← Chapters

အခန်း (၁၅၀)

Vol. 15 Ch. 150

အခန်း (၁၅၀)

Vol. 15 Ch. 150

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၅၀)

ကျောက်နိုင်ငံ၊ ဟန်တန်မြို့တော်၊ လုံထိုင်နန်းတော်။

" ဘာပြောတယ်။ ဝေဝူကျိ ရှုံးသွားတာလား။ မဖြစ်နိုင်တာ။ "

" မဖြစ်နိုင်ဘူး။ " ကျောက်ယန်က အံ့ဩမှုနှင့် ဒေါသများကြောင့် မျက်နှာပျက်သွားသည်။

" ဝေဝူကျိက ဘယ်လိုလုပ် ရှုံးသွားတာလဲ။ ဝေမြို့ကို ခုခံနေတဲ့သူက လက်ထောက်စစ်သူကြီးတစ်ယောက်ပဲ။ "

" တကယ်လို့ ဝေနိုင်ငံရှုံးသွားရင် ကျောက်နိုင်ငံတစ်ခုတည်းက ချင်နိုင်ငံကို ရင်ဆိုင်ရတော့မှာ။ "

ခန်းမကြီးထဲတွင် ကျောက်နိုင်ငံ၏ ဝန်ကြီးများက စိုးရိမ်ထိတ်လန့်သွားကြသည်။

" အရှင်မင်းကြီး ဝေဝူကျိက ရှုံနိမ့်သွားပြီး ဝေစစ်တပ်က နောက်ဆုတ်သွားပါပြီ။ " ကျောက်ယိက ရှေ့ထွက်ပြီး ပြောလိုက်သည်။ " ကျွန်တော်မျိုးတို့မှာ တစ်ခုတည်းသော ရွေးချယ်စရာက ယန်နိုင်ငံက တပ်တွေကို စစ်ကူပြန်ခေါ်ဖို့ပါပဲ။ မဟုတ်ရင် အကျိုးဆက်တွေက ဆိုးရွားသွားပါလိမ့်မယ်။ "

" မရဘူး။ လုံးဝမဖြစ်နိုင်ဘူး။ " ကျောက်ယန်က ချက်ချင်း ငြင်းဆိုလိုက်သည်။

ယန်နိုင်ငံထဲတွင် ဖန်ရွှမ်၏ ထိုးစစ်က ပြင်းထန်နေသည်။ သူက ယန်နိုင်ငံ၏ သုံးပုံတစ်ပုံကို သိမ်းပိုက်ပြီး ဖြစ်သည်။ အကယ်၍ တပ်များကို ပြန်ရုတ်သိမ်းလိုက်လျှင် အောင်ပွဲများအားလုံးက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

" ကျောက်နိုင်ငံရဲ့ ပင်မစစ်တပ်က စစ်သေနာပတိချုပ်ဖန်ရွှမ်ဆီမှာ ရှိနေတာပါ။ တကယ်လို့ သူတို့ကို ပြန်မခေါ်ရင် ကျောက်နိုင်ငံက ချင်နိုင်ငံကို ဘယ်လိုခုခံမှာလဲ။ တိုက်နယ်မြေမှာ ကျွန်တော်တို့ စစ်သည်နှစ်သိန်းရှိပေမယ့် သူတို့ကို ချင်ရဲ့ မုန့်ဝူက တားဆီးထားတယ်။ စစ်သေနာပတိချုပ်ဖန်ရွှမ်ကို ပြန်မခေါ်ရင် ချင်စစ်တပ်ကို တားဆီးဖို့ မျှော်လင့်ချက်မရှိပါဘူး။ " ကျောက်ယိက လေးနက်စွာ ပြောလိုက်သည်။

နယ်မြေချဲ့ထွင်ချက်သော ကျောက်ယန်နှင့်မတူဘဲ ကျောက်ယိကတော့ ကျောက်နိုင်ငံ၏ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းချင်သည်။ သူတို့၏ တံခါးဝတွင် ချင်စစ်တပ်က ရောက်မလာသေးသော်လည်း မည်သူမဆို ကျောက်နိုင်ငံ၏ စိုးရိမ်စရာကောင်းသော အခြေအနေကို မြင်နိုင်သည်။

" ငါတို့မှာ လျန်ပိုရှိတယ်မဟုတ်လား။ သူသာ ချွီယန်ကို ထိန်းထားနိုင်ရင် ချင်စစ်တပ်က ဖြတ်လာနိုင်မှာမဟုတ်ဘူး။ ယန်နိုင်ငံကို အနိုင်ယူပြီးတာနဲ့ ကျောက်နိုင်ငံက စစ်တပ်က ပြန်လာမှာပဲ။ " ကျောက်ယန်က အေစက်စွာ ​ပြောလိုက်သည်။ သူက ယန်နိုင်ငံမှ တပ်ဖွဲ့များကို ပြန်ရုတ်သိမ်းရန် ရည်ရွယ်ချက်မရှိပေ။

" ဒါပေမယ့် အရှင်မင်းကြီး။ " ကျောက်ယိက စိုးရိမ်တကြီး ဆက်ပြောလိုက်သည်။

ထိုအချိန်တွင် ကောခိုင်က ရှေ့ထွက်လာသည်။ "အရှင်မင်းကြီးက ဆုံးဖြတ်ပြီးပြီ။ ဘာထပ်ပြောစရာရှိသေးလို့လဲ။ "

" အရှင်မင်းကြီး " ကောခိုင်က ကျောက်ယန်ဘက်သို့ လှည့်လိုက်သည်။ " ကျောက်နိုင်ငံရဲ့ အထူးတပ်ဖွဲ့တွေက ယန်နိုင်ငံကို တိုက်ခိုက်နေပေမယ့် စစ်ကူလိုရင် လျန်ပိုကို ကူညီဖို့ ခရိုင်စောင့်တပ်တစ်သိန်းကျော်ကို စုစည်းလို့ရပါသေးတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အထူးစစ်သည်တွေကို မမီပေမယ့် သူတို့က ငယ်ရွယ်ပြီး သန်မာကြတယ်။ ကျောက်နိုင်ငံက ချင်ကို ခုခံဖို့ပဲ လိုတာပါ။ ခရိုင်စောင့်တပ်ဖွဲ့တွေနဲ့ လုံလောက်ပါတယ်။ "

၎င်းကို ကြားသောအခါ ကျောက်ယန်က ကောခိုင်ကို ကျေနပ်စွာ ကြည့်လိုက်သည်။ နန်းတွင်းရှိ ဝန်ကြီးများထဲတွင် ကောခိုင်တစ်ယောက်သာ သူ့ကို ကောင်းကောင်း နားလည်လေသည်။

" ဝန်ကြီးချုပ်ပြောတာမှန်တယ်။ " ကျောက်ယန်က ခေါင်းညိမ့်လိုက်သည်။

" အရှင်မင်းကြီး အဲ့ဒီလိုမလုပ်သင့်ပါဘူး။ တကယ်လို့ ခရိုင်စောင့်တပ်ဖွဲ့တွေကို ပြောင်ရွှေ့လိုက်ရင် ကျွန်တော်တို့မြို့တွေမှာ ကာကွယ်မယ့် တပ်ဖွဲ့တွေ မရှိတော့ပါဘူး။ တကယ်လို့ လျန်ပိုသာ မထိန်းနိုင်ခဲ့ရင် အဲ့ဒီမြို့တွေက ချင်စစ်တပ်ကို ကာကွယ်ဖို့ နည်းလမ်းမရှိတော့ပါဘူး။ " ကျောက်ယိက ဆက်လက်ဖျောင့်ဖျရန် ကြိုးစားလိုက်သည်။

" ပါးစပ်ပိတ်ထားစမ်း။ " ကျောက်ယန်က ဂရုမစိုက်ပေ။ " ချင်စစ်တပ်လား။ ငါသူတို့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ "

" အခု ငါတို့ကျောက်နိုင်ငံရဲ့ အဓိကရန်သူက ယန်နိုင်ငံပဲ။ ငါတို့ရဲ့ စစ်သည်တွေက ယန်တပ်ဖွဲ့တွေကို အကြိမ်ကြိမ် ​နေက်ဆုတ်စေခဲ့ပြီးပြီ။ ယန်နယ်မြေရဲ့ ထက်ဝက်နီးပါးကလည်း ကျောက်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီ။ မကြာခင် ယန်နိုင်ငံက ပျက်စီးတော့မှာပဲ။ " ကျောက်ယန်က အေးစက်စွာ ပြောလိုက်ပြီး ကောခိုင်ဘက်သို့ လှည့်လိုက်သည်။

" ဝန်ကြီးချုပ် စစ်သေနာပတိချုပ်လျန်ပိုကို စစ်ကူပေးဖို့ ခရိုင်စောင့်စစ်သည်တစ်သိန်းကို စုစည်းဖို့ အမိန့်ထုတ်ပြန်လိုက်။ " ကျောက်ယနက လေးနက်စွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ အရှင်မင်းကြီး " ကောခိုင်က မသက်မသာနှင့် ဆက်ပြောလိုက်သည်။ " အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ခရိုင်စောင့်စစ်သည်တစ်သိန်းကို စုစည်းရင် ရိက္ခာသုံးစွဲမှုက အရမ်းများသွားပါလိမ့်မယ်။ ဆောင်းဦးရိတ်သိမ်းချိန်က အဝေးကြီးလိုပါသေးတယ်။ အခုနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာတိုက်နဲ့ စပါးကျီတွေက ကုန်ကျစရိတ်ကို တောင့်ခံနိုင်မှာမဟုတ်ပါဘူး။ "

" အဲ့ဒါကို ဖြစ်အောင်လုပ်ရမယ် ဝန်ကြီးချုပ်။ " ကျောက်ယန်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " တကယ်လို့ လိုအပ်လာရင် အခွန်ကို အစောကောက်လိုက်။ အခွန်နှုန်းကိုလည်း တိုးလိုက်။ "

ထိုစကားများကြောင့် နန်းတွင်းမှ ဝန်ကြီးများ၏ မျက်နှာများက ဖြူဖျော့သွားကြသည်။ ကျောက်နိုင်ငံ၏ အခွန်များက ယခင်ကတည်းက မြင့်မားနေပြီး ထပ်မံတိုးကောက်လျှင် ပုန်ကန်မှုများ ဖြစ်လာနိုင်သည်။ သို့သော် ကျောက်ယိ၏ အဖြစ်အပျက်ကြောင်း ဝန်ကြီးများက ဘယ်သူမှ ထမပြောကြပေ။

" ချွီယန်မြို့က အရေးပေါ် အစီရင်ခံစာ ရောက်လာပါတယ်။ " ကျောက်နိုင်ငံ၏ သံတမန်တစ်ယောက်က ခန်းမထဲသို့ ပြေးဝင်လာသည်။

" ချွီယန်မြို့လား။ ဘာအရေးပေါ်အစီရင်ခံစာလဲ။ " ကျောက်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

" အောက်ချွီယန်က ကျဆုံးသွားပါပြီ။ အခု ချွီယန်မြို့က သီးခြားစခန်းတစ်ခုလိုဖြစ်သွားပါပြီ။ " သံတမန်က ထိတ်လန့်တကြား ပြောလိုက်သည်။

" ဘာ... အောက်ချွီယန်ကျဆုံးသွားပြီလား။ " ကျောက်ယန်က ဒေါသပေါက်ကွဲသွားသည်။

" လန်ပိုက ခုခံကာကွယ်ရေးမှာ ကျွမ်းကျင်တဲ့သူမဟုတ်ဘူးလား။ ငါသူ့ကို ဒီလောက်တောင် ယုံကြည်ခဲ့တာပဲ။ "

" အရှင်မင်းကြီး " ကျောက်ယိက ထပြောလိုက်သည်။ " စစ်သူကြီးလျန်ပိုမှာ စစ်သည်တစ်သိန်းပဲရှိပါတယ်။ ပြီးတော့ သူ့ထက်အဆပေါင်းများစွာ သာလွန်တဲ့ ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရတာပါ။ လပေါင်းများစွာ တောင့်ခံထားနိုင်တာကိုက ထူးခြားတဲ့ စွမ်းရည်ပါပဲ။ "

" အောက်ချွီးယန်ဆုံရှုံးသွားတော့ ချွီယန်မြို့က သီးခြားဖြစ်သွားပြီပေါ့။ " ကျောက်န်က ဒေါသထွက်နေသည်။

" အခု စစ်သေနာပတိချုပ်လျန်ပိုရဲ့ အခြေအနေ ဘယ်လိုလဲ။ " ကျောက်ယိက မေးလိုက်သည်။

လျန်ပိုက ကျောက်နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အကယ်၍ လျန်ပိုသာ ကျဆုံးသွားလျှင် ကျောက်နိုင်ငံက အန္တရာယ်ထဲသို့ ကျရောက်သွားပေလိမ့်မည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " သံတမန်က ဝမ်းနည်းသော အမူအရာနှင့် သူ၏ ဝတ်ရုံထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။ " စစ်သေနာပတိချုပ်က ကျွန်တော်မျိုးကို စာတစ်စောင် ပေးခိုင်လိုက်ပါတယ်။ ဒါက စစ်သေနာပတိချုပ်ရဲ့ နောက်ဆုံး သေတမ်းစာပါ။ "

" ငါ အဲ့ဒါကို မဖတ်ဘူး။ ငါ့ကို ဖတ်ပြစမ်း။ " ကျောက်ယန်က စိတ်မရှည်ပဲ ပြောလိုက်သည်။

" ကျွန်တော်မျိုး စာမတတ်ပါဘူး။ " သံတမန်က ကြောက်ရွံ့စွာ ပြောလိုက်သည်။

ကျောက်ယိက သူ့ကိုသူ မထိန်းချုပ်နိုင်တော့ဘဲ ရှေ့တိုးလာပြီး သံတမန်၏ လက်ထဲမှ စာကို ယူလိုက်သည်။ ထို့နောက် သူက စာကို ဖွင့်ဖတ်လိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။

" စစ်သေနာပတိချုပ်က ဆုတ်ခွာဖို့ မစဉ်းစားထားဘူးလား။ သူက ချင်စစ်တပ်ကို ခုခံပြီး ချွီယန်မြို့မှာ အသေခံဖို့ ရည်ရွယ်ထားတာပဲ။ " ကျောက်ယိက တုန်ရီနေသော အသံနှင့် ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ယန်၏ အမူအရာက ပြန်လည်ကြည်လင်လာသည်။

" စစ်သေနာပတိချုပ်က သိက္ခာရှိတဲ့ လူတစ်ယောက်ပဲ။ သူက ချွီယန်မြို့မှာ အသေခံခုခံနေတော့ ကျောက်နိုင်ငံက ကာကွယ်ရေးကို စုစည်းဖို့ အချိန်ပိုရသွားတာပေါ့။ ဝန်ကြီးချုပ် အစည်းအဝေးပြီးတာနဲ့ ကျင်းယန်ကို ​ကာကွယ်ဖို့ ခရိုင်စောင့်တပ်ဖွဲ့တွေကို စုစည်းလိုက်တော့။ "

" စစ်သူကြီးယန်ကျူး ယန်ကျူးရဲ့ ကာကွယ်ရေးကို ကြီးကြပ်ပေးဖို့ ငါမင်းက တာဝန်ပေးချင်တယ်။ "

စစ်သူကြီးတစ်ယောက်က ရှေ့ထွက်လာပြီး ဦးညွှတ်လိုက်သည်။ " အမိန့်အတိုင်းပါ အရှင်မင်းကြီး။ "

" အရှင်မင်းကြီး အခြေအနေက ဒီလောက်ထိတောင်ရောက်နေပြီ။ စစ်သေနာပတိချုပ်လျန်ပိုကလည်း သူ့ရဲ့ နောက်ဆုံး သေတမ်းစာကိုတောင် တင်ပြထားပြီ။ ဒါတောင် အရှင်မင်းကြီးက ဒီမိုက်မဲတဲ့အလုပ်ကို ဆက်လုပ်နေပြီး ယန်နိုင်ငံက စစ်တပ်ကို ပြန်ခေါ်ဖို့ ငြင်းနေတုန်းပဲလား။ " ကျောက်ယိက စိတ်မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။

" ယန်နိုင်ငံကို တိုက်ခိုက်နေတဲ့ စစ်တပ်ကို ပြန်ခေါ်မှ ကျောက်နိုင်ငံကို ကယ်တင်နိုင်လိမ့်မယ်။ သာမန်စစ်သည်တစ်သိန်းကျော်က ချင်ရဲ့ အထူးစစ်သည်တွေကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။ "

ကျောက်ယိ၏ အပြစ်တင်သော စကားများကို ကြားသောအခါ ကျောက်ယန်က အလွန်ဒေါသထွက်သွားသည်။

" ကျောက်ယိ မင်း ရိုင်းလှချည်လား။ " ကောခိုင်က သစ္စာကြီးသူတစ်ယောက်သဖွယ် ရှေ့ထွက်လာသည်။

" အရှင်မင်းကြီးကို ဒီလိုမရိုမသေ လုပ်ရဲတယ်ပေါ့။ အရှင်မင်းကြီးက ကျောက်နိုင်ငံရဲ့ အုပ်ချုပ်သူပဲ။ အရာအားလုံးကို သူပိုင်ဆိုင်တယ်။ အရှင်မင်းကြီးက ဆုံးဖြတ်ချက်ချပြီးပြီ။ မင်းက ဘာလို့ ဒီလိုအဓိပ္ပါယ်မရှိတဲ့ စကားတွေ ဆက်ပြောနေတာလဲ။ "

" အရှင်မင်းကြီးက ကျောက်နိုင်ငံရဲ့ အုပ်ချုပ်သူဆိုတာ မှန်တယ်။ ဒါပေမယ့် ကျောက်နိုင်ငံသာ ပျက်စီးသွားရင် သူက ဘုရင်ဖြစ်နေဦးမှာလား။ " ကျောက်ယိက ပြန်လည်ချေပလိုက်ပြီး အသည်းအသန် အသနားခံလိုက်သည်။

" ကျွန်တော်မျိုးကျောက်ယိ အရှင်မင်းကြီးကို အသနားခံပါတယ်။ ယန်နိုင်ငံကညစစ်တပ်ကို စစ်ကူအဖြစ် ပြန်ခေါ်ပေးပါ။ စစ်သေနာပတိချုပ်လျန်ပိုက အသက်နဲ့ရင်းပြီး ယူပေးထားတဲ့ အချိန်ကို အလဟဿ မဖြုန်းတီးသင့်ပါဘူး။ "

" တိတ်စမ်း။ " ကျောက်ယန်က အမိန့်ပေးလိုက်သည်။ " ယန်နိုင်ငံကို ဖျက်ဆီးမယ့် စစ်ဆင်ရေးက ရပ်လို့မရဘူး။ လျန်ပိုက တောင့်ခံနိုင်ပါသေးတယ်။ ငါ့မှာလည်း ကာကွယ်ဖို့ ခရိုင်စောင့်တပ်ဖွဲ့ တစ်သိန်းကျော်ရှိနေသေးတယ်။ ချင်စစ်တပ်က ဘယ်လောက်ပဲ သန်မာနေပါစေ။ လူနှစ်သိန်း ကာကွယ်ထားတဲ့ မြို့ကို တစ်နှစ်အတွင်း ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ "

" ငါ့ရဲ့ အမိန့်တော်ကို ပို့လိုက်။ စစ်သူကြီးဖန်ရွှမ်ကို သူ့ရဲ့ စစ်ဆင်ရေးကို အရှိန်မြှင့်ဖို့ ပြောလိုက်။ ပြီးတော့ ကျောက်နိုင်ငံက ကိစ္စတွေကို စိတ်မပူဖို့ ပြောလိုက်။ "

" ညီလာခံသိမ်းမယ်။ " ကျောက်ယန်က အေးစက်စွာ ပြောလိုက်သည်။ သူက အင်္ကျီလက်ကို ခါပြီး လုံထိုင်နန်းတော်ထဲမှ ထွက်ခွာသွားသည်။

ထွက်သွားသော ကျောက်ယန်ကို ကြည့်ပြီး ကျောက်ယိက စိတ်မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ " ကျောက်ယန် မင်း ဒါကို နောင်တရလိမ့်မယ်။ ကျောက်နိုင်ငံက မင်းရဲ့ လက်ထဲမှာ ပျက်စီးရလိမ့်မယ်။ "

All Chapters