← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၄၇)

" ဝေမြို့မှာ မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်ခဲ့တာလား။ ဝေဝူကျိက သူ့တပ်ဖွဲ့တွေကို ရုတ်သိမ်းသွားတာလား။ " ဝမ်ဝမ်က တွေးလိုက်သည်။

" ကျောက်ဖုန်းက ဝေမြို့ကို ကာကွယ်နိုင်ရင် ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးပေးမယ်လို့ အရှင်မင်းကြီးက ပြောထားတယ်။ " ချွန်းယွီယွဲ့ကလည်း စိတ်မသက်မသာ ဖြစ်သွားသည်။ " ကျောက်ဖုန်းက အခုတောင် မောက်မာနေတာ ပင်မစစ်သူကြီးသာ ဖြစ်လာရင် ဘယ်လောက်တောင် မောက်မာမလဲမသိဘူး။ "

" အရှင်မင်းကြီး " ယွီလျောင်က သိလိုစိတ်နှင့် ပြောလိုက်သည်။ " ဝေမြို့က စစ်မြေပြင်မှာ ကြီးမားတဲ့ ရလဒ်ကို ရရှိခဲ့တာလား။ "

" ဝေမြို့က အောင်ပွဲရရှိခဲ့ပြီ။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။ သူက အစီရင်ခံစာကို ကျောက်ကောင်းကို ပေးလိုက်သည်။ " ဝန်ကြီးတွေအားလုံး ကြားအောင် ဖတ်ပြလိုက်။ "

" အမိန်အတိုင်းပါ။ " ကျောက်ကောင်းက ဝန်ကြီးများဘက်သို့ လှည့်ပြီး အစီရင်ခံစာကို ဖွင့်လိုက်သည်။

" စစ်တရားသူကြီးခွိုက်ဖု အစီရင်ခံပါတယ်။ ဝေဝူကျိက စစ်သည်နှစ်သိန်းနီးပါးရှိတဲ့ စစ်တပ်ကို ဦးဆောင်ပြီး ဝေမြို့ကို လာတိုက်ခဲ့ပါတယ်။ ရက်ပေါင်းနှစ်ဆယ်ကြာအောင် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။ စစ်သူကြီးကျောက်ဖုန်းရဲ့ ကွပ်ကဲမှုအောက်မှာ ဝေမြို့က စစ်သည်တွေက ချင်နယ်မြေကို အသက်ပေးပြီး ခုခံခဲ့ကြတယ်။ "

" စစ်သူကြီးကျောက်က ဝေစစ်တပ်ကို မချေမှုန်းနိုင်မချင်း ဝေဝူကျိက ဘယ်တော့မှ ဆုတ်ခွာမှာမဟုတ်ဘူးဆိုတာ သိခဲ့တယ်။ ဒါ့ကြောင့် သူက ကြီးမားတဲ့ စွန့်စားမှုတစ်ခု ပြုလုပ်ခဲ့တယ်။ သူကိုယ်တိုင် စစ်သည်တစ်သောင်းကို ဦးဆောင်ပြီး ဝေမြစ်ရဲ့ အန္တရာယ်အရှိဆုံး ဟုန်ဇီဆိပ်ကမ်းက ဖြတ်ကူးပြီး ဝေနယ်မြေထဲကို ဝင်ရောက်ခဲ့တယ်။ "

" သူက အလစ်ငိုက်တိုက်ခိုက်ခဲ့ပြီး ဝေမြစ်တစ်လျှောက် တပ်စွဲထားတဲ့ ဝေစစ်သည်သောင်းချီကို ချေမှုန်းပစ်ခဲ့တယ်။ အဲ့ဒီနောက် သူက ဝေနိုင်ငံထဲက ရှန်းဝေမြို့ကို သိမ်းပိုက်ပြီး ရန်သူရဲ့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ခဲ့တယ်။ ဝေဝူကျိ သတင်းမရခင် စစ်သူကြီးကျောက်က စစ်သည်တွေကို ဦးဆောင်ပြီး ဝေဝူကျိရဲ့ နောက်ကျောကနေ ရုတ်တရက် ဝင်တိုက်ခဲ့တယ်။ "

" ဝေဝူကျိက အလျင်အမြန် ဆုတ်ခွာခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဝေမြို့က စစ်သည်တွေရဲ့ ညှပ်တိုက်ခြင်းကို ခံခဲ့ရတယ်။ ဝေစစ်တပ်က အပြီးတိုင် ရှုံးနိမ့်သွားခဲ့တယ်။ စစ်သူကြီးကျောက်ကိုယ်တိုင် ဝေဝူကျိရဲ့ လက်ထောက်စစ်သူကြီး ဝေပေါကို ခေါင်းဖြတ်ခဲ့ပါတယ်။ "

" ဝေပေါက ဝေစစ်တပ်ရဲ့ လက်ထောက်စစ်သည်ကြီးဖြစ်တဲ့အပြင် ဝေဘုရင်ရဲ့ ညီ၊ ဝေဝူကျိရဲ့ တူလည်းဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ စစ်သူကြီးကျောက်က ဝေစစ်တပ်ကို အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။ ရန်သူစစ်သည်တစ်သိန်းနီးပါးကို သတ်ဖြတ်နိုင်ခဲ့ပြီး ဝေမြို့က စစ်သည်အကျအဆုံးက လေးသောင်းထက်မပိုပါဘူး။ "

" တကယ်ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ " ကျောက်ကောင်းက ကျယ်လောင်စွာ ပြောလိုက်သည်။

ထိုအစီရင်ခံစားကို ကြားလိုက်ရသောအခါ နန်းတွင်းတစ်ခုလုံးက အံ့အားသင့်သွားကြသည်။

" ဝေဝူကျိက ချင်နိုင်ငံရဲ့ လက်ထောက်စစ်သူကြီးတစ်ယောက်ရဲ့ လက်ထဲမှာ အဲ့လိုပဲ ရှုံးနိမ့်သွားခဲ့တာလား။ "

" ကျောက်ဖုန်းက အသက် ၁၈နှစ်လောက်ပဲ ရှိသေးတာ။ ဒါပေမယ့် သူက ဝေဝူကျိကို အနိုင်ယူလိုက်တာလား။ "

" ဝေမြို့ရဲ့ အင်အားက ဝေစစ်တပ်ရဲ့ တစ်ဝက်လောက်ပဲ ရှိတဲ့အပြင် တိုက်ခိုက်ရေးစွမ်းအားကလည်း နိမ့်ကျတယ်။ စစ်သည်တစ်သိန်းထဲမှာ သုံးသောင်းလောက်ကပဲ အတွေ့အကြုံရှိတဲ့ အထူးစစ်သည်တွေပဲ။ "

" နှစ်သောင်းက စစ်သည်အသစ်တွေဖြစ်ပြီး ကျန်တဲ့ငါးသောင်းကလည်း လက်နက်ချစစ်သည်တွေ။ ဒီလိုအင်အားမျိုးနဲ့ ဝေဝူကျိကို အပြတ်အသတ် အနိုင်ယူလိုက်တာလား။ "

ဝန်ကြီးများက တုန်လှုပ်သွားကြပြီး အကြီးအကျယ် ဆွေးနွေးလိုက်ကြသည်။ ချင်ဘုရင်မှစ၍ ဝန်ကြီးအားလုံး ဘယ်သူမှ ထိုရလဒ်ကို မမျှော်လင့်ခဲ့ကြပေ။

ကျောက်ဖုန်း အောက်ကျချိန်တွင် ထပ်ဆင့် ဖိနှိပ်ရန် အသင့်ဖြစ်နေသော ဝမ်ဝမ်နှင့် ချွန်းယွီယွဲ့တို့ကလည်း မျက်နှာပျက်သွားကြသည်။ ကျောက်ဖုန်းက ထိုမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြပေ။

" ကျောက်ဖုန်းရှိနေရင် ချင်နိုင်ငံက တစ်ချိန်က ပိုင်ချီကို ယှဉ်နိုင်တဲ့သူတစ်​ယောက် ပိုင်ဆိုင်ထားလိမ့်မယ်။ " ဟန်ဖေးက တွေးလိုက်ပြီး ပထမဆုံး တုန့်ပြန်လိုက်သည်။

"ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ ဝေမြို့က လုံခြုံသွားပြီ။ ယင်ချွမ်းခရိုင်ကလည်း ဘေးကင်းသွားပါပြီ။ ဝေနိုင်ငံက နောက်တစ်ကြိမ် ကျူးကျော်ဖို့ အင်အားရှိတော့မှာမဟုတ်ဘူး။ ချင်အနေနဲ့ အခုဆိုရင် ကျောက်နိုင်ငံအပေါ် တိုက်ခိုက်မှုကို အရှိန်မြှင့်လို့ရပါပြီ။ "

" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " ဝန်ကြီးအားလုံးက တစ်ပြိုင်နက် ပြောလိုက်ကြသည်။

ရင်ကျန့်က ပြုံးပြီး ကျယ်လောင်စွာ မေးလိုက်သည်။ " ငါ့ရဲ့ ဝန်ကြီးတွေ မင်းတို့ ကျောက်ဖုန်းအပေါ်ကို သံသယဝင်နေကြတုန်းလား။ မင်းတို့ အပြစ်သားတပ်ဖွဲ့အပေါ် သံသယဝင်နေကြတုန်းလား။ "

၎င်းကို ကြားသောအခါ ကျောက်ဖုန်းကို ပစ်မှတ်ထားနေသော ဝမ်ဝမ်က ခေါင်ငုံ့သွားပြီး ဘာမှမပြောရဲတော့ပေ။ ထို့အပြင် ကျောက်ဖုန်းက ဝေစစ်တပ်ကို တားဆီးနိုင်ပါ့မလားဟု မေးခွန်းထုတ်ခဲ့သော အခြားဝန်ကြီးများအားလုံးလည်း တိတ်ဆိတ်သွားကြသည်။

" ကျောက်ဖုန်းက ငါတို့ ချင်နိုင်ငံရဲ့ အသက်အငယ်ဆုံးနဲ့ အလားအလာအရှိဆုံး စစ်သူကြီးဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ်။ ငါကိုယ်တိုင်တောင် ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကျော်ကြားတဲ့ ဝေဝူကျိက ကျောက်ဖုန်းကို ရှုံးနိမ့်သွားခဲ့တယ်။ "

" ဒီတိုက်ပွဲပြီးရင် ချင်နိုင်ငံမှာ နောက်ထပ် အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက် ရှိတယ်ဆိုတာ တစ်ကမ္ဘာလုံး သိသွားလိမ့်မယ်။ ဒါက ငါ့ရဲ့ ကံကောင်းမှုပဲ။ ချင်နိုင်ငံရဲ့ ကောင်းချီးပဲ။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။

ဝေမြို့မှ အကျပ်အတည်းက ပြေလည်သွားပြီဖြစ်သောကြောင့် ကျောက်နိုင်ငံအား အမြစ်ပြတ် ချေမှုန်းမည့် စစ်ဆင်ရေးကို အရှုပ်အထွေးမရှိဘဲ ဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်သည်။

" ကျွန်တော်မျိုးက ဒီလိုအရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ကို ရရှိတဲ့အတွက် အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ကျောက်ဖုန်းက ဒီလောက်အသက်ငယ်ငယ်နဲ့ စစ်တပ်တွေကို ဦးဆောင်ရာမှာ ဒီလိုကျွမ်းကျင်မှုမျိုး ရှိနေတာက အရှင်မင်းကြီးရဲ့ ကွပ်ကဲမှုအောက်မှာ ထောက်တိုင်တစ်ခု တိုးလာတာပဲ။ " လီစီက ချက်ချင်း ချီးကျူးလိုက်သည်။

" စစ်တပ်တစ်ခုကို ရှာဖို့က လွယ်ပေမယ့် စစ်သူကြီးတစ်ယောက်ကို ရှာဖို့ကတော့ မလွယ်ဘူး။ အခု ငါရရှိထားတဲ့ စစ်သူကြီးက ရဲရင်ရုံတင်မဟုတ်ဘဲ စစ်မှန်တဲ့ စစ်သူကြီးတစ်ယောက်ဖြစ်နေတာပဲ။ " ရင်ကျန့်က ကျောက်ဖုန်းအပေါ် အလွန်အထင်ကြီး လေးစားသွားသည်မှာ ထင်ရှားသည်။

" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " နန်းတွင်းမှ ဝန်ကြီးများက တပြိုင်နက် ပြောလိုက်ကြသည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " သံတမန်က နောက်ထပ်ဝါးချပ်စာလိပ်တစ်ခုကို ထုတ်ပြီး ပြောလိုက်သည်။ " ဝေမြို့က အောင်ပွဲအစီရင်ခံစာအပြင် စစ်သေနာပတိချုပ်ဆီက စစ်စည်းကမ်းဆိုင်ရာ အစီရင်ခံစာ ရှိပါသေးတယ်။ "

" စည်းကမ်းပိုင်းလား။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြလိုက်သည်။ " ယူခဲ့စမ်း။ "

ကျောက်ကောင်းက အစီရင်ခံစာကို နောက်တစ်ကြိမ် ဆက်သလိုက်သည်။ ရင်ကျန့်က ဖတ်ပြီးသည်နှင့် သူ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး ဒေါသများ အစားထိုးလာသည်။

" အရူးတွေ..." သူက ဒေါသတကြီး ပြောလိုက်သည်။ " ရန်သူဝန်းရံနေတဲ့အချိန်မှာ အထက်အမိန့်ကို ဖီဆန်ပြီး မြို့ကို စွန့်ခွာသွားရဲတယ်ပေါ့။ ဒီလုပ်ရပ်က ခွင့်မလွှတ်နိုင်စရာပဲ။ "

ခန်းမထဲမှ ဝန်ကြီးများက စိုးရိမ်တကြီး ကြည့်နေကြသည်။

" ဝေမြို့ခုခံရေးကို တပ်မှူးငါးယောက်နဲ့ ယာယီတပ်မှူးငါးယောက်ကို တာဝန်ပေးထားတယ်။ အဲ့ဒီတပ်မှူးတွေထဲမျာ ရှစ်ယောက်က ကျောက်ဖုန်းရဲ့ အမိန့်ကို လိုက်နာခဲ့ကြတယ်။ သူတို့က ဝေမြို့ကို အသက်ပးကာကွယ်ခဲ့ပြီး ဝေနိုင်ငံရဲ့ ဝေဝူတပ်ဖွဲ့နဲ့ သွေးချောင်းစီးတိုက်ပွဲ ဆင်နွှဲခဲ့ကြတယ်။ "

" အဲ့ဒီတပ်မှူးတွေက သူတို့ရဲ့ စသ်သည်တွေကို ဦးဆောင်ပြီး အသေခံတိုက်ခဲ့လို့သာ ကျောက်ဖုန်းက ရုတ်တရက် ဝင်တိဒ်ပြီး ရန်သူကို အနိုင်ယူဖို့ အခွင့်အရေးရခဲ့တာ။ ဒါပေမယ့် အခြားတပ်မှူးနှစ်ယောက်က ကျောက်ဖုန်းရဲ့ အမိန့်ကို မနာခံဘဲ မြို့ကို မကာကွယ်ခဲ့ကြဘူး။ "

" ကျောက်ဖုန်းက စစ်ဆင်ရေးလုပ်နေချိန်မှာ သူတို့က သူတို့ရဲ့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး မြို့ကနေ ဆုတ်ခွာသွားခဲ့တယ်။ ဒါကြောင့်မလို့ ငါတို့ဘက်က ခုခံနေတဲ့ဘစစ်သည်နှစ်သောင်းကို အလကားဆုံးရှုံးခဲ့ရတယ်။ "

" တကယ်လို့ ကျန်တဲ့ စစ်သည်တွေသာ အသေခံမတိုက်ခဲ့ရင် ဝေစစ်တပ်ကို ချေမှုန်းဖို့မပြောနဲ့ ယင်ချွမ်းတစ်ခုလုံးကျဆုံးသွားပြီး ချင်နိုင်ငံတောင် အန္တရာယ်ရှိသွားနိုင်တယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဟွိုက်ကျွမ်းက နှလုံးခုန်မြန်သွားသည်။ ဝေမြို့တွင် ကျောက်ဖုန်းမရှိကြောင်း သတင်းပို့သူမှ ချန်တောက်နှင့် ကျောက်ထို့တို့ထဲမှ တစ်ယောက်ဖြစ်ပေလိမ့်မည်။

" အရှင်မင်းကြီး ဘယ်တပ်မှူးနှစ်ယောက်က ဒီလာက်ထဲရဲတင်းရတာလဲ။ ဒီအပြစ်က တကယ်ခွင့်မလွှတ်နိုင်စရာပဲ။ " လီစီက ပြောလိုက်သည်။

" တပ်မှူးချန်တောက်နဲ့ တပ်မှူးကျောက်ထို့ပဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ " သူတို့နှစ်ယောက်က အမိန့်ကို မလေးစားဘဲ သူတို့တပ်တွေကို မြို့ပြင်ကို ခေါ်သွားခဲ့တယ်။ သူတို့ရဲ့ အပြစ်က ခွင့်လွှတ်လို့မရဘူး။ "

နောက်ဆုံးတော့ ချန်တောက်နှင့် ကျောက်ထို့တို့ အကြောက်ဆုံးအရာက ဖြစ်လာခဲ့လေပြီ။ သူတို့၏ စစ်ပြေးမှုသတင်းက ချင်ဘုရင်နားထဲသို့ ရောက်သွားခဲ့ပြီဖြစ်သည်။ ၎င်းက သူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်သည်။ သူတို့က သေဒဏ်မှ လွတ်လျှင်တောင် သူတို့၏ အနာဂတ်က ပျက်စီးသွားပြီဖြစ်သည်။

အနာဂတ်တွင် နန်ယွဲ့ဘုရင်ဖြစ်လာမည့် ကျောက်ထို့က ဘယ်တော့မှာ ဖြစ်လာတော့မည်မဟုတ်ပေ။ သူက ချင်နိုင်ငံအတွက် စစ်တပ်များက နောက်တစ်ကြိမ် ဦးဆောင်နိုင်တော့မည်မဟုတ်ပေ။ ကျောက်ဖုန်း၏ ရောက်ရှိလာမှုက သမိုင်းကြောင်း၏ လမ်းကြောင်းကို ပြောင်းလဲလိုက်ပြီဖြစ်သည်။

" အထက်အရာရှိတွေရဲ့ အမိန့်ကို ဖီဆန်ပြီး စစ်စည်းကမ်းကို ချိုးဖောက်တယ်။ တပ်ဖွဲ့တွေနဲ့အတူ မြို့ကို စွန့်ခွာပြီး ထွက်ပြေးတာက ကြီးလေးတဲ့ ပြစ်မှုပဲ။ " လီစီက ပြောလိုက်သည်။ " ကျွန်တော်မျိုးက သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။ "

" ဒါပေမယ့် အပြစ်မပေးခင် ကျွန်တော်မျိုး နားမလည်တာရှိပါသေးတယ်။ " လီစီက ပြောလိုက်သည်။

" ပြောစမ်း..." ရင်ကျန့်က တင်းမာသော အမူအရာနှင့် ပြောလိုက်သည်။

All Chapters