← Chapters

အခန်း (၁၄၃)

Vol. 15 Ch. 143

အခန်း (၁၄၃)

Vol. 15 Ch. 143

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၄၃)

" ငါက ရှန်းဝေမြို့ကို သိမ်းပိုက်ပြီးသွားပြီ။ တကယ်လို့ ဝေစစ်တပ်ရဲ့ ရိက္ခာလမ်းကြောင်းသာ မပြတ်တောက်ခဲ့ရင် သူတို့က ဘာလို့ အခုလို ထိတ်လန့်တကြား ထွက်ပြေးမှာလဲ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။

၎င်းကို ကြားသောအခါ တပ်မှူးအားလုံးက နားလည်သွားကြသည်။

" ရှန်းဝေမြို့က ဝေဝူကျိရဲ့ ရိက္ခာသိုလှောင်တဲ့နေရာပဲ။ သူက အဲ့ဒီမှာ အင်အားအလုံးအရင်းနဲ့ စောင့်ကြပ်နေမှာ သေချာတယ်။ စစ်သူကြီးက ဘယ်လိုလုပ် သိမ်းနိုင်ခဲ့တာလဲ။ "

" ရှန်းဝေမြို့ကို ရောက်ရင် မင်းတို့ သိပါလိမ့်မယ်။ တပ်မှူးတို့ ကိုယ့်တာဝန်ကို သွားလုပ်ကြတော့။ တစ်နာရီအနားယူပြီးရင် ငါ ဝေစစ်တပ်ကို လိုက်လံတိုက်ခိုက်ဖို့ ဦးဆောင်သွားမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " တပ်မှူးများက ပြန်ပြောလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

အားလုံးထွက်သွားပြီးနောက် ကျောက်ဖုန်းက အတွေးနက်နေသည်။ သူက ချင်ဘုရင်ပေးထားသော တာဝန်ကို ကျေပွန်ခဲ့သည့်အပြင် မျှော်လင့်ထားသည်ထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သည်။ သူက ဝေမြို့ကို ဆက်လက်ထိန်းသိမ်းထားလျှင်တောင် ပင်မစစ်သူကြီးရာထူးကို ရရှိမည်ဖြစ်သည်။

သို့သော် ကျောက်ဖုန်းက ဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ အခြားသူများအတွက် စစ်ရေးစွမ်းဆောင်မှုများက ရာထူးနှင့်ဘွဲ့ထူးများ တိုးရန်သာဖြစ်သည်။ သို့သော် ကျောက်ဖုန်းအတွက် စစ်မြေပြင်တွင် ရန်သူများကို သတ်ဖြတ်ခြင်းက ပိုမိုသန်မာလာစေမည့် နည်းလမ်းတစ်ခုဖြစ်သည်။

ကျောက်ဖုန်းက သူ၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၁၇နှစ်

အဆင့် - ရှန်ထျန်းအဆင့်ခြောက်

ခွန်အား - ၄၂၃၉

အမြန်နှုန်း - ၃၅၆၈

ရုပ်ခန္ဓာ - ၃၆၇၈

စိတ်ဝိညာဉ် - ၃၄၅၈

သက်တမ်း ၁၅၅နှစ်

စွမ်းဆောင်မှုရမှတ် - ၅၆၃

သိုလှောင်နေရာ - ၃၉ ကုဗမီတာ

ကျင့်စဉ် - နဂါးဆင်ကျမ်း

သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး

" ငါ့ရဲ့ စစ်သည်တွေက ဝေမြို့က အလောင်းတွေကို မြှုပ်နှံပြီးရင် ငါ့ရဲ့ စွမ်းရည်တွေက လေးထောင်ကျော်သွားမှာ သေချာတယ်။ " ကျောက်ဖုန်းက သူ၏ စွမ်းရည်များကို ကြည့်ပြီး ပြုံးလိုက်သည်။

တစ်နာရီကြာပြီးသောအခါ ယခင် ချန်တောက်နှင့် ကျောက်ထို့တို့၏ လက်အောက်တွင်ရှိသော လူနှစ်သောင်းတပ်ဖွဲ့က ဝေမြို့၏ အပြင်ဘက်တွင် ရပ်နေသည်။

" ချန်တောက်နဲ့ ကျောက်ထို့က တာဝန်ကို စွန့်ခွာခဲ့တဲ့အတွက် သူတို့ရဲ့ ရာထူးတွေကို ရုတ်သိမ်းလိုက်ပြီ။ အခုကစပြီး မင်းတို့အားလုံးက ငါ့ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိလိမ့်မယ်။ ညီအကိုတို့ ချန်တောက်နဲ့ ကျောက်ထို့တို့က မင်းတို့ကို ဒုက္ခပေးခဲ့တယ်။ "

" ဝေမြို့ကို ခုခံတိုက်ခိုက်နေတုန်းမှာ အထူးစစ်သည်တွေက စွမ်းဆောင်မှုတွေရရှိခဲ့ကြတယ်။ အပြစ်သားစစ်သည်တွေကလည်း ကျွန်ဘဝကနေ လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမယ့် မင်းတို့အားလုံးကတော့ ဘာအောင်မြင်မှုမှ မရခဲ့ကြဘူး။ " ကျောက်ဖုန်းက လှံရှည်ကို ကိုင်ကာ မြင်းပေါ်မှ အော်ပြောလိုက်သည်။

အထူးစစ်သည်များ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာကြသည်။ အပြစ်သားတပ်ဖွဲ့၏ စစ်သည်များက ပိုဆိုးပြီး ချန်တောက်နှင့် ကျောက်ထို့ကို သတ်ပစ်ချင်နေကြသည်။ သူတို့က ကျွန်ဘဝမှ လွတ်မြောက်ရန် အခွင့်အရေး ရခဲ့ကြသော်လည်း ထိုနှစ်ယောက်ကြောင့် ပျက်စီးသွားခဲ့ရသည်။

" မင်းတို့ ဒေါသထွက်နေတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် ဒီနေ့မှာ ငါမင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ အောင်မြင်မှုတွေနဲ့ ကျွန်ဘဝက လွတ်မြောက်နိုင်မယ့် အခွင့်အရေးပဲ။ ဒီနေ့ကစပြီး မင်းတို့က ငါ့ရဲ့ ကွပ်ကဲမှုအောက်မှာ နေရမယ်။ "

" ဝေစစ်တပ်ကို ငါချေမှုန်းပြီးပြီ။ အခု ငါက သူတို့တပ်ဖွဲ့တွေကို လိုက်လံတိုက်ခိုက်ဖို့ မင်းတို့ကို ဦးဆောင်သွားမယ်။ မင်းတို့ ဝေစစ်တပ်ကို တိုက်ခိုက်ဖို့ ငါ့နောက်ကို လိုက်ချင်ကြလား။ " ကျောက်ဖုန်းက သူ၏ လှံရှည်ကို မြှောက်ပြီး မေးလိုက်သည်။

" ကျွန်တော်တို့ စစ်သူကြီးနောက်ကို လိုက်ပြီး သေတဲ့အထိ တိုက်ခိုက်ပါမယ်။ " စစ်သည်နှစ်သောင်းလုံးက တပြိုင်နက် အော်ဟစ်လိုက်ကြသည်။

" ကောင်းပြီ။ ငါ့နောက်လိုက်ခဲ့ကြ။ " ကျောက်ဖုန်းက ဟိန်းဟောက်လိုက်သည်။

ဝေမြို့၏ မြောက်ဘက်တွင် ဝေစစ်သည်များက နေရာအနှံ့ ပြန့်ကျဲနေကြသည်။ သူတို့၏ စိတ်ဓာတ်များက ကျဆင်းနေသကဲ့သို့ သုံးယောက်တစ်စု ငါးယောက်တစ်စု စုဝေးနေကြသည်။ သူတို့က ပင်မစစ်တပ်နှင့် ကွဲလာကြသည်မှာ ထင်ရှားသည်။

ကျန်ရှိသော တပ်ဖွဲ့များ၏ အကာအကွယ်နှင့် ဝေဝူကျိက ယင်ချွမ်းနှင့် ဝေနိုင်ငံကို ဆက်သွယ်ထားသော ကုန်းလမ်းကြောင်းဆီသို့ ဦးတည်သွားနေသည်။

စစ်ရထားပေါ်တွင် ဝေဝူကျိက ထိုင်နေပြီး သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုနှင့် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေသည်။ သူက အသက်ဘေးမှ လွတ်မြောက်လာခဲ့သော်လည်း သူ၏ နှလုံးသားကတော့ နာကျင်မှုများနှင့် ပြည့်နှက်နေသည်။

သူက အသက် ၁၇နှစ်အရွယ် ချင်စစ်သူကြီးတစ်ယောက်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အသက် ၇၀ နားနီးနေသော စစ်သေနာပတိချုပ်တစ်ယောက်အတွက် ၎င်းက ခါးသီးမှုနှင့် စိတ်ပျက်မှုများကို ဖြစ်ပေါ်စေသည်။

" ပေါအာ..." ဝေဝူကျိက ရေရွတ်လိုက်သည်။ " မင်းရဲ့ ဦးလေးက မင်းကို စိတ်ပျက်အောင် လုပ်မိပြီ။ ငါ မင်းအဖေကို ဘယ်လိုမျက်နှာပြရမလဲ။ "

သူ၏ တူလေး သေဆုံးသွားသည်ကို ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။ ထိုမှတ်ဉာဏ်က ဝေဝူကျိ၏ နှလုံးသားကို အတိုင်းအဆမရှိ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားစေသည်။

" ကျောက်ဖုန်း " ဝေဝူကျိက အမုန်တရားများ မရှိပေ။

စစ်မြေပြင်တွင် အသက်နှင့်သေခြင်းက သာမန်ကိစ္စသာဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်က ချင်နိုင်ငံကို လာတိုက်ခဲ့ခြင်းဖြစ်သည်။ အမုန်းတရားများ မရှိဘဲ ရှုံးနိမ့်မှုကြောင့် နာကျင်မှုများသာ ဖြစ်သည်။ သူနှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ပျိုးထောင်ခဲ့သော ဆက်ခံသူက ထိုကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

" ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ကျောက်နိုင်ငံက ချင်စစ်တပ်ရဲ့ ရှေ့ပြေးတပ်ကို တောင့်ခံနိုင်ဖို့ပဲ။ တကယ်လို့ ကျောက်နိုင်ငံကသာ ခုခံနိုင်ခဲ့ရင် ဝေနိုင်ငံက ဒီကမ္ဘာပေါ်မှာ ဆက်တည်ရှိနိုင်လိမ့်မယ်။ ဒါပေမယ့် ကျောက်နိုင်ငံကျဆုံးသွားရင် ဝေနိုင်ငံကလည်း တည်ရှိတော့မှာမဟုတ်ဘူး။ "

" အစီရင်ခံပါတယ်။ " ထိုအချိန်တွင် ဝေကင်းထောက်တစ်ယောက်က အပြေးအလွှား ရောက်လာသည်။ " အရှင် ချင်စစ်တပ်က ကျွန်တော်တို့နောက် လိုက်နေပါတယ်။ ကျန်နေတဲ့ ကျွန်တော်တို့ စစ်သည်တွေကို လိုက်လံ သတ်ဖြတ်နေပါတယ်။

ဝေဝူကျိ၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ " ဒီလောက်တေညင်မြန်တာလား။ ငါတို့ စစ်မြေပြင်ကနေ ထွက်ပြေးလာတာ ဘယ်လောက်တောင် ကြာသေးလို့လဲ။ ဒါတောင် သူတို့က အမှီလိုက်လာနိုင်တယ်။ "

" ကျော​က်ဖုန်း ဒီကောင်လေးက တကယ် ကြောက်စရာကောင်းတာပဲ။ " ဝေဝူကျိက တုန်လှုပ်သွားသည်။

" အရှင် အခုချက်ချင်း ထွက်သွားရပါမယ်။ ကျွန်တော်မျိုးက ဝေဝူတပ်ဖွဲ့ကို ဦးဆောင်ပြီး ချင်စစ်တပ်ကို တားဆီးထားပါမယ်။ " ဝေတပ်မှူးတစ်ယောက်က ဒူးထောက်ပြီး ပြောလိုက်သည်။ သူ၏ နောက်တွင် တပ်မှူးအားလုံးက ဒူး​ထောက်လိုက်ကြသည်။

" အရှင် မြန်မြန်ထွက်သွားပါတော့။ ကျွန်တေယ်တို့ ချင်စစ်တပ်ကို တားဆီးထားပါမယ်။ " သူတို့အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" ငါတို့စစ်တပ်ရဲ့ စိတ်ဓာတ်က ပျက်စီးမေပြီ။ အင်အားကလည်း နည်းနေပြီ။ မင်းတို့ သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ " ဝေဝူကျိက သက်ပြင်းချပြီး ပြောလိုက်သည်။

" ကျွန်တော်တို့ သေချင်သေပါစေ။ အရှင်ကိုတော့ အသေမခံနိုင်ပါဘူး။ ဝေနိုင်ငံမှာ အရှင်ရှင်းလင်း မရှိလို့မဖြစ်ပါဘူး။ " စစ်သူကြီးတစ်ယောက်က ပြောလိုက်သည်။

" စစ်သူကြီးကုန်းစွန်း မင်း ဒါကို လုပ်ဖို့ တကယ်ဆုံးဖြတ်ပြီးပြီလား။ " ဝေဝူကျိက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

" ကျွန်တော်မိသားစုအပေါ်မှာ အရှင်မင်းကြီးရဲ့ ကျေးဇူးတွေ အများကြီးပါ။ ကျွန်တော်နိုင်ငံကို ကာကွယ်ဖို့အတွက် အသေခံဖို့ အဆင်သင့်ပါပဲ။ " ကုန်းစွမ်းရှီက ပြောလိုက်သည်။

သူက နာမည်ကျော် ဝေစစ်သူကြီး ကုန်းစွန်းယန်၏ မျိုးဆက်ဖြစ်ပြီး ဝေနိုင်ငံ၏ ကြောက်စရာကောင်းသော စစ်သူကြီးတစ်ယောက်ဖြစ်သည်။ သို့သော် ကုန်းစွန်းရှီက သူ၏ ဘိုးဘေးနှင့် ယှဉ်လျှင် အားနည်းနေသေးသည်။

ကုန်းစွန်းရှီ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်သောအခါ ဝေဝူကျိက သက်ပြင်းချလိုက်သည်။

" ဝေနိုင်ငံမှာ အရှင်ရှင်းလင်း မရှိလို့မဖြစ်ဘူး။ ဝေဝူတပ်ဖွဲ့ဝင်တို့ ငါ့အမိန့်ကို နာခံကြ။ တပ်ဖြန့်ပြီး ချင်စစ်တပ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြ။ "

ပတ်ဝန်းကျင်မှ ဝေစစ်သည်များက ချက်ချင်း စုရုံးလာကြပြီး ကုန်းစွန်းရှီ၏ ပတ်လည်တွင် နေရာယူလိုက်ကြသည်။

" ဝေဝူတပ်ဖွဲ့ဝင်မဟုတ်တဲ့ စစ်သည်တွေအားလုံး ငါတို့အရှင်ကို ကာကွယ်ပြီး အခုချက်ချင်း ထွက်သွားကြ။ "

ကုန်းစွန်းရှီ၏ အမိန့်အတိုင်း စစ်သည်များက ဝေဝူကျိကို ကာကွယ်ပြီး ထွက်ခွာသွားကြသည်။ ၎င်းကို မြင်သောအခါ ကုန်းစွန်းရှီက စိတ်အေးသွားသည်။

ကုန်းစွန်းရှီက မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး ပတ်ဝန်းကျင်မှ ဝေဝူတပ်ဖွဲ့များကို စစ်ဆေးလိုက်သည်။ သူတို့၏ အရေအတွက်က လူငါးထောင်ခြောက်ထောင်လောက်သာ ရှိတော့သည်။

" ဝေဝူတပ်ဖွဲ့ဝင် ငါးသောင်းကနေ ဒီလောက်ပဲ ကျန်တော့တာလား။ ချင်စစ်တပ်ရဲ့ အင်အားက တကယ် ကြောက်စရာကောင်းတာပဲ။ " ကုန်းစွန်းရှီက ဝမ်းနည်းစွာဖြင့် တွေးလိုက်သည်။

သူက စစ်သည်ခြောက်ထောင်နီးပါးကို တပ်ဖြန့်ပြီး ချင်စစ်တပ်၏ လမ်းကြောင်းတွင် တိုက်ရိုက် ပိတ်ဆို့ထားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်အောက်တွင် ချင်နိုင်ငံ၏ အလံများ ပေါ်လာပြီး အနက်ရောင်ချပ်ဝတ်များနှင့် ချင်စစ်တပ်က ချီတက်လာသည်။ ရှေ့ဆုံးတွင် ကျောက်ဖုန်းက မြင်းစီလာပြီး သူ၏ နောက်တွင် ချင်စစ်သည်နှစ်သောင်းက လိုက်ပါလာသည်။

All Chapters