← Chapters

အခန်း (၁၄၂)

Vol. 15 Ch. 142

အခန်း (၁၄၂)

Vol. 15 Ch. 142

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၄၂)

" ငါမင်းတို့ကို ဘာအမိန့်တွေ ပေးခဲ့တာလဲ။ " ကျောက်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။

" မင်းက ဝေမြို့က ထွက်သွားတယ်။ ကျုပ်တို့ကလည်း မင်းနဲ့ အဆက်အသွယ်မရဘူး။ ဒါကြောင့် မင်းတိုက်ပွဲကနေ ထွက်ပြေးသွားပြီလို့ ကျုပ်တို့ယူဆခဲ့တယ်။" ကျောက်ထို့က အလျှော့မပေးဘဲ ဆက်ပြောလိုက်သည်။

" အခုထိတောင် မင်းက ငြင်းချင်သေးတာပဲ။ " ကျောက်ဖုန်းက စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။ " ငါမင်းကို အထင်ကြီးမိသွားပုံပဲ။ "

" စစ်တရားသူကြီး ခွိုက် ချန်တောက်နဲ့ ကျောက်ထို့တို့ရဲ့ စွဲချက်တွေကို ရေးမှတ်ပြီး​ပြီလား။ " ကျောက်ဖုန်းက ခွိုက်ဖုလက်သို့ လှည့်ပြီး မေးလိုက်သည်။

" အားလုံးမှတ်တမ်းတင်ပြီးပါပြီ။ စစ်သူကြီးရဲ့အောင်မြင်မှုနဲ့အတူ စစ်သေနာပတိချုပ်ကို တင်ပြသွားမှာပါ။ " ခွိုက်ဖုက ပြောလိုက်သည်။

" စစ်တရားသူကြီးခွိုက် အဲ့ဒါကို ဖတ်ပြပါဦး။ သူတို့ ဘယ်လိုငြင်းမလဲဆိုတာ ငါသိချင်မိတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ခွိုက်ဖုက ခေါင်းညိမ့်ပြီး ထိတ်လန့်နေသော ချန်တောက်နှင့် ကျောက်ထို့တို့ရှေ့သို့ လျှောက်သွားသည်။

" စစ်သူကြီးကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ အမိန့်တော်အရ ဝေမြို့ကို ကာကွယ်ခဲ့တယ်။ ဝေစစ်တပ်က ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်။ ရက်ပေါင်း နှစ်ဆယ်ကြာအောင် ခုခံပြီးတဲ့နောက်မှာ ချင်စစ်သည်တွေရဲ့ စည်းလုံးမှုကြောင့် ဝေမြို့ကို ကာကွယ်နိုင်ခဲ့တယ်။ "

" ဒါပေမယ့် ဒီအချိန်အတွင်း တပ်မှူး ချန်တောက်နဲ့ ကျောက်ထို့တို့က အမိန့်ကို ဖီဆန်ခဲ့ကြတယ်။ သူတို့က မြို့ကို မကာကွယ်ဘဲ မြို့ကို စွန့်ခွာပြေးခဲ့ကြပါတယ်။ ချန်တောက်နဲ့ ကျောက်ထို့ရဲ့ ပြစ်မှုတွေက ပထမ အမိန့်ကို ဖီဆန်တယ်။ ဒုတိယ တာဝန်ကို စွန့်ခွာပြီး ချင်နယ်မြေနဲ့ ရဲဘော်ရဲဘက်တွေကို စွန့်ပစ်ခဲ့တယ်။ ဒီပြစ်မှုနှစ်ခုအတွက် စစ်တရားသူကြီးက သူတို့မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တယ်။ " ခွိုက်ဖုက ကျယ်လောင်စွာ ကြေညာလိုက်သည်။

သူ၏ စကားအဆုံးတွင် ချန်တောက်နှင့် ကျောက်ထို့တို့၏ မျက်နှာများက ဖြူဖျော့သွားကြသည်။ အကယ်၍ ကျောက်ဖုန်းကိုယ်တိုင်က အရေးယူလျှင် ၎င်းက စစ်တပ်စည်းမျဉ်းများသာ ဖြစ်သည်။ သို့သော် ယခု စစ်တရားသူကြီးက ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး စစ်သေနာပတိချုပ်ဆီသို့ အစီရင်ခံမည်ဖြစ်သည်။

ထိုအချိန်တွင် ကျောက်ထို့က သူ့ကိုသူ မထိန်းချုပ်နိုင်တော့ဘဲ ရုန်းကန်ထလိုက်ပြီး ကျောက်ဖုန်းကို လက်ညှိုးထိုးကာ ပြောဆိုလိုက်သည်။

" ကျောက်ဖုန်း မင်း အောက်တန်းစား လူယုတ်မာ။ မင်းပ ငါတို့ကို ​စစ်မြေပြင်မှာ အကျိုးအမြတ်မရအောင် ဖိနှိပ်ထားတယ်။ ငါ အပြစ်ပေးခံရရင်တောင် မင်းရဲ့ အရှက်မရှိတဲ့ ယုတ်မာမှုတွေကို ငါအစီရင်ခံမယ်။ မင်းရဲ့ လူတွေကို မျက်နှာသာပေးတာကိုလည်း ငါတိုင်မယ်။ "

ကျောက်ဖုန်းက ဘာမှပြန်မပြောဘဲ သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ ကိုယ်ရံတော်နှစ်ယောက်က ရှေ့တိုးလာပြီး တစ်ယော​က်က ကျောက်ထို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

ဖြောင်း....

ထိုရိုက်ချက်ကြောင့် ကျောက်ထို့က မှင်သက်သွားသည်။ နောက်ထပ်တစ်ယောက်က ကျောက်ထို့ကို ကန်ကျောက်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားစေသည်။

" တိုင်ချင်ရင် တိုင်လို့ရတယ်။ ဒါပေမယ့် အခုကစပြီး ငါ့ရဲ့ ကွပ်ကဲမှုအောက်မှာ မင်းတို့အတွက် နေရာမရှိတော့ဘူး။ ငါမင်းတို့ကို ဖိနှိပ်ထားတယ်ဆိုတာလည်း သွားတိုင်လို့ရတယ်။ အရှင်မင်းက ငါ့ကို ဝေမြို့မှာရှိတဲ့ စစ်တပ်တစ်ခုလုံးအပေါ် အာဏာအပြည့်အဝ ပေးထားတယ်။ ငါက မင်းတို့အလိုကျ စစ်အင်အားကို ဖြန့်ကျက်ပေးရမှာလား။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်လိုက်သည်။

" ဒီနေ့ကစပြီး ချန်တောက်နဲ့ ကျောက်ထို့တို့ကို တပ်မှူးရာထူးကနေ ထုတ်ပယ်လိုက််တယ်။ သူတို့ရဲ့ တပ်ဖွဲ့နှစ်ခုကို ငါ့ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်ကို ရွှေ့ပြောင်းလိုက်တယ်။ ချန်တောက်နဲ့ ကျောက်ထို့ကို ထောင်ထဲထည့်ထားလို့။ ငါ့အမိန့်မရှိဘဲ ဘယ်သူနဲ့မှတွေ့ခွင့်မပေးနဲ့။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့ပါ စစ်သူကြီး။ " ကိုယ်ရံတော်များက ချက်ချင်း ပြန်ပြောလိုက်ပြီး သူတို့နှစ်ယောက်ကို ခန်းမထဲမှ ခေါ်ထုတ်သွားကြသည်။

ချန်တောက်၏ မျက်နှာက ဖြူဖျော့နေပြီး စိတ်ဓာတ်များ ကျဆင်းနေသည်။ ကျောက်ထို့က ရုန်းကန်နေပြီး အော်ဟစ်ပြောဆိုနေသည်။

" ကျောက်ဖုန်း မင် သိပ်မမောက်မာနဲ့ယာ ငါမင်းကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး။ "

ချန်တောက်နှင့် ကျောက်ထို့တို့ ခေါ်ထုတ်သွားသည်ကို ကြဘ့်ပြီး အခြားတပ်မှူးများ၏ မျက်နှာတွင် ကျေနပ်သော အမူအရာများ ပေါ်လာကြသည်။

" အပြစ်ပေးတာကောင်းတယ်။ " တုဆွေက ဒေါသနှင့် ပြောလိုက်သည်။ " ဒီနှစ်ယောက်က ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ ထိုက်တန်တယ်။ ငါတို့က ဝေစစ်တပ်နဲ့ အသေခံတိုက်နေချိန်မှာ သူတို့က သူတို့တပ်ဖွဲ့တွေခေါ်ပြီး မြို့ကို စွန့်ခွာသွားကြတယ်။ တကယ်လို့ ငါတို့သာ မြို့ကို မထိန်းနိုင်ရင် ငါတို့အားလုံး သေမှာပဲ။ "

" မှန်တယ်။ " နောက်ထပ်တပ်မှူးတစ်ယောက်က ထောက်ခံလိုက်သည်။ " အထက်က သူတို့ကို ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့ မျှော်လင့်ရမယ်။ "

" ဒါပေမယ့် အခု တိုးလာတဲ့ စစ်သည်နှစ်သောင်းနဲ့ဆို ငါ့ရဲ့ နောက်ထပ် စစ်ဆင်ရေးကို ဆက်လုပ်လို့ရပြီ။ " ကျောက်ဖုန်းက စဉ်းစားဟန်နှင့် ပြောလိုက်သည်။

" စစ်သူကြီးက တိုက်စစ်ကို ဆက်လုပ်မယ်လို့ ဆိုလိုတာလား။ " တုဆွေက ကျောက်ဖုန်း၏ စကားကို နားလည်ပြီး သူ၏ မျက်လုံးများက တောက်ပသွားသည်။

အခြားတပ်မှူးများကလည်း ကျောက်ဖုန်းကို အံ့ဩစွာဖြင့် ကြည့်နေကြသည်။

" ဝေစစ်တပ်က ပထမဆုံး စတိုက်ကတည်းက ခုခံတာက ငါ့ရည်ရွယ်ချက်မဟုတ်ဘူးလို့ ငါပြောခဲ့တာပဲ။ ငါက ခုခံဖို့ သက်သက်သာဆိုရင် ငါ မြို့ရိုးပေါ် ရပ်နေရုံနဲ့ ဝေစစ်တပ်က မြို့ရိုးကို ထိုးဖောက်ဖို့ အိပ်မက်တောင် မက်နိုင်မှာမဟုတ်ဘူး။ "

" ဒါပေမယ့် ငါတို့ ဝေစစ်တပ်ကို ချေမှုန်းဖို့ အလစ်ငိုက်တိုက်ခိုက်ခဲ့တာက နောက်ဆက်တွဲ တိုက်စစ်ဆင်ဖို့အတွက်ပဲ။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ကဲ ထားပါတော့။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " မင်းတို့အားလုံး ဝေမြို့ကို ရက်ပေါင်းများစွာ ခုခံခဲ့ကြတယ်။ အခုတော့ သွားနားလိုက်ကြဦး။ "

" စစ်သူကြီးကမှ တကယ်ပင်ပန်းနေတာပါ။ မြစ်ကို ဖြတ်ကျော်ပြီး ဝေစစ်တပ်ကို အလစ်ငိုက်တိုက်ခိုက်ခဲ့တာပဲ။ " တုဆွေက ပြန်ပြောလိုက်သည်။

" မင်းကတော့ အနားမယူချင်ဘူးထင်တယ်။ " ကျောက်ဖုန်းက တုဆွေ၏ အတွေးကို သိသဖြင့် ပြုံး၍ မေးလိုက်သည်။

" စစ်သူကြီး...." တုဆွေက ရှေ့တိုးပြီး ပြောလိုက်သည်။ " တကယ်လို့ တိုက်စစ်ကို ဆက်လုပ်မယ်ဆိုရင် ကျွန်တော်ကို ပါဝင်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ "

သူ၏ စကားကို ကြားသောအခါ တပ်မှူးများ၏ မျက်လုံးများက တောက်ပသွားသည်။

" ကျွန်တော်တို့ကိုလည်း တိုက်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ " တပ်မှူးအားလုံးက ထရပ်ပြီး ပြောလိုက်ကြသည်။

" ဝေဝူကျိက ရက်နှစ်ဆယ်ကျော် တိုက်ခိုက်ခဲ့တော့ မြို့ကို ခုခံနေတဲ့ ငါတို့ စစ်သည်တွေက ပင်ပန်းနေကြပြီ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " တကယ်လို့ အနားမယူဘဲ တိုက်ရင် သေမင်းကို ဖိတ်ခေါ်သလိုဖြစ်ပြီး တစ်တပ်လုံး အန္တရာယ်ရှိသွားနိုင်တယ်။ "

" နားလည်ပါပြီ။ " တုဆွေက ၎င်းကို ကြားသောအခါ လေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။

" ဒါပေမယ့် ကျောက်ဖုန်းက ဆက်ပြောလိုက်သည်။ " ငါမင်းတို့ကို နှစ်ရက် အနားပေးမယ်။ အဲ့ဒီနောက်မှာ စစ်သည်တစ်သောင်းပဲ အလောင်းတွေကို ရှင်းလင်းဖို့ ဝေမြို့မှာ ကျန်ခဲ့ရမယ်။ ကျန်တဲ့လူတွေကတော့ စစ်ချီရမယ်။ "

၎င်းကို ကြားသောအခါ တပ်မှူးအားလုံး၏ မျက်နှာများက မျှော်လင့်ချက်များနှင့် တောက်ပသွားသည်။

" ကျန်းဟန်က ငါနဲ့အတူ ဒီစစ်ဆင်ရေးမှာ လိုက်ပါခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့ပြီးပြီ။ ဝေမြို့ကို စောင့်ကြပ်ဖို့ သူတာဝန်ယူရမယ်။ ကျန်တဲ့လူတွေကတော့ နှစ်ရက်နားပြီး ငါ့နောက်ကို လိုက်ခဲ့ရမယ်။ "

" အမိန့်အတိုင်းပါ။ " တပ်မှူးများက တက်ကြွစွာ ပြန်ပြောလိုက်ကြသည်။

" စစ်သူကြီး ဒီတစ်ခါ ဝေနိုင်ငံရဲ့ ဘယ်နေရာကို တိုက်ခိုက်ဖို့ စီစဉ်ထားလဲ။ " တုဆွေက သိလိုစိတ်နှင့် မေးလိုက်သည်။ " တကယ်လို့ ကျွန်တော်တို့က ဝေကို စစ်ချီရင် အသာစီးရဖို့ ခက်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ချင်က ကျောက်ကို တိုက်ခိုက်နေတာပဲ။ "

" ငါက ဝေကို ဆက်တိုက်မယ်လို့ ဘယ်တုန်းက ပြောလို့လဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

" ဒါဆို စစ်သူကြီးဆိုလိုတာက..." တုဆွေက အံ့ဩတကြီး မေးလိုက်သည်။

" ယင်ချွမ်းကနေ ကျောက်နိုင်ငံကို သွားတဲ့လမ်းကို ငါရှင်းမယ်။ ငါ ကျောက်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းတဲ့ စစ်ပွဲမှာ ပါဝင်ဖို့ ရယ်ရွယ်ထားတယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။

" ယင်ချွမ်းကနေ ကျောက်နိုင်ငံသွားတဲ့ လမ်းကို ရှင်းမှာလား။ " တပ်မှူးအားလုံးက ကျောက်ဖုန်း၏ အစီအစဉ်ကြောင့် အံ့အားသင့်သွားကြသည်။ သူတို့၏ အကြည့်က ခန်းမထဲမှ မြေပုံဆီသို့ ကျရောက်သွားသည်။

" ဝေနိုင်ငံကနေ ကျောက်နိုင်ငံကို အကွာအဝေးက လီတစ်ထောင်နီးပါးရှိတယ်။ လမ်းရှင်းဖို့က ဘယ်လောက်တောင်ကြာမလဲ။ " ချီရှန်းက မနေနိုင်ဘဲ မေးလိုက်သည်။

" အခု ဝေမြို့က အကျပ်အတည်းက ပြေလည်သွားပြီဆိုတော့ ငါတို့မှာ အချိန်အများကြီးရှိပါတယ်။ တစ်လ၊ နှစ်လ ဒီစစ်ဆင်ရေးကို ထိန်းထားဖို့ ရိက္ခာတွေလည်း အလုံအလောက်ရှိတယ်။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

ဝေမြို့တွင် ချင်နန်းတော်မှ ပို့ဆောင်ထားသော ရိက္ခာများရှိပြီး ၎င်းက စစ်သည်တစ်သိန်းအတွက် သုံးလစာ လုံလောက်ပေသည်။ ထို့အပြင် ဝေဝူကျိက လူနှစ်သိန်းနီးပါး စစ်တပ်အတွက် ရိက္ခာများကို ရှန်းဝေမြို့တွင် သိုလှောင်ထားခဲ့သည်။

ထိုရိက္ခာများနှင့် ကျောက်ဖုန်းက ရိက္ခာအတွက် စိုးရိမ်စရာမလိုဘဲ စစ်ဆင်ရေးတစ်ခုကို ယုံကြည်မှုရှိစွာ ဆင်နွှဲနိုင်သည်။

" စစ်သူကြီး " တုဆွေက စိုးရိမ်တကြီး ပြောလိုက်သည်။ " ကျွန်တော်တို့က မြစ်ကို ဖြတ်ဖို့ ခြေကုပ်စခန်းမရှိသလို ဝေစစ်တပ်ကလည်း ဝေမြစ်တစ်လျှောက်မှာ ချောင်းမြောင်းတိုက်ခိုက်နိုင်ပါတယ်။ "

" သူတို့က ဝေမြစ်မှာ ချောင်းမြောင်းတိုက်ခိုက်ရဲမှာမဟုတ်ဘူး။ ဒီတစ်ကြိမ်မှာ ငါတို့က ဝေနိုင်ငံထဲကို တိုက်ရိုက်ဖြတ်ကျော်ဝင်ရောက်မှာပဲ။ ကုန်းလမ်းကနေ သွားဖို့မလိုဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" စစ်သူကြီးက ဝေနိုင်ငံမှ လျို့ဝှက်အင်အားစုတစ်ခုများ ရှိနေတာလား။ " တုဆွေက အံ့ဩစွာဖြင့် ပြောလိုက်သည်။ အခြားတပ်မှူးများကလည်း ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။

All Chapters