အခန်း (၁၄၉)
Vol. 15 Ch. 149
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၄၉)
" အခု ချင်နိုင်ငံက စစ်ချီနေတာဆိုတော့ အရှင်မင်းကြီးက နိုင်ငံအရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် မေ့သွားတာ သဘာဝကျပါတယ်။ " ကျောက်ကောင်းက ပြုံး၍ ပြောလိုက်သည်။
" ငါ့အတွက် မွေးနေ့လက်ဆောင်တစ်ခု ပြင်ထားလိုက်။ ဒီည ဟူမိဖုရားရဲ့ နန်းဆောင်ကို သွားပြီး ဟိုက်အာရဲ့ မွေးနေ့ပွဲကို ကျင်းပပေးရမယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျွန်တော်မျိုး အခုချက်ချင်း ပြင်ဆင်လိုက်ပါမယ်။ " ကျောက်ကောင်းက ပြောပြီး ထွက်ခွာသွားသည်။
" နန်းတွင်းရထားလုံးမှူး ရောက်လာပါပြီ။ " နန်းတွင်းအရာရှိတစ်ယောက်က အော်ဟစ်အသိပေးလိုက်သည်။
နန်းဆောင်အတွင်း လှပသော အမျိုးသမီးတစ်ယောက်က ထရပ်လိုက်ပြီး သူမ၏ ဘေးတွင် ဆယ်နှစ်အရွယ် ကလေးတစ်ယောက် ရှိနေသည်။
" ဟိုက်အာ မြန်မြန်ထ။ သားရဲ့ ဆရာရောက်လာပြီ။ " ဟူမိဖုရားက ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ဟူဟိုက်က ထရပ်လိုက်ပြီး ခန်းမဝင်ပေါက်သို့ ကြည့်နေသည်။
ခဏကြာသောအခါ ကျောက်ကောင်းက လမ်းလျှောက်ဝင်လာသည်။
" ဆရာကျောက် ရောက်လာပြီ။ " ဟူမိဖုရားက ပြုံး၍ နှုတ်ဆက်လိုက်သည်။
" သခင်မ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျွန်တော်မျိုးက လက်အောက်ခံတစ်ယာက်ပါပဲ။ " ကျောက်ကောင်းက ကျေနပ်စွာဖြင့် ပြောလိုက်သည်။
" ဆရာကျောက်က အရမ်းနှိမ့်ချနေတာပဲ။ " ဟူမိဖုရားက မြှောက်ပင့် ပြောဆိုလိုက်သည်။
" ဆရာကျောက်က ဟိုက်အာရဲ့ ဆရာဆိုတော့ ကျွန်မအတွက် မိားစုဝင်တစ်ယောက်ပါပဲ။ " သူမက ဟူဟိုက်ကို ကြည့်လိုက်သည်။ " ဟိုက်အာ သားဆရာကို နှုတ်မဆက်သေးဘူးလား။ "
" ဆရာကို ဂါရဝပြုပါတယ်။ " ဟူဟိုက်က ကျောက်ကောင်းကို အရိုအသေပေးလိုက်သည်။
သားအမိနှစ်ယောက်၏ ရိုသေသော အမူအရာကို မြင်သောအခါ ကျောက်ကောင်းက ကျေနပ်စွာ ပြုံးလိုက်သည်။ သူက ရှေ့တိုးသွားပြီး ဟူဟိုက်ကို ထူလိုက်သည်။
" မင်းသားလေး ထပါ။ " ကျောက်ကောင်းက ဟူမိဖုရားကို ပြုံး၍ ကြည့်လိုက်သည်။ " သခင်မ ကျွန်တော်မျိုး ဘာလို့လာတာလဲဆိုတာ သိလား။ "
" အရှင်မင်းကြီး ဒီည လာမှာလား။ " ဟူမိဖုရားက မျှော်လင့်ချက်များနှင့် မေးလိုက်သည်။
" ဒီနေ့က မင်းသားဟူဟိုက်ရဲ့ မွေးနေ့ဖြစ်ကြောင်း ကျွန်တော်မျိုးက အရှင်မင်းကြီးကို လျှောက်တင်ခဲ့ပါတယ်။ အရှင်မင်းကြီးက မွေးနေ့လက်ဆောင် ပြင်ခိုင်းထားတဲ့အပြင် သူက ဒီည သခင်မဆီကို ကြွလာမှပါ။ "
" ဒါက ဆရာကျောက်ရဲ့ စကားဖြစ်ပုံပဲ။ " ဟူမိဖုရားက ပြောလိုက်သည်။
" အရှင်မင်းကြီးက နိုင်ငံအရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်ဆိုပြီးတော့ မီမိဖုရားဆီကိုပဲသွားပြီး ကျွန်မဆီကိုတော့ လုံးဝမလာခဲ့ဘူး။ တကယ်လို့ ဆရာကျောက်သာမရှိရင် ကျွန်မဘယ်လောက်ထိ စောင့်နေရဦးမလဲမသိဘူး။ "
" သခင်မ ဒီနေ့က ကံကောင်းနေတာ ဖြစ်နိုင်ပါတယ်။ " ကျောက်ကောင်းက ရယ်ပြီး ပြောလိုက်သည်။ " စစ်သူကြီးတစ်ယောက်က အောင်ပွဲရလာလို့ အရှင်မင်းကြီးက စိတ်ကြည်လင်နေပြီး နည်းနည်းသောက်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်က ဒါကို ပြောရဲခဲ့တာပါ။ "
" အော် အဲ့လိုကိုး။ " ဟူမိဖုရားက နားလည်သွားသည်။
" ဒါနဲ့ ပက်သက်ပြီး..." ကျောက်ကောင်းက စကားစလိုက်ပြီးနောက် နန်းတွင်းအစေခံများကို ကြည့်လိုက်သည်။
" အားလုံးထွက်သွားပြီး တံခါးတွေပိတ်လိုက်။ " ဟူမိဖုရားက ကျောက်ကောင်း၏ ရည်ရွယ်ချက်ကို ရိပ်မိပြီး ပြောလိုက်သည်။
အစေခံများက ထွက်သွားပြီး တံခါးများ ပိတ်လိုက်ကြသည်။ သူတို့ကျန်နေခဲ့သောအခါ ကျောက်ကောင်းက စကားဆက်ပြောလိုက်သည်။
" ဒီအောင်ပွဲနဲ့ ပက်သက်ပြီး ကျွန်တော်မျိုး သခင်မကို သတိပေးချင်တာက ဒီအခွင့်အရေးကိုသာ အရယူနိုင်ရင် ဒါက အနာဂတ်မှာ မင်းသားလေးအတွက် အထောက်အကူ ဖြစ်လာနိုင်ပါတယ်။ "
" အသေးစိတ်ရှင်းပြပေးပါဦး ဆရာကျောက်။ ဘယ်လိုအခွင့်အရေးမျိုးပါလဲ။ " ဟူမိဖုရားက မေးလိုက်သည်။
" သခင်မ ကျောက်ဖုန်းအကြောင်း ကြားဖူးလား။ " ကျောက်ကောင်းက မေးလိုက်သည်။
" ကျွန်မ မကြားဖူးပါဘူး။ " ဟူမိဖုရားက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။ " ကျွန်မမိခင်ဘက်မှာ ကိုယ်ပိုင်အသိုင်းအဝိုင်း ရှိပေမယ့် မီမိဖုရားရဲ့ မိသားစုနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ "
" ကျောက်ဖုန်း သူက ချင်နိုင်ငံမှာ အသက်ငယ်ဆုံး လက်ထောက်စစ်သူကြီးပဲ။ မဟုတ်ဘူး အခုဆိုရင်က သူက ပ်မစစ်သူကြီးဖြစ်နေပြီ။ အရှင်မင်းကြီးက သူ့ကို အရမ်းတန်ဖိုးထားတယ်။ သူ့ရဲ့ အနာဂတ်အလားအလာက အကန့်အသတ်မရှိဘူး။ သူက နောက်ထပ် စစ်သေနာပတိချုပ် တစ်ယောက်တောင် ဖြစ်လာနိုင်တယ်။ "
" ဆရာကျောက်က ကျောက်ဖုန်းကို လူလွှတ်ပြီး စည်းရုံးစေချင်တာလား။ " ဟူမိဖုရားက စိုးရိမ်တကြီး ပြောလိုက်သည်။ " ဒါပေမယ့် သူ့ကို စည်းရုံးလို့ရပါ့မလား။ ရှင်တောင်သိနေမှတော့ မီမိဖုရားလည်း သိနေလောက်ပြီ။ ပြီးတော့ ဝမ်ဝမ်နဲ့ အခြားသူတွေကလည်း ဖုစုကို ထောက်ခံကြတာဆိုတော့ သူတို့က လက်ဦးသွားလောက်ပြီ။ "
" သခင်မ စိုးရိမ်စရာ မလိုပါဘူး။ " ကျောက်ကောင်းက ပြောလိုက်သည်။ " ကျောက်ဖုန်းက ဝမ်ဝမ်တို့နဲ့ အဆင်မပြေဘူး။ သူက သူတို့ဘက်ကို ဘယ်တော့မှပါသွားမှာမဟုတ်ဘူး။ "
" ကြည့်ရတာ ဖုစုနဲ့ သူ့လူတွေက သူ့ကို စည်းရုံးဖို့ ကြိုးစားခဲ့ပုံရတယ်။ ဒါပေမယ့် မအောင်မြင်ဘဲ သူနဲ့ ရန်သူတောင်ဖြစ်သွားကြတယ်။ ဒါကြောင့် သူတို့က ကျောက်ဖုန်းကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တယ်။ "
" ဖုစုက ကျောက်ဖုန်းနဲ့ ရန်သူဖြစ်နေပြီ။ ကျောက်ဖုန်းက လူတော်တစ်ယောက်ပဲ။ ဖုစုသာ နန်းတက်ရင် သူ့အတွက် မလွယ်ဘူးဆိုတာ သူသိမှာပဲ။ "
" ဒါဆို ကျောက်ဖုန်းမှာ မင်းသားဟူဟိုက်ကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ဘူးပေါ့။ " ဟူမိဖုရားက နားလည်သွားသည်။ " သူက ဖူစုလက်စားချေတာကို မခံချင်ရင် ဟူဟိုက်ကို ကူညီရမှာပဲ။ "
" သခင်မသာ သူ့ရဲ့ ထောက်ခံမှုကို ရရင် မင်းသားဖုစုမှာ မရှိတဲ့ စစ်အင်အားမျိုးကို ရရှိလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှပြောနိုင်မှာလဲ။ " ကျောက်ကောင်းက ပြုံး၍ ပြောလိုက်သည်။
" ရှင်ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ကျွန်မ ဒီရွှေအခွင့်အရေးကို လက်လွတ်သွားမှာပဲ။ " ဟူမိဖုရားက ပြုံး၍ ပြောလိုက်သည်။
မင်းသားဖုစု၏ စံအိမ်တွင် ဖုစုက ဝမ်ဝမ်နှင့် ချွန်းယွီယွဲ့တို့ကို နားမလည်နိုင်သော အမူအရာနှင့် ကြည့်နေသည်။
" ဆရာ၊ ဝန်ကြီးဝန် ကျွန်တော် နားမလည်တာက ခင်ဗျားတို့ ဘာလို့ ကျောက်ဖုန်းကို ဒီလိုမျိုးပစ်မှတ်ထားနေကြတာလဲ။ ဒါက သူ့ကို ကျွန်တော်တို့ ရန်သူဖြစ်အောင် လုပ်နေတာပဲ မဟုတ်ဘူးလား။ ခမည်းတော်က သူ့ကို အရမ်းတန်ဖိုးထားတယ်။ ကျွန်တော်တို့က သူ့ကို ဖိနှိပ်နေကြတယ်။ "
ဝမ်ဝမ်က ချွန်းယွီယွဲ့ကို အပြစ်တင်သော အကြည့်နှင့် ကြည့်လိုက်သည်။ သူကပဲ ထိုကိစ္စအားလုံးကို စတင်ခဲ့သူဖြစ်သည်။ ချွန်းယွီယွဲ့သာ တစ်ယောက်တည်းဆုံးဖြတ်ပြီး မလုပ်ခဲ့လျှင် သူတို့က ယခုကဲ့သို့ အခြိေအနေမျိုး ရောက်နိုင်မည်မဟုတ်ပေ။
" မင်းသား ဒါက ကျုပ်ရဲ့ အမှားပါ။ " ချွန်းယွီယွဲ့က ဝန်ခံလိုက်သည်။ " အဲ့ဒီနေ့က မင်းသားရဲ့ လက်ထပ်ပွဲနဲ့ ပက်သက်တဲ့ကိစ္စကြောင့် ကျုပ်က မန်ကျားကို ကျောက်ဖုန်းဆီသွားခိုင်းခဲ့ပါတယ်။ သူက မင်းသားအပေါ် လေးစားမှုမပြခဲ့တဲ့အပြင် မန်ကျားကိုလည်း ရိုက်လွတ်လိုက်တယ်။ "
ဖုစုက မျက်ခုံးများတွန့်သွားသည်။ သူက ချွန်းယွီယွဲ့၏ စကားများကို ကြားလိုက်ရသောအခါ ပြဿနာ၏ အရင်းအမြစ်ကို နားလည်သွားသည်။
" ဆရာ ဘာလို့မန်ကျားကို ကျောက်ဖုန်းဆီလွှတ်ခဲ့တာလဲ။ သူ့ကို ခြိမ်းခြောက်ခဲ့တာလား။ " ဖုစုက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
" ခြိမ်းခြောက်တာမဟုတ်ပါဘူး။ အကြံပေးရုံပါပဲ။ ဒါပေမယ့် အဲ့ဒီကျောက်ဖုန်းကညတကယ် ကျေးဇူးမသိတတ်တဲ့သူပဲ။ " ချွန်းယွီယွဲ့က ပြောလိုက်သည်။
" အကြံပေးတာလား။ ဆရာက ကျောက်ဖုန်းကို ဘာလုပ်ဖို့အကြံပေးတာလဲ။ ဝမ်ယန်ကို လက်လွှတ်ဖို့လား။ သူမကို ကျွန်တော်ဆီ အပ်နှံဖို့လား။ တကယ်လို့ အဲ့လိုသာဆိုရင် ဒါက ကျွန်တော်အမှားပဲ။ "
" ဆရာက ကျွန်တော်ကို သူများအိမ်ထောင်ရေးကို ဖျက်ဆီးတဲ့သူအဖြစ် တွန်းပို့ခဲ့တာပဲ။ ကျွန်တော်က ကျောက်ဖုန်းနဲ့ တစ်ခါမှမဆုံဖူးပေမယ့် သူ့ရဲ့ စရိုက်ကို ခန့်မှန်းလို့ရပါတယ်။ သူက မရေတွက်နိုင်တဲ့ စစ်ရေးစွမ်းဆောင်မှုတွေကို ရယူဖို့ အသေခံတိုက်ပွဲဝင်ခဲ့တဲ့သူတစ်ယောက်ပဲ။ "
" ဒီလိုကိစ္စကြောင့် စစ်သည်တစ်ယောက် ဒေါသထွက်တာကို မပြောနဲ့ ပညာရှိဖြစ်တဲ့ ကျွန်တော်ဆိုရင်လည်း ဒေါသထွက်မိမှာပဲ။" ဖုစုက စိတ်ပျက်စွာ ပြောလိုက်သည်။
ချွန်းယွီယွဲ့က ဘာပြောရမှန်းမသိဘဲ ခေါင်းငုံ့နေသည်။ ဖုစု၏ အမြင်တွင် ချွန်းယွီယွဲ့၏ လုပ်ရပ်များက မှားယွင်းနေသော်လည်း ချွန်းယွီယွဲ့၏ အမြင်တွင် ၎င်းက အမှားမဟုတ်ပေ။ မင်းသား၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် လက်ထောက်စစ်သူကြီးတစ်ယောက်၏ အိမ်ထောင်ရေးကို စတေးလိုက်ရခြင်းက လုံးဝ တရားမျှတလေသည်။
" မင်းသား အခြေအနေက ဒီရောက်လာပြီဆိုမှတော့ ဆရာကြီးချွန်းလုပ်ခဲ့တာတွေက ပြန်ပြင်လို့ မရတော့ပါဘူး။ " ဝမ်ဝမ်က သက်ပြင်းချပြီး ပြောလိုက်သည်။ " ဒါအပြင် ကျောက်ဖုန်းက အခုဆိုရင် လျှော့တွက်လို့မရတဲ့ လူတစ်ယောက်ဖြစ်လာပြီ။ သူ့ကို ကျွန်တော်တို့ဘက်ပါအောင်လုပ်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ "
" အနာဂတ်မှာ အခွင့်အရေးရခဲ့ရင် ကျွန်တော်ကိုယ်တိုင် ကျောက်ဖုန်းကို တောင်းပန်ပါမယ်။ " ဖုစုက ပြောလိုက်သည်။
" အဲ့လိုမဖြစ်ရပါဘူး မင်းသား။ ကျောက်ဖုန်းက ဂုဏ်သတင်းကြီးနေတယ်ဆိုပေမယ့် သူက လက်အောက်ခံတစ်ယောက်ပဲ။ မင်းသားရဲ့ အဆင့်အတန်းနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး တောင်းပန်နိုင်မှာလဲ။ " ချွန်းယွီယွဲ့က ပြောလိုက်သည်။
" အဲ့ဒီလိုလုပ်ဖို့မလိုပါဘူး မင်းသား။ ကျောက်ဖုန်းက ဝေမြို့ကို စတင်ကာကွယ်ကတည်းက ကျွန်တော်တို့က နန်းတွင်းမှာ သူ့ကို ဖိနှိပ်ခဲ့ကြတယ်။ အခြေအနေက ပြန်ပြင်လို့ မရတော့ပါဘူး။ အခုတော့ သူ့ကို ဖိနှိပ်ထားပြီဆိုမှတော့ ဆက်ပြီး ဖိနှိပ်ရမှာပဲ။ သူ့ရဲ့ လမ်းကြောင်းက ချောမွေ့နေမယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။
ဝမ်ဝမ်က ထိုကဲ့သို့ ပြောနေသည်ကို မြင်သောအခါ ဖုစုက ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူက အကြီးဆုံးမင်းသားဖြစ်သော်လည်း ပတ်ဝန်းကျင်မှ အရာအားလုံးကို ဝမ်ဝမ်နှင့် အခြားသူများက စီမံခန့်ခွဲနေကြခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ရင်ကျန့်က သူ့ကို စိတ်ပျက်နေခြင်းဖြစ်သည်။ အိမ်ရှေ့စံမင်းသားတစ်ယောက် ဖြစ်လိုလျှင် ဘုရင်တစ်ယောက်၏ အမြော်အမြင်မျိုး လိုအပ်ပေသည်။ လက်အောက်ခံများကို ကိုယ်က အမိန့်ပေးရမည်ဖြစ်ပြီး သူတို့၏ အမိန့်ပေးမှုကို ပြန်မခံရရန်ဖြစ်သည်။