ပေးပို့ခဲ့တာ ကျောက်ထို့ပါပဲ။ "

" ဝန်ကြီးဟွိုက်က အဲ့ဒီနေ့က နန်းတွင်းမှာ ဒါကို တင်ပြခဲ့တာက ချင်နိုင်ငံရဲ့ လုံခြုံရေးကို စိုးရိမ်ပြီး ဝေမြို့မှာ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့ပါ။ ဝန်ကြီးဟွိုက်က စစ်သူကြီးကျောက်ဖုန်းကို ပစ်မှတ်ထားဖို့ ဘယ်လိုမှ ရည်ရွယ်ချက်မရှိပါဘူး။ " ဝမ်ဝမ်က ဟွိုက်ကျွမ်းဘက်မှ ဝင်ပြောလိုက်သည်။

" ဝန်ကြီးဝမ် ပြောတာ မှန်ပါတယ်။ ဒါတွေအားလုံးက ကျောက်ထို့ကြောင့်ပါပဲ။ " ဟွိုက်ကျွမ်းက အခွင့်ကောင်းယူပြီး ပြောလိုက်သည်။ " ကျွန်တော်မျိုးက သူ အဲ့လောက်ထိ ကောက်ကျစ်တယ်ဆိုတာ မသိခဲ့ဘူး။ သူတို့ကို အပြစ်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။ "

ဟွိုက်ကျွမ်း၏ စကားကို ကြားပြီးနောက် ရင်ကျန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောပေ။

" ဝန်ကြီးလီ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ချင်ဥပဒေအရ ချန်တောက်နဲ့ ကျောက်ထို့ကို ဘယ်လိုကိုင်တွယ်သင့်လဲ။ "

" အထက်အရာရှိရဲ့ အမိန့်ကို မနာခံတာက ကြိမ်ဒဏ်တစ်ရာ၊ ရာထူးလျှော့ပြီး ဘွဲ့ထူးတွေကို ရုတ်သိမ်းတာပါပဲ။ " လီစီက ချက်ချင်း ပြန်ဖြေလိုက်သည်။ " ခွင့်ပြုချက်မရှိဘဲ စစ်တပ်တွေကို လှုပ်ရှားစေပြီး ဝေမြို့ကို ပျက်စီးစေခဲ့တာက ကြီးလေးတဲ့ ပြစ်မှုပါပဲ။ "

" သူတို့ဆီက ရာထူးဘွဲ့ထူးအားလုံးကို ရုတ်သိမ်းပြီး ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ပေးဖို့ ရှန်းယန်အကျဉ်းထောင်ကို ပို့သင့်ပါတယ်။ "

ထိုစကားများက ချန်တောက်နှင့် ကျောက်ထို့တို့၏ ပြန်လမ်းမရှိသော ကံကြမ္မာဆီ ပို့ဆောက်လိုက်လေသည်။ သူတို့က အသတ်မခံရလျှင်တောင် ထောက်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် ကျွန်အဖြစ် ခိုင်းစေခံရခြင်းမျိုး ဖြစ်ပေလိမ့်မည်။

၎င်းက ကျောက်ဖုန်းကို ဆန့်ကျင်ခဲ့သည့်အတွက် ပေးဆပ်ရသည့် တန်ဖိုးဖြစ်သည်။ အကယ်၍ ဝေမြို့သာ ကျဆုံးသွားလျှင် ကျောက်ဖုန်းက ကြီးလေးသော ပြစ်မှုကျူးလွန်သူဖြစ်သွားရုံသာမက သူ၏ စစ်တပ်ကလည်း ဖျက်သိမ်းခြင်း ခံရပေလိမ့်မည်။

ထို့ကြောင့်လည်း ကျောက်ဖုန်းက ခွိုက်ဖုကို ထိုကိစ္စအား အစီရင်ခံခိုင်းခဲ့ခြင်းဖြစ်သည်။ သူက ချန်တောက်နှင့် ကျောက်ထို့တို့ကို ပျက်စီးစေရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ထိုလူများက သူ့ကို ပျက်စီးစေရန် ရည်ရွယ်ခဲ့ပြီး ကျောက်ဖုန်ကလည်း သူ့တို့ကို အလွယ်တကူ လွတ်ပေးမည်မဟုတ်ပေ။

" တရားရေးဝန်ကြီးရဲ့ စကားအတိုင်း လုပ်ဆောင်စေ။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ " အမိန့်စာရေးလိုက်။ ချန်တောက်နဲ့ ကျောက်ထို့တို့ရဲ့ ရာထူးဘွဲ့ထူးတွေကို ရုတ်သိမ်းစေ။ သူတို့ကို စစ်ဆေးဖို့ ရှန်းယန်အကျဉ်းထောင်ကို ပို့ဆောင်စေ။ "

" အမိန့်အတိုင်းပါ အရှင်မင်းကြီး။ " လီစီက ချက်ချင်း ပြန်ပြောလိုက်သည်။

" ဟွိုင်ကျွမ်း " ရင်ကျန့်က ဟွိုက်ကျွမ်းဘက်သို့ လှည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ " ဒီတစ်ကြိမ်တော့ ငါမင်းကို အပြစ်မယူတော့ဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် မဖြစ်စေနဲ့။ မင်းရဲ့ လုပ်ရပ်က ချင်ရဲ့ သစ္စာရှိစစ်သည်တွေကို စိတ်ဓာတ်ကျစေတယ်။ "

ဟွိုက်ကျွမ်းက တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူက ဘာဆင်ခြေမှမပေးတော့ဘဲ ချက်ချင်း ဦးညွှတ်လိုက်သည်။ " အရှင်မင်းကြီးရဲ့ ဂရုတဏာအတွက် ကျေးဇူးတင်ပါတယ်။ "

" ဝေဝူကျိကို အပြတ်အသတ် အနိုင်ယူခဲ့တဲ့ ကျောက်ဖုန်းရဲ့ အောင်မြင်မှုအတွက် ကြီးမားတဲ့ ဆုလာဘ်နဲ့ ထိုက်တန်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ကျောက်ဖုန်းက ဝေမြို့ကို ခုခံနိုင်ရင် သူ့ကို ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးပေးမယ်လို့ ငါကတိပေးခဲ့တယ်။ "

" ဒါပေမယ့် သူငါ့ကို ပေးတဲ့ အံ့အားသင့်မှုက အရမ်းကြီးမားလွန်းတယ်။ ဒီဆုလာဘ်ကို သတ်မှတ်ချိန်ထက် စောပြီး ပေးအပ်သင့်တယ်။ အမိန့်စာရေးလိုက်။ "

" ရန်သူကို အနိုင်ယူပြီး နိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့တဲ့အတွက် ကျောက်ဖုန်းကို ရာထူးတစ်တင့် တိုးပေးပြီး စစ်သည်တစ်သိန်းကို ကွပ်ကဲခွင့်ရှိတဲ့ ပင်မစစ်သူကြီး ဖြစ်စေရမယ်။ ဒါ့အပြင် သူ့ကို ရွှေစတစ်ထောင်၊ ငွေဒင်္ဂါးတစ်သောင်း၊ အစေခံတစ်ရာ၊ ကျောက်စိမ်းပစ္စည်းတစ်ရာ၊ အကောင်းစားပိုးထည်တစ်ထောင်နဲ့ ကိုယ်ရံတော်ငါးဆယ် ဆုချစေ။ "

" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " ဝန်ကြီးများက တပြိုင်နက် ပြောလိုက်ကြသည်။

" အရှင်မင်းကြီး " ယွီလျောင်က ရှေ့ထွက်လာသည်။ " စစ်သူကြီးကျောက်ရဲ့ အောင်မြင်မှုက စစ်သည်တစ်သိန်းရဲ့ ကြိုးစားမှုလည်း ပါဝင်ပါတယ်။ တိုက်ပွဲမစခင်မှာ စစ်သူကြီးကျောက်က တောင်းဆိုချက်တစ်ခု လုပ်ခဲ့ပါတယ်။ "

" အခု ကျွန်တော်မျိုး အဲ့ဒါကို တင်ပြချင်ပါတယ်။ ဒါက ကျွန်တော်မျိုးရဲ့ တောင်းဆိုချက်လည်း ဖြစ်ပါတယ်။ "

" ကျောက်ဖုန်းက တောင်းဆိုမှုလုပ်ခဲ့တယ်ဟုတ်လား။ ငါဘာလို့မသိခဲ့တာလဲ။ " ရင်ကျန့်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ဒါက စစ်သေနာပတိချုပ်က ကျောက်ဖုန်းကိုယ်စား တင်ပြခဲ့တာပါ။ ကျွန်တော်မျိုး မတင်ပြခဲ့တာက အရင်က အချိန်မကျသေးလို့ပါ။ " ယွီလျောင်က ပိုးထည်စကို မြှောက်ပြီး ပြောလိုက်သည်။ " အရှင်မင်းကြီး ဒါကို စစ်ဆေးပေးပါ။ "

" ဝန်ကြီးတွေ အားလုံးလည်း ရှိနေတာပဲ။ ယွီလျောင် အဲ့ဒါကို အားလုံးကြားအောင် ဖတ်ပြလိုက်။ ကျောက်ဖုန်း ဘာတောင်းဆိုထားလဲဆိုတာ ငါသိချင်မိတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ယွီလျောင်က ပိုးထည်စကို ဖြန့်ပြီး ကျယ်လောင်စွာ ဖတ်လိုက်သည်။ " ကျွန်တော်မျိုးကျောက်ဖုန်းက အရှင်မင်းကြီးကို တစ်ခုတောင်းဆိုချင်ပါတယ်။ ကျွန်တော်မျိုး ဝေမြို့ကို စစ်သည်တစ်သိန်းနဲ့ ခုခံခဲ့ပါတယ်။ အင်အားကို တွက်ကြည့်ရင် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ အထူးစစ်သည်သုံးသောင်းပဲရှိပါတယ်။ စစ်သည်အသစ်တွေကို ဖယ်လိုက်ရင် ကျန်တာက လက်နက်ချစစ်သည်ငါးသောင်းပါ။ "

" တကယ်လို့ ပုံမှန်နည်းလမ်းနဲ့ တိုက်ခိုက်ခဲ့ရင် ကျွန်တော်မျိုး စစ်တပ်က ရှုံးနိမ့်မှာဖြစ်ပြီး ဝေမြို့ကို ခုခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စစ်သူကြီးတစ်ယောက်အနေနဲ့ ကျွန်တော်မျိုးက ကြေညာပေးခဲ့ပါတယ်။ ချင်အတွက် တိုက်ပွဲဝင်ပြီး ကျဆုံးသွားတဲ့ လက်နက်ချစစ်သည်တွေရဲ့ မိသားစုတွေကို ပုံမှန်ချင်စစ်သည်တွေရဲ့ မိသားစုတွေလိုပဲ တူညီတဲ့ ထောက်ပံ့ကြေး ရရှိပါမယ်။ ဒီတောင်းဆိုချက်က နိုင်ငံအတွက် ကျဆုံးသွားတဲ့ သူရဲကောင်းတွေကိုစား ကျွန်တော်မျိုးက တောင်းဆိုပေးတာပါ။ "

၎င်းကို ကြားသောအခါ ရင်ကျန့်က စိတ်လှုပ်ရှားသွားသည်။ " အပြစ်သားတပ်ဖွဲ့က ချင်အတွက် တိုက်ခဲ့တာပဲ။ သူတို့က ချင်အတွက် သေခဲ့တာဆိုရင် သူတို့မိသားစုတွေက ထောက်ပံ့ကြေးရဖို့ ထိုက်တန်တာပေါ့။ ကျောက်ဖုန်းရဲ့ တောင်းဆိုချက်ကို ငါခွင့်ပြုတယ်။ "

" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။ " စစ်သူကြီးကျောက်သာ ဒါကို ကြားရင် သေချာပေါက် ဝမ်းသာသွားမှာပါ။ "

" ကျောက်ဖုန်းအတွက် ဆုလာဘ်တွေအပြင် ဝေမြို့ကို ခုခံခဲ့တဲ့ စစ်သည်အားလုံးကိုလည်း ဆုချီးမြှင့်ရမယ်။ " ရင်ကျန့်က ကြေညာလိုက်သည်။ " ငါ့ရဲ့ အမိန့်စာကို ထုတ်ပြန်လိုက်။ ဝေမြို့ကို ခုခံခဲ့တဲ့ စစ်သည်အားလုံးကို စစ်ရေးစွမ်းဆောင်မှုအလိုက် ဆုချစေ။ အသေးစိတ်ကို ကျောက်ဖုန်းနဲ့ သူ့ရဲ့ စစ်သူတရားသူကြီးကို ဆုံးဖြတ်စေ။ "

" အမိန့်အတိုင်းပါ။ " ယွီလျောင်က ချက်ချင်း တုန့်ပြန်လိုက်သည်။

" မင်းတို့ထဲမှာ တင်ပြစရာရှိသေးလား။ " ရင်ကျန့်က ခန်းမအတွင်း ဝေ့ကြည့်ပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့မှာ တင်ပြစရာမရှိတော့ပါဘူး။ " ဝန်ကြီးများက ပြန်ဖြေလိုက်ကြသည်။

" ညီလာခံပြီးပြီ။ " ရင်ကျန့်က ဘာမှထပ်မပြောတော့ပေ။

ကျန်းထိုင်နန်းဆောင်။

" ငါ့ဆီကို ဝိုင်အိုးတစ်လုံးယူခဲ့စမ်း။ " ရင်ကျန့်က ထိုင်ပြီး အမိန့်ပေးလိုက်သည်။ " ဒီနေ့တော့ ငါ နည်းနည်းသောက်ရမယ်။ "

" အရှင်းမင်းကြီး ဝိုင်သောက်ချင်တယ်ဆိုရင် နန်းတွင်းအပျိုတော်တွေကို အဖော်ပြုပေးဖို့ ခေါ်ပေးရမလား။ " ကျောက်ကောင်းက ပြုံး၍ ပြောလိုက်သည်။

" ငါသောက်တာက ပျော်ပါးဖို့အတွက် မဟုတ်ဘူး။ " ရင်ကျန့်က ခေါင်းခါလိုက်သည်။

" ဒီနေ့ အရှင်မင်းကြီး ဝမ်းသာနေတော့ ဟူမိဖုရားရဲ့ နန်းဆောင်ကို ကြွမှာလား။ ဒါက ကောင်းချီးလည်း ဖြစ်ပါတယ်။ ဒီနေ့က မင်းသားလေး ဟူဟိုက်ရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ပါ။ " ကျောက်ကောင်းက ရိုသေစွာ ပြောလိုက်သည်။

" ဒီနေ့က ဟိုက်အာရဲ့ မွေးနေ့လား။ ငါတကယ် မေ့သွားတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

All Chapters