← Chapters

အခန်း (၁၄၅)

Vol. 15 Ch. 145

အခန်း (၁၄၅)

Vol. 15 Ch. 145

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၄၅)

ကျောက်နိုင်ငံ၏ စစ်မြေပြင်တွင် ချွီယန်မြို့က စစ်မီးတောက်များကြားတွင် နစ်မြှုပ်နေခဲ့သည်။ မြို့ရိုးပေါ်သို့ မရေတွက်နိုင်သော မြားမိုးများ ရွာကျထားသကဲ့သို့ ကြီးမားသော ကျောက်တုံးကြီးများကိုလည်း ပစ်ချခဲ့ကြသည်။

သို့သော် လျန်ပို၏ ခုခံမှုအောက်တွင် ချွီယန်မြို့က ဝမ်ကျန့်ကိုယ်တိုင်ဦးဆောင်သော စစ်တပ်ကြီး၏ ပြင်းထနသော တိုက်ခိုက်မှုများကို ရက်ပေါင်းများစွာ ခုခံခဲ့ပြီး ထိုးဖောက်ခံရမည့်အရိပ်အယောင်လည်း မရှိပေ။ မြို့ရိုးထက်တွင် ချပ်ဝတ်ကို ဝတ်ဆင်ထားသော လျန်ပိုက ဆုတ်ခွာသွားသော ချင်စစ်တပ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

" ဒါ ဘယ်နှစ်ကြိမ်မြောက် တိုက်ခိုက်မှုလဲ။ " လျန်ပိုက မေးလိုက်သည်။

" စစ်သေနာပတိချုပ် ဒါက ဆယ်ကြိမ်မြောက် တိုက်ခိုက်မှုပါ။ " သူ၏ လက်ထောက်စစ်သူကြီးက ပြန်ဖြေလိုက်သည်။

" ဒါပေမယ့် တိုက်ခိုက်မှုတိုင်းမှာ ဝမ်ကျန့်က ပေးဆပ်မှုနည်းနည်း လုပ်ခဲ့ပါတယ်။ သူက ချင်စစ်တပ်ရဲ့ အသာစီးရမှုကို အသုံးချပြီး ကျွန်တော်တို့မြို့ကို မြှားတွေနဲ့ပဲ အဆက်မပြတ် ပြစ်ခတ်နေပါတယ်။ ကြည့်ရတာ သူက အတင်းအကျပ် ထိုးဖောက်ဖို့ ရည်ရွယ်ချက်မရှိတဲ့ပုံပဲ။ "

" ဝမ်ကျန့်က ပိုင်ချီရဲ့ လက်အောက် စစ်သူကြီးတစ်ယောက်မဟုတ်တော့ဘူး။ သူကိုယ်တိုင်က နာမည်ကြီး စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်နေပြီ။ " လျန်ပိုက ပြောလိုက်သည်။ " ငါက ခံစစ်မှာ ကျွမ်းကျင်လို့ တိုက်ရိုက်တိုက်ခိုက်ရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိလိမ့်မယ်ဆိုတာ သူသိနေတယ်။ "

" ဒါကြောင့် သူက ငါတို့ရဲ့ စိတ်ဓာတ်ကို အားနည်းသွားအောင် မြားတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ငါတို့တွေ ထိပ်တိုက်ရင်ဆိုင်တာမျိုး မရှိခဲ့ပေမယ့် အဆက်မပြတ် ​ပစ်ခတ်နေတဲ့ မြားတွေကြောင့် ငါတို့စစ်သည်တော်တော်များများ သေဆုံးသွားခဲ့တယ်။ "

" တကယ်လို့ ဝမ်ကျန့်က ​မြို့ရှေ့မှာ တပ်စွဲထားပြီး မတိုက်ဘူးဆိုရင် သူက တကယ်ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။ " လက်ထောက်စစ်သူကြီးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" အခုအချိန်မှာ ကျောက်နိုင်ငံက အားနည်းနေပြီ။ ငါတို့မှာ စစ်သည်တစ်သိန်းပဲရှိတော့ ချင်ကို အလွင့်အရေးပေးသလို ဖြစ်နေတယ်။ အရှင်မင်းကြီးက ယန်က စစ်သည်သုံးသိန်းကို ပြန်ခေါ်လိုက်တာနဲ့ ချင်စစ်တပ်က အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်။ " လျန်ပိုက သက်ပြင်းချလိုက်သည်။

" ဝမ်ကျန့်ရဲ့ ပစ်မှတ်က ချွီယန်မြို့ကို ထိုးဖောက်ဖို့ မဟုတ်ဘူး။ အောက်ချွီယန်ကို သိမ်းဖို့ပဲ။ "

" သူတို့က အောက်ချွီယန်ကို တိုက်ဖို့ စီစဉ်နေတာလား။ " လက်ထောက်စစ်သူကြီးက မျက်မှောင်ကြုတ်သွားသည်။

" ချွီယန်နဲ့ အောက်ချွီယန်က ဆက်နေတာပဲ။ တကယ်လို့ နောက်တစ်ခု ကျသွားရင် ချွီယန်ရဲ့ ရိက္ခာလမ်းကြောင်း ပြတ်တောက်သွားလိမ့်မယ်။ နောက်ဆုံးမှာ ဒီမြို့ထဲက စစ်သည်ခြောက်သောင်းက ဆုတ်ခွာရုံကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ဘူး။ ဒါက ဝမ်ကျန့် မတိုက်ခိုက်တဲ့ ရည်ရွယ်ချက်ပဲ။ " လျန်ပိုက ရှင်းပြလိုက်သည်။

" စစ်သေနာပတိချုပ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့က ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရမှာလား။ အောက်ချွီယန်မှာ စစ်သည်လေးသောင်းသောင်းတောင် မပြည့်ဘူး။ သူတို့က ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲ။ " လက်ထောက်စစ်သူကြီးက မေးလိုက်သည်။

" အစကတည်းက မထိန်းထားနိုင်ဘူးဆိုတာ ငါ သိပြီးသားပါ။ " လျန်ပိုက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ " ဒါပေမယ့် ငါတို့က ကျောက်နိုင်ငံအတွက် ခုခံရမယ်။ "

" ကျောက်နိုင်ငံအတွက် ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက အရှင်မင်းကြီး ယန်က စစ်တပ်ကို ပြန်ဆုတ်ဖို့ အမိန့်ထုတ်ဖို့ပဲ။ ငါ ဒီမှာ ရှိနေသရွေ့တော့ တတ်နိုင်သမျှ ခုခံရမှာပဲ။ "

လျန်ပို၏ စကားများကြောင့် လက်ထောက်စစ်သူကြီး၏ မျက်နှာတွင် ခါးသီးသော အမူအရာ ပေါ်လာသည်။

" အရှင်မင်းကြီးက စစ်သေနာပတိချုပ်အပေါ် သံသယဝင်နေတုန်းပဲ။ ဒါပေမယ့် စစ်သေနာပတိချုပ်ကတော့ ကျောက်နိုင်ငံကို သစ္စာစောင့်သိဖို့ကလွဲပြီး ဘာမှမရှိဘူး။ " လက်ထောက်စစ်သူကြီးက မကျေမနပ်ဖြင့် ပြောလိုက်သည်။

" ငါက ကျောက်နိုင်ငံရဲ့ ကျေးဇူးအများကြီးကို ခံယူထားတာပဲ။ ငါအခုထိ အသက်ရှင်နေရတဲ့ အကြောင်းရင်းကလည်း ကျောက်နိုင်ငံကို ကာကွယ်ဖို့ပဲ။ " လျန်ပိုက ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းကြီး သံသယဝင်တာက သူ့ကိစ္စပဲ။ ငါကတော့ အတတ်နိုင်ဆုံး လုပ်ဆောင်ရမှာပဲ။ "

" ရိက္ခာတွေ နောက်တစ်သုတ် ရောက်လာပြီလား။ " လျန်ပိုက ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ဝန်ကြီးချုပ်ကောခိုင်က ရိက္ခာခွဲပေးဖို့ တာဝန်ယူထားတယ်။ တစ်ခါပို့ရင် ကျွန်တော်တို့ စစ်သည်တစ်သိန်းအတွက် ငါးရက်စာလောက်ပဲ လောက်တယ်။ ကျွန်တော်တို့မှာ ရက်နည်းနည်းစာပဲ ကျန်တော့တယ်။ ဒါပေမယ့် နောက်တစ်သုတ်က အခုထိ ရောက်မလာသေးဘူး။ "

" ကောခိုင်..." လျန်ပိုက ဒေါသတကြီး ပြောလိုက်သည်။ " တကယ်ကောက်ကျစ်တဲ့ လူယုတ်မာပဲ။ ဒီလိုအရေးကြီးတဲ့ အချိန်မျိုးမှာတောင် သူက ရိက္ခာပို့ဆောင်မှုကို ကြန့်ကြာအောင် လုပ်ရဲသေးတယ်ပေါ့။ "

" စစ်သေနာပတိချုပ် သူက နှောင့်နှေးအောင်ပဲ လုပ်နေတာ။ လုံးဝ ဖြတ်တောက်လိုက်တာတော့ မဟုတ်ပါဘူး။ " လက်ထောက်စစ်သူကြီးက ပြောလိုက်သည်။

" သူတို့ကို ဆက်ပြီး ဖိအားပေးလိုက်။ ရိက္ခာထောက်ပံ့မှုက ပြတ်တောက်လို့မရဘူး။ " လျန်ပိုက ပြောလိုက်သည်။ " တကယ်လို့ ဒီကိစ္စကြောင့် ငါတို့ရဲ့ ခုခံရေးကို ထိခိုက်ခဲ့ရင် ငါကိုယ်တိုင် အရှင်မင်းကြီးဆီ သွားတိုင်ကြားမယ်။ "

" ကျွန်တော်မျိုး နားလည်ပါပြီ။ " လက်ထောက်စစ်သူကြီးက ပြောလိုက်သည်။

လျန်ထျန်းစခန်း။

" စစ်သေနာပတိချုပ် " ယန်တွမ်ဟီက ဝမ်ကျန့်ကို အစီရင်ခံလိုက်သည်။ " စစ်သူကြီးဝမ်ပင်းဆီက အစီရင်ခံစာ ရောက်လာပါတယ်။ အချိန်ကျပါပြီ။ အောက်ချွီယန်ကို မနက်ဖြန် စတိုက်ပါတော့မယ်။ "

" ဝမ်ပင်းကို အင်အားအပြည့်နဲ့ တိုက်ခိုက်ဖို့ ပြောလိုက်။ " ဝမ်ကျန့်က တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်သည်။

" အောက်ချွီယန်ကျသ်ားတာနဲ့ မင်းရဲ့ တပ်ဖွဲ့တွေက ချွီယန်ကို ချက်ချင်း တိုက်ခိုက်ရမယ်။ လျန်ပိုဆုတ်ခွာသွားတာကို စောင့်ပြီး သူ့နောက်ကို မနားတမ်းလိုက်တိုက်ရမယ်။ သူ နောက်ထပ် ခံစစ်တစ်ခု တည်ဆောက်ခွင့်မရစေရဘူး။ "

" အမိန့်အတိုင်းပါ။ " ယန်တွမ်ဟီက ချက်ချင်း ပြန်ဖြေလိုက်သည်။

" လျန်ပိုက ခံစစ်မှာ ကျွမ်းကျင်ပေမယ့် သူ့ရဲ့ အင်အားက မလုံလောက်ဘူး။ ထိပ်တိုက်ရင်ဆိုင်တာက ငါ့ရဲ့ စစ်သည်တွေကို အလကားဆုံးရှုံးစေလိမ့်မယ်။ ငါ့ရဲ့ တာဝန်က လျန်ပိုကို ဒီမှာ ထိန်းချုပ်ထားဖို့ပဲ။ ဒါဆို ဝမ်ပင်းက အောက်ချွီယန်ကို သိမ်းနိုင်လိမ့်မယ်။ "

"လျန်ပိုက အခြေအနေကို နားလည်ရင်တောင် သူဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" လျန်ပိုက အိုနေပါပြီ။ စစ်သေနာပတိချုပ်နဲ့ ရင်ဆိုင်ရတာက သူရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်သွားနိုင်ပါတယ်။ " ယန်တွမ်ဟီက ပြုံး၍ ပြောလိုက်သည်။

" ယင်ချွမ်းက တိုက်ပွဲအ​ခြေအနေက ဘယ်လိုရှိမလဲ ငါသိချင်မိတယ်။ " ဝမ်ကျန့်က ရုတ်တရက် ပြောလိုက်သည်။

ကျောက်နိုင်ငံကို တိုက်ခိုက်သော သူ၏ စစ်ဆင်ရေးနှင့်ယှဉ်လျှင် ဝမ်ကျန့်က ယင်ချွမ်းခရိုင်အတွက် ပိုစိုးရိမ်နေသည်။ အကယ်၍ ယင်ချွမ်းခရိုင်သာ ကျရှုံးသွားလျှင် သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။

" အစီရင်ခံပါတယ်။ ဝေမြို့က အရေးပေါ် အစီရင်ခံစာ ရောက်လာပါတယ်။ " ဝမ်ကျန့် စိုးရိမ်နေချိန်တွင် သံတမန်တစ်ယောက်က အပြေးအလွှား ရောက်ရှိလာသည်။

" ဒီကိုယူလာခဲ့။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

သံတမန်က စစ်ရေးအစီရင်ခံစာကို ပေးလိုက်သည်။ ဝမ်ကျန့်က ၎င်းကို ယူပြီး တံဆိပ်ကို ခွာကာ ချက်ချင်း ဖတ်လိုက်သည်။ သူက အစီရင်ခံစာကို ဖတ်လိုက်သည်နှင့် သူ၏ အမူအရာက ထူးဆန်းသွားပြီး အားရပါးရ ရယ်မောလိုက်သည်။

" ဟားဟားဟား.... ကျောက်ဖုန်း ဒီကောင်လေး ငါ့ကို တကယ် အံ့အားသင့်စေတာပဲ။ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားဘူး။ ကျော်ကြားတဲ့ ဝေဝူကျိက ဒီလိုရှုံးနိမ့်သွားခဲ့တယ်။ " ဝမ်ကျန့်က စိတ်အေးသွားခဲ့သည်။

" စစ်သေနာပတိချုပ် ကြည့်ရတာ အရမ်းဝမ်းသာနေသလိုပဲ။ " ယန်တွန်ဟီက သိလိုစိတ်နှင့် မေးလိုက်သည်။

" မင်းကိုယ်တိုင် ဖတ်ကြည့်လိုက်။ " ဝမ်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။

ဝမ်ကျန့်က ပြုံးပြီး အလွန်အမင်း ကျေနပ်နေသည်။ သူ၏ သမက်က သူ့ကို စိတ်မပျက်စေခဲ့ပေ။ သူက ဝေမြို့ကို ခုခံနိုင်ရုံသာမက သေချာအကွက်ချပြီး ဝေစစ်တပ်ကို ချေမှုန်းနိုင်ခဲ့သည်။

ယန်တွမ်ဟီက အစီရင်ခံစာကို ယူဖတ်လိုက်ပြီး သူ၏ မျက်နှာက အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

" စစ်သူကြီးကျောက်ဖုန်းက ဝေစစ်တပ်ကို ချေမှုန်းပြီး ဝေဝူကျိက ဝေနိုင်ငံကို ဆုတ်ခွာသွားတာလား။ ဝေမြို့တိုက်ပွဲမှာ ဝေစစ်သည်တစ်သိန်းနီးပါး ကျဆုံးခဲ့ပြီး ကျွန်တော်တို့ဘက်က စစ်သည်သုံးသောင်းကျော်ပဲ ရှိတယ်။ ဝေဝူကျိက တကယ်ပဲ စစ်သူကြီးကျောက်ဖုန်းကို ရှုံးနိမ့်သွားခဲ့တာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ " ယန်တွမ်ဟီက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

" မကြာခင်မှာ ကျောက်ဖုန်းနာမည်က တစ်ကမ္ဘာလုံး ကျော်ကြားသွားလိမ့်မယ်။ " ဝမ်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။ " ဝေဝူကျိက တစ်ချိန်က ကြီးကျယ်ခမ်းနားတဲ့ ကျော်ကြားမှုရှိခဲ့တယ်။ အခုတော့ ချင်နိုင်ငံရဲ့ တောက်ပတဲ့ ကြယ်ပွင့်တစ်ယောက်ရဲ့ ခြေနင်းတုံးတစ်ခု ဖြစ်သွားခဲ့တယ်။ "

" မှန်တယ်။ ဝေဝူကျိက စစ်သူကြီးကျောက်အတွက် ခြေနင်းတုံးဖြစ်သွားခဲ့တယ်။ " ယန်တွမ်ဟီက ခေါင်းညိမ့်လိုက်သည်။

" ငါ အရင်က ကျောက်ဖုန်းကို ဝေမြို့ကို ခုခံနိုင်ရုံပဲ မျှော်လင့်ခဲ့တာ။ ဒါပေမယ့် သူက ငါ့ကို တကယ်အံ့အားသင့်စေခဲ့တယ်။ အဲ့ဒီကောင်လေးက ငါ့ကို တကယ်စိတ်မပျက်စေခဲ့ဘူးပဲ။ ဝေမြို့က လုံခြုံသွားပြီ။ ဝေစစ်တပ်ကလည်း ဆုတ်ခွာသွားပြီဆိုတော့ နန်းတွင်းက ဘယ်သူမှ ကျောက်ဖုန်းကို ဝေဖန်ရဲတော့မှာ မဟုတ်သလို အပြစ်သားတပ်ဖွဲ့ရဲ့ အားနည်းချက်တွေကိုလည်း ပြောနိုင်မှာမဟုတ်တော့ဘူး။ "

" ဒီတိုက်ပွဲက အပြစ်သားတပ်ဖွဲကို အသုံးပြုတဲ့ နည်းဗျူဟာက ဖြစ်နိုင်ခြေရှိတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ ပြီးတော့ ချင်နိုင်ငံရဲ့ အင်အားတိုးတက်ဖို့အတွက် နောက်ထပ်နည်းလမ်းတသ်ခု ရှာတွေ့သွားတာပဲ။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။

" စစ်သေနာပတိချုပ် ပြောတာ လုံးဝ မှန်ပါတယ်။ " ယန်တွမ်ဟီက ပြောလိုက်သည်။

All Chapters