အခန်း (၁၄၄)
Vol. 15 Ch. 144
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၄၄)
ကျောက်ဖုန်းက ဝေစစ်တပ်၏ ပြင်ဆင်မှုကို ချက်ချင်း မြင်လိုက်ရသည်။ သူတို့က ဒိုင်းများကို မြှောက်ကာ လှံများကို အသင့်ပြင်ထားကြသည်။ သို့သော် ကျောက်ဖုန်းက လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ရှေ့သို့ ဆက်တက်သွားသည်။
မြှားပစ်ကွင်းထဲသို့ ရောက်သည်နှင့် ေ က်ဖုန်းက သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်သည်။ " လေးသည်တော်တို့။ "
" ဟေ့ ဟေ့ ဟေ့...." ကြွေးကြော်သံနှင့်အတူ ချင်လေးစစ်သည်ထောင်ချီက မြှားများကို ပစ်လွှတ်လိုက်ကြသည်။ ခဏအတွင်း ဝေစစ်သည်များပေါ်သို့ မြားမိုးက ရွာကျလာသည်။
" ဒိုင်းတံတိုင်း..." ကုန်းစွန်းရှီက ဟိန်းဟောက်လိုက်သည်။
ဝေဝူတပ်ဖွဲ့ဝင်များက ဒိုင်းများကို မြှောက်ပြီး ချင်စစ်သည်များ၏ မြားများကို ခုခံလိုက်ကြသည်။
ရွှီး ရွှီး ရွှီး.....
မြှားမိုးများ ရွာကျလာသည်။ မြားအများစုက ဒိုင်းများနှင့် ထိပြီး လွင့်စင်သွားကြသော်လည်း မြားအချို့က အပေါက်များမှတစ်ဆင့် ဝေစစ်သည်များကို ထိုးဖောက်သွားသည်။ ထိခိုက်ကျဆုံးမှုများ ရှိသော်လည်း ဝေဝူတပ်ဖွဲ့က ယိမ်းယိုင်ခြင်းမရှိဘဲ ဒိုင်းများနောက်တွင် တည်ငြိမ်စွာ ရပ်နေကြသည်။
ကျောက်ဖုန်းက အကွာအဝေးကို လျင်မြန်စွာ ကျဉ်းမြောင်းလိုက်သည်။ လေးစစ်သည်များက ဆက်တိုက်ပစ်ခတ်နေကြစဉ် ကျန်သော ချင်စစ်သည်များက ရှေ့သို့ တုန်ထိုး တက်သွားကြသည်။ သူတို့က ဝေဝူတပ်ဖွဲ့နားသို့ ရောက်သွားသည်နှင့် ဒိုင်းများကြားမှ လှံများ ထွက်ပေါ်လာသည်။
" သတ်...." ကျောက်ဖုန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ အာဏာရှင်လှံကို ဝေ့ရမ်းလိုက်သည်။ လှံဖျားမှ မမြင်နိုင်သော စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း....
" အား..." ဝေစစ်သည်ဆယ်ယောက်ကျော်က ဒိုင်းများနှင့်အတူ လွင့်ထွက်သွားကြပြီး ရိုက်ချက်၏ အရှိန်ကြောင့် ချက်ချင်း သေဆုံးသွားကြသည်။
" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅ မှတ် ရရှိပါတယ်။ "
" ဝေစစ်သည်တစ်ယောက်ကို...."
စွမ်းရည်များကို စုဆောင်းမိသော အသိပေးချက်များက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ရန်သူတပ်ထဲသို့ တိုးဝင်သွားသည်။ သူ၏ အာဏာရှင်လှံက ဝေစစ်သည်များကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေသည်။
" စစ်သူကြီးနောက်ကို လိုက်ကြ။ သတ်..." စစ်သည်နှစ်သောင်းက မိုးကြိုးပစ်သကဲ့သို့ ဟိန်းဟောက်လိုက်ပြီး ဝေစစ်တပ်ထဲသို့ ကျောက်ဖုန်းနှင့်အတူ တိုးဝင်သွားကြသည်။
ကံကြမ္မာအရာရှိတံဆိပ်ကြောင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများနှင့် စိတ်ဓာတ်က နှစ်ဆမြင့်တက်လာပြီး ဝေစစ်သည်များကို ပြင်းထန်စွာ တိုက်ခိုက်တော့သည်။ တစ်နာရီကျော်အတွင်း အားနည်းပြီး စိတ်ဓာတ်ကျနေသော ဝေစစ်သည်များက ပြိုကွဲသွားကြသည်။
ဝေဝူတပ်ဖွဲ့ဝင် အနည်းငယ်သာ ကျန်တော့သည့်အချိန်တွင် ကုန်းစွန်းရှီက ချင်စစ်တပ်၏ ဝန်းရံမှုကို ခံလိုက်ရသည်။ ပတ်ဝန်းကျင်မှ ချင်စစ်သည်များက သားကောင်ကို ဝိုင်းထားသော ဝံပုလွေများသဖွယ် ကြည့်နေကြသည်။
" ကျောက်ဖုန်း " ကုန်းစွန်းရှီက ထိုက်တန်သော ပြိုင်ဘက်တစ်ယောက်ဖြစ်သည့် ကျောက်ဖုန်းကို လေးစားစွာ ကြည့်လိုက်သည်။
" မင်းက တကယ်ကို ကြောက်စရာကောင်းတယ်။ ဒီတိုက်ပွဲမှာ ငါတို့ဝေနိုင်ငံက ရှုံးနိမ့်သွားပြီ။ "
ကုန်းစွန်းရှီကလည်း ဝေစစ်တပ်ရှုံးနိမ့်သွားသောကြောင့် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော် နောက်ဆုံးတွင် စစ်ပွဲက စစ်ပွဲသာဖြစ်သည်။ ၎င်းက အရည်အချင်းကွာခြားသွားသော ကိစ္စဖြစ်သည်။
" မင်း တကယ်ပဲ ငါ့ကို မမုန်းဘူးလား။ " ကျောက်ဖုန်းက ကုန်းစွန်းရှီကို အံ့ဩစွာ ကြည့်လိုက်သည်။
ဝေစစ်သည်ကြီး၏ မျက်နှာတွင် မကျေနပ်မှုများ ရှိနေသော်လည်း သူ၏ မျက်လုံးထဲတွင် အမုန်းတရားများ မရှိပေ။
" ငါက ဘာလို့မုန်းရမှာလဲ။ " ကုန်းစွန်းရှီက ပြောလိုက်သည်။ " နောက်ဆုံးမှာ ငါတို့က ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တာပဲ။ တကယ်လို့ မင်းသယ ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် မင်းရော အမုန်းတရားကို ခံစားရမှာလား။ "
" မင်း ဘာတွေးနေလဲဆိုတာ ငါသိပေမယ့် ငါတစ်ခုတော့ ပြောချင်သေးတယ်။ " ကျောက်ဖုန်းက ကုန်းစွန်းရှီကို အထင်ကြီးသွားမိသည်။ " တကယ်လို့ မင်းအညံ့ခံမယ်ဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးနိုင်တယ်။ "
ကုန်းစွန်းရှီက ရယ်မောပြီး ခေါင်းခါလိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ စေတနာအတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဝေဝူတပ်ဖွဲ့ဝင်တွေက အညံ့ခံဖို့ထက် အသေခံဖို့ပဲ ရွေးချယ်လိုက်မယ်။ ဝေဝူတပ်ဖွဲ့ရဲ့ စစ်သူကြီးအနေနဲ့ ငါက အညံ့ခံမှာမဟုတ်ဘူး။ "
" မင်းနာမည်ဘယ်လိုခေါ်လဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ကုန်းစွန်းရှီ..."
" မင်းရဲ့ နာမည်က ငါမှတ်ထားဖို့ ထိုက်တန်တယ်။ ပြီးတော့ ငါကိုယ်တိုင် သတ်ဖြတ်တာကိုလည်း ခံယူဖို့ ထိုက်တန်တယ်။ " ကျောက်ဖုန်းက သူ၏ မြင်းကို ရှေ့သို့ မောင်းနှင်လိုက်သည်။
" ကျေးဇူးတင်ပါတယ် စစ်သူကြီးကျောက်။ " ကုန်းစွန်းရှီက ရယ်မောလိုက်သည်။ သူက လှံကို မြှောက်က မြင်း၏နံဘေးကို ရိုက်လိုက်ပြီး ကျောက်ဖုန်းဆီသို့ တဟုန်ထိုး တက်သွားသည်။
ကုန်းစွန်းရှီ၏ လှံက တိုးထွက်လာသော အချိန်တွင် ကျောက်ဖုန်းက ဘေးသို့ အလွယ်တကူ ရှောင်တိမ်းလိုက်သည်။ သို့သော် သူ၏ လှံကတော့ ကုန်းစွန်းရှီ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။
" ဝေါ့... ငါ ငါရှုံးသွားပြီ။ " ကုန်းစွန်းရှီက သူ၏ ရင်ဘတ်မှ သွေးများ ပန်းထွက်နေသော ဒဏ်ရာကို ကြည့်ပြီး နာကျင်စွာဖြင့် ပြုံးလိုက်သည်။
" နှုတ်ဆက်ပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ သူက လှံကို ဆွဲထုတ်လိုက်ပြီးနောက် ကုန်းစွန်းရှီက အသက်ပျောက်သွားခဲ့သည်။
" ဝေစစ်သူကြီးကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၃၀မှတ် ရရှိပါတယ်။ "
ကျောက်ဖုန်းက သူ၏ ရှေ့မှ ဝေဝူတပ်ဖွဲ့ဝင် ရာချီကို ကြည့်ပြီး သူ၏ လက်ကို ဝှေ့ရမ်းကာ အမိန့်ပေးလိုက်သည်။
" သတ်...." ချင်စစ်သည်များက ရှေ့သို့ တိုးဝင်သွားကြပြီး ခဏအတွင်း ကျန်ရှိသော ဝေဝူတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
" ငါတို့ရဲ့ ပစ်မှတ်က ရှန်းဝေမြို့ပဲ။ ဆက်ပြီးလိုက်ကြ။ " ကျောက်ဖုန်းက သူ၏ လှံကို မြှောက်ပြီး အော်ပြောလိုက်သည်။
" ဒီတိုက်ပွဲမှာ ဘယ်သူကိုမှ အရှင်မထားနဲ့။ လိုက်ကြ။ "
ယင်ချွမ်းခရိုင်။
" ဝေမြို့ကနေ အရေးပေါ် အစီရင်ခံ ရောက်လာပါတယ်။ "
အစီရင်ခံစာက နယ်စားမင်း၏ ရုံးတော်သို့ ရောက်ရှိလာသည်။ မုန့်ယိက ပင်မထိုင်ခုံတွင် ထိုင်နေပြီး လီထန်က ဘေးတွင် ရှိနေသည်။ ဟန်အရာရှိများက ချင်ကို ပုန်ကန်ရန် အင်အားစုစည်းနေကြပြီး ယင်ချွမ်းခရိုတစ်ခုလုံး ဖရိုဖရဲဖြစ်နေသောကြောင့် သူတို့က ၎င်းကို ဖြေရှင်းနေရသည်။
" ဝေမြို့ ကျသွားပြီလား။ " မုန့်ယိက အစီရင်ခံစာကို ကြားသည်နှင့် စိုးရိမ်တကြီး မေးလိုက်သည်။
" နောက်ဆုံးတော့ မထိန်းနိုင်တော့ဘူးပေါ့။ " လီထန်က သက်ပြင်းချလိုက်သည်။
သူတို့က အစီရင်ခံစာကို မဖတ်ရသေးသော်လည်း ဝေမြို့ကျဆုံးသွားပြီဟုသာ သတ်မှတ်လိုက်ကြသည်။ သူတို့က အခြားရလဒ်ကို မတွေးမိကြပေ။
" စစ်သူကြီး..." သံတမန်က အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ " ဒီအစီရင်ခံစာက မြို့ကျဆုံးသွားတဲ့အကြောင်း မဟုတ်ပါဘူး။ "
သူက ကျောက်ဖုန်း၏ လက်အောက်မှဖြစ်ပြီး ဝေမြို့မှ တစ်လမ်းလုံး မြင်းစီးလာခဲ့ခြင်း ဖြစ်သည်။ ဝေမြို့တိုက်ပွဲက ပြီးဆုံးသွားပြီး စစ်သည်များက အလောင်းများရှင်းလင်းကာ အနားယူနေကြသည်။
" မြို့ကျဆုံးသွားတဲ့အကြောင်းမဟုတ်ဘူးလား။ "
မုန့်ယိနှင့် လီထန်တို့က တစ်ယောက်ိုတစ်ယောက် ကြည့်လိုက်ကြသည်။ လီထန်က အသီရင်ခံစာကို ယူပြီး ဖတ်လိုက်သည်။ သူဖတ်ပြီးသည်နှင့် သူ၏ အမူအရာက ပြောင်းလဲသွားသည်။
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
" ဘာဖြစ်တာလဲ။ " မုန့်ယိက ချက်ချင်း မေးလိုက်သည်။
" နယ်စားမင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့။ " လီထန်က အံ့ဩစွာဖြင့် အစီရင်ခံစာကို မုန့်ယိကို ပေးလိုက်သည်။
မုန့်ယိကလည်း အစီရင်ခံစာကို ယူဖတ်လိုက်သောအခါ သူ၏ အမူအရာကလည်း လီထန်ကဲ့သို့ ဖြစ်သွားသည်။
" ဝေဝူကျိ သူက တကယ်ပဲ ကျောက်ဖုန်းကို ရှုံးနိမ့်သွားတာလား။ "
" ဝေစစ်တပ်က ကျောက်ဖုန်း ချေမှုန်းတာ ခံလိုက်ရတယ်။ သူက ဒါကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။ " မုန့်ယိက အံ့ဩတကြီး ရေရွတ်လိုက်သည်။
" ကျောက်ဖုန်း..." လီထန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " ကျုပ်လက်ခံလိုက်ပြီ။ တကယ်လက်ခံလိုက်ပါပြီ။ "
ဤတိုက်ပွဲတစ်ခုတည်းနှင့်တင် လီထန်က ကျောက်ဖုန်း၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။ စစ်သူကြီးတစ်ယောက်အနေဖြင့် လီထန်က ကျောက်ဖုန်း၏ နေရာတွင်ဖြစ်လျှင် ထိုသို့သော အောင်ပွဲမျိုးကို ရယူနိုင်မည်မဟုတ်ပေ။
ဝေမြို့ကို တစ်လကြာ ခုခံနိုင်ရန်ပင် သူက အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။ သို့သော် ကျောက်ဖုန်းက ခုခံရုံသာမက အင်အားကြီးသော ရန်သူကိုပင် ချေမှုန်းပစ်ခဲ့သည်။
" မျိုးဆက်သစ်ပါရမီရှင်တွေက အမြဲတမ်း ထွက်ပေါ်လာတာပဲ။ " မုန့်ယိက ပြောလိုက်သည်။ အခုမှပဲ ငါ့အဖေ ပြောခဲ့တဲ့စကားကို နားလည်သွားတော့တယ်။ ဒီသတင်းကိုသာ အရှင်မင်းကြီးကြားရင် တော်တော်လေး အံ့ဩသွားလိမ့်မယ်။ "
" ယင်ချွမ်းက ဘေးကင်းသွားပြီ။ " လီထန်က လေးစားစွာဖြင့် ပြောလိုက်သည်။ " ဒီတိုက်ပွဲပြီးသွားရင် ကျောက်ဖုန်းက နောက်ထပ်ရာထူးတိုးဖို့ သေချာသွားပြီ။ "
ကျောက်ဖုန်းနှင့်ယှဉ်လျှင် သူကိုယ်တိုင်ပင် အားနည်းသွားရသည်။
" ဟုတ်တယ်။ " မုန့်ယိက ပြုံး၍ ပြန်ပြောလိုက်သည်။
" ဒီတိုက်ပွဲပြီးသွားရင် ချင်နိုင်ငံရဲ့ အသက်အငယ်ဆုံး လက်ထောက်စစ်သူကြီးက အသက်အငယ်ဆုံး ပင်မစစ်သူကြီး ဖြစ်လာလိမ့်မယ်။ "
" နယ်စားမင်း " လီထန်က အနည်းငယ် စိုးရိမ်စွာဖြင့် မေးလိုက်သည်။ " ဟိုနေ့က ကျုပ်ပြောခဲ့တဲ့ကိစ္စကို အစီရင်ခံပြီးပြီလား။ "
" မင်းကိုယ်စား အရှင်းမင်းကြီးဆီ ငါအစီရင်ခံပြီးပြီ။ " မုန့်ယိက ပြန်ဖြေလိုက်သည်။ " မင်းကို တာဝန်ချထားဖို့ကတော့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်လိမ့်မယ်။ "
" ကျေးဇူးတင်ပါတယ်။ " လီထန်က ချက်ချင်း ပြန်ပြောလိုက်သည်။